Odin's Wisdom

Odin's Wisdom Divination & Fortune-telling services available here.

30/03/2025

📢" တားရော့မေးရင်း ငလျင်အတွက်လှူကြမယ်"📢

မိမိသိလိုတဲ့ ခေါင်းစဉ်တစ်ခု (ဥပမာ - အချစ်‌ရေး ကျန်းမာ‌ရေး လူမှုရေး)
စေတနာကြေးနဲ့ မေးလို့ရပါမယ်။

ကျွန်တော်တတ်ထားတဲ့ပညာလေးနဲ့ တစ်ဖက်တစ်လမ်းကနေ ကူညီပေးချင်တာမို့ ရသမျှကို
ငလျင်အလှုအတွက် သုံးပေးပါမယ်ဗျာ။

ကျွန်တော်တို့မှာ ကျွန်တော်တို့ပဲရှိတာမို့ ဘာပဲဖြစ်ဖြစ် အားတင်းထားကြပါခင်ဗျာ။

ကျေးဇူးတင်ပါတယ်။

🍀🍀🍀

ဘဝခရီးကို စိတ်အေးချမ်းစွာ ဖြတ်သန်းနိုင်ဖို့ ဘယ်လိုအရာတွေ လွှတ်ချထားခဲ့ရမလဲ။(Pick a pile - timeless)
16/03/2025

ဘဝခရီးကို စိတ်အေးချမ်းစွာ ဖြတ်သန်းနိုင်ဖို့ ဘယ်လိုအရာတွေ လွှတ်ချထားခဲ့ရမလဲ။
(Pick a pile - timeless)


"Universe ကပေးမယ့်သင့်အတွက်အဖြေတစ်ခု" 🌟Pick A Pile🌟........................................................အဖြေတွေကတော့ ...
26/02/2025

"Universe ကပေးမယ့်သင့်အတွက်အဖြေတစ်ခု"
🌟Pick A Pile🌟........................................................

အဖြေတွေကတော့ အောက်ပါအတိုင်းပါပဲ။
"Bless you all"🍀

Pile 1........

Key Answer - "No"

သင့်အနေနဲ့ သင့်လုပ်ရမယ့်အရာတွေ လုပ်ထားပြီးဖြစ်တယ်၊ သင့်အနေနဲ့ အခုချိန်မှာမှ ပြင်ဆင်ဖို့၊ နောက်ကြာင်းပြန်လှည့်ဖို့ အကြောင်းမရှိတာ့ဘူး၊ အချိန်နဲ့မြစ်ရေဟာ ရှေ့ကိုသာတရွေ့ရွေ့သွားပြီး နောက်ကိုပြန်ရိုး ထုံးစံမရှိသလိုမျိုး သင်ဟာလည်း ဖြစ်လာသမျှကိုပဲ စောင့်နေရုံပဲ ကျန်ပါတယ်။
သင့်အနေနဲ့ တစ်ခုလုပ်နိုင်တာကတော့ လုပ်ထားသမျှအကြံအစည်၊ အတွေ့အကြုံတွေကနေ အမှားရှိလျှင်သင်ခန်းစာယူ၊ နောက်‌နောင် မှန်ကန်အောင် ဆောင်ရွက်နိုင်ဖို့ အားထုတ်သင့်ပါတယ်။

Pile 2........

Key Answer - "Yes and No"

သင်အခုချိန်မှာ စိတ်ခံစားချက်တွေအရမ်းများနတယ်။
မှားသွားမလား၊ မှန်နိုင်မလားဆိုတာကို ဝေခွဲမရဖြစ်နေတာမျိုး ဒါမှမဟုတ် လုပ်သင့်လား မလုပ်သင့်လား ဝေခွဲမရတာမျိုး ကြုံနေရတယ်။
လွဲသွားရင်မြေကြီးလည်းဖြစ်နိုင်သလို ရွှေထီးလည်းဆောင်းရမှာမျိုး ဖြစ်နိုင်နေနဲ့ အခြေအနေတစ်ခု။
ဘယ်လိုပဲဖြစ်ဖြစ် ရလဒ်က ကိုယ့်ရှေ့တင် ရောက်ခါနီးဖြစ်နေပြီ။
ဒီလိုအခြအနေမှာ ယေဘုယျ ဖြစ်သင့်ဖြစ်ထိုက်တာကို စိတ်ခံစားချက်ကြောင့် မမြင်လိုက်မိတဲ့အမှားမျိုး ကြုံရတတ်တယ်။
ကိုယ့်အနေနဲ့ ကျိုးကြောင်းဆီလျော်တဲ့ အဖြေတစ်ခုကို ထုတ်ပြီး အဲ့ဒီအတိုင်း ဆောင်ရွက်တာကမှ တကယ့်ရလဒ်ကောင်းကိုရမှာဖြစ်တာမို့ အခုနေ ပြင်မယ်ဆင်မယ်၊ ခဏဆိုင်းငံ့ပြီး လိုအပ်တာ ဖြည့်စွက်ဦးမယ်ဆိုရင် မှီပါသေးတယ်။

Pile 3........

Key Answer - "Yes"

အရာရာကတော့ ပန်းခင်းလမ်းကို ဖြတ်သန်းပြီးမှ ရမယ်ဆိုတာ သိပ်မရှိသ‌ေလာက်ပါပဲ။
ဒီလိုပဲ ဆူးခင်းလမ်းတွဖြတ်ပြီး၊ တောင်အထပ်ထပ်၊ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပင်လယ်အဖုံဖုံကျော်ဖြတ်ပြီးမှ လိုရာကို ရောက်ရတာ လောကရဲ့ထုံးစံတစ်ခုဖြစ်တယ်။
သင့်အနေနဲ့ "အရာရာကို ကျော်ဖြတ်ရမယ်၊ ငါလိုချင်တဲ့အရာ၊ငါကြံစည်သမျှ လုပ်ဆောင်သမျှ ဖြစ်ရမယ်" လို့ စိတ်ကို သန္နိဋ္ဌာန်ချပြီး လုပ်ဆောင်ပါ။
လိုအပ်တဲ့အားစိုက်ထုတ်မှု တွေလုပ်ပါ။
အရာရာဟာ တစ်နေ့ သင့်အလိုဆန္ဒအတိုင်း သင့်ဖဝါးအောက် ပြားပြားဝပ်ပြီး ရောက်လာပါလိမ့်မယ်လို့ နိမိတ်ကောင်းဖတ်ပေးလိုက်ပါတယ်။

လတ်တလော အဖြစ်အပျက်တွေအတွက် သင့်အစောင့်အရှောက်‌တွေရဲ့အကြံပေးချက် (👼Pick A Pile👼)တခါတလေမှာ ဘဝလမ်းခရီးမယ် အခက်ခဲဆိုတာ ကြုံတ...
02/11/2023

လတ်တလော အဖြစ်အပျက်တွေအတွက် သင့်အစောင့်အရှောက်‌တွေရဲ့အကြံပေးချက်
(👼Pick A Pile👼)

တခါတလေမှာ ဘဝလမ်းခရီးမယ် အခက်ခဲဆိုတာ ကြုံတတ်ကြပါတယ်။
ဒီ
ကြုံရတတ်တဲ့ လောကဓံမုန်တိုင်းတွေကို ဖြတ်ကျော်နိုင်ဖို့ သင့်အစောက်အရှောက်တွေရဲ့ အကြံပေးချက်တွေကို pick a pile လုပ်ပေးထားပါတယ်ဗျာ။
သင့်အစောင့်အရှောက်တွေရဲ့ မှာတဲ့အချက်တွေ သုံးပြီး အခက်အခဲဝဲကယက်တွေကို ကျော်လွှားနိုင်ဖို့ အင်အား ရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ 💪🍀

🪽Pile 1

အခုကြုံနေရတဲ့ကိစ္စတွေက အခြေအနေပေးရဲ့သားနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျော့လို့ပဲဖြစ်ဖြစ်၊ စိတ်နှစ်ခွ ဖြစ်လာလို့ပဲဖြစ်ဖြစ် အဓိကက ကိုယ့်ရွေးချယ်မှုကနေ ဒီရလဒ်ရလာတာလို့ သင့်ကိုပြောချင်တယ်တဲ့။
သူတပါး ကောင်း၏ ဆိုး၏ စသဖြင့် ဝေဖန်ချက်‌တွေကို မဆင်မခြင် နား‌ေထာင် လုပ်မိရာက ပိုဆိုးစေနိုင်တာလည်း သတိထားပါတဲ့။
ဘေးစကား အာရုံများမနေဘဲ တသမတ်တည်း စိတ်ကို ထားနိုင်ရင် ကိုယ်လုပ်သမျှဟာ တစ်ဆင့်ချင်းစီ အောင်မြင်ဖြစ်မြောက်သွားမှာပါတဲ့။

🪽Pile 2

လက်ရှိမှာ ပင်ပန်းစရာ ကြုံနေရရင်တောင် ဒါတွေကြုံရတာက နောင်‌ေကာင်းဖို့ပါတဲ့။
လက်ရှိက ကိုယ့်ရဲ့ အားသာချက်၊ ကိုယ့် အကြံဉာဏ်၊ ကိုယ့်ရဲ့ သူများနဲ့မတူ ထူးခြားမှုတွေကို အသံုးချပြီး ဘေးလူကို ငဲ့ကြည့်မနေပဲ ကိုယ့်လမ်းကို ဆက်ပြီးလျှောက်လှမ်းပါတဲ့။
အခက်အခဲတွေကနေ သင်ခန်းစာထုတ်ယူပါ၊ တဖြည်းဖြည်းနဲ့ ကိုယ်လိုရာလမ်းကို ဖော်ဆောင်နိုင်သွားပါမယ်တဲ့။

🪽Pile 3

သင်က မလိုအပ်ဘဲ ကိုယ့်စွမ်းအင်၊ ကိုယ့်အင်အားတွေ အလွန်အကျွံ သုံးမိ‌နေလို့ ရေရှည်မှာ အခက်အခဲကြုံလာရတဲ့အခါ မခံနိုင်တာ့ပဲ နောက်လန်ကျသွားနိုင်တယ်တဲ့။
အဖော်အပေါင်းအသင်း၊ လုပ်ဖော်ကိုင်ဖက်၊ တွဲဖက် စတဲ့ သူတွေမပါလည်း ကိုယ့်ကိုယ်ကိုယ် ငါလုပ်နိုင်တယ်၊ ငါကဘာ ဆိုတဲ့ မာန တင်းခံတတ်တဲ့ အကျင့်ရှိရင် ပြင်စေချင်ပါတယ်တဲ့။
လိုအပ်ရင် အကြံဉာဏ်ယူ၊ အကူအညီတောင်း၊ ကိုယ့်အတွေးနဲ့ပေါင်းစပ်ကာ လုပ်ကိုင်ရင် ကိုယ့်ပန်းတိုင်လမ်းဖောက်နိုင်ပါမယ်တဲ့။

🪽Pile 4

သင်က သင့်ပတ်ဝန်းကျင်၊ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌သင့်ဘေးလူတွေရဲ့ လောင်းရိပ် သို့မဟုတ် အကြံဉာဏ် အတွေးအခေါ် ဝေဖန်မှုတွေအတိုင်းပဲ ကိုယ့်လက်ကိုယ်ခြေ မရှိပဲ နေထိုင်ရုန်းကန်နေလို့ ပင်ပန်းနေရတာလို့ ပြောလာပါတယ်။
ဒါ့အပြင် သူများတွေပြောတဲ့ သူတို့အမြင်ဖြစ်တဲ့ ကိုယ့်အနေအထား၊ ကိုယ့်လုပ်နိုင်စွမ်းဆိုတဲ့ စကားတွေကြောင့် ကိုယ့်လုပ်နိုင်စွမ်းကို အထင်အမြင်သေးပြီး အယောင်‌ေယာင်အမှားမှားလမ်းလွဲနေတယ်လို့ ဆိုတယ်။
နောင်ကစပြီး တစ်ခုခုလုပ်မယ်ဆိုတဲ့အခါ ကိုယ့်ဘာသာ လုပ်ချင်သလိုသာ စဉ်းစားလုပ်ကိုင်လိုက်ပါတဲ့။(မဟုတ်တာတော့ မလုပ်နဲ့ပေါ့ဗျာ)
အနည်းဆုံးတော့ မကျွမ်းကျင်လို့မှားလုပ်မိတာကြောင့် ပတ်ဝန်းကျင်‌‌ေဝဖန်တာကို ခံရတာနဲ့စာရင် နောင်ကျမှ ငါမလုပ်မိလိုက်‌ေလခြင်းလို့ နောင်တရရခြင်းက သင့် ကို ပိုခံစားရခက်စေပါလိမ့်မယ်တဲ့။

🪽🪽🪽🪽🪽🪽🪽

(မိမိ ကံကြမ္မာရေးရာ အဖြာဖြာနှင့် တခြားသော divine discussion လုပ်လိုသူတွေအနေနဲ့ link postကိုဖတ်ပြီး လာရောက် appointment ယူနိုင်ပါတယ်ဗျ။

https://m.facebook.com/story.php?story_fbid=107838855538948&id=100089385014301&mibextid=Nif5oz)

'17.8.2023' Today's message ⭐"ကျန်းမာခြင်းက ကိုယ့်ခန္ဓာကိုယ်ရဲ့ သဘာဝအခြေအနေပဲ။ ကိုယ်ဟာ ကျန်းမာခြင်းနဲ့ ပြည့်စုံနေတယ်။"(က...
17/08/2023

'17.8.2023' Today's message ⭐

"ကျန်းမာခြင်းက ကိုယ့်ခန္ဓာကိုယ်ရဲ့ သဘာဝအခြေအနေပဲ။
ကိုယ်ဟာ ကျန်းမာခြင်းနဲ့ ပြည့်စုံနေတယ်။"

(ကျွန်တော့်ဆီမှာ ကံကြမ္မာ ဆွေးနွေးမယ်ဆိုရင် pin post လေးသေချာဖတ်ပြီး page chat box ကို လာခဲ့နိုင်ပါတယ်ဗျ။)

မျိုးစေ့မှန်တော့အပင်သန်လာတာပေါ့။ 🥹ကျွန်တော့် pageက လူတွေရော ဘယ်လိုကနေ စစိတ်ဝင်စားဖြစ်တာလဲဗျ။ ✌️(ကျွန်တော့်ဆီမှာ ကံကြမ္မာ...
06/08/2023

မျိုးစေ့မှန်တော့အပင်သန်လာတာပေါ့။ 🥹

ကျွန်တော့် pageက လူတွေရော ဘယ်လိုကနေ စစိတ်ဝင်စားဖြစ်တာလဲဗျ။ ✌️

(ကျွန်တော့်ဆီမှာ ကံကြမ္မာ ဆွေးနွေးမယ်ဆိုရင် pin post လေးသေချာဖတ်ပြီး page chat box ကို လာခဲ့နိုင်ပါတယ်ဗျ။)

အကျိုးရှိမယ့် အကြံလေးတွေ Clientတွေကို ပေးဖြစ်ပါတယ်။ 🥹(ကျွန်တော့်ဆီမှာ ကံကြမ္မာ ဆွေးနွေးမယ်ဆိုရင် pin post လေးသေချာဖတ်ပြီ...
05/08/2023

အကျိုးရှိမယ့် အကြံလေးတွေ Clientတွေကို ပေးဖြစ်ပါတယ်။ 🥹

(ကျွန်တော့်ဆီမှာ ကံကြမ္မာ ဆွေးနွေးမယ်ဆိုရင် pin post လေးသေချာဖတ်ပြီး page chat box ကို လာခဲ့နိုင်ပါတယ်ဗျ။)

ဘာလိုလိုနဲ့ ၂၀၂၃ ရဲ့ ၈ လပိုင်းတောင်ရောက်နေပြီနော်။ အချိန်ဖြုန်းပေါင်းလည်းများပြီ။လောကဓံ အနိမ့်အမြင့်ကို ဘောလုံးလေးလို လှ...
04/08/2023

ဘာလိုလိုနဲ့ ၂၀၂၃ ရဲ့ ၈ လပိုင်းတောင်ရောက်နေပြီနော်။
အချိန်ဖြုန်းပေါင်းလည်းများပြီ။
လောကဓံ အနိမ့်အမြင့်ကို ဘောလုံးလေးလို လှိမ့်ပြီး ဖြတ်သန်းကြမယ်။ 🤣

မိမိနဲ့ Tarot၊ တားရော့နဲ့ မိမိ၊ ဟန်ချက်ညီနေတာ ပရိသတ်ရေ။ 🥹
03/08/2023

မိမိနဲ့ Tarot၊ တားရော့နဲ့ မိမိ၊ ဟန်ချက်ညီနေတာ ပရိသတ်ရေ။ 🥹

Goodbye July. Hello August. 🍀
01/08/2023

Goodbye July. Hello August. 🍀

Odin- All father, Odin in Barbie and Odin in Oppenheimer. 🥹
30/07/2023

Odin- All father, Odin in Barbie and Odin in Oppenheimer. 🥹

Newfeed မှာ သူများတွေ တင်နေတာတွေ့လို့ ကိုယ့် sign လေးတွေ လုပ်ပြီး တင်လိုက်ပါတယ်ဗျာ။ ✨ကိုယ့်ရဲ့ Horoscope/ birth chart သေ...
20/07/2023

Newfeed မှာ သူများတွေ တင်နေတာတွေ့လို့ ကိုယ့် sign လေးတွေ လုပ်ပြီး တင်လိုက်ပါတယ်ဗျာ။ ✨

ကိုယ့်ရဲ့ Horoscope/ birth chart သေချာမသိရင် ဝင်လုပ်လို့ရအောင် အောက်ကလင့်ခ်လေးထဲ ဝင်ပြီးဖြည့်၊ လုပ်ကြည့်နိုင်ပါတယ်။✌️
https://justastrologythings.com/pages/chart/

မသိတဲ့သူတွေအတွက်
Zodiac Sign မှာဆိုရင်
Sun Sign - ကိုယ့်ရဲ့မူရင်း sign
Moon Sign - ကိုယ့်ရဲ့ hidden talents/ traits
Rising Sign (Ascendant) - လူတွေကိုယ့်အပေါ်ထင်တဲ့အမြင်
Venus - ကိုယ့်ရဲ့အချစ်ရေး ဆိုပြီး လေးမျိုးရှိပါတယ်။

ပုံလေးတွေကတော့ ဒီပိုစ့်လင့်ခ်လေးပါ။ ✌️
https://m.facebook.com/story.php?story_fbid=223185137353593&id=100089863243050&mibextid=Nif5oz

Address

Yangon
11141

Opening Hours

Monday 18:00 - 21:00
Tuesday 18:00 - 21:00
Wednesday 18:00 - 21:00
Thursday 18:00 - 21:00
Friday 18:00 - 21:00
Saturday 10:00 - 21:00
Sunday 10:00 - 21:00

Website

Alerts

Be the first to know and let us send you an email when Odin's Wisdom posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram