ULearn Webx Technology

ULearn Webx Technology We will describe our normal lifestyle Healthily
Enjoy our healthy liives.

18/07/2020

Glute Workout

17/07/2020

စျေး၊ လမ်း၊ အဆောက်အဦးအတွင်းနှင့် လူပေါ်သို့ ပိုးသတ်သန့်စင်ဆေးဖျန်းခြင်းက COVID-19 ရောဂါကာကွယ်ရာတွင် အကျိုးရှိပါသလား?

✳️ဒီနေရာတွေမှာ ပိုးသတ်သန့်စင်ဆေးရည်ကိုဆေးဖျန်းခြင်း (သို့မဟုတ်) အငွေ့ပုံစံဖြင့် မှုတ်ခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ်ပိုးအား ထိရောက်စွာပိုးသတ်သန့်စင်စေနိုင်သည်ဟူသော တိကျခိုင်မာသည့်သက် သေအထောက်အထားများ မတွေ့ရှိရပါ။

✳️ထို့အပြင် ထိုသို့ပြုလုပ်ခြင်းသည် လူအများကျန်းမာရေးအတွက် အန္တရာယ်ပင် ဖြစ်စေနိုင်ပါတယ်။

✳️ပိုးသတ်သန့်စင်ဆေးရည် (သို့မဟုတ်) အခြားဓာတုဆေးရည် အပျော့စားများကို လူ့ခန္ဓာကိုယ်ပေါ်သို့ပက်ဖျန်းခြင်းဖြင့် ပိုးသတ်သန့်စင်ရန် လုံးဝမသင့်ပါ။

(*လူအများအသုံးပြုသော စင်္ကြန်လျှောက်လမ်း၊ ကွန်ကရိမခင်းထားသောလမ်း၊ လှေကားများတွင် ပိုးသတ်ဆေးဖျန်းခြင်းသည် ထိရောက်မှုမရှိသည့် အပြင်သတ္တုပစ္စည်း များကို စားလောင်စေခြင်း၊ ရေနေသတ္တဝါများကို ပျက်စီးစေခြင်းတို့ဖြစ်စေ၍ လူအများ ကျန်းမာရေးအတွက် အန္တရာယ်ပင်ဖြစ်စေနိုင်ပါတယ်။*)

, ,
,

17/07/2020

The best exercise

ဒီတစ်ခါ ကျွန်တော်တို့ page မှ မျှဝေပေးလိုသော ကျန်းမာရေးဆိုင်ရာ ဗဟုသုတကတော့..အစားအစာများမှ မှိုအဆိပ်ကြောင့် ဘယ်လိုအန္တရာယ...
17/07/2020

ဒီတစ်ခါ ကျွန်တော်တို့ page မှ မျှဝေပေးလိုသော ကျန်းမာရေးဆိုင်ရာ ဗဟုသုတကတော့..

အစားအစာများမှ မှိုအဆိပ်ကြောင့် ဘယ်လိုအန္တရာယ်တွေ ဖြစ်စေနိုင်လဲ?

🔹အစားအစာနှင့် ကောက်ပဲသီးနှံများတွင် မှိုအမျိုးမျိုးတက်ရာမှတစ်ဆင့် အဆိုပါမှိုများတွင်ပါရှိသော Aflatoxin မှိုအဆိပ် တစ်မျိုးသည် လူနှင့် တိရစ္ဆာန်များ၏ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေကာ အထူးသဖြင့် ကင်ဆာရောဂါအမျိုးမျိုးကို ဖြစ်ပွားစေနိုင်ပါသည်။

🔹Aspergillus flavus နှင့် Aspergillus paragiticus မှိုမျိုးစိတ်များမှ Aflatoxin မှိုအဆိပ်အများဆုံး ထွက်ရှိကာ မြန်မာနိုင်ငံအပါအဝင် အပူချိန်မြင့်မားပြီး စိုထိုင်းဆမြင့်မားသော အပူပိုင်းဇုံနှင့် သမပိုင်းဇုံ များတွင် အဆိုပါမှိုအဆိပ်ကြောင့် နောက်ဆက်တွဲ‌ရောဂါအများအပြား ဖြစ်ပွားလေ့ရှိပါသည်။

🔹Aflatoxin မှိုအဆိပ် မျိုးစိတ်ခွဲများစွာရှိသည့်အနက် Aflatoxin B1, B2, G1 နှင့် G2 တို့မှာ အထူးသဖြင့် ပဲအမျိုးမျိုးနှင့် ပဲထွက်ပစ္စည်း (ဥပမာ- မြေပဲ)၊ ကောက်နှံ၊ စပါး၊ ပြောင်း စသည့် ကောက်ပဲသီးနှံများနှင့် ငရုတ်သီးစို၊ ငရုတ်သီးခြောက်များ၊ အသားနှင့် နို့ထွက်ပစ္စည်းများတွင် အများဆုံးပါဝင်လေ့ရှိသည်ကို တွေ့ရှိရပြီး ကောက်နှံရိတ်သိမ်းခြင်း မပြုခင်နှင့် ရိတ်သိမ်းပြီး ကောင်းမွန်စွာ ထိန်သိမ်းသိုလှောင်မှု မရှိခြင်းကြောင့် မှိုတက်ခြင်းမှတစ်ဆင့် အစားအသောက်များတွင် Aflatoxin မှိုအဆိပ်ပါဝင်ခြင်း ဖြစ်ပွားပါသည်။

⚕️Aflatoxin မှိုအဆပ်ကြောင့် ဘာတွေဖြစ်နိုင်သလဲ ?

(၁) Aflatoxin မှိုအဆိပ်ကြောင့် ခန္ဓာကိုယ်တွင်း ကလီစာများတွင် ကင်ဆာရောဂါအမျိုးမျိုး (ဥပမာ- အသည်း/ ကျောက်ကပ်ကင်ဆာများ) ဖြစ်စေပါသည်။

(၂) မွေးစကလေးများ Aflatoxin မှိုအဆိပ်သင့် ခြင်းကြောင့် မွေးရာပါချို့ယွင်းမှုဖြစ်ခြင်း၊ ကြီးထွားဖွံ့ဖြိုးမှုနှောင့်နှေးခြင်း (စကားထစ်ခြင်း၊ ဒယီး ဒယိုင်ဖြစ်ခြင်း) ဖြစ်စေပါသည်။

(၃) Aflatoxin မှိုအဆိပ်သည် ကိုယ်ခံအားစနစ်အား လျော့ကျစေခြင်း ကြောင့် ရောဂါခုခံစွမ်းအားကျဆင်းခြင်းကို ဖြစ်စေပါသည်။

⚕️ဒါဆိုရင် Aflatoxin မှို အန္တရာယ်မှ ဘယ်လို ကာကွယ်မလဲ ?

Aflatoxin မှိုအဆိပ်တက်ခြင်းမှ ကာကွယ်ရန် (လတ်ဆတ်မှုမရှိသော၊ အရောင်ပြောင်းသော၊ မှိုတက် နေသော အစားအသောက်များ၊ ကောက်ပဲသီးနှံများ၊ ငရုပ်သီးစို၊ ငရုပ်သီးခြောက်များနှင့် အသင့်စား အစာများ) စားသုံးခြင်းမှ လုံးဝရှောင်ကြဉ်ပါ။

(*အစားအသောက်ထုတ်လုပ်သိုလှောင်ရောင်းချသူများအနေနှင့် Aflatoxin မှိုအဆိပ်ပါဝင်စေခြင်း မရှိအောင် အထူးဂရုပြုကြပါရန်နှင့် စားသုံးသူများနေအနှင့်လည်း သန့်ရှင်းလတ်ဆတ်သော စားသောက်ကုန်များကိုသာ အထူးဂရုပြု ဝယ်ယူစားသုံးကြရမည်ဖြစ်ပါသည်။*)

ကျန်းမာပျော်ရွှင်သော ဘဝများပိုင်ဆိုင်နိုင်ကြပါစေ။



ကျွန်တော်တို့ page မှ ပထမဆုံး တင်ပြပေးချင်သော ကျန်းမာရေး‌ဆိုင်ရာ ဗဟုသုတ‌ကတော့..ကလေးငယ်များရဲ့ အရွယ်လိုက် ဖွံ့ဖြိုးမှု အက...
16/07/2020

ကျွန်တော်တို့ page မှ ပထမဆုံး တင်ပြပေးချင်သော ကျန်းမာရေး‌ဆိုင်ရာ ဗဟုသုတ‌ကတော့..

ကလေးငယ်များရဲ့ အရွယ်လိုက် ဖွံ့ဖြိုးမှု အကြောင်းတွေဘဲဖြစ်ပါတယ်။

ကလေးငယ်များရဲ့ အရွယ်လိုက် ဖွံ့ဖြိုးမှု တိုးတက်မှုတွေနဲ့ ပတ်သက်ပြီး ဂရုပြုရမဲ့ အချက်တွေက ဘာတွေလဲ ?

ကလေးငယ်တွေမှာ အသက်အရွယ်အလိုက် အောက်ပါလက္ခဏာတွေ တွေ့ရှိပါက ဖွံ့ဖြိုးတိုးတက်မှု (Developmental Milestones) သိသာစွာ နောက်ကျတာ ဖြစ်ပါတယ်။

💠အသက် (၃)လ တွင်
မိခင်မျက်နှာ (သို့မဟုတ်) အရာဝတ္ထုကို လိုက်၍မကြည့်ခြင်း၊ အသံပေးသော်လည်း အပြုအမူမပြောင်းလဲခြင်း၊ မြှူးလျှင် ပြုံးမပြတတ်ခြင်း၊ အလွန်တောင့်ခြင်း (သို့မဟုတ်) ပျော့ခြင်း။

💠အသက် (၆)လ တွင်
လက်သီးကိုအမြဲဆုပ်ထားခြင်း၊ အရုပ်တစ်ခုခုကိုမြဲစွာ မကိုင်နိုင်ခြင်း၊ ခေါင်းမခိုင်ခြင်း။

💠အသက် (၉)လ တွင်
အမှီအတွယ်နှင့်ပင် မထိုင်နိုင်ခြင်း (လက်ထောက်၍ပင် မထိုင်နိုင်ခြင်း)၊ မရယ်မောတတ်ခြင်း။

💠အသက် (၁)နှစ် တွင်
မတ်တပ်ရပ်မစမ်းခြင်း၊ မတွားတတ်ခြင်း။

💠အသက် (၂)နှစ် တွင်
ဖေဖေမေမေမခေါ်တတ်ခြင်း၊ လမ်းကောင်းစွာ မလျှောက်နိုင်ခြင်း။

💠အသက် (၃)နှစ် တွင်
မပြေးနိုင်ခြင်း၊ မကြာခဏလဲကျခြင်း၊ ဝါကျတိုများမပြောနိုင်ခြင်း၊ မျက်လုံးချင်း ယှဉ်မကြည့်နိုင်ခြင်း။

💠အသက် (၄)နှစ် တွင်
စကားပြောသော်လည်း အခက်အခဲများသဖြင့် အခြားသူများ နားမလည်ခြင်း၊ အခြားကလေးများနှင့်မကစားဘဲ တစ်ဦးထဲ သီးသန့်နေခြင်း။

(*မည်သည့်အသက်အရွယ်တွင်မဆို ယခင်ရှိပြီးသား ဖွံ့ဖြိုးမှုများပျောက်ဆုံးသွားခြင်း၊ ဆုတ်ယုတ်လာခြင်း၊ ပြောတတ်ပြီးသားစကားများ မပြောနိုင်လာခြင်း*)

အသက်အရွယ်အလိုက် ဖော်ပြပါ လက္ခဏာ တစ်ခုခုတွေ့ရှိပါက ဖွံ့ဖြိုးမှု နောက်ကျနေသည်ဖြစ်ပြီး နီးစပ်ရာ ကျန်းမာရေးဌာန၊ ဆရာဝန်၊ ဆေးရုံဆေးခန်းများသို့ ဖြစ်စေ၊ ကလေးအထူးကုဆရာဝန်ကြီးများထံသို့ဖြစ်စေ အမြန်ဆုံးသွားရောက်ပြသကာ ဆေးကုသမှုခံယူသင့်ပါတယ်။

ကျန်းမာပျော်ရွှင်တဲ့ဘဝများ ပိုင်ဆိုင်နိုင်ကြပါစေ။



.

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when ULearn Webx Technology posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram