29/03/2026
#သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးဘာကြောင့် ထိုးသင့်တာလဲ?
အမျိုးသမီးတိုင်းအတွက် သားအိမ်ဆိုတာ တန်ဖိုးရှိတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ မိခင်ဘဝကို ပိုင်ဆိုင်ခွင့်ပေးသလို အမျိုးသမီးတစ်ယောက်ရဲ့ ကျန်းမာနုပျိုမှုကိုလည်း ထိန်းညှိပေးတဲ့ နေရာတစ်ခုပါ။
ဒီကနေ့ခေတ်မှာတော့ အမျိုးသမီးတွေကို အန္တရာယ်အပေးဆုံး ရောဂါတွေထဲမှာ သားအိမ်ခေါင်းကင်ဆာက ထိပ်ဆုံးက ပါဝင်နေပါတယ်။ ဒီရောဂါဆိုးကြီးကနေ ကင်းဝေးဖို့ အထိရောက်ဆုံး နည်းလမ်းကတော့ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးခြင်းပါပဲ။
💉 ဘာကြောင့် မဖြစ်မနေ ထိုးသင့်တာလဲ?
သားအိမ်ခေါင်းကင်ဆာရဲ့ ၉၉% က HPV (Human Papillomavirus) ပိုးကြောင့် ဖြစ်တာပါ။ ကာကွယ်ဆေးထိုးထားခြင်းဖြင့် ဒီပိုးဝင်ရောက်မှုကို ကြိုတင်တားဆီးပေးနိုင်ပါတယ်။
တခြားကင်ဆာတွေနဲ့မတူဘဲ သားအိမ်ခေါင်းကင်ဆာက ကာကွယ်ဆေးနဲ့ ၉၀% နီးပါး ကြိုတင်ကာကွယ်လို့ရတဲ့ ကင်ဆာအမျိုးအစား ဖြစ်ပါတယ်။
ဒါ့အပြင် HPV Virus ကြောင့်ဖြစ်လာနိုင်တဲ့ မွေးလမ်းကြောင်းနဲ့ မိန်းမကိုယ်ကင်ဆာတွေ၊ စအိုကင်ဆာတွေ၊ လိင်အင်္ဂါကြွက်နို့တွေ မဖြစ်အောင်လည်း အထိုက်အလျောက် ကာကွယ်ပေးနိုင်ပါတယ်။
ကာကွယ်ဆေးထိုးထားခြင်းက မိမိကိုယ်တိုင်တင်မကဘဲ မိသားစုကိုပါ စိတ်ချမ်းသာမှု ပေးနိုင်ပါတယ်။ အထူးသဖြင့် အိမ်ထောင်မပြုခင် သို့မဟုတ် လိင်ဆက်ဆံမှုမရှိခင်အရွယ်မှာ ထိုးနှံထားရင် အထိရောက်ဆုံး အာနိသင်ကို ရရှိမှာပါ။ အသက် ၉ နှစ်ကနေ ၂၆ နှစ်အတွင်း အမျိုးသမီးတွေမှာ ကာကွယ်ဆေး ထိုးထားသင့်ပါတယ်။
💡 ဆေးထိုးပြီးရင်ရော စိတ်ချရပြီလား?
ကာကွယ်ဆေးထိုးထားပေမဲ့လည်း ၁၀၀% စိတ်ချရဖို့အတွက် သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုအနေနဲ့ HPV Test, Pap Test, HPV/Pap cotest တို့ကိုလည်း ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
မိုးကောင်းရတနာ မိခင်နဲ့ကလေးဆေးရုံကြီးမှာလည်း အမျိုးသမီးတို့အတွက် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံနိုင်ပါတယ်ရှင့်။
အသေးစိတ်သိရှိနိုင်ရန် အောက်ပါဖုန်းနံပါတ်မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
☎ 09 - 696908881, 09 - 340221960
📩 wchbaukhtaw@gmail.com
🌎 www.moekaungtreasurehospital.com
#သားအိမ်ခေါင်းကင်ဆာ #ကာကွယ်ဆေး #အမျိုးသမီးကျန်းမာရေး