ရွှေသရဖူ မြင်းခြံမြေပဲဆီသန့်-Golden Crown

  • Home
  • Myanmar
  • Yangon
  • ရွှေသရဖူ မြင်းခြံမြေပဲဆီသန့်-Golden Crown

ရွှေသရဖူ မြင်းခြံမြေပဲဆီသန့်-Golden Crown မြင်းခြံမြေပဲဆီသန့် ရောင်းဝယ်ရေး

ကျန်းမာရေးကောင်းမွန်စေတဲ့ စားသောက်မှုပုံစံမှာ Calorie (ကယ်လိုရီ) ဟာ အလွန်အရေးပါတဲ့ အချက်တစ်ခုဖြစ်ပါတယ်… 🍎 Calories ဟာ ကျ...
31/05/2024

ကျန်းမာရေးကောင်းမွန်စေတဲ့ စားသောက်မှုပုံစံမှာ Calorie (ကယ်လိုရီ) ဟာ အလွန်အရေးပါတဲ့ အချက်တစ်ခုဖြစ်ပါတယ်… 🍎

Calories ဟာ ကျွန်တော်တို့ နေ့စဉ်စားသောက်နေတဲ့ အစားအသောက်ကနေ ရရှိနိုင်တဲ့စွမ်းအင်တစ်မျိုးပါ…. ကျန်းမာရေးအတွက် ကောင်းကျိုးရော၊ ဆိုးကျိုးပါ ရှိနေတာကြောင့် နေ့စဉ်စားနေတဲ့ အစားအသောက်တွေမှာ ကယ်လိုရီဘယ်လောက်ပါဝင်လဲကို သိရှိဖို့အရေးကြီးပါတယ်… 🍔🥗

🔹ကောင်းကျိုးများ

လူ့ခန္ဓာကိုယ်ရဲ့ အဓိကစွမ်းအင်ဟာ ကယ်လိုရီကနေ ရရှိပါတယ်… ဒါကြောင့်မှန်ကန်တဲ့ ကယ်လိုရီ ပမာဏကိုထိန်းသိမ်းပြီးစားသောက်နိုင်ခြင်းက ကိုယ်ခံအားကောင်းမွန်ပြီး ကျန်းမာစေမှာပါ…

🔹ဆိုးကျိုးများ

ခန္ဓာကိုယ်ဟာမလိုအပ်တဲ့ ကယ်လိုရီတွေကို အဆီအဖြစ်ပြောင်းလဲပြီးသိမ်းထားတာကြောင့် အဝလွန်ခြင်း၊ အဆီများခြင်း စတဲ့ ကျန်းမာရေးဆိုင်ရာပြဿနာတွေကို ဖြစ်စေတတ်ပါတယ်…

🔰 ပညာရှင်တွေရဲ့အဆိုအရတော့ ပျမ်းမျှအားဖြင့် လူတစ်ယောက်အတွက် နေ့စဉ်လိုအပ်တဲ့ ကယ်လိုရီ ပမာဏဟာ အမျိုးသားများမှာ ၂၅၀၀ နဲ့ အမျိုးသမီးများမှာ ၂၀၀၀ ခန့် လိုတယ်လို့ဆိုပါတယ်…

🔰 လူတစ်ဦးနဲ့တစ်ဦး နေထိုင်မှုပုံစံမတူညီတာကြောင့် ကယ်လိုရီလိုအပ်မှုကလည်း အမျိုးမျိုးကွဲပြားနိုင်ပေမယ့် ပျမ်းမျှအနေနဲ့တော့ ဒီပမာဏထက်ကျော်လွန်ရင် ကျန်းမာရေးပြဿနာတွေကို ဖြစ်စေတတ်ပါတယ်…

ဒါကြောင့် ကျန်းမာရေးကောင်းမွန်စေဖို့အတွက် ကယ်လိုရီများကို စနစ်တကျ စားသုံးနိုင်တတ်ဖို့ အရေးကြီးပါတယ်….

ရွှေသရဖူမြေပဲဆီသန့်ကိုတော့ ကျန်းမာရေးနဲ့ကိုက်ညီမှုရှိအောင် စနစ်တကျထုတ်လုပ်ထားတာကြောင့် စိတ်ချလက်ချ စားသုံးနိုင်ပါတယ်နော်… 🥰

#ရွှေသရဖူမြေပဲဆီသန့် #မြေပဲဆီစစ်စစ် #အိမ်ရှင်မ #မီးဖိုချောင် #ပဲဆီ

🍃🍽️နွေပူပူမှာ ဆီပြန်ဟင်းတွေနဲ့တောင် မလဲနိုင်တဲ့ နွေစာဟင်းတစ်ခွက်ပြောပါဆိုရင်…မကျည်းရွက်သုပ်က မပါမဖြစ်ဘဲနော်…ရွာဘက်တွေမှာ...
23/05/2024

🍃🍽️နွေပူပူမှာ ဆီပြန်ဟင်းတွေနဲ့တောင် မလဲနိုင်တဲ့ နွေစာဟင်းတစ်ခွက်ပြောပါဆိုရင်…မကျည်းရွက်သုပ်က မပါမဖြစ်ဘဲနော်…ရွာဘက်တွေမှာဆိုရင် အိမ်ဝိုင်းထဲမှာတင်ရှိတဲ့ မကျည်းပင်ကနေ အရွက်နုလေးတွေ စွတ်...ရေစင်စင် ဆေး… ပဲဆီသင်းသင်းလေး ထည့်... မြေပဲထောင်းလေး ဖြူးပြီး ကြက်သွန်လေးနဲ့ လတ်လတ်ဆတ်ဆတ်သုပ်ကျွေးတာမျိုးဆို ထမင်းမြိန်မှမြိန်ပဲနော်…😋💦

ဒါကြောင့်လည်း ခုလိုပူပြင်းတဲ့နွေရာသီမှာ ဝမ်းအေးစေပြီး အိမ်မှာတင် ကိုယ်တိုင်သုပ်စားလို့ရတဲ့ ချဉ်ပြုံးပြုံး အဆိမ့်အရသာမကျည်းရွက်နုသုပ်နည်းလေးကို ရွှေသရဖူကနေ မျှဝေပေးလိုက်ပါတယ်ရှင်…😍🍽️

ပါဝင်ပစ္စည်းလေးတွေကတော့…
မကျည်းရွက်နု
ရွှေသရဖူမြေပဲဆီ
မြေပဲ
ပုဇွန်ခြောက်
ကြက်သွန်နီ
အရသာမှုန့်တို့ လိုပါမယ်…

🌿အရင်ဆုံး မကျည်းရွက်နုလေးတွေကို ရေစင်အောင် ၃ခါ ၄ခါ ဆေးပါ။
🌿ကြက်သွန်နီ ပါပါးလေးလှီးပါ။
🌿မြေပဲကိုထောင်းပြီး ညက်ပြီဆိုရင် ပုဇွန်ခြောက်လေးပါ ရေစိမ်ပြီး ထည့်ထောင်းပါ။
🌿ပြီးရင်တော့ စသုပ်ဖို့အတွက် ပန်းကန်တစ်ခုထဲ အကုန်ထည့်ပါ။
🌿အရသာအတွက် အသားမှုန့်အနည်းငယ်ထည့်ပြီး မပါမဖြစ် ရွှေသရဖူမြေပဲဆီလေး ထည့်ပြီး နှံ့စပ်အောင်နယ်ပါ။

🍽️🤤ဒါဆိုရင်တော့ နွေထမင်းဝိုင်းမှာ မပါမဖြစ် မြေပဲဆီနံသင်းသင်း မကျည်းရွက်သုပ်ဆိမ့်ဆိမ့်လေးကို အရသာရှိစွာသုံးဆောင်နိုင်ပါပြီရှင်…

ခုလိုမျိုး အိမ်မှာအလွယ်တကူချက်စား၊သုပ်စား၊ကြော်စားလို့ရတဲ့ ဟင်းကောင်းလေးတွေ လစဉ်မျှဝေပေးသွားမှာဖြစ်လို့ ရွှေသရဖူ page လေးကို Like & Follow လုပ်ထားဖို့လည်း မမေ့နဲ့ဦးနော်😉🫶🏻

#ရွှေသရဖူမြေပဲဆီသန့် #မကျည်းရွက်သုပ် #နွေစာ #မြေပဲဆီ

🌕ကဆုန်လပြည့်နေ့မှာ ချစ်ရတဲ့မိသားစုနဲ့အတူ ကဆုန်ညောင်ရေသွန်းပွဲတော်မှာ ပါဝင်ကုသိုလ်ယူနိုင်ကြပြီး ကျန်းမာပျော်ရွှင်တဲ့ နေ့က...
22/05/2024

🌕ကဆုန်လပြည့်နေ့မှာ ချစ်ရတဲ့မိသားစုနဲ့အတူ ကဆုန်ညောင်ရေသွန်းပွဲတော်မှာ ပါဝင်ကုသိုလ်ယူနိုင်ကြပြီး ကျန်းမာပျော်ရွှင်တဲ့ နေ့ကောင်းနေ့မြတ်လေး ပိုင်ဆိုင်နိုင်ကြပါစေလို့ “ရွှေသရဖူမြင်းခြံမြေပဲဆီသန့်” ကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်…💦💖

#ရွှေသရဖူမြင်းခြံမြေပဲဆီသန့် #ကဆုန်လပြည့်နေ့ #ဗုဒ္ဓနေ့

ရွေးချယ်စရာတွေရှိမှ စိတ်အလိုကျ၊ စိတ်တိုင်းကျတယ်ဆိုတဲ့ အိမ်ရှင်မတွေအတွက် ရွှေသရဖူမြေပဲဆီသန့်ကနေ ဘူးအရွယ်အစားအမျိုးမျိုး ထ...
14/05/2024

ရွေးချယ်စရာတွေရှိမှ စိတ်အလိုကျ၊ စိတ်တိုင်းကျတယ်ဆိုတဲ့ အိမ်ရှင်မတွေအတွက် ရွှေသရဖူမြေပဲဆီသန့်ကနေ ဘူးအရွယ်အစားအမျိုးမျိုး ထုတ်လုပ်ပေးထားပါတယ်…😍

ဒီတော့ အိမ်မှာစားမယ့် လူဦးရေကိုလိုက်ပြီး လိုသလောက်သာ ဝယ်ချင်တယ်ဆိုတဲ့ သူတွေအတွက်လည်း အဆင်ပြေတာပေါ့…😉💯

ရွှေသရဖူမြေပဲဆီသန့်မှာဆိုရင်…

🥜၁၀ ပိဿာဘူး
🥜၅ ပိဿာဘူး
🥜၃ ပိဿာဘူး
🥜၂ ပိဿာဘူး
🥜၁ ပိဿာဘူး
🥜၅၀ ကျပ်သားဘူး စတဲ့ အရွယ်အစားအလိုက် မြေပဲဆီသန့်ဘူးတွေကို ☝သေသပ်လှပတဲ့ 𝐏𝐚𝐜𝐤𝐚𝐠𝐢𝐧𝐠 တွေနဲ့ အိမ်ရှင်မတို့စိတ်တိုင်းအကျ လိုချင်တဲ့ပမာဏအလိုက် ရွေးချယ်ဝယ်ယူနိုင်အောင် ထုတ်လုပ်ပေးထားပါတယ်...🥰

ကျန်းမာရေးနဲ့ညီညွတ်ပြီး အရောအနှောကင်းတဲ့ မြေပဲဆီစစ်စစ်ကိုသာ ထုတ်လုပ်ရောင်းချပေးနေတဲ့ ရွှေသရဖူမြေပဲဆီသန့်ကို ဝယ်ယူစားသုံးချင်တယ်ဆိုရင်တော့ အောက်ပါဖုန်းနံပါတ်တွေကို အခုပဲဖုန်းဆက်မှာယူလိုက်တော့နော်…🙆‍♀️

✨ရွှေသရဖူ မြင်းခြံမြေပဲဆီသန့် - 𝐆𝐨𝐥𝐝𝐞𝐧 𝐂𝐫𝐨𝐰𝐧 ✨
☎𝟎𝟏 𝟑𝟔𝟖𝟑𝟓𝟑𝟓, 𝟎𝟗 𝟒𝟒𝟓𝟏𝟖 𝟖𝟐𝟑𝟖
📬ပင်ရင်းဖြန့်ချိရေး -
ကျားသုံးကောင်ကုန်စည်ပို့ဆောင်ရေး
ည/၆၅၊ ယုဇနလမ်း၊ ဘုရင့်နောင်ပွဲရုံ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

#ရွှေသရဖူမြေပဲဆီသန့် #မြေပဲဆီစစ်စစ် #အိမ်ရှင်မ #ဆီဘူးအရွယ်အစား ျိုးမျိုး

09/05/2024
09/05/2024
09/05/2024

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾ ဗန်ကောက်တွင် ရေဆိုးမြောင်းထဲ ပြုတ်ကျ သေဆုံးခဲ့မှု အစိုးရထံ နစ်နာကြေး တောင်းဆို

ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ Lat Phrao လမ်းတွင် မေ ၃ ရက်က သက်ကြီးပိုင်းတစ်ဦး ရေဆိုးမြောင်းထဲ ပြုတ်ကျကာ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးခဲ့သူ၏ မိသားစုများက အစိုးရထံ နစ်နာကြေးဘတ် ၁၀ သန်းတောင်းဆိုလိုက်ကြောင်း မေ ၅ ရက်တွင် ဗန်ကောက်ပို့စ်သတင်းဌာနက ရေးသားဖော်ပြထားသည်။

ရေဆိုးမြောင်းထဲ ပြုတ်ကျကာ သေဆုံးခဲ့သူမှာ (၅၉)နှစ် အရွယ် Kamthorn ဖြစ်ပြီး လမ်းဖြတ်ကူးစဉ်တွင် သစ်သားအဝိုင်းပြားဖြင့် ဖုံးအုပ်ထားသော ၁၅ မီတာအနက်ရှိ ရေဆိုးမြောင်းထဲ ပြုတ်ကျခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

Kamthorn သည် ရေဆိုးမြောင်းထဲ ပြုတ်ကျပြီး မကြာမီအချိန်၌ပင် ကယ်ဆယ်ရေးအဖွဲ့ ရောက်ရှိလာကာ ကယ်ဆယ်ခဲ့သော်လည်း ၎င်းသည် ပြုတ်ကျသည့်အရှိန်ကြောင့် လည်ပင်းရိုးကျိုးကာ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဆေးရုံမှ ဆေးစစ်ချက် ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဗန်ကောက်မြို့တော် လျှပ်စစ်အာဏာပိုင် (MEA)က နာရီပိုင်းအတွင်း၌ပင် တောင်းပန်စာ ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ဗန်ကောက်မြို့တွင်းရှိ ရေဆိုးမြောင်း အဖုံးများကို သစ်သားဖုံးများအစား ကွန်ကရစ် မြောင်းဖုံးများဖြင့် လဲလှယ်လိုက်ပြီ ဖြစ်ကြောင်းသိရသည်။

ဗန်ကောက်ရှိ ရေဆိုးမြောင်းဖုံးများမှာ မူလက သံရေဆိုးမြောင်းအဖုံးများဖြစ်ကြောင်း၊ ယင်းသံမြောင်းဖုံးများမှာ မကြာခဏ ခိုးယူခံနေခြင်းကြောင့် ယာယီသစ်သားအဖုံးများကို အသုံးပြုထားရခြင်း ဖြစ်ကြောင်း ဗန်ကောက်မြို့တော် အုပ်ချုပ်ရေး (BMA) မှ တာဝန်ရှိသူတစ်ဦးပြောသည်ဟု ဗန်ကောက်ပို့စ်တွင်ဖော်ပြထားသည်။

သတင်း - စိန်သံ
ကိုးကား - Bangkok Post

စံတော်ချိန်ယူကျူ့ - https://www.youtube.com/
စံတော်ချိန်ဗိုက်ဗာ - https://tinyurl.com/y5vtkrh7
စံတော်ချိန်တယ်လီဂရမ် - https://t.me/sdtimedaily

09/05/2024
ထမင်းစားတဲ့အချိန်တိုင်း အနံ့အရသာနဲ့ ပြည့်စုံနေစေဖို့အတွက် ၁၀၀% မြေပဲဆီစစ်စစ်ဖြစ်တဲ့ ရွှေသရဖူကို ရွေးချယ်အသုံးပြုနိုင်ပါတ...
09/05/2024

ထမင်းစားတဲ့အချိန်တိုင်း အနံ့အရသာနဲ့ ပြည့်စုံနေစေဖို့အတွက် ၁၀၀% မြေပဲဆီစစ်စစ်ဖြစ်တဲ့ ရွှေသရဖူကို ရွေးချယ်အသုံးပြုနိုင်ပါတယ်…💯

ချက်၊ ပြုတ်၊ ကြော်လှော်ဖို့အတွက် မရှိမဖြစ် ရွှေသရဖူမြေပဲဆီသန့်ဆိုတာ...

-မနက်စာအတွက်လား👩‍🍳
-နေ့လယ်စာအတွက်လား👩‍🍳
-ညစာအတွက်လား👩‍🍳

😋ဘယ်အချိန်မှာ ဘာဟင်းချက်ချက် ဟင်းလျာတိုင်းကို အရသာပိုမိုကောင်းမွန်စေပြီး ကျန်းမာရေးနဲ့သင့်တော်တဲ့အတွက် အိမ်ရှင်မတိုင်းရဲ့ လက်စွဲတော်လေး ဖြစ်စေမှာပါ…💁‍♀️

ဒါကြောင့် ထမင်းသုံးနပ်လုံးမြိန်စေဖို့အတွက်ဆို မြေပဲဆီစစ်စစ်ကို သပ်ရပ်သန့်ရှင်းတဲ့ ထုပ်ပိုးမှုပုံစံ၊ သင့်တင့်သက်သာတဲ့စျေးနှုန်းနဲ့ ရောင်းချပေးနေတဲ့ ရွှေသရဖူမြင်းခြံမြေပဲဆီသန့်ကို အခုပဲဖုန်းဆက်မှာယူလိုက်တော့နော်…📞

✨ရွှေသရဖူ မြင်းခြံမြေပဲဆီသန့် - 𝐆𝐨𝐥𝐝𝐞𝐧 𝐂𝐫𝐨𝐰𝐧 ✨
☎𝟎𝟏 𝟑𝟔𝟖𝟑𝟓𝟑𝟓, 𝟎𝟗 𝟒𝟒𝟓𝟏𝟖 𝟖𝟐𝟑𝟖
📬ပင်ရင်းဖြန့်ချိရေး -
ကျားသုံးကောင်ကုန်စည်ပို့ဆောင်ရေး
ည/၆၅၊ ယုဇနလမ်း၊ ဘုရင့်နောင်ပွဲရုံ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

#ရွှေသရဖူမြေပဲဆီသန့် #မြေပဲဆီစစ်စစ် #အိမ်ရှင်မ #ပဲဆီ #မြန်မာပြည်အနှံ့ #ထမင်းသုံးနပ်

မြေပဲဆီဟာဆိုရင် မြန်မာနိုင်ငံမှာ ရှေးယခင်အချိန်ကတည်းက လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်စွာ စားခဲ့ကြတဲ့ဆီတစ်မျိုးဖြစ်ပါတယ်… ...
07/05/2024

မြေပဲဆီဟာဆိုရင် မြန်မာနိုင်ငံမှာ ရှေးယခင်အချိန်ကတည်းက လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်စွာ စားခဲ့ကြတဲ့ဆီတစ်မျိုးဖြစ်ပါတယ်… 🥜✨

ရွှေသရဖူ Page မှာဆိုရင်လည်း မြေပဲဆီဟာကျန်းမာရေးကိုနည်းအမျိုးမျိုးနဲ့ အထောက်အကူပေးနိုင်ကြောင်း ဖော်ပြခဲ့ဖူးပါတယ်…🌟

ဒီလိုမျိုး လူကြိုက်များတဲ့မြေပဲဆီဟာ ကျန်းမာရေးအတွက်ကောင်းကျိုးတွေအများကြီး ရှိရုံသာမကဘဲ အသားအရေကိုပါ လှပစေတယ်ဆိုတာကိုရော သိပြီးကြပြီလားရှင့်… 💕

ဟုတ်ပါတယ်...မြေပဲဟာဆိုရင် ရေဓာတ်ကြွယ်ဝပြီး နူးညံ့တဲ့အစေ့အဆန် တစ်မျိုးဖြစ်တာကြောင့် မြေပဲစစ်စစ်ကိုကြိတ်ပြီးမှ ရလာတဲ့ မြေပဲဆီစစ်စစ်ဟာ အသားအရေကို ရေဓာတ်ပြည့်ဝစေပြီး နုပျိုစေပါတယ်… 💧

𝗩𝗶𝘁𝗮𝗺𝗶𝗻 𝗘 လိုမျိုး Antioxidant တွေပါဝင်လို့လည်း Sensitive Skin တွေမှာဖြစ်တတ်တဲ့ ဒဏ်ရာတွေအလွယ်တကူဖြစ်တတ်တာမျိုးကိုပါ ကာကွယ်ပေးနိုင်ပါတယ်… အရေပြားအမျိုးအစား အကုန်လုံးအတွက်လည်း သင့်တော်ပြီး နှင်းခူ နဲ့ Psoriasis လိုမျိုး အရေပြားယားယံတဲ့ ရောဂါလက္ခဏာတွေ သက်သာစေဖို့ပါ အသုံးပြုကြပါတယ်… 🌿

ဒီလောက်ဆိုရင် နေ့စဉ်စားနေတဲ့ မြေပဲဆီက အသားအရေကိုပါလှပစေကြောင်း သိသွားကြပြီမလား… 🤩

ကျန်းမာလှပတဲ့နေထိုင်မှုအတွက် မြေပဲဆီစစ်စစ်ကို စားသုံးချင်တယ်ဆိုရင်တော့ ရွှေသရဖူမြေပဲဆီကိုသာ ဖုန်းဆက်မှာယူလိုက်ပါ 🥜 🥜

☎️ 01 3683535, 09 44518 8238
📫 ပင်ရင်းဖြန့်ချိရေး -
ကျားသုံးကောင်ကုန်စည်ပို့ဆောင်ရေး
ည/၆၅၊ ယုဇနလမ်း၊ ဘုရင့်နောင်ပွဲရုံ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

#မြေပဲဆီစစ်စစ်_ရွှေသရဖူ
#ရွှေသရဖူ #မြေပဲဆီ #ကျန်းမာရေး #အလှအပ #ပဲဆီစစ်စစ် #အိမ်ရှင်မ

မြေပဲဆီစစ်စစ်ကိုမှ အသုံးပြုချင်တဲ့ အိမ်ရှင်မတို့ရေ…မြေပဲဆီဆိုရင်…🥜အနံ့လေးက ပဲဆီအနံ့လေး မွှေးနေရမယ်🥜ဆီသားပျစ်ပြီး အရမ်းကြ...
30/04/2024

မြေပဲဆီစစ်စစ်ကိုမှ အသုံးပြုချင်တဲ့ အိမ်ရှင်မတို့ရေ…မြေပဲဆီဆိုရင်…
🥜အနံ့လေးက ပဲဆီအနံ့လေး မွှေးနေရမယ်
🥜ဆီသားပျစ်ပြီး အရမ်းကြည်လင်မနေရဘူး
🥜သဘာ၀အတိုင်း ကြာရှည်အထားခံရမယ်
🥜ခဲမသွားရဘူးလို့ ဆိုသူတွေအတွက် သဘာဝမြေပဲ လုံးကောင်းလုံးသန့်တွေကိုသာ ကြိတ်ခွဲသန့်စင်ထားပြီး 100% မြေပဲဆီစစ်စစ်ဖြစ်ကြောင်း အာမခံတဲ့ ရွှေသရဖူမြေပဲဆီသန့် ရှိနေပါပြီနော်…😍

ရွှေသရဖူမြေပဲဆီသန့်ဟာဆိုရင် စျေးနှုန်းသင့်တင့်ပြီး ပေးရတဲ့စျေးထက် ပိုတန်တဲ့အရည်အသွေးကို ရရှိစေနိုင်ဖို့ အာမခံပါတယ်.....တာရှည်ခံဓာတုပစ္စည်းတွေကိုလည်း လုံးဝလုံးဝ အသုံးမပြုထားတာကြောင့် ရွှေသရဖူမြေပဲဆီသန့်နဲ့ ချက်တဲ့ ဟင်းလျာတိုင်းဟာ အနံ့အရသာနဲ့ အပြီးပြည့်စုံနေမှာကတော့ အသေအချာပဲပေါ့…😋🤤

✅𝐏𝐚𝐜𝐤𝐚𝐠𝐢𝐧𝐠 သေသပ်လှပပြီး အရောအနှောကင်းတဲ့ ပဲဆီစစ်စစ် ရွှေသရဖူမြေပဲဆီသန့်ကို လိုချင်တယ်ဆိုရင်တော့ အောက်ပါဖုန်းနံပါတ်တွေကို အမြန်ဆုံး ဆက်သွယ်မှာယူလိုက်တော့နော်…🥰

✨ရွှေသရဖူ မြင်းခြံမြေပဲဆီသန့် - 𝐆𝐨𝐥𝐝𝐞𝐧 𝐂𝐫𝐨𝐰𝐧 ✨
☎𝟎𝟏 𝟑𝟔𝟖𝟑𝟓𝟑𝟓, 𝟎𝟗 𝟒𝟒𝟓𝟏𝟖 𝟖𝟐𝟑𝟖
📬ပင်ရင်းဖြန့်ချိရေး -
ကျားသုံးကောင်ကုန်စည်ပို့ဆောင်ရေး
ည/၆၅၊ ယုဇနလမ်း၊ ဘုရင့်နောင်ပွဲရုံ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

#ရွှေသရဖူမြေပဲဆီသန့် #မြေပဲဆီစစ်စစ် #အိမ်ရှင်မ #ပဲဆီ #မြန်မာပြည်အနှံ့

အိမ်ရှင်မတို့ရေ…👩🏻‍🍳❤️ မိသားစုစုံလင်တဲ့ အားလပ်ရက်တွေမှာ အဆာပြေစာလုပ်စားဖို့ သန့်ရှင်းလတ်ဆတ်တဲ့ ကြွပ်ကြွပ်မွမွ စမူဆာကြော်...
23/04/2024

အိမ်ရှင်မတို့ရေ…👩🏻‍🍳❤️

မိသားစုစုံလင်တဲ့ အားလပ်ရက်တွေမှာ အဆာပြေစာလုပ်စားဖို့ သန့်ရှင်းလတ်ဆတ်တဲ့ ကြွပ်ကြွပ်မွမွ စမူဆာကြော်နည်းလေး ရွှေသရဖူကနေ မျှဝေပေးလိုက်ပါတယ်ရှင်….🥠လုပ်ရတာ လွယ်ကူရိုးရှင်းတာကြောင့် ရွှေသရဖူနဲ့တူတူ လိုက်လုပ်စားကြည့်ဖို့ ဖိတ်ခေါ်လိုက်တယ်နော်…😍

ပါဝင်ပစ္စည်းလေးတွေကတော့….
-ကော်ပြန့်ရွက်
-ကြက်သွန်နီ
-အာလူး
-မဆလာ
-ဇီယာမှုန့်
-ပူစီနံ
-ငရုတ်သီးစိမ်း
-ရွှေသရဖူမြေပဲဆီ တို့ လိုအပ်ပါမယ်။

ပြုလုပ်နည်းအဆင့်ဆင့်….

🥠အရင်ဦးဆုံး အားလူးကိုအခွံခွါ…ဆားနည်းနည်းထည့်ပြီး ၁၀ မိနစ်ခန့် ပြုတ်ပါ
🥠ပြီးရင် လက်တစ်ဆစ်စာ အတုံးသေးလေးတွေလှီးပါ

🥠ကြက်သွန်နီကို မထူမပါး အတုံးလေးတွေလှီးပါ
🥠ပူစီနံရွက် နဲ့ ငရုတ်သီးစိမ်းကို ပါးပါးလှီးပါ
🥠ပြီးရင်တော့ အစာသွပ်ဖို့အတွက် ဒယ်အိုးတစ်ခုထဲမှာ ရွှေသရဖူမြေပဲဆီနည်းနည်းထည့်ပြီး ကြက်သွန်နီ၊ အာလူး၊ ပူစီနံရွက်၊ ငရုတ်သီးစိမ်း၊ မဆလာ၊ ဇီယာမှုန့်နဲ့ အရသာမှုန့်တို့ကို တစ်ခုချင်းစီထည့်ပြီး ကြော်ပေးပါ။
🥠ကော်ပြန့်ရွက်ကို လေးထောင့် အရှည်လေးတွေညှပ်ပြီး တြိဂံပုံစံခေါက်ပါ
🥠အထဲကို ခုနကြော်ထားတဲ့ အစာတွေထည့်သွပ်ပြီး ပိတ်လိုက်ပါ..
🥠ပြီးသွားရင်တော့ စမူဆာ စကြော်ဖို့အတွက် အိုးတစ်ခုထဲကို ရွှေသရဖူမြေပဲဆီသန့်ထည့်ပြီး ဆီပူလာရင် ရွှေအိုရောင်သမ်းတဲ့ထိကြော်ပါ...ဟိုဘက်ဒီဘက် လှန်ကြော်ပေးပါ
🥠ဒါဆိုရင်တော့ သန့်ရှင်းလတ်ဆတ်ပြီး အရသာရှိတဲ့ စမူဆာကြော်လေး စားသုံးနိုင်ပါပြီရှင့်…

ဒါနဲ့ မိသားစုအားလုံးကျန်းမာရေးနဲ့ ညီညွတ်ရောဂါမဖြစ်ဖို့ဆို ဘာပဲကြော်ကြော် အရောအနှောကင်းတဲ့ ရွှေသရဖူမြေပဲဆီကို အသုံးပြုဖို့ မမေ့လိုက်နဲ့နော်😘🫰🏻

#ရွှေသရဖူ #မြေပဲဆီ #ကျန်းမာရေး #မြေပဲဆီစစ်စစ် #စမူဆာ

Address

Nya/65 Yuzana Street
Yangon
11062

Telephone

+959445188238

Website

Alerts

Be the first to know and let us send you an email when ရွှေသရဖူ မြင်းခြံမြေပဲဆီသန့်-Golden Crown posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ရွှေသရဖူ မြင်းခြံမြေပဲဆီသန့်-Golden Crown:

Share