Lan Thit special clinic

Lan Thit special clinic လမ်းသစ်အထူးကုဆေးခန်းတွင် အထွေထွေရောဂါကုသမားတော်၊ ကလေးအထူးကုဆရာဝန်၊ မိသားစုဆရာဝန်များနှင့် ပြသနိုင်သည်

ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်သော လူတန်းစား အသီးသီး အတွက် အထူးကု ဆရာဝန်ကြီးများ၊ မိသားစု ဆရာဝန်ကြီးများ နှင့် အခက်အခဲမရှိ အသက်သာဆုံးနှုန်းထားဖြင့် အကောင်းမွန်ဆုံး ဆွေးနွေး တိုင်ပင် နိုင်စေရန် လမ်းသစ်အထူးကုဆေးခန်းကို ဖွင့်လှစ်ခြင်း ဖြစ်ပါသည်။

🤱 ကိုယ်ဝန်ဆောင်မိခင်တိုင်း သိထားသင့်တဲ့ ကျန်းမာရေးလမ်းညွှန်ချက်များ 🤱ချစ်ရတဲ့ မေမေလောင်းတို့ရေ... ကျန်းမာပျော်ရွှင်တဲ့ မ...
21/11/2025

🤱 ကိုယ်ဝန်ဆောင်မိခင်တိုင်း သိထားသင့်တဲ့ ကျန်းမာရေးလမ်းညွှန်ချက်များ 🤱

ချစ်ရတဲ့ မေမေလောင်းတို့ရေ... ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေး ဖန်တီးဖို့ ကိုယ်ဝန်ဆောင်ချိန်မှာ လိုက်နာရမယ့် အရေးကြီးအချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ဒါလေးတွေက မေမေနဲ့ ရင်သွေးလေးအတွက် အကောင်းဆုံး ပြင်ဆင်မှုတွေဖြစ်လို့ သေချာလေး လိုက်နာကြမယ်နော်။

၁။ အချိန်မီ မှတ်ပုံတင်ပါ 📝 ကိုယ်ဝန်ရှိပြီလို့ သံသယရှိတာနဲ့ အနီးဆုံး ဆေးရုံ၊ ဆေးခန်း ဒါမှမဟုတ် ကျန်းမာရေးဌာနမှာ အမြန်ဆုံး သွားရောက်မှတ်ပုံတင်ပါ။ စောစောသိလေ စောစောပြုစုစောင့်ရှောက်မှု ခံယူနိုင်လေပါပဲ။

၂။ ဆရာဝန်နဲ့ ပုံမှန်ပြသပါ 👩‍⚕️ ကိုယ်ဝန် ဆောင်ကာလပြီးမြောက်တဲ့အထိ ဆရာဝန်၊ သူနာပြုနဲ့ အနည်းဆုံး (၈) ကြိမ် ပြသဖို့ လိုပါတယ်။

ပထမ ၃ လအတွင်း တစ်ကြိမ်

၅ လနဲ့ ၆ လမှာ တစ်ကြိမ်စီ

၇ လမှာ တစ်ကြိမ်၊ ၈ လ ကနေ မွေးတဲ့အထိ ၂ ပတ် တစ်ကြိမ် သွားပြရပါမယ်။

၃။ အာဟာရ ပြည့်ဝအောင် စားသုံးပါ 🍎🥕 ကိုယ်ဝန်ဆောင်ချိန်မှာ ပုံမှန်ထက် ပိုစားပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေ ရွေးချယ်စားသုံးပါ။ အသီးအရွက်၊ အသားငါး၊ ဥအမျိုးမျိုး စတာတွေကို မျှတအောင်စားပြီး အားဆေးတွေလည်း ပုံမှန်သောက်ဖို့ မမေ့ပါနဲ့နော်။ (သံဓာတ်နဲ့ ဖောလစ်အက်ဆစ်၊ ဗီတာမင် B1)

၄။ မေးခိုင်ကာကွယ်ဆေး ထိုးပါ 💉 မေမေရော ကလေးလေးအတွက်ပါ အန္တရာယ်ကင်းဖို့ မေးခိုင်ကာကွယ်ဆေး (၂) ကြိမ် ထိုးနှံရပါမယ်။

၅။ ဆေးဝါးသတိပြုပါ 💊 ဆရာဝန် ညွှန်ကြားထားတဲ့ ဆေးဝါးကလွဲလို့ တခြား ဘာဆေးမှ မသောက်ပါနဲ့။

၆။ လှုပ်ရှားမှုနဲ့ အနားယူမှု 🚶‍♀️😴 နေ့စဉ် ပေါ့ပေါ့ပါးပါး လှုပ်ရှားမှုလေးတွေ လုပ်ပေးပါ။ လုံလောက်စွာ အိပ်စက်အနားယူပါ။ နေ့ခင်းဘက်မှာလည်း ခဏလောက် အိပ်စက်အနားယူပါ။ လေးလံတဲ့အရာတွေကို မယူပါနဲ့နော်။

၇။ အဝတ်အစား သတိပြုပါ 👗 သန့်ရှင်းသပ်ရပ်ပြီး ပေါ့ပေါ့ပါးပါး၊ လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားတွေကို ရွေးဝတ်ပါ။

၈။ 🚭❌ ဆေးလိပ်၊ အရက်၊ ကွမ်း စတာတွေ ရှောင်ပါ။ ဆေးလိပ်ငွေ့၊ မီးခိုးငွေ့၊ လေထုညစ်ညမ်းမှုတွေကနေလည်း ရှောင်ရှားပါ။

၉။ ခြင်ကိုက်ခံရခြင်းမှ ကာကွယ်ပါ 🦟 ခြင်မကိုက်အောင် နေ့ရောညပါ ခြင်ထောင်နဲ့ အိပ်ပါ။

၁၀။ အရေးပေါ် အခြေအနေ 🚨 နေမကောင်းဘူးလို့ ခံစားရတာနဲ့ အနီးဆုံး ဆေးရုံ၊ ဆေးခန်းကို ချက်ချင်းသွားရောက်ပြသပါ။

၁၁။ မွေးဖွားမှု ကြိုတင်ပြင်ဆင်ပါ 🏥 ရင်သွေးလေး မွေးဖွားဖို့ ကြိုတင်ပြင်ဆင်မှုတွေ စနစ်တကျ လုပ်ထားပါနော်။

ဒီအချက်လေးတွေကို လိုက်နာပြီး ကျန်းမာပျော်ရွှင်တဲ့ ကိုယ်ဝန်ဆောင်ကာလလေး ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်ရှင်။ ❤️

ကိုးကားချက်။ Community Health Message 2024

#ကိုယ်ဝန်ဆောင် #မိခင်ကျန်းမာရေး #ကျန်းမာရေးဗဟုသုတ #ကိုယ်ဝန်ဆောင်အကြံပြုချက် #မေမေနှင့်ရင်သွေး

11/11/2025

လမ်းသစ်ဆေးခန်းတွင် ပြသနိုင်သော အထူးကု ဆရာဝန်ကြီးများ

မင်္ဂလာပါရှင်

သင့် ကျန်းမာရေးအတွက်

လမ်းသစ်အထူးကုဆေးခန်းတွင် ပြင်ပလူနာ ပြသနိုင်မည့် အထူးကု ဆရာဝန်ကြီးများနှင့် အချိန်ဇယားများကို တင်ပြပါရစေရှင်။

1.✅အထွေထွေရောဂါကုသမားတော် ဒေါက်တာ မေဘိုဘိုသက် (အင်္ဂါ၊ သောကြာ၊ စနေ၊ တနင်္ဂနွေ ညနေ၄နာရီ)

2. ✅အထွေထွေနှင့် နှလုံးရောဂါအထူးကုဆရာဝန်ကြီး ဒေါက်တာ ဟန်လင်းအောင် (စနေ‌၊ ညနေ၄နာရီ)

3. ✅သားဖွားမီးယပ် အထူးကုဆရာဝန် ဒေါက်တာ ကြည်မေထက်(ကထိက) (on call)

4. ✅သားဖွားမီးယပ် အထူးကုဆရာဝန် ဒေါက်တာ သက်သက်ဆွေ (on call)

5. ✅ထိခိုက်ဒဏ်ရာနှင့် အရိုးအကြောအဆစ်ဆိုင်ရာခွဲစိတ်ဆရာဝန် ဒေါက်တာ ကျော်ရှိန် (စနေ၊ တနင်္ဂနွေ၊ နေ့လည် ၁၂ နာရီ)

6. ✅ခွဲစိတ်အထူးကုဆရာဝန် ဒေါက်တာ ဇော်ဌေး (on call)

7. ✅ခွဲစိတ်အထူးကုဆရာဝန် ဒေါက်တာ ကိုကိုနိုင် (ညနေ၄ နာရီနောက်ပိုင်း on call)

8. ✅ဓါတ်မှန်အထူးကုဆရာဝန် ဒေါက်တာ အောင်အောင် (on call)

9. ✅နား၊ နှာခေါင်းနှင့် လည်ချောင်းအထူးကုဆရာဝန် ဒေါက်တာ ဝါဝါမင်း (ညနေ၄ နာရီနောက်ပိုင်း)

10. ✅အထွေထွေရောဂါ အထူးကုသမားတော် ဒေါက်တာချိုချိုနွယ် (on call)

11. ✅အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန် ဒေါက်တာ စုစုလှိုင် (တနင်္လာ၊ ကြာသာပတေး ညနေ ၄ နာရီခွဲ)

12. ✅အဆုတ်နှင့်အသက်ရှူလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန် ဒေါက်တာ နိုင်ရှင်းထက် (on call)

13. ✅ကလေး အထူးကုဆရာဝန် ဒေါက်တာ ကျော်နိုင်ထွန်း (on call)

14. ✅စိတ်ကျန်းမာရေး အထူးကုဆရာဝန် ဒေါက်တာ ဇွဲထက်အောင် (on call)

15. ✅ထိခိုက်ဒဏ်ရာနှင့် အရိုးအကြောအထူးကုဆရာ၀န် ဒေါက်တာ မင်း‌ကျော်သူလွင်‌ (ညနေ ၄ နာရီ နောက်ပိုင်း)

16. ✅ဆီးနှင့်ကျောက်ကပ်အထူးကုသမားတော် ဒေါက်တာ မျိုးမင်းသန့် (တနင်္လာ ကြာသပတေး သောကြာ တနင်္ဂနွေ ညနေ ၄း၃၀)

17. ✅ခုခံအားကျဆင်းမှုကူးစက်ရောဂါနှင့် ကာလသားရောဂါ အထူးကု ဆရာဝန်ဒေါက်တာ မင်းသိမ်းထွန်း (တနင်္လာမှ သောကြာ အထိ ညနေ ၄ နာရီနောက်ပိုင်း၊
စနေ မှတနင်္ဂနွေက နေ့လည် ၁ နာရီနောက်ပိုင်း)

18. ✅အထွေထွေနှင့် ဆေးဝါးဗေဒဆရာဝန် ဒေါက်တာ နိုင်လင်းထွန်း (on call)

19. ✅အထွေထွေရောဂါကု ဆရာဝန်ကြီး ဒေါက်တာ ခင်မောင်ကြည် နေ့စဉ်- ညနေ ၃း၃၀ မှ ည ၇း၃၀ အထိ (နိုဝင်ဘာ ၁၆ ရက်နေ့မှ ပြန်လည်ပြသနိုင်ပါမည်)

ဖော်ပြပါ ဆရာဝန်ကြီးများနှင့် ဆွေးနွေးတိုင်ပင်ပြီး ကုသမှု ခံယူလိုပါက
လမ်းသစ် အထူးကုဆေးခန်းဖုန်း
📞 09-975302058
📞 09-443747710 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်။
On call ဆရာဝန်ကြီးများနှင့် ပြသရန် ဖုန်းဆက် ဘိုကင်တင်ပေးပါက ကုသမှု ပိုမို အဆင်ပြေပါမည်ရှင်။

ကျေးဇူးတင်ပါတယ်ရှင်

🍀အားလုံးပဲမင်္ဂလာပါရှင်လမ်းသစ်အထူးကုဆေးခန်းတွင်ယနေ့မှစပြီီး🍀ခုခံအားကျဆင်းမှုကူးစက်ရောဂါနှင့်ကာလသားရောဂါကျန်းမာရေးကိစ္စရပ...
06/11/2025

🍀အားလုံးပဲမင်္ဂလာပါရှင်
လမ်းသစ်အထူးကုဆေးခန်းတွင်ယနေ့မှစပြီီး
🍀ခုခံအားကျဆင်းမှုကူးစက်ရောဂါနှင့်ကာလသားရောဂါကျန်းမာရေးကိစ္စရပ်များအတွက် သင့် အနီးနားမှာ ရှိတဲ့ လမ်းသစ် အထူးကုဆေးခန်းမှာ
🍀အထူးကုဆရာဝန်
Dr Min Thein Tun
M.B.,B.S,Dip Med Sc(STI&HIV)နှင့် ပြသနိုင်ပါပြီရှင့်။
ပြသနိုင်တဲ့ အချိန်တွေကတော့ တနင်္လာ မှသောကြာ ညနေ(၄)နာရီနောက်ပိုင်းနှင့် စနေ၊တနင်္ဂနွေ နေ့လည်(၁)နာရီနောက်ပိုင်းဆေးခန်းမှာ ပြသနိုင်ပါတယ်။
Oncall ဖြစ်လို့ ဆေးခန်းကို ဖုန်းဆက် ဘိုကင်တင်ပြီး ပြသရင် ပိုအဆင်ပြေပါတယ်ရှင်။
ဆရာ‌ဝန်ကြီးနှင့်‌ ဆွေးနွေးပြသလိုပါက
လမ်းသစ်အထူးကုဆေးခန်းဖုန်း
🍀09-975302058
🍀09-443747710 သို့ ဆက်သွယ်စာရင်းပေးနိုင်ပါတယ်ရှင့်။
ကျေးဇူးတင်ပါတယ်ရှင်

"တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)"ယနေ့ မြန်မာသက္ကရာဇ် (၁၃၈၇) ခုနှစ်၊ "တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)...
04/11/2025

"တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)"
ယနေ့ မြန်မာသက္ကရာဇ် (၁၃၈၇) ခုနှစ်၊ "တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)" တွင် စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပြီး အေးချမ်းသော တန်ဆောင်တိုင်အခါသမယ ဖြစ်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
On this auspicious day of the Full Moon Day of Tazaung Mone in the year 1387 of the Myanmar Era, may you experience fulfillment and harmony in all aspects of life.
Wishing you all a blessed and joyful Tazaung Mone Full Moon Day!

👩‍⚕️💼အလုပ်အကိုင် အသစ်တစ်ခု စတင်တော့မယ်ဆိုရင် ဆေးစစ်ချက် (Medical Check) ယူတာအရေးကြီးပါတယ်။🩸အဓိက သွေးစစ်ရမယ့် အချက်တွေကို...
09/10/2025

👩‍⚕️💼အလုပ်အကိုင် အသစ်တစ်ခု စတင်တော့မယ်ဆိုရင် ဆေးစစ်ချက် (Medical Check) ယူတာအရေးကြီးပါတယ်။
🩸အဓိက သွေးစစ်ရမယ့် အချက်တွေကိုပြောရမယ်ဆိုရင်တော့...
၁။ အသည်းရောင်ပိုး စစ်ဆေးခြင်း (Hepatitis Tests)
အသည်းဟာ ခန္ဓာကိုယ်အတွက် အရမ်းအရေးကြီးပါတယ်။ အသည်းရောင်စေတဲ့ ဗိုင်းရပ်စ်ပိုး နှစ်မျိုးကို အဓိက စစ်ဆေးပါတယ်။
✅Hbs Ag (Hepatitis B Surface Antigen)ဒါကတော့ အသည်းရောင် အသားဝါ ဘီပိုး ရှိ/မရှိ စစ်တာပါ။ အလုပ်ခွင်မှာ တခြားသူတွေကို မကူးစက်စေဖို့နဲ့ ကိုယ့်ရဲ့ ကျန်းမာရေး အခြေအနေကို သိရှိဖို့ စစ်ဆေးပါတယ်။
✅ Anti HCV (Antibody to Hepatitis C Virus) အသည်းရောင် အသားဝါ စီပိုး ရှိ/မရှိ စစ်တာပါ။ ဘီပိုးလိုပဲ အသည်းကို ထိခိုက်စေပြီး နာတာရှည် ရောဂါ ဖြစ်စေနိုင်တာကြောင့် စောစောသိဖို့ လိုအပ်ပါတယ်။
၂။ ခုခံအား ကျဆင်းစေသောပိုး စစ်ဆေးခြင်း
(HIV Test)
✅ HIV (အိတ်ခ်ျအိုင်ဗွီ): ဒီစစ်ဆေးမှုကတော့ ကိုယ်ခန္ဓာရဲ့ ခုခံအားစနစ်ကို ကျဆင်းစေတဲ့ပိုး ရှိ/
မရှိ စစ်တာပါ။ ဒီပိုးဟာ ကိုယ်ခံအားကို အားနည်းစေတဲ့အတွက် လိုအပ်တဲ့ စစ်ဆေးမှု ဖြစ်ပါတယ်။
၃။ ကူးစက်ရောဂါ အချို့ စစ်ဆေးခြင်း ( Venereal Disease Research Laboratory)
✅ VDRL test ကတော့ လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ဆစ်ဖလစ် (Syphilis) ရောဂါပိုး ရှိ/
မရှိကို စစ်ဆေးတာပါ။ ရောဂါရှိရင် အချိန်မီ ကုသမှု ခံယူနိုင်ဖို့အတွက် စစ်ဆေးရတာ ဖြစ်ပါတယ်။
⚕️သွေးစစ်တာအပြင် ကျန်းမာရေး စစ်ဆေးမှုမှာ အောက်ပါအချက်တွေလည်း ပါဝင်ပါတယ်။
🧑‍⚕️ Doctor Check (သက်ဆိုင်ရာဆရာဝန်ရဲ့ စစ်ဆေးမှု)
ကိုယ်အလေးချိန်၊ အရပ်၊ မျက်စိအမြင်အာရုံ ၊ နား၊ အဆုတ်ကျန်းမာ‌ရေး နဲ့ နှလုံး အခြေအနေ စတဲ့ အထွေထွေ ကျန်းမာရေးကို သက်ဆိုင်ရာဆရာဝန်က စစ်ဆေးတာ ဖြစ်ပါတယ်။
✅ Urine RE (ဆီးစစ်ခြင်း): ဆီးလမ်းကြောင်းနဲ့ ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက် ကောင်းမကောင်းကို အကြမ်းဖျင်း စစ်ဆေးတာပါ။
✅ E.C.G (နှလုံး ကျန်းမာရေး စစ်ဆေးခြင်း): နှလုံးရဲ့ လျှပ်စစ်စီးဆင်းမှု (Heart Rhythm) ကို စစ်ဆေးပြီး နှလုံး နှလုံးသွေးကြောကျဉ်းရောဂါရှိမရှိ နဲ့ နှလုံးရောဂါတွေကို အကြမ်းဖျဉ်းသိရှိနိုင်ပါတယ်။
🩸သွေးထဲက အသေးစိတ် စစ်ဆေးချက် CP (Complete Blood Count)
CP စစ်ဆေးချက်မှာ သွေးထဲက ဆဲလ်သုံးမျိုးကို ကြည့်တာဖစ်ပါတယ်။
✅သွေးနီဥ (Red Blood Cells - RBC ဆိုတဲ့ သွေးနီဥနည်းရင် သွေးအားနည်းရောဂါ (Anemia) ဖြစ်နေတာကို သိနိုင်ပြီး၊ အဲဒီလိုဖြစ်ရင် မောပန်းလွယ်ခြင်း၊ အားနည်းခြင်းတွေ ဖြစ်တတ်ပါတယ်။
✅သွေးဖြူဥ (White Blood Cells - WBC)ရဲ့
အဓိက အလုပ်က ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ် ဖြစ်ပြီး ရောဂါ သွေးဖြူဥ အရေအတွက် များနေရင် ခန္ဓာကိုယ်ထဲမှာ ပိုးဝင်ရောက်မှု တစ်ခုခု (Infection) ရှိနေတာကို ဖော်ပြနိုင်ပါတယ်။
✅သွေးဥမွှား (Platelets)ကတော့ သွေးခဲစေဖို့ ကူညီပေးပါတယ်။သွေးဥမွှား နည်းနေရင် သွေးထွက်လွယ်တာ၊ သွေးတိတ်ဖို့ ခက်ခဲတာမျိုး ဖြစ်နိုင်ပါတယ်။
✅ Complete Blood Count စစ်ဆေးခြင်းအားဖြင့် သွေးအား ကောင်းမကောင်း၊ ကိုယ်ခံအားစနစ် ၊ သွေးထွက်လွယ်တဲ့ အချက်တွေကိုသိရှိနိုင်ပါတယ်။
ယခုလို Medical check upကျန်းမာရေးစစ်ဆေးမှူများကို ( LanThit specialist clinic) လမ်းသစ်ဆေးခန်း မှ ဈေးနှုန်းချိုသာစွာဖြင့် အထူး ဝန်ဆောင်မှု ပေးနေပါတယ်။

✅ဒါကြောင့် အလုပ်မဝင်ခင် ဆေးစစ်တာဟာ အလုပ်အတွက်သာမက ကိုယ့်ရဲ့ အနာဂတ် ကျန်းမာရေးအတွက်ပါ အရေးကြီးတဲ့ အဆင့်ပဲ ဖြစ်ပါတယ်။
Booking တင်ရန်
☎️09-975302058
☎️09443747710

👨‍👩‍👧‍👧မိသားစုနဲ့အတူ မီးတန်းအောက်မှာ🌟 ပျော်ရွှင်ပြီး ငြိမ်းချမ်းစွာဖြတ်သန်းနိုင်တဲ့ သီတင်းကျွတ်လပြည့်နေ့ လေး ဖြစ်ပါစေ 🌕 ...
06/10/2025

👨‍👩‍👧‍👧မိသားစုနဲ့အတူ မီးတန်းအောက်မှာ🌟 ပျော်ရွှင်ပြီး ငြိမ်းချမ်းစွာဖြတ်သန်းနိုင်တဲ့ သီတင်းကျွတ်လပြည့်နေ့ လေး ဖြစ်ပါစေ 🌕 လမ်းသစ်အထူးကုဆေးခန်း မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 💝

05/10/2025

အားလုံးပဲမင်္ဂလာပါရှင် . . မနက်ဖြန် ၁၃၈၇ ခုနှစ် သီတင်းကျွတ်လပြည့်နေ့၊ (6.10.2025)ရက်နေ့ တစ်ရက်ဆေးခန်းပိတ်ပါသည်။

နေ့စဉ်နေ့တိုင်း သင့်ခန္ဓာကိုယ်ထဲက ကျောက်ကပ်တွေဟာ တိတ်တဆိတ်နဲ့  အဆိပ်အတောက်တွေ စစ်ထုတ်ပေးပြီး ခန္ဓာကိုယ်ကို ကျန်းမာအောင် ...
17/09/2025

နေ့စဉ်နေ့တိုင်း သင့်ခန္ဓာကိုယ်ထဲက ကျောက်ကပ်တွေဟာ တိတ်တဆိတ်နဲ့ အဆိပ်အတောက်တွေ စစ်ထုတ်ပေးပြီး ခန္ဓာကိုယ်ကို ကျန်းမာအောင် ကူညီပေးနေကြပါတယ်။
ဒါပေမယ့် တစ်ခါတစ်လေ သင့်ကျောက်ကပ်ကျန်းမာရေးကို အထူးတလည် စောင့်ရှောက်ဖို့ လိုအပ်လာတတ်ပါတယ်။ အထူးသဖြင့် အောက်ပါ လက္ခဏာတွေ ရှိလာတဲ့အခါမှာ ကျောက်ကပ်အထူးကု ဆရာဝန်နဲ့ တွေ့သင့်ပါတယ်
👇
👉 ခြေထောက်၊ ခြေချောင်း ရောင်ခြင်း၊ မျက်လုံးပတ်ချာလည် ရောင်ခြင်း
👉 သွေးပေါင်ချိန် တက်ပြီး ဆေးသောက်ပေမယ့် မကျခြင်း
👉 ဆီးထဲ သွေးပါခြင်း သို့မဟုတ် အမြှုပ်ထလွန်းခြင်း
👉 မကြာခဏ ဆီးသွားချင်ခြင်း၊ ဆီးသွားတဲ့အခါ နာကျင်ခြင်း
👉 မိသားစုထဲ ကျောက်ကပ်ရောဂါဖြစ်သူများရှိခြင်း
👉 ကာလရှည် ဆီးချို၊ သွေးတိုးရောဂါများ ခံစားနေရခြင်း
👉 အကြောင်းရင်းခံ ရှာမရဘဲ အလွန်ပင်ပန်းခြင်း၊ အစားအစာမလိုချင်ခြင်း၊ ကိုယ်အလေးချိန်ကျလာခြင်း

✨ စောစောစီးစီး စစ်ဆေးတာက သင့်ရဲ့ ကျောက်ကပ်တွေကို ကာကွယ်ပေးနိုင်ပြီး နောက်ဆက်တွဲ ပြဿနာတွေကို လျော့ချနိုင်ပါတယ်။

ဆီးနှင့် ကျောက်ကပ်အထူးကု သမားတော်နဲ့ ဆွေးနွေးပြသလိုတယ်ဆိုရင်

📍 [လမ်းသစ်အထူးကုဆေးခန်း]
📞 [09975302058, 09443747710] | 📅 ဆက်သွယ်ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်

🌸 **ခြေ၊ လက်၊ ပါးစပ်နာရောဂါ (Hand, Foot & Mouth Disease)** 🌸👶 အများအားဖြင့် အသက် (၁၀) နှစ်အောက် ကလေးများတွင် တွေ့ရလေ့ရှိ...
05/09/2025

🌸 **ခြေ၊ လက်၊ ပါးစပ်နာရောဂါ (Hand, Foot & Mouth Disease)** 🌸

👶 အများအားဖြင့် အသက် (၁၀) နှစ်အောက် ကလေးများတွင် တွေ့ရလေ့ရှိသော်လည်း အသက်မရွေး ကူးစက်နိုင်သည်။ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပြီး အများအားဖြင့် မပြင်းထန်သော်လည်း ကူးစက်လွယ်သော ရောဂါတစ်ခု ဖြစ်ပါသည်။

📌 အဓိကလက္ခဏာများ

* ကိုယ်ပူ၊ ဖျားခြင်း
* လည်ပင်းနာခြင်း၊ အစားမဝင်ခြင်း
* ခြေဖဝါး၊ လက်ဖဝါး၊ ပါးစပ်တွင် အနီရောင်အဖုများထွက်ပေါ်ခြင်း
* ပါးစပ်ထဲတွင် နာကျင်သောအနာများဖြစ်ခြင်း

📌 အဖြစ်များသော နောက်ဆက်တွဲပြဿနာများ

* အစာ၊ အရည်မဝင်ခြင်းကြောင့် ရေဓာတ်ခန်းခြောက်ခြင်း

📌 ကာကွယ်နည်းများ
✅ လက်ကို ဆပ်ပြာ/လက်ဆေးရည်ဖြင့် အနည်းဆုံး ၂၀ စက္ကန့်ဆေးရန်
✅ ကိုယ်ပိုင်အသုံးအဆောင်များ မမျှဝေရန်
✅ အချိန်မှန် သန့်ရှင်းရေးထိန်းသိမ်းရန်
✅ ချောင်းဆိုး၊ နှာချေရာတွင် တစ်ရှူး သုံးရန်

📌 ကုသနည်း

* ရောဂါပြင်းထန်မှု မရှိသော လူနာများတွင် သီးခြားကုသဆေးမလိုပဲ လက္ခဏာပေါ်မူတည်၍ သက်သာအောင်ကုသခြင်းကို မိမိအိမ်တွင်ပင်ဆောင်ရွက်နိုင်ပါသည်။
* အေးသောအရည်များ၊ ပျော့သောအစားများကျွေးရန် လိုအပ်ပါသည်။
* ဖျားလျှင် ပါရာစီတမောတိုက်ကျွေးနိုင်ပါသည်

👩‍⚕️ ဆရာဝန်ကို ပြသရန်လိုအပ်သည့်အခြေအနေများ

* အသက် (၆) လအောက် ကလေးများ
* ကိုယ်ခံအားနည်းသောကလေးများ
* အစာ၊ အရည်မဝင်သောလူနာများ

➡️ သင်၏ကလေးတွင် အထက်ပါလက္ခဏာများ ပေါ်ပေါက်ပါက လမ်းသစ်အထူးကဆေးခန်း၌ မိသားစုဆရာဝန်များ၊ ကလေးအထူးကုဆရာဝန်များနှင့် တိုင်ပင်စစ်ဆေးနိုင်ပါသည်။

🌍✨ Lan Thit Specialty Clinic Welcomes International Patients ✨🌍At Lan Thit Specialty Clinic, we are proud to provide hig...
03/09/2025

🌍✨ Lan Thit Specialty Clinic Welcomes International Patients ✨🌍

At Lan Thit Specialty Clinic, we are proud to provide high-quality, affordable, and patient-centered healthcare not only for our local community but also for foreign residents and visitors in Yangon.

✅ General Practice & Specialist Consultations
✅ Diagnostic Services (Blood Tests, ECG, Point-of-Care)
✅ Quality Medicines & On-Demand Home Visits
✅ English-speaking doctors and staff support

Our goal is to make sure everyone feels cared for and confident about their health, no matter where they come from.

📍 No. 78, Lan Thit Street, Lanmadaw Township, Yangon
📞 09 975 302058 | 09 443 747710

Your health, our commitment — Lan Thit Specialty Clinic is here for you. 💙

💼✨ အားလုံးကျန်းမာရေးကို သေချာဂရုစိုက်တတ်ကြပေမဲ့ တခါတလေမေ့နေတတ်သူတွေကဘယ်သူတွေဖြစ်မလဲဆိုရင်တော့…ကိုယ်အပါဝင်စွန့်ဦးတီထွင် စ...
31/08/2025

💼✨ အားလုံးကျန်းမာရေးကို သေချာဂရုစိုက်တတ်ကြပေမဲ့ တခါတလေမေ့နေတတ်သူတွေကဘယ်သူတွေဖြစ်မလဲဆိုရင်တော့…ကိုယ်အပါဝင်စွန့်ဦးတီထွင် စီးပွါးရေးလုပ်ငန်းရှင်တွေဖြစ်တတ်ကျပါတယ်ရှင်

လုပ်ငန်းတည်ဆောက်ရာမှာ နေ့တိုင်း အချိန်အကြာကြီးပေးပြီးတည်ဆောက်ကြရပါတယ်၊ ဆုံးဖြတ်ချက်ပေါင်း များစွာချကြရတာတွေ၊ တာဝန်တွေ အများကြီးယူပြီးဆောင်ရွက်ကြရတာတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် သတိထားရမယ့် အရေးကြီးဆုံးအချက်က — “ကျန်းမာရေးဆိုတာ သင့်အောင်မြင်မှုရဲ့ အခြေခံအုတ်မြစ်"ဆိုတာပါ။ ကျန်းမာရေးမကောင်းဘဲ အကောင်းဆုံး စီးပွားရေးအခွင့်အလမ်းဆိုရင်တောင် မအောင်မြင်နိုင်ပါဘူး။

✅ စီးပွားရေးရှင်တွေကို လမ်းသစ်အထူးကု ဆေးခန်း အနေနဲ့ အကြံပြုချင်တဲ့ ကျန်းမာရေးဂရုပြု နည်းလမ်းတွေကတော့
🕒 မီတင်တွေကို စီစဉ်သလို ကျန်းမာရေးစစ်ဆေးမှုတွေကိုလည်း အချိန်ယူစီစဉ်သင့်ပါတယ်။
🍎 အလုပ်နားချိန်တိုင်း “အလွယ်” မစားဘဲ အာဟာရပြည့်မီတဲ့ အစားအစာတွေ စားသင့်ပါတယ်။
🏃 နေ့စဉ် ခန္ဓာကိုယ်လှုပ်ရှားမှုဆောင်ရွက်ပါ — ထိုင်နေရာကနေ လမ်းခဏထလျှောက်တာတာလေးကတောင် စွမ်းအားနဲ့ အာရုံစူးစိုက်မှုကို မြှင့်ပေးနိုင်တယ်။
😴 အိပ်စက်ချိန်ကို ဂရုပြုပါ — အနားယူခြင်းဟာ ထိရောက်မှုအတွက် အရေးကြီးဆုံးကိရိယာဖြစ်ပါတယ်။
🧠 စိတ်ဓာတ်အနားယူချိန်ပေးပါ — စိတ်ကြည်လင်မှသာ ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ပါတယ်။
လမ်းသစ်အထူးကုဆေးခန်းအနေနဲ့ ယုံကြည်တာက တကယ့် စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင် ဘဝတစ်ခုဟာ မိမိကိုယ်ကို ဂရုစိုက်ခြင်းက စတင်တာပါ။
ကျန်းမာရေးအတွက် ရင်းနှီးမြှုပ်နှံတာဟာ စီးပွားရေးအတွက် ရင်းနှီးမြှုပ်နှံလိုက်တာလို့ ပြောရင်မှားမယ် မထင်ပါဘူး။💙

👉 ဒီနေ့ပဲ ကျန်းမာရေးစစ်ဆေးမှုအတွက် Appointment ကြိုတင်ယူပြီး သင့်ကျန်းမာရေးကို ဂရုပြုဖို့ စတင်လိုက်ပါ!

လမ်းသစ်အထူးကုဆေးခန်းတွင် ပြသနိုင်သော အထူးကု ဆရာဝန်ကြီးများမင်္ဂလာပါရှင်သင့်ကျန်းမာရေးအတွက် လမ်းသစ်အထူးကုဆေးခန်းတွင် လက်ရ...
27/08/2025

လမ်းသစ်အထူးကုဆေးခန်းတွင် ပြသနိုင်သော အထူးကု ဆရာဝန်ကြီးများ

မင်္ဂလာပါရှင်

သင့်ကျန်းမာရေးအတွက် လမ်းသစ်အထူးကုဆေးခန်းတွင် လက်ရှိ ပြသနိုင်သော အထူးကု ဆရာဝန်ကြီးများ၏ အမည်နှင့် ပြသနိုင်မည့် အချိန်များကို တင်ပြပါရစေရှင်။

1. အထွေထွေရောဂါကုသမားတော်
ဒေါက်တာ မေဘိုဘိုသက် (အင်္ဂါ၊ သောကြာ၊ စနေ၊ တနင်္ဂနွေ ညနေ၄နာရီ)

2. အထွေထွေနှင့် နှလုံးရောဂါအထူးကုဆရာဝန်ကြီး
ဒေါက်တာ ဟန်လင်းအောင် (စနေ‌၊ ညနေ၄နာရီ)

3. သားဖွားမီးယပ် အထူးကုဆရာဝန်
ဒေါက်တာ ကြည်မေထက်(ကထိက) (on call)

4. သားဖွားမီးယပ် အထူးကုဆရာဝန်
ဒေါက်တာ သက်သက်ဆွေ (on call)

5. ထိခိုက်ဒဏ်ရာနှင့် အရိုးအကြောအဆစ်ဆိုင်ရာခွဲစိတ်ဆရာဝန်
ဒေါက်တာ ကျော်ရှိန် (စနေ၊ တနင်္ဂနွေ၊ နေ့လည် ၁၂ နာရီ)

6. ခွဲစိတ်အထူးကုဆရာဝန်
ဒေါက်တာ ဇော်ဌေး (on call)

7. ခွဲစိတ်အထူးကုဆရာဝန်
ဒေါက်တာ ကိုကိုနိုင် ညနေ၄ နာရီနောက်ပိုင်း (on call)

8. ဓါတ်မှန်အထူးကုဆရာဝန်
ဒေါက်တာ အောင်အောင် (on call)

9. နား၊ နှာခေါင်းနှင့် လည်ချောင်းအထူးကုဆရာဝန်
ဒေါက်တာ ဝါဝါမင်း ညနေ၄ နာရီနောက်ပိုင်း

10. အထွေထွေရောဂါ အထူးကုသမားတော်
ဒေါက်တာချိုချိုနွယ် (on call)

11. အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန်
ဒေါက်တာ စုစုလှိုင် တနင်္လာ၊ကြာသာပတေး ၄ နာရီခွဲ

12. အဆုတ်နှင့်အသက်ရှူလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန်
ဒေါက်တာ နိုင်ရှင်းထက် (on call)

13. ကလေး အထူးကုဆရာဝန်
ဒေါက်တာ ကျော်နိုင်ထွန်း (on call)

14. စိတ်ကျန်းမာရေး အထူးကုဆရာဝန်
ဒေါက်တာ ဇွဲထက်အောင် (on call)

15. အထွေထွေနှင့် ဆေးဝါးဗေဒဆရာဝန်
ဒေါက်တာ နိုင်လင်းထွန်း (on call)

16. အထွေထွေရောဂါကု ဆရာဝန်ကြီး
ဒေါက်တာ ခင်မောင်ကြည် နေ့စဉ်- ညနေ ၃း၃၀ မှ ည ၇း၃၀ အထိ

ဖော်ပြပါ ဆရာဝန်ကြီးများနှင့် ဆွေးနွေးတိုင်ပင်ပြီး ကုသမှု ခံယူလိုပါက လမ်းသစ် အထူးကုဆေးခန်းဖုန်း
📞 09-975302058
📞 09-443747710သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်။
ကျေးဇူးတင်ပါတယ်ရှင်

Address

No. 78 Lanthit Street , Lanmadaw Township
Yangon
11131

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959975302058

Website

Alerts

Be the first to know and let us send you an email when Lan Thit special clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Lan Thit special clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram