17/11/2025
ကိုယ့်ကိုယ်ကိုယ် ဆုံးမခြင်း
==============
လူတချို့နဲ့ ကိစ္စတချို့ကို မေ့လိုက်ပါ
မှားနေတဲ့ မျော်လင့်ချက်တွေ မထားမိစေနဲ့
ချစ်ခြင်း မေတ္တာမှာလည်း ငတုံး မဖြစ်စေနဲ့
ကိုယ့်နှလုံးသားကို သေချာစောင့်ရှောက်ပါ
လူတိုင်းကို ယုံကြည်မှုတွေ မလွန်ကဲစေနဲ့
တစ်ခုခုဆို အားနာတတ်တဲ့ အကျင့်ကိုပြင်ပါ
ကိုယ့်ကိုယ်ကိုယ် သန်မာအောင် ကြိုးစားပါ
စိတ်ရော ကိုယ်ပါ ကျန်းမာအောင် ဂရုစိုက်ပါ😊
ဘဝ ကို ကိုယ့်ပုံစံတိုင်း ဆက်လျှောက်လှမ်းပါ
ဘယ်သူ့ကြောင့်မှ ခေါင်းအရှုပ် မခံပါနဲ့
ကိုယ့်ကိုယ်ကိုယ်သာ မျော်လင့်ပါ အားကိုးပါ
လောကဓံ လှိုင်းတွေကို ရင်ဆိုင်ဖို့ သတ္တိ မွေးပါ
သူများ ဘဝတွေကို သွားမနှောင့်ယှက် ပါနဲ့
အကျိုးမရှိတဲ့ ကိစ္စတွေနဲ့ အချိန်မဖြုန်းပါနဲ့
ဘဝမှာ မတန်တာတွေ အများကြီးရှိတယ်"
ဒါကြောင့် မို့ ~~
နွေ ၊ မိုး ၊ ဆောင်း ၊ ပြောင်းလဲ သွားတိုင်း
ကျန်းကျန်းမာမာ ရှိအောင် သေချာဂရုစိုက်ပါ
အဓိက"က တော့ ~~~
ဘယ်သူတွေ ကိုယ့်ကို ချစ်ချစ် မ ချစ်ချစ်
ကိုယ့်တန်ဖိုးကို ကိုယ်တိုင် မြင်အောင်ကြည့်ပါ
ကိုယ့်ပျော့ညံ့ချက်ကို မျက်ရည်နဲ့ ထုတ်မပြနဲ့
ကိုယ့်အပေါ်ကိုယ် ပြန်ကောင်းဖို့ မမေ့ပါနဲ့
ဘဝ တစ်သက်တာလုံး မှာ
ကိုယ့်ကိုယ်ကိုယ် ကာကွယ် စောင့်ရှောင့်ရင်း
လုပ်စရာရှိတာကို အာရုံစိုက် လုပ်ဆောင်နေပါ
အသိတရားတွေ ရင့်ကျက်အောင် သင်ယူပါ
အသိတရား ရင့်ကျက်လာတဲ့ နောက်ပိုင်းမှာ
နောင်တ ကင်းတဲ့ ဘဝကို ပိုင်ဆိုင်ရ ပါတယ်"
ဘဝ ဆိုတာ ရန်မရှာဖို့နဲ့ သန်မာဖို့ပါ။