Dr Nyunt

Dr Nyunt Dr Htet Htet Nyunt

MBBS, MBA, DTM&H(London), LIM-SEA(Harvard), GHHM
Pyi Thar Yar Medical Center
Kan Kaung Family Pharmacy

03/12/2025
03/12/2025

🤍”Smart Foods for Little Ones”
ဉာဏ်ရည်ဖွံ့ဖြိုးအားအင်တိုးစေမယ့် အစားအစာရွေးချယ်မှု✨

👶ကလေးတို့ ဉာဏ်တိုးတက်ဖို့ ငယ်စဉ်ကတည်းက အာဟာရစားသောက်မှုမှ စတင်ပြင်ဆင်ကြပါစို့!

🤍Pyi Thar Yar Medical Center မှာ Dr. Kyal Sin Yu Mon
Clinical Nutritionist (အာဟာရအထူးပြုဆရာဝန်) နဲ့အတူ
ကလေးငယ်တွေအတွက် အာဟာရဆိုင်ရာ အကြောင်းအရာများကိုဝေမျှပေးမယ့် ကျန်းမာရေးဟောပြောပွဲကို မိဘများအတွက်အထူးပြင်ဆင်ထားပါတယ်။

📅 Event Details
Date: 7-12-2025 (Sunday)
Time: 12:00 PM to 3:00 PM
Location: Pyi Thar Yar Medical Center

ကလေးများအတွက် အရေးပါတဲ့ အာဟာရအုပ်စုများ၊ ဉာဏ်ကောင်းစေတဲ့ အစားအစာများ၊ အာဟာရမျှတာမှုရှိစေခြင်း အစရှိတဲ့ ကလေးတို့ ဉာဏ်ကောင်းကျန်းမာဖို့ ဖေဖေ၊မေမေတို့ သိထားသင့်တဲ့ အသိပညာများကို Dr. Kyal Sin Yu Mon က တိတိကျကျ ပြောပြပေးမှာဖြစ်ပါတယ်။

Event လေးမှာ
✅ကလေးများအတွက် ခန္ဓာကိုယ်ဖွံ့ဖြိုးမှု အခမဲ့တိုင်းတာပေးခြင်း
✅ အခမဲ့ကျန်းမာရေးစစ်ဆေးပေးခြင်း
✅ Lucky Draw, Coloring Activities တွေလည်းရှိမှာဖြစ်လို့

✔ မိဘတွေအနေနဲ့ ကလေး‌တွေအတွက်အာဟာရကောင်းမွန်စွာရွေးပေးဖို့
✔ Gummy supplements တွေကို ဘယ်လိုမှန်ကန်စွာသုံးသင့်သလဲသိနိုင်ဖို့
✔ အာဟာရအထူးပြုဆရာဝန်ကြီးကို မိမိတို့ကလေးများ အာဟာရလိုအပ်ချက်တွေကို တိတိကျကျမေးမြန်းနိုင်တဲ့ ပွဲလေးပဲဖြစ်တာကြောင့်

🌈
တက်ရောက်မယ့်မိဘတွေနဲ့ အာဟာရအကြောင်း စိတ်ဝင်စားသူတွေလည်း
Free , Fun , Family-friendly ဖြစ်မယ့်ဒီနေ့ကို လက်မလွှတ်ပဲလာ‌ ရောက်ပါဝင်ဖို့ဖိတ်‌ခေါ်လိုက်ပါတယ်နော်! 🌼

☎️ ဖုန်းနံပါတ်(09-269037711,09-269037722)📍
လိပ်စာ-အမှတ်(၂၀)၊ပြည်သာယာလမ်း၊ဘောက်ထော်၊ရန်ကင်းမြို့။

🚌YBS နဲ့လာမယ်ဆိုရင်
အဝိုင်းလေးမှတ်တိုင် (၁၄/၂၆/၂၇)
ပြည်သာယာမှတ်တိုင် ( ၉၇ ) ၊(၉၃)တို့ရောက်ပါတယ်ရှင့်

🗺️Google map -https://maps.app.goo.gl/EXREPT9wcEmSBLts5?g_st=av

09/11/2025
08/11/2025

အသည်းရောင် အသားဝါ အကြောင်း sharing လုပ်ထားပါတယ်

ခွေးရူးပြန်ရောဂါသည် ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်းကြောင့်ဖြစ်သော ရောဂါတစ်မျိုးဖြစ်ပြီး အဓိကအားဖြင့် ခွေးရူးပြန်ရောဂါရှိနေ...
27/10/2025

ခွေးရူးပြန်ရောဂါသည် ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်းကြောင့်ဖြစ်သော ရောဂါတစ်မျိုးဖြစ်ပြီး အဓိကအားဖြင့် ခွေးရူးပြန်ရောဂါရှိနေသော ခွေးကိုက်ခံရခြင်းမှတဆင့် ကူးစက်တတ်သည်။ အခြားနို့တိုက်သတ္တဝါများမှလည်း ကူးစက်နိုင်ပါသည်။ ၎င်းရောဂါကူးစက်ခံရလျှင် သေဆုံးနိုင်ချေများသော်လည်း ကြိုတင်ကာကွယ်နိုင်ပါသည်။

ခွေးရူးပြန်ရောဂါ တိုက်ဖျက်ရန် ကာကွယ်ဆေးများ၊ ဆေးဝါးများ၊ နည်းပညာများနှင့် ကိရိယာများရှိပြီး ဖြစ်ပါသည်။ အားလုံးပူးပေါင်းပါဝင်ပါက ခွေးရူးပြန်ရောဂါကို အပြီးတိုင် ကာကွယ်နိုင်မည်ဖြစ်ပါသည်။

• ခွေးရူးပြန်ရောဂါဆိုတာ ဘာလဲ?
• ဘယ်လိုကူးစက်နိုင်သလဲ?
• ခွေးရူးပြန်ရောဂါဖြစ်ပွားနေသော ခွေးတွင်တွေ့ရသော ရောဂါလက္ခဏာများ
• ခွေးရူးပြန်ရောဂါခံစားနေရသော လူများတွင်ခံစားနေရသော ရောဂါလက္ခဏာများ
• ခွေးရူးရောဂါရှိနိုင်ချေရှိသော ခွေးအပါအဝင်အခြားတိရစ္ဆာန်များ၏ အကိုက်ခံရလျှင် ဘာလုပ်ရမလဲ?
• တိရစ္ဆာန်နှင့်ထိတွေ့/ အကိုက်ခံရပြီးနောက် ကာကွယ်ခြင်းနည်းလမ်းများ
• ခွေးရူးပြန်ရောဂါကိုကာကွယ်နိုင်ရန် အကြံပြုချက်များ
• ကြိုတင်ကာကွယ်ဆေးထိုးရန် အကြံပြုထားသောသူများ စသည်တို့ကို မျှဝေပေးလိုက်ပါတယ်




Credit- WHO Myanmar FB page

🧡 အသိပညာမှ လက်တွေ့လုပ်ဆောင်ခြင်းဆီသို့ - ယနေ့ ၂၀၂၅ ခုနှစ် ကမ္ဘာ့ခွေးရူးပြန်ရောဂါတိုက်ဖျက်ရေးနေ့တွင် ပါဝင်လုပ်ရှားကြပါစို...
26/10/2025

🧡 အသိပညာမှ လက်တွေ့လုပ်ဆောင်ခြင်းဆီသို့ - ယနေ့ ၂၀၂၅ ခုနှစ် ကမ္ဘာ့ခွေးရူးပြန်ရောဂါတိုက်ဖျက်ရေးနေ့တွင် ပါဝင်လုပ်ရှားကြပါစို့

⚠️ ခွေးရူးပြန်ရောဂါကြောင့် နှစ်စဉ် လူပေါင်း သောင်းချီ သေဆုံးနေရပြီး ၎င်းတို့၏ တစ်ဝက်နီးပါးမှာ ကလေးများဖြစ်ကြပါသည်။

🐕 လူသားများတွင် ဖြစ်ပွားသော ခွေးရူးပြန်ရောဂါ၏ (၉၉%) မှာ ခွေးကိုက်ခြင်း သို့မဟုတ် ကုတ်ခြစ်ခံရခြင်းကြောင့် ဖြစ်ပါသည်။

💔 ရောဂါလက္ခဏာများ ပေါ်လာပြီဆိုပါက ခွေးရူးပြန်ရောဂါသည် အမြဲတမ်း အသက်ဆုံးရှုံးစေနိုင်ပါတယ်။

သို့သော် အချိန်မီကုသမှုခံယူပါက ခွေးရူးပြန်ရောဂါသည် ၁၀၀% ကာကွယ်နိုင်သောရောဂါဖြစ်ပါသည်။

ခွေးကိုက်ခြင်း သို့မဟုတ် ကုတ်ခြစ်ခံရခြင်းကိုကြုံရပါက အောက်ပါအတိုင်း ဆောင်ရွက်ပါ။

📌 ဒဏ်ရာကို ဆပ်ပြာနှင့် ရေဖြင့် ၁၅ မိနစ်ကြာအောင် ဆေးကြောပါ။

📌 ဒဏ်ရာကို ချက်ချင်းမဖုံးပါနှင့်၊ ပိုးမွှားများ ထွက်သွားစေရန် သွေးအနည်းငယ်ထွက်အောင်ထားပါ။

📌 အနီးဆုံးဆေးရုံ သို့မဟုတ် ဆေးခန်းသို့ ချက်ချင်းသွားရောက်ကုသမှုခံယူပါ။

မြန်ဆန်သော တုံ့ပြန်ဆောင်ရွက်မှု၊ ကာကွယ်ဆေးထိုးခြင်းနှင့် သင့်လျော်သော ကုသမှုတို့ဖြင့် ခွေးရူးပြန်ရောဂါကို တားဆီးနိုင်ပါသည်။ မိမိကိုယ်ကို၊ သင့်မိသားစုနှင့် သင့်ရပ်ရွာကို ကာကွယ်ပါ။ အားလုံးအတူတကွ ခွေးရူးပြန်ရောဂါကို အမြစ်ဖြတ်တိုက်ဖျက်ကြပါစို့။

ပိုမိုသိရှိလိုပါက ဤနေရာကို ဝင်ရောက်ကြည့်ရှုပါ။ https://www.who.int/news-room/events/detail/2025/09/28/default-calendar/world-rabies-day-2025

🧡 From Awareness to Action – Join Today's World Rabies Day 2025

⚠️ Rabies takes tens of thousands of lives every year – almost half of them are children.

🐕 Nearly all human rabies cases (99%) come from dog bites or scratches.

💔 Once symptoms appear, rabies is always fatal.

But here’s the good news: rabies is 100% preventable through timely treatment.

Here is what to do if you get bitten!!

📌 Wash the wound with soap and running water for at least 15 minutes

📌 Do not cover the wound right away – let it bleed a little to flush out contaminants

📌 Seek medical care immediately at the nearest hospital or clinic

Your quick action, combined with vaccination and proper care, prevents rabies. Protect yourself, your family, and your community. Together, we can eliminate rabies for good.

For more information, please visit here: https://www.who.int/news-room/events/detail/2025/09/28/default-calendar/world-rabies-day-2025


Credit -WHO Myanmar FB page

ကမ္ဘာ့ပိုလီယိုနေ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၄ ရက်အတူလက်တွဲပြီး ပိုလီယိုကင်းစင်တဲ့ အနာဂတ်ကမ္ဘာကို ဖန်တီးကြပါစို့။ပိုလီယိုအ...
25/10/2025

ကမ္ဘာ့ပိုလီယိုနေ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၄ ရက်

အတူလက်တွဲပြီး ပိုလီယိုကင်းစင်တဲ့ အနာဂတ်ကမ္ဘာကို ဖန်တီးကြပါစို့။

ပိုလီယိုအကြောသေရောဂါဟာ ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်တဲ့ရောဂါ ဖြစ်ပေမယ့်လည်း ကလေးငယ်များကို ခြိမ်းခြောက်နေဆဲဖြစ်ပါတယ်။

ကျွန်ုပ်တို့အားလုံးရဲ့ စုပေါင်းအားထုတ်မှုနဲ့အတူ မျိုးဆက်သစ်တိုင်းအတွက် ပိုလီယိုအကြောသေရောဂါကင်းစင်တဲ့ အနာဂတ်ကို ဖန်တီးနိုင်ဖို့ လိုအပ်ပါတယ်။

ပိုလီယိုအကြောသေရောဂါနဲ့ပတ်သက်တဲ့ အရေးကြီးအချက်အလက်တွေကို သိရှိနားလည်ပြီး ရောဂါကာကွယ်ရေးမှာ ပူးပေါင်းပါဝင်လာစေဖို့ ရည်ရွယ်ပြီးတော့ ဒီ infographic အယ်လ်ဘမ်ကို ဖော်ပြလိုက်ပါတယ်။

မိမိတို့ရဲ့ ကလေးငယ်များကို ပိုလီယိုကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပေးခြင်းဖြင့် ပိုလီယိုရောဂါဖြစ်ပွားမှုမှ ကာကွယ်စောင့်ရှောက်လိုက်ပါ။ ဒီအသိပညာပေးအချက်အလက်များကို ထပ်ဆင့်မျှဝေပေးခြင်းဟာလဲ ပိုလီယိုရောဂါတိုက်ဖျက်ရေးအတွက် အကောင်းဆုံးကူညီခြင်းတစ်မျိုးပါပဲ။

World Polio Day - Oct 24,2025ခုခံအားပိုကောင်းလေ အနာဂတ်ပိုလုံခြံလေ - ပိုလီယို ရောဂါကို နေရာတိုင်းတွင်ပပျောက်ကင်းစင်ပါစေ
25/10/2025

World Polio Day - Oct 24,2025

ခုခံအားပိုကောင်းလေ အနာဂတ်ပိုလုံခြံလေ - ပိုလီယို ရောဂါကို နေရာတိုင်းတွင်ပပျောက်ကင်းစင်ပါစေ

World Polio Day – October 24, 2025

“Stronger Immunity, a Safer Future – End Polio Everywhere”

25/10/2025
25/10/2025
25/10/2025

⛄️ ဆောင်းတွင်းမှာ ကလေးတွေ ခဏခဏ မဖျားအောင် ဘာတွေ ကျွေးဖို့လိုသလဲ? ❄️

‼️‼️မိုးအကုန် ဆောင်းအကူးမှာ ကလေးတွေ အအေးမိနှာစေးတာ၊ ချောင်းဆိုးရင်ကျပ်တာ၊ ရာသီပေါ် တုပ်ကွေးမိတာလေးတွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ပန်းနာရင်ကျပ်ရှိတဲ့ ကလေးတွေ ပိုဂရုစိုက်ဖို့ လိုပါတယ်။ လေပြွန်ရောင်တာ၊ အဆုဆ်အအေးမိတာတွေအထိ မဖြစ်အောင် အစားကို သေချာကျွေး၊ တုပ်ကွေး ကာကွယ်ဆေးထိုး၊ လက်ကို သေချာဆေးဖို့ လိုအပ်ပါတယ်။

🚨🚨အသီးအရွက်မကြိုက်တဲ့ ကလေးတွေ၊ အသားစားတာနည်းလွန်းတဲ့ ကလေးတွေနဲ့ ပိန်လွန်း/ဝလွန်းတဲ့ ကလေးတွေက ကိုယ်ခံအားနည်းတတ်တာကြောင့် ပိုဂရုစိုက်ပေးပါ။

✅✅✅ ကိုယ်ခံအားတက်စေမယ့် အစားအစာတွေကို ရွေးချယ် ကျွေးပါ။

(၁) အစိမ်းရောင် အရွက်ကြော် ၁ ရက် ၂ ကြိမ် ကျွေးပါ။ ထမင်းစားတိုင်း အစိမ်းရောင် အရွက် ၁ မျိုး ပါဝင်အောင် စားစေပါ။

(၂) အဝါရောင် - မုန်လာဥနီ၊ ရွှေဖယုန်သီး၊ အာလူး၊ သရက်သီး၊ သင်္ဘောသီး ကို တစ်ပတ် ၃ ကြိမ် ကျွေးပါ။

(၃) စွပ်ပြုတ် တိုက်ပါ။ ကြက်စွပ်ပြုတ်၊ အမဲရိုး၊ ဆိတ်ရိုး စွပ်ပြုတ် ကို ထမင်းနဲ့ ရောကျွေးနိုင်ပါတယ်။

(၄) ငါး တစ်ပတ်ကို ၂-၃ ကြိမ် ကျွေးပါ။ အသား ကိုလည်း ကျွေးပါ။ အသားမစားတဲ့ နေ့ဆိုရင် ပဲ/ကြက်ဥ တို့နဲ့ အစားထိုးနိုင်ပါတယ်။

(၅) ဟင်းချက်ရင် ကြက်သွန်ဖြု၊ချင်း၊ ကြက်သွန်နီ ထည့်ချက်တာက ကိုယ်ခံအားကို တက်စေပါတယ်။

(၆) ဗီတာမင်စီ ရအောင် လိမ်မော်ရည်/သံပုရာရည် တစ်ရက် ၁ ခွက် တိုက်ပါ။

(၇) အစေ့အဆန် လက်တစ်ဆုပ် ကို တစ်ပတ် ၃-၄ ကြိမ် ကျွေးပါ။

(၈) နေ့ခင်း ထမင်းကျွေးပြီးရင် အသီး တစ်မျိုး ကျွေးပါ။

(၉) ကြက်ဥ ၁ ရက် ၁ လုံး ကျွေးပါ။

(၁၀) ဒိန်ချဉ် တစ်ပတ် ၃-၄ ကြိမ် တိုက်ပေးပါ။

(၁၁) နို့ မနက် ၁ ခွက်၊ ည ၁ ခွက် တိုက်ပါ။

(၁၂) အမျှင်ဓာတ်ဟာလည်း ကိုယ်ခံအားကို တက်စေတာကြောင့် အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်တဲ့ ပဲအမျိုးမျိုး၊ လုံးတီးဆန်၊ ဆန်လုံးညို၊ အစိမ်းရောင်အရွက်များ၊ အစေ့အဆန်များ၊ အခွံပါအာလူး၊ ပန်းသီး၊ ဘယ်ရီသီးများ၊ ပြောင်းဖူး စတာတွေကို နေ့စဉ် အနည်းဆုံး ၁-၂ မျိုး ပါဝင်အောင် ကျွေးပေးပါ။

ဒီလို အစာအုပ်စုတွေကို စုံလင်အောင် ကျွေးခြင်းဖြင့် ကလေးတွေရဲ့ ကိုယ်ခံအားကို တက်စေပြီး ရောဂါပိုးမွှားတွေကို အကောင်းဆုံး တိုက်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ ဆောင်းရာသီကို ကျန်းကျန်းမာမာနဲ့ ကျော်ဖြတ်ကြဖို့ အစားစုံအောင် စားကြပါစို့။

မေတ္တာဖြင့်
Dr ကြယ်စင်
💙

Address

Yangon

Alerts

Be the first to know and let us send you an email when Dr Nyunt posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr Nyunt:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category