MyHealthcare

MyHealthcare MyHealthcare: The users can consult with doctors round the clock, search for nearest physical healthcare units and give feedback on those at their fingertips.

It allows the residents to access quality health information and expertise.

နွေရာသီမှာ အဖြစ်များတဲ့ရောဂါ (၅) မျိုး(၁) အပူလျှပ်ခြင်း –ပြင်းထန်တဲ့အပူဒဏ်အောက်မှာနေရတာကြာလာတဲ့အခါ ခန္ဓါကိုယ်အပူချိန်ကမြ...
23/04/2026

နွေရာသီမှာ အဖြစ်များတဲ့ရောဂါ (၅) မျိုး

(၁) အပူလျှပ်ခြင်း –ပြင်းထန်တဲ့အပူဒဏ်အောက်မှာနေရတာကြာလာတဲ့အခါ ခန္ဓါကိုယ်အပူချိန်ကမြင့်တက်လာရာက အပူလျှပ်တတ်ပါတယ်။ ပုံမှန်မဟုတ်ဘဲခန္ဓါကိုယ်အပူချိန်လွန်ကဲတဲ့အခါ ဖြစ်တတ်တဲ့ ခေါင်းကိုက်ခြင်း၊ခေါင်းမူးခြင်း၊နှလုံးခုန်မြန်ခြင်း၊ကြွက်သားနာကျင်ကိုက်ခဲခြင်းနဲ့ အဖျားတက်ခြင်းလက္ခဏာတွေက သိသာပါတယ်။

အပူလျှပ်တဲ့အခါ အရေးပေါ်ပြုစုကုသမှုလိုအပ်ပါတယ်။သေချာဂရုမစိုက်ရင် ဦးနှောက်၊နှလုံး၊ကျောက်ကပ်နဲ့ကြွက်သားတွေကို ထိခိုက်စေနိုင်ပြီး ကုသမှုခံယူဖို့နှောင့်နှေးခဲ့ရင် ဆိုးရွားတဲ့ နောက်ဆက်တွဲပြဿနာတွေနဲ့အသက်ဆုံးရှုံးရတဲ့အထိဖြစ်နိုင်ပါတယ်။

(၂) အစာအဆိပ်သင့်ခြင်း –အစာအဆိပ်သင့်ရတဲ့ အကြောင်းရင်းက အစားအစာ သို့မဟုတ် ရေမှာ ပါတဲ့ဘက်တီးရီးယားကြောင့် ဖြစ်ပါတယ်။ ပူအိုက်စွတ်စိုတဲ့ရာသီကြောင့်လည်း ဘက်တီးရီးယားပေါက်ဖွားလွယ်တဲ့ပတ်ဝန်းကျင်ဖြစ်စေနိုင်ပါတယ်။ အစာအဆိပ်သင့်တဲ့အခါ ဗိုက်အောင့်ခြင်း၊မအီမသာဖြစ်ခြင်း၊ဝမ်းပျက်ခြင်း၊ ပျို့အန်ခြင်းတို့နဲ့လက္ခဏာပြလာတတ်ပါတယ်။ အသားစိမ်းတွေ၊ ဖုံးအုပ်မထားတဲ့ လမ်းဘေးစာတွေ၊ မသန့်ရှင်းတဲ့ရေ စတာတွေကရောဂါဖြစ်စေနိုင်တဲ့ပိုးတွေ သယ်ဆောင်ထားတဲ့အစားအသောက်တွေဖြစ်နေနိုင်ပါတယ်။

(၃) မျက်စိနာခြင်း– မျက်စိနာခြင်းဟာ မျက်မြှေးကိုရောင်ရမ်းစေတဲ့ ဘက်တီးရီးယားပိုးဝင်ခြင်း သို့မဟုတ် ဓါတ်မတည့်ခြင်းကြောင့်ဖြစ်ပြီး ၄ ရက်ကနေ ၇ ရက်အတွင်း ကြာမြင့်တတ်ပါတယ်။ မျက်စိနာပြီဆိုရင်တော့ ကူးစက်လွယ်လို့ တစ်မိသားစုကိုလုံးပြန့်တာများပါတယ်။

ဆက်လက်ဖတ်ရှုမည်။

(၄) ရေဓါတ်နည်းခြင်း – ချွေးထွက်များတဲ့နွေရာသီမှာ ဆုံးရှုံးသွားတဲ့ ရေကို ပြန်ဖြည့်တင်းဖို့ လုံလောက်အောင်မသောက်သုံးတဲ့အခါရေဓါတ်ဆုံးရှုံးခြင်းကို အဖြစ်များကြပါတယ်။နွေပူပူမှာ ခန္ဓါကိုယ်ရဲ့လုပ်ဆောင်ချက်တွေ ပုံမှန်ပြန်ဖြစ်ဖို့ပြန်လည်ထိန်းသိမ်းပေးဖို့လိုပါတယ်။

(၅) ဝမ်းနဲ့ပတ်သက်တဲ့ရောဂါများ – အူနဲ့အစာအိမ်ထဲမှာ ကပ်ပါးပိုးမွှားများဝင်ရောက်လာတဲ့အခါ နွေရာသီဆို ဝမ်းပျက်ဝမ်းလျှောခြင်း၊ ဝမ်းကိုက်ခြင်း၊ကာလဝမ်းရောဂါတွေဖြစ်တတ်ပါတယ်။ မသန့်ရှင်းတဲ့ရေနဲ့အစားအစာတွေက ဒီရောဂါတွေကူးစက်ပြန့်ပွားစေတဲ့ အဓိက လက်သည်ဖြစ်ပါတယ်။

ဒါတွေမဖြစ်အောင် ဘယ်လိုဆင်ခြင်နေထိုင်မလဲ
နွေရာသီရောဂါတွေရဲ့နောက်ကွယ်က အဓိကအကြောင်းရင်းက ဘက်တီးရီးယား၊ဗိုင်းရပ်စ်နဲ့တခြားပိုးမွှားတွေပေါက်ဖွားလွယ်တဲ့ ရာသိဥတုပတ်ဝန်းကျင်ဖြစ်နေတဲ့အတွက်ပါ။ ဒါ့ကြောင့် နွေရာသီမှာဖြစ်လွယ်တဲ့ရောဂါတွေရန်ကနေ ခုခံကာကွယ်နိုင်ဖို့ ဒီအချက်လေးတွေကို သတိထားပေးသင့်ပါတယ်။နွေရောက်ပြီဆိုရင် –

မွန်းတည့်ကနေ မွန်းလွဲပိုင်း ၃ နာရီအတွင်းအချိန်က အပူရှိန်အပြင်းဆုံးဖြစ်လို့ အိမ်ပြင်ထွက်ရင် နေအပြင်းဆုံးအချိန်တွေကိုရှောင်ပါ။
နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့မှုကို ကာကွယ်ပါ။ အပြင်ထွက်ရင် ထီး သို့မဟုတ် ဦးထုပ်ဆောင်းပါ။
အရေပြားထိခိုက်မှုမရှိအောင် ကာကွယ်ဖို့ SPFမြင့်တဲ့နေလောင်ကာခရင်မ်လိမ်းပါ။
ရေ လုံလောက်အောင်သောက်ပါ။ ရေဓါတ်ခန်းခြောက်မခံပါနဲ့။
လမ်းဘေးအစားအစာ သို့မဟုတ် မသန့်ရှင်းတဲ့ရေ ကိုရှောင်ပါ။
ရင်အေးစေဖို့ ဖရဲသီး၊ ကြံ တို့လို လတ်ဆတ်သန့်ရှင်းတဲ့ ရာသီပေါ်အသီးအနှံတွေ စားပါ။
အရောင်ဖျော့ဖျော့၊ မတင်းမကျပ်လွန်းတဲ့အဝတ်အစားကိုရွေးချယ်ပါ။ အပူစုပ်နိုင်တဲ့ အနက်ရောင်ကိုမရွေးသင့်ပါ။
သေချာမကျက်တဲ့အစားအစာ၊ အပြင်စာတွေနဲ့ သန့်ရှင်းမှုစိတ်မချရတဲ့အစားအစာတွေကိုရှောင်ပါ။
အစားအစာကို ကိုင်တွယ်တဲ့အခါ သန့်ရှင်းဖို့အရေးကြီးပါတယ်။ ဘယ်အစားအစာကိုမဆို မချက်ပြုတ်မီတိုင်းမှာ၊ မထိတွေ့ခင်တိုင်းမှာ လက်ဆေးပါ။ အိမ်သာဝင်ပြီးတိုင်း လက်ကိုဆပ်ပြာနဲ့ဆေးပါ။
လက်ဆေးခြင်းက မျက်စိနာခြင်း ကူးစက်ပြန့်ပွားမှုကိုလည်း ကာကွယ်ရာရောက်ပါတယ်။
အိမ်ထဲပတ်ဝန်းကျင်မှာ သန့်ရှင်းနေအောင်ထားပါ။
ပွင့်လင်းရာသီဟာ ခရီးလေးတွေထွက်၊ မိသားစု၊မိတ်ဆွေတွေနဲ့ အချိန်ကုန်ဆုံးပြီး ကျန်းမာပျော်ရွှင်စွာနေဖို့ အချိန်ကောင်းတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် အားလပ်ရက်တွေမှာ အချိန်ကို တန်ဖိုးရှိရှိကုန်ဆုံးနိုင်ဖို့ ကျန်းမာအောင်ဂရုစိုက်ပါ။

ကျန်းမာရေးအကြောင်းအရာများနှင်ပတ်သက်လို့ အသေးစိတ်သိချင်ရင်တော့ chatbox မှာဖြစ်ဖြစ်၊ ကောမန့်မှာဖြစ်ဖြစ် မေးခဲ့လို့ရပါတယ်ရှင်။

MyHealthcare မှာ အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံရင့်ကျက်တဲ့ ကျွမ်းကျင်ဆရာဝန်များစွာက မိတ်ဆွေတို့ရဲ့ ကျန်းမာရေးပြဿနာတွေကို နွေးနွေးထွေးထွေးနဲ့ အဖြေရှာပေးနေပါပြီ😍 အသေးစိတ်သိချင်ရင်တော့ chatbox မှာ "ဟယ်လို" လုပ်လိုက်ရုံပဲနော် 🤗
*အသက်သာဆုံးဈေးနှုန်း၊ ပျုငှာတဲ့ဝန်ဆောင်မှုတွေနဲ့ စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူနိုင်ဖို့ MyHealthcare App ကို အခုပဲ ရယူလိုက်ပါ။
Android app link 👉 http://bit.ly/2Tr7j8s
iOS app link 👉https://apple.co/32yVJer
HMC PHARMACY Marketplace Website - http://pharmacy.myhealthcare.com.mm/
HMC PHARMACY Marketplace Application - https://bit.ly/3n9PeZJ
အသေးစိတ်စုံစမ်းရန် 09 78 8830 352

ကိုယ်တွင်းအပူတွေကို ဘေးထွက်ဆိုးကျိုးကင်းကင်းနဲ့ အလျင်မြန်ဆုံးလျှော့ချပေးတာက ရေအေးအေးလေးတစ်ခွက် သောက်ပေးတာပါ။ ပြီးရင် (၁၅...
19/04/2026

ကိုယ်တွင်းအပူတွေကို ဘေးထွက်ဆိုးကျိုးကင်းကင်းနဲ့ အလျင်မြန်ဆုံးလျှော့ချပေးတာက ရေအေးအေးလေးတစ်ခွက် သောက်ပေးတာပါ။ ပြီးရင် (၁၅)မိနစ်တစ်ကြိမ်လောက် ရေတစ်ငုံစီသောက်ခြင်းဖြင့် ရေဓာတ်ကုန်ခန်းတာကို ကာကွယ်ပေးနိုင်ပါတယ်။

အုန်းရည်ကလည်း ရေဓာတ်ပြန်ပြည့်စေတာမို့ တစ်နေ့တစ်ခွက်သောက်ပေးတာမျိုး လုပ်ပေးရင် ကိုယ်တွင်းအပူတွေလျော့ကျစေတဲ့အပြင် ဗီတာမင်စီကြွယ်ဝ တဲ့သံပရာ (သို့မဟုတ်)သံပရိုသီး ဖျော်ရည်လည်းသောက်နိုင်ပါတယ်။ စန္ဒကူးနံ့သာမှုန့်တို့၊ နံ့သာဆီတို့ရှိရင်လည်း ခန္ဓာကိုယ်ကိုလိမ်းပေးခြင်းဖြင့် အပူသက်သာစေပါတယ်။

ပင်စိမ်းရွက်တချို့ကိုပြုတ်ပြီး ဖန်ရည်ကိုအအေးခံထားကာ ရေနဲ့ရောစပ်ပြီး ရေချိုးနိုင်သလို ပင်စိမ်းရွက်ခြောက်ခတ်ထားတဲ့ ရေနွေးကြမ်းကို အအေးခံသောက်ရင်လည်း အပူလျော့စေပါတယ်။

ဒီအချိန်က ဖရဲသီးပေါ်ချိန် ဖြစ်တာကြောင့် အပူလျော့ပြီးရေဓာတ်မကုန်ခန်းဖို့အတွက်ဆိုရင်လည်း ဖရဲသီးစားပေးသင့်ပါတယ်။ ဒါ့အပြင် လတ်လတ်ဆတ် ဆတ်တလည်းသီးဖျော်ရည်ထဲအယ်လ်မွန်ဆီလေးနည်းနည်းထည့်ပြီး မနက်တိုင်းသောက်ရင် အပူကင်းပါတယ်။

ခန္ဓာကိုယ်အေးမြလန်းဆန်းဖို့အတွက် နောက်ထပ်မမေ့သင့်တဲ့အရာကတော့ ရှားစောင်းလက်ပပ်ပါ။ လတ်လတ်ဆတ် ဆတ် ရှားစောင်းလက်ပပ်ဂျယ်နဲ့ ခန္ဓာကိုယ်အနှံ့ပွတ်ပေးပြီး မိနစ် ၂၀ ထားကာ ရေချိုးလိုက်ရင် အပူတွေလျော့ကျစေမှာပါ။ နောက်ပြီး ရှားစောင်းလက်ပပ် ဂျယ်လက်ဖျော်လေးဖန်တီးပြီး တစ်နေ့ စားပွဲဇွန်း နှစ်ဇွန်းလောက်စားပေးနိုင်ပါတယ်။ အိမ်မှာ ဆီးဖြူသီးအဆင်သင့်ရှိတယ် ဆိုရင် အသီးကိုကြိတ်ချေအရည် ညှစ်ပြီး ဆား၊ သကြားအနည်းငယ်နဲ့ ရေနဲ့ရောပြီးသောက်နိုင်ပါ တယ်။

ကျန်းမာရေးအကြောင်းအရာများနှင်ပတ်သက်လို့ အသေးစိတ်သိချင်ရင်တော့ chatbox မှာဖြစ်ဖြစ်၊ ကောမန့်မှာဖြစ်ဖြစ် မေးခဲ့လို့ရပါတယ်ရှင်။

MyHealthcare မှာ အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံရင့်ကျက်တဲ့ ကျွမ်းကျင်ဆရာဝန်များစွာက မိတ်ဆွေတို့ရဲ့ ကျန်းမာရေးပြဿနာတွေကို နွေးနွေးထွေးထွေးနဲ့ အဖြေရှာပေးနေပါပြီ😍 အသေးစိတ်သိချင်ရင်တော့ chatbox မှာ "ဟယ်လို" လုပ်လိုက်ရုံပဲနော် 🤗
*အသက်သာဆုံးဈေးနှုန်း၊ ပျုငှာတဲ့ဝန်ဆောင်မှုတွေနဲ့ စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူနိုင်ဖို့ MyHealthcare App ကို အခုပဲ ရယူလိုက်ပါ။
Android app link 👉 http://bit.ly/2Tr7j8s
iOS app link 👉https://apple.co/32yVJer
HMC PHARMACY Marketplace Website - http://pharmacy.myhealthcare.com.mm/
HMC PHARMACY Marketplace Application - https://bit.ly/3n9PeZJ
အသေးစိတ်စုံစမ်းရန် 09 78 8830 352

မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ မိဘပြည်သူများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒများ ပြည့်ဝနိုင်ကြပါစေကြောင်း MyH...
17/04/2026

မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ မိဘပြည်သူများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒများ ပြည့်ဝနိုင်ကြပါစေကြောင်း MyHealthcare မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။

အသေးစိတ်သိချင်ရင်တော့ chat box မှာဖြစ်ဖြစ်၊ ကောမန့်မှာဖြစ်ဖြစ် မေးခဲ့လို့ရပါတယ်ရှင်။

MyHealthcare မှာ အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံရင့်ကျက်တဲ့ ကျွမ်းကျင်ဆရာဝန်များစွာက မိတ်ဆွေတို့ရဲ့ ကျန်းမာရေးပြဿနာတွေကို နွေးနွေးထွေးထွေးနဲ့ အဖြေရှာပေးနေပါပြီ😍 အသေးစိတ်သိချင်ရင်တော့ chatbox မှာ "ဟယ်လို" လုပ်လိုက်ရုံပဲနော် 🤗
*အသက်သာဆုံးဈေးနှုန်း၊ ပျုငှာတဲ့ဝန်ဆောင်မှုတွေနဲ့ စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူနိုင်ဖို့ MyHealthcare App ကို အခုပဲ ရယူလိုက်ပါ။
Android app link 👉 http://bit.ly/2Tr7j8s
iOS app link 👉https://apple.co/32yVJer
HMC PHARMACY Marketplace Website - http://pharmacy.myhealthcare.com.mm/
HMC PHARMACY Marketplace Application - https://bit.ly/3n9PeZJ
အသေးစိတ်စုံစမ်းရန် 09 78 8830 352

နွေရာသီရဲ့ ပြင်းတဲ့အပူချိန်ကြောင့်၊ မိတ်၊ အရေးပြားပေါ် အဖုအပိမ့် အနီကွက်တို့နဲ့ တခြားပြသနာတွေ ဖြစ်တတ်ပါတယ်။ ဒီပူအိုက်တဲ့...
13/04/2026

နွေရာသီရဲ့ ပြင်းတဲ့အပူချိန်ကြောင့်၊ မိတ်၊ အရေးပြားပေါ် အဖုအပိမ့် အနီကွက်တို့နဲ့ တခြားပြသနာတွေ ဖြစ်တတ်ပါတယ်။ ဒီပူအိုက်တဲ့ရာသီမှာ မိခင်တွေ မိမိကလေးငယ်ကို ဘယ်လိုဂရုစိုက်စောင့်ရှောက်ရမလဲဆိုတာလည်း ခေါင်းခြောက်စရာပါ။ ကလေးငယ်တွေအတွက် ဒီပူအိုက်တဲ့ဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့ ဆိုတာ သိပ်တော့မလွယ်ပါဘူး။ နွေရာသီအတွင်း မိမိကလေးငယ် အသက်ရှူချောင်ပြီး အေးမြမှုရှိအောင် လုပ်နိုင်တဲ့အချက်တွေ ရှိပါတယ်။ ပူပြင်းမှုဒဏ်ကို အလွယ်အကူ ကျော်လွှားအောင်နိုင်ဖို့ နည်းလမ်းတွေကတော့…

အသေးစိတ်သိချင်ရင်တော့ chat box မှာဖြစ်ဖြစ်၊ ကောမန့်မှာဖြစ်ဖြစ် မေးခဲ့လို့ရပါတယ်ရှင်။

MyHealthcare မှာ အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံရင့်ကျက်တဲ့ ကျွမ်းကျင်ဆရာဝန်များစွာက မိတ်ဆွေတို့ရဲ့ ကျန်းမာရေးပြဿနာတွေကို နွေးနွေးထွေးထွေးနဲ့ အဖြေရှာပေးနေပါပြီ😍 အသေးစိတ်သိချင်ရင်တော့ chatbox မှာ "ဟယ်လို" လုပ်လိုက်ရုံပဲနော် 🤗
*အသက်သာဆုံးဈေးနှုန်း၊ ပျုငှာတဲ့ဝန်ဆောင်မှုတွေနဲ့ စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူနိုင်ဖို့ MyHealthcare App ကို အခုပဲ ရယူလိုက်ပါ။
Android app link 👉 http://bit.ly/2Tr7j8s
iOS app link 👉https://apple.co/32yVJer
HMC PHARMACY Marketplace Website - http://pharmacy.myhealthcare.com.mm/
HMC PHARMACY Marketplace Application - https://bit.ly/3n9PeZJ
အသေးစိတ်စုံစမ်းရန် 09 78 8830 352

တချို့သောသူတွေရဲ့ အသားအရေဟာ တခြားသူတွေထက်ပိုပြီး ပူတာကို သတိထားမိကြမှာပါ။ အများအားဖြင့် ခန္ဓာကိုယ်ပိန်တဲ့ သူတွေဟာ အသားပိ...
09/04/2026

တချို့သောသူတွေရဲ့ အသားအရေဟာ တခြားသူတွေထက်ပိုပြီး ပူတာကို သတိထားမိကြမှာပါ။ အများအားဖြင့် ခန္ဓာကိုယ်ပိန်တဲ့ သူတွေဟာ အသားပိုပူတတ်ကြပြီး ဒါဟာ လူတဦးနဲ့တဦး ဇီဝကမ္မ ဖြစ်စဉ်ချင်း မတူညီတာကြောင့် ဖြစ်နိုင်သလို အခုဖော်ပြပေးမယ့် အကြောင်းအရာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

(၁) ကဖင်းဓာတ် လွန်ကဲခြင်း

ကော်ဖီ၊ လက်ဖက်ရည် စတဲ့ ကဖင်းဓာတ် ပါဝင်တဲ့ အရည်တွေ သောက်သုံးမှု များခြင်းဟာလည်း ခန္ဓာကိုယ် အသားအရေ တခြားသူတွေထက် ပိုပူရတဲ့ အကြောင်းရင်းတခု ဖြစ်ပါတယ်။ ကဖင်းဓာတ်ဟာ ကိုယ်အပူချိန်ကို မြင့်တက်စေနိုင်ပြီး ကိုယ်တွင်း ရေဓာတ်ခမ်းခြောက်တာမျိုးကို ဖြစ်ပေါ်စေနိုင်ပါတယ်။

(၂) သိုင်းရွိုက်ဟော်မုန်း အထွက်များခြင်း

လည်ပင်းမှာရှိတဲ့ သိုင်းရွိုက်ဂလင်းက ဟော်မုန်းတွေ အထွက်များတဲ့အခါ ခန္ဓာကိုယ် အသားအရေဟာ တခြားသူတွေထက် ပိုပူတတ်ပြီး ကိုယ်အလေးချိန် ကျဆင်းတာ၊ နှစ်ခြိုက်စွာ အိပ်မပျော်တာမျိုးတွေ ဖြစ်ပေါ်တတ်ပါတယ်။

(၃) ရေသောက် နည်းခြင်း

ရေသောက် နည်းခြင်းကြောင့် ခန္ဓာကိုယ်က လိုအပ်တဲ့ ရေဓာတ် အလုံအလောက် မရတဲ့အခါမျိုးမှာလည်း ကိုယ်တွင်းအပူချိန် မြင့်တက်ပြီး ခန္ဓာကိုယ် အသားအရေဟာ တခြားသူတွေထက် ပိုပြီးပူတတ်ပါတယ်။

(၄) သွေးဆုံးခါနီးခြင်း

သွေးဆုံးခါနီး အမျိုးသမီးတွေအနေနဲ့လည်း ကိုယ်တွင်းအပူချိန် မမျှတဖြစ်ကာ အသားအရေ ပူလာခြင်း၊ ရုတ်တရက် ချမ်းတုန်လာခြင်းနဲ့ ညဘက် အိပ်မပျော်တာမျိုးတွေ ဖြစ်ပေါ်တတ်ပါတယ်။

(၅) ဆီးချိုရောဂါဖြစ်ခြင်း

ဆီးချိုရောဂါ စတင်ဖြစ်ပွားသူတွေနဲ့ ဆီးချိုရောဂါ ဝေဒနာရှင်တွေ အများစုဟာ ခန္ဓာကိုယ် အရေပြားဆီ သွေးရောက်ရှိမှု နည်းပါးတာကြောင့် အသားအရေဟာ တခြားသူတွေထက် ပိုပူတတ်ပါတယ်။

ကျန်းမာရေးအကြောင်းအရာများနှင်ပတ်သက်လို့ အသေးစိတ်သိချင်ရင်တော့ chatbox မှာဖြစ်ဖြစ်၊ ကောမန့်မှာဖြစ်ဖြစ် မေးခဲ့လို့ရပါတယ်ရှင်။

MyHealthcare မှာ အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံရင့်ကျက်တဲ့ ကျွမ်းကျင်ဆရာဝန်များစွာက မိတ်ဆွေတို့ရဲ့ ကျန်းမာရေးပြဿနာတွေကို နွေးနွေးထွေးထွေးနဲ့ အဖြေရှာပေးနေပါပြီ😍 အသေးစိတ်သိချင်ရင်တော့ chatbox မှာ "ဟယ်လို" လုပ်လိုက်ရုံပဲနော် 🤗
*အသက်သာဆုံးဈေးနှုန်း၊ ပျုငှာတဲ့ဝန်ဆောင်မှုတွေနဲ့ စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူနိုင်ဖို့ MyHealthcare App ကို အခုပဲ ရယူလိုက်ပါ။
Android app link 👉 http://bit.ly/2Tr7j8s
iOS app link 👉https://apple.co/32yVJer
HMC PHARMACY Marketplace Website - http://pharmacy.myhealthcare.com.mm/
HMC PHARMACY Marketplace Application - https://bit.ly/3n9PeZJ
အသေးစိတ်စုံစမ်းရန် 09 78 8830 352

ချင်း (ဂျင်း) ဟာ ကျန်းမာရေးအတွက် ကောင်းကျိုးတွေများစွာရှိပြီး ဆေးဖက်ဝင်တဲ့ ဟင်းခတ် အမွှေးအကြိုင်တမျိုး ဖြစ်ပေမယ့် အခုဖော...
06/04/2026

ချင်း (ဂျင်း) ဟာ ကျန်းမာရေးအတွက် ကောင်းကျိုးတွေများစွာရှိပြီး ဆေးဖက်ဝင်တဲ့ ဟင်းခတ် အမွှေးအကြိုင်တမျိုး ဖြစ်ပေမယ့် အခုဖော်ပြပေးမယ့် ကျန်းမာရေး ပြဿနာမျိုးတွေ ရှိနေရင်တော့ စားသုံးဖို့ မသင့်တော်ပါဘူး။

(၁) ကိုယ်အလေးချိန် နည်းလွန်းသူတွေ

ချင်းဟာ အစားအစာတွေထဲမှာ ပါဝင်တဲ့ အဆီဓာတ်တွေကို ချေဖျက်ပေးနိုင်စွမ်းရှိတာကြောင့် ကိုယ်အလေးချိန်နည်းလွန်းသူတွေ၊ ပိန်နေတာကြောင့် ဝဖို့ကြိုးစားနေသူတွေအတွက်တော့ စားဖို့ မသင့်တော်ပါဘူး။

(၂) ဆီးချိုဆေး သောက်သုံးနေရသူတွေ

ချင်းဟာ သွေးတွင်းသကြားဓာတ်ကို လျော့ကျစေနိုင်တယ်ဆိုပေမယ့် ဆီးချိုဝေဒနာရှိလို့ (မက်ဖော်မင်၊ အင်ဆူလင်) လို ဆီးချိုဆေးတွေ သောက်သုံးနေရသူတွေ အနေနဲ့ဆိုရင် ဆေးအာနိသင်ကို လျော့ကျသွားတာမျိုး ဖြစ်စေနိုင်တာကြောင့် သတိပြု စားသုံးသင့်ပါတယ်။

(၃) သည်းခြေမှာ ကျောက်တည်နေသူတွေ

သည်းခြေကျောက်တည်တဲ့ ကျန်းမာရေးပြဿနာကို ခံစားရသူတွေအနေနဲ့တော့ ချင်းကို စားသုံးမယ်ဆိုရင် သည်းခြေရည် ထုတ်လွတ်မှုကို တိုးစေနိုင်တာကြောင့် ရောဂါအခြေအနေကို ပိုမိုဆိုးရွားသွားစေနိုင်ပါတယ်။ သည်းခြေရည် များလွန်းတာဟာ သည်းခြေကျောက်တည်မှုကို ပိုမိုဆိုးရွားစေနိုင်တာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသုံးသင့်ပါတယ်။

(၄) ကိုယ်ဝန်ဆောင်တွေ

ကိုယ်ဝန်ဆောင်တွေ ချင်း စားသုံးသင့်၊ မသင့်နဲ့ ပတ်သက်ပြီး လေ့လာမှုတွေ အတိအကျ မရှိပေမယ့် မွေးဖွားမယ့်ရက် နီးလာရင်တော့ စားသုံးဖို့ကို ရှောင်ကြဉ်သင့်တယ်လို့ အကြံပြုထားပါတယ်။ ဒါကြောင့်မို့လို့ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ချင်းစားသုံးမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ စားသုံးသင့်ပါတယ်။

ကျန်းမာရေးအကြောင်းအရာများနှင်ပတ်သက်လို့ အသေးစိတ်သိချင်ရင်တော့ chatbox မှာဖြစ်ဖြစ်၊ ကောမန့်မှာဖြစ်ဖြစ် မေးခဲ့လို့ရပါတယ်ရှင်။

MyHealthcare မှာ အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံရင့်ကျက်တဲ့ ကျွမ်းကျင်ဆရာဝန်များစွာက မိတ်ဆွေတို့ရဲ့ ကျန်းမာရေးပြဿနာတွေကို နွေးနွေးထွေးထွေးနဲ့ အဖြေရှာပေးနေပါပြီ😍 အသေးစိတ်သိချင်ရင်တော့ chatbox မှာ "ဟယ်လို" လုပ်လိုက်ရုံပဲနော် 🤗
*အသက်သာဆုံးဈေးနှုန်း၊ ပျုငှာတဲ့ဝန်ဆောင်မှုတွေနဲ့ စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူနိုင်ဖို့ MyHealthcare App ကို အခုပဲ ရယူလိုက်ပါ။
Android app link 👉 http://bit.ly/2Tr7j8s
iOS app link 👉https://apple.co/32yVJer
HMC PHARMACY Marketplace Website - http://pharmacy.myhealthcare.com.mm/
HMC PHARMACY Marketplace Application - https://bit.ly/3n9PeZJ
အသေးစိတ်စုံစမ်းရန် 09 78 8830 352

နွေရာသီရဲ့ ပူပြင်းတဲ့ အပူရှိန်နဲ့ ရာသီဥတုရဲ့ သက်ရောက်မှုဟာ ဆီးချိုရောဂါ ဖြစ်ပွားနေတဲ့ ဆီးချိုဝေဒနာရှင်တွေအဖို့တော့ သတိထာ...
02/04/2026

နွေရာသီရဲ့ ပူပြင်းတဲ့ အပူရှိန်နဲ့ ရာသီဥတုရဲ့ သက်ရောက်မှုဟာ ဆီးချိုရောဂါ ဖြစ်ပွားနေတဲ့ ဆီးချိုဝေဒနာရှင်တွေအဖို့တော့ သတိထားရမယ့် အခြေအနေတခုပါ။

ရာသီဥတု အပူရှိန်နဲ့ ရေဓာတ် ခမ်းခြောက်ခြင်းဟာ ဆီးချိုဝေဒနာအပေါ် သက်ရောက်မှုတွေ ရှိနေတာကြောင့် အခုလို နွေရာသီ ကာလမှာ သွေးတွင်းသကြားဓာတ် မြင့်တက်ပြီး ဆီးချိုတက်တာမျိုး မဖြစ်ရအောင် စားသောက်သင့်တဲ့ စားသောက်မှု ပုံစံတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ရေဓာတ်များတဲ့ အသီးအနှံတွေ များများစားပါ

အချိုဓာတ်ကဲတဲ့ အသီးအနှံတွေထက် ရေဓာတ် ပါဝင်မှုများတဲ့ သခွားသီး၊ တရုတ်နံနံ၊ ခရမ်းချဉ်သီး၊ သစ်တော်သီး၊ စွပ်ပြုတ်လို အစားအစာမျိုးတွေ များများ စားပေးသင့်ပါတယ်။ ရေဓာတ်ပါဝင်မှု များတဲ့ အစားအစာတွေဟာ သွေးတွင်းသကြားဓာတ် မြင့်တက်မှုကို ထိန်းချုပ်ပေးနိုင်တဲ့အပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အချိုဓာတ်ကိုပါ ဖြည့်တင်းပေးနိုင်ပါတယ်။

(၂) အငန် လျှော့စားပါ

အငန်ဓာတ် ကဲတဲ့ အစားအစာတွေဟာ ကိုယ်တွင်း ရေဓာတ် ခမ်းခြောက်မှုကို ဖြစ်ပေါ်စေနိုင်ပြီး သွေးတိုးနိုင်ခြေ၊ ဆီးချိုတက်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ဆီးချို ဝေဒနာရှင်တွေအနေနဲ့ ရာသီဥတု အပူရှိန် မြင့်တက်နေတဲ့ အခုလို ကာလမှာ အငန်များလွန်းတဲ့ အစားအစာတွေ၊ အသင့်စား အစားအစာတွေနဲ့ ဆားရည်စိမ်ထားတဲ့ အစားအစာတွေကို ရှောင်ကြဉ်သင့်ပါတယ်။

(၃) အချိုများတဲ့ အစားအစာတွေ ရှောင်ကြဉ်ပါ

ဆီးချိုဝေဒနာရှင်တိုင်း နောက်ထပ် သတိထားရမယ့် အချက်တခုကတော့ အချို များလွန်းတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ ရာသီဥတု ပူတယ်ဆိုပြီး အချိုရည်၊ အားဖြည့်အချိုရည်တွေ သောက်သုံးတာမျိုးတွေကို ရှောင်ကြဉ်သင့်ပြီး ရေများများ သောက်ပေးတာ၊ အုန်းစိမ်းရည်၊ သကြား မထည့်ဘဲ သဘာဝ အသီးအနှံတွေကို ဖျော်သောက်ပေးတာမျိုးတွေကို ပြုလုပ်ပေးနိုင်ပါတယ်။

(၄) ပြုပြင်စီမံထားတဲ့ အသားတွေနဲ့ အစားအစာတွေ လျှော့စားပါ

ဆီးချိုတက်မှာ စိုးရိမ်တဲ့အတွက် ထမင်းလျှော့စားပြီး အသားတွေ ပိုစားတာမျိုးကလည်း ဆီးချိုကို ပိုမိုဆိုးရွားစေနိုင်တာကြောင့် အသားတွေနဲ့ ပြုပြင်စီမံထားတဲ့ အစားအစာတွေအစား ပဲအမျိုးမျိုး၊ ဥအမျိုးမျိုးနဲ့၊ ငါး၊ အခွံမာသီး စတာတွေကို စားသုံးပေးသင့်ပါတယ်။

ကျန်းမာရေးအကြောင်းအရာများနှင်ပတ်သက်လို့ အသေးစိတ်သိချင်ရင်တော့ chatbox မှာဖြစ်ဖြစ်၊ ကောမန့်မှာဖြစ်ဖြစ် မေးခဲ့လို့ရပါတယ်ရှင်။

MyHealthcare မှာ အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံရင့်ကျက်တဲ့ ကျွမ်းကျင်ဆရာဝန်များစွာက မိတ်ဆွေတို့ရဲ့ ကျန်းမာရေးပြဿနာတွေကို နွေးနွေးထွေးထွေးနဲ့ အဖြေရှာပေးနေပါပြီ😍 အသေးစိတ်သိချင်ရင်တော့ chatbox မှာ "ဟယ်လို" လုပ်လိုက်ရုံပဲနော် 🤗
*အသက်သာဆုံးဈေးနှုန်း၊ ပျုငှာတဲ့ဝန်ဆောင်မှုတွေနဲ့ စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူနိုင်ဖို့ MyHealthcare App ကို အခုပဲ ရယူလိုက်ပါ။
Android app link 👉 http://bit.ly/2Tr7j8s
iOS app link 👉https://apple.co/32yVJer
HMC PHARMACY Marketplace Website - http://pharmacy.myhealthcare.com.mm/
HMC PHARMACY Marketplace Application - https://bit.ly/3n9PeZJ
အသေးစိတ်စုံစမ်းရန် 09 78 8830 352

"အဆီစားလို့ အသားမဖြစ်၊ အဆီများရင် ဘေးဖြစ်" ဆိုတဲ့ ဆောင်ပုဒ်နဲ့ ပညာပေးဇာတ်လမ်းတိုလေးတွေကို ကြည့်ခဲ့ဖူးမှာပါ။ တကယ်တမ်းမှာလ...
31/03/2026

"အဆီစားလို့ အသားမဖြစ်၊ အဆီများရင် ဘေးဖြစ်" ဆိုတဲ့ ဆောင်ပုဒ်နဲ့ ပညာပေးဇာတ်လမ်းတိုလေးတွေကို ကြည့်ခဲ့ဖူးမှာပါ။ တကယ်တမ်းမှာလည်း ကျွန်တော်တို့ဟာ အဆီတွေစားရင် ကိုယ်အလေးချိန်တက်နိုင်တယ်။ နှလုံးကျန်းမာရေးထိခိုက်နိုင်တယ် ဆိုတဲ့ ယုံကြည်ချက်တွေနဲ့ အဆီဓာတ်ပါဝင်တဲ့ အစားအသောက်တွေကို ရှောင်ကြဉ်ကြပါတယ်။

ပြည့်ဝဆီတွေ၊ ပြန်ကြော်ဆီတွေလို လူ့ခန္ဓာကိုယ်ကို ဒုက္ခပေးနိုင်တဲ့ အဆီတွေရှိသလို လူ့ခန္ဓာကိုယ်ကို အကျိုးပြုနိုင်တဲ့ အဆီတွေလည်း ရှိပါသေးတယ်။ လူ့ခန္ဓာကိုယ်မှာ အဆီဓာတ်ခမ်းခြောက်နေရင် ဖြစ်တတ်တဲ့ လက္ခဏာတွေကိုလည်း သိထားဖို့ လိုအပ်ပါသေးတယ်။

၁။ အရေပြားခြောက်သွေ့မယ်

အရေပြားခြောက်သွေ့ခြင်းပြဿနာက ကျွန်တော်တို့လို အပူပိုင်းဒေသကလူတွေ ကြုံတွေ့နေကျ ပြဿနာတစ်ခုပါ။ ဒါပေမယ့် အရေပြားခြောက်သွေ့ခြင်းက ဘာကိုပြသချင်နေလဲဆိုတာကိုကော သိကြပါသလား။ အရေပြား ခြောက်သွေ့တယ်ဆိုတာ ရေဓာတ်ခမ်းခြောက်မှုတစ်ခုတည်းကို ဖော်ပြတာမဟုတ်ဘဲ ခန္ဓာကိုယ်အတွက် အကျိုးရှိမယ့် အဆီဓာတ်တွေလည်း လျော့နည်းနေတယ်ဆိုတာကို ပြသနေတာပါ။

ဒါကြောင့် ဆယ်လ်မွန်ငါးတို့၊ သံလွင်ဆီတို့လို ကောင်းမွန်တဲ့အဆီ ပါဝင်မှုများတဲ့ အစားအစာတွေကို စားပေးသင့်ပါတယ်။

၂။ ဗိုက်ဆာလာမယ်

ပီဇာတို့၊ ကိတ်မုန့်တို့လို ကာဘိုဟိုက်ဒရိတ်ပါဝင်မှုများတဲ့ အစားအသောက်တွေကို စားပြီး မကြာပါဘူး။ ဗိုက်ဆာလာသလို ခံစားနေရပြီဆိုရင်တော့ သေချာပါတယ်။ ခန္ဓာကိုယ်မှာ ကောင်းမွန်တဲ့ အဆီဓာတ်လျော့နည်းနေတဲ့ လက္ခဏာပါပဲ။ ဒါကြောင့် junk food တွေပဲ လှိမ့်မစားဘဲ ခန္ဓာကိုယ်အဆီဓာတ်ပြည့်ဝစေမယ့် အစားအစာမျိုးလည်း စားပေးပါဦး။

၃။ ဟော်မုန်းမညီမျှသလို ဖြစ်မယ်

ကျွန်တော်တို့ခန္ဓာကိုယ်ထဲက ဟော်မုန်းတော်တော်များများကို အဆီဓာတ်တွေက ထုတ်လုပ်ပေးတယ်ဆိုတာကို သိပါသလား။ လိင်စိတ်ဟော်မုန်းလိုမျိုး ဟော်မုန်းတွေ ထုတ်လုပ်ရာမှာ ကောင်းမွန်တဲ့အဆီတွေဟာ ကူညီပေးနိုင်ပါတယ်။ နောက်ပြီး အဆီဓာတ်ခမ်းခြောက်ခြင်းဟာ အမျိုးသမီးတွေမှာ ဓမ္မတာလာခြင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။

၄။ ဝိတ်မကျဘူး

ဝိတ်ချဖို့ ကြိုးစားနေသူတွေက ဝိတ်ကျဖို့အတွက် အဆီပါတဲ့ အစားအစာတွေကိုရှောင်ဖို့ လိုအပ်တယ်လို့ ထင်တတ်ကြပါတယ်။ မှန်သင့်သလောက်တော့ မှန်ပါတယ်။ ခန္ဓာကိုယ်အတွက် မကောင်းမွန်တဲ့ ပြည့်ဝဆီတွေနဲ့ ကြော်ထားချက်ထားတဲ့ အစားအသောက်တွေကိုတော့ ရှောင်ကြဉ်ရမှာပါ။ ဒါပေမယ့် အဆီမှန်သမျှကိုတော့ ရှောင်ကြဉ်ဖို့ မလိုပါဘူး။

တချို့တွေဆိုရင် ရေလုံပြုတ်ပဲ ထိုင်စားနေပေမယ့် ဝိတ်ကျမလာတာကို တွေ့ရှိရပါတယ်။ ဒါဟာ ဘာဖြစ်လို့လဲဆိုတော့ ခန္ဓာကိုယ်က ကောင်းမွန်တဲ့အဆီတွေကိုလည်း လိုအပ်လို့ပါပဲ။ အဲဒီအဆီတွေဟာ တစ်နေ့တာလုံး အားအင်ပြည့်ဝ နေစေဖို့အတွက်လည်း ကူညီပေးနိုင်ပါတယ်။

၅။ ချမ်းသလိုလို ခံစားရမယ်

အဲလ်ကွန်းလည်း ဖွင့်မထားဘဲ အလကားနေရင်း ချမ်းသလိုလို ခံစားနေရမယ်ဆိုရင် ဒါဟာ ခန္ဓာကိုယ်မှာ အဆီလိုအပ်နေတဲ့ လက္ခဏာတစ်ရပ်ပါပဲ။ ကောင်းမွန်တဲ့ အဆီတွေဟာ ခန္ဓာကိုယ်အပေါ်ယံလွှာကို အကာအကွယ်တစ်ခုလို လွှမ်းထားပေးပြီး အေးချမ်းမှုဒဏ်ကို ကြံ့ကြံ့ခံနိုင်စေပါတယ်။ နောက်ပြီး အဆီစားသုံးမှုကို ရပ်တန့်လိုက်တာနဲ့ တပြိုင်နက် အဲဒီလို ဝေဒနာတွေ ခံစားလာရပါလိမ့်မယ်။

ကျန်းမာရေးအကြောင်းအရာများနှင်ပတ်သက်လို့ အသေးစိတ်သိချင်ရင်တော့ chatbox မှာဖြစ်ဖြစ်၊ ကောမန့်မှာဖြစ်ဖြစ် မေးခဲ့လို့ရပါတယ်ရှင်။

MyHealthcare မှာ အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံရင့်ကျက်တဲ့ ကျွမ်းကျင်ဆရာဝန်များစွာက မိတ်ဆွေတို့ရဲ့ ကျန်းမာရေးပြဿနာတွေကို နွေးနွေးထွေးထွေးနဲ့ အဖြေရှာပေးနေပါပြီ😍 အသေးစိတ်သိချင်ရင်တော့ chatbox မှာ "ဟယ်လို" လုပ်လိုက်ရုံပဲနော် 🤗
*အသက်သာဆုံးဈေးနှုန်း၊ ပျုငှာတဲ့ဝန်ဆောင်မှုတွေနဲ့ စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူနိုင်ဖို့ MyHealthcare App ကို အခုပဲ ရယူလိုက်ပါ။
Android app link 👉 http://bit.ly/2Tr7j8s
iOS app link 👉https://apple.co/32yVJer
HMC PHARMACY Marketplace Website - http://pharmacy.myhealthcare.com.mm/
HMC PHARMACY Marketplace Application - https://bit.ly/3n9PeZJ
အသေးစိတ်စုံစမ်းရန် 09 78 8830 352

ခုတလော ရာသီဥတုအပြောင်းအလဲကလည်း မြန်ဆန်နေပါတယ်နော်။ နေပူပြီဆိုရင်လည်း အရမ်းပူလွန်းလို့ အပြင်ထွက်ပြီဆိုရင် ထီးဆောင်းတာတို့...
29/03/2026

ခုတလော ရာသီဥတုအပြောင်းအလဲကလည်း မြန်ဆန်နေပါတယ်နော်။ နေပူပြီဆိုရင်လည်း အရမ်းပူလွန်းလို့ အပြင်ထွက်ပြီဆိုရင် ထီးဆောင်းတာတို့၊ အင်္ကျ ီလက်ရှည်ဝတ်တာတို့ လုပ်ပေးနေရပါတယ်။ အိုဇုန်းလွှာ အပေါက်အပြဲကြားက ခရမ်းလွန်ရောင်ခြည် ပါဝင်မှုများပြားတဲ့ နေရောင်ခြည်ဟာ ကျွန်တော်တို့ခန္ဓာကိုယ် အရေပြားပေါ်မှာ နေလောင်ဒဏ်ကိုဖြစ်စေနိုင်ပါတယ်။

အရေပြားနေလောင်တာက ရေနွေးပူလောင်သလိုပဲ ခံရခက်တဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ နေလောင်ဒဏ်ကို ကာကွယ်ကုသနိုင်တဲ့ နည်းလမ်းလေးတွေကတော့...

၁။ အေးအောင် ပြန်လုပ်ပေးပါ

နေလောင်ဒဏ်ကို သက်သာပျောက်ကင်းစေဖို့ အခြေခံအကျဆုံးနဲ့ အလွယ်ကူဆုံးအချက်ကတော့ နေလောင်တဲ့နေရာကို ပြန်အေးသွားအောင်လုပ်တာပါပဲ။ ဒီလိုလုပ်ဖို့အတွက် နေလောင်ထားတဲ့နေရာကို ရေနဲ့ပြန်ဆေးပေးတာတို့၊ ရေခဲပြန်ကပ်ပေးတာတို့ လုပ်ပေးရမှာပါ။

၂။ မုန့်ဖုတ်ဆိုဒါနဲ့ အုတ်ဂျုံမှုန့်

ရေအေးအပြည့်ထည့်ထားတဲ့ ရေချိုးကန်တစ်လုံးထဲမှာ မုန့်ဖုတ်ဆိုဒါအနည်းငယ်ကိုထည့်ပြီး နေလောင်ဒဏ် သက်သာစေဖို့ (၁၅) မိနစ်၊ မိနစ် (၂၀) ခန့် စိမ်ပေးလိုက်ပါ။ နေလောင်ဒဏ်ကြောင့် အရေပြားယားယံခြင်းကို ကုသဖို့နဲ့ အရေပြားအစိုဓာတ်ကို ပြန်လည်ထိန်းသိမ်းဖို့ အုတ်ဂျုံမှုန့်တစ်ခွက်လောက်လည်း ထည့်ပေးလိုက်ပါဦး။ သတိထားရမှာ တစ်ခုက ဒီရေထဲမှာစိမ်ပြီးရင် အရေပြားကို ပြန်မပွတ်ဖို့ပါပဲ။

၃။ ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ပင်မှာ ဒဏ်ရာပျောက်ကင်းစေနိုင်တဲ့ ဂုဏ်သတ္တိပါဝင်တဲ့အတွက် ရှားစောင်းလက်ပတ် အပင်နဲ့ပဲဖြစ်ဖြစ်၊ ရယ်ဒီမိတ် ရှားစောင်းလက်ပတ်အနှစ်နဲ့ပဲဖြစ်ဖြစ် လိမ်းပေးလိုက်ရင် နေလောင်ဒဏ်ကို ပျောက်ကင်းစေနိုင်ပါတယ်။ ဘာနဲ့မှရောစရာမလိုဘဲ ရှားစောင်းလက်ပတ်အနှစ်နဲ့ ပွတ်ပေးလိုက်ရုံပါပဲ။

၄။ ရှာလကာရည်

နေလောင်ဒဏ်ကို ကုသဖို့အတွက် ရှာလကာရည်ကို သုံးနည်းလေးကတော့ ရေချိုးကန်ထဲမှာ ရေအေးထည့်ပြီး အပေါ်က ရှာလကာရည် (၂) ခွက်လောက် ရောပြီး စိမ်ပေးလိုက်တာနဲ့ နေလောင်ဒဏ်ကို သက်သာစေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက အရမ်းဆိုးဝါးတဲ့ နေလောင်ဒဏ်ကိုတော့ မရပါဘူး။ သေးငယ်တဲ့ နေလောင်ဒဏ် အကွက်လေးတွေကိုတော့ သက်သာပျောက်ကင်းစေနိုင်ပါတယ်။

၅။ ရေများများပြန်သောက်ပေးပါ

နေရောင်ခြည်ကြောင့် ထိခိုက်မိတဲ့ အရေပြားဆဲလ်တွေကို ပြန်လည်ကုသရာမှာ ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝ နေဖို့လည်း လိုပါတယ်။ တစ်နေ့ကို အနည်းဆုံး ရေ (၈) ခွက်လောက် ပုံမှန်သောက်ပေးသင့်တဲ့အတွက် နေလောင်ဒဏ်ကြောင့် ဝေဒနာခံစားနေရချိန်မှာ အဲဒီပမာဏထက် ပိုသောက်ပေးသင့်ပါတယ်။

ကျန်းမာရေးအကြောင်းအရာများနှင်ပတ်သက်လို့ အသေးစိတ်သိချင်ရင်တော့ chatbox မှာဖြစ်ဖြစ်၊ ကောမန့်မှာဖြစ်ဖြစ် မေးခဲ့လို့ရပါတယ်ရှင်။

MyHealthcare မှာ အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံရင့်ကျက်တဲ့ ကျွမ်းကျင်ဆရာဝန်များစွာက မိတ်ဆွေတို့ရဲ့ ကျန်းမာရေးပြဿနာတွေကို နွေးနွေးထွေးထွေးနဲ့ အဖြေရှာပေးနေပါပြီ😍 အသေးစိတ်သိချင်ရင်တော့ chatbox မှာ "ဟယ်လို" လုပ်လိုက်ရုံပဲနော် 🤗
*အသက်သာဆုံးဈေးနှုန်း၊ ပျုငှာတဲ့ဝန်ဆောင်မှုတွေနဲ့ စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူနိုင်ဖို့ MyHealthcare App ကို အခုပဲ ရယူလိုက်ပါ။
Android app link 👉 http://bit.ly/2Tr7j8s
iOS app link 👉https://apple.co/32yVJer
HMC PHARMACY Marketplace Website - http://pharmacy.myhealthcare.com.mm/
HMC PHARMACY Marketplace Application - https://bit.ly/3n9PeZJ
အသေးစိတ်စုံစမ်းရန် 09 78 8830 352

အခုခေတ်မှာ အရက်မသောက်ပဲ အသည်းအဆီ ဖုံးတာ လူအတော်များများ ဖြစ်နေကြပါတယ်။ အသည်းမှာရှိသင့်တဲ့ အဆီ ပမာဏ ထက်ပိုလွန်တဲ့အဆီ တွေရ...
25/03/2026

အခုခေတ်မှာ အရက်မသောက်ပဲ အသည်းအဆီ ဖုံးတာ လူအတော်များများ ဖြစ်နေကြပါတယ်။ အသည်းမှာရှိသင့်တဲ့ အဆီ ပမာဏ ထက်ပိုလွန်တဲ့အဆီ တွေရှိနေခြင်း ၊ အချို့လူများမှာအသည်း enzyme များတက်နေခြင်း ၊ တို့ဖြစ် နေတတ်ပါတယ်။

အရက်သောက်တတ်သော လူများမှာကတော့ အသည်း အဆီဖုံးတာတွေ့ ရမြဲဖြစ်ပါတယ်။ သို့ပါသော်လည်း၊ အရက် မသောက် ပဲလူ အတော်များများမှာ ဖြစ်နေကြတာကို ဖတ်ရှုရပါတယ်။ အထူးသဖြင့် ကိုယ်အလေးချိန် များ နေသူများ၊ Cholesterol/ Triglycerides များနေသူများ ဖြစ်ကြပါတယ်။အသည်း အဆီ ဖုံးခြင်းဟာ များသောအားဖြင့် ရောဂါ လက္ခဏာ များမပြတတ်သော်လည်း၊ မောပန်းနွမ်းလျ နေခြင်း၊ အသားဝါ ခြင်း၊ ခြေထောက် နှင့် ဗိုက်ဖောယောင် ခြင်း ၊ စိတ်ရှုပ်ရောထွေးနေတတ်ခြင်း တို့ ဖြစ်တတ်ပါတယ်။

ဒီအတိုင်းထားလိုက်ရင်၊ အသည်းပါ ယောင်လာတတ်ပါတယ်။ ဒီအချိန် မှာတော့ non alcoholic steatohepatitis အရက် မသောက်ပဲ အသည်းယောင် ခြင်း ဖြစ်လာတတ်ပါတယ်။ ဒီထက် ပိုဆိုးလာတဲ့အခါ၊ အသည်း ခြောက် ခြင်း၊ အသည်း ကင်ဆာ၊ အသည်း အလုပ် မလုပ် နိုင်တော့ခြင်းများ ဖြစ်လာတတ်ပါတယ်။ ဖြစ်ခါစ၊ သိပ်မဆိုးသေးတဲ့ အခြေအနေမှာ အစား အသောက် အနေ အထိုင် ကိုပြုပြင်နိုင်မယ်ဆိုရင် ပြန်ကောင်းသွားနိုင်ပါတယ်။ သတိ နဲ့ စား သောက်နေထိုင်ခြင်းအား ဖြင့်လည်းအခုလို အခြေအနေမျိုး မရောက်နိုင်တော့ပါ။

အရက်မသောက်ပဲ ၊ အသည်းအဆီဖုံးရခြင်းရဲ့ အဓိက အကြောင်း ကတော့ Fructose သကြားဖြစ်ပါတယ်။ ကျွန်မတို့တတွေ Fructose သကြားကို တတ်နိုင်သမျှ ရှောင်ကြရမှာ ဖြစ်လို့ ၊ ဒီသကြား ဘယ်လိုဟာမျိုး အစားအစာတွေ မှာပါနေတယ် ဆိုတာသိရမှာ ဖြစ်ပါတယ်။ High fructose corn syrup ( အချိုရည် အတော် များများမှာ ပါဝင်နေပါတယ် )။

သစ်သီးဖျော်ရည်များ ၊ ပျားရည် ၊ စက်ရုံ ထုတ် မုန့် မျိုးစုံ ကိတ် မုန့် ၊ cookies စသည်ဖြင့် ဖြစ်ပါတယ်။ နောက်ပိုင်း ice cream ထဲမှာတောင် သုံးနေကြပါတယ်။ ice cream တွေစားကြည့်ရင် ၊ အရင်က အရသာ မဟုတ်တော့ပါ။ အလွန် အမင်း ချိုနေတာကို သတိထား မိကြပါလိမ့်မယ်။ Fructose သကြားက အလွန်ချို ပါတယ်။ ဒီ fructose သကြားဟာ glucose သကြား နဲ့ ခန္ဓာကိုယ်ထဲ မှ ဇီဝဓာတုဗေဒ ဖြစ်စဉ်ခြင်း မတူပါ။

Glucose သကြားဟာ ၊ ကလာပ်စည်းတွေ ရဲ့ စွမ်းအင် ထုတ်လုပ်ဖို့ အသုံးချသော်လည်း ၊ fructose သကြားကတော့ ၊ အူကနေ အသည်းဆီ တိုက်ရိုက်သွားပါတယ်။ ဒီသကြားဟာ အရက် မသောက်ပဲ ၊ အရက်လိုပဲ အသည်းကို ဒုက္ခပေးတတ် ပါတယ်။ သူဟာ အသည်းအတွက် ရေရှည် ၊ အဆိပ် တစ်ခုဖြစ်ပါတယ်။ အသည်းထဲမှာ ဒီသကြားဟာ အဆီအဖြစ် ပြောင်းလဲသွားပါတယ်။

( Maillard reaction ) သူဟာ ပရိုတင်းဓာတ် နဲ့ လဲပေါင်းပြီး ၊ ခန္ဓာကိုယ် ယောင်ကိုင်း စေတတ်တဲ့ free radicals တွေလဲထွက်စေပါတယ်။( browning of meats ) အကောင်းဆုံး ဥပမာကတော့ အသားတွေကို အလွန် ပူနေတဲ့ ဒယ်အိုးထဲထည့်ပြီး ညိုလာအောင်လုပ်တာဖြစ်ပါတယ်။ ဒီသကြားဟာ သွေးထဲမှာ uric acid များနေစေတဲ့ အကြောင်း တစ်ခုလဲ ဖြစ်ပါတယ်။

ဒါကြောင့် သွေးထဲမှာ uric acid level များနေသူများ ဒီသကြားကို ရှောင်ဖို့ အရေးကြီးတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ uric acid level ကို ကြည့်ပြီး ခန္ဓာကိုယ်ထဲမှာ fructose သကြားတွေ လွန်ကဲနေလား ဆိုတာ သိနိုင်တာ ဖြစ်ပါတယ်။ Fructose သကြား အပြင် အခြား ဖြစ်နိုင်တဲ့ အကြောင်းများကတော့ ဓာတု ဆေးမျိုးစုံ ဖြစ်ပါတယ်။

ဥပမာ —-BPA ( Bisphenol A ) ၊ တွေ့နိုင်တဲ့နေရာများကတော့ အချိုရည်ဗူးများ ၊ စည်သွတ်ဗူးများ ၊ ပလပ်စတစ်ဗူးများ ၊ အချို့ စတိုးဆိုင်များမှ receipts များမှာ BPA ပါတတ်ပါတယ်။ ကျွန်မအမြဲပြောနေ သလိုပါပဲ။ ကျွန်မတို့တတွေ ခေတ်မီလာကြတာ နဲ့ အမျှ၊ အစားအသောက် ၊ ပတ်ဝန်းကျင် အခြေအနေ တွေဟာ ပြောင်းလဲမြန်ဆန်နေတာမို့ ၊ လုံးဝရှောင်လို့ မရသော်လည်း၊ ကျန်းမာရေး ဗဟုသုတ တွေ နဲ့ ပြည့်စုံကြမယ်ဆိုရင် နည်းနည်းတော့ ခံသာပါလိမ့်မယ်။

လုပ်ငန်းရှင် တွေဟာ သူတို့ တွေ ဘာအပြောင်း လဲပဲလုပ်လုပ် ၊ ကိုယ်က မသိလိုက်ရင် ကိုယ်ပဲခံရမှာ ဖြစ်ပါတယ်။ ကုန်တိုက်တွေမှာ ဈေးဝယ်တဲ့ အခါဆိုရင်လဲ ingredient label ကို အမြဲဖတ်လေ့ရှိ တဲ့ အကျင့် လုပ်ထားရမှာဖြစ်ပါတယ်။ လူ တွေဟာ ပဋိသန္ဓေ ဇနကကံ အရှိန်ရှိ သလောက်နေကြရမှာ ဖြစ်သော်လည်း၊ ကျန်းမာနေကြမယ်ဆိုရင် ကိုယ့်ဘဝ အရည်အသွေး လဲ ကောင်း ၊ ကိုယ့် အိမ်သူအိမ်သားတွေ အပေါ်မှာလည်း ဝန်ထုတ်ကြီး တစ်ခုမဖြစ်တော့မှာ အမှန်ပဲ ဖြစ်ပါတယ်။ မိတ်ဆွေ များ အားလုံး အရာရာ မှာ သတိ နဲ့ စားသောက် နေထိုင်နိုင်ကြပါစေ။

Source: ဒေါကတာခင်နွယ်ဝင်း

ကျန်းမာရေးအကြောင်းအရာများနှင်ပတ်သက်လို့ အသေးစိတ်သိချင်ရင်တော့ chatbox မှာဖြစ်ဖြစ်၊ ကောမန့်မှာဖြစ်ဖြစ် မေးခဲ့လို့ရပါတယ်ရှင်။

MyHealthcare မှာ အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံရင့်ကျက်တဲ့ ကျွမ်းကျင်ဆရာဝန်များစွာက မိတ်ဆွေတို့ရဲ့ ကျန်းမာရေးပြဿနာတွေကို နွေးနွေးထွေးထွေးနဲ့ အဖြေရှာပေးနေပါပြီ😍 အသေးစိတ်သိချင်ရင်တော့ chatbox မှာ "ဟယ်လို" လုပ်လိုက်ရုံပဲနော် 🤗
*အသက်သာဆုံးဈေးနှုန်း၊ ပျုငှာတဲ့ဝန်ဆောင်မှုတွေနဲ့ စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူနိုင်ဖို့ MyHealthcare App ကို အခုပဲ ရယူလိုက်ပါ။
Android app link 👉 http://bit.ly/2Tr7j8s
iOS app link 👉https://apple.co/32yVJer
HMC PHARMACY Marketplace Website - http://pharmacy.myhealthcare.com.mm/
HMC PHARMACY Marketplace Application - https://bit.ly/3n9PeZJ
အသေးစိတ်စုံစမ်းရန် 09 78 8830 352

ရေကျောက်ရောဂါသည် အသက်အရွယ်မရွေးဖြစ်ပွါးနိုင်သော (အထူးသဖြင့် ကလေးများတွင် အဖြစ်များသည့်) ကူးစက်ရောဂါတစ်ခုဖြစ်သည်။ ရောဂါပိ...
23/03/2026

ရေကျောက်ရောဂါသည် အသက်အရွယ်မရွေးဖြစ်ပွါးနိုင်သော (အထူးသဖြင့် ကလေးများတွင် အဖြစ်များသည့်) ကူးစက်ရောဂါတစ်ခုဖြစ်သည်။ ရောဂါပိုးအထိအတွေ့ရှိသူများ၏ (၉၀%) ခန့်တွင် ရောဂါ ဖြစ်ပွါးစေနိုင်သည်။ သို့သော် ရောဂါဖြစ်သူအများစုတွင် ရောဂါပြင်းထန်ခြင်းနှင့် နောက်ဆက်တွဲ ပြဿနာများမရှိဘဲ အလိုအလျောက် သက်သာပျောက်ကင်းနိုင်သည်။ ရေကျောက်ကာကွယ်ဆေး ထိုးပေးခြင်းဖြင့်လည်း ရေကျောက်ရောဂါကို ကာကွယ်နိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်း
ရေကျောက်ရောဂါသည် ရေကျောက်ရောဂါဗိုင်းရပ်စ်ပိုး (Varicella-zoster virus) ကြောင့် ဖြစ်ပွါးသည်။ အရေပြားအဖု၊ အနာများမှထွက်သော သားနံရည်များနှင့် ထိတွေ့မိခြင်း၊ ရောဂါရှိသူ နှာချေ၊ ချောင်းဆိုးရာမှထွက်သော အမှုန်၊ အမွှားများနှင့် ထိတွေ့ခြင်းများမှတစ်ဆင့် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်သည်။

ရောဂါကူးစက်နိုင်ခြေနှင့် ပြင်းထန်နိုင်ခြေရှိသူများ

အသက် (၃)နှစ် မှ (၆)နှစ်ကြား ကလေးများ
ကာကွယ်ဆေး တစ်ကြိမ်မျှ ထိုးနှံထားခြင်းမရှိသော ကလေးများ
ကျောင်းတက်နေသော ကလေးများ၊ ‌နေ့ကလေးထိန်း ပြုစုစောင့်ရှောက်ရေးဂေဟာများရှိ ကလေးများ (ရေကျောက်ရောဂါဖြစ်ပွါးသူ တစ်ဦးရှိပါက အခြားကလေးများသို့ အလွယ်တကူ ကူးစက်ပျံ့နှံ့သွားနိုင်သည်)
ရောဂါလက္ခဏာများ
ရောဂါပိုးနှင့်ထိတွေ့ပြီးနောက် အများအားဖြင့် (၁၀ – ၂၁) ရက်ကြား သို့မဟုတ် ပျမ်းမျှ (၁၄) ရက်ခန့်အကြာတွင် ‌‌အောက်ဖော်ပြပါ ရောဂါလက္ခဏာများ စတင်ခံစားရလေ့ရှိသည်။

အဖုများမထွက်မီ (၁ – ၂) ရက်အလိုတွင် ဖျားခြင်း
အနီစက်၊ အရည်ကြည်ဖုများထွက်ခြင်း
နုံးခြင်း၊ မအီမသာဖြစ်ခြင်း
ကိုယ်လက်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း
ဗိုက်အောင့်ခြင်း၊ အစားအသောက်ပျက်ခြင်းများ ခံစားရတတ်သည်။
ထို့နောက် အလွန်ယားယံသော အနီစက်၊ အရည်ကြည်ဖုများသည် အောက်ဖော်ပြပါ ပုံစံအဆင့် (၃) မျိုးအတိုင်း ထွက်ပေါ်လာသည်။

ပန်းရောင်၊ အနီရောင်၊ နီညိုရောင်အဖုများ စတင်ထွက်ခြင်း
အချိန်အနည်းငယ်အတွင်း အရည်ကြည်ဖုများအဖြစ် ပြောင်းလဲလာခြင်း
တစ်ရက်-နှစ်ရက်အတွင်း အရည်ကြည်ဖုများ ပေါက်ထွက်ကာ အနာဖေးများ ဖြစ်ပေါ်လာခြင်း
ထိုသို့အရေပြားပြောင်းလဲမှုများမှာ အလွန်လျင်မြန်သဖြင့် အထက်ပါအဆင့် (၃) မျိုးလုံးကို တစ်ပြိုင်နက်တည်း တွေ့ရတတ်သည်။ အဖုများသည် ကျော၊ ရင်ဘတ်တို့တွင် စတင်ဖြစ်ပေါ်ပြီး မျက်နှာနှင့် ခြေလက်များသို့ ပျံ့နှံ့သွားလေ့ရှိသည်။ အရေပြားအဖုများ၏ အဆင့်အားလုံးအတွက် ကြာချိန်သည် (၅ – ၁၀) ရက်ခန့်ဖြစ်သည်။

အထက်ပါလက္ခဏာများသည် ရေကျောက်ရောဂါ၏ ထူးခြားသိသာသည့် ဝိသေသလက္ခဏာများဖြစ်သည်။

နောက်ဆက်တွဲပြဿနာများ
ရေကျောက်သည် ပုံမှန်အားဖြင့် ပြင်းထန်ခြင်းမရှိဘဲ အလိုအလျောက် ပျောက်ကင်းနိုင်သောရောဂါ ဖြစ်သည်။ သို့သော်_

ပေါင်မပြည့်၊ လမစေ့သော ကလေးငယ်များ (အထူးသဖြင့် မိခင်တွင် ကာကွယ်ဆေးမထိုးထားသူများ)
အသက် (၁၈) နှစ်အထက် ဆယ်ကျော်သက်များ
ကိုယ်ခံအားစနစ် ချို့ယွင်းနေသူများ (ဥပမာ _ ကင်ဆာရောဂါရှိသူများ၊ အိတ်ချ်အိုင်ဗွီရောဂါရှိသူများ၊ ကင်ဆာဆေးသွင်းကုသမှု ခံယူထားသူများနှင့် ကိုယ်တွင်းအင်္ဂါ အစားထိုးကုသမှု ခံယူထားသူများ)
ကာကွယ်ဆေးမထိုးထားသော ကိုယ်ဝန်ဆောင်မိခင်များတွင် ရောဂါပြင်းထန်ခြင်း၊ နောက်ဆက်တွဲဆိုးကျိုး များပြားခြင်းတို့ကို တွေ့ရတတ်သည်။
အဖြစ်များသော နောက်ဆက်တွဲလက္ခဏာများ

ရေဓာတ်ခန်းခြောက်ခြင်း၊ ဓာတ်ဆားဓာတ်များ မညီမမျှဖြစ်ခြင်း
ဘက်တီးရီးယားပိုးဝင်ခြင်း၊ ပြည်တည်နာဖြစ်ခြင်း၊ ပိုးဆိပ်ပျံ့ခြင်း (Sepsis)
အဆုတ်ရောင်ခြင်း (Pneumonia)
အဖြစ်နည်းသော နောက်ဆက်တွဲလက္ခဏာများ

ဦးနှောက်ရောင်ခြင်း (encephalitis)၊ အာရုံကြောများရောင်ခြင်း
နှလုံး၊ ကျောက်ကပ်၊ ပန်ကရိယရောင်ခြင်း
မျက်ကြည်လွှာရောင်ခြင်း၊ မျက်စိအာရုံကြောရောင်ခြင်း
ခန္ဓာကိုယ်အနှံ့ သွေးယိုစီးခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်
ရေကျောက်ရောဂါသေချာပြီး ရောဂါပြင်းထန်မှုနှင့် နောက်ဆက်တွဲပြဿနာများမရှိလျှင် နေအိမ်၌ပင် ပြုစုနိုင်သည်။ သို့သော် အောက်ပါအခြေအနေများရှိလျှင် မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။

ရေကျောက်ရောဂါဟု မသေချာခြင်း
မျက်လုံးများသို့ ကူးစက်ခြင်း
အဖုများ၊ အနာများသည် အလွန်ပူခြင်း၊ နာခြင်း
ကိုယ်ဝန်ဆောင်မိခင်များ ရေကျောက်ဖြစ်ခြင်း
အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ခံအားစနစ်ချို့ယွင်းခြင်း
နောက်ဆက်တွဲဝေဒနာများ ခံစားရခြင်း
မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန် (X-ray) ရိုက်ခြင်းစသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးမည်။

ရောဂါရှာဖွေခြင်း
ရေကျောက်ရောဂါဖြစ်သူနှင့် ထိတွေ့မှုရာဇဝင်နှင့် အရေပြားလက္ခဏာများအရ ရေကျောက်ရောဂါ ဖြစ်ကြောင်း ရှင်းလင်းစွာ သိသာနိုင်သည်။ အများအားဖြင့် ဓာတ်ခွဲစမ်းသပ်မှုများ မလိုအပ်ပါ။ သို့သော် အသေးစိတ် ပိုမိုတိကျစွာ စစ်ဆေးသိရှိလိုပါက ဓာတ်ခွဲခန်းတွင် ပဋိပစ္စည်း (Ig M antibody)ကို သွေးဖောက် စစ်ဆေးခြင်းဖြင့် ရှာဖွေနိုင်သည်။

ကုသခြင်း
ဗိုင်းရပ်စ်ပိုး‌ကြောင့်ဖြစ်သော ကူးစက်ရောဂါဖြစ်သည့်အတွက် သီးခြားကုသဆေး မလိုဘဲ ဖြစ်ပေါ်လာသော လက္ခဏာများကိုကုသ၍ သက်သာလာချိန်အထိ အိမ်တွင်စောင့်ကြည့်ရန်သာ လိုအပ်သည်။

ရေ၊ အရည်များများ တိုက်ကျွေးပါ
ကိုယ်ပူဖျားခြင်းအတွက် ပါရာစီတမောတိုက်ပါ၊ ရေဖတ်တင်ပါ
ယားယံခြင်းအတွက် ဆီထရီဇင်း (cetirizine)၊ ဘာမီတွန် (burmeton) ကဲ့သို့ ဟစ်တမင်းဆန့်ကျင်ဆေးများ တိုက်ကျွေးပါ
ယားယံမှုသက်သာရန်နှင့် ပိုးဝင်မှုလျှော့ချရန် ရေအေးနှင့် ရေချိုးပေးပါ၊ ရေချိုးစဉ် ချေးတွန်းခြင်း မပြုရပါ၊ ရေချိုးပြီးချိန်များတွင်လည်း ခန္ဓာကိုယ်ကို ခြောက်သွေ့အောင်‌ မျက်နှာသုတ်ပဝါဖြင့် ရေသုတ်ခြင်းများကို ‌ရှောင်ကြဥ်ပါ
ချောင်ချိသော အဝတ်အထည်များသာ ဝတ်ပါ
အယားသက်သာ၍ အရေပြားကိုအေးစေသော Cooling cream, Calamine lotion များ လိမ်းနိုင်သည်
ယားယံသည့်နေရာအား တတ်နိုင်သမျှ မကုတ်မိစေရန် သတိထားပါ
ကလေး၏လက်သည်းများကို တိုတိုညှပ်ပေးပါ
အက်စ်ပရင် (Aspirin) ကဲ့သို့ အနာသက်သာပျောက်ဆေးများ လုံးဝမသောက်ရပါ
ဗိုင်းရပ်စ်ပိုးသတ်ဆေးများကို သက်ဆိုင်ရာဆရာဝန်က ညွှန်ကြားမှသာ တိုက်ကျွေးရမည်။

ရေကျောက်ရောဂါဖြစ်ပွားသူသည် အရေပြားအနာများအားလုံးခြောက်မှသာ လူထူထပ်သောနေရာများ၊ အလုပ်၊ ကျောင်းစသည့် အများပြည်သူနှင့် သက်ဆိုင်သောနေရာများသို့ ပြန်လည်သွားရောက်သင့်သည်။

ကာကွယ်ခြင်း
ရေကျောက်သည် အရေပြားအဖုများမထွက်ပေါ်မီ (၂) ရက်ခန့်အလိုမှစ၍ အရေပြားအနာများအားလုံး ခြောက်သည်အထိ ကူးစက်နိုင်သည်။

ရောဂါကူးစက်မှုကို ကာကွယ်ရန် အောက်ပါအချက်များကို လိုက်နာသင့်သည်။

ရောဂါပိုးနှင့် ထိ‌တွေ့နိုင်ခြေရှိလျှင် လက်ကို ဆပ်ပြာ (သို့မဟုတ်) လက်ဆေးရည်ဖြင့် အနည်းဆုံး စက္ကန့် (၂၀) ကြာ စနစ်တကျ လက်ဆေးရန်
တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထကောင်းများ သင်ကြားပေးရန်
ချောင်းဆိုး၊ နှာချေလျှင် လက်ကိုင်ပဝါဖြင့် အုပ်ရန်၊ တံတောင်ဖြင့် ကာရန်
မိမိအသုံးအဆောင်ပစ္စည်းများကို တခြားသူများနှင့် မျှဝေသုံးစွဲခြင်း မပြုရန်
ရောဂါပိုးကပ်ငြိနေနိုင်သော ပစ္စည်း၊ မျက်နှာပြင်များကို မကြာခဏ ပိုးသတ်သန့်ရှင်းရန် စသည်တို့ဖြစ်သည်။
ရေကျောက်ရောဂါကို အထိရောက်ဆုံး ကာကွယ်နည်းမှာ ရောဂါမဖြစ်ပွါးမီ ရေကျောက်ကာကွယ်ဆေး ထိုးနှံခြင်းဖြစ်သည်။ ရေကျောက်ကာကွယ်ဆေးကို ကလေးအသက် (၁) နှစ်မှစ၍ (၂) ကြိမ်ထိုးရမည်။ ကာကွယ်ဆေးထိုးခြင်းသည် ရောဂါဖြစ်ပွါးမှုကို ထိရောက်စွာ ကာကွယ်နိုင်သည့်အပြင် အကယ်၍ ရောဂါဖြစ်ပွါးခဲ့လျှင်လည်း ရောဂါပြင်းထန်မှုနှင့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပွါးမှုနှုန်းကို သိသိသာသာ လျော့ကျစေသည်။

ကျန်းမာရေးအကြောင်းအရာများနှင်ပတ်သက်လို့ အသေးစိတ်သိချင်ရင်တော့ chatbox မှာဖြစ်ဖြစ်၊ ကောမန့်မှာဖြစ်ဖြစ် မေးခဲ့လို့ရပါတယ်ရှင်။

MyHealthcare မှာ အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံရင့်ကျက်တဲ့ ကျွမ်းကျင်ဆရာဝန်များစွာက မိတ်ဆွေတို့ရဲ့ ကျန်းမာရေးပြဿနာတွေကို နွေးနွေးထွေးထွေးနဲ့ အဖြေရှာပေးနေပါပြီ😍 အသေးစိတ်သိချင်ရင်တော့ chatbox မှာ "ဟယ်လို" လုပ်လိုက်ရုံပဲနော် 🤗
*အသက်သာဆုံးဈေးနှုန်း၊ ပျုငှာတဲ့ဝန်ဆောင်မှုတွေနဲ့ စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူနိုင်ဖို့ MyHealthcare App ကို အခုပဲ ရယူလိုက်ပါ။
Android app link 👉 http://bit.ly/2Tr7j8s
iOS app link 👉https://apple.co/32yVJer
HMC PHARMACY Marketplace Website - http://pharmacy.myhealthcare.com.mm/
HMC PHARMACY Marketplace Application - https://bit.ly/3n9PeZJ
အသေးစိတ်စုံစမ်းရန် 09 78 8830 352

Address

• MICT Park • Building (19), Room-606, 5th Floor, Hlaing Campus
Yangon
00951

Alerts

Be the first to know and let us send you an email when MyHealthcare posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to MyHealthcare:

Share