Saytanar Pharmacy & Clinic - စေတနာ ဆေးဆိုင် နှင့် အထွေထွေရောဂါကု ဆေးခန်း

  • Home
  • Myanmar
  • Yangon
  • Saytanar Pharmacy & Clinic - စေတနာ ဆေးဆိုင် နှင့် အထွေထွေရောဂါကု ဆေးခန်း

Saytanar Pharmacy & Clinic - စေတနာ ဆေးဆိုင် နှင့် အထွေထွေရောဂါကု ဆေးခန်း ဆေးဆိုင်နှင့်ဆေးခန်း

မော်ရီယာမင်းကို ဈေးကြီးတာလည်းမသုံးချင်ဘူး အရမ်းသက်သာတာကလည်း အာနိသင်ရှိပါ့မလားစိတ်ပူလို့ အလယ်အလတ်ထဲကသုံးချင်တယ်ဆို ဒါလေးသ...
05/03/2024

မော်ရီယာမင်းကို ဈေးကြီးတာလည်းမသုံးချင်ဘူး အရမ်းသက်သာတာကလည်း အာနိသင်ရှိပါ့မလားစိတ်ပူလို့ အလယ်အလတ်ထဲကသုံးချင်တယ်ဆို ဒါလေးသုံးကြည့်လို့ရပါတယ်။

Amino Composite IV (မော်ရီယာမင်း/ထိုင်ဝမ်)
တစ်လုံး 6,000 ကျပ် / Exp 2025 (တစ်ဘူး ၁၀ လုံးပါ)
အများဈေး သပ်သပ်ရှိ

စေတနာဆေးဆိုင်
Cb or 09408090022

ရေလွှမ်းမိုးမှုအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး​၏ လမ်းညွှန်ချက်များကို ထပ်ဆင့်မျှဝေပေးလိုက်ပါတယ်...
12/05/2023

ရေလွှမ်းမိုးမှုအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး​၏ လမ်းညွှန်ချက်များကို ထပ်ဆင့်မျှဝေပေးလိုက်ပါတယ်

https://www.facebook.com/100064749187259/posts/620083536826614/?mibextid=SDPelY

မော်ရီယာမင်းကို ဈေးကြီးတာလည်းမသုံးချင်ဘူး အရမ်းသက်သာတာကလည်း အာနိသင်ရှိပါ့မလားစိတ်ပူလို့ အလယ်အလတ်ထဲကသုံးချင်တယ်ဆို ဒါလေးသ...
03/02/2023

မော်ရီယာမင်းကို ဈေးကြီးတာလည်းမသုံးချင်ဘူး အရမ်းသက်သာတာကလည်း အာနိသင်ရှိပါ့မလားစိတ်ပူလို့ အလယ်အလတ်ထဲကသုံးချင်တယ်ဆို ဒါလေးသုံးကြည့်လို့ရပါတယ်။

Amino Composite IV (မော်ရီယာမင်း/ထိုင်ဝမ်)
တစ်လုံး ၅### ကျပ် / Exp 2025
အများဈေး သပ်သပ်ရှိ

စေတနာဆေးဆိုင်
Cb or 09408090022

ဝမ်းချုပ်ခြင်း ပြဿနာသင့်ကိုယ်သင် ဝမ်းချုပ်နေပြီလို့ ခံစားနေရပါပြီလား...အဲဒါဆို သင်တစ်ယောက်တည်း မဟုတ်ပါဘူး...အသက်အရွယ်မရွ...
17/01/2023

ဝမ်းချုပ်ခြင်း ပြဿနာ

သင့်ကိုယ်သင် ဝမ်းချုပ်နေပြီလို့ ခံစားနေရပါပြီလား...
အဲဒါဆို သင်တစ်ယောက်တည်း မဟုတ်ပါဘူး...

အသက်အရွယ်မရွေး ဝမ်းချုပ်တတ်ပါတယ်။ဝမ်းချုပ်ခြင်းက ကမ္ဘာတစ်ဝန်း အဖြစ်များတဲ့ အခြေအနေတစ်ခုပါ။ ဒီနေရာမှာ 'ရောဂါ'လို့ မသုံးပဲ 'အခြေအနေ' လို့သုံးလိုက်ရတာက ဝမ်းချုပ်ခြင်းက နေထိုင်စားသောက်မှုပုံစံမမှန်မှုကြောင့် အဖြစ်များတတ်လို့ပါ။ တချို့ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပေမယ့် ဒီဆောင်းပါးမှာ အဓိကဆွေးနွေးပေးမှာက ရောဂါကြောင့် မဟုတ်တဲ့ ဝမ်းချုပ်ခြင်းသက်သာအောင် အဓိကပြောပြပေးမှာဖြစ်လို့ပါ။

🧐သင် ဝမ်းချုပ်နေပြီဆို ဘယ်လိုလက္ခဏာတွေခံစားရမလဲ?
▶️ တစ်ပတ်အတွင်း ဝမ်းသွားချိန် သုံးခါအောက်သာရှိခြင်း
▶️ဝမ်း အလွန်အမင်း မာခြင်း
▶️ဝမ်းသွားရန် ပုံမှန်ထက်ပို၍ ညှစ်ပြီးမှသွားရခြင်း
▶️စမြင်းတုံးခံနေခြင်း

❓ဘာကြောင့် ဝမ်းချုပ်ရသလဲ?
ပါးစပ်ကနေ စားလိုက်တဲ့ အစားအစာတွေကို ဝမ်းအဖြစ် ခန္ဓာကိုယ်အပြင်သို့စွန့်ထုတ်ရပါတယ်။ အဲဒီဖြစ်စဉ်အရ အူတွေထဲမှာ အစာတွေလှုပ်ရှားမှု အားနည်းရာမှ အစာထဲကရေတွေအများကြီးစုက်ယူခံလိုက်ရပြီး ခြောက်သွေ့တဲ့ အပြင်ကိုလွယ်လွယ်မထွက်တော့တဲ့ ဝမ်းမာမာတွေဖြစ်လာပါတယ်။

အဓိကအားဖြင့်
▶️ အမျှင်ဓာတ်ပါတဲ့ အစာတွေ အစားနည်းခြင်း
▶️ရေသောက်နည်းခြင်း
▶️ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း
▶️စိတ်ဖိစီးမှုများခြင်း
▶️ဝမ်းသွားခြင်းကို မကြာခဏအောင့်ထားတတ်ခြင်း စတဲ့အပြုအမူတွေကြောင့်ဖြစ်ပါတယ်။

၃လနှင့်အထက်ကာလရှည်ကြာဝမ်းချုပ်လာပြီဆိုရင်တော့ အောက်ပါရောဂါတွေကို သတိထားသင့်ပါတယ်
❗လည်ပင်းကြီးရောဂါ၊ ဆီးချိုရောဂါ
❗အူမကြီးကင်ဆာ
❗အခြားအူမကြီးရောဂါများ
❗လေဖြတ်ခြင်း
❗အူပ်ိတ်ခြင်း၊ အူခေါက်ခြင်း

🔆ဝမ်းနှုတ်ဆေး/ ဝမ်းပျော့ဆေးတွေသောက်တာထက် နေ့စဉ်နေထိုင်လှုပ်ရှားမှု Lifestyle ပြောင်းလဲမှုများ လုပ်ဆောင်ပေးခြင်းဖြင့် အချိန်ကုန် ငွေကုန်သက်သာပြီး ဆေးတွေရဲ့ ဆိုးကျိုးတွေကနေ ရှောင်ရှားနိုင်ပါတယ်

💡ဝမ်းချုပ်တာ သက်သာအောင် နေ့စဉ်ဘဝမှာ ဘာတွေလုပ်ဆောင်သင့်လဲ❓
▶️တစ်နေ့ကို အနည်းဆုံး ရေနှစ်လီတာသောက်ရပါမယ်။
▶️ကဖင်းဓာတ်ပါသော အရည်များ နှင့် အရက်အလွန်အကျွံသောက်ခြင်းကိုရှောင်ရှားရပါမယ်။
▶️ အမျှင်ဓာတ်ပါသောဟင်းသီးဟင်းရွက်၊ အသီးအနှံများများစားခြင်း၊အစေ့အဆန်များစားသုံးခြင်း (အခွံမခွာထားသောပန်းသီး၊ လိမ္မော်သီးအသားပေါ်က အမျှင်လေးများ၊ သင်္ဘောသီး၊ ဌက်ပျောသီး စသဖြင့်စားသုံးပေးနိုင်ပါတယ်။ ဒိန်ချဉ်ကလည်း ဝမ်းမှန်စေဖို့ သဘာဝကပေးတဲ့ ဆေးတစ်ခွက်ပါ) အဆီဓာတ်များသော အသား နဲ့ cheese များလျှော့စားရပါမယ်။
▶️ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းများလုပ်ဆောင်ခြင်း
▶️ဝမ်းသွားချင်စိတ်ကို မကြာခဏအော့င်ပစ်ခြင်းမှ ရှောင်ရှားရပါမယ်။

အထက်ပါနည်းလမ်းတွေနဲ့မှ အဆင်မပြေဘူးဆိုရင်တော့ တတ်ကျွမ်းနားလည်သူနဲ့ တိုင်ပင်ပြီးမှ ဝမ်းပျော့ဆေး/ဝမ်းနှုတ်ဆေးများ သောက်သုံးသင့်ပါတယ်။

မှီငြမ်း
Constipation (Mayo Clinic, Cleveland Clinic)
photo credit iStock photos

နယ် order လေးတွေ တစ်ဖြတ်ဝယ်သူအားပေးသူတိုင်းကို အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်မယ်ဝ အရသာအစုံAmino composite (IV မော်ရီယာမင်း...
29/10/2022

နယ် order လေးတွေ တစ်ဖြတ်
ဝယ်သူအားပေးသူတိုင်းကို အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်

မယ်ဝ အရသာအစုံ
Amino composite (IV မော်ရီယာမင်း ထိုင်ဝမ်)

သီတင်းကျွတ်အထူးလျှော့ဈေးလေးရှိပါတယ်ရှင် ✨ကိုယ်တိုင်အသုံးပြုမယ့်သူတွေအတွက် တကယ်သက်သာတဲ့ စျေးနှုန်းအနည်းဆုံးနဲ့ပေးထားလို့ ...
14/10/2022

သီတင်းကျွတ်အထူးလျှော့ဈေးလေးရှိပါတယ်ရှင် ✨

ကိုယ်တိုင်အသုံးပြုမယ့်သူတွေအတွက် တကယ်သက်သာတဲ့ စျေးနှုန်းအနည်းဆုံးနဲ့ပေးထားလို့ လက်ကျန်ရှိသလောက်သာရပါမယ်ရှင်

အသက်သာဆုံးဈေးနှုန်းတွေ အတွက် cb သို့မဟုတ် ☎️ ကနေဆက်သွယ်လိုက်ပါရှင်

စေတနာဆေးဆိုင် ရန်ကင်း
09408090022

၉.၁၀.၂၀၂၂ သီတင်းကျွတ်လပြည့်နေ့တွင် စေတနာ ဆေးဆိုင် နှင့် ဆေးခန်း တစ်ရက်ပိတ်ပါမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။​ပ...
09/10/2022

၉.၁၀.၂၀၂၂ သီတင်းကျွတ်လပြည့်နေ့တွင် စေတနာ ဆေးဆိုင် နှင့် ဆေးခန်း တစ်ရက်ပိတ်ပါမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

ပျော်ရွှင်ကြည်နူးစရာ သီတင်းကျွတ်ချိန်ခါ ဖြစ်ပါစေကြောင်း စေတနာ ဆေးဆိုင် နှင့် ဆေးခန်း မိသားစုမှ ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်ရှင် ✨🙏🏼

စေတနာ ဆေးဆိုင် နှင့် ဆေးခန်း
09408090022
၂၂၉/ခ၊ မိုးကောင်းလမ်း၊ (၁၃)ရပ်ကွက်၊ ရန်ကင်းမြို့နယ်။

Vitamin C 500mg ပါဝင်တဲ့ Optimal C🟡ရာသီတုတ်ကွေးတွေ အဖြစ်များလို့ ကိုယ်ခံအားကိုမြှင့်တင်ချင်လား🟡အရွယ်မတိုင်မီ အိုမင်းရင့်...
01/10/2022

Vitamin C 500mg ပါဝင်တဲ့ Optimal C

🟡ရာသီတုတ်ကွေးတွေ အဖြစ်များလို့ ကိုယ်ခံအားကိုမြှင့်တင်ချင်လား
🟡အရွယ်မတိုင်မီ အိုမင်းရင့်ရော်တာကို ကာကွယ်ချင်ပါသလား
🟡ဒဏ်ရာ အနာတရဖြစ်ပြီး အနာတွေ အကျက်နှေးလို့စိတ်ညစ်နေပါလား
🟡သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ၊ အာရုံကြောအားနည်းသောရောဂါနဲ့ နှလုံးသွေးကြောကျဉ်းရောဂါတွေကို တစ်ဖက်တစ်လမ်းမှ ကာကွယ်ချင်တယ် ဆိုရင်တော့

Vitamin C 500 mg ပါဝင်တဲ့ Optimal C ကိုသာ သတိရလိုက်ပါရှင်။ Immune booster ဖြစ်လို့ ကိုယ်ခံအားတက်စေရုံသာမက တစ်လုံးတည်းနဲ့ Vitamin C 500mg တောင်ပါလို့ ဆေးလုံးတွေအများကြီး သောက်စရာမလိုတော့ပါဘူးရှင်။

အဲဒါအပြင် India နိုင်ငံ SV Health care က ထုတ်လုပ်ထားတာဖြစ်လို့ အရည်အသွေးကောင်းတဲ့ ဆေးကို ဈေးနှုန်းသင့်တင့်စွာနဲ့ စိတ်ချလက်ချဝယ်ယူအားပေး နိုင်ပါပြီရှင်။

ဝယ်ယူချင်တယ်ဆိုရင်တော့
တစ်ကတ်ကို ၁,၀၀၀ ကျပ်ဖြစ်ပါတယ်။ အများဈေးသပ်သပ်ရှိပါတယ်ရှင်။
cb or 09408090022

Vitamin C နှင့် ကျန်းမာရေးဒီဆောင်းပါးလေးကနေ Vitamin C နဲ့ ပတ်သက်တဲ့အကြောင်းလေးတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။✅ Vitamin ...
25/09/2022

Vitamin C နှင့် ကျန်းမာရေး

ဒီဆောင်းပါးလေးကနေ Vitamin C နဲ့ ပတ်သက်တဲ့အကြောင်းလေးတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

✅ Vitamin C ဆိုတာ ဘာလဲ?

Vitamin C က ခန္ဓာကိုယ်ရဲ့ သက်စောင့် လုပ်ငန်းတာဝန်တွေ ပုံမှန်လည်ပတ်နိုင်ဖို့လိုအပ်တဲ့ အရေးကြီးတဲ့ အရာတစ်ခုပါ။ သူ့ကို Ascorbic acid လို့လည်းခေါ်သလို ဈေးကွက်ထဲမှာဆိုရင်တော့ Cevit လို့အသိများကြပါတယ်။

🟡 ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် အပါအဝင် အရိုး၊ သွေးကြောနံရံတွေနဲ့ အခြားအရေးပါတဲ့ နေရာတွေအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ collagen တည်ဆောက်ရေးအတွက် လိုအပ်သလို အာရုံကြောစနစ်အတွက် လိုအပ်တဲ့ ဟော်မုန်းတွေ အတွက်လည်း အရေးကြီးဖြစ်တဲ့ အာဟာရတစ်ခုဖြစ်ပါတယ်။

🟡 Antioxidants (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) တစ်ခုဖြစ်လို့ ခန္ဓာကိုယ်အတွက် အန္တရာယ်ဖြစ်စေမယ့် ဒြပ်ပေါင်းတွေ (ဆေးလိပ် မီးခိုးငွေ့၊ ခရမ်းလွန်ရောင်ခြည် နဲ့ ဓာတ်ရောင်ခြည်) ရဲ့ဘေးထွက်ဆိုးကျိုးတွေကနေ ကာကွယ်ပေးပါတယ်။

🟡 ခန္ဓာကိုယ်ရဲ့ တည်ဆောက်ရေးလုပ်ငန်းတွေသာမက ပြုပြင်ရေးလုပ်ငန်းစဉ်တွေ (အနာကျက်ဖို့လိုမျိုး) မှာလည်း ပါဝင်ပတ်သက်နေတဲ့အပြင် သံဓာတ်တွေ ထိန်းသိမ်းထားသိုဖို့ နဲ့ စနစ်တကျအသုံးပြုရေးတွေမှာ ထိန်းညှိပေးပါတယ်။

✅ဒီလောက်ဆ်ို Vitamin C ရဲ့ အရေးပါပုံတွေသိသွားပြီဆိုတော့ ဘယ်ကနေ ဘယ်လိုရနိုင်မလဲဆိုတာ ပြောပြပေးပါမယ်။

လူ့ခန္ဓာကိုယ်မှာက Vitamin C ကို မထုတ်လုပ်နိုင်သလို ထိန်းသိမ်းနိုင်စွမ်းလည်းမရှိပါဘူး။ အဲဒါကြောင့် 'အစာလည်းဆေး၊ ဆေးလည်းအစာ' ဆိုသလို အစားအစာကနေဖြစ်စေ ဆေးဝါးကနေဖြစ်စေ ရရှိမယ့် Vitamin C ကိုပဲ အားကိုးရမှာပါ။

ဈေးကြီးပေးဝယ်ရတဲ့ ဆေးတွေထက် သဘာဝအတိုင်းရရှိတဲ့ Vitamin C ကြွယ်ဝတဲ့အစားအစာတွေက အများကြီးပ်ိုအကျိုးကျေးဇူး ကြီးမားတယ်ဆိုတာ နိုင်ငံတကာစာတမ်းတွေမှာပါဖော်ပြထားပြီးသားဖြစ်ပါတယ်။ အဲဒါကြောင့် တကူးတကသွားဝယ်စရာမလို၊ ငွေကုန်ကြေးကျများစရာမလိုပဲ အာဟာရပြည့်ဝတဲ့ မိသားစုထမင်းဝိုင်းတစ်ခု အလွယ်တကူဖန်တီးနိုင်ပါတယ်။

✅Vitamin C ကြွယ်ဝတဲ့ အသီးအရွက်တွေကို ဖော်ပြရမယ်ဆိုရင်ဖြင့်
🟡လိမ္မော်သီး၊ ဆန်းကစ်သီး၊ သံပရာသီး နှင့် ရှောက်သီးကဲ့သို့ အရည်ရွှမ်းပြီး ချဉ်သောအရသာရှိတဲ့ အသီးများ
🟡ဘယ်ရီသီးများ
🟡အာလူး၊ ခရမ်းချဉ်သီး၊ ငရုတ်ပွသီး၊ ဂေါ်ဖီထုပ်၊ ဘရိုကိုလီ နှင့် ဟင်းနုနယ်ရွယ် တို့ပဲဖြစ်ပါတယ်။

⚠️အိမ်ရှင်မတို့အနေနဲ့ တစ်ခုသတိထားရမှာကတော့ အပူရှိန်ပြင်းပြင်းနဲ့ အချိန်ကြာကြာချက်တာက အသီးအရွက်တွေမှာပါတဲ့ Vitamim C ဓာတ်တွေကို ပျက်စီးစေတတ်လို့ ရေနည်းနည်းနဲ့ချက်တာ၊ ကြော်တာ၊ ရေနွေးဖျောတာ စသဖြင့်ပြုလုပ်ခြင်းနှင့် အသီးအမှည့်တွေကို အချိုပွဲမှာစားသုံးတာလေးတွေလုပ်ပေးနိုင်ပါတယ်။

💊အစားအစာထဲကမဟုတ်ပဲ ဆေးဝါးဖြည့်စွက်စာအနေနဲ့ဆိုရင်တော့ သောက်ဆေး၊ ငုံဆေး၊ ရေဆူဆေးအနေနဲ့လာပါတယ်။ အရေးပေါ်လ်ိုအပ်သူတွေအတွက် ထိုးဆေးပုံစံနဲ့လည်းလာပါတယ်။

💊 နေ့စဉ်သောက်သုံးရမယ့်ပမာဏကတော့ ယေဘုယျအားဖြင့် အရွယ်ရောက်ပြီး အမျိုးသား/အမျိုးသမီးတွေဆို 120mg ဖြစ်ပြီး ရောဂါလိုအပ်ချက်အရ တစ်ရက်လျှင်အများဆုံး 2000mg အထိသောက်နိုင်ပါတယ်။

✅Vitamin C က ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ပေးနိုင်လဲ?

🟡အသက်ကြီးလာရင်ဖြစ်တတ်တဲ့ မျက်စိရောဂါ၊ အတွင်းတိမ်ဖြစ်ခြင်းတွေကို ကာကွယ်ပေးနိုင်တယ်။
🟡ရာသီတုပ်ကွေး လက္ခဏာတွေနဲ့ ပြင်းထန်မှုကိုလျော့နည်းစေတယ်။ Vit C သောက်သုံးတဲ့သူတွေက တုပ်ကွေးမြန်မြန်ပိုသက်သာစေကြောင်း နိုင်ငံတကာသုတေသနတွေမှာတွေ့ရှိပြီးဖြစ်ပါတယ်။
🟡သုတေသနအချို့မှာတော့ နာတာရှည်ရောဂါတွေဖြစ်တဲ့ ကင်ဆာ နဲ့ နှလုံးသွေးကြောကျဉ်းရောဂါတွေကို ကာကွယ်နိုင်ကြောင်း ဖော်ပြထားပါတယ်။

⚠️သင့် ခန္ဓာကိုယ်မှာ Vitamin C ချို့တဲ့နေပြီဆိုတာ ဘယ်လိုသိနိုင်မလဲ?

Vitamin C ချို့တဲ့ တဲ့ရောဂါကို 'Scurvy' လို့ခေါ်ပါတယ်။ အများအားဖြင့် ဟင်းသီးဟင်းရွက် အသီးအနှံ အစားနည်းသူများ၊ ဆေးလိပ်နှင့် အရက်သောက်သူတွေမှာ ဖြစ်တတ်ပါတယ်။

ဘယ်လိုလက္ခဏာတွေ ခံစားရမလဲဆိုရင်-
⚠️အရေပြားမှာ သွေးခြေဥသကဲ့သို့ အစက်အပြောက်များပေါ်ခြင်း
⚠️သွားဖုံးရောင်ခြင်း၊ သွားဖုံးသွေးယိုခြင်း
⚠️ဆံပင်ကျွတ်ခြင်း
⚠️အနာကောင်းကောင်းမကျက်ခြင်း၊ အကျက်နှေးခြင်း
⚠️ပင်ပန်းနွမ်းနယ်ခြင်း
⚠️သံဓာတ်အားနည်းခြင်း၊ သွေးအားနည်းရောဂါဖြစ်ခြင်းတို့ ဖြစ်ပါတယ်။

အဲဒီလက္ခဏာတွေခံစားနေရပြီဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးရပါမယ်။

🔴 'တန်ဆေး လွန်ဘေး' ဆ်ိုသလို မလိုအပ်ပဲ Vitamin C တွေအများကြီးသောက်သုံးမိမယ်ဆိုရင်တော့ ဘေးထွက်ဆိုးကျိုးလေးတွေရှိတတ်ပါတယ်။
တစ်နေ့လျှင် 3000mg ထက်ပိုသောက်မိမယ်ဆိုရင်တော့ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ယင်းပမာဏကို ရေရှည်စွဲသောက်မိပါက ဆီးကျောက်တည်ခြင်းအထိဖြစ်နိုင်ပါတယ်။

သင့်တင့်မျှတစွာ စားသောက်နေထိုင်ပြီး ကျန်းမာပျော်ရွှင်သောဘဝများ တည်ထောင်ကြပါစို့

Reference: Vitamin C from Mayo Clinic and Harvard School of Public Health websites

စေတနာ ဆေးဆိုင်နှင့် အထွေထွေရောဂါကုဆေးခန်း
၂၂၉/ခ၊ မိုးကောင်းလမ်း၊ (၁၃)ရပ်ကွယ်၊ ရန်ကင်းမြို့နယ်။
☎️09408090022

Amino acid/ Moriamin Injection လိုအပ်သူများအတွက် ဈေးနှုန်းသင့်တော်တဲ့ Moriamin S2 IV TaiwanExp 2025ပစ္စည်းအသင့်ရှိ/ လိုသ...
24/09/2022

Amino acid/ Moriamin Injection လိုအပ်သူများအတွက်

ဈေးနှုန်းသင့်တော်တဲ့ Moriamin S2 IV Taiwan

Exp 2025

ပစ္စည်းအသင့်ရှိ/ လိုသလောက်ရမည်
တစ်လုံး/one ampoule 5500 Kyats
အများဈေးသပ်သပ်ရှိသည်

🩸နယ်မှမှာယူရင်လဲ Cash on deli ရပါတယ်ရှင့်🩸

Cb or ☎️ 09408090022

အသည်းရောင်အသားဝါ 🦠 B ပိုး ရဲ့နောက်ဆက်တွဲဆိုးကျိုးများကို ရှောင်ရှားနိုင်ဖို့ မဖြစ်ခင်က ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးပါ။...
28/08/2022

အသည်းရောင်အသားဝါ 🦠 B ပိုး ရဲ့နောက်ဆက်တွဲဆိုးကျိုးများကို ရှောင်ရှားနိုင်ဖို့ မဖြစ်ခင်က ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးပါ။

စေတနာဆေးခန်းမှာ အသည်းရောင်အသားဝါ B ပိုး ကာကွယ်ဆေးများ 💉ကြိုတင်ရက်ချိန်းရယူပြီး ထိုးနှံနိုင်ပါပြီ။

စေတနာဆေးခန်း
မိုးကောင်းလမ်း (သစ္စာလမ်းအနီး)ရန်ကင်းမြို့နယ်
☎️ 09408090022 or cb

🏥စေတနာဆေးခန်းမှ အသက်၇၅နှစ်နှင့်အထက် ဘိုးဘိုးဘွားဘွားများကို စမ်းသပ်ခအခမဲ့ဖြင့် စမ်းသပ်စစ်ဆေး ကုသပေးနေပြီဖြစ်ကြောင်း သတင်...
06/06/2022

🏥စေတနာဆေးခန်းမှ အသက်၇၅နှစ်နှင့်အထက် ဘိုးဘိုးဘွားဘွားများကို စမ်းသပ်ခအခမဲ့ဖြင့် စမ်းသပ်စစ်ဆေး ကုသပေးနေပြီဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါတယ်ရှင်

​မိဘပြည်သူများအတွက်လည်း ဆေးခန်းကို ညနေ ၄နာရီမှ ည၇နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှူများပေးနေပါပြီရှင်

Address

Moe Kaung Road
Yangon
11081

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

+959408090022

Website

Alerts

Be the first to know and let us send you an email when Saytanar Pharmacy & Clinic - စေတနာ ဆေးဆိုင် နှင့် အထွေထွေရောဂါကု ဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share