04/02/2026
ဖေဖော်ဝါရီလ ၄ ရက်နေ့ဟာ ကမ္ဘာ့ကင်ဆာရောဂါနေ့ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လူသားအားလုံး ကင်ဆာရောဂါအကြောင်း ပိုမိုသိရှိနားလည်စေဖို့၊ အသိအမြင်တွေ မြှင့်တင်ပေးဖို့နဲ့ ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှုနှုန်းကို လျှော့ချဖို့ ရည်ရွယ်ပြီး သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ဘာကြောင့် ဒီနေ့ကို သတ်မှတ်ရတာလဲဆိုရင်
📌ကင်ဆာရောဂါဟာ ကြောက်စရာကောင်းပေမယ့် စောစီးစွာ ရှာဖွေတွေ့ရှိရင် ကုသနိုင်တယ်ဆိုတာကို သိရှိစေဖို့။
📌ကင်ဆာဖြစ်ပွားမှုရဲ့ သုံးပုံတစ်ပုံခန့်ကို နေထိုင်မှုပုံစံ ပြောင်းလဲခြင်းဖြင့် ကာကွယ်နိုင်တယ်ဆိုတာ သိရှိစေဖို့။
📌ကင်ဆာဝေဒနာရှင်များ၊ ၎င်းတို့ရဲ့ မိသားစုဝင်များနဲ့ စောင့်ရှောက်ပေးသူများအားလုံးကို အားပေးထောက်ခံကြောင်း ပြသဖို့။ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ကို ကမ္ဘာ့ကင်ဆာရောဂါနေ့ အဖြစ် သတ်မှတ်ထားခြင်း ဖြစ်ပါတယ်။
ကင်ဆာရောဂါမဖြစ်ပွားအောင် သင်လုပ်နိုင်တဲ့အချက်(၃)ချက်ကတော့ ကျန်းမာတဲ့ နေထိုင်မှုပုံစံတွေဖြစ်တဲ့
🚬ဆေးလိပ်လုံးဝဖြတ်ပါ။ (ဆေးလိပ်သောက်ခြင်းက ကင်ဆာရဲ့ အဓိက အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်)
🥬အသီးအရွက်နဲ့ အမျှင်ဓာတ် များများစားပြီး၊ အရက်သောက်သုံးမှုကို လျှော့ချပါ။
🏃♂️ကိုယ်အလေးချိန်ကို ထိန်းချုပ်ပြီး ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။
(I Am and I Will)" ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ကင်ဆာတိုက်ဖျက်ရေးမှာ လူတိုင်းက တစ်ကိုယ်ရေ သော်လည်းကောင်း၊ အဖွဲ့အစည်းအနေနဲ့သော်လည်းကောင်း ပါဝင်ကူညီနိုင်ပါတယ်။
ကင်ဆာဆိုတာ အဆုံးသတ်မဟုတ်ပါဘူး။ မျှော်လင့်ချက်နဲ့ ခွန်အားတွေ အတူပေးစို့!
သင်သိတဲ့လူတွေထဲမှာ ကင်ဆာနဲ့ ရင်ဆိုင်နေရသူတွေရှိရင် သူတို့ကို ခွန်အားဖြစ်စေမယ့် စကားလုံးလေးတွေ Comment မှာ ရေးပေးခဲ့ပါ။