Health Point Specialist Clinic

Health Point Specialist Clinic SAFE ❇️ CONVENIENT ❇️ RELIABLE❇️ အထူးကုသမားတော်နှင့်ပြသရန် +95-9880875220, +95-9880875221 သို့ ဆက်သွယ်၍ Booking ရယူနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

သင်ဟာကျန်းမာရေးလိုက်စားတဲ့သူတစ်ယောက်ဆိုရင် ကျန်းမာရေးစစ်ဆေးမှုတွေက မဖြစ်မနေလုပ်ဆောင်ရမယ့် တာဝန်တစ်ရပ်ပါပဲ။ကိုယ်ခန္ဓာရဲ့ ...
05/12/2025

သင်ဟာကျန်းမာရေးလိုက်စားတဲ့သူတစ်ယောက်ဆိုရင် ကျန်းမာရေးစစ်ဆေးမှုတွေက မဖြစ်မနေလုပ်ဆောင်ရမယ့် တာဝန်တစ်ရပ်ပါပဲ။
ကိုယ်ခန္ဓာရဲ့ ဇီဝကမ္မဖောက်လွဲဖောက်ပြန်ဖြစ်စဉ်တွေကို သာမာန်အမြင်ပိုင်းအားဖြင့် သတိပြုမိဖို့က မလွယ်ကူလှပါဘူး။
ဒါ့ကြောင့်လည်း ခန္ဓာကိုယ်ရဲ့အတွင်းပိုင်းမှာ ဘယ်လိုချို့ယွင်းမှုတွေရှိလဲဆိုတာတွေကို သေချာတိတိကျကျ စစ်ဆေးနိုင်ဖို့ Medical check-up တွေက အမျိုးမျိုးရှိလာတာဖြစ်ပါတယ်။
ဒီနေ့မှာတော့ Health Point Specialist Clinic မှာရနိုင်တဲ့ Executive Medical Check-up Package လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
Executive Medical Check-up Package မှာဆိုရင် အခြေခံကျန်းမာ‌ရေးစစ်ဆေးခြင်းတွေအပါအဝင်
🩺 သွေးနှင့်ပတ်သတ်၍ စစ်ဆေးခြင်း ၊
🩺 ဆီးချိုရောဂါစစ်ဆေးခြင်း ၊
🩺 သွေးတွင်းအဆီဓာတ်စစ်ဆေးခြင်း၊
🩺 အသည်း ၊ ဆီးနှင့် ကျောက်ကပ် ၊ သိုင်းရွိုက်လုပ်ဆောင်ချက် စစ်ဆေးခြင်း ၊
🩺 အဆစ်အမြစ်ရောင်ရောဂါ စစ်ဆေးခြင်း ၊
🩺 အရိုးရောဂါအတွက်စစ်ဆေးခြင်း ၊
🩺 ရောဂါပိုးစစ်ဆေးခြင်း ၊
🩺 ပုံရိပ်ဖော်နည်းပညာဖြင့် စစ်ဆေးခြင်း ၊
🩺 အခြားသော ကင်ဆာနဲ့ပတ်သတ်တဲ့ Screening Tests တွေ ပါဝင်မှာပဲဖြစ်ပါတယ်။
ဒါ့အပြင် ဆေးစစ်ချက်အဖြေတွေကိုလည်း သမားတော်အထူးကုကြီးတွေက ကိုယ်တိုင်အသေးစိတ်ဆွေးနွေးပေးသွားဦးမှာလည်းဖြစ်ပါတယ်။
အားသာချက်တစ်ခုအနေနဲ့ 𝗛𝗲𝗮𝗹𝘁𝗵 𝗣𝗼𝗶𝗻𝘁 𝗦𝗽𝗲𝗰𝗶𝗮𝗹𝗶𝘀𝘁 𝗖𝗹𝗶𝗻𝗶𝗰 က ကိုယ်ပိုင်ဓါတ်ခွဲခန်းထားရှိပြီး Germany နိုင်ငံ အသိအမှတ်ပြု 𝗘𝗦𝗳𝗘𝗤𝗔 ရပြီးသား စက်ပစ္စည်းတွေနဲ့ စစ်ဆေးပေးနေတဲ့အပြင် 𝗜𝗦𝗢 𝟵𝟬𝟬𝟭 - 𝟮𝟬𝟭𝟱 အသိအမှတ်ပြုလက်မှတ်ရထားတဲ့အတွက် Quality Management ပိုင်းဆိုင်ရာကို အပြည့်အဝယုံကြည်စိတ်ချလို့ရနိုင်ပါတယ်။
အသေးစိတ်အချက်အလက်များအတွက်
☎️Hot Line: 09880875220~21,09444099941 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

#ဆေးစစ်

အသက် ၄၀ ကျော်လာတဲ့ အမျိုးသမီးတွေအတွက် ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေနဲ့အတူ အာဟာရလိုအပ်ချက်တွေလည်း ပြောင်းလဲလာပါတယ်။ အထူးသ...
04/12/2025

အသက် ၄၀ ကျော်လာတဲ့ အမျိုးသမီးတွေအတွက် ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေနဲ့အတူ အာဟာရလိုအပ်ချက်တွေလည်း ပြောင်းလဲလာပါတယ်။ အထူးသဖြင့် ဟော်မုန်းအပြောင်းအလဲ (သွေးဆုံးအကြိုကာလ)၊ အရိုးသိပ်သည်းဆကျဆင်းခြင်း၊ ဇီဝကမ္မဖြစ်စဉ် နှေးကွေးလာခြင်းတွေကြောင့် အောက်ပါ (Vitamins and Minerals )ဗီတာမင်နဲ့ သတ္တုဓာတ်တွေက အလွန်အရေးကြီးလာပါတယ်။

၁။ ဗီတာမင် 𝐃 (𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐃)
ကယ်လ်စီယမ်ကို ခန္ဓာကိုယ်က စုပ်ယူနိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ အရိုးတွေကို သန်မာစေပြီး အရိုးပါးရောဂါ (𝐎𝐬𝐭𝐞𝐨𝐩𝐨𝐫𝐨𝐬𝐢𝐬) ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးပါတယ်။ ခုခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။

ရရှိနိုင်သော အစားအစာများ: ဆယ်လ်မွန်ငါး၊ တူနာငါးကဲ့သို့ အဆီများတဲ့ငါးများ၊ ကြက်ဥအနှစ်၊ ဗီတာမင် 𝐃 ဖြည့်စွက်ထားသော နွားနို့၊ ဒိန်ချဉ်နှင့် လိမ္မော်ရည်။
အခြားနည်းလမ်း: နေရောင်ခြည်မှလည်း ရရှိနိုင်ပါတယ်။ တစ်နေ့ကို ၁၅ မိနစ်ခန့် နေရောင်ခြည်နဲ့ ထိတွေ့ပေးသင့်ပါတယ်။

၂။ ကယ်လ်စီယမ် (𝐂𝐚𝐥𝐜𝐢𝐮𝐦)
အသက်ကြီးလာတာနဲ့အမျှ အရိုးသိပ်သည်းဆက တဖြည်းဖြည်း ကျဆင်းလာပါတယ်။ ကယ်လ်စီယမ်က အရိုးနဲ့သွားတွေကို သန်မာစေဖို့ အဓိကကျတဲ့အပြင် နှလုံး၊ ကြွက်သားနဲ့ အာရုံကြောတွေ ကောင်းမွန်စွာ အလုပ်လုပ်ဖို့လည်း ကူညီပေးပါတယ်။

ရရှိနိုင်သော အစားအစာများ: နို့နှင့် နို့ထွက်ပစ္စည်းများ (ဒိန်ချဉ်၊ ချိစ်)၊ အရိုးပါစားနိုင်သော ငါးသေးသေးလေးများ (ငါးနီတူ)၊ ကိုက်လန်၊ မုန်ညင်းစိမ်း၊ ပဲပြား၊ ဗာဒံစေ့။

၃။ ဗီတာမင် 𝐁𝟏𝟐 (𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐁𝟏𝟐)
ဦးနှောက်လုပ်ဆောင်ချက်၊ အာရုံကြောစနစ်နဲ့ သွေးနီဥဆဲလ်များ ထုတ်လုပ်မှုအတွက် အရေးကြီးပါတယ်။ အသက်ကြီးလာတဲ့အခါ အစာအိမ်က အက်ဆစ်ထုတ်လုပ်မှု နည်းလာတာကြောင့် 𝐁𝟏𝟐 စုပ်ယူနိုင်စွမ်း ကျဆင်းလာတတ်ပါတယ်။

ရရှိနိုင်သော အစားအစာများ: အမဲသား၊ ကြက်သား၊ ငါး၊ ဥ၊ နို့နှင့် နို့ထွက်ပစ္စည်းများ။ (သက်သတ်လွတ်စားသူများအတွက် 𝐁𝟏𝟐 ဖြည့်စွက်အားဆေး လိုအပ်နိုင်ပါတယ်)။

၄။ မဂ္ဂနီဆီယမ် (𝐌𝐚𝐠𝐧𝐞𝐬𝐢𝐮𝐦)
ကယ်လ်စီယမ်နဲ့ ဗီတာမင် 𝐃 တို့ကို ထိန်းညှိပေးတဲ့နေရာမှာ ပါဝင်ပါတယ်။ သွေးပေါင်ချိန်၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး အာရုံကြောနဲ့ ကြွက်သားတွေရဲ့ လုပ်ငန်းဆောင်တာတွေကို ကူညီပေးပါတယ်။ စိတ်ဖိစီးမှုလျှော့ချရန်နဲ့ ကောင်းမွန်စွာအိပ်စက်နိုင်ရန်လည်း အထောက်အကူပြုပါတယ်။

ရရှိနိုင်သော အစားအစာများ: ဗာဒံစေ့၊ သီဟိုဠ်စေ့၊ ဖရုံစေ့၊ ဟင်းနုနွယ်၊ ပဲအမျိုးမျိုး၊ အစေ့အဆန်များ၊ ချောကလက်အမည်း (𝐃𝐚𝐫𝐤 𝐂𝐡𝐨𝐜𝐨𝐥𝐚𝐭𝐞)။

၅။ အိုမီဂါ-၃ ဖက်တီးအက်ဆစ် (𝐎𝐦𝐞𝐠𝐚-𝟑 𝐅𝐚𝐭𝐭𝐲 𝐀𝐜𝐢𝐝𝐬)
ဗီတာမင်မဟုတ်ပေမယ့် မရှိမဖြစ်လိုအပ်တဲ့ အဆီတစ်မျိုးပါ။ နှလုံးကျန်းမာရေးကို အထောက်အကူပြုပြီး သွေးခဲခြင်းကို လျော့နည်းစေပါတယ်။ ဦးနှောက်ကျန်းမာရေးကို ကောင်းမွန်စေပြီး မှတ်ဉာဏ်ကျဆင်းခြင်းကို ကာကွယ်ပေးပါတယ်။ ရောင်ရမ်းမှုကိုလည်း လျှော့ချပေးပါတယ်။

ရရှိနိုင်သော အစားအစာများ: ဆယ်လ်မွန်၊ မက်ကရယ်၊ တူနာကဲ့သို့ အဆီများသောငါးများ၊ သစ်ကြားသီး၊ နှမ်းကြတ်စေ့ (𝐟𝐥𝐚𝐱𝐬𝐞𝐞𝐝𝐬)။

၆။ ဗီတာမင် 𝐁𝟔 (𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐁𝟔)
စိတ်ခံစားချက်ကို ထိန်းညှိပေးတဲ့ 𝐒𝐞𝐫𝐨𝐭𝐨𝐧𝐢𝐧 ဟော်မုန်းထုတ်လုပ်ရာမှာ ကူညီပေးပါတယ်။ ခုခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။

ရရှိနိုင်သော အစားအစာများ: ကုလားပဲ၊ တူနာငါး၊ ဆယ်လ်မွန်ငါး၊ ကြက်သား၊ အာလူး၊ ငှက်ပျောသီး။

၇။ သံဓာတ် (𝐈𝐫𝐨𝐧)
သွေးဆုံးချိန်မရောက်သေးတဲ့ အမျိုးသမီးတွေအတွက် ရာသီသွေးဆင်းမှုကြောင့် သံဓာတ်ဆုံးရှုံးနိုင်ပါတယ်။ သံဓာတ်က သွေးအားနည်းရောဂါကို ကာကွယ်ပေးပြီး အားအင်ပြည့်ဝစေပါတယ်။ (သွေးဆုံးပြီး အမျိုးသမီးတွေကတော့ သံဓာတ်လိုအပ်ချက် နည်းသွားတတ်လို့ ဆရာဝန်နဲ့ မတိုင်ပင်ပြီးမှ သံဓာတ်အားဆေးသောက်သုံးသင့်ပါတယ်)။

ရရှိနိုင်သော အစားအစာများ: အနီရောင်အသား၊ ကြက်သား၊ ငါး၊ ပဲအမျိုးမျိုး၊ ဟင်းနုနွယ်။

လိုအပ်တာထက် ပိုသောက်မိရင် ဘေးထွက်ဆိုးကျိုးတွေရှိနိုတဲ့အတွက် ဖြည့်စွက်အားဆေးတွေ မသောက်ခင်မှာ မိမိရဲ့ ကျန်းမာရေးအခြေအနေနဲ့ လိုအပ်ချက်ကို သိရှိနိုင်ဖို့ ဆရာဝန် ဒါမှမဟုတ် အာဟာရပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ညီညွတ်မျှတတဲ့ အစားအသောက်အပြင် လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း၊ အိပ်ရေးဝဝအိပ်ခြင်း၊ စိတ်ဖိစီးမှု လျှော့ချခြင်းတွေကလည်း အသက် ၄၀ ကျော် အမျိုးသမီးတွေရဲ့ ကျန်းမာရေးအတွက် အလွန်အရေးကြီးပါတယ်ရှင်။

အခုလိုမျိုး ကျန်းမာရေးနှင့်ပတ်သက်ပြီး ဗဟုသုတရဖွယ်အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် Health Point Specialist Clinic ကိုလည်း Like & Follow လေးလုပ်ထားကြဖို့ မမေ့နဲ့နော်။

#ဆေးစစ်

ဒီဇင်ဘာလ (၃) ရက်နေ့လေးက 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐚𝐲 𝐨𝐟 𝐏𝐞𝐫𝐬𝐨𝐧𝐬 𝐰𝐢𝐭𝐡 𝐃𝐢𝐬𝐚𝐛𝐢𝐥𝐢𝐭𝐢𝐞𝐬 (အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့) ဖြစ်ပါတယ်ရှ...
03/12/2025

ဒီဇင်ဘာလ (၃) ရက်နေ့လေးက 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐚𝐲 𝐨𝐟 𝐏𝐞𝐫𝐬𝐨𝐧𝐬 𝐰𝐢𝐭𝐡 𝐃𝐢𝐬𝐚𝐛𝐢𝐥𝐢𝐭𝐢𝐞𝐬 (အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့) ဖြစ်ပါတယ်ရှင့်။🎉💗

ဒီနှစ်အတွက်ဆောင်ပုဒ်လေးက "အားလုံးပါဝင်နိုင်ပြီး ရေရှည်တည်တံ့သော အနာဂတ်အတွက် မသန်စွမ်းသူများ၏ ဦးဆောင်မှုကို ချဲ့ထွင်မြှင့်တင်ခြင်း (𝐀𝐦𝐩𝐥𝐢𝐟𝐲𝐢𝐧𝐠 𝐭𝐡𝐞 𝐋𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩 𝐨𝐟 𝐏𝐞𝐫𝐬𝐨𝐧𝐬 𝐰𝐢𝐭𝐡 𝐃𝐢𝐬𝐚𝐛𝐢𝐥𝐢𝐭𝐢𝐞𝐬 𝐟𝐨𝐫 𝐚𝐧 𝐈𝐧𝐜𝐥𝐮𝐬𝐢𝐯𝐞 𝐚𝐧𝐝 𝐒𝐮𝐬𝐭𝐚𝐢𝐧𝐚𝐛𝐥𝐞 𝐅𝐮𝐭𝐮𝐫𝐞)" ဖြစ်ပြီး မသန်စွမ်းသူများရဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး၊ ဘေးကင်းရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုများအတွက် အရေးပါသော ဆုံးဖြတ်ချက်များချမှတ်ရာတွင် ဦးဆောင်သူများအဖြစ် ပါဝင်လာစေရန် တိုက်တွန်းထားပါတယ်။🌍🕊️

မသန်ပေမယ့် စွမ်းတဲ့သူတွေဖြစ်တာမို့ ညီတူညီမျှအခွင့်အရေးတွေ ကမ်းလှမ်းပေးရင်း ပိုမိုကောင်းမွန်တဲ့နေ့ရက်သစ်တွေကို အတူတကွဖြတ်သန်းကြဖို့အတွက် တိုက်တွန်းလိုက်ပါတယ်ရှင်။ 💪❤️

𝐇𝐈𝐕 ပိုးဟာ သွေးမှတစ်ဆင့် အဓိကကူးစက်တတ်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။𝐇𝐈𝐕 ပိုးကူးစက်ခံရနိုင်ခြေအများဆုံးအခြေအနေတွေကို ပြောပြပေးခ...
02/12/2025

𝐇𝐈𝐕 ပိုးဟာ သွေးမှတစ်ဆင့် အဓိကကူးစက်တတ်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။
𝐇𝐈𝐕 ပိုးကူးစက်ခံရနိုင်ခြေအများဆုံးအခြေအနေတွေကို ပြောပြပေးချင်ပါတယ်။

1. 𝐔𝐧𝐩𝐫𝐨𝐭𝐞𝐜𝐭𝐞𝐝 𝐬𝐞𝐱𝐮𝐚𝐥 𝐜𝐨𝐧𝐭𝐚𝐜𝐭
အကာအကွယ်မသုံးဘဲ သို့မဟုတ် 𝐏𝐫𝐄𝐏 (𝐇𝐈𝐕 𝐩𝐫𝐞𝐯𝐞𝐧𝐭𝐢𝐨𝐧 𝐦𝐞𝐝𝐢𝐜𝐢𝐧𝐞) မသောက်ထားဘဲ 𝐇𝐈𝐕 ပိုးရှိသူနှင့် လိင်ဆက်ဆံမိခြင်း (အထူးသဖြင့် ပွန်းပဲ့ဒဏ်ရာတစ်ခုခုဖြစ်ခဲ့လျှင် ပိုပြီးအန္တရာယ်များပါတယ်။)

2. 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐍𝐞𝐞𝐝𝐥𝐞𝐬 𝐨𝐫 𝐒𝐲𝐫𝐢𝐧𝐠𝐞𝐬
𝐇𝐈𝐕 ပိုးရှိသူသုံးထားတဲ့ ဆေးထိုးအပ်အားပြန်သုံးမိခြင်း ၊ တက်တူး သို့မဟုတ် 𝐏𝐢𝐞𝐫𝐜𝐢𝐧𝐠 လုပ်ရာတွင် 𝐇𝐈𝐕 ပိုးရှိသူသုံးပြီးသားအပ်အား ပိုးမသတ်ဘဲပြန်သုံးမိခြင်း

3. 𝐁𝐥𝐨𝐨𝐝 𝐓𝐫𝐚𝐧𝐬𝐟𝐮𝐬𝐢𝐨𝐧 (𝐢𝐧 𝐫𝐚𝐫𝐞 𝐜𝐚𝐬𝐞)
𝐇𝐈𝐕 ပိုးရှိတဲ့သူရဲ့သွေးကို သွင်းမိခြင်း

4. 𝐅𝐫𝐨𝐦 𝐌𝐨𝐭𝐡𝐞𝐫 𝐭𝐨 𝐁𝐚𝐛𝐲 (𝐕𝐞𝐫𝐭𝐢𝐜𝐚𝐥 𝐓𝐫𝐚𝐧𝐬𝐦𝐢𝐬𝐬𝐢𝐨𝐧)
မိခင်တွင် 𝐇𝐈𝐕 ပိုးရှိနေခြင်း (မိခင်က 𝐇𝐈𝐕 𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭 ကို ကောင်းကောင်းခံယူထားရင်တော့ ကာကွယ်ကောင်းကာကွယ်နိုင်ပါတယ်)

5. 𝐎𝐜𝐜𝐮𝐩𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐄𝐱𝐩𝐨𝐬𝐮𝐫𝐞
ကျန်းမာရေးလုပ်သားများအနေဖြင့် 𝐇𝐈𝐕 ပိုးရှိနေတဲ့အပ်နှင့် မတော်တဆ ထိခိုက်မိခြင်း

ဖော်ပြပါနည်းတွေကတော့ 𝐀𝐈𝐃𝐒 ရောဂါကို ဖြစ်စေတဲ့ 𝐇𝐈𝐕 ပိုးကူးစက်ဖို့အခွင့်အလမ်းအများဆုံး အခြေအနေတွေဖြစ်ပါတယ်။
ဒီလိုအခြေအနေမျိုးထဲကတစ်ခုခု မိမိကိုယ်တိုင်ကြုံထားပြီး မိမိကိုယ်ကို စိတ်မချဖြစ်နေပြီဆိုရင်တော့ နီးစပ်ရာကျန်းမာရေးဆေးရုံ၊ဆေးခန်းတွေမှာ အမြန်ဆုံးသွားရောက်စစ်ဆေးဖို့ တိုက်တွန်းလိုက်ရပါတယ်ရှင်။

အသေးစိတ်သိရှိလိုပါက -
☎️𝐇𝐨𝐭 𝐋𝐢𝐧𝐞: 𝟎𝟗𝟖𝟖𝟎𝟖𝟕𝟓𝟐𝟐𝟎-𝟐𝟏/ 𝟎𝟗𝟒𝟒𝟒𝟎𝟗𝟗𝟗𝟒𝟏
📧𝐄𝐦𝐚𝐢𝐥 : 𝐢𝐧𝐟𝐨@𝐡𝐞𝐚𝐥𝐭𝐡𝐩𝐨𝐢𝐧𝐭.𝐜𝐨𝐦.𝐦𝐦
🌐𝐖𝐞𝐛𝐬𝐢𝐭𝐞 :𝐰𝐰𝐰.𝐡𝐞𝐚𝐥𝐭𝐡𝐩𝐨𝐢𝐧𝐭.𝐜𝐨𝐦.𝐦𝐦

🏥𝐇𝐞𝐚𝐥𝐭𝐡 𝐏𝐨𝐢𝐧𝐭 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐥𝐢𝐧𝐢𝐜
𝐀𝐝𝐝𝐫𝐞𝐬𝐬 𝟏: 𝐇𝐥𝐞𝐝𝐚𝐧 𝐂𝐞𝐧𝐭𝐞𝐫, 𝐍𝐨. 𝟑𝐂/ 𝟑𝐃, 𝐑𝐨𝐨𝐦-𝟎𝟔, 𝐆𝐫𝐨𝐮𝐧𝐝 𝐅𝐥𝐨𝐨𝐫, 𝐂𝐨𝐫𝐧𝐞𝐫 𝐨𝐟 𝐏𝐲𝐚𝐲 𝐚𝐧𝐝 𝐇𝐥𝐞𝐝𝐚𝐧 𝐑𝐨𝐚𝐝, 𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧, 𝐌𝐲𝐚𝐧𝐦𝐚𝐫

ဒီနေ့ဟာ 𝐖𝐨𝐫𝐥𝐝 𝐀𝐈𝐃𝐒 𝐃𝐚𝐲 ဖြစ်ပါတယ်။𝐖𝐨𝐫𝐥𝐝 𝐀𝐈𝐃𝐒 𝐃𝐚𝐲 ကို 𝟏𝟗𝟗𝟖 ခုနှစ် ၊ 𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫 𝟏 ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (𝐖𝐇𝐎) က စတင...
01/12/2025

ဒီနေ့ဟာ 𝐖𝐨𝐫𝐥𝐝 𝐀𝐈𝐃𝐒 𝐃𝐚𝐲 ဖြစ်ပါတယ်။
𝐖𝐨𝐫𝐥𝐝 𝐀𝐈𝐃𝐒 𝐃𝐚𝐲 ကို 𝟏𝟗𝟗𝟖 ခုနှစ် ၊ 𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫 𝟏 ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (𝐖𝐇𝐎) က စတင်သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။

🎗️ နှစ်စဉ်ဒီလိုနေ့ရောက်တိုင်း ကျန်းမာရေးတက်ကြွလှုပ်ရှားသူတွေက 𝐇𝐈𝐕/𝐀𝐈𝐃𝐒 နဲ့ပတ်သတ်တဲ့ ကျန်းမာရေးအသိပညာပေးလုပ်ငန်းဆောင်တာများ၊ အားပေးနှစ်သိမ့်တဲ့အနေနဲ့ ဖဲကြိုးနီဝတ်ဆင်ခြင်း၊ ခွဲခြားဆက်ဆံတာတွေရပ်ဖို့ 𝐂𝐚𝐦𝐩𝐚𝐢𝐠𝐧 တွေ ၊ ဟောပြောပွဲတွေလုပ်ဆောင်ခြင်းတွေ လုပ်ဆောင်ကြပါတယ်။

မိမိကိုယ်တိုင်လည်း ကျန်းမာရေးအသိပညာပေးများကို လိုက်နာကျင့်သုံးပြီး 𝐇𝐈𝐕 ပိုးမကူးစက်အောင် ကာကွယ်ဖို့လိုသလို 𝐇𝐈𝐕 ပိုးခံစားနေရသူများအားလုံးကိုလည်း တန်းတူညီမျှဆက်ဆံပေးခြင်းအားဖြင့် ပိုမိုကျန်းမာသော ကမ္ဘာကြီးကိုတည်ဆောက်ကြစေလိုကြောင်း 𝐇𝐞𝐚𝐥𝐭𝐡 𝐏𝐨𝐢𝐧𝐭 မိသားစုမှ တိုက်တွန်းလိုက်ရပါတယ်ရှင်။

သင်္ဘောတက်မယ့် လူကြီးမင်းများအနေနဲ့ ဆေးစစ်ဖို့ရန် 𝐒𝐞𝐚𝐟𝐚𝐫𝐞𝐫 𝐏𝐚𝐜𝐤𝐚𝐠𝐞 ကို ဝယ်ယူစစ်ဆေးလိုက်တာနဲ့ သက်တောင့်သက်သာနဲ့ ခရီးသွားလ...
30/11/2025

သင်္ဘောတက်မယ့် လူကြီးမင်းများအနေနဲ့ ဆေးစစ်ဖို့ရန် 𝐒𝐞𝐚𝐟𝐚𝐫𝐞𝐫 𝐏𝐚𝐜𝐤𝐚𝐠𝐞 ကို ဝယ်ယူစစ်ဆေးလိုက်တာနဲ့ သက်တောင့်သက်သာနဲ့ ခရီးသွားလို့ရမယ့် အခွင့်အရေးလေးတစ်ခုကို 𝐇𝐞𝐚𝐥𝐭𝐡 𝐏𝐨𝐢𝐧𝐭 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐥𝐢𝐧𝐢𝐜 မှာ ရရှိနိုင်ပါပြီရှင့်။🤩
သင်္ဘောတက်ဖို့ ဆေးစစ်ရမယ်ဆို အရွေးချယ်သင့်ဆုံး Medical Check-up Package လေးကတော့ 𝐒𝐞𝐚𝐟𝐚𝐫𝐞𝐫 𝐏𝐚𝐜𝐤𝐚𝐠𝐞 ပါပဲ။🚢🏥

ရေကြောင်းဦးစီးဌာနရဲ့ အသိအမှတ်ပြုလက်မှတ် (𝐃𝐌𝐀 𝐀𝐩𝐩𝐫𝐨𝐯𝐞𝐝) ရရှိထားတဲ့ 𝐇𝐞𝐚𝐥𝐭𝐡 𝐏𝐨𝐢𝐧𝐭 ဆေးခန်းလေးမှာ 𝐒𝐞𝐚𝐟𝐚𝐫𝐞𝐫 𝐏𝐚𝐜𝐤𝐚𝐠𝐞 နဲ့ Check-Up လုပ်မယ်ဆိုရင် သင်္ဘောသားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ ပါဝင်မှာဖြစ်ပြီး ပြည်ပခရီးထွက်ရင်လည်း လေဆိပ်မှာ Check-in Process တွေ Immigration တွေအတွက် အချိန်ကုန်မခံချင်တဲ့အခါ အဆင်အပြေဆုံးဖြစ်တဲ့ 𝐌𝐢𝐧𝐠𝐚𝐥𝐚𝐫 𝐒𝐤𝐲 𝐋𝐨𝐮𝐧𝐠𝐞 ရဲ့ 𝐂𝐈𝐏 𝐋𝐨𝐮𝐧𝐠𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 ကို Discount ခံစားခွင့်နဲ့ အသုံးပြုခွင့် ရရှိမှာပဲ ဖြစ်ပါတယ်ရှင့်။🛫

ခေတ်မီကျန်းမာရေးစက်ကိရိယာတွေ၊ သူနာပြုဆရာမလေးတွေရဲ့ အနွေးထွေးဆုံးသော အပြုံးလေးတွေ၊ စိတ်ချယုံကြည်ရတဲ့ အထူးကုဆရာဝန်ကြီးများရဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို အစဉ်အမြဲပေးနေတဲ့ 𝐇𝐞𝐚𝐥𝐭𝐡 𝐏𝐨𝐢𝐧𝐭 ဆေးခန်းကနေ လူကြီးမင်းရဲ့ ကျန်းမာရေးကို အစစအရာရာ တာဝန်ယူပေးပါရစေနော်။💖🙏

𝐒𝐞𝐚𝐟𝐚𝐫𝐞𝐫 𝐏𝐚𝐜𝐤𝐚𝐠𝐞 အကြောင်း အသေးစိတ်သိရှိလိုပါက
𝐇𝐨𝐭 𝐋𝐢𝐧𝐞: 𝟎𝟗- 𝟖𝟖𝟎 𝟖𝟕𝟓 𝟐𝟐𝟎 -𝟐𝟏/ 𝟎𝟗- 𝟒𝟒𝟒 𝟎𝟗𝟗 𝟗𝟒𝟏 တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။☎️💚

🚢သင်္ဘောတက်ကာနီး ဆေးစစ်ဖို့လိုအပ်နေပြီဆိုရင် လှည်းတန်းစင်တာမှာရှိတဲ့ Health Point Specialist Clinic ရဲ့ Seafarer Medical...
28/11/2025

🚢သင်္ဘောတက်ကာနီး ဆေးစစ်ဖို့လိုအပ်နေပြီဆိုရင် လှည်းတန်းစင်တာမှာရှိတဲ့ Health Point Specialist Clinic ရဲ့ Seafarer Medical Check-up Package🩺 ကို သတိရလိုက်ပါ။

Health Point Specialist Clinic ဟာဆိုရင် DMA (Department of Marine Administration) အသိမှတ်ပြုလက်မှတ်ကို ရရှိထားတာကြောင့် လုပ်ထုံးလုပ်နည်းများနှင့် ဆေးစစ်မှုပိုင်းဆိုင်ရာတွေမှာ 💯ရာနှုန်းပြည့်အာမခံချက်ပေးနိုင်ပါတယ်။
ဒါ့အပြင် အချက်အချာကျပြီး သွားရလာရလွယ်ကူတဲ့ လှည်းတန်းစင်တာမှာ တည်ရှိတာကြောင့် အလွယ်တကူ လာရောက်စစ်ဆေးနိုင်ပြီး Health Point Specialist Clinic ရဲ့ Seafarer Medical Check-up Package ကို အသုံးပြုထားတဲ့ သင်္ဘောသားများအနေဖြင့် Yangon International Airport မှာရှိတဲ့ Mingalar Sky Lounge ရဲ့ CIP Lounge Service ကိုပါ “Discount ခံစားခွင့်နဲ့” အသုံးပြုခွင့်ရဦးမှာဆိုတော့ လုံးဝကိုလက်လွှတ်မခံသင့်တဲ့ အခွင့်အရေးပဲနော်။😮

Seafarer Medical Check-up Package အကြောင်း အသေးစိတ်သိရှိလိုပါက
☎️Hot Line: 09880875220-21/ 09444099941 တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
𝐀𝐝𝐝𝐫𝐞𝐬𝐬 : 𝐇𝐥𝐞𝐝𝐚𝐧 𝐂𝐞𝐧𝐭𝐞𝐫, 𝐍𝐨. 𝟑𝐂/ 𝟑𝐃, 𝐑𝐨𝐨𝐦-𝟎𝟔, 𝐆𝐫𝐨𝐮𝐧𝐝 𝐅𝐥𝐨𝐨𝐫, 𝐂𝐨𝐫𝐧𝐞𝐫 𝐨𝐟 𝐏𝐲𝐚𝐲 𝐚𝐧𝐝 𝐇𝐥𝐞𝐝𝐚𝐧 𝐑𝐨𝐚𝐝, 𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧, 𝐌𝐲𝐚𝐧𝐦𝐚𝐫

ကျန်းမာခြင်းသည် လာဘ်တစ်ပါး" ဆိုတဲ့အတိုင်း ကျန်းမာနေချိန်မှာ မိမိကျန်းမာရေးကို ဂရုစိုက်ပြီး𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤 𝐮𝐩 လုပ်ပေးခြင်း ...
25/11/2025

ကျန်းမာခြင်းသည် လာဘ်တစ်ပါး" ဆိုတဲ့အတိုင်း ကျန်းမာနေချိန်မှာ မိမိကျန်းမာရေးကို ဂရုစိုက်ပြီး𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤 𝐮𝐩 လုပ်ပေးခြင်း က အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါတယ်။💹

𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤 𝐮𝐩 လုပ်ခြင်းရဲ့ အဓိကကောင်းကျိုးများကတော့💁
၁။ ရောဂါများကို စောစီးစွာ သိရှိနိုင်ခြင်း (𝐄𝐚𝐫𝐥𝐲 𝐃𝐞𝐭𝐞𝐜𝐭𝐢𝐨𝐧)
သွေးတိုး၊ ဆီးချို၊ ကိုလက်စထရောများခြင်း၊ ကင်ဆာရောဂါအစရှိတဲ့ နာတာရှည်ရောဂါတော်တော်များများဟာ အစောပိုင်းအဆင့်မှာ ရောဂါလက္ခဏာ လုံးဝမပြတတ်ပါဘူး။
𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤 𝐮𝐩 လုပ်ခြင်းဖြင့် ရောဂါလက္ခဏာမပြသေးတဲ့ အခြေအနေမှာတောင် ရောဂါတွေကို စောစီးစွာ ရှာဖွေတွေ့ရှိနိုင်ပါတယ်။
ရောဂါကို စောစောသိရှိပြီး စောစောကုသမှုခံယူပါက ပျောက်ကင်းဖို့ အခွင့်အလမ်းပိုများသလို၊ ရောဂါပိုမဆိုးလာအောင် ထိန်းချုပ်ကုသရတာလည်း ပိုမိုလွယ်ကူပါတယ်။

၂။ ရောဂါများ ဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ခြင်း (𝐏𝐫𝐞𝐯𝐞𝐧𝐭𝐢𝐨𝐧)
စစ်ဆေးမှုတွေရဲ့ အဖြေပေါ်မူတည်ပြီး ဆရာဝန်က သင့်မှာဖြစ်လာနိုင်တဲ့ ရောဂါအန္တရာယ် (𝐑𝐢𝐬𝐤 𝐅𝐚𝐜𝐭𝐨𝐫𝐬) တွေကို ဆန်းစစ်အကဲဖြတ်ပေးနိုင်ပါတယ်။
ဥပမာ - သင့်ရဲ့ ကိုယ်အလေးချိန်၊ သွေးတွင်းအဆီဓာတ် စတာတွေကို ကြည့်ပြီး အနာဂတ်မှာ နှလုံးရောဂါမဖြစ်အောင် ဘယ်လိုနေထိုင်စားသောက်သင့်တယ်၊ ဘယ်လိုလေ့ကျင့်ခန်းတွေ လုပ်သင့်တယ်ဆိုတာကို ကြိုတင်အကြံဉာဏ်ပေးနိုင်ပါတယ်။

၃။ ကုန်ကျစရိတ်ကို ရေရှည်မှာ သက်သာစေခြင်း (𝐂𝐨𝐬𝐭 𝐒𝐚𝐯𝐢𝐧𝐠)
ပုံမှန်ဆေးစစ်ခြင်းရဲ့ ကုန်ကျစရိတ်က ရောဂါကြီးကြီးမားမားဖြစ်လာပြီးမှ ခွဲစိတ်ကုသရခြင်း၊ ဆေးရုံတက်ရခြင်း စတဲ့ ကုသစရိတ်တွေထက် အဆများစွာ သက်သာပါတယ်။
ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် အကုန်အကျနည်းပြီး ပိုထိရောက်ပါတယ်။

၄။ ကိုယ့်ကျန်းမာရေးအခြေအနေကို သိရှိနားလည်လာခြင်း (𝐇𝐞𝐚𝐥𝐭𝐡 𝐀𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬)
𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤 𝐮𝐩 လုပ်ခြင်းက သင့်ရဲ့ သွေးပေါင်ချိန်၊ သွေးတွင်းသကြားဓာတ်၊ ကိုလက်စထရော စတဲ့ အခြေခံကျန်းမာရေးအညွှန်းကိန်းတွေရဲ့ ပုံမှန်အခြေအနေ (𝐁𝐚𝐬𝐞𝐥𝐢𝐧𝐞) ကို သိရှိစေပါတယ်။
ဒီအချက်အလက်တွေက နောင်တစ်ချိန်မှာ ကျန်းမာရေးပြဿနာတစ်ခုခုဖြစ်လာရင် ဆရာဝန်တွေအတွက် နှိုင်းယှဉ်စစ်ဆေးဖို့ အလွန်အထောက်အကူပြုပါတယ်။

၅။ စိတ်ကျန်းမာရေးနှင့် စိတ်ချမ်းသာမှု ရရှိခြင်း (𝐏𝐞𝐚𝐜𝐞 𝐨𝐟 𝐌𝐢𝐧𝐝)
စစ်ဆေးမှုတွေရဲ့အဖြေအရ ကိုယ်ကျန်းမာရေးကောင်းမွန်နေတယ်လို့ သိရတာက စိုးရိမ်ပူပန်မှုတွေကို လျော့ကျစေပြီး စိတ်သက်သာရာရစေပါတယ်။
တကယ်လို့ပြဿနာတစ်ခုခုတွေ့ရှိခဲ့ရင်တောင် စောစီးစွာသိရှိပြီး စီမံခန့်ခွဲဖြေရှင်းနိုင်မှာဖြစ်လို့ စိတ်ဖိစီးမှုတွေ လျော့ပါးစေပါတယ်။

၆။ ဆရာဝန်နှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်နိုင်ခြင်း (𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐃𝐨𝐜𝐭𝐨𝐫-𝐏𝐚𝐭𝐢𝐞𝐧𝐭 𝐑𝐞𝐥𝐚𝐭𝐢𝐨𝐧𝐬𝐡𝐢𝐩)
နေမကောင်းမှ ဆရာဝန်ပြတာထက် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုအတွက် တွေ့ဆုံဆွေးနွေးခြင်းက သင့်ကျန်းမာရေးရာဇဝင်ကို ကောင်းစွာနားလည်တဲ့၊ ယုံကြည်စိတ်ချရတဲ့ ဆရာဝန်တစ်ယောက်နဲ့ ရင်းနှီးမှုတည်ဆောက်နိုင်စေပါတယ်။

𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤 𝐮𝐩 ကို လူတိုင်း ပုံမှန်စစ်ဆေးသင့်ပေမယ့်
🚨အသက် ၃၅ နှစ်နှင့်အထက် ရှိသူများ။
🚨မိသားစုမျိုးရိုးထဲမှာ ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကင်ဆာ စတဲ့ရောဂါအခံရှိသူများ။
🚨ကိုယ်အလေးချိန်များသူများ၊ အထိုင်များသူများ။
🚨ဆေးလိပ်၊ အရက် သောက်သုံးသူများ။
🚨နာတာရှည်ရောဂါတစ်ခုခု ခံစားနေရသူများ ပိုပြီးဂရုစိုက်လုပ်ပေးသင့်ပါတယ်။
𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤 𝐮𝐩 လုပ်ခြင်းဟာ ရောဂါလက္ခဏာပြမှ ဆေးခန်းသွားတာမျိုးမဟုတ်ဘဲ၊ မိမိရဲ့အဖိုးတန်တဲ့ကျန်းမာရေးကို ကြိုတင်ကာကွယ်စောင့်ရှောက်တဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ 🪙ကျန်းမာရေးအတွက် အချိန်နဲ့ငွေကြေးအနည်းငယ် ရင်းနှီးမြှုပ်နှံခြင်းဟာ သင့်ရဲ့အနာဂတ်ဘဝအတွက် အကျိုးအမြတ်အများဆုံး ပြန်လည်ရရှိစေမှာဖြစ်လို့ ပုံမှန်လုပ်ပေးဖို့ တိုက်တွန်းချင်ပါတယ်။📢

🌟 We’re Hiring! – Sales & Marketing Manager (Healthcare)Join our growing team and lead impactful sales & marketing strat...
25/11/2025

🌟 We’re Hiring! – Sales & Marketing Manager (Healthcare)
Join our growing team and lead impactful sales & marketing strategies that contribute to better healthcare services across the country!

✨ Benefits
✔ Competitive Salary
✔ Uniform & Office Shoes Provided, Transportation Allowance and Health Care Benefit
✔ Career Growth Opportunities
✔ Friendly & Supportive Work Environment

⏰ Working Hours
🕣 Monday to Friday: 8:00 AM – 4:30 PM
🕣 Saturday: 8:00 AM – 11:30 AM
🍀 Sunday & Gazette Holidays: Off

📍 Location: Hledan Centre

📌 Role Overview
We are looking for an experienced Sales & Marketing Manager (Health Care) to lead our sales team, develop market expansion strategies, strengthen brand presence, and build strong relationships with hospitals, clinics, pharmacies, and healthcare partners.

📩 How to Apply?
Please send your CV via:
📧 Email: hr@healthpoint.com.mm

𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤 𝐮𝐩 လုပ်တယ်ဆိုတာ ကားတစ်စီးကို ပုံမှန်စစ်ဆေးထိန်းသိမ်း (𝐌𝐚𝐢𝐧𝐭𝐞𝐧𝐚𝐧𝐜𝐞) သလိုပါပဲ။ကားတစ်စီးကို လမ်းမှာပျက်မှ ပြင...
23/11/2025

𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤 𝐮𝐩 လုပ်တယ်ဆိုတာ ကားတစ်စီးကို ပုံမှန်စစ်ဆေးထိန်းသိမ်း (𝐌𝐚𝐢𝐧𝐭𝐞𝐧𝐚𝐧𝐜𝐞) သလိုပါပဲ။
ကားတစ်စီးကို လမ်းမှာပျက်မှ ပြင်တာထက်၊ ပုံမှန်ဆီလဲ၊ အင်ဂျင်စစ်၊ တာယာစစ်ဆေးတာက ကားကို နှစ်ရှည်အသုံးခံစေပြီး အကုန်အကျလည်း အများကြီးသက်သာစေပါတယ်။
𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤 𝐮𝐩 ဆိုတာကလည်း သင့်ခန္ဓာကိုယ်ဆိုတဲ့ "စက်ယန္တရားကြီး" ကို နေမကောင်းဖြစ်မှ၊ ရောဂါလက္ခဏာပြမှ ကုသတာမျိုးမဟုတ်ဘဲ၊ ကြိုတင်စစ်ဆေးပြီး ပြဿနာအသေးလေးတွေကို အချိန်မီဖြေရှင်းတာ၊ ပြဿနာကြီးတွေမဖြစ်လာအောင် ကာကွယ်တာပဲ ဖြစ်ပါတယ်။✅
ရောဂါလက္ခဏာပြမှ ဆေးခန်းသွားတာက မီးလောင်နေမှ ရေလိုက်ရှာသလို ဖြစ်နိုင်ပါတယ်။ 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤 𝐮𝐩 လုပ်တာကတော့ မီးမလောင်ခင် ကြိုတင်ကာကွယ်တဲ့ စနစ်တစ်ခု တပ်ဆင်ထားသလိုပါပဲ။
𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤 𝐮𝐩 ဆိုတာ နေမကောင်းတဲ့လူတွေအတွက် မဟုတ်ပါဘူး။ ကျန်းမာနေတယ်လို့ ထင်တဲ့လူတိုင်း အတွက် မိမိရဲ့အဖိုးတန်တဲ့ကျန်းမာရေးကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်တဲ့ အကောင်းဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းတစ်ခုဖြစ်လို့ ပုံမှန်လုပ်သင့်တာဖြစ်ပါတယ်နော်။

လည်ပင်းကြီးရောဂါ (𝐆𝐨𝐢𝐭𝐞𝐫) ဆိုတာ လည်ပင်းရဲ့ ရှေ့ဘက်မှာရှိတဲ့ လိပ်ပြာပုံသဏ္ဍာန် သိုင်းရွိုက်ဂလင်း (𝐓𝐡𝐲𝐫𝐨𝐢𝐝 𝐆𝐥𝐚𝐧𝐝) ပုံမှန်ထ...
22/11/2025

လည်ပင်းကြီးရောဂါ (𝐆𝐨𝐢𝐭𝐞𝐫) ဆိုတာ လည်ပင်းရဲ့ ရှေ့ဘက်မှာရှိတဲ့ လိပ်ပြာပုံသဏ္ဍာန် သိုင်းရွိုက်ဂလင်း (𝐓𝐡𝐲𝐫𝐨𝐢𝐝 𝐆𝐥𝐚𝐧𝐝) ပုံမှန်ထက်
ပိုမိုကြီးလာတဲ့ အခြေအနေကို ခေါ်တာဖြစ်ပါတယ်။ ဒါဟာ ရောဂါတစ်ခုမဟုတ်ဘဲ နောက်ခံအကြောင်းရင်းတစ်ခုခုကြောင့် ဖြစ်ပေါ်လာတဲ့
လက္ခဏာတစ်ခုသာ ဖြစ်ပါတယ်။ သိုင်းရွိုက်ဂလင်းဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဥ် (𝐌𝐞𝐭𝐚𝐛𝐨𝐥𝐢𝐬𝐦) ကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းတွေ
ထုတ်လုပ်ပေးတဲ့အတွက် အလွန်အရေးကြီးပါတယ်။

လည်ပင်းကြီးရောဂါကို ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေကတော့ အမျိုးမျိုးရှိပြီး အောက်ပါအတိုင်း ဖြစ်ပါတယ်-
၁။ အိုင်အိုဒင်းဓာတ် ချို့တဲ့ခြင်း (𝐈𝐨𝐝𝐢𝐧𝐞 𝐃𝐞𝐟𝐢𝐜𝐢𝐞𝐧𝐜𝐲)
ဒါဟာ ကမ္ဘာတစ်ဝှမ်းမှာ လည်ပင်းကြီးရောဂါ ဖြစ်ပွားရခြင်းရဲ့ အဖြစ်အများဆုံး အကြောင်းရင်း ဖြစ်ပါတယ်။ သိုင်းရွိုက်ဂလင်းဟာ
သိုင်းရွိုက်ဟော်မုန်းတွေ ထုတ်လုပ်ဖို့အတွက် အိုင်အိုဒင်းဓာတ်ကို မရှိမဖြစ်လိုအပ်ပါတယ်။ အစားအသောက်ထဲမှာ အိုင်အိုဒင်းဓာတ်
လုံလောက်စွာ မပါဝင်တဲ့အခါ၊ ဂလင်းဟာ ဟော်မုန်းထုတ်လုပ်ဖို့ ပိုပြီး အလုပ်ကြိုးစားလုပ်ရပါတယ်။ အဲ့ဒီလို အလွန်အကျွံ
အလုပ်လုပ်ရတဲ့အတွက် ဂလင်းဟာ တဖြည်းဖြည်း ကြီးလာပြီး လည်ပင်းကြီးရောဂါ ဖြစ်လာတာပါ။
အိုင်အိုဒင်းဓာတ် ချို့တဲ့ခြင်း ပြဿနာကိုဖြေရှင်းနည်းကတော့ အိုင်အိုဒင်းဆားကို နေ့စဥ်အစားအသောက်မှာ ထည့်သွင်းစားသုံးခြင်းဖြင့်
ကာကွယ်ကုသနိုင်ပါတယ်။

၂။ ဟာရှီမိုတိုရောဂါ (𝐇𝐚𝐬𝐡𝐢𝐦𝐨𝐭𝐨'𝐬 𝐃𝐢𝐬𝐞𝐚𝐬𝐞)
ဒါကတော့ 𝐀𝐮𝐭𝐨𝐢𝐦𝐦𝐮𝐧𝐞 𝐝𝐢𝐬𝐞𝐚𝐬𝐞 တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က မှားယွင်းပြီး ကိုယ့်ရဲ့ သိုင်းရွိုက်ဂလင်းကို
တိုက်ခိုက်တဲ့ရောဂါပါ။ ဒီတိုက်ခိုက်မှုကြောင့် သိုင်းရွိုက်ဂလင်းဟာ ရောင်ရမ်းပြီး ပျက်စီးကာ ဟော်မုန်းထုတ်လုပ်မှု နည်းသွားပါတယ်
(𝐇𝐲𝐩𝐨𝐭𝐡𝐲𝐫𝐨𝐢𝐝𝐢𝐬𝐦 - သိုင်းရွိုက်အားနည်းရောဂါ)။ ဒီလို ရောင်ရမ်းပျက်စီးမှုကြောင့် ဂလင်းက ကြီးလာနိုင်ပါတယ်။

၃။ ဂရေ့ဗ်စ်ရောဂါ (𝐆𝐫𝐚𝐯𝐞𝐬' 𝐃𝐢𝐬𝐞𝐚𝐬𝐞)
ဒါလည်း 𝐀𝐮𝐭𝐨𝐢𝐦𝐦𝐮𝐧𝐞 𝐝𝐢𝐬𝐞𝐚𝐬𝐞 တစ်မျိုးပါပဲ။ ဒါပေမဲ့ ဟာရှီမိုတိုရောဂါနဲ့ ပြောင်းပြန်ဖြစ်ပါတယ်။ ဒီရောဂါမှာတော့ ကိုယ်ခံအားစနစ်က
သိုင်းရွိုက်ဂလင်းကို လှုံ့ဆော်တဲ့ ပဋိပစ္စည်း (𝐀𝐧𝐭𝐢𝐛𝐨𝐝𝐲) တွေ ထုတ်လုပ်ပါတယ်။ ဒီလှုံ့ဆော်မှုကြောင့် သိုင်းရွိုက်ဂလင်းက ဟော်မုန်းတွေ
အလွန်အကျွံ ထုတ်လုပ်ပြီး (𝐇𝐲𝐩𝐞𝐫𝐭𝐡𝐲𝐫𝐨𝐢𝐝𝐢𝐬𝐦 - သိုင်းရွိုက်အားများရောဂါ) ဂလင်းကိုယ်တိုင်လည်း ကြီးလာစေပါတယ်။

၄။ သိုင်းရွိုက်အကျိတ်များ (𝐓𝐡𝐲𝐫𝐨𝐢𝐝 𝐍𝐨𝐝𝐮𝐥𝐞𝐬)
သိုင်းရွိုက်ဂလင်းပေါ်မှာ အဖု သို့မဟုတ် အကျိတ် (𝐍𝐨𝐝𝐮𝐥𝐞) တစ်ခု သို့မဟုတ် တစ်ခုထက်ပိုပြီး ဖြစ်ပေါ်လာတဲ့အခါမှာလည်း
ဂလင်းတစ်ခုလုံး ကြီးလာနိုင်ပါတယ်။ ဒီအကျိတ်အများစုဟာ ကင်ဆာမဟုတ်တဲ့ (𝐁𝐞𝐧𝐢𝐠𝐧) အကျိတ်တွေ ဖြစ်ပေမယ့် တစ်ခါတရံမှာတော့
ဟော်မုန်းတွေ အလွန်အကျွံ ထုတ်လုပ်တတ်ပါတယ်။
𝐌𝐮𝐥𝐭𝐢𝐧𝐨𝐝𝐮𝐥𝐚𝐫 𝐆𝐨𝐢𝐭𝐞𝐫: အကျိတ်များစွာ ဖြစ်ပေါ်ပြီး ဂလင်းကြီးလာခြင်းကို ခေါ်ပါတယ်။

၅။ သိုင်းရွိုက်ဂလင်း ရောင်ရမ်းခြင်း (𝐓𝐡𝐲𝐫𝐨𝐢𝐝𝐢𝐭𝐢𝐬)
ဗိုင်းရပ်စ်ပိုးဝင်ခြင်း၊ ဘက်တီးရီးယားပိုးဝင်ခြင်း သို့မဟုတ် အခြားအကြောင်းရင်းတွေကြောင့် သိုင်းရွိုက်ဂလင်း ရောင်ရမ်းလာတဲ့အခါ
နာကျင်မှုနဲ့အတူ ဂလင်းကြီးလာနိုင်ပါတယ်။ ဒီလိုရောင်ရမ်းမှုကြောင့် သိုင်းရွိုက်ဟော်မုန်းတွေ အများကြီး သို့မဟုတ် အနည်းငယ်
ထွက်လာနိုင်ပါတယ်။

၆။ ကိုယ်ဝန်ဆောင်ချိန် (𝐏𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲)
ကိုယ်ဝန်ဆောင်ချိန်မှာ ထွက်ရှိတဲ့ 𝐇𝐂𝐆 (𝐇𝐮𝐦𝐚𝐧 𝐂𝐡𝐨𝐫𝐢𝐨𝐧𝐢𝐜 𝐆𝐨𝐧𝐚𝐝𝐨𝐭𝐫𝐨𝐩𝐢𝐧) လို့ခေါ်တဲ့ ဟော်မုန်းက သိုင်းရွိုက်ဂလင်းကို အနည်းငယ်
လှုံ့ဆော်နိုင်တဲ့အတွက် ဂလင်းအနည်းငယ် ကြီးလာတတ်ပါတယ်။ ဒါကို ပုံမှန်လို့ သတ်မှတ်လေ့ရှိပါတယ်။

၇။ သိုင်းရွိုက်ကင်ဆာ (𝐓𝐡𝐲𝐫𝐨𝐢𝐝 𝐂𝐚𝐧𝐜𝐞𝐫)
ဒါကတော့ အဖြစ်နည်းတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်ပေမယ့် သိုင်းရွိုက်ဂလင်းမှာ ကင်ဆာကျိတ် ဖြစ်လာတဲ့အခါမှာလည်း ဂလင်းက
ကြီးလာနိုင်ပါတယ်။ ကင်ဆာကြောင့်ဖြစ်တဲ့ လည်ပင်းကြီးခြင်းဟာ များသောအားဖြင့် ဂလင်းရဲ့ တစ်ဖက်တည်းမှာသာ မာကျောတဲ့အဖုအဖြစ်
စမ်းမိတတ်ပါတယ်။

၈။ အချို့သောဆေးဝါးများ (𝐂𝐞𝐫𝐭𝐚𝐢𝐧 𝐌𝐞𝐝𝐢𝐜𝐚𝐭𝐢𝐨𝐧𝐬)
စိတ်ကျရောဂါကုသဆေးတစ်မျိုးဖြစ်တဲ့ 𝐋𝐢𝐭𝐡𝐢𝐮𝐦 နဲ့ နှလုံးခုန်မမှန်ခြင်းအတွက် သုံးတဲ့ 𝐀𝐦𝐢𝐨𝐝𝐚𝐫𝐨𝐧𝐞 လို ဆေးဝါးတွေက သိုင်းရွိုက်ရဲ့
လုပ်ငန်းဆောင်တာကို အနှောင့်အယှက်ပေးပြီး လည်ပင်းကြီးရောဂါကို ဖြစ်စေနိုင်ပါတယ်။
အိုင်အိုဒင်းဓာတ် လုံလောက်စွာ မရရှိသူများ။
အမျိုးသမီးများကအမျိုးသားများထက် ပိုဖြစ်နိုင်ခြေများပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်နှင့် သွေးဆုံးချိန်လို
ဟော်မုန်းအပြောင်းအလဲများတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။
အသက် ၄၀ ကျော်သူများ။
မိသားစုထဲမှာ သိုင်းရွိုက်ရောဂါ သို့မဟုတ် 𝐀𝐮𝐭𝐨𝐢𝐦𝐦𝐮𝐧𝐞 ရောဂါရှိသူများ။
ငယ်စဥ်က လည်ပင်း သို့မဟုတ် ရင်ဘတ်နေရာကို ဓါတ်ကင်ကုသမှု ခံယူဖူးသူများ တွင် (𝐑𝐢𝐬𝐤 𝐅𝐚𝐜𝐭𝐨𝐫𝐬)ပိုဖြစ်နိုင်ပါတယ်။

လည်ပင်းကြီးရောဂါဟာ အကြောင်းရင်းများစွာကြောင့် ဖြစ်နိုင်တာမို့ လည်ပင်းမှာ အဖုအကျိတ် သို့မဟုတ် ရောင်ရမ်းကြီးထွားလာတာကို
သတိပြုမိရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး စစ်ဆေးမှုခံယူဖို့ အလွန်အရေးကြီးပါတယ်။ ဆရာဝန်က သွေးစစ်ခြင်း၊ အာထရာဆောင်းရိုက်ခြင်း
(𝐔𝐥𝐭𝐫𝐚𝐬𝐨𝐮𝐧𝐝) စတဲ့ စစ်ဆေးမှုတွေပြုလုပ်ပြီး ဖြစ်ပွားရတဲ့ တိကျတဲ့အကြောင်းရင်းကို ရှာဖွေကာ သင့်တော်တဲ့ ကုသမှုကို ပေးပါလိမ့်မယ်။

🍔 စားပြီးတိုင်း ဗိုက်ထဲမှာ လေးလံပြီး မအီမသာ ဖြစ်နေတတ်လား? 😫"အစာမကြေဘူး..." "လေတွေပွနေတယ်..." "ဗိုက်ထဲမှာ တစ်ခုခုနဲ့ မတည့...
20/11/2025

🍔 စားပြီးတိုင်း ဗိုက်ထဲမှာ လေးလံပြီး မအီမသာ ဖြစ်နေတတ်လား? 😫
"အစာမကြေဘူး..." "လေတွေပွနေတယ်..." "ဗိုက်ထဲမှာ တစ်ခုခုနဲ့ မတည့်သလိုပဲ..." ဆိုတဲ့ ခံစားချက်တွေက သင့်ရဲ့ တစ်နေ့တာကို
အနှောင့်အယှက်ပေးနေပြီလား?
စိတ်မပူပါနဲ့! သင့်ရဲ့ အစာခြေစနစ်ကို 𝐒𝐮𝐩𝐞𝐫𝐦𝐚𝐧 🦸‍♂️ လို ကယ်တင်ပေးမယ့် အစားအစာတွေ ရှိပါတယ်။ ဒါတွေကို နေ့စဉ်စားတဲ့
အစားအစာထဲမှာ ထည့်စားလိုက်ရုံနဲ့ အံ့ဩစရာကောင်းလောက်အောင် ဗိုက်ထဲမှာ ပေါ့ပါးသွားမှာပါ။

🧹 အမှိုက်ရှင်းသမားများ (အမျှင်ဓာတ်)
𝐎𝐚𝐭𝐬 (အုတ်ဂျုံ)၊ ပန်းသီး၊ ဆန်လုံးညို၊ ဟင်းသီးဟင်းရွက်စိမ်းများက အူလမ်းကြောင်းထဲက အညစ်အကြေးတွေကို တံမြက်စည်းလှဲသလို
ရှင်းလင်းပေးပြီး ဝမ်းမှန်စေတယ်။

😊 အကျိုးပြု သူငယ်ချင်းများ (𝐏𝐫𝐨𝐛𝐢𝐨𝐭𝐢𝐜𝐬)
ဒိန်ချဉ်၊ ကင်မ်ချီ (𝐊𝐢𝐦𝐜𝐡𝐢)တွေက အစာအိမ်ထဲက အကျိုးပြု ဘက်တီးရီးယားလေးတွေကို အားဖြည့်ပေးပြီး အစာချေဖျက်မှုကို
ပိုကောင်းစေတယ်။

✨ ကူညီဖော်များ (𝐃𝐢𝐠𝐞𝐬𝐭𝐢𝐯𝐞 𝐄𝐧𝐳𝐲𝐦𝐞𝐬)
နာနတ်သီး၊ သင်္ဘောသီး စတဲ့အသီးတွေက အစာတွေကို အမြန်ဆုံး ချေဖျက်နိုင်အောင် ကူညီပေးတဲ့ သူရဲကောင်းတွေပေါ့။ အသားစားပြီးရင်
နာနတ်သီးလေးစားလိုက်တာက အကောင်းဆုံးပဲ!

🌱 စိတ်ဖြေဖျောက်ပေးသူများ (𝐒𝐨𝐨𝐭𝐡𝐢𝐧𝐠 𝐅𝐨𝐨𝐝𝐬)
ဂျင်း (𝐆𝐢𝐧𝐠𝐞𝐫)၊ ပူစီနံ (𝐏𝐞𝐩𝐩𝐞𝐫𝐦𝐢𝐧𝐭)တို့က လေပွတာ၊ ဗိုက်အောင့်တာ၊ ပျို့အန်ချင်တာတွေကို သက်သာစေတယ်။ ဂျင်းပြုတ်ရည်
ဒါမှမဟုတ် ပူစီနံလက်ဖက်ရည်လေးတစ်ခွက်က အကောင်းဆုံးဆေးတစ်ခွက်ပါ။

💡 𝐏𝐫𝐨-𝐓𝐢𝐩: အစာကို ကြေညက်အောင်ဝါးစားဖို့ မမေ့နဲ့နော်! 😉

ကဲ… သင်ကော အစာကြေအောင် ဘယ်လိုအစားအစာတွေ စားဖြစ်လဲ? ဒါမှမဟုတ် အခုမှသိတဲ့ အစားအစာတွေ ရှိနေလား? 🤔
𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ ကိုယ့်ရဲ့ အတွေ့အကြုံလေးတွေနဲ့ အကြိုက်ဆုံး အစာကြေလွယ်တဲ့ အစားအစာတွေကို ဝင်ရောက်မျှဝေခဲ့ပါဦး! 👇
ဒီလိုဖြစ်တတ်တဲ့ ကိုယ့်သူငယ်ချင်းတွေကိုလည်း 𝐌𝐞𝐧𝐭𝐢𝐨𝐧 ခေါ်ပြီး ဒီ 𝐏𝐨𝐬𝐭 ကို 𝐒𝐡𝐚𝐫𝐞 ပေးလိုက်ပါဦး! ❤️

Address

Hledan Center, No. 3C/3D, Room-06, Ground Floor, Corner Of Pyay And Hledan Road, Kamayut Township
Yangon
11041

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+959880875220-21

Alerts

Be the first to know and let us send you an email when Health Point Specialist Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Health Point Specialist Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram