04/03/2026
မတ်လ (၄) ရက်နေ့ဟာ International HPV Awareness Day ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အမျိုးသမီးတွေအတွက် အဓိကခြိမ်းခြောက်မှုတစ်ခုဖြစ်တဲ့ "သားအိမ်ခေါင်းကင်ဆာ" ရဲ့ ၉၀% ကျော်ဟာ HPV (Human Papillomavirus) ပိုးကြောင့် ဖြစ်ပွားရတာပါ။
HPV ပိုးဟာ လိင်တူ/လိင်ကွဲ ဆက်ဆံမှုမှတစ်ဆင့် ကူးစက်တတ်ပြီး အမျိုးသမီးတွေတင်မက အမျိုးသားတွေမှာပါ ရောဂါကူးစက်မှု ဖြစ်စေနိုင်ပါတယ်။ အစောပိုင်းကာလတွေမှာ လက္ခဏာမပြတတ်တာကြောင့် ကြိုတင်ကာကွယ်ထားဖို့က အလွန်အရေးကြီးပါတယ်။
✅ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်မလဲ?
HPV ကာကွယ်ဆေးထိုးနှံခြင်း (Vaccination)
ကင်ဆာဖြစ်စေနိုင်တဲ့ HPV ပိုးအမျိုးအစားတွေကို အထိရောက်ဆုံး တားဆီးပေးနိုင်ပါတယ်။ အသက်အရွယ်အလိုက် ဆရာဝန်နဲ့ တိုင်ပင်ပြီး ထိုးနှံထားသင့်ပါတယ်။
ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်း (Screening)
သားအိမ်ခေါင်းအတွင်း ပုံမှန်မဟုတ်တဲ့ ဆဲလ်ပြောင်းလဲမှုတွေကို သိရှိနိုင်ဖို့ Pap Test သို့မဟုတ် HPV DNA Test များကို ပုံမှန်စစ်ဆေးရပါမယ်။
အသိပညာဗဟုသုတ မျှဝေခြင်း
မိမိနဲ့ မိမိပတ်ဝန်းကျင်က အမျိုးသမီးတွေကို ရောဂါအကြောင်း သေချာသိရှိအောင် ပြောပြပေးခြင်းကလည်း ကင်ဆာဖြစ်ပွားမှုကို လျှော့ချရာရောက်ပါတယ်။
ကျွန်မတို့ ဆေးခန်းမှာ HPV နဲ့ ပတ်သက်တဲ့ ကျန်းမာရေးစစ်ဆေးမှုများ၊ ကာကွယ်ဆေးထိုးနှံခြင်း ဝန်ဆောင်မှုများကို ကျွမ်းကျင်အထူးကုဆရာဝန်ကြီးများက နွေးထွေးပျူငှာစွာ ဝန်ဆောင်မှုပေးနေပါတယ်။
"ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုမိုထိရောက်ပါတယ်"
#ကျန်းမာရေးအသိပညာပေး