Thar say

Thar say ကျန်းမာရေးဝန်ဆောင်မှုများအတွက် “သာစေဆေးကုခန်း” မှ ကြိုဆိုပါသည်။

Merry Christmas & Happy New Year 2026
24/12/2025

Merry Christmas & Happy New Year 2026

အရိုးကျိုးရင် - - - - - လူ့ခန္ဓာရှိအရိုးကျိုးလျှင် ကျိုးတဲ့နေရာပေါ်မူတည်ပြီး ကုသပုံအမျိုးမျိူးကွဲပြားပါတယ်။ အခြေခံအားဖြင...
23/11/2025

အရိုးကျိုးရင် - - - - -

လူ့ခန္ဓာရှိအရိုးကျိုးလျှင် ကျိုးတဲ့နေရာပေါ်မူတည်ပြီး ကုသပုံအမျိုးမျိူးကွဲပြားပါတယ်။

အခြေခံအားဖြင့်ထည့်သွင်းစဉ်းစားရာမှာတော့ လူနာရှင်သည်
-အသက်ကြီး/အသက်ငယ်
-ဒဏ်ရာပြင်းထန်/မပြင်းထန်
-အနာပွင့်ထွက်ကျိုးသည်/မဟုတ်ပါ
-အရိုးကျိုးနေရာ အဆစ်ထဲရောက်သည်/မရောက်ပါ
-အာရုံကြော၊သွေးကြောဒဏ်ရာများနှင့်ဆက်စပ်သည်/မဆက်စပ်ပါ စသည့်အချက်အလက်များပါဝင်သည်။

အချို့သောလူနာများသည် အရေးပေါ်ခွဲစိတ်ခန်းသို့ချက်ချင်းဝင်ရန်လိုပြီး၊ အချို့သောလူနာများမှာ ချက်ချင်းခွဲခန်းဝင်ရန် မလိုအပ်ပဲ သွေးစစ်၊ဆီးစစ်၊ ဓါတ်မှန်ရိုက် အသေချာပြင်ဆင်ပြီးမှ ပင်မခွဲစိတ်ခန်းတွင် ဆေးကုသမှုယူရန်လိုအပ်ပါသည်။ ဤသည်ကား အပေါ်တွင်ပြောထားသော အခြေခံအချက်ပေါ်များစွာမှီခိုပါသည်။

အရိုးကျိုးလူနာအများစုသည်
-စတီးပြားကပ် (Plating)
-စတီးချောင်းအသေးထည့်( K-wire)
-စတီးချောင်းထည့် (Nail)
-ကြေးနန်းကြိုးရစ် (circlage wire)
-မူလီထည့်(screw)
-စတီးလုံးထည့်( hemiarthroplasty)
-အင်တာနာတိုင်ထောင်(external fixation)
-ခဲဆွဲခြင်း (ankle traction)
-ကျောက်ပတ်တီးစည်းခြင်း(POP)
စသည့် နည်းစနစ်များကို ၁ ခုထဲနှင့်ဖြစ်စေ ၁ခုထက်ပိုသောနည်းစနစ်များနှင့်ဖြစ်စေ ပေါင်း၍ကုသရသောဘာသာရပ်ဖြစ်သည်။

အချို့သောအရိုးလူနာများသည်အထက်ဖော်ပြပါနည်းစနစ်များ ၁ ခုမှမပါဝင်ပဲ ချုပ်ကြိုးများဖြင့်သာသုံး၍ကုသရသော လူနာများလဲရှိပြန်သည်။ ဤသည်ကား အရိုးသံသရာဖြစ်သည်။

အလုပ်မအားလို့ အခုမှ information sharing လုပ်ရတာပါခင်ဗျာ။ ကျတော့ဆေးခန်းမှာဟိုတစ်ပတ် (၂၈.၁၀.၂၅ - အင်္ဂါနေ့)က ဝိတ်စချပေးနေတ...
06/11/2025

အလုပ်မအားလို့ အခုမှ information sharing လုပ်ရတာပါခင်ဗျာ။

ကျတော့ဆေးခန်းမှာဟိုတစ်ပတ် (၂၈.၁၀.၂၅ - အင်္ဂါနေ့)က ဝိတ်စချပေးနေတဲ့ အမ ဒီအပတ် (၄.၁၁.၂၅ အင်္ဂါနေ့) မှာ ဝိတ်ဘယ်လောက်ကျသွားလဲ ဆိုတာသိချင်နေကြမှာပေါ့ နော်။

အောက်ကပုံကို တချက်သာရှိုးကြည့်လိုက် 👇👇👇

“ Let’s start the journey - - - >>> to slim goal “ “သာစေ” ဆေးခန်းမှ patient client တစ်ယောက်အတွက် ဝိတ်ချတဲ့ program လေး ဒ...
28/10/2025

“ Let’s start the journey - - - >>> to slim goal “

“သာစေ” ဆေးခန်းမှ patient client တစ်ယောက်အတွက် ဝိတ်ချတဲ့ program လေး ဒီနေ့မှာ စတင်ခဲ့ပါတယ်။

ဆရာရေ ပိန်အောင်သူများတွေလုပ်နေကြတာ ကျမလည်းပိန်ချင်တယ်ဆိုပြီး တပျစ်တောက်တောက်ပြောနေတာနဲ့ ကိုယ့်အမလိုလဲဖြစ်၊ ပြောမနာ၊ ဆိုမနာလဲ ဖြစ်တဲ့ ခင်မင်ရတဲ့ အမကို လုပ်ပေးပြိုက်ပြီ။

နောက်ဘယ်လို progress တွေရှိတယ်ဆိုတာ ပုံတွေ တင်ပေးမယ်နော် 💪💪💪💪💪

၂၀၂၅ ခုနှစ် အောက်တိုဘာလ (၂၀)ရက်နေ့တွင်ကျရောက် မည့် “World Osteoporosis Day “နေ့လေးတွင် လူသားတိုင်းအရိုးပွရောဂါမှကင်းဝေးစ...
18/10/2025

၂၀၂၅ ခုနှစ် အောက်တိုဘာလ (၂၀)ရက်နေ့တွင်ကျရောက် မည့် “World Osteoporosis Day “နေ့လေးတွင် လူသားတိုင်းအရိုးပွရောဂါမှကင်းဝေးစေရန် သိကောင်းစရာများဝေငှပေးလိုက်ပါတယ်ခင်ဗျာ 🙏

Osteoporosis (အရိုးပွရောဂါ) ဆိုသည်မှာ — အရိုးသိပ် သည်းဆ(bone density) လျော့နည်းသွားခြင်းကြောင့် အရိုးပျက်စီးလွယ်ခြင်း ၊ လဲကျခြင်းနဲ့အတူ အရိုးကျိုးလွယ်နိုင်သော ရောဂါမျိုးဖြစ်ပါတယ်။

Osteoporosis ရဲ့ အကြောင်းအရင်းများ
၁။ အသက်ကြီးခြင်း
၂။ ဟော်မုန်းလျော့နဲခြင်း
၃။ ဗီတာမင် D နှင့် ကယ်လဆီယမ်ဓါတ်လျော့နည်းခြင်း
၄။ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း(သို့မဟုတ်)နည်းခြင်း
၅။ ဆေးအချို့ (ဥပမာ – steroid များ)သုံးနေရခြင်း
၆။ ဆေးလိပ်၊ အရက်သောက်များခြင်း

ရောဂါလက္ခဏာများကတော့
အစပိုင်းမှာ သတိမထားဖြစ်တတ်ကြပေမယ့်နောက်ပိုင်းမှာတော့👇
-ခါးနာခြင်း
-ခြေဆစ်၊ လက်ဆစ်များ ကိုက်ခြင်း
-ပြင်းထန်လဲကျရုံမဟုတ်ပဲ အရိုးကျိုးလွယ်ခြင်း (အထူးသဖြင့် - လက်ကောက်ဝတ်ရိုး၊ ကျောရိုးနှင့် တင်ပဆုံရိုးများ)
-ကျောရိုးရှိ ခါးဆစ်ရိုးများနိမ့်လာခြင်း၊ စောင်းလာခြင်း

စစ်ဆေးခြင်း
-Bone Mineral Density Test (DEXA Scan) – အရိုးသိပ် သည်းဆတိုင်းတာခြင်း။
-X-ray ရိုက်ခြင်းဖြင့်လဲ အရိုးပွတာတွေ့နိုင်ပါတယ်
-သွေးစစ်ခြင်း – ကယ်လဆီယမ်၊ ဗီတာမင် D များ။

ကုသနည်းများ
-ကယ်လဆီယမ်နဲ့ ဗီတာမင် D များသောအားဆေးများပေးခြင်း
-အရိုးပွခြင်းကိုနှေးကွေးစေတဲ့ ဆေးများပေးခြင်း
-ဟော်မုန်းကုထုံးများ

ကာကွယ်နည်းများ
-မိမိအသက်အရွယ်နှင့်လိုက်သော ပုံမှန် ကိုယ်လက်လှုပ် ရှားခြင်းများ(လမ်းလျှောက်ခြင်း၊ ပြေးခြင်း)
-ကယ်လဆီယမ်များသောအစားအစာများစားသုံးခြင်း (နို့၊ ချိစ်၊ ငါးသေးသေး၊ ပဲအမျိုးမျိုး)
-မနက် နေရောင် ထိတွေ့ပေးခြင်း (ဗီတာမင် D ရရှိရန်)
-ဆေးလိပ်ဖြတ်ရန်
-အရက်အလွန်အကျွံမသောက်ရန်
-သက်ကြီးရွယ်အိုများ လဲကျခြင်း မဖြစ်အောင်အကိုင် အတွယ်များထားရှိပေးခြင်း။

အချုပ်အားဖြင့် အရိုးပွရောဂါကို ပျောက်ကင်းအောင်ကုသ၍မရနိုင်သော်လည်း၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း၊ အစာအာဟာရမှန်မှန်ကန်ကန်စားသုံးခြင်းနဲ့ ပုံမှန်စစ်ဆေးမှုများပြုလုပ်ခြင်းဖြင့် ရောဂါဖြစ်နိုင်ခြေကို လျော့ချပေးနိုင်ပါတယ်။

ခွေးရူးပြန်ရောဂါ (Rabies) သည် လူနှင့်တိရစ္ဆာန်များအတွက် အလွန်အန္တရာယ်ရှိသော ဗိုင်းရပ်စ်ရောဂါတစ်ခု ဖြစ်သည်။ WHO စစ်တမ်းမျ...
15/10/2025

ခွေးရူးပြန်ရောဂါ (Rabies) သည် လူနှင့်တိရစ္ဆာန်များအတွက် အလွန်အန္တရာယ်ရှိသော ဗိုင်းရပ်စ်ရောဂါတစ်ခု ဖြစ်သည်။
WHO စစ်တမ်းများအရ လူသားများမှာ Rabies ကြောင့် နှစ်စဉ် (၅၉,၀၀၀)ကျော် အထိသေဆုံးနေပါသည်။ ခွေးရူးလက္ခဏာတစ်စုံတစ်ရာပေါ်ပေါက်လာပါက ကုသရန်ဆေးမရှိပဲအသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါသည်။ ထိုသေဆုံးမှုများတွင် အများစုမှာ အာဖရိကနှင့် အာရှဒေသများတွင်ဖြစ်ပြီး အများဆုံးမှာ ကလေးသူငယ် များတွင်ဖြစ်ကြပါသည်။

ကာကွယ်နိုင်ခြင်း
-ခွေးနှင့် တိရစ္ဆာန်များအား နှစ်စဉ်ကာကွယ်ဆေးထိုးပေးပါ။
-ခွေးကိုက်ခံရသောလူနာအား အချိန်မီကာကွယ်ဆေးထိုးခြင်း ဖြင့် မိမိတို့၏ အသက်အန္တရာယ်ကို ရာနှုန်းပြည့် ကာကွယ်နိုင်ပါသည်။

ကာကွယ်၍ရသောရောဂါများကြောင့် သင့်ကျန်းမာရေးမထိခိုက်ပါစေနှင့်။

အရည်အသွေးပြည့်မှီသော၊ cold chain မှန်ကန်သော ခွေးရူးပြန်ရောဂါကာကွယ်ဆေးများအား “သာစေဆေးကုခန်း” တွင် လာရောက်တိုင်ပင်ဆွေးနွေး၊ ထိုးနှံနိုင်ပါသည်။

“သာစေဆေးကုခန်း” မှ ရရှိနိုင်သော ဝန်ဆောင်မှုများ🔹အထွေထွေရောဂါကျန်းမာရေးကုသစောင့်ရှောက်မှု🔹အရိုး၊ အကြော၊ အဆစ် နှင့် ထိခိုက...
14/10/2025

“သာစေဆေးကုခန်း” မှ ရရှိနိုင်သော ဝန်ဆောင်မှုများ

🔹အထွေထွေရောဂါကျန်းမာရေးကုသစောင့်ရှောက်မှု

🔹အရိုး၊ အကြော၊ အဆစ် နှင့် ထိခိုက်ဒဏ်ရာကျန်းမာရေးကုသစောင့်ရှောက်မှု

🔹အသည်းရောင်အသားဝါ ‘B’ ပိုး ကာကွယ်ဆေးထိုးပေးခြင်း

🔹 မေးခိုင်ကာကွယ်ဆေးထိုးပေးခြင်း

🔹 ခွေးရူးရောဂါကာကွယ်ဆေးထိုးပေးခြင်း

🔹ရာသီတုပ်ကွေးရောဂါကာကွယ်ဆေးထိုးပေးခြင်း

🔹သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးပေးခြင်း

🔹နှလုံးစမ်းသပ်စက် (ECG) ဖြင့်စစ်ဆေးပေးခြင်း

🔹 ဆီးချို/ သွေးချို စစ်ဆေးပေးခြင်း

🔹ဆီး၊ဝမ်း၊သွေး၊သလိပ်များဖြင့်ရောဂါရှာဖွေ စစ်ဆေးပေးခြင်း

🔹ပုံမှန်ကျန်းမာရေးစစ်ဆေးမှု အစီအစဉ်များ (Medical Check up Programs)

စသည့် ကျန်းမာရေးဝန်ဆောင်မှုများ ရရှိနိုင်ပါသည်။

နာမကျန်းများဖြစ်လို့ ဝန်ဆောင်မှုလေးများရယူလိုပါက
👇🏻👇🏻👇🏻👇🏻👇🏻

“ သာစေ ဆေးကုခန်း ”
အမှတ် ၅၅ ၊၉၄ လမ်း၊ ဗိုလ်မင်းရောင်လမ်း နှင့်
မြန်မာ့ဂုဏ်ရည်လမ်း ကြား၊ ကန်တော်လေး
မင်္ဂလာတောင်ညွန့်မြို့နယ်
Ph : 09880015744

🕰️ဆေးခန်း ဖွင့်ချိန် 🕰
နံနက်ပိုင်း - (၉) နာရီမှ (၁၂)နာရီထိ
ညနေပိုင်း - (၄) နာရီမှ (၈) နာရီထိ

#သာစေဆေးကုခန်း
#နေ့စဉ်ပိတ်ရက်မရှိ
#မင်္ဂလာတောင်ညွန့်

“သာစေဆေးကုခန်း” မှ ရရှိနိုင်သော ဝန်ဆောင်မှုများ🔹အရိုး၊ အကြော၊ အဆစ် နှင့် ထိခိုက်ဒဏ်ရာ အထူးကုဆရာဝန်ကြီးများဖြင့် ကျန်းမာရ...
16/09/2025

“သာစေဆေးကုခန်း” မှ ရရှိနိုင်သော ဝန်ဆောင်မှုများ

🔹အရိုး၊ အကြော၊ အဆစ် နှင့် ထိခိုက်ဒဏ်ရာ အထူးကုဆရာဝန်ကြီးများဖြင့် ကျန်းမာရေးကုသစောင့် ရှောက်မှု

🔹အထွေထွေရောဂါကု ဆရာဝန်များဖြင့် ကျန်းမာရေးကုသစောင့်ရှောက်မှု

🔹အသည်းရောင်အသားဝါ ‘B’ ပိုး ကာကွယ်ဆေးထိုးပေးခြင်း

🔹 မေးခိုင်ကာကွယ်ဆေးထိုးပေးခြင်း

🔹 ခွေးရူးရောဂါကာကွယ်ဆေးထိုးပေးခြင်း

🔹ရာသီတုပ်ကွေးရောဂါကာကွယ်ဆေးထိုးပေးခြင်း

🔹သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးပေးခြင်း

🔹နှလုံးစမ်းသပ်စက် (ECG)ဖြင့်စစ်ဆေးပေးခြင်း

🔹 ဆီးချို/ သွေးချို စစ်ဆေးပေးခြင်း

🔹ဆီး၊ဝမ်း၊သွေး၊သလိပ် စစ်ဆေးပေးခြင်း

🔹ပုံမှန်ကျန်းမာရေးစစ်ဆေးမှု အစီအစဉ်များ (Medical Check up Programs)

စသည့် ကျန်းမာရေးဝန်ဆောင်မှုများ ရရှိနိုင်ပါသည်။

နာမကျန်းများဖြစ်လို့ ဝန်ဆောင်မှုလေးများရယူလိုပါက
👇🏻👇🏻👇🏻👇🏻👇🏻

“ သာစေ ဆေးကုခန်း ”
အမှတ် ၅၅ ၊၉၄ လမ်း၊ ဗိုလ်မင်းရောင်လမ်း နှင့်
မြန်မာ့ဂုဏ်ရည်လမ်း ကြား၊ ကန်တော်လေး
မင်္ဂလာတောင်ညွန့်မြို့နယ်
Ph : 09880015744

🕰️ဆေးခန်း ဖွင့်ချိန် 🕰
နံနက်ပိုင်း - (၉) နာရီမှ (၁၂)နာရီထိ
ညနေပိုင်း - (၄) နာရီမှ (၈) နာရီထိ

#သာစေ #ဆေးခန်း #နေ့စဉ်ပိတ်ရက်မရှိ #မင်္ဂလာတောင်ညွန့်

Influvac tetra  - 50,000MMK       (ဆေးစျေးအနည်းငယ်ပြောင်းလဲထားပါတယ်)                           “သာစေဆေးခန်း”       အမှတ်...
28/04/2025

Influvac tetra - 50,000MMK
(ဆေးစျေးအနည်းငယ်ပြောင်းလဲထားပါတယ်)

“သာစေဆေးခန်း”
အမှတ် ၅၅၊ ၉၄ လမ်း၊ ဗိုလ်မင်းရောင်လမ်း နှင့်
မြန်မာ့ဂုဏ်ရည်လမ်းကြား၊ ကန်တော်လေး
မင်္ဂလာတောင်ညွန့်မြို့နယ်
Ph : 09880015744

အခုချိန် Flu vaccineတွေ ပြတ်နေပါတယ်။ ရတဲ့နေရာကနေ ရသလိုကြိုးစားထားတော့ အခုထိတော့ဆေးတွေပြည့်နေပါတယ်။ ဆေးခန်းမှာပုံမှန်ထိုး...
22/04/2025

အခုချိန် Flu vaccineတွေ ပြတ်နေပါတယ်။

ရတဲ့နေရာကနေ ရသလိုကြိုးစားထားတော့ အခုထိတော့ဆေးတွေပြည့်နေပါတယ်။ ဆေးခန်းမှာပုံမှန်ထိုးနေကျ walk in လူနာကို ဦးစားပေးထိုးပေးဖို့ ချန်ထားရလို့ လက်ကားသမားတွေကို ကျတော်မပေးနိုင်သေးပါဘူးခင်ဗျာ။

အဲ့အတွက်တောင်းပန်ပါတယ်။

-ခွေးရူးပြန်ရောဂါနှင့်ပတ်သတ်သော ဗဟုသုတရစေရန်အလို့ငှါ ကူးယူဖော်ပြပါသည်။ ဒါ တကယ့်အဖြစ် အမှန်တွေပါ https://www.facebook.com...
20/04/2025

-ခွေးရူးပြန်ရောဂါနှင့်ပတ်သတ်သော ဗဟုသုတရစေရန်အလို့ငှါ ကူးယူဖော်ပြပါသည်။

ဒါ တကယ့်အဖြစ် အမှန်တွေပါ https://www.facebook.com/share/1DkimUXMRS/?mibextid=wwXIfr

ခွေးပေါက်ကလေးရဲ့ သွားနဲ့ခြစ်မိတဲ့ သွေးစို့ဒဏ်ရာကို အမှုမဲ့ အမှတ်မဲ့နေရာက အမျိုးသမီးငယ်တစ်ဦး ခွေးရူးပြန်ရောဂါ​​ဖြစ်ကာ သေဆုံး
၁၃. ၄ .၂၀၂၄
Written by Hey Mar
လွန်ခဲ့တဲ့ ၆ လခန့်က ခွေးသွားနဲ့ခြစ်မိရာကနေ ကာကွယ်ဆေးမထိုးမိတာကြောင့် မနေ့က ဧပြီ ၁၂ ရက်နေ့မှာ ခွေးရူးပြန်ရောဂါနဲ့ အသက် ၂၅ နှစ်ဝန်းကျင် အမျိုးသမီးသေဆုံးခဲ့တဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ ပဲခူးတိုင်းဒေသကြီး သုံးဆယ်မြို့နယ်အခြေစိုက် အ​ဖြူရောင်ပရဟိတ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ခွေးရူးပြန်ရောဂါဝေဒနာခံစားရသူနဲ့ သူ့မိသားစုက ပဲခူးရိုးမ မြိုင်​ဟေဝန်ဆင်စခန်းမှာ နေထိုင်ကြသူတွေလို့ သိရှိရပြီး ဝေဒနာနဲ့ သေဆုံးခဲ့သူအမျိုးသမီးငယ်ဟာ လွန်ခဲ့တဲ့ ၆ လခန့်က ပေါက်စလေးအား လက်ပွန်းတတီး ပွေ့ချီ စနောက်မိရာက ခွေးသွားနဲ့ခြစ်မိတဲ့ သွေးစို့ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ သိရပါတယ်။ အမှုမဲ့အမှတ်မဲ့ နေထိုင်ခဲ့ရာက ဧပြီလ ၉ ရက်နေ့မှာ ရောဂါ လက္ခဏာ ပြလာတဲ့အတွက် နီးစပ်ရာ ကျန်းမာရေးဆေးပေးခန်းဆီ ပြသကုသပေမယ့် ဆေးပေးခန်းက သာယာဝတီဆေးရုံဆီ တင်ပို့ကုသဖို့ ညွှန်ကြားတာကြောင့် လာရောက်ကုသစဥ် ခွေးရူးပြန်ရောဂါလက္ခဏာ ပြင်းထန်လာတဲ့အတွက် သာယာဝတီဆေးရုံက ရန်ကုန်ဆေးရုံကြီးဆီ ထပ်မံ လွှဲပြောင်းတာကြောင့် အဖြူရောင်ပရဟိတလူမှုကူညီရေးအသင်းပိုင် သူနာတင်ယာဥ်နဲ့ သယ်ဆောင်လာတဲ့ လမ်းခုလတ်မှာပဲ အဆိုပါအမျိုးသမီးငယ် သေဆုံးတယ်လို့ သိရပါတယ်။

အဖြူရောင်ပရဟိတအသင်းရဲ့ ဥက္ကဋ္ဌလည်းဖြစ်ပြီး သာယာဝတီမြို့နယ် ကြက်ခြေနီတပ်ခွဲမှူး ဦးအောင်ကျော်လင်းက” ခွေးကိုက်တာနဲ့ ပတ်သက်လို့ တချို့ ပေါ့ပေါ့တန်တန်ပဲ သဘောထားပြုမူနေကြတုန်းပဲ။ ခွေးရဲ့ သွားရေက ကိုက်ခံရပြီဆိုတာနဲ့ဒဏ်ရာထဲ ဝင်မှာပဲ။ ဆေးကြောတာ ပိုးသတ်တာ လုပ်ပြီးရင်လည်း ကာကွယ်ဆေးက ထိုးကို ထိုးသင့်တယ်။ ခွေးပဲ ကိုက် ကိုက် ကြောင်ပဲ ကိုက် ကိုက် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ထိုးကို ထိုးသင့်ပါတယ်။ ခွေးရူးပြန်ရောဂါက ကာကွယ်လို့ပဲရပြီး ဖြစ်ရင် ကုသလို့ မရတော့ပါဘူး။ သေတာပါပဲ။ အခု အမျိုးသမီးလေးလည်း ကျွန်တော့် ကားပေါ်တင် ရောဂါလက္ခဏာ ပြင်းထန်တာနဲ့ ဆေးရုံတောင်မရောက်လိုက်ဘူး သေတယ်။ သေတဲ့အခါ ခွေးတစ်ကောင်ရဲ့ အပြုအမူလိုပဲ အော်တယ်။ ကုတ်ဖဲ့တယ် ပေါ့။ အရေပြားအောက်သွေးကြောတွေ ပေါက်တာတွေ ဖြစ်တယ်။ သူ့မိသားစုကိုလည်း ဆက်စပ်ထိတွေ့ သံသယလူနာအဖြစ် ကာကွယ်ဆေးထိုးဖို့တော့ အသိပေးပြောပြခဲ့တယ်” လို့ MT News က မေးမြန်းမှုကို ပြန်လည်ဖြေကြားပါတယ်။

ကမ္ဘာတစ်ဝန်းလုံးမှာ ခွေးရူးပြန်ရောဂါကြောင့် တစ်နှစ်ကို လူ ၅၅၀၀၀ မှ ၇၀၀၀၀ ခန့်အထိ အသက်ဆုံးရှုံးလျက်ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်တွေအရသိရပြီး မြန်မာနိုင်ငံမှာ ခွေးရူးပြန်ရောဂါဖြစ်ပွားမှုလျှော့ချရေး အမျိုးသားစီမံကိန်း (၂၀၁၈-၂၀၃၀) ကို ရေးဆွဲထားပြီး နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်တွေမှာ ခွေးများကို ခွေးရူးပြန် ရောဂါကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။mtnewstoday

​မေတ္တာဖြင့်
မျှ​ဝေသည်။

☔️☔️ မိုးတွင်းကာလအစပြုတော့မှာဆိုတော့ ရာသီတုပ်ကွေးရောဂါ မဖြစ်ခင် အပြေးလေးကြိုတင်ကာကွယ်ထားကြရအောင်။ 📆၂၀၂၅ အတွက် ၄မျိုးစပ် ...
20/04/2025

☔️☔️ မိုးတွင်းကာလအစပြုတော့မှာဆိုတော့ ရာသီတုပ်ကွေးရောဂါ မဖြစ်ခင် အပြေးလေးကြိုတင်ကာကွယ်ထားကြရအောင်။

📆၂၀၂၅ အတွက် ၄မျိုးစပ် တုပ်ကွေးကာကွယ်ဆေး Influvac Tetra (2025) ကို “သာစေဆေးကုခန်း” တွင် ယုံကြည်စိတ်ချစွာ လာရောက်ထိုးနှံနိုင်ပါပြီ။

🏥သာစေဆေးကုခန်း မှ မိတ်ဆွေလူနာများအတွက် တုပ်ကွေးကာကွယ်ဆေး အသုံးပြုပေးလာတာ ယခုနှစ်နဲ့ ဆိုရင် (၁၃)နှစ်သက်တမ်းကျော်ပါပြီ။

🗣️ပြောရမယ်ဆိုရင်တော့ ဆေး၏အာနိသင် ၊ ဆေးရဲ့ Quality၊ Cold chain မှအစ စိတ်ချရပြီး ပျက်စီးမှုမဖြစ်အောင် စနစ်တကျထိန်းသိမ်းထား ဆောင်ရွက်ခဲ့တာ အတွေ့အကြုံ ၁၃ နှစ်ကျော်ပါပြီ။

😁ဒါကြောင့်မို့ ဆေးနဲ့ပတ်သတ်ပြီး quality ပိုင်းစိတ်ချချင်ရင်တော့ “သာစေဆေးကုခန်း” နှင့် ဆက်သွယ်လိုက်ပါခင်ဗျာ

🧑‍🧒‍🧒ကုမ္ပဏီ/အသင်းအဖွဲ့များ အတွက်လဲ အထူးဈေးနှုန်းများဖြင့် ထိုးနှံပေးလျှက်ရှိပါတယ်။

Influvac tetra - 47,000 MMK
(ဆေးစျေးအနည်းငယ်ပြောင်းလဲထားပါတယ်)

“သာစေဆေးခန်း”
အမှတ် ၅၅၊ ၉၄ လမ်း၊ ဗိုလ်မင်းရောင်လမ်း နှင့်
မြန်မာ့ဂုဏ်ရည်လမ်းကြား၊ ကန်တော်လေး
မင်္ဂလာတောင်ညွန့်မြို့နယ်
Ph : 09880015744

Address

No 55, Ground Floor, 94th Street, Kandawlay
Yangon
11221

Opening Hours

Monday 09:00 - 12:00
16:00 - 20:00
Tuesday 09:00 - 12:00
16:00 - 20:00
Wednesday 09:00 - 12:00
16:00 - 20:00
Thursday 09:00 - 12:00
16:00 - 20:00
Friday 09:00 - 12:00
16:00 - 20:00
Saturday 09:00 - 12:00
16:00 - 20:00
Sunday 09:00 - 12:00
16:00 - 20:00

Telephone

+959880015744

Website

Alerts

Be the first to know and let us send you an email when Thar say posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram