Kaung Sett Yee Specialist Clinic

Kaung Sett Yee Specialist Clinic Kaung Sett Yee Specialist Clinic

တန်‌ဆောင်တိုင် ပိတ်ရက် အသိပေးကြေညာခြင်း” 🪔🕯️================================၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ (၁) ရက်နေ့မှ (၄)ရက်န...
01/11/2025

တန်‌ဆောင်တိုင် ပိတ်ရက် အသိပေးကြေညာခြင်း” 🪔🕯️
================================
၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ (၁) ရက်နေ့မှ (၄)ရက်နေ့ အထိ ကောင်းဆက်ရည်အထူးကုဆေးခန်း ၏ တန်‌ဆောင်တိုင် ပိတ်ရက်အဖြစ် ဆေးခန်းပိတ်မည် ဖြစ်ပြီး နိုဝင်ဘာလ (၅) ရက်နေ့တွင် ပုံမှန်အတိုင်း ပြန်ဖွင့်မည်ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်

တန်ဆောင်တိုင်ပိတ်ရက် အချိန်အခါသမယလေးမှာ ကိုယ်စိတ်နှစ်ပါးလုံး ကျန်းမာချမ်းသာပြီး ပျော်ရွှင်စရာကောင်းတဲ့ နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေလို့ “ကောင်းဆက်ရည်အထူးကုဆေးခန်း” မိသားစုမှ ဆုမွန်ကောင်း‌တောင်းပေးလိုက်ရပါတယ်ရှင်။ 🪔🕯️

#တန်ဆောင်တိုင်

05/10/2025

ဘိုကင်တင်ရန် ဆေးခန်း ဖုန်းနံပါတ်များ 📞




☎️ 09676263259
☎️ 09688976988
☎️ 09454016917
☎️ 09689967573

မနက် (၉)နာရီ မှစ၍
ဆေးခန်းလူနာ ဘိုကင်များအား စတင်လက်ခံပါသည်

👩🏻‍⚕️ ဆရာဝန်များ ဆေးခန်းထိုင်ချိန်မှာ
- ညနေ (၄:၃၀) မှ ည (၈:၀၀) ထိ-

🏥 “ကောင်းဆက်ရည် အထူးကု ဆေးခန်း”
တိုက် ( 16 ) ၊ စံပါယ်လမ်း ၊
စစ်တောင်းရိပ်မွန် ၊ ဒဂုံဆိပ်ကမ်းမြို့နယ်
ရန်ကုန်မြို့ ။

🕯️ သီတင်းကျွတ်ဆုတောင်း  🕯️ 🙇🏻‍♀️ဝါလကင်းလွတ် သီတင်းကျွတ် အချိန်အခါသမယတွင်….🙏မိဘ ဖိုးဖွား ဆရာသမားများနှင့်တကွ ချစ်ခင်လေးစာ...
05/10/2025

🕯️ သီတင်းကျွတ်ဆုတောင်း 🕯️

🙇🏻‍♀️ဝါလကင်းလွတ် သီတင်းကျွတ် အချိန်အခါသမယတွင်….🙏

မိဘ ဖိုးဖွား ဆရာသမားများနှင့်တကွ ချစ်ခင်လေးစား တန်ဖိုးထားရပါသော မိတ်ဆွေသင်္ဂဟ လူကြီးမင်းအပေါင်းတို့ ..

🙏ကိုယ် စိတ် နှလုံး ကျန်းမာခြင်းနှင့်
ချမ်းသာခြင်း မင်္ဂလာအဖြာဖြာ ပြည့်စုံလျှက်
ဘေးအန္တရာယ်ဟူသမျှကင်းဝေး၍
အခက်အခဲဟူသမျှ အောင်မြင်စွာ ရင်ဆိုင် ကျော်လွှားနိုင်ပါစေ
🙏စီးပွါးလာဘ်လာဘများ
ဒီရေအလား တိုးတက်ကြီးပွါးပါစေကြောင်း …..

ကောင်းဆက်ရည် အထူးကုဆေးခန်း မိသားစုမှ

ဆုတောင်းမေတ္တာပို့သအပ်ပါတယ် 🙏🙏🙏

#သီတင်းကျွတ်မီးထွန်းပွဲ_ပိတ်ရက်ကြေညာခြင်း

(5.10.25)နှင့် (6.10.25)
ဆေးခန်း(၂)ရက်ပိတ်ပါတယ်ရှင်။

(7.10.25) မနက် (၉)နာရီ မှစ၍
ယခင်အတိုင်း ဆေးခန်းလူနာ ဘိုကင်များအား ပြန်လည်လက်ခံပါမည်

ဆရာဝန်များဆေးခန်းထိုင်ချိန်
- ညနေ (၄:၃၀) မှ ည (၈:၀၀) ထိ-


05/10/2025

👩🏻‍⚕️ကောင်းဆက်ရည်အထူးကုဆေးခန်းတွင်
ရာသီတုပ်ကွေးကာကွယ်ဆေး ( Myanmar FDA Approved ) ထိုးနှံနိုင်ပါပြီ

☎️ 09676263259
☎️ 09688976988
☎️ 09454016917
☎️ 09689967573

ထိုးမည့်သူများ အထက်ပါ ဖုန်းကိုဆက်၍ ကြိုတင် စာရင်းပေးသွင်းနိုင်ပါပြီ

အသက် ၆ လမှစ၍ ထိုးနိုင်ပြီး
Covid 19 vaccine နှင့် အနည်းဆုံး ၁၄ ရက် ခွာပြီး ထိုးရန်လိုအပ်ပါတယ်

သီတင်းကျွတ် မီးထွန်းပွဲ ပိတ်ရက်ကြေညာခြင်း (5.10.2025)နှင့် (6.10.2025)ဆေးခန်း(၂)ရက်ပိတ်ပါတယ်ရှင်။🙇🏻‍♀️ပိတ်ရက်တွင် ဆေးခန်...
05/10/2025

သီတင်းကျွတ် မီးထွန်းပွဲ ပိတ်ရက်ကြေညာခြင်း

(5.10.2025)နှင့် (6.10.2025)
ဆေးခန်း(၂)ရက်ပိတ်ပါတယ်ရှင်။🙇🏻‍♀️

ပိတ်ရက်တွင် ဆေးခန်းဖုန်းဖြေကြားမှု ပိတ်ထားမှာ ဖြစ်ပြီး

(7.10.2025) မနက် (၉)နာရီ မှစ၍
ယခင်အတိုင်း ဆေးခန်းလူနာ ဘိုကင်များအား ပြန်လည်ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်ရှင့် 🙇🏻‍♀️🎇

ဆရာဝန်များဆေးခန်းထိုင်ချိန်
- ညနေ (၄:၃၀) မှ ည (၈:၀၀) ထိ-

ကောင်းဆက်ရည် အထူးကုဆေးခန်း

 #ဆေးခန်းပိတ်ရက်ကြေညာခြင်း(၁၃.၄.၂၀၂၄)သကြင်္န်အကြိုနေ့ မှ (၁၇.၄.၂၀၂၄) မြန်မာနှစ်ဆန်း တစ်ရက်နေ့ အထိ ဆေးခန်းပိတ်ပါသည်။(၁၈.၄...
12/04/2025

#ဆေးခန်းပိတ်ရက်ကြေညာခြင်း

(၁၃.၄.၂၀၂၄)သကြင်္န်အကြိုနေ့ မှ (၁၇.၄.၂၀၂၄) မြန်မာနှစ်ဆန်း တစ်ရက်နေ့ အထိ
ဆေးခန်းပိတ်ပါသည်။

(၁၈.၄.၂၀၂၄) တွင် ပုံမှန်အချိန်များအတိုင်း ဆေးခန်း ပြန်လည်ဖွင့်လှစ်ပါမည်။

မြန်မာနှစ်သစ်(၁၃၈၇)မှ စ၍ မိဘပြည်သူများအားလုံး စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံ၍ စီးပွါးလာဘ်လာဘများတိုးပွါး၍ ဘေးဆိုး ကပ်ဆိုးများမှ ကင်းဝေးပြီး နှစ်သစ်ကို ကြိုဆိုနိုင်ကြပါစေကြောင်း .... 👩🏻‍⚕️

#ကောင်းဆက်ရည်အထူးကုဆေးခန်း မိသားစု မှ နှစ်သစ်ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ရှင်🙏🙏🙏

  လူရသွားပါပြီရှင် ကောင်းဆက်ရည် အထူးကုဆေးခန်းတွင်ဆေးဝါးကျွမ်းကျင် (၂)ဦး ✅Senior Pharmacist (1) Post✅Assistant Pharmacist...
02/04/2025


လူရသွားပါပြီရှင်

ကောင်းဆက်ရည် အထူးကုဆေးခန်းတွင်

ဆေးဝါးကျွမ်းကျင် (၂)ဦး

✅Senior Pharmacist (1) Post
✅Assistant Pharmacist Aid (1) Post

ခန့်ထားရန် ရှိပါသည်။ 👩🏻‍⚕️

စိတ်ဝင်စားပါက ဖုန်းနံပါတ်ကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

☎️ 09664007465

တပတ်အတွင်း အင်တာဗျူးရှိပါသည်

လစာ- ညှိနှိုင်း/-
(အချိန်ပြည့်မဟုတ် ၊အဆိုင်းနှင့်လုပ်ရမည်)

-ဆရာဝန် ညွှန် တဲ့ ဆေးမှန်သမျှ နားလည်သဘောပေါက်လွယ်ပြီး လူနာကို ကောင်းစွာ ရှင်းပြပြောဆိုနိုင်လျှင် ၁လတည်းနဲ့ လစာတိုးပါသည်

-လုပ်ငန်း အတွေ့အကြုံ မရှိသောသူများလည်း လျှောက်ထားနိုင်ပါသည်။ သင်တန်းလောလောလတ်လတ်ဆင်းထားသူများအား လက်တွဲခေါ် ပေးမည်ဖြစ်ပါသဖြင့် မတတ်သေးသည်များကို သင်ယူချင်စိတ်ရှိရမည်။

-စကားပြော ချိုသာယဉ်ကျေးပြီး မိမိအပြုံးကြောင့် လူနာ အဖျားတဝက်သက်သာလောက်ထိ ကြင်ကြင်နာနာပြောဆိုပေးတတ်ရမည်။

- လုပ်ငန်းမှ ချမှတ်ထားသော စည်းကမ်းများကို လိုက်နာနိုင်ပြီး စာရိတ္တ ကောင်းမွန်သူဖြစ်ရမည်။

Address 🏥 “ကောင်းဆက်ရည် အထူးကု ဆေးခန်း”
တိုက် ( 16 ) ၊ စံပါယ်လမ်း ၊
စစ်တောင်းရိပ်မွန် ၊ ဒဂုံဆိပ်ကမ်းမြို့နယ်
ရန်ကုန်မြို့ ။

အင်တာဗျူးလာဖြေသည့် အခါတွင်
- CV Form အပြည့်အစုံ
- လိုင်စင် ဓါတ်ပုံ (၁)ပုံ
- မှတ်ပုံတင် ရှေ့/နောက် မိတ္တူ
- သင်တန်းဆင်းလက်မှတ် မိတ္တူ
အပြည့်အစုံ ယူဆောင်လာရန်လိုအပ်ပါသည်။

ဆရာမတို့ ကောင်းဆက်ရည် အထူးကု ဆေးခန်းမှာ ဆေးခန်းပြ/ဆေးကုသရုံတင်မဟုတ်ပဲကာကွယ်ဆေးများလည်း လာရောက်ထိုးနှံနိုင်ပြီနော် ဖေဖေမေ...
29/03/2025

ဆရာမတို့ ကောင်းဆက်ရည် အထူးကု ဆေးခန်းမှာ ဆေးခန်းပြ/ဆေးကုသရုံတင်မဟုတ်ပဲကာကွယ်ဆေးများလည်း လာရောက်ထိုးနှံနိုင်ပြီနော်

ဖေဖေမေမေတို့ စိတ်မမောရဖို့
ကလေးငယ်များ နေကောင်းကျန်းမာဖို့
ကောင်းဆက်ရည် အထူးကုဆေးခန်းမှာ ကာကွယ်ဆေးများ ထိုးနှံခြင်းနှင့် ပတ်သက်၍
လာရောက် ဆွေးနွေးခြင်းများအတွက်
ကြိုတင်ဘိုကင်ယူရန်

☎️ 09676263259
☎️ 09688976988
☎️ 09454016917
☎️ 09689967573

ဖုန်းများကို တစ်လုံးမအားတစ်လုံးဆက်ပေးပါရှင်

👩🏻‍⚕️ ကျွန်မတို့ “ကောင်းဆက်ရည် အထူးကုဆေးခန်း” တွင် ညနေ ( ၅နာရီမှ ၇ခွဲထိ )ကလေးအထူးကုဆရာဝန် ဆေးခန်းထိုင်ပါသည်☎️ 0967626325...
29/03/2025

👩🏻‍⚕️ ကျွန်မတို့ “ကောင်းဆက်ရည် အထူးကုဆေးခန်း” တွင် ညနေ ( ၅နာရီမှ ၇ခွဲထိ )
ကလေးအထူးကုဆရာဝန် ဆေးခန်းထိုင်ပါသည်

☎️ 09676263259
☎️ 09454016917

EPC မီးကြာရှည်စွာပြတ်တောက်မှု/ မီးမရရှိမှုကြောင့် ဖုန်း/ powerbank / laptop အားသွင်းရန် လိုအပ်နေသော မိဘပြည်သူများအတွက်

ကျွန်မတို့ ကောင်းဆက်ရည် အထူးကုဆေးခန်း နှင့် ဆေးခန်းပိုင်ရှင် တိုက်တွင်
အခမဲ့ လာရောက်အားသွင်းနိုင်ပါတယ်။

ညနေ ၅နာရီ မှ ၈နာရီထိ သွင်းနိုင်ပါသည်။

မီးစက် ၂လုံးဖြင့် နှိုးပြီး မီးပေးကူညီပါမယ်။

မိမိပစ္စည်းများကို မိမိထိုင်စောင့်နေပေးဖို့တော့လိုပါသည်။ !!

ကိုယ်ပိုင်အားသွင်းကြိုး နှင့် extension ခွေများယူလာလျှင်ပိုကောင်းပါသည် မလောက်ငှမှာစိုးလို့ပါ။

EPC မီး ပြန်ပေးသည့်နေ့တွင် ဤအစီအစဉ်ရပ်နားပါမည်။

Address 🏥 “ကောင်းဆက်ရည် အထူးကု ဆေးခန်း”
တိုက် ( 16 ) ၊ စံပါယ်လမ်း ၊
စစ်တောင်းရိပ်မွန် (၉၂ရပ်ကွက်) ၊
ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်မြို့ ။

Google map 🗺️ https://maps.google.com?q=R7HF%20XCJ%20%E1%80%80%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%86%E1%80%80%E1%80%BA%E1%80%9B%E1%80%8A%E1%80%BA%20%E1%80%80%E1%80%9C%E1%80%B1%E1%80%B8%E1%80%A1%E1%80%91%E1%80%B0%E1%80%B8%E1%80%80%E1%80%AF%E1%80%86%E1%80%B1%E1%80%B8%E1%80%81%E1%80%94%E1%80%BA%E1%80%B8,%20Sabe%20St,%20Yangon&ftid=0x30c18d7bf18d13ff:0xbdaca898c33b821f&entry=gps&lucs=,94224825,94227247,94227248,94231188,47071704,47069508,94218641,94203019,47084304,94208458,94208447&g_st=com.google.maps.preview.copy

ဆေးခန်း ဖုန်းနံပါတ်များအား ပြန်လည် ပြင်ဆင်ထားပါကြောင်း … 👩🏻‍⚕️  ☎️ 09676263259☎️ 09688976988☎️ 09454016917☎️ 09689967573...
28/03/2025

ဆေးခန်း ဖုန်းနံပါတ်များအား ပြန်လည် ပြင်ဆင်ထားပါကြောင်း … 👩🏻‍⚕️




☎️ 09676263259
☎️ 09688976988
☎️ 09454016917
☎️ 09689967573

🏥 “ကောင်းဆက်ရည် အထူးကု ဆေးခန်း”
တိုက် ( 16 ) ၊ စံပါယ်လမ်း ၊
စစ်တောင်းရိပ်မွန် ၊ ဒဂုံဆိပ်ကမ်းမြို့နယ်
ရန်ကုန်မြို့ ။

ပါးချိတ်ရောင်တဲ့ ကလေးလူနာလေးတွေ များလာလို့ 🦠 *ပါးချိတ်ရောင်ရောဂါအကြောင်း* မျှဝေပေးလိုက်ပါတယ်ရှင့်ကလေးမေမေတွေလာပြရင် ဆရာမ...
28/03/2025

ပါးချိတ်ရောင်တဲ့ ကလေးလူနာလေးတွေ များလာလို့ 🦠
*ပါးချိတ်ရောင်ရောဂါအကြောင်း*
မျှဝေပေးလိုက်ပါတယ်ရှင့်

ကလေးမေမေတွေလာပြရင် ဆရာမရေ နားကိုက်တယ် ပြောတယ် အစာမစားနိုင်ဘူးဖြစ်နေတယ် ညက ဖျားတယ် အန်လည်းအန်တယ် ဗိုက်လည်းနာတယ်တဲ့
တချို့ကလေးမေမေတွေကတော့ နှာစေး ချောင်းဆိုးတယ် ဖျားတယ် အစာမစားဘူး နားနောက်မှာ အကြိတ်စမ်းမိတယ် ဆရာမဆိုပြီး လာပြကြတယ်
မေမေရေ သား‌လေးဆိုတော့ ဝှေးစေ့လေး နာတယ်ပြောသေးလားမေးမှ ဟုတ်တယ် ပြောတယ် ဆရာမတဲ့
ရောဂါအ‌‌ကြောင်း သေချာလေးရှင်းပြပြီး အများစုက paracetamol တိုက်ပြီး ကိုယ်ခံအားကောင်းအောင် အစာများများကျွေးရင် ‌သက်သာသွားကြတာပါပဲ😊😊

ပါးချိတ်ရောင်ရောဂါနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲရောဂါတွေ‌ကြောင့် 😔😔ဆေးရုံတင်ပြီး ကုသရတဲ့ ကလေးတွေလည်း ရှိနေတော့ သေချာလေး ဂရုစိုက်ဖို့
လိုပါတယ်
ဆေးရုံတင်ရတဲ့ ကလေးလူနာတွေကတော့ အစာလုံးဝ
မဝင်လို့၊ အရမ်းမှိန်းနေတာတွေ ၊ ဗိုက်အရမ်းနာတဲ့ ကလေးလူနာတွေ ပဲ ဖြစ်ကြပါတယ်

ပါးချိတ်ရောင်တာ အဖျားမကျ အစာလုံးဝမစားလို့ သွေးစစ်ကြည့်မှ သွေးလွန်တုပ်ကွေးနဲ့ တွဲဖြစ်နေတဲ့ ကလေးတွေလည်း တွေ့နေရပါတယ်

အဆိုးဆုံးကတော့ ဖျားတာ ပါးချိတ်ရောင်တာကို paracetamol လို အကိုက်အခဲပျောက်ဆေးပေးလိုက်ရင် အဆင်ပြေပြီး သက်သာသွားကြတာကို အကိုက်အခဲ အပြင်းစားတွေ ပါးချိတ်ရောင်တာ အမြန်သက်သာအောင်ဆိုပြီး အရောင်ကျဆေးအပြင်းစားတွေကို မသိဘဲ ဆေးဆိုင်တွေက ရောင်းပေးလိုက်တဲ့ အဲ့ဒီ အပြင်းစားဆေးတွေက‌လေးကို တိုက်ပြီးအစာအိမ်ထိပြီး ဗိုက်နာအန် သွေးတောင်ပါတဲ့ ကလေးလည်း လာပြနေတာတွေရှိနေတဲ့ အတွက်‌ကြောင့် ဒီစာလေးကို ရေးလိုက်ရတာ ဖြစ်ပါတယ်ရှင့်

👩🏻‍⚕️ ပါးချိတ်ရောင်တယ်ဆိုတာ ဘာလဲဆိုတော့

ပါးချိတ်ရောင်တယ် ဆိုတာကတော့ ပါးပေါ်မှာရှိတဲ့ တံတွေးဂလင်းတစ်ခုကို ရောဂါပိုးဝင်ပြီး ရောင်တာ ဖြစ်ပါတယ်

👩🏻‍⚕️ ပါးချိတ်ရောင်လျှင် ဘာတွေ ဖြစ်လာမလဲဆိုရင်

နားရဲ့အရှေ့နဲ့ မေးရိုးထောင့် တဝိုက်မှာ ရောင်လာပါတယ်။ ၇၅ %သော ကလေးလူနာတွေမှာ ပါးချိတ်ပထမတစ်ဖက် ရောင်ပြီးသွားလျှင် နောက်တစ်ဘက်ကပါ လိုက်ပြီး ရောင်လာပါတယ်
၂၅% သော ကလေးလူနာတွေကတော့ တစ်ဘက်ပဲ ရောင်တာ တွေ့ရပါတယ်

👩🏻‍⚕️ ဘာကြောင့် ဖြစ်ရသလဲဆိုရင်

ပါးချိတ်ရောင်တာကို အဓိကဖြစ်စေတာကတော့ paramyxovirus မျိုးနွယ်ဝင် ပါးချိတ်ရောင် ဗိုင်းရပ်- mumps virus ကြောင့် ဖြစ်ပွားတာ များပါတယ်

👩🏻‍⚕️ ဘယ်လောက်ကြာတတ်လဲဆိုရင်

ဗိုင်းရပ်စ် ကူးစက်ခံရဖို့ ရက်သတ္တပတ်ခန့်ကြာပြီး ကူးစက်ပြီးနောက်မှာ ပါးချိတ်က ရောင်လာတတ်ပါတယ်။ ပြီးရင်တော့ နောက်ထပ် ၃ရက်ကနေ ၅ ရက်အတွင်းမှာ ပျောက်ကင်းသွားပါတယ်

ပါးချိတ်မရောင်ခင် အဖျားရှိတာ နှာရည်ယို ချောင်းဆိုးတာတွေလည်း ဖြစ်တတ်ပါတယ်
ဖျားလျှင် ၁ပတ်လောက်ထိ ကြာနိုင်ပါတယ်

👩🏻‍⚕️ ဘယ်လိုကူးစက်သလဲဆိုရင်

ရောဂါပိုးရှိတဲ့က‌လေးက ချောင်းဆိုးနှာချေလိုက်တဲ့အခါ
ထွက်လာတဲ့ အမှုန်အမွှားတွေကို ထိတွေ့မိတဲ့အခါ ကူးစက်နိုင်ပါတယ် တံတွေး အမှုန်အမွှားကနေလည်း ကူးစက်တတ်ပါတယ် အထူးသဖြင့် ကစားကွင်းတွေ လူများတဲ့ နေရာတွေမှာ သွားရင်တော့ ကူးစက်ဖို့ မြန်ကြပါတယ်

👩🏻‍⚕️ ရောဂါလက္ခဏာတွေက ဘာတွေလဲ ဆိုရင်တော့

ပါးချိတ်တဝိုက်ရောင်ရမ်းတဲ့အခါ
၁။မေးရိုးနဲ့ အကျိတ်ရောင်ရမ်းနေတာ
၂။အစားအသောက်စားရတဲ့အခါ ဝါးရခက်ခဲတာ
၃။ဖျားတာ
၄။ကြွက်သားတွေ နာကျင်ကိုက်ခဲတာ
၅။အစားအသောက်ပျက်တာ
၆။အားအင်ကုန်ခမ်းတာ
၇။သားသားလေးတွေမှာ ဝှေးစေ့ရောင်ရမ်းတာတွေ ဖြစ်တတ်ပါတယ်

👩🏻‍⚕️ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ကတော့

၁။သားသားလေးတွေမှာ ဝှေးစေ့ရောင်ရမ်းတာ
၂။ဦးနှောက်အမြှေးပါးရောင်တာ
၃။သားဥပြွန်ရောင်ရမ်းတာ
၄။ဦးနှောက်ရောင်တာ
၅။မုန့်ချိုအိတ်ရောင်တာ
၆။နားအကြားအာရုံ ဆုံးရှုံးတာ စတာတွေ ဖြစ်တတ်ပါတယ်

MMR ကဲ့သို့သော ကာကွယ်ဆေး ထိုးထားဖူးသူတွေမှာတော့ ရောဂါလက္ခဏာ မပြင်းထန်သလို
နောက်ဆက်တွဲ ဆိုးကျိုးတွေကို ခံစားရတာ သက်သာစေပါတယ်

ပိုးသတ်ဆေး Antibiotic လိုအပ်လားဆိုရင်
များသောအားဖြင့် virus ကြောင့် ဖြစ်ပွားတာ ဖြစ်တဲ့အတွက် ပိုးသတ်ဆေး antibiotic မလိုအပ်ပါဘူး

ကိုယ်ခံစွမ်းအားကို မြှင့်တင်ဖို့အတွက်
၁။အိပ်ရေးဝဝအိပ်တာ
၂။စိတ်ပင်ပန်းမူ့တွေလျှော့ချတာ
၃။အား‌ဆေးသောက်တာ တို့ကို လုပ်ပေးလို့ရပါတယ်

ပါးချိတ်ရောင်တာက သူအလိုလို ပြန်လည် သက်သာသွားနိုင်ပါတယ်
ဖျားနာတာအတွက် ကိုက်ခဲတာအတွက် Paracetamol တိုက်လို့ ရပါတယ်

နီးစပ်ရာဆေးရုံ ဆေးခန်းပြဖို့လိုအပ်တဲ့ အခြေအနေတွေကတော့

၁။ကိုယ်ပူချိန် ၁၀၃' F ရှိတာ
၂။အစာမစားနိုင်တာ
၃။ရေမျိုချဖို့ခက်ခဲတာ
၄။စိတ်ရှုပ်ထွေးပျံ့လွင့်နေတာ
၅။ဗိုက်အောင့်တာ
၆။ဝှေးစေ့ရောင်တာ တွေ ဖြစ်ပါတယ်

👩🏻‍⚕️ ပါးချိတ်ရောင်ရောဂါ ခံစားနေရတဲ့ ကလေးတွေကို

၁။ရေ ၊ အသီးဖျော်ရည်၊ ကြက်ပေါင်းရည် ၊အုန်းရည် တို့ များများတိုက်ပေးရပါမယ်
၂။နာကျင်ကိုက်ခဲဖျားနာခြင်းများအတွက် Paracetamol တိုက်လို့ရပါတယ် အသက်အရွယ်နဲ့ ညီမျှတဲ့ ပမာဏကိုပဲ တိုက်ဖို့လိုအပ်ပါတယ်
၃။အာဟာရပြည့်ဝအောင်စားသုံးရပါမယ်
( ထမင်းအပျော့ ဟင်းအပျော့၊ ကြက်ပေါင်း ခေါက်ဆွဲ ၊ ဆီချက်ခေါက်ဆွဲ၊ ကြေးအိုး ဝါးရလွယ်သော အစာများ ကျွေးလို့ရပါတယ် )
၃။ပါးချိတ်ရောင်နေတာအတွက် ရေခဲ(အရမ်းကြီးမအေးတာ) ကပ်လို့ရပါတယ်
၄။ စပ်တဲ့အစားအစာတွေ၊ အသင့်စား ခေါက်ဆွဲခြောက်တွေ၊ Gas ပါတဲ့ အချိုရည်တွေ တော့ ရှောင်ရပါမယ်
၅။နေ့တိုင်း ရေချိုးပေးလို့ ရပါတယ်

👩🏻‍⚕️ ကျောင်းကနေ အနားယူဖို့လိုအပ်သလားဆိုရင်

ရောဂါလက္ခဏာတွေ စဖြစ်ချိန်မှ (၉) ရက်အထိ (ဒါမှမဟုတ်) ပါးချိတ်ရောင်တာ သက်သာသွားတဲ့အချိန်အထိ ကျောင်းနားတာ ခွင့်ယူတာ လုပ်သင့်ပါတယ်

ရောဂါပျံ့နှံ့တဲ့ အန္တရာယ်ကို လျှော့ချဖို့အတွက်လည်း
သီးသန့်နေထိုင်နိုင်လျှင် ပိုကောင်းပါတယ်

ပါးချိတ်ရောင်တာကို ဘယ်လို ကာကွယ်နိုင်လဲဆိုရင်
Mumps အတွက် ကာကွယ်ဆေး (၂) ကြိမ် ထိုးနိုင်ပါတယ်
အသက် (၁၂) လနဲ့ (၁၅) လကြား တစ်ကြိမ်၊
အသက် (၄) နှစ်ကနေ (၆) နှစ်ကြားမှာ တစ်ကြိမ် ဝက်သက်၊ ဂျိုက်သိုး ကာကွယ်ဆေးတွေနဲ့ ပေါင်းထိုးလို့ရပါတယ်

ဆေးခန်းပြရန်နှင့် ကာကွယ်ဆေးထိုးချင်သော မေမေတို့ ကြိုတင်ဘိုကင်ယူပေးပါရှင် 👩🏻‍⚕️

🏥 “ကောင်းဆက်ရည် အထူးကု ဆေးခန်း”
တိုက် ( 16 ) ၊ စံပါယ်လမ်း ၊
စစ်တောင်းရိပ်မွန် ၊ ဒဂုံဆိပ်ကမ်းမြို့နယ်
ရန်ကုန်မြို့ ။

☎️ 09676263259
☎️ 09688976988
☎️ 09454016917
☎️ 09689967573

ကလေးများအားလုံး ကျန်းမာရွှင်လန်းကြပါစေရှင့်
ဒေါက်တာနီနီ ကလေးအထူးကု
အေးမေတ္တာကလေးအထူးကုဆေးခန်း မန္တ‌လေးမြို့။

Address

Yangon
11181

Alerts

Be the first to know and let us send you an email when Kaung Sett Yee Specialist Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Kaung Sett Yee Specialist Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category