Pig Family

Pig Family Home visit health care(Doctors & Nurses)

ခု မြန်မာပြည်မှာ စဖြစ်နေပြီဖြစ်တဲ့ကိုဗစ်B5 ရဲ့ လက္ခဏာတွေ လေ့လာမိသလောက်..လူနာဟာ.... ရင်ခေါင်းရောင် ခြင်းအပူနာဖြစ်၍ညပိုင်း...
07/09/2022

ခု မြန်မာပြည်မှာ စဖြစ်နေပြီဖြစ်တဲ့
ကိုဗစ်B5 ရဲ့ လက္ခဏာတွေ လေ့လာမိသလောက်..
လူနာဟာ....


ရင်ခေါင်းရောင် ခြင်း
အပူနာဖြစ်၍
ညပိုင်းမှာ ဗိုက်အောင့်ဗိုက်ရစ်ဖြစ်ပြီး ဝမ်းစသွားပါ့မယ်

သိုင်းရွိုက်ရောင်မယ်..

လည်ပင်းစနာလာတယ်၊ ရင်ခေါင်းထဲမှာ တစ်ဆို့ကြီး ဖြစ်နေမယ်၊ အဓိက ချွဲတွေစပိတ်လာမယ်၊ အဲဒီအချိန် တချို့မှာ အသက်ရှူကြပ်တဲ့ လက္ခဏာတွေ စပြလာမယ်၊ SpO2 တိုင်းပြီး အောက်စီဂျင် သွေးတွင်းပမာဏကို စောင့်ကြည့်နေရမယ်၊
ထိုင်းမှိုင်းနေမယ်၊ အစာမဝင်တော့ဘူး၊ ညဖက်တွေ အိပ်မပျော်တော့ဘူး၊ လည်ပင်းထဲ နေလို့မကောင်းတော့ဘူးတွေ စဖြစ်လာပါမယ်

ငယ်ထိပ်ခဲ လာပြီး ဦးဏှောက်အမြှေးပါးရောင်ခြင်း

- နှာခေါင်းထဲ အနံ့အာရုံ၊ ပါးစပ်ထဲက အရသာတွေ ပျောက်သွားမယ်၊ ခါးသက်သက်နဲ့ အစပ်အရသာတွေလောက်ပဲ အီလည်လည်ရမယ်၊ အစာလုံးဝမစားချင်ဘူး၊ မစားရင်လည်း အားပြတ်မယ်၊ ကြိတ်မှိတ်ပြီးစားရသလို အအေးမမိအောင်လည်း နေရတယ်၊ ညပိုင်းမှာ နှာခေါင်းထဲ မီးခိုးနံ့ကြီးပဲ ကျန်ခဲ့မယ်၊ ဆားရည်နဲ့ နှာခေါင်းတွင်းကို ဆေးပေးရမယ်
တင်ပါး ခဲမယ်

ဦးခေါငျး နာဗ်ကြောများ ရောင်ခြင်း

ချမ်းစိမ့်ပြီး ကိုယ်လက်တွေ မအီမသာစဖြစ်မယ်၊ ခေါင်းတွေ အုံလာမယ်၊ သိသိသာသာကြီးအားနည်းလာမယ်

တစ်ဝက်လောက်က စဖျားမယ်၊ ချမ်းတုန်နေမယ်၊ အများစုက မခံနိုင်လောက်အောင် ခေါင်းစကိုက်မယ်၊ ကိုယ်တွေလက်တွေ ရိုက်ထားသလိုနာမယ်၊

ဂုတ်ဆက် ခဲခြင်း

- နှာစစီးလာမယ်၊ နှာရည်ယိုမယ်၊ နှာခေါင်းပိတ်မယ်၊ ခေါင်းပြင်းထန်စွာကိုက်တာနဲ့ ရင်ဘတ်ထဲ နေမသိထိုင်မသာဖြစ်တာနဲ့ တွဲမယ်၊

လက်ပြင်ရောင်ခြင်း

တချို့လူတွေမှာ chest painလို့ ခေါ်တဲ့ ရင်ဘတ်အောင့်တာပါဖြစ်မယ်၊ ချွဲတွေ ပိုပျစ်ပြီး အရောင်ပြောင်းလာမယ်၊ ညဖက်တွေမှာ ချွေးတွေနစ်နေအောင် ထွက်တတ်တယ်၊ အဆုတ်ကို အအေးထပ်မမိအောင် သတိထားပါ


အာရုံကြောတော်တော်များများ အကုန်နီးပါးကို ဖျက်ဆီး ပစ်လိုက်တာပါပဲ... Omicron အစနဲ့ BA.2ထက် သုံးလေးဆပိုထိတယ်၊ အဓိကအနေနဲ့ တစ်ယောက်ကနေ တစ်ယောက်ကူးစက်တာ အရမ်းမြန်တယ်၊ အခုစကားလေးငါးခွန်းပြောလိုက်၊ ချက်ချင်းကူးသွားနိုင်ပြီး နောက်ရက် လက္ခဏာ စပြတော့တာပဲ၊ ပြဿနာက ကလေးတွေကိုပါ ကူးစက်ပြီး ကိုဗစ်လက္ခဏာတွေ ခံစားရတာပဲ

ုပ်ပြီးအိမ်မှာပဲနေမည့်လူအများစု
လိုအပ်မည့်ဆေးတွေကတော့
Paracetamol လိုမျိုးအဖျားကျဆေး၊
Ibuprofenလိုမျိုး အကိုက်အခဲပျောက်ဆေး၊
Acetylcysteine - ACCလိုမျိုး ချွဲပျော်ဆေး၊
ဝမ်းလျောဝမ်းပျက်တာနဲ့ စသောက်ဖို့ Probiotics၊

တို့ဆောင်ထားသင့်ပါသည်..
Crd/Naing Nyi

@@ #@ #@@@@@ #&-+(/)

အခုအချိန်အထိ မြင်ဖူးသမျှထဲမှာ ကိုဗစ် ၁၉ မျိုးကွဲသစ် ဘီအေ ၅ က အဆိုးဆုံးမျိုးကွဲအဖြစ် အမေရိကန်ဆေးပညာရှင် သတ်မှတ်

အမေရိကန်ဆေးပညာရှင် ဒေါက်တာ အဲရစ် တိုပေါလ်က ကိုဗစ် ၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး ဘီအေ ၅ ဟာ အရင်မျိုးကွဲတွေထက် လူတွေကို ပိုမိုကြာရှည်စွာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ဖျားနာစေနိုင်တယ်လို့ ယူဆထားပါတယ်။ အဲဒီမျိုးကွဲသစ်ကို အခုအချိန်အထိတွေ့မြင်ခဲ့သမျှထဲမှာ အဆိုးရွားဆုံးမျိုးကွဲအဖြစ် ဒေါက်တာ အဲရစ်က အမည်တပ်ထားပါတယ်။

သူ့ကို ဒီမျိုးကွဲသစ်ရဲ့ပြင်းထန်တဲ့ ခုခံအားနဲ့ ကူးစက်နိုင်မှုတွေအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာစေခဲ့ပါတယ်။ ဘီအေ ၅ မျိုးကွဲက ဆဲလ်အတွင်းထဲ ပိုမိုကောင်းမွန်စွာ ဝင်ရောက်နိုင်စွမ်းရှိပြီး ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်စေတဲ့၊ ဆေးရုံတက်ရောက်မှုနှုန်းများစေတဲ့ ကိုဗစ် ၁၉ ဒယ်တာမျိုးကွဲနဲ့ ဆင်တူတယ်လို့ ဒေါက်တာအဲရစ်ရဲ့သုတေသနပြုချက်တွေက ဆိုပါတယ်။

ဒေါက်တာ အဲရစ်က ဘီအေ ၅ မျိုးကွဲဟာ ဒယ်တာမျိုးကွဲနဲ့ ဆင်တူတဲ့အပေါ် စိုးရိမ်နေပေမဲ့ ဘီအေ ၅ မျိုးကွဲက ပိုမိုပြင်းထန်စေတဲ့ ရောဂါမျိုးကို ဖြစ်စေနိုင်မလားဆိုတာ ပြောပြဖို့ စောလွန်းသေးတယ်လို့ ဆိုပါတယ်။

သေသေချာချာရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့ ဒယ်တာလို ဆဲလ်ကူးစက်မှုလက္ခဏာရပ်တွေတော့ သေချာပေါက်ဖြစ်လိမ့်မယ်လို့ ဒေါက်တာ အဲရစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်နှစ်ပတ်အတွင်း နိုင်ငံတကာမှာ ကိုဗစ်ရောဂါကူးစက်ခံရသူ ၃၀ ရာခိုင်နှုန်း ခုန်တက်သွားခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အဆိုအရ သိရပါတယ်။

Ref: Ladbible "Doctor Says Latest Covid-19 Strain BA.5 Is The 'Worst Variant We Have Seen So Far' "

WL ( ရိုးရာလေး )

15/07/2022

ထိုင်း နဲ့ စင်ကာပူ မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၃၁ဦးထိ မြင့်တက်နေပြီး ဒီနေ့ တစ်ရက်တည်းမှာလည်း
ကူးစက်သူ တစ်သောင်းခွဲကျော်ထိရှိနေပါတယ်။ ဂျပန်နိုင်ငံမှာလည်း တိုကျို မြို့တော်ကို အနီရောင်မှ အမြင့်ဆုံးလိမ္မော်ရောင်အဆင့်ထိတိုးမြင့်ထားပါတယ်

ထိုင်းနဲ့စင်ကာပူ မှာ ကိုဗစ်ကူးစက်မှု နေ့စဥ်ထောင်ကျော်ရှိနေရာမှ ဒီကနေ့မှာ သောင်းကျော်အထိ မြင့်တက်ခဲ့ပြီး တိုကျိုမြို့တော်မှာ ၁သောင်း၆ထောင်ကျော်ရှိခဲ့ပြီး အခြားခရိုင်တွေမှာလည်းမြင့်တက်ခဲ့တာဖြစ်ပါတယ်။

ကျွမ်းကျင်သူများရဲ့ခန့်မှန်းချက်များအရ
နေ့စဥ်သောင်းကျော်ကူးစက်နေပါက တစ်ပတ်အတွင်း ဆဌမလှိုင်း ဖြစ်ပေါ်လာပြီး ကူးစက်မှုအမြင့်ဆုံးအခြေအနေရောက်ရှိဖြစ်ကြောင်းသိရပါတယ်

မြန်မာနိုင်ငံမှာတော့ အိုမီခရွန်ရဲ့ မျိုးဇီဗကွဲဖြစ်တဲ့ BA.4 နဲ့ BA.5 တို့ကို ပြည်ပက ပြန်လာသူတွေမှာတွေ့ရှိထားတယ်လို့ ကျန်းမာရေး၀န်ကြီးက ထုတ်ပြန်ထားပါတယ်။

မြန်မာရဲ့ အိမ်နီးချင်းနိုင်ငံတွေပါရောက်ရှိနေပြီဖြစ်လို့ မိဘပြည်သူများ အနေနဲ့ ကြိုတင်ကာကွယ်ကြဖို့တော့ လိုအပ် ပြီး အိုမီခရွန် မျိုးကွဲ BA.4 နဲ့ BA.5ရောဂါလက္ခဏာများကိုလည်း ဖော်ပြလိုက်ရပါတယ်။

ကူးစက်ခံရပြီး (၁) ရက်မှ (၃) ရက်

၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။
၂။ လည်ချောင်းအနည်းငယ်နာသည်။
၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။
၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။

(၄) ရက်မြောက်နေ့

၁။ အာသီးအနည်းငယ်ရောင်သည်။
၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။
၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။သို့သော် အစားအသောက်မြိုချရာတွင် အခက်အခဲရှိသည်။ ခေါင်းအနည်းငယ်ကိုက်မည်။
၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့ အနည်းငယ် မူးဝေနေမည်။

(၅) ရက်မြောက်နေ့

၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။
၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်။
၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

(၆) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။
၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။
၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်းနာကျင်နေမည်။
၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။
၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။
၆။ ခြေချောင်းများ နာကျင်လာမည်။
၇။ ဝမ်းလျှော၍ အော့အန်မည်။

(၇) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။
၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များထွက်နေမည်။
၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲ နာကျင်နေမည်။
၄။ အပြင်းအထန် ဝမ်းလျှောမည်။
၅။ အော့အန်မည်။

(၈) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 38C +အထက်ထိရောက်လာပြီး အပြင်းအထန်ဖျားလာမည်။
၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။
၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများနာကျင်မည်။
၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး ကိုက်ခဲနာကျင်မည်။

(၉) ရက်မြောက်နေ့

၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။
၂။ အပြင်းအထန် အဖျားတက်လာမည်။
၃။ အချို့ရောဂါလက္ခဏာများသက်သာလာမည်။
၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန် ကြိုးစားလာရမည်ဖြစ်သည်။ ထိုအနေအထားသို့ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန် လိုအပ်လာပြီဖြစ်သည်။

အိုမီခရွန် မျိုးကွဲ BA.4 နဲ့ BA.5 ကူးစက်ခံရပါက ၁၀ရက် ရောဂါခံစားရမည်ဖြစ်ကြောင်းလည်းသိရှိရပါသည်။

Reference - WHO, Tokyo News, Ministry of health and sports Myanmar

Monkeypox အကြောင်း နည်းနည်းသိသမျှ=============================အခု မျောက်ကျောက်ရောဂါကို နည်းနည်းလန့်နေကြလို့ သိထားသင့်တာလ...
24/05/2022

Monkeypox အကြောင်း နည်းနည်းသိသမျှ
=============================
အခု မျောက်ကျောက်ရောဂါကို နည်းနည်းလန့်နေကြလို့ သိထားသင့်တာလေးတွေ ပြောပေးပါမယ်။

အရေးအကြီးဆုံးအချက်က ကိုဗစ်လို မကူးလွယ်ပါဘူး၊ အရမ်းမကြောက်ဖို့ပါ။

ကူးနိုင်တဲ့နည်းလမ်းတွေက

၁။
ပွန်းပဲ့နေသောအရေပြားပေါ် ပိုးပါသောအရည်ထိတွေ့ခြင်း

ဒါကတော့လူအများစု သိထားတာနဲ့ပြောရရင် အေအိုင်ဒီအက်စ်ကူးသလို နည်းလမ်းနဲ့ ဆင်ပါတယ်။
အရေပြားအကောင်းပေါ် အရည်ထိ သွေးစက်ကျရုံနဲ့ မကူးပါဘူး၊ ချက်ချင်း ဆပ်ပြာနဲ့ သေချာပြောင်အောင်ဆေးနိုင်ရင် ရပါတယ်။

ဒီနည်းလမ်းဟာ အကူးလွယ်ဆုံးဖြစ်တာမို့ လက်ရှိ Monkeypox အဖြစ်အများဆုံးလူတန်းစားဟာ လိင်တူဆက်ဆံတဲ့ ယောကျာ်းတွေမှာဖြစ်နေပါတယ် (အေအိုင်ဒီအက်စ်လဲ အဲ့ကစတာပဲ)

ဒီတော့ လိင်ဆက်ဆံရင် ကူးလွယ်ပါတယ်ဆို အကြမ်းဖျင်းမှတ်လို့ရပါတယ်

၂။
အသက်ရှူလမ်းကြောင်းက ကူးစက်ခြင်း

ကိုဗစ်လိုများလားဆိုပြီး အရမ်းလန့်မသွားပါနဲ့။

သူက Large Respiratory Droplet လိုပါတယ်။ နှာချေ၊ ချောင်းဆိုး စကားပြောချိန်မှာထွက်တဲ့ ရေမှုန်ဆိုပေမယ့် အကြီးစားမှ ကူးတာပါ၊ ကိုဗစ်လို မှုန်မှုန်မွှားမွှားလေးတွေက မကူးပါဘူး။
ဒီတော့ဘာဖြစ်လဲဆို အမှုန်ကြီးတွေဟာ အဝေးကြီးကို မပြေးပါဘူး၊ အလွန်ဆုံး ၁ပေ ၂ ပေပဲသွားပါတယ် ပြီးရင်ကြမ်းပြင်ပေါ်ကျပါတယ်။

ဒီတော့ ဘယ်လိုမျိုးအခြေအနေမှာကူးနိုင်လဲဆို မျက်နှာခြင်း နီးကပ်စွာ အချိန်ကြာမြင့်စွာနေမှ ကူးတယ်လို့ဆိုပါတယ်၊ ဥပမာ kissing ဆွဲခြင်း။

၃။
မျက်လုံး နှာခေါင်းတွင်း ပါးစပ်တွင်းစတဲ့ အမြှေးပါးများမှ ကူးခြင်း

ရောဂါရှိသူရဲ့ ခန္ဓာကိုယ်ကထွက်တဲ့ အရည်၊ သွေး တွေမျက်လုံးထဲဝင် ပါးစပ်ထဲဝင် နှာခေါင်းထဲဝင်ရာက ကူးတာပါ။ အေအိုင်ဒီအက်စ်တို့ အသည်းရောင်စီပိုးတို့လိုပါပဲ။

သူကတော့ နည်းနည်းပိုကူးလွယ်ပုံရပါတယ်။
ရောဂါရှိသူထိုင်သွားတဲ့နေရာ၊ အိပ်သွားတဲ့ကုတင်၊ ဝတ်ထားတဲ့အဝတ်တွေကနေ ကူးစက်နိုင်ခြေရှိတယ်လို့ဆိုပါတယ်၊ အတိအကျမပြောနိုင်သေးပါဘူး။

အခုပြောသွားတဲ့ ၃ နည်းက အဓိကပါ။
ကြွက်ကဲ့သို့ တခြား တိရိစ္ဆာန်တွေက ကူးနိုင်လား မသိသေးပါ။ သံသယရှိတဲ့အဆင့်ပဲရှိပါသေးတယ်။

အရမ်းမလန့်ဖို့ပါ။

အခုမြန်မာနိုင်ငံမှာ ကလေးတွေမှာ အဖုတွေထွက်တယ် ကူးနေပြီဘာညာရေးနေတာတွေ့လို့။ ကြည့်ရတာ Monkeypox မဖြစ်နိုင်ပါ။ အဖုတွေသေးပါတယ်၊ Monkeypox အဖုက အဲ့ထက်အပုံကြီး ကြီးပါတယ်။ တခြား viral infection အရေပြားဗိုင်းရပ်စ်တမျိုးမျိုးဖြစ်ပါလိမ့်မယ်။

ဒေါက်တာကျော်ကျော်စိုင်း (M.B.,B.S. IM1)

21/05/2022

Pig Family🐷
(Doctors & Nurses) Groupတွင် လက်ရှိအိမ်တိုင်ရာရောက်စနစ် 🏠(home service)ဖြင့်
ဆောင်ရွက်ပေးနေသော ဝန်ဆောင်မှုများမှာ
👩‍⚕️👨‍⚕️💉
1. အထွေထွေရောဂါကု ဆရာဝန်များကိုယ်တိုင်
အိမ်တိုင်ရာရောက်စမ်းသပ်ကုသပေးခြင်း။

2. သွေးဖောက်ပေးခြင်း၊စစ်ဆေးလိုသော
ဓါတ်ခွဲခန်းသို့ နည်းစနစ်မှန်စွာ အမြန်ဆုံး
ပို့ဆောင်ပေးခြင်း။

3. Cannula ထိုး၍ Dripချိပ်ပေးခြင်း၊
ဆရာဝန်ညွှန်ကြားထားသော ထိုးဆေးများ
(IV / IM / SC) ထိုးနှံပေးခြင်း၊
အချိန်ပိုင်း ဆေးထိုးဆေးချိပ်ပေးခြင်း။

4. ပိုးကင်းသန့်စင်​သောနည်းဖြင့် အနာများအား
ဆေးထည့်ပေးခြင်း။

5. နှာခေါင်းပိုက်၊ဆီးပိုက် (Ryle's tube /
Catheter) ထည့်ပေးခြင်း။

အစရှိသည်များကို ဝန်ဆောင်မှုပေးလျက်ရှိပါသည် ။
အနည်းဆုံးလုပ်သက် ၁၀နှစ်ရှိသော
(စမ လက်မှတ်ရှိ​ေသာ ဆရာဝန်များ နှင့်
သူနာပြုလိုင်စင် ကိုင်ဆောင်ထားသော
Professional Nurses များ) ကိုယ်တိုင် 🚑🏠
အိမ်အရောက်ဝန်ဆောင်မှုပြုလုပ်ပေးမှာဖြစ်လို့ Safety အတွက်လုံးဝစိတ်ချရပါသည်ရှင့်။

လိုအပ်သောသူများအနေဖြင့် 24နာရီကြိုတင်၍

-လူနာအမည်နှင့်အသက်
-နေရပ်လိပ်စာ
-ဆေးထိုးရန်ဆရာဝန် ညွှန်ကြားချက်
-ဝန်ဆောင်မှုရယူလိုသည့်နေ့ရက်
-ဆက်သွယ်ရမည့်ဖုန်းနံပါတ် တို့ကို

Pig Family🐷 Pageရဲ့ Messenge Boxတွင်ပေးပို့ပြီး Booking Confirmနိုင်ပါသည်။

09..968620515
09..960983604
09..975304250
09..780648611 တို့ကိုလည်းဆက်သွယ်ပြီးမေးမြန်းစုံစမ်းနိုင်ပါသည်ရှင့်။
(ရန်ကုန်မြို့တွင်း)


test

's tube

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Pig Family posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share