07/12/2025
ခွေးလှေးယားအစွမ်း အံ့မခန်း
🔥 ခွေးလှေးယားသီးဆိုတာကတော့ နာမည်ကြားရုံနဲ့တင် ဟိုနားယားတားတား၊ ဒီနားယားတားတား ဖြစ်လာသလို ခံစားရစေနိုင်ပါတယ်။ ငယ်ငယ်က ဆော့ရင်လည်း တစ်ယောက်နဲ့တစ်ယောက် စနောက်တဲ့အခါမှာ ခွေးလှေးယားသီးအမှုန့်ကိုသုံးပြီး စခဲ့နောက်ခဲ့ကြတာတော့ မှတ်မိသေးတယ်။ ခွေးလှေးယားသီးမှာဆိုရင် အယဥ်နဲ့ အရိုင်း (၂) မျိုးရှိပါတယ်။ အယဥ်ကတော့ ဆေးဖက်ဝင်ပြီးတော့ အရိုင်းကတော့ ယားယံစေပါတယ် (ကျွန်တော်တို့ဆော့ခဲ့တဲ့ကောင်ပေါ့)။
💁♂️ ဒီနေ့ကတော့ခွေးလှေးယားအနက်စေ့အကြောင်း ပြောပြပေးချင်တာပါ။ သူ့ရဲ့ဆေးဖက်ဝင်တဲ့ အာနိသင်တွေက ဘာတွေရှိနိုင်မလဲဆိုတာကို ကြည့်လိုက်ရအောင်ဗျာ…
ခွေးလှေးယားအနက်စေ့ကို စားပေးမယ်ဆိုရင် လေဖြတ်ရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ လေမဖြတ်စေရုံတင်မကဘူး လေဖြတ်ထားရင်တောင်မှ ပြန်လည်ကောင်းမွန်စေနိုင်တဲ့အထိကို စွမ်းပါတယ်။ အဆစ်မြစ်ကိုက်ခဲတာတွေကို သက်သာစေသလို အာရုံကြောပိုင်းဆိုင်ရာမှာလည်း တိုးတက်စေပြီး မြန်မြန်နာလည်ပြန်ထနိုင်စေပါတယ်။
🚩 ဒီ့အပြင် သွေးတိုးရောဂါရှိသူတွေ၊ ဆီးချိုရောဂါရှိသူတွေအတွက်လည်း ရောဂါကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။
🚩 နောက်တစ်ခုက အနာကျက်မြန်စေပါတယ်။ အနာတွေဘာတွေဖြစ်လို့ ခွေးလှေးယားအနက်စေ့နဲ့သာကု၊ အသားတက်တာမြန်ပြီး အနာမြန်မြန်ကျက်စေပါတယ်။
ဒါတင်ပဲလားဆိုတော့လည်း မဟုတ်သေးဘူးဗျ။
🚩 အိပ်မပျော်စားမဝင် ဆီးဝမ်းမမှန်သူတွေအတွက်လည်း ခွေးလှေးယားအနက်စေ့က ကျန်းမာရေးကောင်းကျိုးတွေ ပေးစွမ်းနိုင်ပါသေးတယ်။ အစာစားချင်စိတ်လည်းဖြစ်စေသလို၊ ညဆိုလည်း အိပ်မပျော်တာတွေဘာတွေ မရှိတော့ဘဲ သူ့အချိန်နဲ့သူ အိပ်ပျော်စေပါတယ်။
အိပ်ပျော်စားဝင်တဲ့အတွက်ကြောင့် ခန္ဓာကိုယ်က ကျန်းမာပြီး ခေါင်းလည်းကြည်၊ စိတ်လည်းရွှင်စေပါတယ်။
🚩 ဆီးသိပ်မသွားတဲ့သူတွေဆိုလည်း ခွေးလှေးယားအနက်စေ့ကိုသာစားပေး။ ဆီးရွှင်ပြီး ကျန်းမာရေးက ဒေါင်ဒေါင်မြည်လာပါလိမ့်မယ်။
🚩 အခုလိုမိုးတွင်းမှာဆို မိုးအေးတာရယ်၊ ကိုယ်နေတဲ့နေရာမှာ အဲကွန်းတို့၊ ပန်ကာတို့ ဖွင့်တာကြာသွားတာရယ်နဲ့ ခြေတွေလက်တွေ အေးစက်လာတယ်၊ အအေးမခံနိုင်တာမျိုးဖြစ်တတ်တဲ့သူတွေကလည်း ခွေးလှေးယားအနက်စေ့ကို စားပေးပါ။ အရင်ကထက် အအေးဒဏ်ခံနိုင်လာမှာဖြစ်သလို ခြေတွေလက်တွေလည်း မအေးတော့ဘူးဗျ။
🚩 အိပ်ရင်သွားရည်အများကြီးကျတတ်တဲ့သူတွေအနေနဲ့ ခွေးလှေးယာအနက်စေ့ကို စားပေးသင့်ပါတယ်။ သိသာတဲ့ရလဒ်ကို ခံစားရလာပါလိမ့်မယ်။
ခွေးလှေးယားအနက်စေ့ကိုကို အစိမ်းလိုက် ဝါးစားပြီး၊ ဒဏ်ရာနေရာမှာ အရွက်ကိုဝါးပြီးထွေးထုတ်၊ အုံထားပေးမယ်ဆိုရင် မြွေတို့ ကင်းတို့ကိုက်ခံရရင်တောင် အဆိပ်ပြေတယ်ဆိုပါတယ်။ ဒီလောက်ထိစွမ်းတာကတော့အံ့မခန်းပေါ့ဗျာ။
နောက်ဆုံးတစ်ချက်ကတော့ အမျိုးသားတွေအတွက်ပါ။ ခွေးလှေးယားအနက်စေ့ဟာ သုက်ကိုပွားစေပြီး အမျိုးသားတွေရဲ့ကာမအားကို တိုးစေပါတယ်။ 💪💪
ဒီလိုအချက်တွေကြောင့် ခွေးလှေးယားအနက်စေ့က ဆရာတစ်ဆူဖြစ်နေတာပေါ့ဗျာ။
ဆရာသန့်စင်ထွန်း
B.A(Psy;),Dip.T.Med(Mdy)
တဆ - ၆၃၀၁
#မင်းမြန်မာ_တိုင်းရင်းဆေးခန်း
#အမျိုးသားကျန်းမာရေး
#မင်းမြန်မာတိုင်းရင်းဆေးခန်း
#မင်းမြန်မာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး
#ခွေးလှေးယားသီး
#ခွေးလှေးယားအနက်စေ့