ဟာန်နုမာန် by kyawt kyawt

ဟာန်နုမာန် by kyawt kyawt Organic Products

🍀ရေသောက်ခြင်း အနုပညာ🍀ရေသောက်ခြင်းဟာ ကျန်းမာရေးအတွက်အထောက်အကူဖြစ်တယ်ဆိုတာ အားလုံးသိနှင့်နေပြီးသားဖြစ်မှာပါမှန်ပါတယ် လုံလေ...
12/05/2023

🍀ရေသောက်ခြင်း အနုပညာ🍀

ရေသောက်ခြင်းဟာ ကျန်းမာရေးအတွက်အထောက်အကူဖြစ်တယ်ဆိုတာ အားလုံးသိနှင့်နေပြီးသားဖြစ်မှာပါ

မှန်ပါတယ် လုံလောက်တဲ့ရေဓာတ်ရှိခြင်းဟာ ကျန်းမာရေးခြင်းနဲ့ တ်ိုက်ရိုက်အချိုးကျနေပါတယ်
ဒါပေမယ့် ရေသောက်တဲ့ အခါ မှန်ကန်သင့်တော်တဲ့အချိန်မှာသောက်ခြင်းဟာ အကောင်းဆုံးဖြစ်ပြီး ရေသောက်လွန်ကဲပါကလည်း ဘေးဖြစ်စေတတ်ပါတယ်

ရေသောက်ဖို့အသင့်တော်ဆုံးအချိန်တွေက
☘️ မနက်အိပ်ရာနိုးတဲ့အချိန်
မနက်နိုးနိုးခြင်း ရေသောက်ပေးခြင်းဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဥ် ကိုပိုမိုကောင်းမွန်စေပါတယ်
☘️ နေ့လည်စာ မစားခင်
နေ့လည်စာမစားခင် ရေတခွက်သောက်ခြင်းဟာ အစာလွန်ခြင်းကိုကာကွယ်ပြီး လွန်ကဲအောင်စားမိခြင်းမှကာကွယ်စေပါတယ်
☘️ နေ့လည်ခင်း ငိုက်မြည်းချိန်
နေ့လည်ခင်း ၃ နာရီလောက်မှာ ကော်ဖီတခွက်အစားရေသောက်ခြင်းဟာ လည်း ကော်ဖီနည်းတူလန်းဆန်းစေမှာပါ
☘️ ကိုယ်လက်လှုပ်ရှား အားကစားလုပ်ချိန်
ဒီလိုအချိန်မှာရေသောက်ပေးခြင်းက ချွေးထွက်လွန်ပြီးရေဓာတ်ဆုံးရှုံးမှုကိုကာကွယ်စေပါတယ်
☘️ ညဘက်အိပ်ရာမဝင်ခင်
ညဘက်အိပ်ရာမဝင်ခင် ရေအနည်းငယ်သောက်ပေးခြင်းက ခံတွင်းခြောက်ခြင်းမှကင်းဝေးပြီး ကောင်းစွာအိပ်ပျော်စေပါတယ်

ရေသောက်ခြင်းနဲ့ပတ်သတ်လို့ အနည်းငယ်လွဲမှားနေတဲ့ ယူဆမှုလေးတွေလည်းရှိပါတယ်

♦️ ရေသောက်ရင် အဆီကျတယ်
ဒါဟာ မှားယွင်းပါတယ် ရေသောက်လို့ အဆီမကျပါဘူး ဗိုက်ပြည့်သွားလို့ မဆာတော့လို့ အများကြီးမစားတော့တာမျိုးပါ

♦️ရေသောက်ခြင်းက အသားခြောက်ခြင်းကိုကာကွယ်တယ်
အသားခြောက်ခြင်းဟာ vit A ချို့တဲခြင်းကြောင့် ဖြစ်တာပါ ဒါဟာအပေါ်ယံအရေပြားပြဿနာဖြစ်ပြီး အသားအရည်စိုပြေအောင် အလှဆီ lotion တခုခု လိမ်းရမှာပါ

♦️ရေသောက်ရင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်ကို ဆေးကြောပေးတယ်
ရေသောက်ခြင်းဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်ကို မဆေးကြောနိုင်ပါဘူး အဆိပ်အတောက်ဖယ်ရှားခြင်းအလုပ်ကို ကျောက်ကပ်ကသာလုပ်ပါတယ်

ရေကို လိုတာထက်ပိုသောက်မိရင်လည်း အန္တရယ်ရှိနိုင်ပါတယ် ရေကို အများကြီးသောက်မိရင် ခန္ဓာကိုယ်မှရှိတဲ့ electrolytes တွေဖြစ်တဲ့ Potassium, Sodium, Magnesium, Calcium တွေဟာ dilute ဖြစ်ပြီးနည်းသွားမယ်
ရှိရမယ့် ပမာဏထက်ပိုနည်းသွားရင် Hyponatremia ဖြစ်နိုင်ပြီး နောက်ဆက်တွဲ အနေနဲ့ ကြွက်တက်ခြင်း ခေါင်းမူးခြင်း ပျို့အန်ခြင်း သတိလစ်ခြင်း တက်ခြင်း နှင့်အသက်သေဆုံးတဲ့အထိပါ ဖြစ်တတ်ပါတယ်
မတော်တဆတော့ ရေအများကြီးသောက်ဖို့ ခဲယဥ်းပါလိမ့်တယ် သောက်လေ ကောင်းလေဆိုပြီး လိုတာထက်ပိုသောက်မိရင်တော့ အန္တရယ်ဖြစ်စေမှာပါ

ဒါကြောင့် ရေဆာ လျှင် ရေသောက်ပါ
ဒါကအမှန်ကန်ဆုံးနည်းလမ်းဖြစ်ပြီး တနေ့ကိုရေသုံး လေး လီတာပြည့်အောင်သောက်မယ်ဆိုတဲ့စိတ်နဲ့ မဝင်နိုင်ပဲမသောက်ပါနဲ့လို့ အကြံပေးပါရစေ


 #အာရုံကြောအားကောင်းစေတဲ့အစားအစာများအာရုံကြော အားနည်းလာပြီးလာဆိုရင် အာရုံကြောတွေ ပျက်စီးခြင်းတွေနဲ့ အခြားသော ခန္ဓာကိုယ်တ...
11/05/2023

#အာရုံကြောအားကောင်းစေတဲ့အစားအစာများ

အာရုံကြော အားနည်းလာပြီးလာဆိုရင် အာရုံကြောတွေ ပျက်စီးခြင်းတွေနဲ့ အခြားသော ခန္ဓာကိုယ်တွင် လက္ခဏာအမျိုးမျိုး ဖြစ်ပေါ်တတ်ပါတယ်။

ဒါကြောင့် အာရုံကြော စနစ် အားကောင်းလာစေဖို့အတွက် အစားအစာကနေ ပြုလုပ်လိုရပါတယ်။ ကဲ ဘယ်လိုအရာတွေက အာရုံကြောစနစ်ကို အားကောင်းစေလလဲ ကြည့်လိုက်ရအောင်

အာရုံကြောစနစ် ကျန်းမာဖို့အတွက် ဒီဓါတ်တွေလိုအပ်ပါတယ်။

ဗီတာမင် B1 (သီရာမင်း)

ခြေထိပ်လက်ထိပ်လေးတွေမှာ အာရုံခံစားမိစေဖို့ လုပ်ဆောင်ပေးပါတယ်။

ဗီတာမင် B6

အာရုံခံစားမှုတွေကို သိရှိခံစားနိုင်စေဖို့ အရေးပါတဲ့ ဓါတ်တစ်ခုပါ။

ဗီတာမင် B12

ခြေလက်တွေ ထုံကျဉ်တာမျိုး မဖြစ်အောင်ကာကွယ်ပေးပါတယ်။

ကော့ပါး

သိမြင်မှုစွမ်းရည်ကိုကောင်းမွန်စေပြီး အာရုံကြောကို ကျန်းမာစေနိုင်ပါတယ်။

အာရုံကြောကျန်းမာစေဖို့ ဘာတွေစားမလဲ

#ဟင်းနုနွယ်

အာဟာရနဲ့ဗီတာမင်တွေကြွယ်ဝစေတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓါကိုယ် ကျန်းမာစေနိုင်သလို ဦးနှောက်နဲ့အာရုံကြောကိုလည်း ကျန်းမာစေနိုင်ပါတယ်။

#ဆန်လုံးညို

ဗီတာမင် B6 ကြွယ်ဝစွာပါဝင်တာကြောင့် စိတ်ပိုင်းဆိုင်ရာကျန်းမာစေနိုင်ပါတယ်။ အန္တရာယ်ရှိတဲ့homocysteines ပမာဏမြင့်တက်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ပါဝင်တာကြောင့် အာရုံကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။

#ကိုကိုး

ဓါတ်တိုးဆန့်ကျင် အာနိသင်တွေကြွယ်ဝတာကြောင့်oxidative stressတွေကြောင့်ဖြစ်လာမယ့် အာရုံကြောထိခိုက်မှုပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

#ငါး

အထူးသဖြင့်ကတော့ ပင်လယ်ငါးပါ။ Omega- 3 fatty acids ကြွယ်ဝစွာပါဝင်တာကြောင့် ဦးနှောက်နဲ့အာရုံကြောစနစ်တွေကို ကျန်းမာစေနိုင်ပါတယ်။

#ငှက်ပျောသီး

ပိုတက်ဆီယမ်ကြွယ်ဝတဲ့ ငှက်ပျောသီးလေးက ဦးနှောက်နဲ့အာရုံကြောစနစ်ကိုရေဓါတ်ပြည့်အောင်ဖြည့်ပေးပြီး အာရုံကြောစနစ် ကျန်းမာအောင်လုပ်ဆောင်ပေးပါတယ်။

#ကြက်သွန်ဖြူ

ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်တာကြောင့် ဦးနှောက်နဲ့အာရုံကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။

ဦးနှောက်နဲ့အာရုံကြောစနစ် ကျန်းမာစေဖို့အတွက် အခုပြောခဲ့တဲ့ အစားအသောက်လေးတွေကိုနေ့စဉ်တစ်ခု နှစ်ခုလောက်ပါဝင်အောင်စားသုံးပေးပြီး အာရုံကြောကျန်းမာအောင်စောင့်ရှောက်လိုက်ပါ။



ကျန်းမာရေးနင့် ပတ်သက်သော ဗဟုသုတများကို နေ့စဥ်တင်ပေးသည်ဖြစ်၍ Page ကို like and follow လေးလုပ်ပေးထားပါနော် ❤❤❤

နေပူထဲသွားပြီး ခေါင်းတွေကိုက် နေပြီလား============================ခေါင်းတွေကိုက် လိုက်တာဆိုတဲ့ ဝေဒနာမျိုးက နေပူထဲမှာ နေတ...
11/05/2023

နေပူထဲသွားပြီး ခေါင်းတွေကိုက် နေပြီလား
============================

ခေါင်းတွေကိုက် လိုက်တာဆိုတဲ့ ဝေဒနာမျိုးက နေပူထဲမှာ နေတာကြာလာသူတွေမှာ အတော်လေး တွေ့ရတတ်ပါတယ်။ နေပူထဲမှာ အနေကြာလာတဲ့အခါခေါင်းတွေ အုံလာတာဖြစ်တတ်သလို တဆစ်ဆစ်နဲ့ ခေါင်းတွေကိုက် လာတာလည်း ကြုံရတတ်ပါတယ်။ တချို့ဆို ဖျားတဲ့အထိတောင် ဖြစ်တတ်ပါတယ်။ နေပူထဲမှာ နေတာကြာရင် ဘာလို့ ခေါင်းကိုက် တာလဲ။ ဘယ်လိုသက်သာအောင် လုပ်ရမလဲဆိုတာ နည်းလမ်းတွေကို ပြောပြပေးပါမယ်။

နေပူထဲမှာ နေတာကြာရင် ဘာကြောင့် ခေါင်းတွေကိုက် တာလဲ***

ဒါကို Heat headaches လို့ ခေါ်ပါတယ်။ ပူတာသက်သက်ကတော့ ခေါင်းကိုက်စေတာ ရှားပါတယ်။ တခြားသော အချက်တွေက အားပေးကူညီနေလို့သာ ခေါင်းကိုက်တဲ့အထိ ဖြစ်လာတာပါ။ ဒီအချက်တွေကတော့

ရေဓာတ်ခမ်းခြောက်တာ***

Baylor College of Medicine အရ နေပူထဲမှာ ခေါင်းကိုက်ရတာက ရေဓာတ်ဆုံးရှုံးလို့ ဖြစ်နိုင်ပါတယ်တဲ့။ ရေဓာတ်ဆုံးရှုံးတဲ့အခါ သွေးကြောတွေ ကျုံ့လာတာကြောင့် ခေါင်းထဲမှာ တဆစ်ဆစ်နဲ့ ကိုက်လာတာပါ။

အပူနဲ့ ဆိုင်တဲ့ ရောဂါများ***

ဥပမာ ပြောရရင် ပူလွန်းလို့ ချွေးထွက်များပြီး ရေနဲ့ ဓာတ်ဆား ဆုံးရှုံးတာ၊ နုံးတာ၊ အပူလျှပ်တာ စတာတွေပဲ ဖြစ်ပါတယ်။ ကံကောင်းတာက ဒါတွေက ကာကွယ်လို့ ရပါတယ်။ နေပူထဲမှာ အကြာကြီး မနေဘဲ မကြာခဏ အရိပ်ထဲ ဝင်နားမယ်၊ လှုပ်လှုပ်ရှားရှား နေတာကို ရှောင်မယ်ဆိုရင် ခေါင်းမကိုက်အောင် ကာကွယ်နိုင်ပါတယ်။ အပူလျှပ်ခါနီးလူမှာရော၊ အပူကြောင့် နုံးနေတဲ့သူမှာရော ခေါင်းကိုက်တာက အဖြစ်များတဲ့ ရောဂါလက္ခဏာပါ။

အခြားအကြောင်းအရင်းများ***

တခြားသော ပတ်ဝန်းကျင်မှာ ရှိတဲ့ အကြောင်းအရာတွေကလည်း ခေါင်းကိုက်စေဖို့ ဝိုင်းပြီး တွန်းအားပေးနိုင်ပါတယ်။ ဥပမာ ပြောရရင်

-နေပြင်းလွန်းတာ

–ရေမသောက်ဖြစ်တာ

-ရေမွှေးတွေ၊ နေလောင်ကာခရင်မ်တွေက အနံ့တွေကြောင့် ခေါင်းကိုက်တာ

-အစာမစားဖြစ်တာ

-သောက်နေကျ ဆေးတွေ မသောက်ဖြစ်တာ

-နေပူထဲမှာ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ လုပ်မိတာ စတာတွေပဲ ဖြစ်ပါတယ်။

တခြားအရေးကြီးတဲ့ အခြေအနေများ
တစ်ခါတလေ ခေါင်းကိုက်တာက နေပြင်းတာကြောင့် မဟုတ်ဘဲ တခြားအရေးကြီးတဲ့ အခြေအနေတစ်ခုရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်တာအပြင် ဒီလက္ခဏာတွေ ရှိမရှိပါ စစ်ဆေးကြည့်ပါ။

အပူကြောင့် ရေဓာတ်ဆုံးရှုံးပြီး နုံးခြင်း
ခေါင်းကိုက်တာအပြင် ချွေးတွေ ရွှဲနေအာင် ထွက်တာ၊ ပျို့အန်တာ၊ မူးတာ၊ ကြွက်တက်တာ၊ နုံးတာ၊ ခြေဖျားလက်ဖျားတွေ အေးတာ၊ ရင်တုန်တာတွေပါ ခံစားရမှာပါ။

အပူလျှပ်တာ
ခေါင်းကိုက်တာအပြင် ချွေးမထွက်ဘဲ အသားတွေက ကိုင်ကြည့်ရင် ပူခြစ်နေမယ်။ မူးမယ်။ သတိမကောင်းဘူး။ အသားတွေ နီစပ်စပ် ဖြစ်မယ်။ အပူချိန်တိုင်းကြည့်ရင် ၁၀၃ ဒီဂရီဖာရင်ဟိုက်ထက် များနေမယ်။ ပျို့အန်ပြီး ရင်တုန်နိုင်ပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ရောဂါ
မိုက်ဂရင်းလို့ခေါ်တဲ့ ခေါင်းတစ်ခြမ်းကိုက်ရောဂါမှာတော့ သူ့ခေါင်းကိုက်တာက ထူးခြားပါတယ်။

-ခေါင်းတစ်ခြမ်း ဒါမှမဟုတ် ခေါင်းတစ်ခုလုံးမှာ တဒုတ်ဒုတ်နဲ့ ပြင်းပြင်းထန်ထန် ကိုက်မယ်။

-အလင်းရောင်မခံနိုင်ပါဘူး။

-ပျို့အန်မယ်။

-၅ယောက်မှာ ၁ယောက်က ခေါင်းမကိုက်ခင်မှာ Auraလို့ ခေါ်တဲ့ မျက်လုံးမှာ ပျိုးပျိုးပျက်ပျက်တွေ မြင်တာ၊ ခြေလက်တွေ ထုံကျင်တာ စတဲ့ ထူးခြားတဲ့ လက္ခဏာတွေကို ခံစားရတတ်ပါတယ်။

နေပူထဲမှာ အနေကြာလို့ ခေါင်းတွေကိုက် လာပြီဆို ဘာလုပ်ကြမလဲ။
ခေါင်းကိုက်လာပြီဆိုရင်

နေရိပ်ထဲ၊ အေးတဲ့တစ်နေရာရာမှာ အနားယူပါ။
အပူသက်သာလာပြီဆို ရေခဲဝတ်လေးတွေ ကပ်ပေးပါ။
ကဖင်းပါတာတွေ မသောက်ပါနဲ့။ ရေဓာတ် ပိုဆုံးရှုံးစေလို့ပါ။
နားနားနေနေ နေပါ။ လှုပ်လှုပ်ရှားရှား မလုပ်ပါနဲ့။
မကြာခဏ ရေသောက်ပါ။
အဝတ်အစားတွေ အထပ်ထပ် ဝတ်ထားရင် ချွတ်လိုက်ပါ။
ပွပွချောင်ချောင် အဝတ်လဲဝတ်ပါ။
ချွေးတွေကို ခြောက်အောင်သုတ်ပြီး ရေပတ်ဝတ် တိုက်ပါ။
ပါရာစီတမော သောက်ပေးပါ။
မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက် ရောဂါရှိသူတွေကတော့ ပုံမှန်သောက်နေကျ ဆေးတွေ သောက်ပေးပါ။

ခေါင်းကိုက်တာ မဖြစ်အောင် ဘယ်လို ကာကွယ်ကြမလဲ***

မကြာခဏ ရေသောက်ပါ။ တစ်နေကုန်သောက်ပါ။
နေပူထဲမှာ ချွေးထွက်များစေတဲ့ လှုပ်ရှားမှုတွေကို ရှောင်ပါ။
နေပူထဲမှာ အကြာကြီး မနေပါနဲ့။
မကြာခဏ အရိပ်ထဲမှာ အနားယူပါ။ အေးမှ ပြန်ထွက်ပါ။
နေကာမျက်မှန်တပ်ပါ။
အနံ့ပြင်းလွန်းတဲ့ အလှပြင်ပစ္စည်းတွေကို ရှောင်ပါ။
အစားပုံမှန်စားပါ။
သောက်နေကျဆေးတွေကို အချိန်မှန်သောက်ပါ။
နေပူထဲမှာ ခေါင်းကိုက် တာက သာမန်အခြေအနေလည်း ဖြစ်နိုင်သလို အပူဒဏ်ကြောင့် ရေဓာတ်ဆုံးရှုံးပြီး နုံးတာ၊ အပူလျှပ်တာရဲ့ ရှေ့ပြေးလက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ နေပူထဲမှာ ဆက်တိုက်မနေဘဲ မကြာခဏ နားမယ်။ ရေခဏခဏ သောက်မယ်ဆိုရင်တော့ ခေါင်းမကိုက်အောင် ကာကွယ်နိုင်မှာပါ။

Credit #

ငွေမကုန်ဘဲ ကျန်းမာစေနည်း --------------------------------၁။ရေများများသောက်ဖို့ ပိုက်ဆံမကုန်ပါဘူး ။၂။လေဝဝရှူဖို့ ပိုက်ဆံမ...
09/05/2023

ငွေမကုန်ဘဲ ကျန်းမာစေနည်း
--------------------------------
၁။ရေများများသောက်ဖို့
ပိုက်ဆံမကုန်ပါဘူး ။

၂။လေဝဝရှူဖို့
ပိုက်ဆံမကုန်ပါဘူး ။

၃။မိမိနဲ့သင့်လျော်တဲ့
အားကစားတစ်ခုခုကို
အချိန်အနည်းငယ်ပေးပြီး ပြုလုပ်ဖို့
ခန္ဓာကိုယ်ချွေးထွက်ဖို့
ပိုက်ဆံမကုန်ပါဘူး ။

၄။ Online ပိတ်ပြီး
ညစောစောအိပ်ဖို့
ပိုက်ဆံမကုန်ပါဘူး ။
အိပ်ရေးဝဖို့ တစ်ပြားမှမကုန်ပါဘူး ။

၅။ မိမိစားနေကျ အစားအစာတွေကို
သေချာပြန်စစ်ဆေးပြီး
ဘယ်ဟာကိုရှောင်ရမယ်
ဘယ်ဟာကိုဖြည့်စားရမယ်ဆိုတာသိရင်
စားနေကျ ဟာထက် ပိုမကုန်ပါဘူး ။

၆။ fb ကြည့်တဲ့အခါ …
ကုသိုလ်ပြုဖို့ မျှဝေဖို့
ဟာသတွေကြည့်ရှုပြီးရယ်မောဖို့
သင်သုံးနေကျထက် ပိုမကုန်ပါဘူး ။

ဒေါသထွက်စရာ page တွေ
စိတ်ဆင်းရဲစရာ page တွေ
ကိုယ့်ကိုဒေါသထွက်စေတဲ့လူတွေကို
unfollow လုပ်ပြီး
ရယ်စရာကောင်းတာတွေ
စိတ်ကြည်နူးစရာတွေကိုပဲ like လုပ်ထားပါ ။

Bill ကုန်ခံပြီး စိတ်ဆင်းရဲမခံပါနှင့်။
Bill ကုန်ခံပြီး ဒေါသကိုမဝယ်ပါနှင့် ။
Bill ကုန်ခံပြီး အသက်မတိုပါစေနှင့် ။

၇။ ဘာသာရေးလုပ်ဖို့ပိုက်ဆံမလိုပါဘူး ။
ဘယ်ဘုရားကမှ ပိုက်ဆံရှိမှတရားရမယ်။
ပိုက်ဆံအကုန်ခံမှ ကောင်းကင်ဘုံရောက်မယ်
မမိန့်ခဲ့ပါ။
တစ်ပြားမှကုန်စရာမလိုပဲနှင့်
ဘုရားရှိခိုးနိုင်ပါသည်။
ကပ်ဆိုးဆိုက်နေသော လောကကြီးတွင်
နေ့စဉ်နာရီဝက်ခန့် ဘုရားတရားရိပ်၌
ခိုလွုံ ပါ ။

၈။ တစ်ကယ့်မိတ်ဆွေကောင်းတွေနဲ့နေရဖို့
ဆွေးနွေးတိုင်ပင်ဖို့ ရယ်ရယ်မောမောပြောနိုင်ဖို့စိတ်လွတ်ကိုယ်လွတ်ရှင်သန်ဖို့
ငွေသိပ်မကုန်ပါဘူး ။

ငွေကုန်ရမှ ပေါင်းလို့ရမယ်ဆိုရင်လည်း
ဒါဟာ မိတ်ဆွေကောင်းမဟုတ်ပါဘူး ။
မိတ်ဆွေကောင်းတွေနဲ့အမြဲဆက်သွယ်နေထိုင်ပါ ။

မိတ်ဆွေ...
တစ်ပြားမှမကုန်ပဲ လုပ်လို့ရတာတွေကို
သင်မလုပ်ခဲ့ရင်....
အများကြီးကုန်မှ လုပ်လို့ရမှာတွေကို
တစ်ချိန်ကျ သင်လုပ်ရတော့မှာပါ.... ။

သိန်းရာချီကုန်မှအသက်ဆက်ရမယ့်
ရောဂါဘယတွေမဖြစ်ခင်
တစ်ပြားမှမကုန်ဘဲ
မိမိကိုယ်မိမိ ကယ်တင်ကြရအောင် …

မူရင်းရေးသားသူအားလေးစားလျက် ....



 #ညအိပ်ရာဝင်ချိန်ခြေထောက်ရေဆေးခြင်း ၁။ တစ်နေကုန်အောင်းနေသောအပူများ အောက်သို့လှည့်ပြီးခြေဖဝါးမှထွက်သွားနိုင်သည်။ ၂။ ညအိပ်...
09/05/2023

#ညအိပ်ရာဝင်ချိန်ခြေထောက်ရေဆေးခြင်း

၁။ တစ်နေကုန်အောင်းနေသော
အပူများ အောက်သို့လှည့်ပြီး
ခြေဖဝါးမှထွက်သွားနိုင်သည်။

၂။ ညအိပ်ပျော်နေချိန် ဟောက်ခြင်း
သွားကြိတ်ခြင်း၊ လျှာဝါးခြင်း
သွားရည်ကျခြင်းများ သက်သာ စေသည်။

၃။ ရင်ညွှန့်သို့တက်သောလေ
ဘဝင်သို့တက်သောလေ၊ နှလုံးသို့
တက်သော လေပူတို့ကို သက်သာစေသည်။

၄။ ခြေထောက်ကို သန့်စင်စွာဆေးပြီး
အိပ်ခြင်းကြောင့် မကောင်းသော အိပ်မက်ဆိုးများမက်ခြင်းမှ သက်သာစေနိုင်သည်။

၅။ ခြေသလုံးနှစ်ဖက် ကြွက်တက်ခြင်း
မှ သက်သာစေသည်။

၆။ နံနက်အိပ်ရာထတွင် မျက်ဝတ်များထွက်ခြင်း
မျက်စိဖွင့်မကောင်းခြင်းမှ သက်သာစေသည်။

၇။ ခန္ဓာကိုယ်အပူအအေးမျှတပြီး
ဦးခေါင်းသို့ အပူတက်ခြင်းကို သက်သာစေသည်။

၈။ အပူကြောင့် သွားဖုံးကြွခြင်း၊ သွားနာ
သွားကိုက်ခြင်းများမှ သက်သာစေသည်။

၉။ ဆံပင်ကျွတ်ခြင်း၊ ငယ်ထိပ်
ပြောင်ခြင်းမှ သက်သာစေသည်။

၁၀။ ဆံပင်ဖြူ ခြင်းကို သက်သာစေနိုင်သည်..
၁၁။ ကျွတ်သောဆံပင်ကို ပြန်ပေါက်စေနိုင်သည်။

၁၂။ မျက်တွင်းကျ ခြင်း၊ မျက်ကွင်း
ညို ခြင်းမှ သက်သာစေနိုင်သည်။

# ညအိပ်ရာဝင်ချိန်
ခြေထောက်ရေဆေးခြင်းဖြင့် ရောဂါအမျိုးမျိုးကို သက်သာစေနိုင်သည်။

# ကြွက်တက် ရောဂါ၊ အဆစ်ရောင်
အဆစ်ကိုက်ရောဂါ၊ လေးဘက်နာရောဂါ
သွားနှင့် သွားဖုံးရောင်၊ သွားဖုံးကြွရောဂါ
မျက်စိတိမ်ရောဂါနှင့် မျက်မှန်ဒီဂရီတိုးခြင်းအစာအိမ်လေပူထခြင်း၊ လေပူအထက်တက်၍မူးမော ရင်တုန်၊ နှလုံးလေရိုက်ရောဂါများပင်သက်သာသည်ဟုဆိုသည်။

# ခြေဆေးလျှင်လုံချည်၊ ထဘီကို
ပေါက်လယ်ထိအောင်မတင်ပြီး ရေအေးဖြင့်ခုနှစ်ခွက်ခန့် လောင်းဆေးသင့်သည်။
# ခြေဆေးပြီးနောက် ခေတ္တအပူထွက်အောင်စောင့်ပြီးမှသာ အဝတ်ခြောက်ဖြင့် သုတ်သင့်သည်။

# နေ့စဉ် မှန်မှန်ပြုလုပ်မှသာ
အကျိုးရှိမည့်နည်းဖြစ်ပါသည်။

Credit - ကြေးမုံသတင်းစာ



▪️သိပ်ကောင်းတဲ့စာတစ်ပုဒ်မို့ဖတ်ဖြစ်အောင်ဖတ်လိုက်ပါ…ငါးတစ်ကောင် ကုန်းပေါ်ရောက်လာပါတယ် …ရေထဲပြန်ဆင်းဖို့ သူ.. လူးလှိမ့်ခုန...
09/05/2023

▪️သိပ်ကောင်းတဲ့စာတစ်ပုဒ်မို့
ဖတ်ဖြစ်အောင်ဖတ်လိုက်ပါ…

ငါးတစ်ကောင်
ကုန်းပေါ်ရောက်လာပါတယ် …
ရေထဲပြန်ဆင်းဖို့ သူ..
လူးလှိမ့်ခုန်ပစ်ပေမယ့်
ရေမြောင်းဆီကို မရောက်နိုင်ဖြစ်နေတော့..
သူစိတ်လျော့လိုက်တယ်..
သေပါစေတော့ ပေါ့ …

ဒါကို.. ပုရွက်ဆိတ်တွေ မြင်တော့
ငါးကို ကယ်မယ် လုပ်ကြတယ်..!!
ပုရွက်ဆိတ်တစ်ချို့က ငါးကို
ဝိုင်းချီကြပြီး ရေမြောင်းစပ်ဆီ ပို့မယ်ပေါ့ …

ပုရွက်ဆိတ်ခေါင်းဆောင်က ပြောတယ်…
"မချီကြနဲ့...မနိုင်လောက်ဘူး.."
"ငါတို့ သူ့ကိုနာအောင် ဝိုင်းကိုက်ကြမယ် "
ဆိုပြီး ဝိုင်းကိုက်ကြလေတော့..

ငါးက..နာလွန်းပြီး
တအားပဲလူးလှိမ့် ခုန်ဆွ ပြေးရင်း..
ရေမြောင်းစပ်ဆီရောက်သွားတယ်..
နောက်ဆုံး.. ရေထဲထိ
ရောက်သွားနိုင်ခဲ့တယ်. . .

တစ်ချို့ နာကျင်ခြင်းတွေဟာ..
တစ်ချို့တိုက်ခိုက်မှု့တွေဟာ .
အောင်မြင်ခြင်းအတွက် အထောက်အပံ့
ဖြစ်စေတယ် ဆိုတာ..မမေ့ကြပါနဲ့။

တစ် ခါ တ လေ
တိုက်ခိုက်လာတဲ့ သူတွေကြောင့်
ကိုယ်က ပိုပြီး သန်မာလာရတယ်။
စိတ်ညစ်ချင် ညစ်ပါ။
သို့သော် … စိတ်ဓာတ်မကျနဲ့။
ဘာအကြောင်း, ကြောင့်မှ
စိတ်ဓာတ်မကျကောင်းဘူးနော်...

နင်းတတ်ရင်..အားလုံးဟာ
လှေကားထစ်တွေချည်းပါပဲ။

ဘဝမှာအခက်အခဲကြုံလာရင်
"အရာရာဟာ ကောင်းဖို့ဖြစ်လာတာပါ"
ဆိုတဲ့ ပုံပြင်လေးကို သတိရပါ
Credit
Min Tee Myael ✍️
လေ့လာမှတ်သား ဗဟုသုတ စာပေများ
စာပေချစ်မြတ်နိုးသူများ ကျနော့်ရဲ့Pageလေးကို Like & Fllowerလေးလုပ်သွားဖို့တောင်းဆိုပါတယ်ဗျာ။🙏🙏

အခုပဲ စစ အရင်ကထဲက စစ ကြိုးစားသူတိုင်းကို ရှယ်အမ်းမဲ့   ကြီးပါ 🥶✨   လား   လား စိတ်ကြိုက်ရွေးလိုက်ဝောာ့ ‼️ 1.5.2023 ကနေ 30...
07/05/2023

အခုပဲ စစ အရင်ကထဲက စစ ကြိုးစားသူတိုင်းကို ရှယ်အမ်းမဲ့ ကြီးပါ 🥶✨

လား
လား စိတ်ကြိုက်ရွေးလိုက်ဝောာ့ ‼️

1.5.2023 ကနေ 30.12.2023 ထိ အချိန် (၈) လ တိတိပေးထားပါတယ်။

Trip လိုက်ရဖို့ point ဘယ်လို စုရမလဲဆိုရင်

✅ Singapore Trip တွက် - 1890 မှတ်
🔸 ကပ်ခွာ / လိမ်းဆေး / သွားတိုက်ဆေး - ၁ မှတ်နှုန်း
🔸နှာစေး / ခြင်ပြေး - ၀.၅ နှုန်း

Trip လိုက်နိုင်သလို မလိုက်ဖြစ်ရင်လည်း Cashback သိန်း ၃၀ ယူနိုင် ‼️

✅ Thailand Trip တွက် - 799 မှတ်
🔸ကပ်ခွာ / လိမ်းဆေး / သွားတိုက်ဆေး - ၁ မှတ်နှုန်း
🔸နှာစေး / ခြင်ပြေး - ၀.၅ နှုန်း

Trip လိုက်နိုင်သလို မလိုက်ဖြစ်ရင် Cashback ၁၂ သိန်း ယူနိုင် ‼️

စိတ်ရှိတိုင်းသာ Trip point တွေ စစုနိုင်ပါပြီ‼️
Trip လိုက်ဖူးသူတိုင်းသိ Hanuman က ဘယ်လိုအမ်းလဲဆိုတာလေး 🤭



"ကံထူးသူစာရင်းလေး" တွေပါရှင့် 😍😍😍ပေါက်တဲ့သူများ CB မှာ တစ်ချက် အကြောင်းကြားပေးအုံးနော်....😘😘😘ဝယ်ယူအားပေးမှုများအတွက် Han...
07/05/2023

"ကံထူးသူစာရင်းလေး" တွေပါရှင့် 😍😍😍

ပေါက်တဲ့သူများ CB မှာ တစ်ချက် အကြောင်းကြားပေးအုံးနော်....😘😘😘

ဝယ်ယူအားပေးမှုများအတွက် Hanuman Brand မှအထူးကျေးဇူးတင်ရှိပါတယ်ရှင့်...🙏🙏🙏

စောင့်မျော်နေကြတဲ့   လေးလာပါပြီ😍 ုပ် ဝယ်ယူတိုင်း  #ခြေစိမ်ဆေးထုပ်အထုပ်ကြီး1ထုပ်(5ထုပ်သေး)လက်ဆောင်ရ ူး ဝယ်ယူတိုင်း #ခြေစိ...
07/05/2023

စောင့်မျော်နေကြတဲ့ လေးလာပါပြီ😍

ုပ် ဝယ်ယူတိုင်း #ခြေစိမ်ဆေးထုပ်အထုပ်ကြီး1ထုပ်(5ထုပ်သေး)လက်ဆောင်ရ

ူး ဝယ်ယူတိုင်း
#ခြေစိမ်ဆေးထုပ်အထုပ်ကြီး1ထုပ်(5ထုပ်သေး)လက်ဆောင်ရ

ူး ဝယ်ယူတိုင်း ူးလက်ဆောင်ရ

ကာလ
7ရက်နေ့-5လပိုင်းကနေ 7ရက်နေ့-6လပိုင်းအထိသာ

#အတန်ဆုံးPromotionSetကိုခုစပြီးစိတ်ကြိုက်မှာယူလို့ရပါပီရှင့်

တစ်နှစ်စာ အခမဲ့သုံးစွဲခွင့်ကို ဘယ်သူတွေရကြမလည်းဆိုတာ (5.5.2023) Live ထဲမှာ အတူတူ ရင်ခုန်ကြမယ်နော်............
04/05/2023

တစ်နှစ်စာ အခမဲ့သုံးစွဲခွင့်ကို ဘယ်သူတွေရကြမလည်းဆိုတာ (5.5.2023) Live ထဲမှာ အတူတူ ရင်ခုန်ကြမယ်နော်............



 #သွေးလေးဖက်နာရောဂါ ရှိသူများအနေနဲ့ အနေအထိုင်၊ အစားအသောက်ကို မှန်ကန်အောင် ပြုမူနေထိုင်စားသောက်ရင် ရောဂါသက်သာပျောက်ကင်းဖိ...
06/12/2022

#သွေးလေးဖက်နာရောဂါ ရှိသူများအနေနဲ့ အနေအထိုင်၊ အစားအသောက်ကို မှန်ကန်အောင် ပြုမူနေထိုင်စားသောက်ရင် ရောဂါသက်သာပျောက်ကင်းဖို့ အများကြီး အထောက်အကူပြုပါတယ်
=============================

(၁) ဆေးလိပ်သောက်ရင် ဆေးလိပ်ဖြတ်ရပါမယ်။ ဆေးလိပ်ဟာ ရောဂါကို ပိုဆိုးစေတဲ့အပြင် နောက်ဆက်တွဲပြဿနာတွေဖြစ်တဲ့ နှလုံးသွေးကြောကျဉ်းရောဂါတွေ၊ ခြေလက်များကို သွေးမလျှောက်လို့ ပုပ်သွားတာတွေကိုဖြစ်စေဖို့ အားပေးပါတယ်။

(၂) အဆစ်အမြစ်တွေ ရောင်နေတဲ့အချိန်မှာ ရောင်နေတဲ့အဆစ်တွေကို အနားပေးရပါမယ်။ ဥပမာ လက်ဆစ်တွေရောင်နေတဲ့အချိန်မှာ ပစ္စည်းတွေကို လက်နဲ့မတာမျိုး၊ လက်ကိုများစွာ အသုံးပြုတာမျိုးတွေ ရှောင်ရပါမယ်။ လိုအပ်ရင် အရောင်ကျဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေသုံးပြီး သက်သာအောင် ကုသရပါမယ်။ တစ်ကိုယ်လုံးမှာရှိတဲ့ အဆစ်တွေရောင်ရင်တော့ အိပ်ရာပေါ်မှာ အနားယူဖို့လိုပါလိမ့်မယ်။

(၃) နားတာနဲ့ တစ်ဆက်တည်းလုပ်ရမှာက လေ့ကျင့်ခန်းဖြစ်ပါတယ်။ နားလို့သက်သာလာပြီဆိုတာနဲ့ ခုနက နားထားတဲ့အဆစ်တွေကို လေ့ကျင့်ခန်း တဖြည်းဖြည်းချင်း လုပ်ပေးရပါမယ်။ ဒါမှမဟုတ်ရင် အဆစ်တွေဟာ ခိုင်သွားပြီး နောက်ပိုင်းမှာ လှုပ်ရှားလို့မရ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် လိုအပ်ရင် နားလည်တတ်ကျွမ်းတဲ့ပညာရှင် (Physiotherapist) နဲ့ တိုင်ပင်ပြီး ပြုလုပ်ရပါမယ်။

(၄) အစားအစာအနေနဲ့ အာဟာရပြည့်ဝအောင် စားရပါမယ်။

🔹 အထူးသဖြင့် အရိုးအဆစ်တွေအတွက် လိုအပ်တဲ့ ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီ ပါဝင်တဲ့အစားအစာတွေ စားပေးဖို့လိုပါတယ်။ ဥပမာအားဖြင့် နွားနို့၊ ကြက်ဥ၊ ဟင်းရွက်စိမ်းတွေ စားပေးရပါမယ်။

🔹 အရောင်ကျစေတဲ့ အစားအစာတွေကို ပိုစားပေးရပါမယ်။ ဥပမာ နာနတ်သီး၊ ဘယ်ရီသီး၊ နနွင်း၊ လက်ဖက်စိမ်း တို့ဖြစ်ပါတယ်။

🔹 အိုမီဂါ-၃ ကြွယ်ဝတဲ့အစားအစာတွေ ပိုစားရပါမယ်။ ဥပမာ အဆီပါတဲ့ငါးတွေ၊ အခွံမာတဲ့သစ်စေ့တွေ ဖြစ်ပါတယ်။

🔹 ပရိုဘိုင်အိုတစ် ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ ဒိန်ချဉ်လိုမျိုးတွေ မကြာခဏ စားပေးသင့်ပါတယ်။

🔹 ရှောင်သင့်တဲ့ အစားအစာတွေကတော့ ဆီကြော်မုန့်တွေ၊ ဓာတုပစ္စည်းတွေ ထည့်ထားတဲ့အစားအစာတွေ၊ ကြာရှည်ခံအောင် ပြုပြင်ထားတဲ့အစားအစာတွေ၊ အချိုမှုန့် စတာတွေကို ရှောင်ရပါမယ်။

Credit #
ဒေါက်တာခင်မောင်လွင် (FAME)
#ပြန်လည်မျှဝေပေးပါသည်

အရိုးကျီးပေါင်းအတွက် ပေါက်ပန်းဖြူ ================================ပေါက်ပန်းဖြူကို အင်္ဂလိပ်လို Sesbania Formosa လို့ ခေါ...
06/12/2022

အရိုးကျီးပေါင်းအတွက် ပေါက်ပန်းဖြူ
================================

ပေါက်ပန်းဖြူကို အင်္ဂလိပ်လို Sesbania Formosa လို့ ခေါ်ပါတယ်။ မြေပြန့်ဒေသနဲ့ ရေချောင်းနံဘေးတို့မှာ သဘာဝအလျောက် ပေါက်ရောက်ကြပါတယ်ပေါက်ပန်းဖြူရဲ့ အစေး၊ အပွင့်၊ အစေ့၊ အရွက်၊ အခေါက်၊ ဥ စသည့် အစိတ်အပိုင်းများ အားလုံးဟာ ဆေးဖက်၀င်ပါတယ်။

ကောင်းကျိုးများစွာနဲ့ ပေါက်ပန်းဖြူရဲ့အာနိသင်က....

(၁) ပေါက်ပန်းဖြူကို စားသုံးခြင်းဖြင့် ဝမ်းမီးကို တောက်စေသည်။ သုတ်ကို ပွားစေသည်။ ကျိုးသော အရိုးကို ဆက်စေသည်။ ဆီးရွှင်စေသည်။ လေကို ပွားစေသည်။ သည်းခြေနှင့် သလိပ်ကို နိုင်စေသည်။ ဆီးပူခြင်း၊ ဆီးအောင့်ခြင်းနှင့် နူနာရောဂါကို ပျောက်ကင်း စေသည်။
(၂) အနာ အဖု အပိမ့်များကို ပေါက်ပင်၏အစေးကို လိမ်းပေးလျှင် ပျောက်ကင်းသည်။(၃) စအိုဝနာခြင်း၊ ဆီးနှင့်ရော၍ သွေးပါခြင်း၊ နှာခေါင်းသွေး ယိုခြင်းတို့အတွက် ပေါက်ပွင့်ကို ရေအေးတွင် တစ်ညလုံးစိမ်၍ နံနက်တွင် သကြားအနည်းငယ် ထည့်၍ သောက်လျှင် ပျောက်ကင်းစေသည်။

(၄) ဆီးချုပ်ခြင်း၊ ဆီးအိမ်ရောင်ခြင်းများဖြစ်လျှင် ပေါက်ပွင့်ကို ရေနှင့်ကျို၍ ခပ်နွေးနွေး ချက်တွင် အုံပေးလျှင် ပျောက်ကင်းသည်။(၅) ပေါက်ပွင့်ခြောက်ကို လက်ဖက်ခြောက်ကဲ့သို့ ရေနွေးတွင် ခပ်၍သောက်သော် မောပန်းခြင်းကို ပြေစေ၍ သွေးသားကို သန့်ရှင်းစေသည်။(၆) ပေါက်စေ့ကို သံပုရာရည်နှင့် ကြိတ်၍လိမ်းလျှင် ယားနာပွေးနာများ ပျောက်ကင်းသည်။

(၇) အစေ့ကို ရေတွင်စိမ်၍ အခွံနွှာပြီးလျှင် အတွင်းအဆန်ကို အခြောက်လှန်းကာ ကြိတ်၍ နံနက်၊ ည တစ်နေ့ ၂ ကြိမ်ဆက်စားပြီး (၄)ရက် မြောက်သောအခါ ဝမ်းနုတ်ဆေး (သို့) ဝမ်းပျော့ဆေးစားပါက ဝမ်းတွင်းရှိ သန်ကောင်များ ကျဆင်းလာမည်။(၈) ပေါက်ဥမှုန့်ကို ပျားရည်နှင့်တေ၍ စားသော် အားအင်ပြည့်ဖြိုး၍ အသက်ရှည်စေသည်။(၉) ပေါက်ပန်းဖြူရွက် သတ္ထုရည်ကို မျက်စဉ်း ခတ်ပေးပါက မျက်စိမှုန်ခြင်းတို့ ကို သက်သာစေသည်။

(၁၀) အဆစ်ရောင်ရောဂါ ဝေဒနာ ခံစားရပါက ပေါက်ပန်းနီပွင့်၏ အမြစ်ကို ရေနှင့်သွေး၍ မီးဖြင့်နွေးအောင်ပြုပြီး ရောင်သော အဆစ်များကို လိမ်းပေးခြင်းဖြင့် သက်သာစေသည်။ (၁၁) အတက်ရောဂါ၊ ၀က်ရူးရောဂါ ခံစားနေရသူ များ ပေါက်ပန်းဖြူရွက်ကို ငရုတ်ကောင်းနှင့် ရောစပ်ကာ ကြိတ်ပြီး ရှူပေးခြင်းဖြင့် သက်သာစေသည်။(၁၂) ခေါင်းတစ်ခြမ်းကိုက်ပါက အပွင့်နှင့်အရွက်ကို အရည်ညှစ်ပြီး ရှူပေးပါက သက်သာစေသည်။(၁၃) အရိုးကျီးပေါင်း ရောဂါ၊ ကြက်မျက်သင့်ရောဂါဖြစ်ပါက ပေါက်ပန်းဖြူပွင့်ကို ပြုတ်၍ စားပေးနိုင်သည်။

(၁၄) တုပ်ကွေးဖျား(သို့မဟုတ်) ရိုးရိုးဖျားခြင်းများဖြစ်ပါက ပေါက်ပန်းဖြူရွက်ကို ကြက်သွန်နီနှင့် ကြော်စားနိုင်သည်။(၁၅) ဆီးနီ၊ ဆီးနည်းရောဂါများအတွက် ပေါက်ပန်းဖြူရွက်ကို ဟင်းချက်စား၍သော် လည်းကောင်း၊ အပွင့်ကို ကြော်ချက်စားခြင်းဖြင့်သော်လည်းကောင်း ဆီးရောဂါ သက်သာစေသည်။
(၁၆) အပူလောင်နာကို ပေါက်ပန်းဖြူရွက်သတ္ထုရည်ကို ထည့်ပေး အုံပေးပါက သက်သာစေသည်။

(၁၇) ထိခိုက်ဒဏ်ရာ ရလျှင် ပေါက်ပန်းဖြူရွက် သတ္ထုရည်ကို လက်ဖက်ရည်အကြမ်းပန်းကန် တစ်လုံးခန့် သောက်ပေးပါက အနာမန်း၀င်ခြင်း ကို ကင်းဝေးစေသည်။ (၁၈) ကွမ်းစားသူများ၊ သည်းခြေ၊ ကျောက်ကပ်တွင် ကျောက်ရှိ သူများ မကြာခဏပြုတ်တို့စားပေးရသည်။(၁၉) မီးယပ်ဖြူဆင်းရောဂါ၊ သွေးအန်သွေးကျရောဂါဖြစ်လျှင် ပေါက်ပန်းဖြူပွင့်ကို သုပ်စားရသည်။

Respect & Credit original uploader

အဆိပ်ပြင်းတဲ့ ပီ​လောပီနံ လွန်ခဲ့တဲ့ (၃)ရက်က သူငယ်ချင်းတ​ယောက်နဲ့ စိုက်ပျိုး​ရေးခြံက အပြန် ပီ​လောပီနံဥ​တွေ လက်​ဆောင်​ပေးလ...
26/11/2022

အဆိပ်ပြင်းတဲ့ ပီ​လောပီနံ

လွန်ခဲ့တဲ့ (၃)ရက်က သူငယ်ချင်းတ​ယောက်နဲ့ စိုက်ပျိုး​ရေးခြံက အပြန်
ပီ​လောပီနံဥ​တွေ လက်​ဆောင်​ပေးလိုက်တယ်။

အိမ်​ရောက်​တော့ ပြုတ်စားတယ်။ ​ပြောရရင် သိပ်စားမ​ကောင်း​တော့ များလည်းများ​နေတာနဲ့ စားမကုန်ဘူးဖြစ်သွားတယ်။ ဘာလုပ်ရင်​ကောင်းမလည်းစဥ်းစားရင်း Google ​ခေါက်လိုက်​တော့။ မြန်မာ​တွေ​ပြော​နေကျ စကားသွားသတိရတယ် ပီ​လောပီနံ ကို ပဲကြား​လှော်နဲ့ တွဲ မစားရဘူးတို့ ၊ သကြားနဲ့ ဆို ​သေတယ်တို့ စသည်ဖြင့်​ပေါ့။ တကယ်တမ်းက အဲ့တာ​တွေက ဘာအကိုးအကား အ​​ထောက်ထားမှ မ​တွေ့ရဘူး။

ကျွန်​တော် သွား​တွေ့မိတာက ပီ​လောပီနံဥ (က​လောဥ) က အဆိပ်ပြင်းတဲ့ အ​ကြောင်းသွား​တွေ့တယ်။
ဆို​တော့ ဘယ်လို အဆိပ်ပြင်းသလည်းဆိုရင်..

ပီ​လောပီနံဥမှာ အချိုမျိုးနဲ့ အခါးမျိုးဆိုတာရှိတယ်။
အခါးဆိုတာ​တော့ ပြုပ်စားရင်​တောင် ခါးသက်သက်နဲ့ ၊ အချိုဆိုတာက​တော့ ကန်စွန်းဥလို ချိုတာမျိုး​မဟုတ်ပဲ မခါးလို့ အချိုမျိုးလို့ ​ခေါ်တာ။

အဲ့​တော့ ပီ​လောပီနံ အခါးမျိုး 300g (ကြက်ဥ ၅လုံး​လောက် အ​လေးချိန်) မှာ အ​ပေါ်က ​ပြောထားတဲ့ Cyanide အဆိပ်ဒြပ်​ပေါင်း 300mg ​လောက်ပါပီး​တော့
အချိုမျိုးက​တော့ 6mg ​လောက် ပါ​သေးတာကို ​တွေ့ရပါတယ်။

လူတ​ယောက်​သေဖို့ အတွက် Cyanide အဆိပ် 100mg ဆို လုံ​လောက်ပါတယ်။ခုလို​ပြောလို့ အရမ်း​တော့ လန့်မသွားပါနဲ့။ ဒီအဆိပ်​တွေက ဘယ်မှာ ရှိလည်းဆိုရင် ပီ​လောပီနံဥ ရဲ့ အခွံမှာ ရှိပါတယ်။ ပွက်ပွက်ဆူတဲ့ ​ရေမှာ အချိန်ကြာကြာ ပြုတ်လိုက်ရင် ဒြပ်ပျယ်သွားတယ်လို့ဆိုပါတယ်။

အရပ်စကားနဲ့ ​ပြောရရင် ပီ​လောပီနံ အဆိပ်သင့်တာကို ​တောက်တယ်လို့ ​ပြောကြတယ်။ ဘယ်လိုဖြစ်ပီး ​တောက်သလဲဆိုတာ ဖြစ်နိုင်​ချေကို ပြန်စဥ်းစားရင် လူ ၁၀၀ မှာ ၉၉ ​ယောက်က ပြုတ်တယ်ဆိုရင်လည်း အခွံပါ ထည့်ပြုတ်ကြတယ်။ ပီး​တော့ ပြုတ်ထားတဲ့ အရည်​တွေကလည်း အခွံ​ပေါ်မှာ စိုပီးကျန်ခဲ့အုန်းမယ်။

အခွံကို လက်နဲ့ မခွာပဲ ငှက်​ပျောသီးစားသလို သွားနဲ့ ကိုက်ခွာလိုက်တဲ့
က​လေး​တွေလည်း ရှိ​ကောင်းရှိမယ်။ ပြုတ်ထားတဲ့ အတွက် အဆိပ်ပမာန အ​တော် နည်းသွား​တော့ ​သေတဲ့ အဆင့်ထိ မ​ရောက်ပဲ မူးတာ ၊ အန်တာ ၊ သတိလစ်သွားတာ မျိုး​လောက်ပုံ ကြုံရတာမျိုးပါ။

အခုချိန်ကာလမှာ ပီ​လောပီနံ​တွေ ​ပေါလာတဲ့ အချိန်ကာလမို့ အန္တရာယ် မဖြစ်​အောင် အချိန်မှီ သတိ​ပေးလိုတာမို့ အချိန်ကုန်ခံပီး စာအရှည်ကြီး ​ရေးပီး ရှင်းပြ​ပေးလိုက်ပါတယ်။

ပီ​လောပီနံဥစားမယ်ဆိုရင် ​
✖အစိမ်းကို ​ယောင်လို့မှ မကိုက်မိပါ​စေနဲ့ ။
✔အခွံကို ဓါးနဲ့ ခွာချပီး နူးအိ​နေ​အောင် ​သေခြာပြုတ်ပီးစားပါ။ ​
✔ရေခမ်းမပြုတ်ပဲ ​ရေများများနဲ့ ပြုတ်ပီးရင် ​ရေ​တွေ အကုန် သွန်ပစ်ပါ။
✔ပြုတ်ပီးရင်လည်း စိတ်ချရ​အောင် အ​ပေါ်က ​
ရေ​အေနဲ့ အနှံ့​ဆေးချ​ပေးမယ် ဆိုရင် စိတ်ချလက်ချ
စားလို့ ရပါပီ။

Credit

17/10/2022

ဟာန်နုမာန်တိုင်းရင်ဆေးလေးတွေကိုမန်းလေး86/8လမ်း
ဂျိုင်းဘရားသားကားဘော်ဒီဆိုင်မှာ
လာရောက်အားပေးလို့ရပါပြီ
09458008679

16/10/2022

ခန္ဓာကိုယ်မှအပူအပုတ်တွေကင်းအောင်
အညောင်းအညာပြေစေဖို့

တစ်ပတ်တစ်ခါဆေးကပ်ခွာလေးကိုခြေဖဝါးလေးမှာကပ်အိပ်‌ပါတယ်

အားလုံးလဲကျန်းမာရေးဗဟုသုတတွေတိုးပွားကြပါစေ

14/10/2022
05/10/2022

ဟာန်နုမာန်လိမ်းဆေးနဲ့ကပ်ခွာလေးအားပေးတဲ့Customerလေးတွေကိုတာလီလေးလက်ဆောင်ထည့်ပေးပါမယ်
ဘုရားစာမှတ်တဲ့နေရာတွေမှာလဲသုံးပြုလို့ရပါတယ်

ဒူးနား,ခါးနာ,အရိုးကျီးပေါင်း ဝေဒနာများ သက်သာစေတဲ့ ဆေးနည်း(ပုံတစ်ပုံချင်းစီကို ဝင်ပြီးကြည့်သွားပေးပါရှင့်)✴️. ဟာန်နုမာန်တ...
04/10/2022

ဒူးနား,ခါးနာ,အရိုးကျီးပေါင်း ဝေဒနာများ သက်သာစေတဲ့ ဆေးနည်း
(ပုံတစ်ပုံချင်းစီကို ဝင်ပြီးကြည့်သွားပေးပါရှင့်)

✴️. ဟာန်နုမာန်တိုင်းရင်းဆေးကို သဘာဝတန်ဖိုးကြီး တိုင်းရင်းဆေးပစ္စည်းများကိုသာ အသုံးပြုထားပါတယ်။

✴️. FDA , ISO လက်မှတ်များ ရရှိထားတာဖြစ်တဲ့ ထုတ်ကုန်ဖြစ်ပါတယ်။

✴️. ဝေဒနာပေါ်မူတည်ပြီး အနည်းဆုံး တစ်လ စိတ်ရှည်ရှည်ထားပြီ ကုသပါ

✴️. အသုံးပြုရလွယ်ကူပြီး အိမ်မှာတင် ကုသပေးတဲ့ အိမ်တွင်းသမားတော်ပါ။

✴️. လိုအပ်သလို ​ဆွေး​နွေး အကြံပြု​ပေးပြီးမှ ရောင်းချပေးခြင်း ဖြစ်တဲ့အတွက် ယုံကြည်စိတ်ချစွာ မှာယူပြီး အသုံးပြုနိုင်ပါတယ်။

ဈေးနှုန်း

ဆေးကပ်ခွာ ၁၆၅၀၀ကျပ်
(ဆေးကပ်ခွာ ၁၀ခုပါ၀င်ပါတယ်)
(ခြေ‌ထောက်ဆေးစိမ် ၁ထုပ်ပါဝင်ပါတယ်)

လိမ်းဆေး ၁၆၅၀၀ကျပ်
( 20ml ပါ၀င်ပါတယ် )

ဟာန်နုမာန်တိုင်းရင်းဆေးအကြောင်းကို အသေးစိတ်သိလိုပါက ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်


✴️. မြို့နယ်ပေါင်း ၁၅၀ဆီသို့ အိမ်အရောက်ငွေ‌ေချစနစ်ဖြင့် ပို့ဆောင်ပေးပါတယ်။

✴️. နယ်မြို့များမှ မှာယူမှုများကို သက်ဆိုင်ရာကားဂိတ်များမှတဆင့် ပို့ဆောင်ပေးပါတယ်။
( ငွေကြိုပြီး လွဲပေးရပါတယ်)

✴️. ပြန်လည်ရောင်းချလိုသော ကိုယ်စားလှယ်များကိုလည်း ဖိတ်ခေါ်ပါတယ်။

မှာယူလိုပါက!
☎️. 09-458008679
☎️. 09-943435808


#ဟာန်နုမာန်byကျော့ကျော့

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ဟာန်နုမာန် by kyawt kyawt posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram