Star Med Company Limited

Star Med Company Limited Star Med is one of the leading distribution company of medical equipments and instruments where you can get quality healthcare products with affordable price.

29/11/2025

🎉🎉လစဉ်တိုင်း ပြုလုပ်ပေးနေကြ Team Bonding Sessionအတိုင်း ဒီလမှာလည်း Star Zone & Star Med ရဲ့ ချစ်စရာ November Born လေးတွေအတွက် အမှတ်တရ မွေးနေ့ပွဲလေး ကျင်းပ ပြုလုပ်ပေးခဲ့ပါတယ်။

ပျော်စရာ ဂိမ်းတွေများစွာလည်း ဆော့ကစားခဲ့ကြပြီး အနိုင်ရတဲ့အဖွဲ့သားများကိုလည်း ဆုလက်ဆောင်များ ချီးမြှင့်ပေးခဲ့ပါတယ်။🎁🎁

နောက်လတွေမှာလည်း အခုလိုမျိုး ပျော်ရွှင်ကြည်နူးစရာမွေးနေ့ပွဲလေးတွေကို ကျင်းပ ပြုလုပ်ပေးသွားဦးမှာပါ..

29/11/2025

🎉🎉လစဉ်တိုင်း ပြုလုပ်ပေးနေကြ Team Bonding Sessionအတိုင်း ဒီလမှာလည်း Star Zone & Star Med ရဲ့ ချစ်စရာ ဝန်ထမ်းလေးတွေအတွက် အမှတ်တရ မွေးနေ့ပွဲလေး ကျင်းပ ပြုလုပ်ပေးခဲ့ပါတယ်။

ပျော်စရာ ဂိမ်းတွေများစွာလည်း ဆော့ကစားခဲ့ကြပြီး အနိုင်ရတဲ့အဖွဲ့သားများကိုလည်း ဆုလက်ဆောင်များ ချီးမြှင့်ပေးခဲ့ပါတယ်။🎁🎁

နောက်လတွေမှာလည်း အခုလိုမျိုး ပျော်ရွှင်ကြည်နူးစရာမွေးနေ့ပွဲလေးတွေကို ကျင်းပ ပြုလုပ်ပေးသွားဦးမှာပါ..

ဆောင်းတွင်းမှာ အသားခြောက်လို့ စိတ်ညစ်နေပြီလား❓ဆောင်းရာသီရဲ့ အေးမြတဲ့ လေညှင်းတွေကြောင့် အသားအရေခြောက်သွေ့တာ၊အသားကွဲတာတွေက...
28/11/2025

ဆောင်းတွင်းမှာ အသားခြောက်လို့ စိတ်ညစ်နေပြီလား❓

ဆောင်းရာသီရဲ့ အေးမြတဲ့ လေညှင်းတွေကြောင့် အသားအရေခြောက်သွေ့တာ၊အသားကွဲတာတွေကို ဒီကာလမှာ အများစုကြုံနေရတယ် ဟုတ်။ ဒီလိုမျိုးတွေ မဖြစ်အောင် ကာကွယ်ဖို့ဆိုတာ ဘာမှခက်ခဲတဲ့ အရာမဟုတ်ပါဘူးနော်။အခုပြောမယ့်နည်းလမ်းတွေကိုသာ ပုံမှန်လေး လိုက်လုပ်ပေးရုံပါပဲ..

☘️သဘာဝနည်းလမ်းများ

- ရေဓာတ်ပြည့်ဝမှ အသားအရေ စိုပြေမှာ ဖြစ်တဲ့အတွက် ရေများများ သောက်ဖို့လိုပါတယ်။ဆောင်းရာသီရဲ့ အအေးဓာတ်ကြောင့် ရေသောက်ဖို့မေ့နေတာမျိုးတွေဖြစ်တတ်တာကြောင့် ရေဘူးတစ်ဘူးကို ကိုယ့်ရဲ့လက်တစ်ကမ်းအကွာမှာ ထားပြီး သတိရတိုင်း သောက်ပေးသင့်ပါတယ်။

- ရေချိုးတဲ့အခါမှာလည်း ရေပူပူ နဲ့ ချိုးတာထက် ရေနွေးနွေးလေးကို ချိုးပေးပြီး Body Lotionလူးပေးခြင်းက ထိရောက်မှု ပိုများပါတယ်။

- အုန်းဆီ၊သံလွင်ဆီ၊ဗီတာမင်အီး တို့လို သဘာဝအဆီတွေကိုလည်း အသားအရေခြောက်တဲ့နေရာမှာ လိမ်းပေးနိုင်ပါတယ်။

🫧သုံးသင့်တဲ့ Skin Careများ

- တစ်ပတ်ကို ၂ - ၃ကြိမ် အစိုဓာတ်ဖြည့် မျက်နှာပေါင်းတင်ပါ

- နှုတ်ခမ်းကွဲတတ်တဲ့သူတွေအနေနဲ့ Lip Balmပါတဲ့ နှုတ်ခမ်းနီ ဆိုပေးသင့်ပါတယ်

- နောက်ပြီး ဆောင်းတွင်းမှာလည်း UV ရောင်ခြည်ရှိတဲ့အတွက် Sunscreen သုံးဖို့လည်း မမေ့ပါနဲ့

ဆောင်းတွင်းမှာ အသားခြောက်တာ၊အသားပတ်တာတွေက သာမာန်ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာမျိုးတွေပါ။ဒါပေမယ့် ယားယံခြင်း၊အသားအရေနီမြန်းခြင်း၊အလွန်အကျွံ ကွဲအက်တာမျိုးတွေဖြစ်လာရင်တော့ အရေးအပြားဆရာဝန် နဲ့ တိုင်ပင်သင့်ပါတယ်။

အဓိက က အသားအရေကို နေ့စဉ်ပုံမှန်လေး ထိန်းသိမ်းပြီး ဂရုတစိုက် နေထိုင်မယ်ဆိုရင်တော့ ဘယ်လိုရာသီဥတုပဲဖြစ်ဖြစ် စိုပြေကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ..

#အသားခြောက် #အသားပတ်ခြင်း

ဆောင်းရာသီမှာ ခရီးသွားမယ်ဆို ဘာတွေကြိုပြင်ဆင်သွားသင့်လဲ?ဆောင်းရာသီဟာ ခရီးသွားလို့ အကောင်းဆုံးရာသီဆိုပေမယ့် အလွန်အေးတာကြေ...
22/11/2025

ဆောင်းရာသီမှာ ခရီးသွားမယ်ဆို ဘာတွေကြိုပြင်ဆင်သွားသင့်လဲ?

ဆောင်းရာသီဟာ ခရီးသွားလို့ အကောင်းဆုံးရာသီဆိုပေမယ့် အလွန်အေးတာကြောင့် ကိုယ့်ရဲ့ ကျန်းမာရေး မထိခိုက်စေဖို့ မသွားခင် ကြိုတင်ပြင်ဆင်သွားသင့်ပါတယ်။ အေးမြတဲ့ ရာသီဥတုမှာ ခရီးသွားမယ်ဆိုရင် ဆောင်ရန်၊ရှောင်ရန် အနေနဲ့ ဘာတွေပြင်ဆင်ထားသင့်လဲဆိုတာ ပြောပြပေးသွားပါမယ်။

၁။ပထမဆုံး ဆောင်းတွင်းမှာ အဖြစ်များတဲ့ အအေးမိခြင်း နဲ့ တုပ်ကွေးရောဂါများအတွက် ကြိုတင်ကာကွယ်မှု လုပ်ရပါမယ်။

-Paracetamol ဒါမှမဟုတ် Ibuprofen တို့လို ကိုယ်ပူ ကျဆေးတွေကို ဆောင်သွားပါ။
-လူထပ်တဲ့ နေရာတွေ မှာ face maskကို ဝတ်ဆင်ပါ။
-ဖြစ်နိုင်ရင် ဆောင်းတွင်းမတိုင်ခင် တုပ်ကွေးကာကွယ်ဆေး ထိုးထားတာ အကောင်းဆုံးပါပဲ။

၂။နောက်ထပ်အဖြစ်များတဲ့ အသားပတ်၊အသားခြောက်တာလို အရေပြားရောဂါတွေ အတွက်လည်း ကြိုတင်ပြင်ဆင်သင့်ပါတယ်။

-Moisturizerလို အသားအရေထိန်းသိမ်းတဲ့ လိမ်းဆေးတွေ
-နှုတ်ခမ်းခြောက်၊နှုတ်ခမ်းကွဲတာအတွက် Lip Balmပါတဲ့ နှုတ်ခမ်းဆိုးဆေးတွေအပြင်
-ဆောင်းရာသီမှာလည်း UV ရောင်ခြည်ရှိတဲ့အတွက် Sunscreenတို့ကို မဖြစ်မနေ ဆောင်သွားသင့်ပါတယ်။

၃။နာတာရှည်ရောဂါ ရှိသူများအနေနှင့်..
-ရောဂါအခြေအနေအရ ကိုယ့်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဆေးဝါးတွေကို လုံလုံလောက်လောက် ဆောင်သွားပြီး ဆရာဝန်ရဲ့ ဆေးစာမှတ်တမ်း ကို တပါတည်း ထည့်ထားပါ။

၄။ခရီးဆောင်ဆေးဘူး (First Aid Kit)မှာ ထည့်ထားရမယ့်ဆေးဝါးများ

အနာသန့်စင်ဆေး(Antiseptic)
ပလာစတာ၊ပတ်တီး
အစာကြေဆေး
Flora Guard လို ဗိုက်အောင့်၊ဗိုက်နာ နဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါအတွက် ဆေးဝါးတွေ ကိုထည့်ထားပါ။

၅။အရေးပေါ် ဆေးကုသဖို့ လိုအပ်လာပါက.

-အနီးဆုံးကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်ပါ။
-ခရီးသွားအာမခံရဲ့ အရေးပေါ်ဖုန်းနံပါတ်ကို အကြောင်းကြားပါ။
-ကိုယ်နဲ့မတည့်တဲ့ဆေးတွေ ရှိခဲ့ရင် ဆရာဝန်အား အသိပေး တိုင်ပင်ပါ။

ပျော်စရာ ကောင်းတဲ့ ခရီးတစ်ခု ဖြစ်ဖို့ဆိုရင် ကိုယ့်ရဲ့ ကျန်းမာရေးကလည်း ဒေါင်ဒေါင်မြည်နေမှ ရမှာပါ။အဓိက လိုအပ်တဲ့ ဆေးဝါးတွေကို ယူဆောင်သွားမှ ခရီးစဉ်တစ်ခုလုံးကို စိတ်အေး လက်အေး ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။

#ဘယ်နေရာရောက်ရောက်…ကိုယ်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့မမေ့ပါနဲ့🖐🖐

ကိုယ့်ဘဝရဲ့တက်လမ်းသစ်တွေကို ရှာဖွေနေပြီလား?အောက်ဖော်ပြပါ ရာထူးလေးတွေ လျှောက်ထားပြီး Star Med Company Limited နှင့်အတူ သင...
21/11/2025

ကိုယ့်ဘဝရဲ့တက်လမ်းသစ်တွေကို ရှာဖွေနေပြီလား?

အောက်ဖော်ပြပါ ရာထူးလေးတွေ လျှောက်ထားပြီး Star Med Company Limited နှင့်အတူ သင့်ဘဝရဲ့ အတွေ့အကြုံအသစ်တွေကို ရယူလိုက်ပါ..

♦️Operation In Charge - 1 Post ( MDY)

♦️️ Medical Representative - 2 Post (MDY and Yangon)

စိတ်ဝင်စားလို့ လျှောက်ထားချင်တယ်ဆို..

Viber No
📳09262944894
📳09972404090 တို့ကို CV ဖောင် ပေးပို့၍ လျှောက်ထားနိုင်ပါပြီ

📍Location

🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐇𝐞𝐚𝐝 𝐎𝐟𝐟𝐢𝐜𝐞
➡️ 𝐍𝐨.𝟑𝟏𝟑/𝐁, 𝐌𝐲𝐚 𝐍𝐚𝐧𝐝𝐚𝐫 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐚𝐮𝐤 𝐇𝐭𝐚𝐰, 𝐘𝐚𝐧𝐤𝐢𝐧 𝐓𝐬𝐩, 𝐘𝐚𝐧𝐠𝐨𝐧

🏢 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞
➡️𝐍𝐨 𝟏𝟏𝟔/𝟏𝟏𝟕, 𝟒𝟑𝐭𝐡 𝐀 𝐬𝐭,𝐁𝐞𝐭; 𝟔𝟏𝐭𝐡 𝐬𝐭 𝐱 𝟔𝟐𝐭𝐡 𝐬𝐭,𝐌𝐚𝐡𝐚𝐫 𝐀𝐮𝐧𝐠 𝐌𝐲𝐚𝐲 (𝐄𝐚𝐬𝐭) 𝐓𝐬𝐩,𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲

တက်ကြွပြီး ကြိုးစားလိုစိတ်ရှိသူတိုင်းကို Star Med Company က အစဉ်အမြဲ နွေးထွေးစွာ ကြိုဆိုနေပါတယ်..

17/11/2025

✨လစဉ်လတိုင်း ပြုလုပ်ပေးနေကြ Team Bonding Session အတိုင်း .....
ပြီးခဲ့တဲ့ October လမှာလည်း Star Zone,Star Medရဲ့ October Born လေးတွေကို အမှတ်တရ မွေးနေ့ပွဲ ကျင်းပ ပြုလုပ်ပေးခဲ့ပါတယ်။✨

နောက်လတွေမှာလည်း အခုလိုမျိုး ပျော်ရွှင်စရာမွေးနေ့ပွဲတွေ နဲ့ အတူ တခြားသော စိတ်လှုပ်ရှားစရာ activitiesများစွာ ကိုလည်း ပြုလုပ်ပေးသွားဦးမှာပါ…

🤗ရည်မှန်းချက်ကြီးတဲ့သူတွေအတွက် တူညီပန်းတိုင်ကို တက်လှမ်းနိုင်ဖို့ Star Zone & Star Med Company Limited က‌ အစဉ်အမြဲ နွေးထွေးစွာ ကြိုဆိုနေပါတယ်….

Send a message to learn more

🩸World Diabetes Day(ကမ္ဘာ့ဆီးချိုရောဂါတိုက်ဖျက်ရေးနေ့)🩸ယနေ့ နိုဝင်ဘာ ၁၄ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဆီးချိုရောဂါတိုက်ဖျက်ရ...
14/11/2025

🩸World Diabetes Day(ကမ္ဘာ့ဆီးချိုရောဂါတိုက်ဖျက်ရေးနေ့)🩸

ယနေ့ နိုဝင်ဘာ ၁၄ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဆီးချိုရောဂါတိုက်ဖျက်ရေးနေ့ (World Diabetes Day)အား Star Med Company Limited ဝမ်းမြောက်စွာ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။🎗️🎗️

🇲🇲အမျိုးသားနေ့ ရုံးပိတ်ရက်ကြေညာခြင်းယနေ့ ၂၀၂၅ခုနှစ်၊နိုဝင်ဘာ ၁၄ ရက်နေ့သည် “အမျိုးသားနေ့ရုံးပိတ်ရက်” ဖြစ်တဲ့အတွက် Star Me...
14/11/2025

🇲🇲အမျိုးသားနေ့ ရုံးပိတ်ရက်ကြေညာခြင်း

ယနေ့ ၂၀၂၅ခုနှစ်၊နိုဝင်ဘာ ၁၄ ရက်နေ့သည် “အမျိုးသားနေ့ရုံးပိတ်ရက်” ဖြစ်တဲ့အတွက် Star Med Company Limited၏ ရုံးများအားလုံး ပိတ်ထားမည်ဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။🇲🇲

ညလယ်စာတွေရဲ့ ဆိုးကျိုး🌃တစ်ခါတလေ ဖုန်းသုံးနေရင်း ညဘက်အိပ်မပျော်လို့ ဗိုက်ဆာလာတဲ့အခါမျိုးတွေမှာ ညလယ်စာအဖြစ် တစ်ခုခု ထစားမိ...
07/11/2025

ညလယ်စာတွေရဲ့ ဆိုးကျိုး🌃

တစ်ခါတလေ ဖုန်းသုံးနေရင်း ညဘက်အိပ်မပျော်လို့ ဗိုက်ဆာလာတဲ့အခါမျိုးတွေမှာ ညလယ်စာအဖြစ် တစ်ခုခု ထစားမိကြတယ်မလား။ဒီလိုစားလိုက်တာဟာ ဗိုက်ဆာတာကို ခဏတာ ဖြေဖျောက်ပေးနိုင်တယ်ဆိုပေမယ့် နောက်နေ့ကျ ခံစားရမယ့် ဆိုးကျိုးတွေ နဲ့ ယှဉ်ရင် မတန်ပါဘူး။

ညဘက်ဆိုတာ တကယ်တော့ ခန္ဓာကိုယ်ကို အိပ်စက် အနားပေးပြီး နောက်နေ့အတွက် အင်အားပြည်လည်ဖြည့်တင်းရမယ့် အချိန်ပါ။ဒီအချိန်မှာ ညလယ်စာ ဝင်လာပြီဆိုရင်.

၁။အရင်ဆုံး အစာခြေစနစ် က ညဘက်အလုပ် လုပ်ရပါပြီ။
သင့်ရဲ့ အစာအိမ် နဲ့ အူတွေကလည်း သင့်လိုပဲ အနားယူဖို့ လိုအပ်ပါတယ်။အစားစားပြီး လူက အိပ်ပျော်သွားတယ်ဆိုပေမယ့် သူတို့က အလုပ်ဆက်လုပ်နေရတာကြောင့် ရင်ပူတာ၊အစာမကြေတာတွေ ဖြစ်လာနိုင်သလို လူကလည်း လဲလျောင်းနေတာမို့ အစာခြေအရည်တွေက ခန္ဓာကိုယ်အပေါ်ပိုင်းကို တက်လာပြီး လည်ချောင်းနာတာကို ဖြစ်စေနိုင်ပါတယ်။

၂။ဇီဝနာရီ ပြောင်းလဲသွားမယ်။
ခန္ဓာကိုယ်မှာ သဘာဝအတိုင်းလည်ပတ်နေတဲ့ ဇီဝနာရီ (Biological clock)ဆိုတာ ရှိပါတယ်။ညလယ်စာ စားလိုက်တဲ့အခါ ဒီနာရီကို ဖျက်ဆီးလိုက်မိသလိုဖြစ်ပြီး အိပ်စက်မှု စက်ဝန်းကို ထိခိုက်စေတာကြောင့် အိပ်မပျော်တာ၊အိပ်ရေးမဝတာ နဲ့ မနက်နိုးတဲ့အချိန်မှာလည်း အားမရှိသလိုမျိုး ပင်ပန်းနွမ်းနယ် နေတာမျိုးတွေ ဖြစ်လာစေနိုင်ပါတယ်။

၃။နောက်ဆက်တွဲအနေနဲ့ ကိုယ်အလေးချိန်တက်လာပါမယ်။
ညဘက်အစားစားလိုက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်နှေးကွေးနေချိန်မို့ စားလိုက်တဲ့ ကယ်လိုရီတွေကို ကောင်းကောင်းမလောင်ကျွမ်းနိုင်တော့ပါဘူး။ဒါကြောင့် ပိုလျှံတဲ့အဆီတွေအဖြစ် ခန္ဓာကိုယ်ထဲမှာ သိုလှောင်ထားလိုက်ပါတော့တယ်။

၄။အဆိုးဆုံးကတော့ ဆီးချို၊သွေးချို ပါ ဖြစ်လာနိုင်တာပါ။
ညလယ်စာတွေဟာ သွေးတွင်းသကြားဓာတ်ကို တိုးလာစေနိုင်ပြီး ဒါမျိုး နေ့စဉ်ရက်ဆက်ဖြစ်လာတဲ့အခါမှာတော့ ဆီးချိုရောဂါ ဖြစ်နိုင်ချေ မြင့်မားလာနိုင်ပါတယ်။

ဒါဆို ဒီအကျင့်ဆိုး ကို ဘယ်လိုဖျောက်မလဲ?

-ညစာကို ည၈နာရီမတိုင်ခင် ပြီးအောင်စားပါ။
-အိပ်ရာမဝင်ခင် ၂-၃ နာရီ အလိုမှာ ဘာမှ မစားပါနဲ့တော့
-မနေနိုင်လို့ အရမ်းစားချင်တယ် ဆိုရင်လည်း သစ်သီးဖြစ်ဖြစ်၊ ဒိန်ချဉ်နည်းနည်းလောက်ဖြစ်ဖြစ် စားလို့ရပါတယ်။

တကယ်တော့ ညလယ်စာ စားတာဟာ ခဏတာ စိတ်ကျေနပ်သွားစေတယ်ဆိုပေမယ့် ခန္ဓာကိုယ်အတွက် မလိုလားအပ်တဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုပါပဲ။ ဖြစ်နိုင်ရင် အိပ်ရာဝင်ချိန် နဲ့ ကပ်ပြီး အစားစားတာကို ရှောင်ကြဉ်သင့်ပါတယ်။
#ညလယ်စာ

🙏 ဆေးပေါင်းခတဲ့ တန်ဆောင်မုန်းလပြည်နေ့မှာ 𝗦𝘁𝗮𝗿 𝗠𝗲𝗱 𝗖𝗼𝗺𝗽𝗮𝗻𝘆 𝗟𝗶𝗺𝗶𝘁𝗲𝗱  မှ စိတ်ချမ်းသာ၊ကိုယ်ချမ်းသာပြီး စီးပွားလာဘ်၊လာဘ များ ...
04/11/2025

🙏 ဆေးပေါင်းခတဲ့ တန်ဆောင်မုန်းလပြည်နေ့မှာ 𝗦𝘁𝗮𝗿 𝗠𝗲𝗱 𝗖𝗼𝗺𝗽𝗮𝗻𝘆 𝗟𝗶𝗺𝗶𝘁𝗲𝗱 မှ စိတ်ချမ်းသာ၊ကိုယ်ချမ်းသာပြီး စီးပွားလာဘ်၊လာဘ များ တိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

တန်ဆောင်မုန်းလပြည့်နေ့သည် အများပြည်သူရုံးပိတ်ရက်ဖြစ်တဲ့အတွက်ကြောင့် Star Med Company Limited ၏ရုံးများအားလုံးလည်း ယနေ့ (4.11.15 )တွင် တစ်ရက်ပိတ်ထားမည်ဖြစ်ပြီး နောက်နေ့များတွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

🎇 ယနေ့ကျရောက်တဲ့ ဟိန္ဒူဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ “ဒီပါဝလီ” နေ့ထူးနေ့မြတ်မှာ ဟိန္ဒူဘာသာဝင်များ နှင့်အတူ ကမ္ဘာသူ ကမ္ဘ...
20/10/2025

🎇 ယနေ့ကျရောက်တဲ့ ဟိန္ဒူဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ “ဒီပါဝလီ” နေ့ထူးနေ့မြတ်မှာ ဟိန္ဒူဘာသာဝင်များ နှင့်အတူ ကမ္ဘာသူ ကမ္ဘာသား များအားလုံး စိတ်ချမ်းသာ၊ကိုယ်ကျန်းမာစွာဖြင့် ဘေးအန္တရာယ်အမျိုးမျိုးမှ ကင်းဝေးကြပါစေလို့ Star Med မိသားစု မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။🎇

“ဒီပါဝလီ”နေ့သည် အများပြည်သူရုံးပိတ်ရက်ဖြစ်သောကြောင့် Star Med ၏ ရုံးများအားလုံး (20.10.25)တွင် တစ်ရက်ပိတ်ထားမည် ဖြစ်ပြီး နောက်နေ့တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း အသိပေး အကြောင်းကြား အပ်ပါသည်။

ပျော်ရွှင်ဖွယ်ရာ ဒီပါဝလီနေ့လေး ဖြစ်ကြပါစေ…🙏🙏

14/10/2025

🎂Happy Birthday, September Born!🎂

လစဉ်လတိုင်း ပြုလုပ်ပေးနေကြ Team Bonding Session အတိုင်း ပြီးခဲ့တဲ့ Septemberလမှာလည်း Star Zone,Star Medရဲ့ September Born လေးတွေကို အမှတ်တရ မွေးနေ့ပွဲ ကျင်းပ ပြုလုပ်ပေးခဲ့ပါတယ်။

နောက်လတွေမှာလည်း အခုလိုမျိုး ပျော်ရွင်စရာမွေးနေ့ပွဲတွေ နဲ့ အတူ တခြားသော စိတ်လှုပ်ရှားစရာ activitiesများစွာ ကိုလည်း ပြုလုပ်ပေးသွားဦးမှာပါ…

💪ရည်မှန်းချက်ကြီးတဲ့သူတွေအတွက် တူညီပန်းတိုင်ကို တက်လှမ်းနိုင်ဖို့ Star Zone & Star Med Company Limited က‌ အစဉ်အမြဲ နွေးထွေးစွာ ကြိုဆိုနေပါတယ်….💪

Address

No. 313/B, Mya Nandar Street, Bauk Htaw, Yankin Tsp, Yangon. Yangon
Yangon
11131

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 12:30

Alerts

Be the first to know and let us send you an email when Star Med Company Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Star Med Company Limited:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram