Myat Pharmacy

Myat Pharmacy လိုအပ်သော ဆေးဝါးများ အိမ်ရောက်ပို့ဆောင်ပေးပါတယ်

🌕 မွန်မြတ်လှသော တန်ဆောင်မုန်းလပြည့်နေ့ မှစ၍ စိတ်၏ချမ်းသာခြင်း၊  ကိုယ်၏ကျန်းမာခြင်း တို့နှင့် ပြည့်စုံကြပြီး၊ မြတ်သောအကျင...
04/11/2025

🌕 မွန်မြတ်လှသော တန်ဆောင်မုန်းလပြည့်နေ့ မှစ၍ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း တို့နှင့် ပြည့်စုံကြပြီး၊ မြတ်သောအကျင့်ဖြစ်သော တရားဘာဝနာများကို အားထုတ်ပွားများ နိုင်ကြပါစေ လို့ Myat Pharmacy မှ ဆုမွန်​ကောင်း ​တောင်းအပ်ပါတယ်ရှင်

အား​ဆေး ​ကောင်း​ကောင်း​လေး ရှာ​နေသူများအတွက်💁‍♀️Enervon C ဆိုတဲ့ အား​ဆေး​လေးက​တော့ ဗီတာမင် C နှင့် ဗီတာမင် B အုပ်စုများက...
31/07/2025

အား​ဆေး ​ကောင်း​ကောင်း​လေး ရှာ​နေသူများအတွက်💁‍♀️
Enervon C ဆိုတဲ့ အား​ဆေး​လေးက​တော့ ဗီတာမင် C နှင့် ဗီတာမင် B အုပ်စုများကို အချိုးကျပေါင်းစပ်ထားသော အားဆေးဖြစ်ပြီး ခန္ဓာကိုယ်၏ ကိုယ်ခံစွမ်းအားမြှင့်တင်ရန်နှင့် အားအင်ဖြည့်တင်းရန် အထူးသင့်တော်တဲ့ အား​ဆေး​လေးပါတယ်။
၁၂နှစ်နှင့်အထက် ကစပြီး နေ့စဉ် တစ်​နေ့တစ်လုံး သောက်သုံးသင့်ပြီး စိတ်ဖိစီးမှုကို လျော့နည်းစေကာ ကျန်းမာ​သန်စွမ်း​စေပါတယ်။ သွားဖုံး သွေးထွက်ခြင်း၊ အသားအရေမွဲခြောက်ခြင်း၊ အနာကျက်နှေးခြင်း၊ သတိမေ့ခြင်း အစရှိသည့် ဗီတာမင် C နှင့် B ချို့တဲ့မှုကြောင့် ဖြစ်တတ်သော ပြဿနာများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
C
Pharmacy

က​လေး ရှိတဲ့ အိမ်တိုင်း မဖြစ်မ​နေ​ဆောင်ထားသင့်တဲ့ ကိုယ်အပူကျ နဖူးကပ် ဂျယ်​လေး ရပါမယ်ရှင်🥰🥰🥰🍀 တစ်ခုဈေး၊တစ်ဗူးဈေးလေးရှိပါမ...
23/07/2025

က​လေး ရှိတဲ့ အိမ်တိုင်း မဖြစ်မ​နေ​ဆောင်ထားသင့်တဲ့ ကိုယ်အပူကျ နဖူးကပ် ဂျယ်​လေး ရပါမယ်ရှင်🥰🥰🥰

🍀 တစ်ခုဈေး၊တစ်ဗူးဈေးလေးရှိပါမယ်ရှင်။

🍀မှာယူလိုပါက Page Messenger ဖြစ်စေ

🍀No.53B, ဂန္ဓမာလမ်း၊စမ်းချောင်းမြို့နယ်၊

🍀မြတ်ဆေးဆိုင်🍀 တွင်လာရောက်ဝယ်ယူ

အားပေးလို့ရပါတယ်ရှင့်။

Patch

# Myat Pharmacy

📢 ချောင်းဆိုးနေပါသလား?ချွဲပါသော ချောင်းဆိုးခြင်းကို အမြန်ဆုံးပျောက်ကင်းစေမယ့် Solmux Broncho ​လေးနဲ့ မိတ်ဆက်​ပေးပါ့မယ်ရှ...
13/07/2025

📢 ချောင်းဆိုးနေပါသလား?
ချွဲပါသော ချောင်းဆိုးခြင်းကို အမြန်ဆုံးပျောက်ကင်းစေမယ့် Solmux Broncho ​လေးနဲ့ မိတ်ဆက်​ပေးပါ့မယ်ရှင်💁‍♀️
Solmux Broncho သည် Salbutamol sulfate နှင့် Carbocisteine ကို ပေါင်းစပ်ထားသော ဆေးဖြစ်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများတွင် အသုံးပြုနိုင်ပါသည်။
• Salbutamol sulfate သည် လေပြွန်ကျယ်စေသော ဆေးဖြစ်ပြီး
• Carbocisteine သည် ချွဲပျော်စေသော ဆေးဖြစ်ပြီး ချောင်းဆိုးခြင်းနှင့် ချွဲထွက်ခြင်းကို သက်သာစေပါသည်။
Solmux Broncho ကို
အဆုတ်လေပြွန်ရောင်ခြင်း၊
ရင်ကြပ်ခြင်း၊
အဆုတ်ပွခြင်း၊
ပြင်းထန်သော ချောင်းဆိုးခြင်းများတွင် အသုံးပြုနိုင်သည်။
ဆေးကို တစ်နေ့ ၃ ကြိမ်မှ ၄ ကြိမ် သောက်နိုင်ပြီး အသက် ၁၂ နှစ်အထက် ကလေးနှင့် လူကြီးများသုံးစွဲ နိုင်ပါသည်။
Pharmacy
Broncho

ကဲ ဒီ​နေ့မှာ​တော့ Atussin ဆိုတဲ့ ​ချောင်းဆိုး​ပျောက်​ဆေး​လေးနဲ့ မိတ်ဆက်​ပေးပါ့မယ်ရှင်💁‍♀️🥰🥰Atussin သည် ချောင်းဆိုးနာခြင်...
11/07/2025

ကဲ ဒီ​နေ့မှာ​တော့ Atussin ဆိုတဲ့ ​ချောင်းဆိုး​ပျောက်​ဆေး​လေးနဲ့ မိတ်ဆက်​ပေးပါ့မယ်ရှင်💁‍♀️🥰🥰

Atussin သည် ချောင်းဆိုးနာခြင်းနှင့် ဓာတ်မတည့်ခြင်းကြောင့် ဖြစ်သော ချောင်းခြောက်ဆိုးခြင်းများကို သက်သာစေသော ဆေးဖြစ်ပါသည်။
အဓိကပါဝင်ပစ္စည်းများမှာ Dextromethorphan (ချောင်းခြောက်သက်သာစေသော)၊ Chlorpheniramine (အာလတ်ဂျီဆေး)၊ Sodium citrate၊ Ammonium chloride နှင့် Glyceryl guaiacolate တို့ဖြစ်ပြီး၊ ချောင်းဆိုးခြင်း အမျိုးမျိုးအတွက် အသုံးပြုနိုင်ပါသည်။

​သောက်သုံးရန်အညွှန်း
၁၂ နှစ်အထက် ကလေးများနှင့် လူကြီးများသည် တစ်ကြိမ်​သောက် ၁လုံး၊ တနေ့ ၃ ကြိမ် သောက်သုံးနိုင်ပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်းလည်း သောက်သုံးနိုင်ပါသည်။

Atussin syrup ဆိုရင်​တော့
• ၂ နှစ်မှ ၆ နှစ်အထိ - ၅ မီလီလီတာ
• ၇ နှစ်မှ ၁၂ နှစ်အထိ - ၁၀ မီလီလီတာ
• ၁၂ နှစ်အထက် - ၁၅ မီလီလီတာ တစ်​နေ့ သုံးကြိမ် ​သောက်သုံးနိုင်ပါသည်။

​ဘေးထွက်ဆိုးကျိုးများ

အနည်းငယ်အိပ်ငိုက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ခေါင်းမူးခြင်း စသည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ပါသည်။
# Myatpharmacy
# Atussin tablet
# Atussin syrup

မေး    : Amlong 5 ကို  ဆရာဝန်ညွှန်ကြားချက် မလိုပဲ ​သောက်လို့ရလား?​ဖြေ.   : Amlong 5 သည် Amlodipine 5mg ပါဝင်သော သွေးကျဆေ...
10/07/2025

မေး : Amlong 5 ကို ဆရာဝန်ညွှန်ကြားချက် မလိုပဲ ​သောက်လို့ရလား?
​ဖြေ. : Amlong 5 သည် Amlodipine 5mg ပါဝင်သော သွေးကျဆေးဖြစ်ပြီး သွေးတိုးရောဂါ (hypertension) နှင့် ရင်ဘတ်အောင့်ခြင်း (angina) ကိုကုသရန်အသုံးပြုသည်။ Amlong 5 သည် calcium channel blocker အုပ်စုဝင်ဖြစ်ပြီး သွေးကြောများကို ပြေလျော့စေခြင်းအားဖြင့် သွေးဖိအားကို လျှော့ချပေးသည်။ နှလုံးအလုပ် ကိုပိုမိုလွယ်ကူစေပြီး သွေးလည်ပတ်မှုတိုးတက်စေသည်။

• ပုံမှန် dose: 5 mg ~ 10 mg တစ်နေ့တစ်ကြိမ် (ဆရာဝန်ညွှန်ကြားချက်အတိုင်းသာသောက်သုံးနိုင်ပါသည်။)
ဘေးထွက်ဆိုးကျိုးများ
• ခေါင်းကိုက်ခြင်း
• ပျို့ခြင်း၊ အော့အန်ခြင်း
• နီမြန်းခြင်း
• အိပ်ငိုက်ခြင်း
• ကြွက်သားနှင့် အဆစ်များ နာကျင်ခြင်း

• ဆေးကို ဆရာဝန်ညွှန်ကြားချက်မရှိဘဲ မသောက်သုံးသင့်ပါ။
• အသည်း၊ ကျောက်ကပ်၊ နှလုံးပြဿနာရှိသူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ဆရာဝန်နှင့် တိုင်ပင်ပြီးမှ ​သောက်သုံးရန်လိုအပ်ပါသည်။
Pharmacy
# Amlong 5

ဝါဆို လပြည့်​နေ့ ဓမ္မစကြာအခါ​တော်​ နေ့မှာ ကုသိုလ် ဘာဝနာ တရားများ ပွားများနိုင်ကြပါ​စေ လို့"မြတ်​ဆေးဆိုင်"မှ ဆုမွန်​ကောင်...
08/07/2025

ဝါဆို လပြည့်​နေ့ ဓမ္မစကြာအခါ​တော်​ နေ့မှာ ကုသိုလ် ဘာဝနာ တရားများ ပွားများနိုင်ကြပါ​စေ လို့
"မြတ်​ဆေးဆိုင်"မှ ဆုမွန်​ကောင်း​တောင်းအပ်ပါတယ်ရှင်🙏🙏🙏

# Fullmoon Day of Waso

06/07/2025

မင်္ဂလာရှိသော မနက်ခင်းလေးကို ပိုင်ဆိုင်နိုင်ကြပါစေ🙏🙏🙏

ဆီးချိုရောဂါရဲ့ ရှေ့ပြေးလက္ခဏာများ ⚠⚠⚠✅မကြာခဏဗိုက်ဆာနေခြင်း၊ ပင်ပန်းနွမ်းနယ်နေခြင်း ✅စားသုံးလိုက်သမျှကို ခန္ဓာကိုယ် ကစွမ...
18/01/2025

ဆီးချိုရောဂါရဲ့ ရှေ့ပြေးလက္ခဏာများ ⚠⚠⚠

✅မကြာခဏဗိုက်ဆာနေခြင်း၊ ပင်ပန်းနွမ်းနယ်နေခြင်း ✅

စားသုံးလိုက်သမျှကို ခန္ဓာကိုယ် ကစွမ်းအင်အဖြစ်ရယူနိုင်အောင် သကြားအဖြစ်ပြောင်းလဲပစ်ပါတယ်။ ထွက်လာတဲ့သကြားဓာတ်ကိုသုံးစွဲဖို့ အင်ဆူလင်ဓာတ်လိုအပ်ပါတယ်။ ဆီးချိုရောဂါရှိသူတွေမှာတော့ အင်ဆူလင်ဓာတ်ကိုမထုတ်လုပ်နိုင်တော့တာ (ဒါမှမဟုတ်) မသုံးစွဲနိုင်တော့တာကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့စွမ်းအင် မရတော့ပါဘူး။ဒါကြောင့်မို့ ဆီးချိုရောဂါရှိသူတွေဟာ အမြဲလိုလို ပင်ပန်းနွမ်းနယ်နေသလို ခံစားရပြီး မကြာခဏဗိုက်ဆာနေတာလည်းဖြစ်ပါတယ်။

✅ဆီးသွားများလာခြင်း၊ အမြဲလိုလိုရေဆာနေခြင်း ✅

ပုံမှန်ဆိုရင် သွေးတွင်းသကြားဓာတ်များနေတဲ့အခြေအနေမျိုးမှာ ကျောက်ကပ်တွေက ပိုလျှံတဲ့သကြားဓာတ် ကိုသွေးထဲကစစ်ထုတ်ပေးပါတယ်။ ဒါပေမဲ့ ဆီးချိုကြောင့်သွေးတွင်းသကြားဓာတ်အရမ်းတက်နေရင်တော့ ပိုအလုပ်လုပ်ဖို့လိုအပ်လာတဲ့အတွက် ဆီးခဏခဏသွားပါတယ်။ ဆီးသွားများလေ ရေဓာတ်ခန်းခြောက်လေ ဖြစ်တာမို့ သာမန်ထက်ရေပိုသောက်ဖို့လိုအပ်လာပါတော့တယ်။

✅အနာကျက်နှေးခြင်း ✅

သွေးတွင်းသကြားဓာတ်များလာခြင်းက အာရုံကြောတွေနဲ့ သွေးကြောတွေကိုလည်းထိခိုက်စေတဲ့အတွက် သွေးလည်ပတ်မှုစနစ်ကို တဖြည်းဖြည်းယိုယွင်းလာစေပါတယ်။ သာမန်ထိခိုက်ရှနာဒဏ်ရာလေးတွေတောင် အနာကျက်ဖို့ လနဲ့ချီကြာတဲ့အထိ ဆိုးရွားလာစေပါတယ်။ အနာကျက်နှေးလာတဲ့အတွက် ပြင်ပကနေလည်း ပိုးမွှားတွေပိုဝင်ရောက်လာနိုင်ပါတယ်။

✅ကိုယ်အလေးချိန်ကျသွားခြင်း ✅

ဆီးချိုဝေဒနာရှင်တွေမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့သကြားဓာတ်ကိုလိုသလိုအသုံးမပြုနိုင်တော့ပါဘူး။ စွမ်းအင်ရရှိဖို့ သကြားဓာတ်အစား သိုလှောင်ထားတဲ့အဆီဓာတ်တွေကို ဖြိုခွဲအသုံးပြုရတာကြောင့် တဖြည်းဖြည်းနဲ့ ကိုယ်အလေးချိန်ကျဆင်းသွားတာ​ကို​တွေ့ရပါတယ်
Pharmacy

18/01/2025

မင်္ဂလာရှိသောမနက်ခင်းလေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ မြတ်​ဆေးဆိုင်မှ ဆုမွန်​ကောင်း​တောင်း​လိုက်ပါတယ်ရှင်
🙏🙏🙏

ဆေးအရောင်း ကျွမ်းကျင် ဝန်ထမ်း (မ) 2 ဦး အလိုရှိပါသည်။ ဆေးအရောင်း လျှောက်ထားသူသည်ပညာအရည်အချင်း -အထက်တန်းအောင်ဆေးဝါးကျွမ်း...
30/08/2024

ဆေးအရောင်း ကျွမ်းကျင် ဝန်ထမ်း (မ) 2 ဦး အလိုရှိပါသည်။

ဆေးအရောင်း လျှောက်ထားသူသည်

ပညာအရည်အချင်း -အထက်တန်းအောင်

ဆေးဝါးကျွမ်းကျင် အကူသင်တန်း တက်ပြီးသူ၊

ဆေးဝါးနှင့် ဆေးပစ္စည်း အကြောင်း ကျွမ်းကျင် နှံ့စပ်သူ၊

ဆေးအရောင်း အတွေ့အကြုံ အနည်းဆုံး 1နှစ် ရှိသူ ဖြစ်ရမည်။

ကွန်ပြူတာ၊ I stock အရောင်း Software, Excel ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ ဦးစားပေးမည်

စိတ်ဓါတ် ကောင်းမွန် မှန်ကန် ဖြောင့်မတ်သူ ဖြစ်ရမည်။

အလုပ် ကို ချစ်မြတ်နိုးပြီး လေ့လာ သင်ယူလိုစိတ် ပြင်းပြသူ၊ လူမှုပေါင်းသင် ဆက်ဆံရေး ကောင်းပြီး

အပြောအဆို ယဉ်ကျေး သိမ်မွေ့သူ၊ လိမ္မာပါးနပ်သူ ဖြစ်ရမည်။

အရောင်း ဝန်ထမ်း တစ်ဦးတွင် ရှိရမည့် အရည်အသွေး နှင့် တာဝန်ယူမှု တာဝန်ခံမှု ပြည့်ဝရပါမည်။

အဖွဲ့အစည်း စိတ်ဓါတ် ရှိပြီး အဖွဲ့အစည်းနှင့် အတူ အလုပ် လုပ်နိုင်ရမည်။

👉လစာ - 300000 (အရည်အချင်းပေါ်မူတည်ပြီး လစာတိုးပေးမည်)

👉နေစရာ စီစဥ်ပေးမည်

အလုပ်ချိန်- မနက်7 နာရီ မှ ည 8နာရီ အထိ

အမှတ် 53 ဂန္ဓမာလမ်း မြတ်ဆေးဆိုင် တွင် တာဝန် ထမ်းဆောင် ရမည် ဖြစ်ပါသည်။

CV နှင့် လိုအပ်သော ပညာရေးဆိုင်ရာ အထောက်အထားများ၊

မှတ်ပုံတင် မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူ၊ နေထိုင်ကြောင်း ထောက်ခံစာ တို့နှင့်တကွ လူကိုယ်တိုင်လာရောက် လျှောက်ထားနိုင်သလို

09768469936 ရဲ့ viber သို့ပေးပို့လျှောက်ထားနိုင်ပါသည်

အစမ်းခန့် ကာလမှာ ( 1လ)ဖြစ်ပြီး အစမ်းခန့်ကာလ အဆင်ပြေမှသာ လခစားအဖြစ်ခေါ်ယူမည် ဖြစ်သည်

Myat Pharmacy

No 53. Gandamar Street .Sanchaung Tsp Ygn.

09768469936

Address

Yangon
1111

Opening Hours

Monday 07:00 - 20:00
Tuesday 07:00 - 20:00
Wednesday 07:00 - 20:00
Thursday 07:00 - 20:00
Friday 07:00 - 20:00
Saturday 07:00 - 20:00
Sunday 07:00 - 20:00

Telephone

+959768469936

Website

Alerts

Be the first to know and let us send you an email when Myat Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram