Yadanarpone Mental Health Hospital ရတနာပုံ စိတ်ကျန်းမာရေးဆေးရုံ

  • Home
  • Myanmar
  • Yangon
  • Yadanarpone Mental Health Hospital ရတနာပုံ စိတ်ကျန်းမာရေးဆေးရုံ

Yadanarpone Mental Health Hospital ရတနာပုံ စိတ်ကျန်းမာရေးဆေးရုံ အရက်ဖြတ် မူးယစ်ဆေးစွဲ နှင့် အခြား စိတ်ကျန်းမာရေးပြသနာများကို ကုသပေးလျက်ရှိပါသည်။

နှစ်သစ်မှာ ကျန်းမာချမ်းသာပီး နှလုံးစိတ်ဝမ်း အေးချမ်းနိုင်ကြပါစေလို့ ရတနာပုံဆေးရုံ မိသားစုမှ ဆုမွန်ကောင်း ပို့သလိုက်ပါတယ်...
17/04/2024

နှစ်သစ်မှာ ကျန်းမာချမ်းသာပီး နှလုံးစိတ်ဝမ်း အေးချမ်းနိုင်ကြပါစေလို့ ရတနာပုံဆေးရုံ မိသားစုမှ ဆုမွန်ကောင်း ပို့သလိုက်ပါတယ်။

26/01/2024

W.H.O အဆိုအရ လူ ၈ယောက်မှာ ၁ယောက်ဟာ စိတ်ပိုင်းဆိုင်ရာရောဂါပြသနာများကို ဘဝမှာ ရင်ဆိုင် ကြုံတွေ့နိုင်ပါတယ်။

စိတ်ကျန်းမာရေးဆိုင်ရာ ရောဂါများသည် တခြားခန္ဓာကိုယ်ပိုင်းဆိုင်ရာ ရောဂါများသကဲ့သို့ အချိန်မီစောလျင်စွာ ကုသလျင် ပျောက်ကင်းသည်အထိကုသနိုင်ပါတယ်။

မိမိတို့ကြုံတွေ့ရလေ့ရှိသော စိတ်ပိုင်းဆိုင်ရာပြသနာများကို အချိန်မဆွဲပဲ နီးစပ်ရာ စိတ်ကျန်းမာရေးဝန်ဆောင်မူ့ပေးသော ဆေးရုံ ဆေးခန်းများသို့ သွားရောက် ဆွေးနွေးတိုင်ပင် ကုသချင်း အားဖြင့် မိမိရဲ့ စိတ်ကျန်းမာရေးကို မြင့်တင်နိုင်ပါတယ်။

Yadanarpone Mental Health Hospital

အမှတ် ၄၂၁၊ ၄၂၂၊၄၂၃
ရတနာပုံလမ်း ၁၃၂ ရပ်ကွက်၊ အရှေ့ဒဂုံ
Phone 09886376138 , 095093468

https://maps.app.goo.gl/WtDhEmNYVakKL5nWA?g_st=ic

အရက်ဖြတ် မူးယစ်ဆေးစွဲ နှင့် အခြား စိတ်ကျန်းမာရေးပြသနာများကို ကုသပေးလျက်ရှိပါသည်။

06/05/2023

အရက်စွဲရောဂါ ရနေပီလား အရက်ဖြတ်ဖို့လိုအပ်နေပီလား ဘယ်လိုသိနိုင်မလဲ ?......................................................................................
အောက်က အချက်တေနဲ့ ကိုက်ညီမူ့ရှိလား တချက် ဖတ်ကြည့်ပီး ဆန်းစစ် နိုင်ပါတယ်။

ယနေ့ခေတ် စီးပွားရေး လူမူ့ရေး ပြိုင်ဆိုင်မူ့တေများပီး စိတ်ဖိစီးမူ့တေဟာလဲ ပိုပိုများလာတတ်ပါတယ်။
အဲ့တော့ စိတ်ဖိစီးမူ့ရဲ့ ထွက်ပေါက်ရှာရင်း အရက်ကို အရင်ကသောက်သုံးတာထက်ပိုပီး အလွန်ကျွံဖြစ်ကာ အရက်စွဲရောဂါရ၍ အရက်ရဲ့ ကျေးကျွန်ဖြစ်မှန်းမသိဖြစ်လာတတ်ကြပါတယ်။.......................................................................................
အရက်စွဲရောဂါ ရှိမရှိ အောက်ဖော်ပြပါ အချက် ( ၄ ) ချက်နဲ့ ယေဘူယျအားဖြင့် ဆန်းစစ်နိုင်ပါတယ်။

၁။ အရက်‌ သောက်သုံးတဲ့ ပမာဏများလာခြင်း

အရင်က ပမာဏ အနဲငယ်သောက်ရုံနဲ့ ကျေနပ်ရာကနေ ပိုပီးများများ လိုအပ်လာတတ်ပါတယ်။
တပတ်ကို (14unit) ထက်ပိုသောက်လာတာမျိုးတေ။
(အနီးစပ်ဆုံးပြောရရင် တပတ်ကို အရက်ပုလင်းတစ်ဝက်ထက်ပိုသောက်မိတာမျိုးပါ)
တနေ့ပုလင်းတစ်ဝက်သောက်နေပီဆိုရင်တော့ အရက်စွဲရောဂါရတာပိုသေချာနေပါပီ။

၂။ ဖြတ်ဖို့ကြိုးစားလဲ မဖြတ်နိုင်ပဲ နေ့တိုင်းသောက်မိနေခြင်း

အရင်ကပွဲလမ်းလိုမျိုး အခါမှ သောက်တာကနေ ယခု နေ့တိုင်း အချိန်မှန်မှန် မနက်မိုးလင်းတာနဲ့ စပီးသောက်သုံးချင်လာတာမျိုးရှိတတ်ပါတယ်။ နေ့ရော ညဖက်တေပါမကျန် အချိန်ရှိတိုင်း အရက်အကြောင်းပဲတွေးပီး သောက်ချင်နေတာမျိုးတေပါ။

၃။ နေ့စဉ်လုပ်ငန်းဆောင်တာများ(Function) ပျက်ယွင်းလာခြင်း

ယခင်က ရုံးသွား ရုံးပြန် အလုပ်ချိန်ပုံမှန်လုပ်နိုင်ပေမယ့် အရက်သောက်ပီးနောက်ပိုင်း လူမူ့ရေး စီးပွားရေး ကျန်းမာရေး အိမ်ထောင်ရေး နယ်ပယ် အသီးသီးမှာ တာဝန်ဝတ္တရား ပျက်ယွင်းလာတတ်ပါတယ်။
ထိုသို့ပျက်ယွင်းလာလဲ ဂရုမစိုက်ပဲ အရက်ကို စွဲစွဲ မြဲမြဲ ဆက်လက် သောက်သုံးနေတတ်ပါတယ်။

၄။ အရက်ကြောင့် နောက်ဆက်တွဲ ရောဂါလက္ခဏာများဖြစ်ပေါ်လာခြင်း။

အရက်သောက်တာများ၍ ခန္ဓာကိုယ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာရောဂါ လက္ခဏာများဖြစ်ပေါ်လာတတ်ပါတယ်။
အသည်းရောင် အသားဝါ ၊ သွေးအန်တာမျိုး ၊ ဝမ်းအမဲသွားတာမျိုး အပါဝင် စိတ်ပိုင်းဆိုင်ရာ‌ ရောဂါများ အနေဖြင့် ညမအိပ်ပဲ အိပ်ရေးပျက်ခြင်း၊ အမြင်အာရုံ‌ ခြောက်ခြားချင်း၊ hallucinations လိုမျိုး အသံတေကြားခြင်း၊ စိုးရိမ်သံသယစိတ်များခြင်း၊ မိမိ အိမ်ထောင်ဖက်အပေါ် သံသယစိတ်များခြင်း အပါအဝင် တခြား အပြုမူပိုင်းဆိုင်ရာ ‌ပုံမှန်မဟုတ်တာမျိုးတေလဲ ဖြစ်ပေါ်နိုင်ပါတယ်။......................................................................................
အရက်အလွန်ကျွံသောက်သုံး၍ အထက်ပါ အချက်လက်များနှင့်ကိုက်ညီနေပါက သက်ဆိုင်ရာ စိတ်ကျန်းမာရေးဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင် ဖို့လိုအပ်မှာပါ။
ထို့နောက် အရက်ဖြတ်ကုသမူ့ အချိန်မှီစောလျင်စွာ ကုသမူ့ခံယူပါက ‌ရောဂါပျောက်ကင်းမူ့ ပိုမိုကောင်းမွန်မြန်ဆန်နိုင်ပါတယ်။......................................................................................
အရက်ဖြတ်ပီးနောက်ပိုင်းရော အရက်ပြန်သောက်နိုင်သေးလားမေးရင်တော့ ပြန်သောက်နိုင်သေးတယ်လို့ပဲ ဖြေရမှာပါ။

ဒါပေမယ့် အရက်သောက်ရတဲ့ အကြောင်းအရင်း စိတ်ဖိစီးမူ့‌တေကို သက်ဆိုင်ရာ စိတ်ကျန်းမာရေး ဆရာဝန်နှင့် ပုံမှန် ပြသ ဆွေးနွေးပီး ကုသမူ့ပုံမှန်ခံယူရင်‌တော့ ယခုထက် ပိုပီးကောင်းမွန်လာမှာ သေချာပါတယ်လို့ပဲ ဖြေရမှာပါ။

အရက်ဖြတ် မူးယစ်ဆေးစွဲ နှင့် အခြား စိတ်ကျန်းမာရေးပြသနာများကို ကုသပေးလျက်ရှိပါသည်။

Online (Tele-consultation) ဖုန်းဖြင့် စိတ်ကျန်မာရေးဆိုင်ရာပြသနာများကို အထူးကုဆရာဝန်နှင့် ဆက်သွယ်မေးမြန်း၍ ဆွေးနွေးတိုင်ပ...
16/03/2022

Online (Tele-consultation) ဖုန်းဖြင့် စိတ်ကျန်မာရေးဆိုင်ရာပြသနာများကို အထူးကုဆရာဝန်နှင့် ဆက်သွယ်မေးမြန်း၍ ဆွေးနွေးတိုင်ပင်နိုင်ပါသည်။.........................................................................................

- ကိုဗစ်ကာလ သွားလာရေးအဆင်မပြေတာပဲဖြစ်ဖြစ်
- ခရီးဝေးလို့ ဆရာဝန်နှင့်လာတွေ့ဖို့ အဆင်မပြေတာပဲဖြစ်ဖြစ်

အခြေနေအမျိုးမျိုးကြောင့် စိတ်ကျန်းမာရေးဆရာဝန်နှင့်လာရောက်ပြသဖို့ အခက်ခဲရှိလျင် ရတနာ‌ပုံဆေးရုံ တယ်လီစိတ်ကျန်းမာ သို့ ဆက်သွယ်ပီး စိတ်ကျန်းမာရေး အထူးကုဆရာဝန်နှင့် ( အသံဖြင့်ဖြစ်စေ/အရုပ်အသံ ဖြစ်စေ) အွန်လိုင်းမှတဆင့် ဆက်သွယ်၍ စိတ်ကျန်းမာရေးဆိုင်ရာ ပြသနာအခက်ခဲများကို လုံခြုံစိတ်ချစွာ ဆွေးနွေးတိုင်ပင်နိုင်ပါသည်။.........................................................................................

လိုအပ်ချက်များ

1. မိမိတွင် Viber Application ဖုန်း အကောင့်ရှိရပါမည်။
2 .Tele-consultation အတွက် Booking တင်ရန် ဆေးရုံ Page Chat box သို့မဟုတ် 095093468 သို့ ဆက်သွယ်နိုင်ပါသည်။
3.ငွေလွဲရန် မိမိတွင် Kpay သို့ Aya pay ဖြင့် လွဲနိုင်ပါသည်။
4. Tele-consultation မိနစ် 30 အတွက် 15000 ကျပ်ကျသင့်မည်ဖြစ်ပါသည်။

#ရတနာပုံစိတ်ကျန်းမာရေးဆေးရုံ

ရတနာပုံစိတ်ကျန်းမာရေးအထူးကုဆေးရုံတွင် ပိတ်ရက်မရှိပဲ နံနက် ၉ နာရီမှ ညနေ ၄နာရီအတွင်း အထူးကုဆရာဝန်များနှင့် လာရောက်ဆွေးနွေး...
28/01/2022

ရတနာပုံစိတ်ကျန်းမာရေးအထူးကုဆေးရုံတွင်

ပိတ်ရက်မရှိပဲ နံနက် ၉ နာရီမှ ညနေ ၄နာရီအတွင်း အထူးကုဆရာဝန်များနှင့် လာရောက်ဆွေးနွေးတိုင်ပင် ကုသမူ့များခံယူနိုင်ပါတယ်။

ဈေးနူန်းများကိုလည်း ယခင်ဈေးနူန်းများအတိုင်း ပြောင်းလဲမူ့မရှိပါ။
ငွေပေးချေမူ့များအတွက် ငွေသားဖြင့်ပေးချေနိုင်သလို ဘဏ်စနစ်ဖြင့်လဲ ညှိနိူင်းဆောင်ရွက်ပေးနေပါတယ်။

ဖုန်း 09799748345 , 095093468 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ရတနာပုံဆေးရုံသို့ စုံစမ်းသော မေးခွန်းများ (FAQ)…..............................................................မေး ။ အခုခ...
14/12/2020

ရတနာပုံဆေးရုံသို့ စုံစမ်းသော မေးခွန်းများ (FAQ)
…..............................................................
မေး ။ အခုချိန် ဆေးရုံဖွင့်လားမသိဘူး ?

ဖြေ ။ စိတ်ကျန်းမာ‌ရေးလူနာများ ကုသမူ့ပုံမှန်ရရှိစေနိုင်ရန်အတွက် ဆေးရုံဖွင့်ပါတယ်။ ဆေးရုံရှိ လူနာများရဲ့ လုံခြုံမူ့အတွက် လတ်တလော အဖျားနှင့် အသက်ရူလမ်းကြောင်းဆိုင်ရာ လက္ခဏာများမရှိရင် ဆေးရုံတက်ရောက်ကုသနိုင်ပါတယ်။

မေး ။ ဆေးရုံဘယ်လောက်ကြာအောင် တက်ဖို့လိုအပ်လဲ ?

ဖြေ ။ ရောဂါပေါ်မူတည်ပီး အချိန်ကွဲပြားပါတယ်။ ဥပမာ အရက်ဖြတ်နှင့် မူးယစ်ဆေးစွဲ ရောဂါအတွက် ကုသမူ့ထိရောက်ရန်နှင့် ဆေးပတ်လည်မူ့ရရှိနိုင်စေရန်အတွက် ၂ပတ် ခန့်လိုအပ်ပီး စိတ်ပိုင်းဆိုင်ရာရောဂါများအတွက် ၂ပတ်မှ ၁ လခန့် ကြာမြင့်နိုင်မည် ဖြစ်ပါတယ်။

မေး ။ ဆေးရုံမှဆင်းရင် အရက်/ ဆေး တကယ်ပြတ်သွားနိုင်လား ?

‌ဖြေ ။ ဆေးရုံအနေဖြင့် မူးယစ်/အရက်စွဲရောဂါသာမက စိတ်ပိုင်းဆိုင်ရာ ပြသနာများ ဥပမာ စိတ်ကျရောဂါ‌အခံ‌ကြောင့် အရက်စွဲရောဂါ ဖြစ်လျင် စိတ်ကျရောဂါ ကိုပါတွဲကုသပေးပါတယ်။ ဆေးရုံကုသမူများ၊ ဆွေး‌နွေးကုသမူ့များ၊ ရက်ချိန်းပြသမူ့များ ယူခြင်းအားဖြင့် ‌ရောဂါပိုမိုသက်သာလာနိုင်စေပါတယ်။

မေး ။ ကုန်ကျစရိတ်တေရော ဘယ်လိုမျိုးရှိနိုင်လဲ ?

ဖြေ ။ တရက်စာ အခန်းခ၊ မနက်နေ့လည်ညစာ၊ ဆရာဝန်ကုသစရိတ်၊ ဆေးဖိုး၊ သန့်ရှင်းရေးအထွေထွေစရိတ် စုစုပေါင်း ၁ရက် ၃သောင်းဝန်းကျင်ခန့်ကျသင့်ပါတယ်။ ၂ပတ်စာ ၄ သိန်းဝန်းကျင် ခန့် ကျသင့်နိုင်ပါတယ်။ (အခန်းအမျိုးစားနှင့် ရောဂါပေါ်မူတည်ပီးဈေးပြောင်းလဲနိုင်ပါတယ်)

မေး ။ စိတ်ပိုင်းဆိုင်ရာပြသနာတေကို လာရောက်ဆွေးနွေး တိုင်ပင်လို့ရောရလား? ကုန်ကျစရိတ်လဲသိချင်ပါတယ် ?

ဖြေ ။ နေ့စဉ် ညနေ (၄)နာရီမှ (၈) နာရီထိပြင်ပလူနာလက်ခံကြည့်ရူ့ပေးပါတယ်။ ဆွေးနွေးတိုင်ပင်ခ ကြာချိန်ပေါ်မူတည်ပီး (၁)သောင်းဝန်းကျင်ခန့် ကျသင့်နိုင်ပါတယ်။

မေး ။ ဆေးရုံ ကဘယ်နားမှာရှိတာလဲ?

ဖြေ ။ အရှေ့ဒဂုံ ၊ ၁၃၂ ရပ်ကွက် ၊ ရတနာပုံလမ်း ၊ အမှတ် ၄၂၁၊၄၂၂၊၄၂၃ (အရှေ့ဒဂုံ မီးသတ်အနီး)
YBS ၂၇ သို့ ၆၆ စီး၍ စည်ပင်ရုံးရှေ့မှတ်တိုင်တွင်ဆင်းရန်)
ဖုန်း ၊ 09799748345 , 09886376138

Google Map Location link ကနေ direction လုပ်၍လဲ လာနိုင်ပါတယ်။

Yadanarpone Mental Health Hospital
Yangon
https://maps.app.goo.gl/js1SJgokEuTSChEt5

14/09/2020

ကိုဗစ် ကာကွယ်ဖို့ ကို ရှောင်ပြီး ကို ဆောင်ကြပါစို့ ။

MEN ကို ရှောင်ရမယ်ဆိုတာက

M - Mouth (ပါးစပ်)
E - Eye (မျက်လုံး)
N - nose (နှာခေါင်း) တို့ကို အတတ်နိုင်ဆုံး မထိတွေ့မိအောင် ကြိုးစားနေထိုင်ကြပါ ။

WOMEN ကို ဆောင်ရမယ်ဆိုတာက

W- Wash your hand regularly
(လက်ကို ဆပ်ပြာနှင့်ရေ / Hand gel ဖြင့် မကြာခဏဆေးကြောပါ ။ မည်သည့်အရာဝတ္ထုပစ္စည်းကို မဆို ကိုင်တွယ်ပြီးတိုင်း ၊ အပြင်က ပြန်လာတိုင်း ပုံမှန် လက်ဆေးကြပါ ။)

O - obey social distancing
(နေ့စဥ်ဘဝ ခပ်ခွာခွာနေကြပါ ။ ၆ ပေခန့် ခပ်ခွာခွာနေကြပါ ။ လူစုလူဝေးများထဲ သွားလာခြင်းကို ရှောင်ကြဥ်ပါ ။ တတ်နိုင်သမျှ အိမ်မှာနေကြပါ ။)

M - Mask up
(ဘယ်သွားသွား Mask တပ်ပါ ။ Mask များကို မေးစေ့တွင် ချိတ်ဆွဲခြင်းများရှောင်ကြဥ်ပါ ။ တစ်ခါသုံး Mask များကို စနစ်တကျ စွန့်ပစ်ပါ ။ အဝတ် Mask များကို သေချာစွာ လျှော်ဖွတ်ပါ ။)

E - exercise and eat well
(လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ ။ အာဟာရပြည့်ဝအောင်စားသောက်ပါ ။ အိပ်ချိန်မှန် အောင် အိပ်ပါ ။)

N - No unnecessary travelling
(မလိုအပ်ပဲ ခရီးသွားလာခြင်းများ လုံးဝမပြုလုပ်ပါနှင့် ။ လက်ရှိ မိမိနေထိုင်ရာဒေသတွင်သာ နေထိုင်ကြပါ)

Photo - internet

ရတနာပုံ စိတ်ကျန်းမာရေးဆေးရုံတွင် မိမိတို့၏ စိတ်ပိုင်းဆိုင်ရာ ပြသနာများကို ဆွေးနွေးတိုင်ပင်ပေးလျက်ရှိပါတယ်။စိတ်ကျန်းမာရေး...
02/05/2020

ရတနာပုံ စိတ်ကျန်းမာရေးဆေးရုံတွင် မိမိတို့၏ စိတ်ပိုင်းဆိုင်ရာ ပြသနာများကို ဆွေးနွေးတိုင်ပင်ပေးလျက်ရှိပါတယ်။

စိတ်ကျန်းမာရေးဆိုင်ရာပြသနာများကြောင့်
(၁)ညဘက်အိပ်မပျော်ခြင်းများ ( ၂ )ဒေါသထွက်လွယ်ခြင်း (၃) အာရုံစူးစိုက်မူ့အားနဲခြင်း (၄) အလုပ်ခွင်တွင်းအဆင်မပြေဖြစ်ခြင်းများကိုလဲ ဆွေးနွေးကုသနိုင်ပါတယ်။

ထို့အပြင် လူငယ် လူလတ်ပိုင်းတွင်အဖြစ်များသော မူးယစ်‌ဆေးစွဲရောဂါ၊အရက်စွဲ ရောဂါများကိုလဲ ကုသဆွေးနွေးတိုင်ပင်နိုင်ပါသည်။

ဆေးရုံတည်နေရာကို Google Map တွင်ကြည့်ရူ့နိုင်ပါသည်။
https://maps.app.goo.gl/js1SJgokEuTSChEt5

ဒဂုံတက္ကသိုလ်မှ ၃မိနစ်ခန့် ကားမောင်းရုံ။
ဖုန်း ၀၉၅၀၉၃၄၆၈ , ၀၉၇၉၉၇၄၈၃၄၅

ရတနာပုံ ဆေးရုံသည် ရန်ကုန်မြို့ ဒဂုံတက္ကသိုလ် မှ ကားဖြင့်အနဲငယ်ဆက်မောင်း၍ မင်းရဲကျော်စွာလမ်းမ အနီးတွင်တည်ရှိပါသည်။ လူနာမျ...
18/03/2020

ရတနာပုံ ဆေးရုံသည် ရန်ကုန်မြို့ ဒဂုံတက္ကသိုလ် မှ ကားဖြင့်အနဲငယ်ဆက်မောင်း၍ မင်းရဲကျော်စွာလမ်းမ အနီးတွင်တည်ရှိပါသည်။
လူနာများ စိတ်အေးချမ်းသာစွာ ကုသနိုင်ရန် ဆိတ်ငြိမ်ပီး ကျယ်ဝန်းသောခြံအကျယ် (ပေ၁၂၀xပေ၆၀) တွင်တည်ရှိပီး
လုံခြုံမူများရှိစေရန် ၂၄ နာရီ CCTV ကင်မရာများနှင့် တိုင်းမီးသတ်ဦးစီးမှထောက်ခံမူ့ကိုလဲ ရရှိထားပါတယ်။...............................................................................................................
ထို့အပြင်ကျွမ်းကျင်သော စိတ်ကျန်းမာရေးအထူးကုဆရာဝန်များ ကိုယ်တိုင် ကုသပေး၍မိမိ၏စိတ်ကျန်းမာရေးပြသနာများကို လုံခြုစိတ်ချစွာ ဆွေးနွေးတိုင်ပင် ‌ကုသနိုင်ပါသည်။
အရက်ဖြတ် မူးယစ်ဆေးစွဲရောဂါ စိတ်ကစဥ့်ကလျားရောဂါ စိတ်ကျရောဂါ ၊စိတ်ကြွစိတ်ကျရောဂါ ၊ စိုးရိမ်ပူပန်မှုလွန်ကဲရောဂါ စသည့် စိတ်ရောဂါအမျိုးမျိုး ကို ကုသပေးလျက်ရှိပါသည်။...............................................................................................................
ဆေးရုံ အခန်းခနှင့် စားစရိတ်ငြိမ်းနှင့် ကုသမူ စုစုပေါင်းကိုလဲ အပိုထပ်ဆောင်းပေးဆောင်ရန်မလိုပါ။
ကုသမူ့ ၂ ပတ်စာ ၄သိန်းမှ စ၍
တလစာ ၆သိန်း မိမိ အဆင်ပြေရာ ကုသနိုင်ပါသည်။

အသေးစိတ် သိရှိလိုသည်များကို ဆေးရုံဖုန်း 095093468 , 09886376138 သို့သော်လည်းကောင်း
ဆေးရုံ၏ page Chat Box မှသော်လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ပါသည်။.........…...........................................................................................
ဆေးရုံ လိပ်စာ . အမှတ် ၄၂၁.၄၂၂.၄၂၃ ရတနာပုံလမ်း ၁၃၂ ရပ်ကွက် အရှေ့ဒဂုံ။

ကားဖြင့် ဒဂုံတက္ကသိုလ်မှ မင်းရဲကျော်စွာလမ်းအတိုင်း အရှေ့သို့ ၅ မိနစ်ခန့်မောင်း ၍ အရှေ့ဒဂုံ မီးသတ်အနား။
Bus ဖြင့် YBS ၂၇ သို့ ၆၆ စီး၍ စည်ပင်ရုံးမှတ်တိုင်တွင် ဆင်းရန်။

ရတနာပုံဆေးရုံတွင် လူနာများ လုံခြုံစိတ်ချမူ့ရှိစေရန်အတွက် မီးဘေးကာကွယ်မူ့များနှင့် လုံခြုံရေးကင်မရာများတပ်ဆင်ထားရှိပါသည်။...
15/03/2020

ရတနာပုံဆေးရုံတွင် လူနာများ လုံခြုံစိတ်ချမူ့ရှိစေရန်အတွက် မီးဘေးကာကွယ်မူ့များနှင့် လုံခြုံရေးကင်မရာများတပ်ဆင်ထားရှိပါသည်။............................................................................................
ဆေးရုံတက်ရောက်ကုသလိုသူများအနေဖြင့် စိတ်ချလုံခြုံစွာ ကုသနိုင်ပါသည်။

ပြင်ပလူနာများနှင့် မိမိစိတ်ကျန်းမာရေး အကြောင်း ဆွေးနွေးလိုသူများကိုလဲ ကျွမ်းကျင်သော အထူးကု ဆရာဝန်များမှ လက်ခံဆွေးနွေး၍ လိုအပ်ပါက ကုသမူ ခံယူနိုင်ပါသည်။..................................................................................................
အသေးစိတ် သိရှိလိုသည်များကို ဆေးရုံဖုန်း 095093468 သို့သော်လည်းကောင်း
ဆေးရုံ၏ page Chat Box မှသော်လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ပါသည်။.........…...........................................................................................
ဆေးရုံ လိပ်စာ . အမှတ် ၄၂၁.၄၂၂.၄၂၃ ရတနာပုံလမ်း ၁၃၂ ရပ်ကွက် အရှေ့ဒဂုံ။

ကားဖြင့် ဒဂုံတက္ကသိုလ်မှ မင်းရဲကျော်စွာလမ်းအတိုင်း အရှေ့သို့ ၅ မိနစ်ခန့်မောင်း ၍ အရှေ့ဒဂုံ မီးသတ်အနား။
Bus ဖြင့် YBS ၂၇ သို့ ၆၆ စီး၍ စည်ပင်ရုံးမှတ်တိုင်တွင် ဆင်းရန်။

ရတနာပုံဆေးရုံ၏ လက်ရှိ လူနာအခန်းခများနှင့် ဆေးကုသမူ့ ကျသင့်ငွေ။.............................................................
10/03/2020

ရတနာပုံဆေးရုံ၏ လက်ရှိ လူနာအခန်းခများနှင့် ဆေးကုသမူ့ ကျသင့်ငွေ။...............................................................…………........................
ဆေးရုံတွင် တက်ရောက် ကုသခံယူလိုသူများ အနေဖြင့်

တနေ့စာ အခန်းခ + ဆေးကုသမူစရိတ် = ၃၀၀၀၀ ကျပ်မှစ၍ သို့မဟုတ်
၂ပတ်စာ အခန်းခ + ဆေးကုသမူ့စရိတ် + ထမင်းစားရိတ် = ၄သိန်းကျပ်

မိမိ အဆင်ပြေရာ ရွေးချယ်၍ ဆေးရုံတက်ရောက် ကုသနိုင်ပါသည်။

ပြင်ပလူနာများနှင့် မိမိစိတ်ကျန်းမာရေး အကြောင်း ဆွေးနွေးလိုသူများကိုလဲ ကျွမ်းကျင်သော အထူးကု ဆရာဝန်များမှ လက်ခံဆွေးနွေး၍ လိုအပ်ပါက ကုသမူ ခံယူနိုင်ပါသည်။..................................................................................................
အသေးစိတ် သိရှိလိုသည်များကို ဆေးရုံဖုန်း 095093468 သို့သော်လည်းကောင်း
ဆေးရုံ၏ page Chat Box မှသော်လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ပါသည်။.........…...........................................................................................
ဆေးရုံ လိပ်စာ . အမှတ် ၄၂၁.၄၂၂.၄၂၃ ရတနာပုံလမ်း ၁၃၂ ရပ်ကွက် အရှေ့ဒဂုံ။

ကားဖြင့် ဒဂုံတက္ကသိုလ်မှ မင်းရဲကျော်စွာလမ်းအတိုင်း အရှေ့သို့ ၅ မိနစ်ခန့်မောင်း ၍ အရှေ့ဒဂုံ မီးသတ်အနား။
Bus ဖြင့် YBS ၂၇ သို့ ၆၆ စီး၍ စည်ပင်ရုံးမှတ်တိုင်တွင် ဆင်းရန်။

Address

W6CJ+2C Yangon
Yangon

Telephone

+9595093468

Website

Alerts

Be the first to know and let us send you an email when Yadanarpone Mental Health Hospital ရတနာပုံ စိတ်ကျန်းမာရေးဆေးရုံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category