OSC Pharmacy

OSC  Pharmacy ဆေးဝါးမှန်ကန် စိတ်ချယုံကြည် OSC Pharmacy

၂၀၂၅ ခုနှစ် နိုဝင်ဘာ (၁၉) ရက်နေ့သည် “ကမ္ဘာ့ နာတာရှည်အဆုတ်ပွ လေပြွန်ကျဉ်းရောဂါနေ့” “World COPD Day” နေ့ ဖြစ်ပါတယ်။ COPD (...
19/11/2025

၂၀၂၅ ခုနှစ် နိုဝင်ဘာ (၁၉) ရက်နေ့သည် “ကမ္ဘာ့ နာတာရှည်အဆုတ်ပွ လေပြွန်ကျဉ်းရောဂါနေ့” “World COPD Day” နေ့ ဖြစ်ပါတယ်။

COPD (သို့) နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်းရောဂါသည် လေလမ်းကြောင်းပိတ်ဆို့ခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ဖြစ်စေသည့် ရောဂါတစ်မျိုး ဖြစ်ပါတယ်။

ယခုနှစ်အတွက် ဆောင်ပုဒ်မှာ “Short of Breath, Think COPD.” ဖြစ်ပြီး အသက်ရှူမဝခြင်း၊ မောပန်းလွယ်ခြင်းကဲ့သို့သော လက္ခဏာများကို လျစ်လျူမရှုဘဲ COPD ရောဂါဖြစ်နိုင်ခြေကို သတိပြုပြီး ဆောလျင်စွာ စစ်ဆေးကုသမှုခံယူနိုင်စေရန် ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။

COPD (သို့) နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်းရောဂါ ခံစားနေရသူများသည် အသက်ရှူမဝခြင်းကို ကြုံတွေ့ရနိုင်ပြီး အသက်အန္တရာယ်ရှိနိုင်ပါသည်။ လူသန်းပေါင်းများစွာက COPD ရှိနေကြတာကို ကိုယ်တိုင်ပင် မသိရှိကြပါ။ ဒါကြောင့် COPD (သို့) နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်းရောဂါ၏ ရောဂါလက္ခဏာများကို ဖော်ပြပေးလိုက်ပါတယ်။

COPD (သို့) နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်းရောဂါလက္ခဏာများမှာ
🔹 မောပန်းခြင်း
🔹 နာတာရှည်ချောင်းဆိုးခြင်း
🔹 ချွဲ၊သလိပ်များ ထွက်နေခြင်း
🔹 အသက်ရှူမဝခြင်း
🔹 အသက်ရှူရခက်ခြင်း
🔹 ရင်ဘတ်ထဲမှာ တင်းကြပ်နေခြင်း
🔹 အသက်ရှူနေလျှင် အသံမြည်နေခြင်း
🔹 မကြာခဏ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း
🔹 ဝိတ်ကျသွားခြင်း
🔹 ခြေလက်များ ဖောရောင်နေခြင်း စသည်တို့ ဖြစ်ပါတယ်။
COPDရောဂါလက္ခဏာများကို စောစီးစွာ သိရှိပြီး လိုအပ်သည့် ကုသမှုများကို ခံယူနိုင်ပြီး ကျန်းမာပျော်ရွှင်သော ဘဝလေးများကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။


,Think COPD

 #အမျိုးသားနေ့🇲🇲၂၀၂၅ခုနစ်၊ နိုဝင်ဘာလ(၁၄)ရက်၊ သောကြာနေ့တွင် ကျရောက်သည့် (၁၀၅)နှစ်ပြည့် အမျိုးသားနေ့အား OSC ဆေးရုံမိသားစုမ...
14/11/2025

#အမျိုးသားနေ့🇲🇲
၂၀၂၅ခုနစ်၊ နိုဝင်ဘာလ(၁၄)ရက်၊ သောကြာနေ့တွင် ကျရောက်သည့် (၁၀၅)နှစ်ပြည့် အမျိုးသားနေ့အား OSC ဆေးရုံမိသားစုမှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

#အမျိုးသားနေ့

𝐖𝐨𝐫𝐥𝐝 𝐏𝐢𝐥𝐞𝐬 𝐃𝐚𝐲" ကို ကြိုဆိုတဲ့အနေနဲ့ အခမဲ့ အသိပညာပေး ဟောပြောပွဲတစ်ရပ်ကို ကျင်းပပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်...…📣
11/11/2025

𝐖𝐨𝐫𝐥𝐝 𝐏𝐢𝐥𝐞𝐬 𝐃𝐚𝐲" ကို ကြိုဆိုတဲ့အနေနဲ့ အခမဲ့ အသိပညာပေး ဟောပြောပွဲတစ်ရပ်ကို ကျင်းပပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်...…📣

𝐖𝐨𝐫𝐥𝐝 𝐏𝐢𝐥𝐞𝐬 𝐃𝐚𝐲 𝟐𝟎𝟐𝟓

ဘယ်သူမဆို ရောဂါတွေ ဝေဒနာတွေ မခံစားချင်ကြပါဘူး။
ရှောင်လွှဲမရလို့ ဖြစ်လာကြုံလာရပြီဆိုရင်လည်း လွယ်လွယ်နဲ့
ပျောက်ကင်းတာ၊ မြန်မြန်သက်သာတာမျိုး ဖြစ်ချင်ကြပါတယ်။

ဒါပေမဲ့ လူအများစုဟာ ရောဂါတစ်ချို့ကို စဖြစ်နေမှန်းသိလျှက်နဲ့ စောစောစီးစီး တိုင်ပင်ဆွေးနွေးတာ၊ ကုသတာမျိုး မလုပ်မိကြလို့
“အပ်နဲ့ထွင်းရမှာကို ပုဆိန်နဲ့ ထွင်းရတာမျိုး” ဖြစ်ပြီး
ဒုက္ခရောက်ကြရတာတွေ မကြာခဏ ကြားရ၊ တွေ့ရပါတယ်။

ဒီလိုရောဂါတွေထဲမှာ “လိပ်ခေါင်း”ရောဂါဟာ ထိပ်ဆုံးက ဖြစ်မယ်ထင်ပါတယ်။ လူအများစုက လိပ်ခေါင်းရောဂါနဲ့ ပတ်သက်ပြီး ဖွင့်ဟ ပြောရမှာ ရှက်လေ့ရှိလို့ ရောဂါပိုကြီးလာပြီး ခွဲရတာတွေ၊ ပိုမိုနာကျင်ခံစားရတာတွေ ဖြစ်ကြရပါတယ်။ တစ်ချို့လည်း နီးစပ်ရာက ပြောပြတဲ့ ကုသနည်းအမှားတွေကို လိုက်လုပ်မိကြရင်း ပျောက်ကင်းအောင် ကုသနိုင်ဖို့ ခက်ခဲတဲ့ အခြေအနေအထိတောင် ရောက်သွားကြရပါတယ်။

ဒါကြောင့် OSC ဆေးရုံကြီး မှ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ကျရောက်မယ့် "𝐖𝐨𝐫𝐥𝐝 𝐏𝐢𝐥𝐞𝐬 𝐃𝐚𝐲" ကို ကြိုဆိုတဲ့အနေနဲ့ အခမဲ့ အသိပညာပေး ဟောပြောပွဲတစ်ရပ်ကို ကျင်းပပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာဦးနေအောင်ထွန်း မှ "လိပ်ခေါင်းရောဂါအကြောင်း သိသင့်စရာများ" ခေါင်းစဉ်ဖြင့် လိပ်ခေါင်းရောဂါအကြောင်းအသေးစိတ်ကို ရှင်းလင်း ဟောပြောပေးသွားမှာ ဖြစ်ပါတယ်။

ဟောပြောရာမှာ ရောဂါလက္ခဏာများ၊ ဖြစ်ပွားရသည့် အကြောင်းရင်းများ၊ ကာကွယ်ကုသမှု နည်းလမ်းများနှင့် နောက်ဆုံးပေါ်ကုထုံးများအကြောင်းကို ကိုယ်တိုင်ကုသပေး ၊ ခွဲစိတ်ပေးနေတဲ့ ခွဲစိတ်အထူးကုဆရာဝန်ကြီးထံမှ တိုက်ရိုက် နားထောင်ခွင့် ရရှိမည့် အခွင့်အရေးကောင်း တစ်ရပ်ဖြစ်လို့ လက်မလွှတ်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။

🗓️ နေ့ရက်: နိုဝင်ဘာလ 14 ရက် (သောကြာနေ့)
⏰ အချိန်: နေ့လယ် 2:00 နာရီ မှ 3:30 နာရီအထိ
📍 နေရာ: OSC Hospital၊ ဆယ်လွှာ၊ အစည်းအဝေးခန်းမ

စိတ်ပါဝင်စားသူ မည်သူမဆို "အခမဲ့" တက်ရောက်နိုင်မှာဖြစ်ပြီး တက်ရောက်လာသူများ အဆင်ပြေအောင် နေရာထိုင်ခင်းနှင့် အစားအသောက်များ ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် 09-765485562, 09-43208326 ကို (12.11.2025) ရက်နေ့အား နောက်ဆုံးထားပြီး စာရင်းပေးသွင်းကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်...💖


#ကျန်းမာရေးဟောပြောပွဲ

ထူးမြတ်သော တန်ဆောင်မုန်းလပြည့်(သာမညဖလ အခါတော်နေ့)🌕ကြယ်တာရာနက္ခတ်များ အစုံအလင် ထွန်းလင်းသော တန်ဆောင်မုန်းလမှာ အလှူအတန်း ပ...
04/11/2025

ထူးမြတ်သော တန်ဆောင်မုန်းလပြည့်
(သာမညဖလ အခါတော်နေ့)🌕

ကြယ်တာရာနက္ခတ်များ အစုံအလင် ထွန်းလင်းသော တန်ဆောင်မုန်းလမှာ အလှူအတန်း ပွဲတော်များ၊ ပျော်ပွဲရွှင်ပွဲများဖြင့် အလွန်တရာ စည်ကားသိုက်မြိုက်ပြီး စိတ်နှလုံး ကြည်နူးချမ်းမြေ့ဖွယ်ရာ ကောင်းတဲ့ ထူးမြတ်တဲ့ လတစ်လလည်း ဖြစ်ပါတယ်။

တန်ဆောင်မုန်းလပြည့်နေ့ကို "သာမညဖလ အခါတော်နေ့" ဟု ခေါ်တွင်ရခြင်းမှာ မြတ်စွာဘုရားရှင်သည် ထိုနေ့တွင် သာမညဖလသုတ်တော်ကို ဟောကြားတော်မူခဲ့ခြင်းကို အကြောင်းပြု၍ ဖြစ်ပါတယ်။

တန်ဆောင်မုန်းလမှာ ကျင်းပလေ့ရှိတဲ့ ပွဲတော်များမှာ
• တန်ဆောင်တိုင် မီးထွန်းပွဲတော်
• ကထိန်သင်္ကန်း အလှူပွဲတော်
• မသိုးသင်္ကန်း ရက်လုပ်ပွဲတော်
• မဲဇလီဖူးသုပ် ဝေငှသောပွဲတော်
• ကျီးမနိုး ပွဲတော် တို့ ဖြစ်ပါတယ်။

ဒီလို ထူးမြတ်တဲ့ တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့) အခါသမယမှာ မိဘပြည်သူအပေါင်း စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ချမ်းသာခြင်းတို့နှင့် ပြည့်စုံပြီး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကာ ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း OSC ဆေးရုံမိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်ရှင်။


 #ရုတ်တရက်နှလုံးခုန်ရပ်ခြင်း၏လက္ခဏာများရုတ်တရက် နှလုံးရပ်သွားတယ် Heart attack ရတယ် စတာ​တွေက ကြားဖူးနားဝ ရှိကြပါလိမ့်မယ်။...
26/10/2025

#ရုတ်တရက်နှလုံးခုန်ရပ်ခြင်း၏လက္ခဏာများ

ရုတ်တရက် နှလုံးရပ်သွားတယ် Heart attack ရတယ် စတာ​တွေက ကြားဖူးနားဝ ရှိကြပါလိမ့်မယ်။

ဒီ​နေ့မှာ​တော့ Heart attack ရရင် ခံစားရ​လေ့ရှိတဲ့ လက္ခဏာ​တွေကို ​ပြောပြ​ပေးသွားပါမယ်။

ပထမဆုံးအ​နေနဲ့ Heart attack ရတာဟာ အ​ရေး​ပေါ်
အ​ခြေအ​နေ ဖြစ်ပါတယ်။

Heart attack ရတယ်လို့ ထင်တာနဲ့ တစ်ပြိုင်နက် အ​ရေး​ပေါ်ဌာန​တွေကို အမြန်ဆုံး ဆက်သွယ်ဖို့ အ​ရေးကြီးပါတယ်။

နှလုံးဆီကို သွားတဲ့ ​သွေး​ကြော ရုတ်တရက် ပိတ်ခြင်း​ကြောင့် Heart Attack ရနိုင်ပါတယ်။

▶️လက္ခဏာ​တွေက

🔘ရင်ဘတ်​အောင့်ခြင်း
ရင်ဘတ်​အောင့်တဲ့အခါ ရင်ဘတ်​ပေါ် ​လေးလံတဲ့ အရာတစ်ခုခုနဲ့ ဖိထားသလို ဆွဲညှစ်ထားသလိုမျိုး ခံစားရတတ်ပါတယ်။
နာတာက ရင်ဘတ်က​နေ ​မေးရိုးတစ်​လျှောက်၊ လည်ပင်း၊ လက်​မောင်း နဲ့ ​ကျောဘက်​တွေကိုလည်း ပျံ့သွားတတ်ပါတယ်။

​🔘မောခြင်း
ခေါင်းမူးခြင်း၊ ရိပ်ကနဲ မူးခြင်းစတာ​တွေလည်း ခံစား
ရတတ်ပါတယ်။

သတိပြုသင့်တာက Heart attack ရတဲ့ လူတိုင်း
ဒီလက္ခဏာ​တွေ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။

တချို့လူ​တွေမှာ ဥပမာ ဆီးချိုရှိသူ​တွေမှာ ရင်ဘတ်​
အောင့်တာကို မခံစားရတတ်တဲ့အတွက် ရုတ်တရက်
နှလုံး​သွေး​ကြော ပိတ်တာကို မသိလိုက်တာမျိုး ရှိနိုင်ပါတယ်။

​Heart attack ရဲ့ ​နောက်ဆက်တွဲ အ​နေနဲ့ နှလုံးခုန်နှုန်း
မမှန်တာ ဖြစ်နိုင်ပါတယ်။
ဥပမာ နှလုံး ခုန်တာက ပိုပို မြန်လာပြီး ​နောက်ဆုံးမှာ နှလုံးခုန် ရပ်သွားတာမျိုး ဖြစ်နိုင်ပါတယ်။

နှလုံးကြွက်သား ပြင်းပြင်းထန်ထန် ပျက်စီးပြီး ခန္ဓါကိုယ်ရဲ့ တခြား အစိတ်အပိုင်း​တွေကို ​သွေးလုံလုံ​လောက်​လောက်ရ​အောင် မညှစ်​ပေးနိုင်​တော့တဲ့အတွက် Cardiogenic shock ရနိုင်ပါတယ်။

Heart attack ရဖူးသူ​တွေအ​နေနဲ့ ဒီ​နောက်ဆက်တွဲ လက္ခဏာ​တွေကို Heart attack ရပြီး ၁လခန့် အချိန်အတွင်းမှာ ခံစားရနိုင်ပါတယ်။

အသက်အန္တရာယ်ရှိနိုင်တာမို့ သတိထားဖို့ အ​ရေးကြီးပါတယ်။

▶️Heart attack မရ​အောင် ကာကွယ်နိုင်တဲ့ နည်းလမ်း​တွေက
*ဆေးလိပ်​သောက်သူ​တွေ ​ဆေးလိပ် တတ်နိုင်သ​လောက် ​
လျှော့​သောက်ပါ။ဖြတ်နိုင်ရင် ပို​ကောင်းပါတယ်။
*အရက်​အလွန်အကျွံ ​သောက်တာ ​ရှောင်​ပေးပါ။
*ကိုယ်အ​လေးချိန် ပုံမှန် ရှိ​အောင် ထိန်းပါ။
*ရှိသင့်တဲ့ ကိုယ်အ​လေးချိန်ထက် များ​နေသူ​တွေအ​နေနဲ့
ကိုယ်အ​လေးချိန် ​လျှော့ဖို့ ကြိုးစားကြည့်ပါ။
*အဆီများတဲ့ အစားအစာ​တွေ ​ရှောင်​ပေးပါ။
*လေ့ကျင့်ခန်း တစ်ခုခု ပုံမှန်လုပ်​ပေးပါ။
*ကျန်းမာ​ရေးနဲ့ ညီညွတ်တဲ့ အစားအ​သောက်​တွေ
ဥပမာ-အမျှင်ဓါတ် ကြွယ်ဝတဲ့ အစားအစာ​တွေ စားတာမျိုး
တစ်​နေ့ကို အသီးအနှံ ဟင်းသီးဟင်းရွက် အ​ရောင်စုံလင်​
အောင် စားတာမျိုး ပြုလုပ်ပေးပါ။

ကျန်းမာ ​ဘေးကင်းကြပါ​စေ။
DR. Christine
M. B., B. S (Ygn)
M. Sc Nutrition (UK)


Happy Deepawali 🪔 🪔 🪔ဒီပါဝလီနေ့ (ခေါ်) ဒေဝါလီနေ့ ဟိန္ဒူဘာသာဝင်များ တန်ဖိုးထားရာ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဒီပါဝလီနေ့ (ဒေဝါလီန...
20/10/2025

Happy Deepawali 🪔 🪔 🪔
ဒီပါဝလီနေ့ (ခေါ်) ဒေဝါလီနေ့

ဟိန္ဒူဘာသာဝင်များ တန်ဖိုးထားရာ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဒီပါဝလီနေ့ (ဒေဝါလီနေ့)မှာ မိဘပြည်သူများအားလုံး ကျန်းမာပျော်ရွှင်ကြပါစေလို့ OSC ဆေးရုံမိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်..🙏🙏🙏



Global Handwashing Day ...  💦🧼🙌ယနေ့ဟာ Global Handwashing Day နေ့ဖြစ်ပါတယ်။ ဒီနှစ်အတွက် ဆောင်ပုဒ်ကတော့ “Our hands, our fu...
15/10/2025

Global Handwashing Day ... 💦🧼🙌
ယနေ့ဟာ Global Handwashing Day နေ့ဖြစ်ပါတယ်။ ဒီနှစ်အတွက် ဆောင်ပုဒ်ကတော့ “Our hands, our future.” ဖြစ်ပါတယ်။
မိမိကိုယ်တိုင်သတိမပြုမိဘဲ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်ကို မကြာခဏဆိုသလို ထိတွေ့မိကြပါတယ်။ ပိုးမွှားတွေဟာ မျက်လုံးတွေ၊ နှာခေါင်းနဲ့ ပါးစပ်ကနေတစ်ဆင့် ခန္ဓာကိုယ်ထဲကို ဝင်ရောက်လေ့ရှိကြပါတယ်။
လက်တွေဟာ ရောဂါပိုးမွှားများကို အများဆုံးသယ်ဆောင်လာသည့် အဓိကအရာများဖြစ်ကြပါတယ်။ လက်ဆေးခြင်းဖြင့် ရောဂါပိုးမဝင်အောင်ကာကွယ်နိုင်ပြီး ကျန်းမာစွာ နေထိုင်နိုင်စေပါတယ်။
အစာမစားခင်လက်ဆေးခြင်း၊ အိမ်သာကထွက်လာပြီးနောက် လက်ဆေးခြင်း စသည်တို့က ဝမ်းရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ယနေ့ Global Handwashing Day မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်မှ ထုတ်ပြန်ထားသည့် မှန်ကန်စွာ လက်ဆေးနည်းအဆင့်ဆင့်ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
#အဆင့် (၁) လက်ကို ရေလောင်းပါ။
#အဆင့် (၂) လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ပွတ်တိုက်ဆေးကြောပါ။
#အဆင့် (၃) လက်ဖဝါးများကို သေချာ ပွတ်တိုက်ပါ။
#အဆင့် (၄) လက်ချောင်းများကို ယှက်ထားပြီး လက်ဖဝါးနှင့် လက်ဖမိုးကို ပွတ်တိုက်ပါ။
#အဆင့် (၅) လက်ချောင်းများယှက်ထားပြီး လက်ဖဝါးချင်းပွတ်တိုက်ပါ။
#အဆင့် (၆) လက်ချောင်းတစ်ချောင်းချင်းစီကို ပွတ်ပါ။
#အဆင့် (၇) ဘယ်ဘက်လက်မနှင့် ညာဘက်လက်မကို တစ်လှည့်စီ ပွတ်ပါ။
#အဆင့် (၈) လက်ဖဝါးတစ်ခုချင်းစီကို တစ်လှည့်စီ ပွတ်ပါ။
#အဆင့် (၉) ရေနှင့် ဆေးချလိုက်ပါ။
#အဆင့် (၁၀) သန့်စင်သော သဘက်ဖြင့် လက်ကို ခြောက်အောင်သုတ်ပါ။
#အဆင့် (၁၁) ထိုသဘက်ကို အသုံးပြုပြီး ရေဘုံပိုင်ကို ပိတ်လိုက်ပါ။

,our future

မီးပိုးကောင်ကြောင့် ဖြစ်တတ်သည့် Paederus Dermatitis=================================Paederus dermatitis ဆိုတာဘာလဲ။Paeder...
12/10/2025

မီးပိုးကောင်ကြောင့် ဖြစ်တတ်သည့် Paederus Dermatitis
=================================
Paederus dermatitis ဆိုတာဘာလဲ။
Paederus dermatitis ဆိုတာ Nairobi fly ကဲ့သို့သော rove beetle (မီးပိုးကောင်) မျိုးစိတ်တချို့နဲ့ ထိတွေ့မိခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အရေပြားယားယံရောင်ရမ်းခြင်းတစ်မျိုး ဖြစ်ပါတယ်။

မီးပိုးကောင်ကို အရေပြားပေါ်တွင် ပွတ်မိလိုက်ခြင်း သို့မဟုတ် ဖိကြိတ်မိပြီးနောက် ၂၄ နာရီမှ ၄၈ နာရီအတွင်း အရည်ကြည်ဖုများပါသော အဖုအပိန့်များ ဖြစ်ပေါ်လာကာ ပျောက်ကင်းရန် ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်နိုင်ပါတယ်။

Paederus dermatitis ဖြစ်ပွားရသည့် အကြောင်းအရင်းများ
Paederus dermatitis က မီးပိုးအမကောင်ရဲ့ ခန္ဓာကိုယ်တွင်းရှိ အရည်ထဲမှာ ရှိတဲ့ pseudomonas လို့ခေါ်တဲ့ ဘက်တီးရီးယားကနေ ထုတ်လွှတ်လိုက်တဲ့ paederin ဟုခေါ်သည့် Paederus dermatitis(အရေပြားယားယံရောင်ရမ်းခြင်း) ၏ နောက်ဆက်တွဲ ပြဿနာများ
Paederus dermatitis (အရေပြားယားယံရောင်ရမ်းခြင်း)၏ အဓိက နောက်ဆက်တွဲ ပြဿနာများမှာ အဖုအပိန့်များကြောင့် နာကျင်ကိုက်ခဲခြင်းဖြစ်ပါတယ်။
တခြားသော နောက်ဆက်တွဲပြဿနာများမှာ
• ပိုးဝင်ခြင်း
• အရေပြားကွာကျခြင်းနှင့် အနာဖြစ်ခြင်း
(တစ်ခါတစ်ရံ ဆေးရုံတက်ရောက် ကုသရန် လိုအပ်ပါသည်)
• အရေပြားရောင်ရမ်းပြီးနောက် အညိုကွက်များ ကျန်ရစ်ခြင်း
• အမာရွတ်ကျန်ခြင်း

Paederus dermatitis (အရေပြားယားယံရောင်ရမ်းခြင်း) ကို ဘယ်လိုကုသကြမလဲ?
လက္ခဏာတွေ ထွက်လာတာနဲ့ ပထမဆုံးလုပ်ရမှာက အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ ရေနဲ့ ဆပ်ပြာကိုအသုံးပြုပြီး ထိုနေရာကို ဆေးကြောသင့်ပါတယ်။
ထိုနေရာကို သန့်စင်ပြီးနောက် ရေခဲအုံပြီး လိမ်းဆေးတစ်ခုခုကို လိမ်းပေးပါ။
• အိုင်အိုဒင်းဆေးရည်ကို အသုံးပြုပေးပါ။
• ယားယံခြင်းကို သက်သာစေသည့် လိမ်းဆေးများ လိမ်းပေးပါ။
• ပဋိဇီဝဆေးများ သောက်သုံးပေးပါ။

Paederus dermatitis (အရေပြားယားယံရောင်ရမ်းခြင်း)ကို ဘယ်လိုကာကွယ်နိုင်မလဲ?
မီးပိုးကောင်နဲ့ မထိတွေ့အောင်နေခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် မီးပိုးကောင်နဲ့ မထိတွေ့အောင် အောက်ပါအချက်များကို လုပ်ဆောင်ပါ။
• ညဘက်တွင် ခြင်လုံဇကာကို အသုံးပြုပါ။
• UV မထုတ်ပေးနိုင်သည့် မီးလုံးများကို ရွေးချယ်ပါ။
• အိပ်ပျော်နေစဉ် မီးမှိတ်ထားပါ။
• အရေပြားပေါ်တွင် မီးပိုးကောင်ကို တွေ့လျှင် ဖိချေမပစ်ဘဲ ဖယ်ရှားပါ။
• ရေနှင့်ဆပ်ပြာကို အသုံးပြုပြီး မီးပိုးကောင်နဲ့ ထိတွေ့ထားသောနေရာကို ဆေးကြောပါ။

Paederus dermatitis (အရေပြားယားယံရောင်ရမ်းခြင်း)သည် လက္ခဏာများ ပျောက်ကင်းရင် ရက်သတ္တပတ်အနည်းငယ်ကြာတတ်ပြီး အရေပြားရောင်ရမ်းခြင်းကတော့ လပေါင်းများစွာအထိ ကြာရှည်နိုင်ပါတယ်။

.org


World Mental Health Day 2025ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ ....💚===================နှစ်စဉ် အောက်တိုဘာလ (၁၀) ရက်နေ့ကို ကမ္ဘာ့စိတ...
11/10/2025

World Mental Health Day 2025
ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ ....💚
===================
နှစ်စဉ် အောက်တိုဘာလ (၁၀) ရက်နေ့ကို ကမ္ဘာ့စိတ်ကျန်းမာရေးနေ့အဖြစ် သတ်မှတ်ပြီး ကမ္ဘာတစ်ဝန်း ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ စိတ်ကျန်းမာရေးကောင်းမွန်စေဖို့က အရေးပါကြောင်းနှင့် စိတ်ကျန်းမာရေးကို ကောင်းမွန်စေရန် ဦးစားပေးလုပ်ဆောင်ဖို့ လိုအပ်ကြောင်းကို သတိပေးပြောကြားရန် ရည်ရွယ်ထားပါတယ်။

ယခုနှစ်အတွက် ဆောင်ပုဒ်မှာ "𝘈𝘤𝘤𝘦𝘴𝘴 𝘵𝘰 𝘚𝘦𝘳𝘷𝘪𝘤𝘦𝘴 – 𝘔𝘦𝘯𝘵𝘢𝘭 𝘏𝘦𝘢𝘭𝘵𝘩 𝘪𝘯 𝘊𝘢𝘵𝘢𝘴𝘵𝘳𝘰𝘱𝘩𝘦𝘴 𝘢𝘯𝘥 𝘌𝘮𝘦𝘳𝘨𝘦𝘯𝘤𝘪𝘦𝘴 " ဖြစ်ပြီး လူတွေက စိတ်ကျန်းမာရေးအခြေအနေကို ကြိုတင်ကာကွယ်ထားဖို့က အရေးကြီးကြောင်းကို အလေးပေးဖော်ပြထားပါတယ်။

မကောင်းတဲ့သတင်းဆိုးတွေကို ထပ်ခါထပ်ခါကြားနေမြင်နေရခြင်းကလည်း စိတ်ကျန်းမာရေးအခြေအနေအပေါ် အများကြီး သက်ရောက်နိုင်ပါတယ်။

သတင်းဆိုးတွေကို ကြားရတဲ့အချိန်မှာ စိတ်ခံစားချက်မကောင်းဖြစ်သွားတတ်ကြတာ ပုံမှန်ပါပဲ။ ဒါပေမဲ့ သတင်းဆိုးတွေကို အွန်လိုင်းပေါ်ကနေ ဆက်တိုက် တွေ့မြင်ခံစားနေရခြင်းက ကျွန်တော်တို့ရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် ဒီလို မကောင်းတဲ့သတင်းတွေ၊ စိတ်ဖိစီးဖွယ်အကြောင်းအရာတွေကို စဉ်ဆက်မပြတ် ကြည့်ရှုမိခြင်း (Doomscrolling) ဖြစ်လာတဲ့အခါ ဆိုးကျိုးအနေနဲ့
💚 စိတ်ဖိစီးမှုများခြင်း
💚 စိုးရိမ်ပူပန်စိတ်ကြီးခြင်း
💚 ကောင်းစွာ အိပ်မပျော်ခြင်း
💚 လုပ်ငန်းခွင်အာရုံစူးစိုက်မှု လျှော့နည်းခြင်း
💚 စိတ်အလိုမကျဖြစ်ခြင်း တို့ ခံစားလာရတတ်ပါတယ်။

(Doomscrolling) မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲဆိုရင်
💚Noti ပိတ်ထားပါ။
ဆိုရှယ်မီဒီယာ သို့မဟုတ် သတင်းတွေနဲ့ ပတ်သက်ပြီးတော့ အနှောက်အယှက်မဖြစ်စေဖို့ Noti ကို ပိတ်ထားပါ။

💚Alarm ပေးထားပါ။
အိပ်ရာထဲမှာ ဖုန်းကြည့်မိနေပြီဆိုရင် နာရီတစ်ခု သတ်မှတ်ပြီးတော့ ဖုန်းကြည့်ချိန်ကို ကန့်သတ်ထားပါ။ သတင်းတွေကြည့်နေရင်း အချိန်ကုန်တာမသိလိုက်နိုင်တာကြောင့် Alarm ပေးထားလိုက်ပါ။

💚သတင်းဆိုးတွေကို မျှဝေတတ်တဲ့ Page တွေကို Hide ထားပါ။
💚ဖုန်းသုံးချိန် ကန့်သတ်ထားပါ။

ဖုန်းကြည့်မယ့်အချိန် သတ်မှတ်ထားပါ။ ဖုန်းချထားပြီး တခြားလုပ်စရာတစ်ခုခုကို လုပ်ဖို့ အချိန်ပေးပါ။

💚အဆိုးမြင်စိတ်ကို ကောင်းတဲ့အရာများဖြင့် အစားထိုးပါ။
စာဖတ်ခြင်း၊ တရားထိုင်ခြင်း၊ သူငယ်ချင်းအပေါင်းအသင်းများဖြင့် အချိန်ကုန်ဆုံးခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း စတာတွေက မိမိကိုယ်ကိုယ် ဂရုစိုက်တဲ့ အပြုအမူကောင်းတွေပဲ ဖြစ်ပါတယ်။ ဒီအချက်တွေကို လုပ်ဆောင်ခြင်းအားဖြင့် စိတ်ကျန်းမာရေးအခြေအနေ ကောင်းမွန်လာစေနိုင်ပါတယ်။

#𝘈𝘤𝘤𝘦𝘴𝘴 𝘵𝘰 𝘚𝘦𝘳𝘷𝘪𝘤𝘦𝘴 – 𝘔𝘦𝘯𝘵𝘢𝘭 𝘏𝘦𝘢𝘭𝘵𝘩 𝘪𝘯 𝘊𝘢𝘵𝘢𝘴𝘵𝘳𝘰𝘱𝘩𝘦𝘴 𝘢𝘯𝘥 𝘌𝘮𝘦𝘳𝘨𝘦𝘯𝘤𝘪𝘦𝘴 "

သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)....🌕🕯🕯🕯မြန်မာသက္ကရာဇ် (၁၃၈၇)ခုနှစ်တွင် ကျရောက်သည့် သီတင်းကျွတ်လပြည့်(အဘိဓမ္မာနေ့) ...
06/10/2025

သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)....🌕🕯🕯🕯

မြန်မာသက္ကရာဇ် (၁၃၈၇)ခုနှစ်တွင် ကျရောက်သည့် သီတင်းကျွတ်လပြည့်(အဘိဓမ္မာနေ့) အခါသမယတွင် မိဘပြည်သူများအားလုံး
#စိတ်၏ချမ်းသာခြင်း
#ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး
#စီးပွါးလာဘ်လာဘများတိုးပွါးကြ၍
#ရောဂါဘယများလည်း ကင်းဝေးကြပါစေကြောင်း ကျွန်မတို့ OSC ဆေးရုံမိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်....🙏

မြတ်စွာဘုရား တာဝတိံသာ နတ်ပြည်မှာ နိမ္မိတရုပ်ပွားတော်ကိုယ်စား ထားခဲ့ပြီး အဘိဓမ္မာ တရားတော် အကျယ်ကို ဝါတွင်း သုံးလပတ်လုံး ဟောကြားတော်မူပြီး ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကို စန္ဒကူးတော၌ အဘိဓမ္မာ တရားတော် အကျဉ်းချုပ်ကို တချိန်တည်းမှာ ဟောကြားသင်ပြတော်
မူ‌လေသည်။

ထို့နောက် သီတင်းကျွတ်လပြည့်နေ့ တွင် လူ့ပြည်သို့ ပြန်ဆင်းခဲ့သည့် အထိမ်းအမှတ်အဖြစ် သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့ အဖြစ် သတ်မှတ်ခေါ်ဝေါ် ခဲ့ကြသည်။ အရှင်သာရိပုတ္တရာက တပည့်ငါးရာတို့အား အဘိဓမ္မာဒေသနာကို မကျဉ်းမကျယ် အလယ်အလတ် ဟောကြားပြီးဆုံးသော နေ့သည်လည်း သီတင်းကျွတ်လပြည့်နေ့ပင် ဖြစ်သည်။

ထိုကဲ့သို့ မိဘပြည်သူများအတွက် အထွဋ်အမြတ်နေ့ဖြစ်သည့် အဘိဓမ္မာအခါတော်နေ့ကြီးတွင် မိဘ၊ဆရာများ၊ သက်ကြီးရွယ်အိုများကို ကန်တော့ကာ ကုသိုလ်ယူနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါသည်ရှင်။



သီတင်းကျွတ်အချိန်အခါသမယမှာ ...🕯🕯🕯 #စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍  #စီးပွားလာဘ်လာဘများကြွယ်ဝကာ  #မိသားစုနှင့်အတူပျော်ရွှင်ခြင...
05/10/2025

သီတင်းကျွတ်အချိန်အခါသမယမှာ ...🕯🕯🕯
#စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍
#စီးပွားလာဘ်လာဘများကြွယ်ဝကာ
#မိသားစုနှင့်အတူပျော်ရွှင်ခြင်းများ ဆောင်ကြဉ်းနိုင်ပါစေကြောင်း
OSCဆေးရုံမိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်...🙏🙏🙏



Address

No. 137(D), Thudhamar Road, North Okkalapa Township
Yangon

Opening Hours

Monday 06:00 - 23:59
Tuesday 06:00 - 23:59
Wednesday 06:00 - 23:59
Thursday 06:00 - 23:59
Friday 06:00 - 23:59
Saturday 06:00 - 23:59
Sunday 06:00 - 23:59

Telephone

+959450868201

Alerts

Be the first to know and let us send you an email when OSC Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to OSC Pharmacy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram