11/12/2025
Melatonin (မယ်လတိုနင်)
Melatonin (မယ်လတိုနင်)ကို ဦးနှောက်ရဲ့ အလယ်မှာရှိတဲ့ ပဲစေ့အရွယ် pineal ဂရင်းက ထုတ်ပေးပါတယ်။ အမိုင်နိုအက်ဆစ် tryptophan ကနေ မယ်လတိုနင်ကို ထုတ်ပေးပါတယ်။ မယ်လတိုနင်က ဦးနှောက်အတွင်းမှာ ဆီလိုတိုနင် ( serotonin )ကို မြင့်တက်စေပြီး အိပ်မောကျစေပါတယ်။ ည ၉ နာရီ နဲ့ ၁၀ နာရီကြားမှာ မယ်လတိုနင်ဟိုမုန်းထွက်လာပြီး အိပ်ငိုက်တတ်ပါတယ်။ မနက်နေထွက်လာတဲ့အခါ မယ်လတိုနင် ထုတ်လုပ်ခြင်း လျော့နည်းလာပြီး ရပ်သွားတတ်ပါတယ်။
မယ်လတိုနင်က မြန်မြန်အိပ်ပျော်စေပြီး ကြာကြာအိပ်စေတယ်။ နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်ပျော်စေပါတယ်။ ခန္ဓာကိုယ်အတွင်းမှာ ပုံမှန်အတိုင်း မယ်လတိုနင်ထွက်နေတဲ့အခါ ကောင်းမွန်စွာအိပ်ပျော်ပြီး နာတာရှည်ရောဂါတွေကို ကာကွယ်နိုင်ပါတယ်။ အလုပ်ချိန် ခဏခဏပြောင်းနေရတဲ့လူတွေ၊ ခရီးခဏခဏထွက်ပြီး အချိန်ဇုန်ပြောင်းနေရတဲ့သူတွေ နှင့် ညဘက် ဖုန်း၊ကွန်ပြူတာသုံးတဲ့သူတွေမှာ မယ်လတိုနင် ထုတ်လုပ်ခြင်း ကျဆင်းသွားတတ်ပါတယ်။ မယ်လတိုနင်ချို့တဲ့ပြီး အိပ်မပျော်တဲ့အခါ ကိုယ်ခန္ဓာရောင်ရမ်းခြင်း နှင့် ကိုယ်ခံအားကျဆင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။
မယ်လတိုနင်ဖြည့်စွက်စာကို ခဏခဏ အိပ်ရာပြောင်းအိပ်ရတဲ့သူတွေ၊ အိပ်ချိန်ပြောင်းရတဲ့ အလုပ်သမားအချို့ နှင့် လေယဉ်စီးပြီး ကမ္ဘာပတ်နေရသူတွေအတွက် ရည်ရွယ်ထုတ်ထားတာပါ။အိပ်ရာပြောင်း၊အိပ်ချိန်ပြောင်းတဲ့သူတွေအနေနှင့် မယ်လတိုနင်ဖြည့်စွက်စာကို 0.5 မှ 5 mg [milligrams] အထိသောက်နိုင်ပါတယ်။ မယ်လတိုနင်ဖြည့်စွက်စာ (3-20 mg) ကို ညအိပ်ချိန်မှာသောက်ပေးတဲ့အခါ ခန္ဓာကိုယ်တွင်းရှိ ဇီဝနာရီကို ပြန်မှန်ကန်လာစေပါတယ်။ ကင်ဆာအကျိတ်ကိုတိုက်ခိုက်ပေးတဲ့ ခုခံအားစနစ်ကို မြင့်လာစေပါတယ်။ သိုင်းမတ်ဂရင်း (thymus) ကို နှိုးဆော်ပေးပြီး ခုခံအားမြင့်စေပါတယ်။ ကင်ဆာဆေးသွင်းခြင်း၊ ဓာတ်ကင်ခြင်းတို့ကြောင့်ဖြစ်တဲ့ အဆိပ်သင့်မှုတွေကို လျော့ကျစေတယ်။ ကလပ်စည်းတွေ ပျက်စီးခြင်းကို နည်းသွားစေတယ်လို့ရေးပါတယ်။
မယ်လတိုနင်ဖြည့်စွက်စာကို ကင်ဆာရောဂါကုသမှုတွေမှာသုံးနိုင်ပါတယ်။ မယ်လတိုနင်ဖြည့်စွက်စာ သောက်ခြင်းဖြင့် အသည်းကင်ဆာလူနာ ၁၄ ယောက်မှာ ၅ ယောက် (၃၆%) မှာရှိတဲ့ အကျိတ်တွေသေးသွားတယ်လို့ ဆိုပါတယ်။ အရေပြားကင်ဆာလူနာတွေမှာ မယ်လတိုနင်ဖြည့်စွက်စာ အသုံးပြုမှုက အကျိုးရှိတယ်ရေးပါတယ်။ မယ်လတိုနင်ဖြည့်စွက်စာ နှင့် tamoxifen ကို ရင်သားကင်ဆာ လူနာတွေမှာ ပေါင်းကုတဲ့အခါ Tamoxifen တစ်ခုတည်း ကုတာထက် အကျိုးပိုရှိတယ်ဆိုပါတယ်။
မယ်လတိုနင်က IL-2 therapy ကြောင့်ဖြစ်လာတဲ့ သွေးတွင်းသွေးမွှားလေးများကျဆင်းခြင်း (thrombocytopenia)ကို ကာကွယ်ပေးတယ်ရေးပါတယ်။ Cisplatin ကုသလို့ မသက်သာတဲ့ အဆုတ်ကင်ဆာဝေဒနာသည်တွေကို မယ်လတိုနင် ပေးကြည့်တဲ့အခါ ထူးခြားမှုရှိတယ်ရေးပါတယ်။ ကင်ဆာဆေးမတိုးတော့တဲ့ လူနာတွေကို မယ်လတိုနင် ပေးကြည့်တဲ့အခါ ဘဝအရည်အသွေးတွေ တိုးတက်လာပြီး ကင်ဆာကြီးထွားမှုကို ထိန်းချုပ်နိုင်တယ်ဆိုပါတယ်။
မယ်လတိုနင်ဖြည့်စွက်စာက အော်တဇင်ကလေးအချို့မှာ ဖြစ်တတ်တဲ့ အိပ်မပျော်တဲ့ရောဂါကို သက်သာစေပြီး မနက်ပိုင်းအပြုအမူတွေလည်း တိုးတက်တယ်ဆိုပါတယ်။ အော်တဇင်ကလေးတွေမှာ မယ်လတိုနင်ဖြည့်စွက်စာကို 1mg ကနေ စတိုက်လေ့ရှိပါတယ်။ မယ်လတိုနင်ဖြည့်စွက်စာ 9 mg ထက်ပိုတိုက်လို့မရဘူးလို့ဆိုပါတယ်။ ကလေးအသက်အရွယ်၊ ကျန်မာရေးအနေအထားပေါ်လည်းမူတည်ပြီး dose အပြောင်းအလဲလုပ်ပါတယ်။ ရေရှည်သုံးတာ စိတ်ချရပါ့မလား၊ ဆေးအမျိုးအစားခြားနားမှုမှာ ရလဒ်ကွာနိုင်လား။ ဒါတွေကလေ့လာဖို့လိုသေးတဲ့အကြောင်းအရာတွေ ဖြစ်ပါတယ်။
ပုံမှန်အားဖြင့်တော့ မလယ်တိုနင်က အန္တရာယ်ကင်းပါတယ်။ တစ်ချို့ မယ်လတိုနင် နဲ့ ဆိုင်တဲ့ MTNR1B gene ရှိတဲ့သူအချို့မှာ မယ်လတိုနင် သောက်ပြီးတဲ့အခါ အင်ဆူလင်အတွက်နည်းပြီး ဆီးချိုတက်လာတတ်တယ်လို့ ဆွိဒင်နိုင်ငံက Lund University က သုသေတနလုပ်ပြီး ရေးသားထုတ်ဖော်ခဲ့ပါတယ်။
ဒေါက်တာဖြိုးမောင်မောင် ( Dr.PHYO MAUNG )
copy
မှာယူလိုပါက ဒီ link လေးကိုနိုပ်၍ မှာယူနိုင်ပါတယ်ရှင့်။
m.me/RUBYUSASTORE
မှာယူလိုပါက
☎095037438
☎09965180240