Super Gym Fitness & Healthcare Center

Super Gym Fitness & Healthcare Center No Challange No Change. We do the best for you.

 #ကျန်းမာစေဖို့ လေ့ကျင့်ခန်းလုပ်ဆောင်သင့်တဲ့ အတိုင်းအတာ💜လေ့ကျင့်ခန်းလုပ်တာက နှလုံးရောဂါခံစားရနိုင်ခြေကို ကျဆင်းစေနိုင်သလ...
27/01/2022

#ကျန်းမာစေဖို့ လေ့ကျင့်ခန်းလုပ်ဆောင်သင့်တဲ့ အတိုင်းအတာ
💜လေ့ကျင့်ခန်းလုပ်တာက နှလုံးရောဂါခံစားရနိုင်ခြေကို ကျဆင်းစေနိုင်သလို အရိုးတွေကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ ဒါတွေအပြင်လေ့ကျင့်ခန်းလုပ်တာကြောင့် ခန္ဓာကိုယ်မှာ အခုလိုပြောင်းလဲမှုတွေဖြစ်လာနိုင်ပါသေးတယ်။

👍အဆုတ်နဲ့လေပြွန်တစ်လျှောက်က ဘက်တီးရီးယားတွေကို ခန္ဓာကိုယ်ပြင်ပကိုရောက်ရှိအောင်လုပ်ဆောင်ပေးနိုင်တယ်။
👍သွေးဖြူဥဆဲလ်တွေဖြစ်ပေါ်စေနိုင်တယ်။
👍ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးပြီး ဘက်တီးရီးယားတွေ ပေါက်ဖွားတာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။
👍စိတ်ဖိစီးမှုကိုကျဆင်းစေတယ်။
👍ကိုယ်ခံအားကောင်းစေနိုင်တယ်။

လေ့ကျင့်ခန်းလုပ်တာက ကောင်းမွန်တဲ့အလေ့အထဆိုပေမယ့် အလွန်အကျွံတော့မဖြစ်သင့်ပါဘူး။ ကိုယ်ခံအားကိုကောင်းစေနိုင်တဲ့အဆင့်လောက်ပဲလုပ်သင့်ပါတယ်။
👍အပေါ်မှာပြောပြခဲ့တဲ့ အကျိုးကျေးဇူးတွေရရှိစေဖို့ လုပ်ဆောင်ပေးသင့်တဲ့လေ့ကျင့်ခန်းအတိုင်းအတာကတော့
- တစ်ရက်ကို နာရီဝက်၊ ၄၅ မိနစ်နှုန်းလောက်နဲ့ တစ်ပတ်ကို ၃ ကြိမ် ကနေ ၅ကြိမ်လောက် စက်ဘီးနင်းမယ်
- နေ့တိုင်း မိနစ် ၂၀ ကနေ နာရီဝက်လောက် လမ်းလျှောက်မယ်
- နှစ်ရက်ခြားတစ်ခါ Gym သွားမယ်
- နေ့တိုင်းဂေါ့ဖ် ရိုက်မယ်
- နေ့တိုင်း နာရီဝက်လောက်အေရိုးဗစ်ဆော့မယ်
- တစ်နေ့ကို ၄၅ မိနစ်လောက်ယောဂဆော့မယ်။
ဒါတွေအပြင်လေ့ကျင့်ခန်းလုပ်တဲ့အခါ အသုံးပြုတဲ့ ပစ္စည်းတွေကို သန့်သန့်ရှင်းရှင်းထားဖို့၊ တစ်ကိုယ်ရေသန့်ရှင်းရေးကိုဂရုစိုက်ဖို့၊အာဟာရပြည့်ဝအောင်စားသုံးဖို့၊ စိတ်ဖိစီးမှုခပ်ကင်းကင်းနေဖို့လည်း မမေ့ဖို့ပြောပါရစေနော်။

13/01/2022
13/01/2022
13/01/2022
04/02/2021

ဘ၀တိုက်ပွဲ ဆင်နွှဲဖို့ ခွန်အားမွေးကြစို့.
Let's Fight. We are ready to build for your strenght.

19/01/2021

👍👍Our Vision is your's Goal💪💪

19/01/2021
25/12/2020

🌲🌲🌲ပျော်ရွှင်ဖွယ် ခရစ်စမတ်‌‌ပါ⛄☃️⛄

🌲🌲ပျော်ရွှင်ဖွယ်ခရစ်စမတ်ပါ⛄☃️
25/12/2020

🌲🌲ပျော်ရွှင်ဖွယ်ခရစ်စမတ်ပါ⛄☃️

22/12/2020

🤩နှစ်သစ်မှာစိတ်သစ်လူသစ်ဖြစ်ဖို့
ပျော်ပျော်ရွှင်ရွှင် ဝိတ်ချကြပါစို့🤩
🎁မည်သူမဆို 💯Free လာရောက်ကစားနိုင်လို့
ချစ်တဲ့သူတွေ Mention‌ ခေါ်ပြီး like&Share လိုက်ကြစို့ 1*2*3* Go! ‌နော်👍

မြန်မြန်လေးဆိုမှတော့ လူဦးရေကန့်သတ်ထားလို့
ခုပဲ စာရင်းပေးလိုက်တော့ 🤳09250154705, 09420762559

Let's Dance, Join with Happy.
, ZumbaFitness, CombatDance

Everyone with Free💯

Start at 3.1.2021(Sunday)
Class-A (7:00 am-8:00 am)
Class-B (7:00 pm-8:00 pm)

😊😊😊မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်ရဲ့ မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ🙏🙏🙏
29/11/2020

😊😊😊မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်ရဲ့ မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ🙏🙏🙏

🤩Welcome🙋‍♂️🙋‍♀️ Everybody !! We're Open🤩😇Come & Join Us for Healthy Life.🧡We will Open at 9.11.2020 (Monday) , 6:00 Am.
08/11/2020

🤩Welcome🙋‍♂️🙋‍♀️ Everybody !! We're Open🤩
😇Come & Join Us for Healthy Life.🧡
We will Open at 9.11.2020 (Monday) , 6:00 Am.

🙏🙏🙏ပျော်ရွှင်ကြည်နူးဖွယ် သီတင်းကျွတ်အခါသမယ ဖြစ်ကြပါစေ😊😊😊
31/10/2020

🙏🙏🙏ပျော်ရွှင်ကြည်နူးဖွယ် သီတင်းကျွတ်အခါသမယ ဖြစ်ကြပါစေ😊😊😊

သင့်ကိုယ်ခန္ဓာရဲ့ ကြွက်သားတွေကို အသုံးပြုပြီး လှုပ်ရှားရတဲ့ လေ့ကျင့်ခန်းမှန်သမျှဟာ ကယ်လိုရီတွေကို လောင်ကျွမ်းစေပြီး ကျန်...
12/09/2020

သင့်ကိုယ်ခန္ဓာရဲ့ ကြွက်သားတွေကို အသုံးပြုပြီး လှုပ်ရှားရတဲ့ လေ့ကျင့်ခန်းမှန်သမျှဟာ ကယ်လိုရီတွေကို လောင်ကျွမ်းစေပြီး ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ရေကူးခြင်း၊ ပြေးခြင်း၊ လမ်းလျှောက်ခြင်း၊ ကခုန်ခြင်း စသဖြင့် ကိုယ်လက်လေ့ကျင့်ခန်းဟာလည်း မျိုးစုံရှိပါတယ်။ အဆိုပါလေ့ကျင့်ခန်းများဟာ ပြုလုပ်သူများအတွက် ကိုယ်ရောစိတ်ပါ လန်းဆန်းတက်ကြွစေပြီး အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။

၁။ ပျော်ရွှင်ခြင်း
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများဟာ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို တိုးတက်စေပြီး စိတ်ပူခြင်း၊ စိတ်ကျခြင်း၊ စိတ်ဖိစီးခြင်း စတာတွေကို သက်သာစေပါတယ်။ ဆီရိုတိုနင်၊ နော်အပီနက်ဖရင်း စတဲ့ဟော်မုန်းတွေကို ဦးနှောက်ကနေ ပိုမိုခံစားနိုင်ပြီး စိတ်ကျခြင်းကို သက်သာစေပါတယ်။

ဒါ့အပြင် အင်ဒေါ်ဖင်ဟော်မုန်းကို ပိုမိုထွက်စေတာကြောင့် အကောင်းမြင်တဲ့ ခံစားချက်တွေကို တိုးလာစေပြီး နာကျင်မှုတွေကိုလည်း သက်သာစေပါတယ်။

ဒီနေရာမှာ လေ့ကျင့်ခန်းရဲ့ ပြင်းထန်မှုက အဓိကမကျပါဘူး။ သက်သာတဲ့ လေ့ကျင့်ခန်းဖြစ်စေ၊ ပြင်းထန်တဲ့ လေ့ကျင့်ခန်းဖြစ်စေ စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူး ဖြစ်ထွန်းစေပါတယ်။

၂။ ကိုယ်အလေးချိန်ကျစေခြင်း
သင့်ရဲ့ကိုယ်ခန္ဓာဟာ စွမ်းအင်တွေကို နည်းလမ်းသုံးမျိုးနဲ့ အသုံးပြုပါတယ်။ အစားအစာကို ချေဖျက်ခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ခန္ဓာကိုယ်လုပ်ငန်းတာဝန်များ (နှလုံးခုန်ခြင်း၊ အသက်ရှူခြင်း) လုပ်ဆောင်ခြင်း စသဖြင့် ဖြစ်ပါတယ်။

Diet လုပ်နေချိန်မှာ ကယ်လိုရီနည်းပြီး ဇီဝဖြစ်ပျက်မှုကိုနှေးစေတာကြောင့် ကိုယ်အလေးချိန်ကျဖို့ကို နှောင့်နှေးစေတတ်ပါတယ်။ ဒါကြောင့် တဖက်မှာ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ရင်းနဲ့ ဇီဝဖြစ်ပျက်မှုနှုန်းကို ပြန်တက်စေပြီး ကယ်လိုရီကို ပိုမိုလောင်ကျွမ်းစေခြင်းအားဖြင့် ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အကူပြုပါတယ်။

၃။ ကြွက်သားနှင့်အရိုးများကို တောင့်တင်းခိုင်မာစေခြင်း
အလေးမလေ့ကျင့်ခန်းလို အားသုံးရတဲ့ လှုပ်ရှားမှုတွေဟာ ကြွက်သားတွေ တည်ဆောက်ရာမှာ အသုံးဝင်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ ကြွက်သားတွေကနေ အမိုင်နိုအက်ဆစ်ကို စုပ်ယူရာမှာ အားပေးတဲ့ ဟော်မုန်းတွေထွက်လာစေလို့ ဖြစ်ပါတယ်။

လူသားတွေအနေနဲ့ အသက်ကြီးလာတာနဲ့အမျှ ကြွက်သားတွေ ကျုံလှီသွားပြီး လုပ်နိုင်ကိုင်နိုင်စွမ်း ကျဆင်းသွားတတ်ပါတယ်။ ထိခိုက်ဒဏ်ရာရခြင်း၊ မသန်မစွမ်းဖြစ်ခြင်းတွေ ကြုံနိုင်ပါတယ်။ ငယ်ရွယ်စဉ်မှာ လေ့ကျင့်ခန်းများ လုပ်ဆောင်ပေးခြင်းဟာ ကြွက်သားတွေ တောင့်တင်းခိုင်မာစေဖို့ အထောက်အကူ ပြုပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်တဲ့အတွက် အရိုးများရဲ့ သိပ်သည်းဆကို တိုးတက်ကောင်းမွန်စေပါတယ်။ နောင် အသက်ကြီးလာရင် အရိုးပွခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၄။ နာတာရှည်ရောဂါများဖြစ်ပွားနိုင်ခြေကို လျော့ကျစေခြင်း
ပုံမှန် ကိုယ်လက်လှုပ်ရှားမလုပ်ခြင်းဟာ နာတာရှည်ရောဂါများရဲ့ အကြောင်းအရင်း ဖြစ်ပါတယ်။ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းအားဖြင့် အင်ဆူလင် အာရုံခံအား မြင့်တက်ကောင်းမွန်ခြင်း၊ နှလုံးနှင့်သွေးကြော ကျန်းမာရေးကောင်းမွန်ခြင်း၊ ခန္ဓာကိုယ်ဖွဲ့စည်းပုံ တောင့်တင်းစေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိစေတာကြောင့် နာတာရှည်ဖြစ်စေနိုင်တဲ့ ရောဂါဘယတွေကနေ ကင်းဝေးစေပါတယ်။

တစ်ဖက်က ကြည့်မယ်ဆိုရင် ပုံမှန်လေ့ကျင့်ခန်းမလုပ်ဖြစ်ရင် ဝမ်းဗိုက်အဆီတက်ခြင်း၊ အမျိုးအစား ၂ ဆီးချို ဖြစ်နိုင်ခြေမြင့်တက်စေခြင်း၊ နှလုံးရောဂါဖြစ်ခြင်း၊ ငယ်ရွယ်စဉ် သေဆုံးခြင်း စတဲ့ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

၅။ အသားအရေကို ကောင်းမွန်စေခြင်း
လူသားတို့ ခန္ဓာကိုယ်ဟာ ဓာတ်တိုးပစ္စည်းများရဲ့ဖိအားကြောင့် တဖြည်းဖြည်းယိုယွင်း ပျက်စီးလာပါတယ်။ ခန္ဓာကိုယ်အတွင်းပိုင်းသာမက အရေပြားပါ ပျက်စီးလာပါတယ်။ အင်အားအသင့်အတင့်ပဲ သုံးရတဲ့ လေ့ကျင့်ခန်းများဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကို သဘာဝအလျောက် ထွက်လာစေလို့ ဆဲလ်တွေပျက်စီးခြင်းကနေ သက်သာစေပါတယ်။

ဒါ့အပြင် လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် သွေးလည်ပတ်မှုကို ကောင်းမွန်စေလို့ အရေပြားဆဲလ်တွေကို အိုမင်းရင့်ရော်ခြင်းကနေ နှေးကွေးသွားစေပါတယ်။

၆။ ဦးနှောက်နှင့်မှတ်ဉာဏ်ကို ကောင်းမွန်စေခြင်း
လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ ဦးနှောက်ရဲ့လုပ်ငန်းတာဝန်တွေကို တိုးတက်လုပ်ဆောင်နိုင်စေပြီး မှတ်ဉာဏ်နဲ့ အတွေးအခေါ်စွမ်းရည်တွေကို တိုးတက်စေပါတယ်။ နှလုံးခုန်နုန်းကို မြန်စေတာကြောင့် သွေးလည်ပတ်မှု ပိုကောင်းစေပြီး ဦးနှောက်ဆီကို အောက်ဆီဂျင် ပိုရောက်စေနိုင်ပါတယ်။

ဦးနှောက်ဆဲလ်တွေ ဖွံ့ဖြိုးကြီးထွားမှုကို အားပေးတဲ့ ဟော်မုန်းတွေ ပိုမိုထွက်ရှိလာအောင် လှုံ့ဆော်ပေးပါတယ်။

ဒါ့အပြင် လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့် ဟဟ်ပိုကမ်းပတ်စ်လို့ခေါ်တဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းကို ဖွံ့ဖြိုးစေပါတယ်။ အဆိုပါ အစိတ်အပိုင်းဟာ မှတ်ဉာဏ်နဲ့ သင်ယူမှုစွမ်းရည်ကို ပိုကောင်းစေပါတယ်။ အသက်ကြီးလာတဲ့အခါ ကြုံလာနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို အတိုင်းအတာတခုအထိ ကာကွယ်ပေးပါတယ်။

၇။ ကောင်းစွာ အိပ်စက်နိုင်စေခြင်း
လေ့ကျင့်ခန်းပုံမှန် ပြုလုပ်ပေးခြင်းဟာ လူကို သက်တောင့်သက်သာနဲ့ပြေလျော့စေပြီး ကောင်းကောင်းအိပ်ပျော်စေပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ချိန်မှာ အသုံးပြုလိုက်တဲ့ စွမ်းအင်တွေကို အိပ်စက်ချိန်မှာ ပြန်လည်ဖြည့်တင်းပေးတဲ့အတွက် ဖြစ်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်စဉ်မှာ တက်လာတဲ့ ကိုယ်ခန္ဓာအပူချိန်ဟာ အိပ်စက်ချိန်မှာ ပြန်လည်ကျဆင်းပြီး ပိုမိုနှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။

ကောင်းကောင်းအိပ်မပျော်တဲ့ သက်ကြီးပိုင်းတွေအနေနဲ့လည်း လေ့ကျင့်ခန်း ပြုလုပ်ရင် ကောင်းစွာ အိပ်စက်လာနိုင်မှာ ဖြစ်ပါတယ်။

၈။ နာကျင်မှုကို သက်သာစေခြင်း
လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးခြင်းဟာ နာတာရှည် နာကျင်မုတွေကို သက်သာစေနိုင်ပါတယ်။ နာတာရှည် ခါးနာခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ ပခုံးသားများ နာကျင်ခြင်း စတဲ့ ကာလရှည်ကြာ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေဖို့ အထောက်အကူပြုပါတယ်။ ဒါ့အပြင် ထိခိုက်နာကျင်မှုဒဏ်ကို ပိုပြီးခံနိုင်ရည် ရှိစေပါတယ်။

၉။ လိင်မှုကိစ္စကို ပိုမိုကောင်းမွန်စေခြင်း
လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ နှလုံးနဲ့သွေးကြောစနစ်ကို ပိုမိုအားကောင်းစေပါတယ်။ သွေးလည်ပတ်မှုကောင်းတာကြောင့် လိင်စိတ်ဆန္ဒအတါက် အထောက်အကူဖြစ်စေပါတယ်။ ကိုယ်ကာယလေ့ကျင့်ခန်းတွေကြောင့် လိင်ဆက်ဆံစဉ် လှုပ်ရှားမှုရော ခံစားမှုကိုပါ ပိုမိုကောင်းမွန်စေပါတယ်။

အသက်လေးဆယ်အရွယ် အမျိုးသမီးတွေကို ပြုလုပ်ခဲ့တဲ့ သုတေသနအရ လေ့ကျင့်ခန်းများ ပြုလုပ်ပြီး နေထိုင်မှုပုံစံပြောင်းလဲပြီးချိန်မှာ လိင်စိတ်ဆန္ဒပြည့်ဝမှု ပိုမိုခံစားရတယ်လို့ ဆိုပါတယ်။ အမျိုးသားတွေအနေနဲ့လည်း စွမ်းဆောင်ရည်ပိုတက်လာတယ်လို့ သိရပါတယ်။

Credit Health Group ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Dr.Thant Zin

12/09/2020

😊😊😊 Stay Home မှာလဲ ပျော်ရွှင်ကျန်းမာနေစေဖို့

🙅‍♀️🙅‍♂️SUPER GYM ယာယီပိတ်မည်ဖြစ်ပါသဖြင့်  😇😇😇အားလုံးပဲ ကျန်းမာရေး ဂရုစိုက်ကြပြီး 👉အိမ်မှာပဲ 🏋️‍♀️🏋️‍♂️ကိုယ်လက်လှုပ်ရှား...
11/09/2020

🙅‍♀️🙅‍♂️SUPER GYM ယာယီပိတ်မည်ဖြစ်ပါသဖြင့်
😇😇😇အားလုံးပဲ ကျန်းမာရေး ဂရုစိုက်ကြပြီး
👉အိမ်မှာပဲ 🏋️‍♀️🏋️‍♂️ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလေးတွေ လုပ်ရင်း 🧘‍♀️🧘‍♂️လှပကြံ့ခိုင်အောင်နေထိုင်🥗🍗🍞စားသောက်ကြပါနော်
✊✊✊Page မှတဆင့် ကိရိယာလွတ်လေ့ကျင့်ခန်းလေးတွေ အခါအားလျော်စွာတင်ထားပေးပါမယ်နော်🆗
Gym ပြန်ဖွင့်တာနဲ့ အားလုံးကို အမြန်ဆုံးအကြောင်းကြားပေးပါမယ်နော်😊😊😊

Address

No. 23, U Ba Han Street, 2 Quarter, Mayangone Township
Yangon
11051

Opening Hours

Monday 06:00 - 20:30
Tuesday 06:00 - 20:30
Wednesday 06:00 - 20:30
Thursday 06:00 - 20:30
Friday 06:00 - 20:30
Saturday 06:00 - 20:30

Telephone

+959420762559

Alerts

Be the first to know and let us send you an email when Super Gym Fitness & Healthcare Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Super Gym Fitness & Healthcare Center:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram