Yan Naing Tun

Yan Naing Tun Knowledge's Pastries

Brownies Rocky Road
01/09/2022

Brownies Rocky Road

01/09/2022
Love
01/11/2021

Love

Oooshhhhh
06/09/2021

Oooshhhhh

Ensaimada
16/08/2021

Ensaimada

Cream Puff Profiterole, Cream Puff, Choux Puff Pastry, အမျိုးမျိုးခေါ်ကြပါတယ်။ အထဲမှာ Whipping Cream, Pastry Cream, Ice ...
12/09/2020

Cream Puff

Profiterole, Cream Puff, Choux Puff Pastry, အမျိုးမျိုးခေါ်ကြပါတယ်။ အထဲမှာ Whipping Cream, Pastry Cream, Ice Cream နှစ်သက်ရာ flavors ထည့်ပြီး Chocolate Sauce, Chocolate Genache, Caramel Sauce, Vanilla Sauce, Fruits Compote............ Sauce တွေနဲ့တွဲဖက်၍လည်း စားသုံးနိုင်ပါတယ်။ Cream Puff နဲ့ Eclair က shape ကိုခွဲခြားပြီးခေါ်တာပါ။ Cream Puff က လုံးလုံးဝိုင်းဝိုင်း‌၊ Eclair က ရှည်မြော‌ေမြာပါ။
Choux Puff အတွက် အလွယ်ဆုံး recipeလေးဖေါ်ပြပေးပါမယ်။

1. Water 1lit
2. Butter(unsalted) 1lb(454g)
3. Salt 1pinch
4. Flour (all purpose) 1lb(454g)
5. Egg (whole) 1lit (20each)

Step1
1+2+3 အိုးတစ်လုံးတွင်ထည့်၍ မီးဖိုတွင် Butter အရည်ပျော်ပြီး ပွက်ပွက်ဆူတဲ့အထိတည်ပါ။

Step2
4 ကိုထည့်၍ လုံးပြီးနှံ့သွားအောင်မွှေပါ။ မီးဖိုပေါ်မှချပါ။

Step3
5 ကို mixer မရှိလျင် Spoon သို့မဟုတ် Spatula နဲ့မွှေလို့ရပါတယ်၊
Choux paste လုပ်ရင် ကြက်ဥတစ်လုံးခြင်းထည့်မွှေရတယ်လို့ပြောတတ်ကြပါတယ်၊ 2/3လုံးထည့်မွှေလို့ရပါတယ်၊ တစ်ကြိမ်ထည့်လျင် ကြက်ဥ2/3လုံး ထည့်၍ပုံမှန်မွှေပေးပြီး နှံ့လျင် ထပ်ထည့်ပါ၊ ကြက်ဥကုန်တဲ့အထိ နည်းနည်းချင်းထည့်မွှေပါ။

Choux paste ရလျင် Pipping Bag ထဲထည့်ပြီး Cream Puff, Eclair, နှစ်သက်တဲ့ shape ညှစ်၍ Oven တွင် 200'C ဖြင့်၊ မိနစ်30ဖုတ်ပါ၊ နှစ်စပွပါတယ်။

ဖိုမှထွက်လာသော Choux Puffများကို room temperatureတွင်အအေးခံပြီး နှစ်သက်ရာ Cream နှင့်Sauce များဖြင့် တွဲဖက်၍ သုံးဆောင်နိုင်ပါပြီ။

Oven မရှိလျင် ဆီတွင်ကြော်၍ Sugar+Cinnamon နှင့် လူးပြီး Chocolate Genache, နဲ့တွဲဖက်သုံးဆောင်ပါ၊ Churros ခေါ်ပါတယ်၊ Spanish style ပါ။ ဆီကြော်မုန့်တွေကြိုက်တတ်ရင်တော့ စားလို့ကောင်းပါတယ်။
‌ကျေးဇူးတင်ပါတယ်
Yan Naing Tun

Shalala lala
08/09/2020

Shalala lala

Ciabatta
07/09/2020

Ciabatta

Plenty of Black Forest gateau
30/08/2020

Plenty of Black Forest gateau

Danish Pastry
27/08/2020

Danish Pastry

06/07/2020

Chocolate Ganache

Cake, Pudding, Truffle, Mousse, Fudge, Chocolate Drinks, ........‌ပြောပြလို့မကုန်နိုင်လောက်အောင် များပြားလွန်းတဲ့ Chocolate Flavor Dessert များရဲ့ Based ပါ။

Ganache ကို Glaze အနေနဲ့၊ Truffle အနေနဲ့၊ Icingအနေနဲ့၊ ....... အသုံးပြုတဲ့အပေါ်မူတည်ပြီး Flavors တွေထပ်ပေါင်းထည့်လို့ရပါတယ်။
ဥပမာ- Espresso, Grand Marnier, Pistachio, Praline...... အစရှိသဖြင့် များစွာ။

Ganache ကို Butter အနည်းငယ်ပေါင်းထည့်ရင်တော့ ပိုပြီး stable ဖြစ်ပါတယ် ။ ပိုပြီး Shiny ဖြစ်ချင်ရင်တော့ Corn Syrup အနည်းငယ်ထည့်ပါ၊ cracked ဖြစ်တာကိုလဲ ကာကွယ်ပေးပါလိမ့်မယ်။

ပုံမှန်အားဖြင့်တော့ Ganache ကို Cream(Heavy) နဲ့ Dark Chocolate ဆတူ၊ အပူပေးပြီးဖျော်ပါတယ်။ Ganache ကျဲချင်ရင် Cream ပိုထည့်ပါ၊ ပြစ်ချင်ရင်တော့လျှော့ထည့်ပါ။
Video နဲ့တွဲတင်ပေးလိုက်ပါတယ်။

ကျေးဇူးပါ၊ နှစ်သက်ရင် share ပေးပါ

Yan Naing Tun

Black Forest Cake နာမည်ကြီး Chocolate Cake တစ်မျိုးပါ။ Chocolate + Cherry(sour or dark sweet) Flavor ပါ။ Chef တော်တော်မျ...
02/07/2020

Black Forest Cake

နာမည်ကြီး Chocolate Cake တစ်မျိုးပါ။ Chocolate + Cherry(sour or dark sweet) Flavor ပါ။ Chef တော်တော်များများက Pastries ဖြစ်ဖြစ် Bread ဖြစ်ဖြစ် Chocolate + Cherry သုံးပြီးလုပ်တဲ့မုန့်အများစုကို Black Forest အမည်တပ်လိုက်ကြတာပါပဲ။
Black Forest Cake က German Traditional Sweet Dessertပါ။

ယခု post က Black Forest Cake အကြောင်းပဲပြောမှာပါ။ Chocolate Cake(Sponge), Dark Cherry, Whipping Cream (Heavy), Dark Chocolate, Maraschino Cherry, Kirschwasser (Cherry Brandy). ဒီ Ingredients တွေပြည့်စုံရင် တော်တော် Perfectဖြစ်တဲ့ Black Forest Cake တစ်လုံးရမှာပါ။

Chocolate Cake (Sponge) ကို နှစ်လွှာ သို့မဟုတ် သုံးလွှာဖြတ်၍ တလွှာတိုင်းကို Kirschwasser Syrup(Simple Sugar Syrup + Kirschwasser) စွတ်ပါ။ Austrian Recipe မှာတော့ တခါတရံ Rum သုံးပါတယ်။ Syrup ကို Run သုံးမယ်ဆိုရင် ကျွန်တော့်အကြိုက်က Dark Rum ပါ။

Whipped Heavy Cream 100g ကို Sliced Sponge ပေါ်တင်၍ Spatula ဖြင့် Sponge မျက်နှာပြင်ပေါ်နှံ့အောင်ညှိ‌ပါ။

Dark Sweet Cherry (Sour Cherry သုံးရင်တော့၊ သကြားနဲ့ Filling ပြန်ချက်ရပါမယ်) အဆေ့ထုတ်ထားသောအလုံးလိုက် ဒါမှမဟုတ် ထက်ချမ်းချမ်းပြီး မျက်နှာပြင်အပြည့်တင်ပါ။

နောက်ထပ် တစ်လွှာ အထက်ပါအတိုင်း ပြုလုပ်ပါ။

နောက်ဆုံးကျန်တဲ့ Cake Sponge တစ်လွှာကို အပေါ်ဆုံးမှာတင်ပြီး Syrup ဆွတ်ပါ။

Cake တစ်ခုလုံးကို Whipped Cream ပတ်ပြီး ဘေးဘက်ကို Shaved Chocolate ကပ်ပါ။ Cake ပါ်မှာ Whipped Creamကို မိမိစိတ်ကြိုက်ညှစ်၍ Maraschino Cherry နှင့် Shaved Chocolate တို့ဖြင့်အလှဆင်ပါ။ ဖန်တီးသူ စိတ်ကြိုက်အလှဆင်လို့ရပါတယ်။ Cake Decorations ဟာ Art ဖြစ်တဲ့အတွက် ပုံသေမရှိပါ။ Friendတို့ Mood ရှိသလို လုပ်ပါ။

ကျွန်တော်ဖေါ်ပြပေးခဲ့တာ Beginner များအတွက်တော့ နားလည်ဖို့ မလုံလောက်ပါ။
အချိန်မရတဲ့အတွက် ပြည့်ပြည့်စုံစုံမဖေါ်ပြပေးနိုင်တာ ခွင့်လွှတ်ပါ။ သိချင်တာရှိရင် Comment, Message, Ph.09797589091 ကိုဆက်သွယ်မေးမြန်းပါ။ အားနာဖို့မလိုပါ။ Complimentaryပါ ခင်ဗျာ။

Share ပေးပါ
ကျေးဇူးတင်ပါတယ်

Yan Naing Tun

Address

Yangon

Telephone

+959797589091

Website

Alerts

Be the first to know and let us send you an email when Yan Naing Tun posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Yan Naing Tun:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram