07/12/2022
ရောဂါ ဘယ်လိုစဖြစ်သလဲ?
Oxidative stress ကြာလာရင်ရောဂါစဖြစ်ပါတယ်၊
Oxidative stress=ရောဂါဖြစ်စေသောဓါတုမော်လီကျူးတွေ ရှိသင့်တဲ့ပမာဏထက် ပိုရှိနေခြင်းကိုဆိုလိုပါတယ်။
Oxidative stress ဆိုတာဘာလဲ?
Oxidative stress ဆိုသည်မှာ ရောဂါဖြစ်စေသော ဖရီးရယ်ဒီကယ်(freeradicals) အရေအတွက်သည် Antioxidants အရေအတွက်ထက်ပိုများနေသောအခြေအနေကိုဆိုလိုပါသည်။
Freeradicals=ရောဂါဖြစ်စေသောမတည်မြဲတဲ့ဓါတုမော်လီကျူး(ခန္ဓာကိုယ်မှထွက်ပါသည်)
Antioxidants=Freeradicals တွေကိုအားပျော့ပျက်ပြယ်စေတဲ့ဓါတုမော်လီကျူး(အသီးအနှံတွေမှအဓိကရပါတယ်၊မိမိခန္ဓာကိုယ်မှလဲထွက်ပါတယ် ဥပမာ:Glutathione ,Co-Q10..)
Freeradicals တွေဘယ်လိုဖြစ်ပေါ်လာပါသလဲ?
ကျွန်တော်တို့လူသားတွေပုံမှန်ရပ်တည်ဖို့အတွက်အချိန်နှင့်အမျှစွမ်းအင်တွေလိုနေပါတယ်၊စွမ်းအင်အတွက်ကျွန်တော်တို့တွေဟာနေ့စဥ်အစားအစာတွေကိုစားသုံးနေရပါတယ်၊အစားအစာတွေဟာစားလိုက်ရုံနဲ့ စွမ်းအင် တန်းဖြစ်မလာပါဘူး၊အောက်ဆီဂျင်ရဲ့အကူအညီနဲ့အစားအစာတွေကိုစွမ်းအင်အဖြစ်သို့ပြောင်းလဲရပါတယ်၊စွမ်းအင်အဖြစ်ပြောင်းလဲတဲ့အခါစွမ်းအင်တွေထွက်လာသလို တဖက်မှာလဲစွန့်ပစ်ပစ္စည်းတွေထွက်လာပါတယ်၊အဲဒီစွန့်ပစ်ပစ္စည်းတွေကတော့ မတည်မြဲတဲ့ ဓါတုမော်လီကျူး(Freeradicals)တွေပဲဖြစ်ပါတယ်၊မတည်မြဲတဲ့ဓါတုမော်လီကျူး (Freeradicals)တွေဟာတည်မြဲဖို့အတွက်ကြိုးစားကြပါတယ်၊သူတို့တည်မြဲဖို့အတွက်အီလက်ထရွန်တွေလိုအပ်ပါတယ်၊လိုအပ်တဲ့အီလက်ထရွန်တွေကို နီးစပ်ရာ ဆဲလ်(cells),ပရိုတိန်းနှင့်,DNAတွေဆီမှဆွဲယူပါတယ်၊အီလက်ထရွန်ဆုံးရှုံးသွားတဲ့ ဆဲလ်တွေရဲ့နံရံတွေဟာရော့ရဲလာပြီး ဒဏ်ရာစရလာပါတော့တယ်၊ဒီီလိုနဲ့ဒဏ်ရာရတဲ့ဆဲလ်တွေများလာတဲ့အခါ ရောင်ရမ်းမှုတွေစဖြစ်လာပါတော့တယ်၊နဲနဲရောင်ရာကနေ များများရောင်လာပြီး ရောဂါလက္ခဏာစပြလာပါတော့တယ်၊ဒီလိုနဲ့ရောဂါစဖြစ်လာတော့တာပေါ့။
ရောဂါအစ ဖရီးရယ်ဒီကယ်( freeradicals )ကလို့ပြောရမှာပါပဲ။
အဲဒီ ဖရီးရယ်ဒီကယ်(Freeradicals)တွေဖြစ်ပေါ်မလာအောင်တော့လုပ်လို့မရပါဘူး၊ဖရီးရယ်ဒီကယ်တွေလျော့နဲလာအောင်တော့လုပ်လို့ရပါတယ်၊ဖရီးရယ်ဒီကယ်တွေလျော့နဲလာအောင်ပုံစံ (၂) မျိုးနဲ့လုပ်ပေးလို့ရပါတယ်၊
(1)စားပေးရတာပါ၊
#ဖရီးရယ်ဒီကယ်တွေကိုအားပျော့ပျက်ပြယ်စေမဲ့ Antioxidants တွေများများပါတဲ့အစားအစာတွေကိိုများများစားပေးရမှာပဲဖြစ်ပါတယ်၊
#နောက်တခုကတော့ရောဂါအတွက်ဆေးဝါးတွေမှီဝဲတဲ့အခါ ဓါတုဆေးဝါးတွေချည်းမစားသုံးဘဲ Antioxidants တွေပါဝင်တဲ့ တိုင်းရင်းဆေးတွေကိုပါတွဲဖက်မှီဝဲစားသုံးပေးသင့်ပါတယ်။
(2)ရှောင်ကျဥ်ရမှာပါ၊ရှောင်ကျဥ်ရမဲ့အချက်တွေကတော့
#ဓါတုဆိုးဆေးပါတဲ့ အစားအစာနှင့်ဖျော်ရည်တွေကိုရှောင်ကျဥ်ခြင်း၊
#ဆေးရွက်ကြီးပါတာတွေကိုရှောင်ကျဥ်ခြင်း၊
#လေထုညစ်ညမ်းတဲ့နေရာတွေကိုရှောင်ကျဥ်ခြင်း၊
#မလိုအပ်ပဲ ခဏခဏ ဓါတ်မှန်ရိုက်ခြင်းနှင့်CT ရိုက်ခြင်းတို့မှရှောင်ကျဥ်ခြင်း၊
#နေရောင်ခြည်အောက်မှာ ထီး အမိုးမပါပဲ အချိန်ကြာမြင့်စွာနေခြင်းမှရှောင်ကျဥ်ခြင်း၊
#သကြားများများစားသုံးခြင်းမှရှောင်ကျဥ်ခြင်း၊နှင့်
#အစားကျူးခြင်းမှရှောင်ကျဥ်ခြင်းတိုပဲဖြစ်ပါတယ်။
Oxidative stress သိတ်ကြာလာရင်ရောဂါဖြစ်ပါတယ်၊ရောဂါကြီးကြီးမားမားမဖြစ်ခင် ရှေ့ပြေလက္ခဏာတွေကတော့
#အနားယူလိုက်၊အိပ်လိုက်သော်လည်း အားအင်ကုန်ခမ်းခြင်းမှာ သက်သာမလာခြင်း၊
#သတိမေ့တတ်လာခြင်း၊မှတ်ဥာဏ်လျော့လာခြင်း၊
#ကြွက်သားတွေ အဆစ်တွေနာကျင်လာခြင်း၊
#ခေါင်းကိုက်ခြင်း၊
#နှာစေး၊ချောင်းဆိုးမကြာခဏဖြစ်ခြင်း၊ရောဂါပိုးဝင်လွယ်ခြင်း၊
#ဆူညံသံကို အခါတိုင်းထက်သီးမခံနိုင်တော့ခြင်း၊
#ဆံပင်အရောင်မှိန်လာခြင်း၊
#အသားအရေလျော့ရဲလာခြင်း၊အရေပြားတွန့်လာခြင်း။
ဒီလိုလက္ခဏာတွေပြလာပြီဆိုရင်တော့ ဖရီးရယ်ဒီကယ်တွေရှိသင့်တာထက်ပိုများနေပြီပဲဖြစ်ပါတယ်။
ဖော်ပြပါရောဂါရဲ့ရှေ့ပြေးလက္ခဏာတွေပေါ်နေချိန်မှာသတိထားပြုပြင်နေထိုင်စားသောက်ရပါတော့မည်၊မပြုမပြင်နေထိုင်စားသောက်မယ်ဆိုရင်တော့
#နှလုံးသွေးကြောကျဥ်းရောဂါ
#သွေးတိုးရောဂါ
#ရောင်ရမ်းမှုရောဂါအမျိုးမျိုး
#နာတာရှည်အားအင်ကုန်ခမ်းခြင်း
#ဆီးချိုရောဂါ
#အာရုံကြောရောဂါများ နှင့်
#ကင်ဆာရောဂါအမျိုးမျိုးတို့က စောင့်ကြိုနေမှာဖြစ်ပါတယ်။
ယခုပဲ အသိကို အလုပ်အဖြစ်ပြောင်းလဲလိုက်ကြပါစို့။
စာဖတ်သူတို့တစုံတရာအကြိုးကျေးဇူးရပါစေတော့ ရည်ရွယ်၍
Dr.NAY MIN TUN
ပွင့်ကောင်းရဲယို