ကံတက် ဆေးစတိုး - Kan Tat Pharmacy

ကံတက် ဆေးစတိုး - Kan Tat Pharmacy ဆေးမျိုးစုံ ရနိုင်ပါတယ်။

Permanently closed.
09/04/2024

နှလုံးကိုဖိပြီးမအိပ်ကြနဲ့ သင်အိပ်ပုံကနှလုံးကိုဖိမိနေလားဆိုတာဖတ်ကြည့်ပါ
****************
ကမ္ဘာ​ပေါ်မှာလူ​တွေဆုံး​နေရတဲ့အ​ကြောင်းရင်းကို​လေ့လာကြရာမှာနှလုံး​​ရောဂါကြောင့်​ဆုံးရခြင်းဟာအများဆုံးပဲလို့ပညာရှင်များ​တွေ့ရှိထားပါတယ်။
နှလုံး​ရောဂါက​တော့အမျိုးမျိုးရှိပါတယ်။
အဲဒီလိုနှလုံး​ရောဂါအမျိုးမျိုးဖြစ်လာရခြင်းရဲ့ cause တခုအ​ကြောင်းကိုအခု​ပြောပြ​ပေးသွားပါမယ်။
ဗုဒ္ဓမြတ်စွာဘုရားသက်​တော်ထင်ရှားရှိစဥ်တုန်းက​လောကီလူသား​တွေဘယ်လို​နေထိုင်ရမယ်ဆိုတဲ့နည်း​တွေကို​ပေးခဲ့ပါတယ်။
အဲဒီထဲမှာအိပ်စက်ခြင်းနဲ့ပတ်သက်လို့လက်ယာဘက်ကို​စောင်းအိပ်ဖို့လမ်းညွှန်ခဲ့ပါတယ်။
လက်ဝဲဘက်ကို​စောင်းမအိပ်ခိုင်းတာကလက်ဝဲရင်အုံမှာအချိန်တိုင်းခုန်​နေတဲ့နှလုံးရှိ​နေလို့ပါပဲ။
လက်ဝဲဘက်ကို​စောင်းအိပ်တဲ့အခါမှာလွတ်လပ်စွာခုန်​နေတဲ့နှလုံးကိုတက်ဖိထားသလိုဖြစ်​နေပါတယ်။
ကိုယ်အ​လေးချိန်များတဲ့သူ​တွေဆိုပိုဆိုးတာ​ပေါ့။
အသက်​တောင်မနဲညှစ်ရှူ​နေကြရတယ်မဟုတ်လား။
အဲလိုတက်ဖိထား​တော့နှလုံးကအရမ်းကိုရုန်းကန်ပြီးခုန်​နေရပါတယ်။
နှလုံးဟာတကိုယ်လုံးကို​သွေ:ပို့လွှတ်ဖို့ညှစ်အား​ကောင်း​ကောင်းနဲ့ pump လုပ်​ပေး​နေရတာဖြစ်တယ်။
သူ့ကိုတက်ဖိထား​တော့ညှစ်အားမ​ကောင်း​တော့ဘူး။
တကိုယ်လုံးကို​သွေး:မရောက်နိုင်​တော့ဘူး။
တညလုံးများတက်ဖိထားရင်စဥ်းစားသာကြည့်ပါ​တော့။
နှလုံးမှာအခန်း၄ခန်းရှိတယ်။
တခန်းက​နေ​နောက်တခန်းကို​သွေ:ဝင်ဖို့အတွက်အဆို့ရှင်လို့ခေါ်တဲ့တံခါး​ပေါက်​တွေရှိတယ်။
နှလုံးကိုတက်ဖိထား​တော့အဲဒီအဆို့ရှင်တံခါး​ပေါက်​တွေလည်းအလုပ်​ကောင်း​ကောင်းမလုပ်နိုင်​တော့ဘူး။
နှလုံးကို​သွေ:ဝင်လာတဲ့​သွေပြန်​ကြော​တွေရှိတယ်၊နှလုံးက​နေပြန်ထွက်တဲ့​သွေလွှတ်​ကြော​တွေရှိတယ်။
နှလုံးကိုတက်ဖိထားရင်အဲဒီ​သွေးကြော​တွေလည်းပိတ်တတ်ပါတယ်။​
သွေလည်းတိုးတတ်တယ်။
ခန္ဓါကိုယ်မှာနှလုံးကအခရာသိပ်ကျတာဗျ။
ကိုယ်တွင်းလုပ်ငန်းအရာရာတိုင်းကိုနှလုံးက​နေအားယူပြီးလုပ်​နေ
ရတာဖြစ်တယ်။
နှလုံးအားမရှိရင်ကျန်တဲ့အပိုင်း​တွေလည်းအလုပ်​ကောင်း​ကောင်းမလုပ်နိုင်ဘူး။
အစာမ​ကြေတာ​တွေ၊ဝမ်းချုပ်တာ​တွေ၊ရင်ကျပ်တာ​တွေ၊နွမ်းနယ်တာ​တွေမူး​ဝေတာ​တွေစသည်ဖြင့်ဖြစ်ကြတာ​တွေကနှလုံးမ​ကောင်းတာ​ကြောင့်ဖြစ်ရတာများတယ်။
ဆိုလိုချင်တာက​တော့နှလုံးဟာ
Mainပဲ။နှလုံး​ကောင်းဖို့ကအခရာအကျဆုံးဖြစ်တယ်။
ဘယ်ဘက်ကို​စောင်းအိပ်တတ်တဲ့သူ​တွေဟာနှလုံးအဖိခံထားတဲ့အတွက်
နှလုံးရဲ့လုပ်​ဆောင်ချက်​တွေကျဆင်းတတ်တယ်။ကြာရင်ဒဏ်ဖြစ်ပြီးနှလုံးအားမ​ကောင်း​တော့ဘူး။အဆို့ရှင်​တွေပျက်စီးလွယ်တယ်။
အိပ်​နေရင်းနဲ့နှလုံးရပ်ပြီး​အသက်တောင်
ဆုံးရှုံးရတတ်တယ်။ဒါ​ကြောင့်လက်ဝဲဘက်ကို​စောင်းအိပ်တတ်တဲ့အကျင့်ရှိရင်ပြင်ဖို့လိုပါတယ်။
လက်ဝဲဘက်ကိုလုံးလုံး​စောင်းမအိပ်ပါနဲ့လို့​ပြောတာ​တော့မဟုတ်ဘူး။
အ​ညောင်း​ပြေခဏ​တော့​စောင်းအိပ်ချင်ကြမှာပဲ။ခဏ​စောင်းအိပ်ရပ်ဖက်လုံးလို​ခေါင်းအုံး​လေးနဲ့ရင်ဘတ်ကိုအသာ​လေးခုထား​ပေးသင့်ပါတယ်။
ဘယ်ဘက်​စောင်းပြီးအိပ်မ​ပျော်သွားပါ​စေနဲ့။အ​ညောင်း​ပြေရင် positionပြန်​ပြောင်းပါ။
အ​ကောင်းဆုံးအိပ်နည်းက​တော့ကမ္ဘာ့သံလိုက်စက်ကွင်းလားရာမှန်ဖို့ဦး​ခေါင်းကို​တောင်ဘက်ထားပြီးပက်လက်လှန်အိပ်ခြင်းဖြစ်တယ်။
အခါအား​လျော်စွာလက်ယာဘက်ကို​စောင်းအိပ်နိုင်တယ်။အဲဒီလိုအိပ်​ရေးဝ​အောင်အိပ်ဖို့ဖြစ်ပါတယ်။
+++++++++++++++++++++++++++++++
အိပ်တဲ့အခါမှာလည်းသူ​တော်​ကောင်းအိပ်တဲ့နည်းမျိုးနဲ့အိပ်သင့်တယ်။
အလို​လောဘ​တွေစဥ်းစားပြီးအိပ်ရင်ပြိတ္တာအိပ်နည်း၊
မလို​ဒေါသ​တွေစဥ်းစားပြီးအိပ်ရင်ငရဲသားအိပ်နည်း၊​
ခေါင်းအုံးနဲ့​ခေါင်းထိတာနဲ့အိပ်​ပျော်သွားရင်တိရစ္ဆာန်အိပ်နည်းလို့​ခေါ်တယ်။
အဲဒီအိပ်နည်း​တွေကအိပ်​ပျော်ဖို့ခက်ခဲတတ်တယ်။ပက်လက်​လေးလှန်မျက်လုံး​လေးမှိတ်ပြီးကိုယ်အားသန်ရာတရားအမှတ်​လေးနဲ့အိပ်မှသာလျှင်​ယောဂီအိပ်နည်းသူ​တော်​ကောင်းအိပ်နည်းဖြစ်မှာဖြစ်ပါတယ်။
မိတ်​ဆွေများ.....နှလုံးဟာသိပ်အ​ရေးကြီးပါတယ်။
ခန္ဓါကိုယ်အတွက်လည်းတန်ဖိုးကြီးလှပါတယ်။
နှလုံးမ​ကောင်းရင်အသက်မရှည်နိုင်ပါဘူး။
ဒါ​ကြောင့်နှလုံး​ရောဂါဖြစ်​စေနိုင်တဲ့အခြား​သောအ​ကြောင်းအရာ​တွေကိုလည်းဂရုစိုက်ကြရင်းနဲ့လူသိနည်းလှတဲ့အခု​ပြောပြတဲ့အ​ကြောင်းအရာ​လေးကိုလည်းသတိထားမိကြဖို့မျှ​ဝေ​ပေးလိုက်ပါတယ်။
မိမိပြုသောကံမိမိထံပြန်လာမည်။
မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများကိုသိရှိလိုလျှင်တော့ကောမန့်မှာ YESလို့မန့်ပေးပါနော်.တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

+++++++++++
လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်

09/04/2024

Heat Stroke ကိုသတိထား
အခုလိုပူပြင်းတဲ့ရာသီကိုရောက်တဲ့အခါမှာ ပြင်းထန်တဲ့နေပူဒဏ်ဟာ အရေပြားကနေတဆင့် ခန္ဓာကိုယ် သွေး
ကြောထဲကိုရောက်ရှိသွားပြီး အပူအအေးဆန့်ကျင်ဘက်ဖြစ်စဉ် ပြင်းပြင်းထန်ထန်ဖြစ်ပေါ်လာတတ်ပါတယ်တဲ့ 🥰
နေပူထဲက နေ အအေးထဲကိုရုတ်ချည်း၀င်ရောက်ခြင်း
ရေအေးသောက်ခြင်း/ရေချိုးခြင်း/အအေးခန်းတွင်းကနေ ရုတ်တရက်ပူပြင်းတဲ့နေရောင်ထဲကိုထွက်ခြင်းတွေကြောင့် လူ့ခန္ဓာကိုယ်မှာအပူအအေးရုတ်တရက်ပြင်းထန်စွာပြောင်းလဲမှုဖြစ်စဉ်ဖြစ်ပေါ်ပြီး Heat Stroke မြန်မာလို ( အပူရှပ်ခြင်း ) ဖြစ်ပေါ်ပါတယ်တဲ့ 😊😊😊
Heat Stroke ဖြစ်ပြီဆိုရင် အပူအအေး ရုတ်ချည်းပြောင်းလဲတဲ့အတွက် ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးကြောတွေဟာပူလို့ ကျယ်တဲ့ဒဏ်/အေးလို့ကျုံ့တဲ့ဒဏ်တွေကြောင့် သွေးစိးကြောင်းအကျဉ်းအကျယ်ဖြစ်တဲ့ဒဏ်ကို
မခံနိုင်တော့ပဲသွေးကြောကြီးတွေဆိုအက်ကွဲလာပြီးသွေးကြောငယ်လေးတွေဆိုပြတ်ထွက်တာတွေဖြစ်နိုင်ပါတယ်တဲ့ 😊😊😊
အသက်ကြီးတဲ့သူတွေရဲ့ သွေးကြောတွေဟာဟောင်းနွမ်းပြီး မာဆတ်နေပြီဖြစ်တဲ့အတွက် ပလတ်စတစ်ပိုက်တွေဟောင်းနွမ်းလာတဲ့အခါ မာကျွတ်လာသလို ကွဲလွယ်ပေါက်လွယ်ဖြစ်လာတာကြောင့် အသက်ကြီးတဲ့လူတွေမှာပိုဖြစ်လွယ်ပါတယ်တဲ့ 😊😊😊
အထူးသဖြင့်အသက် ၅၀ ကျော်လူကြီးတွေ သွေးတိုး
ရောဂါသမားတွေ အထူးသတိထားသင့်ပါတယ်တဲ့ 😊😊😊
လူကြီးပဲဖြစ်ဖြစ် လူငယ်ပဲဖြစ်ဖြစ် HeatStroke ဖြစ်ပြီဆို သတိလစ်တာ/အဖျားကြီးပြီးတက်တာ ဖျားပြီးဦးနှောက်အမြေးရောင်တာ အူတွင်းသွေးကြောတွေ ဦးနှောက်သွေးကြောတွေပေါက်ထွက်တာတွေဖြစ်ပြီးအသက်ဆုံးရှုံးနိုင်ပါတယ်တဲ့
Heat Stroke မဖြစ်အောင် ဒါတွေကို ရှောင်ရပါမယ်တဲ့ .
(၁) နေပြင်းချိန်အပြင်မထွက်ပါနှင့် မလွဲသာလို့ထွက်ရမယ်ဆိုရင်လည်း အဆောင်း၊ အကာ၊ ထီး၊ ဦးထုပ်ပါရမည်
(၂) စောင့်ဆိုင်းရသောအလုပ်ဖြစ်လျင် သစ်ပင်အရိပ်၊အမိုးအကာအောက်မှ စောင့်ပါ
(၃)ရေသောက်လျင်ရိုးရိုးရေသောက်ပါ ရေခဲရေမသောက်ပါနှင့် 😋😋😋
(၄)အဲကွန်းကားစီးပြီး နေပူရှိန်ပြင်းသော နေရာတွင်ဆင်းရမည်ဆိုလျင် မဆင်းမီက ကြိုတင်ရေသောက်ထားပါ အစာအိမ်အတွင်းရေရှိလျင် သွေးကြောများက ရေကိုစုပ်ယူထားသဖြင့်သာမန်အပူဒဏ်ကိုခံနိုင်ရည်ရှိသည် 😊😊
(၅)နေပူထဲမှလာပြီးခန္ဓာကိုယ်မအေးမီချက်ခြင်း ရေမချိုးပါနှင့် မျက်နှာမသစ်ပါနှင့် ခြေထောက်မဆေးပါနှင့် 😊
(၆)ပူစပ်တဲ့အစာစားရင်ကိုယ်အပူရှိန်တက်တတ်ပြီး
ပူပြင်းတဲ့နေ့လည်နှင့်ညနေစောင်းတွေမှာ အရက်သေစာမသောက်စားသင့်ပါ 😊😊😊
(၇)ရေနွေးကြမ်းမှာဆားလှော်အနည်းငယ်ခပ်သောက်တာဟာ ရှေးလူကြီးများ၏အပူဒဏ်ကာကွယ်နည်းတစ်မျိုးဖြစ်တဲ့အတွက် ကျင့်သုံးသင့်ပါတယ်တဲ့ 😊😊😊
ယခုနှစ်မှာ အယ်နီညိုရာသီဥတုကြောင့်မြန်မာနိုင်ငံဟာ
အပြင်းထန်ဆုံးအပူချိန်ကိုခံစားရမှာဖြစ်တဲ့အကြောင်း
မိုးလေ၀သပညာရှင်တွေကခန့်မှန်းထားကြသလိုပဲ ပူပြင်းလွန်းတာကြောင့် မီလောင်မှုတွေကို ဆက်တိုက်ကြုံတွေ့နေကြရပါပြီ 🤔🤔🤔
အပူဒဏ်ဟာ မီးလောင်မှုအပြင် HeatStroke ကိုပါဖြစ်စေနိုင်ပြီး အသက်အန္ဒရာယ်ကိုပါ ထိခိုက်နိုင်တာကြောင့် လုပ်ရိုးလုပ်စဉ်အလုပ်တွေကို ပုံမှန်ရာသီဥတုမှာလို
ပေါ့ပေါ့ဆဆ သွားလာနေထိုင်လုပ်ကိုင်နေရုံနဲ့ မလုံ
လောက်ပါကြောင်းနှင့် Heat Stroke မဖြစ်အောင် သတိထားပြီးနေထိုင် သွားလာသင့်ပါကြောင်း နိုးဆော်တင်ပြလိုက်ပါတယ Credit မူရင်းရေးသားသူ

31/07/2023

ခြင်အန္တရယ်

ဆေးမသောက်ဘဲ သွေးတိုးကုသနည်း
13/07/2023

ဆေးမသောက်ဘဲ သွေးတိုးကုသနည်း

ဆေးမသောက်ဘဲ သွေးတိုးကုနည်း
သွေးတိုးစဖြစ်ကာစ နှင့်
သွေးတိုးရောဂါ အဆင့် (၁) တို့ကို
ဆေးသောက်စရာမလိုဘဲ
အောက်ပါ နည်းလမ်းများဖြင့်
ကုသနိုင်ပါတယ်
သွေးတိုးရပ်စေတဲ့အထူးအစားအစာကို
(DASH diet) ဒတ်ရှ် လို့ ခေါ်ပါတယ်.
ဒီအစားအစာကို စားသုံးမယ် ဆိုရင်တော့
အပေါ်သွေးပေါင်ချိန် 11 mmHg (မီလီမီတာမာကျူရီ) ခန့် ကျနိုင်ပါတယ်.
အိမ်သုံးဆားကို
တစ်ရက်မှာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း (သို့)
၅ ဂရမ်ထက် ပို မ စားရင်တော့
အပေါ်သွေးပေါင်ချိန် 6 mmHg ခန့် ကျနိုင်ပါတယ်.
ကိုယ်လက် လှုပ်ရှားခြင်းကို
တစ်ရက် မိနစ် ၂၀ ခန့်
ပြုလုပ်မယ် ဆိုရင်တော့
အပေါ်သွေး 5 mmHg ခန့် ကျနိုင်ပါတယ်.
အဝလွန်သူများမှာ
ကိုယ်အလေးချိန် ၁၀ ပေါင်ခန့်ကျသွားမယ်ဆိုရင်တော့
အပေါ်သွေးလည်း 5 mmHg
ကျသွားမှာ ဖြစ်ပါတယ် ခင်ဗျာ.
ဒီ နည်းလမ်းများကို ဆေးပညာမှာတော့
Lifestyle modification လို့ ခေါ်ပါတယ်.

အထက်ပါနည်းလမ်းများကို
၃ လ - ၆ လ အထိ စမ်းသပ်နိုင်ပါတယ်.

အကယ်၍ သွေးပေါင်ချိန် မကျသေးပါက
ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ် ခင်ဗျာ.
လေးစားစွာဖြင့်
လ/ထ ပါမောက္ခ Dr.ကျော်ဇောဟိန်း
Reference: JNC-8 . American Heart Association

12/07/2023

#ဆိုးလိုက်တဲ့ချောင်း ကောင်းလိုက်တဲ့ဆေး
====================
အင်္ဂလိပ်ဆေး ဗမာဆေးစုံပြီး ချောင်းဆိုးမရပ်ပဲကြာရှည်ခံစားနေရသူ ဘကြီးပေးသောဆေးနည်း
စိုင်းမင်းသန့် ရေ့ အဘကဖျားပြီး အဖျားပျောက်တော့ ချောင်းကဆိုးတာ ဘာဆေးသောက်သောက်မသက်သာဘူးကွ ဆေးခန်းတွေလည်းစုံပြီ ဆိုးလိုက်တဲ့ချောင်းကွာ ညညမအိပ်ရဘူး ကြာတော့လူက အားအင်ကုန်ခမ်းလာတယ်
ကံကောင်းချင်တော့ ရွာကအသိမိတ်ဆွေများက တိုင်းရင်းဆေး ဆရာကြီး တစ်ယောက်နဲ့ ပြကြည့်ပါတဲ့ အဘလည်း ချောင်းဆိုးပျောက်ဖို့အတွက် မရှိမဲ့ရှိမယ့် ငွေ တစ်သိန်းကျော်ကုန်ပြီးပြီ အခုဆရာနဲ့မှ မသက်သာရင် မလွယ်ဘူးပေါ့ကွာ...
နောက်တော့ မနေနိုင်တဲ့အဆုံး ရွာက မိတ်ဆွေတွေ ပြောတဲ့ တိုင်းရင်းဆေးဆရာကြီးဆီသွားပြတယ်
ဆရာကြီးက တိုင်းရင်းဆေးအညွှန်းအတိုင်းသာလုပ်ကြည့်ဆိုပြီး ဆေးနည်းပေးလိုက်တယ် ဆေးဖိုးလည်းမပေးရပါဘူး မေတ္တာနဲ့ပေးလိုက်တာပါ
မယုံနိုင်လောက်အောင်ပါပဲ ပထမရက် ညနေ ဆေးတစ်ခွက်လုပ်သောက်တယ် သိသိသာသာချောင်းဆိုးသက်သာတယ် ညအိပ်ရတယ် နောက်နေ့မနက် လူကလန်းနေတယ်ကွာ...
ဒုတိယရက်ကို နောက်ထပ်ဆေး ညမနက်နှစ်ကြိမ်သောက်လိုက်တယ် ဟုတ်တယ်ဟေ့ ချောင်းဆိုးတာ တနေကုန်လို့ သုံးခါလောက်ပဲ ဆိုးတယ်
တတိယနေ့ ဆက်သောက်လိုက်တာ ချောင်းဆိုးကတော့ နင်နေငါသွားကိုဖြစ်ပြီး ပြန်ကောင်းသွားတယ် ဆေးတဖုံစာတောင်မကုန်လိုက်ပါဘူး
အိမ်ကလူတွေ ချောင်းဆိုးရင် ပထမဖော်ထားတဲ့ဆေးတိုက်တာ ချောင်းမဆိုးတော့ဘူး ရွာကဆွေမျိုးတွေနဲ့အသိမိတ်ဆွေတွေလည်း ပျောက်ကင်းကြတယ်
ငါ့တူစိုင်းမင်းသန့်က တိုင်းရင်းဆေးနည်းတွေ မျှဝေကုသိုလ်ယူနေတော့ အဘကပြန်ပြီး မျှဝေပြောပြရတာပါပဲကွယ်
#ဆေးနည်း
ရဲယိုရွက်ငါးရွက်ထပ် အိမ်သုံး ဆားကို ကြက်ဥ ( ၁ )လုံးစာထည့်ထုပ်ပြီးတော့ မီးဖုတ် ရဲယို အရွက်တွေကျွမ်းသွားရင် ဆားက လောက်စာလုံးတစ်လုံးသာသာ ကျန်လိမ့်မယ်
အဲ့ဒီ ဆားကို တစ်ခါသောက် ဆားဖုတ်မန်ကျဥ်းစေ့တစေ့ခန့်ကို သံပုရာသီးတခြမ်းညှစ်​​ပြီးသောက်ပေး။
ဆေးမတိုးသော ချောင်းဆိုချောင်းခြောက်သိသာစွာသက်သာပျောက်ကင်းပါသည်။
ကျွန်တော်လည်း ဖျားပြီး ချောင်းဆိုးကျန်ခဲ့သည် ထိုနည်းအတိုင်း ပြုလုပ်ပြီး သောက်ခဲ့တာ ချောင်းဆိုးပျောက်ကင်းခဲ့ပါသည်။
🙏🙏🙏
ကျေးဇူးအများကြီးတင်ပါတယ် အဘ
အားလုံးကျန်းမာ ချမ်းသာကြပါစေ...
Credit

12/07/2023

ပြင်းထန်တုပ်ကွေးရောဂါ
အခုရက်ပိုင်း ဆေးခန်းမှာတုပ်ကွေးဖြစ်လို့လူနာတော်တော်များများလာပြကြပါတယ်။ ကလေးတွေသာမက လူကြီးတွေလည်း တော်တော်ဖြစ်နေတာကိုတွေ့ရပါတယ်။ ယခုနှစ်တုပ်ကွေးဟာပိုပြင်းထန်ပြီး ကူးစက်မှုပိုမြန်တယ်လို့ပြောကြတာကြောင့် တုပ်ကွေးရောဂါအန္တရာယ်နဲ့ ကာကွယ်နိုင်မယ့်နည်းလမ်းများကိုမျှဝေပါရစေ။
တုပ်ကွေးလက္ခဏာများဟာ များသောအားဖြင့် အအေးမိခြင်းကဲ့သို့သောနှာရည်ယို၊နှာပိတ်ခြင်းနှင့် လည်ချောင်းနာခြင်းတို့မှ စတင်ဖြစ်ပါတယ်။ ရိုးရိုးသာမန်အအေးမိဖျားနာမှုတွေနဲ့ကွဲပြားစေတဲ့အချက်များကတော့ -
- လျင်မြန်စွာကူးစက်သွားပြီးခေါင်းကိုက်ခြင်း
- အဖျားတက်ခြင်း (ယခုနှစ်မှာအဖျား၁၀၃လောက်ထိဖျားတာကိုတွေ့နေရခြင်း)
- ကိုက်ခဲချမ်းတုန်ခြင်း
- ကြွက်သားများနှင့်အဆစ်အမြစ်များနာကျင်ခြင်း
- ချောင်းဆိုးခြင်း
- အသက်ရှုကြပ်ခြင်း
- ပင်ပန်းနွမ်းနယ်ခြင်းနှင့်အားနည်းခြင်း
စတာတွေက ပိုပြီးပြင်းထန်တာကိုတွေ့ရပါတယ်။
အချို့ကလေးတွေမှာဆိုရင် အော့အန်ခြင်းနှင့်ဝမ်းလျှောခြင်းတို့ကိုပါတွေ့ရပါတယ်။ လူကြီးတွေမှာဆိုလည်း အစာအိမ်ရောဂါနဲ့အူလမ်းကြောင်းဆိုင်ရာရောဂါအခံများမရှိဘဲ အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းတို့ကိုခံစားရတာကိုတွေ့ရပါတယ်။
အထက်ပါတုပ်ကွေးလက္ခဏာများဟာ ရက်အနည်းငယ်မှ ရက်သတ္တပတ်နှစ်ပတ်အထိ ကြာမြင့်တတ်ပါတယ်။ ဖျားနာခြင်းနဲ့ ကြွက်သားများနာကျင်ကိုက်ခဲခြင်းများဟာ တစ်ပတ်အတွင်း သက်သာသွားနိုင်သော်လည်း ချောင်းဆိုးခြင်းနှင့် ပင်ပန်းနွမ်းနယ်မှုတို့ဟာ တစ်ပတ်ထက်ပို၍ ကြာမြင့်နိုင်ပါတယ်။
အကယ်၍သင့်ရောဂါလက္ခဏာများပြင်းထန်ပါက ဆရာဝန် သို့မဟုတ် ဆေးရုံသို့ အမြန်သွားရောက်ပြီးကုသမှုကိုခံယူပါ။
ငယ်ရွယ်သူများ၊ သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါအခံရှိသူများမှာ တုပ်ကွေးရောဂါဟာ ခုခံအားစနစ်ကို ပိုပြီးတိုက်ခိုက်တာကြောင့် အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ထို့အပြင်တုပ်ကွေးဟာလည်း ပန်းနာရင်ကျပ်နှင့် နာတာရှည် နှလုံးရောဂါကဲ့သို့သော ဆေးဘက်ဆိုင်ရာရောဂါအခံများကို ပို၍ဆိုးစေနိုင်ပါတယ်။ ပြင်းထန်တုပ်ကွေးဝေဒနာရှင်များ ဆေးရုံတင်ထားရချိန်မှာ တုပ်ကွေးဟာဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာမို့လို့ တုံ့ပြန်မှုကို လျှော့ချရန် ထိရောက်သော ဆေးဝါးများ မရှိပါဘူး။ ဒါကြောင့် မဖြစ်ခင်ကြိုတင်ကာကွယ်နိုင်အောင် တုပ်ကွေးကာကွယ်ဆေးထိုးခြင်းဖြင့် ပြင်းထန်သော (သို့မဟုတ်) အသက်အန္တရာယ်ရှိသော တုပ်ကွေးရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးခြင်းဟာ တုပ်ကွေးဖြစ်ပွါးမှုအန္တရာယ်ကို ၄၀ရာခိုင်နှုန်းခန့်လျှော့ချပေးနိုင်တယ်လို့ သုတေသနတွေကဖော်ပြထားပါတယ်။
ပုံမှန်အားဖြင့် တုပ်ကွေးဟာမျိုးကွဲတစ်မျိုးထက်ပို၍ ပျံ့နှံ့နေတတ်တာကြောင့် ကာကွယ်ဆေးမထိုးထားတဲ့သူဆိုလျှင် တုပ်ကွေးတစ်ခေါက်ဖြစ်ပြီးပါကလည်း နောက်ထပ် မတူသောမျိုးကွဲများမှတဆင့်ထပ်မံဖြစ်ပွါးနိုင်တာကြောင့် ကာကွယ်ဆေးထိုးတာဟာ စိတ်အချရဆုံးလို့ ဆိုလိုနိုင်ပါတယ်။ ကာကွယ်ဆေးထိုးထားခြင်းဖြင့် တုပ်ကွေးအမျိုးအစားလေးမျိုးကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ Credit

05/05/2023
21/04/2023

ရေမသောက်ဘဲ ရေအစားထိုးပြီး သောက်ပါ....

မြေအိုး သေးသေးလေးထဲကျို ရေ မပြည့်တပြည့်ထည့်ပြီး_

- မကျည်းသီး လက်တဆုပ်ခန့်
- ထန်းလျက် အလုံးသေးသေးလေးတွေ ၁၅လုံးခန့်
- ဆား ဇွန်းသေးသေး တစ်ဇွန်းခန့်

အဲဒီ ၃မျိုးကို ဒီအတိုင်းထည့်ထားလိုက်တယ်
မမွှေနဲ့ မွှေစရာမလိုဘူး မွှေရင် အဖတ်မှုန်တွေထလာလိမ့်မယ်

တစ်ချက်မှမမွှေဘဲ သူ့ဘာသာ ကြည်တက်လာတဲ့ အရည်ကြည်ကို ရေမသောက်ဘဲ ရေအစားထိုးပြီး သောက်ပါ

သောက်ရင် ဘာအကျိုးဖြစ်မလဲဆို အရင် စဉ်းစားကြည့်ရအောင်__

မကျည်းသီးကို ကြေးဘုရား ကြေးခွက်တွေ အညှိတွေတက်နေတာတွေကို ပွတ်တိုက်ဆေးကြောပေးရင် ပြောင်လက်
သွားတယ်

အသားကိုင်ထားတဲ့လက်တွေကို မကျည်းသီးနဲ့
ဆေးပေးရင် အနံ့ပျောက်တယ်

တစ်ချို့က ဆိတ်သားကို အညှီနံ့ ပျောက်အောင်
မကျည်းသီးနဲ့ နှယ်ပြီးဆေးတယ်

မကျည်းဖျော်ရည်ကို ရေအစားထိုး သောက်မယ်ဆို
အမျိုးသားတွေအတွက်ရော အမျိုးသမီးတွေ အတွက်ရော ကလေး လူကြီးပါမကျန် သောက်တဲ့ အကျိုးကြောင့်.......

- ဝမ်းတွင်းအေးနေမယ်
- ကိုယ်တွင်းအဆိပ်အတောက်များကို
- ဝမ်းအဖြစ်ဖယ်ရှားပေးလို့
-အပူအစပ်ကင်းစင်ပြီး မျက်နာမှာ ထွက်နေတဲ့ ဝက်ခြံတွေကို
ပါးသထက် ပါးစေမယ် အမြဲတမ်းသောက်နေလို့ ဝက်ခြံတွေ အမြစ်ပြတ်ပျောက်သွားမယ်
- ရင်အေးတယ်၊ဝမ်းမှန်တယ်၊ဆီးမှန်တယ်
ခံတွင်းရှင်းပြီး အနံ့ပျောက်တယ်၊မျက်လုံးကြည်တယ်

ပိုက်ဆံမကုန်လို့ အထင်မသေးဘဲ စမ်းကြည့်ရအောင်
ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူးဆိုတဲ့
ရှေးစကားပုံလည်း ရှိတယ်နော်

အဖိုး အဖွားတွေ အခုလို သဘာဝအသီးတွေကို
ကိုယ့်ဘာသာဖျော်သောက်လို့ သက်ရှည်ကျန်းမာပြီး အနာကင်းစင်နေကြတာပါ...
Crd

21/04/2023

လူတစ်ယောက်အတွက်
လေ့ကျင့်ခန်းလုပ်တာနဲ့မလုပ်တာနဲ့ ဘယ်လိုကွာခြားသွားနိုင်လဲ။ ဖတ်ကြည့်ပါ အကျိုးမယုတ်ပါဘူး
+++++++
one day အနေနဲ့ကြည့်မယ်ဆိုရင် လေ့ကျင့်ခန်း/ အားကစားလုပ်တာ မလုပ်တာ ဘာမှကွာခြားမှုမရှိပါ။
one month အနေနဲ့ကြည့်မယ်ဆိုရင်လည်း ကွာခြားမှု မရှိသလောက်လို့ပြောလို့ရသေးတယ်။
one year အနေနဲ့ကြည့်မယ်ဆိုရင် ကွာခြားမှုကသိသာပေမဲ့ ၊ အရမ်းကြီးထူးခြားမှုမရှိသေးဘူး။
ကဲ.......
5 years ကြာလာပြီဆိုရင် ခန္ဓာကိုယ် ၊ စိတ်နေစိတ်ထား (ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ) ကွာခြားမှုတော်တော်ရှိလာပါပြီ ။
10 years တာအချိန်ကြာလာပြီဆိုရင် မတူညီတဲ့ ဘဝ ၂ မျိုး ဖြစ်သွားနိုင်တယ်။
- တချို့လူအပြင်ထွက်ရင် စက်ဘီးစီးထွက်လို့ရတယ်၊ တချို့ကျ wheel chair နဲ့ အပြင်ထွက်ရတယ်။
- တချို့လူက မနက် အိမ်ကအိမ်ယာပေါ်ကနိုးလာတယ်၊ တချို့ကျတော့ ဆေ.ရုံလူနာကုတင်ပေါ်ကနေနိုးလာရတယ်။
- တချို့လူ မနက်နိုးရင် အပြင်ထွက် လေကောင်းလေသန့်ရှူရင်းနဲ့ စက်ဘီးစီး၊ လမ်းလျှောက်ထွက်လို့ရတယ်။ တချို့ကျ နာကျင်တဲ့ဒဏ်နဲ့နိုးလာရပြီး ဆေ.ရုံရဲ့ပိုသ..တ်ဆေရည်အနံ့နဲ့သာတနေ့တာကိုဖြတ်သန်းရတယ်။
- တချို့အသက်ကြီးလာချိန် မိသားစုနဲ့ ကလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ထမင်းဝိုင်းဖွဲ့ စကားလေးပြောပြီး တနေ့တာပြီးသွားတယ်။ တချို့ကျ လူနာကုတင်ပေါ်ပဲအိပ်နေရပြီး ဆရာဝန်၊ သူနာပြုတွေနဲ့ စကားပြော ကျန်ရှိနေသေးတဲ့ဘဝကိုဆက်လျှောက်သွားရတယ်။
လွပ်လပ်စွာ shar နိုင်ပါတယ်နော်.
ဂရုစိုက်ကြပါမိတ်ဆွေများခင်ဗျာ..တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

++++++++++++
ကျွန်တော်တို့တင်ပြပေးထားသည်ဖတ်၍မိဘပြည်သူများအနေဖြင့်
ဗဟုသုတအဖြစ်မှတ်သားစရာတစ်ခုခုကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။
အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်

21/04/2023

#မိုးကြိုးလျှပ်စီးဖြစ်‌‌ပေါ်လျှင် ❗❗
အိမ်ထဲတွင်နေကြပါ-
မိုးကြိုးပစ်ခြင်းများသည် ကျပန်းနှင့် မခန့်မှန်းနိုင်လောက်အောင် ဖြစ်ပွားနိုင်သည်။ မိုးကြိုးမုန်တိုင်းဖြစ်ချိန်၌
အလုံခြုံဆုံးနေရာသည် ပြတင်းပေါက်များနှင့် တံခါးများအားလုံးကို ပိတ်ထားသော အဆောက်အအုံ သို့မဟုတ်
ယာဉ်အတွင်းတွင်ဖြစ်သည်။
2. မြင့်မားသောကုန်းမြေကို ရှောင်ကြဉ်ပါ-
မိုးကြိုးမုန်တိုင်းအတွင်း အပြင်ဘက် ပွင့်လင်းသောနေရာများ၊ တောင်ကုန်းများ သို့မဟုတ် မြင့်မားသောမြေပြင်များကို ရှောင်ကြဉ်ပါ။
နိမ့်သောနေရာတွင် ခိုလှုံရန်ကြိုးစားပါ။
3. သတ္တုပစ္စည်းများနှင့် ဝေးဝေးနေပါ-
သတ္တုပစ္စည်းများကို အသုံးမပြုပါနှင့် မိုးကြိုးမုန်တိုင်းအတွင်း ထိုပစ္စည်းများအနီးတွင် မရပ်ပါနှင့်။
သစ်ပင်များ၊ သတ္တုခြံစည်းရိုးများ၊ ဝိုင်ယာကြိုးများနှင့် လျှပ်စစ်စီးကြောင်းပေးသည့် အခြားအရာများ ပါဝင်သည်။
4. လျှပ်စစ်ပစ္စည်းများကို ပလပ်ဖြုတ်ပါ-
မိုးကြိုးများသည် လျှပ်စစ်ဝါယာကြိုးများမှတဆင့် သွားလာနိုင်သောကြောင့် မိုးကြိုးပစ်နေစဉ် လျှပ်စစ်ပစ္စည်းများကို ဖြုတ်ထားရန် လိုပါသည်။မိုးကြိုးပစ်ပါက အလိုအလျှောက် လျှပ်စစ်ဖြတ်တောက်သည့် ကရိယာ Surge Protectors တပ်ထားလျှင် ပိုကောင်းပါသည်။ Credit

ယခုကာလ နေ့အပူချိန်များ မြင့်တက်မှုကြောင့်လူအများ အပူရှပ်တယ် သွေးပေါင်ကျတယ် နေမကောင်း ခြင်းတို့ခံစားနေကြရပါတယ်။မြို့ရွာ အ...
19/04/2023

ယခုကာလ နေ့အပူချိန်များ မြင့်တက်မှုကြောင့်
လူအများ အပူရှပ်တယ် သွေးပေါင်ကျတယ် နေမကောင်း
ခြင်းတို့ခံစားနေကြရပါတယ်။
မြို့ရွာ အနှံ့ပူလာတယ်။
အဲ့တော့ အပူဒါဏ်မခံရအောင် ဘာလုပ်သင့်သလဲ?
စာတွေအရတော့ အရှည်ကြီးပဲ။ တကယ်လက်တွေ့ကျတော့ လုပ်ဖို့ မလွယ်ဘူး။ ဉာဏ်မီသလောက် လက်တွေ့ပိုင်းလေးပြောပြမယ်နော်။
1. အေးအောင်နေ။
ကိုယ့်အိမ် ဘယ်နေရာကလေတိုးလဲ လေတိုက်လဲ ဘယ်နေရာကအေးလဲ ကိုယ်သိတယ်။ အေးအောင်နေ။ အကျင်္ီကိုပွပွချောင်ချောင်တွေဝတ် ။ စပန့်အစုတ်ကလေးတွေဝတ်။ သူများအထင်ကြီးဖို့မလို မသေဖို့အဓိက မလား။
2.လူမှုရေးပွဲတွေ လျှော့ကြပါ။
နေ့လည် 1 နာရီ ကြီး ရှင်လောင်းလှည့်တာတို​့ ၊ အသုဘချတာတို့ စတုဒီသာကျွေးတာတိို့ လုပ်စရာလား။
ပူတယ် လေပူတယ်။ မနက် 10နာရီကနေ ညနေ 4နာရီအတွင်း နေပူထဲမသွားနဲ့။ အတတ်နိုင်ဆုံး အမိုးအကာမရှိဘဲ ရေမချိုးနဲ့။
လူမှုရေးတွေလျှော့ ။ လူဖြစ်နေတုန်း လူမှုရေးဆိုတာ ရှိတယ်။ လူမဟုတ်ရင် မရှိတော့ဘူး သဘောပေါက်။
ရှင်လောင်းတွေလဲ နေ့လည် 2 နာရီ 3 နာရီ ကတုံးရိတ်ရေချိုးရင် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တယ်ဆိုတာ သတိထားရပါမယ်။
ဘုရားဟောရှိတယ်။ အသက်ကို ဉာဏ်စောင့်တယ်။
3. ရေများများသောက်။
ရေကိုများများသောက်။ ချိုချိုအေးအေးလေးတွေသောက်။ တစ်နေ့ 3-4 လီတာ ဝင်အောင်သောက်။
ရေနော် Beer မဟုတ်ဘူးနော်။ အသက်ရှိမှ အရက်သောက်လို့ရတာနော်။ ရေနွေးသောက်တာ သိပ်အားမပေးချင်ဘူး။ နယ်ဘက်ကလူတွေရေသောက်ဆို ရေနွေးကြမ်းသောက်တယ်။ လက်ဖက်ခြောက်သည် သံဓာတ်စုပ်ယူမှုကို အားနည်းစေသည်။ ထို့ကြောင့် ရေသာသောက်ပါ။
4.ကိုယ်ပူချိန်မြင့်တက်လာရင် နားလည်တတ်ကျွမ်းသူနဲ့ အမြန်ပြပါ။
အရေးပေါ်နည်းစနစ်တွေဆိုတာ အသက်ကယ်နိုင်တယ်။ သို့သော် မှန်ကန်ရမယ်။ ကိုယ်က သေချာမလုပ်နိုင်ဘူးဆိုရင် လုပ်နိုင်သူဆီပြေးရမယ်။ Facebook လေးကြည့်လိုက် အသက်ကယ်လိုက် လုပ်လို့မရဘူး။ နားလည်သူဆီအမြန်ပို့။ ဆေးခန်း ဆေးရုံတွေ လူနာတင်ကားတွေပေါပါတယ်။ အမြန်ပို့ကြပါ။
မီးလာရင် Aircon လေးဖွင့်။
မီးပျက်ရင် သစ်ပင်ရိပ်အောက်ပြေး ။
အိမ်မှာ ပူပိတ်လှောင်နေရင် အမျိုးတွေအိမ်သွားအိပ်။
အေးတဲ့နယ်ဘက် အိမ်အပိုင်လေးရှိရင် အသက်ကြီးတဲ့သူတွေ ခဏပို့အပူရှောင်ခိုင်းထား။
လူကြီးတွေ အမူအကျင့် ​မျက်ခြေမပြတ်စောင့်ကြည့်။
အမူအကျင့်ပျက်လာပြီဆို ဘာဖြစ်နေလဲ သေချာစစ်ဆေး။
နာတာရှည်လူမမာတွေ ကို သေချာဂရုစိုက် ။
ဆရာဝန်နဲ့တိုင်ပင်ပြီး ရေချိုးတာ ရေပတ်တိုက်တာ ပုံမှန်လုပ်ပေး။
ပူတယ် ပူတယ် သတိထားကြပါ။

Address

Building No. 8, Room No. 5, 29th Ward, Thanthumar Road, Thuwana Township
Yangon
11072

Website

Alerts

Be the first to know and let us send you an email when ကံတက် ဆေးစတိုး - Kan Tat Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram