U.S.A Medical Online Shop

U.S.A Medical Online Shop Welcome to my U.S.A Medical Online Shop

MAGNESIUMMagnesium ဟာ Vitamin D ကဲ့သို့ နာတာရှည်ရောဂါများ မဖြစ်ရန်အတွက် အလွန် အရေးကြီးသော သတ္တုဓာတ် ဖြစ်ပါတယ်။မဂ္ဂနီစီယမ...
24/12/2025

MAGNESIUM

Magnesium ဟာ Vitamin D ကဲ့သို့ နာတာရှည်ရောဂါများ မဖြစ်ရန်အတွက် အလွန် အရေးကြီးသော သတ္တုဓာတ် ဖြစ်ပါတယ်။

မဂ္ဂနီစီယမ် ကြွယ်ဝသော အစားအစာများမှာ
ဟင်းနုနွယ်၊ မတ်ပဲညို၊ ပဲတီ၊ ဗာဒံစေ့၊ သီဟိုစေ့၊ အာလူး၊ ဖရုံစေ့၊ ထောပတ်သီး၊ ငှက်ပျောသီး၊ ပန်းဂေါ်ဖီစိမ်း၊ နာနတ်သီး

၁။ အာရုံကြောတို့ကို သက်တောင့်သက်သာ ရှိစေသည်။ စိုးရိမ်သောက နည်းစေရန် အားပေးကူညီသည်။
၂။ စိတ်မတည်ငြိမ်ခြင်းကို ငြိမ်သက်စေရန် ကူညီပေးသည်၊ ကြွက်သားများကို ဖြေလျော့ပေးသည်၊ အိပ်ပျော် လွယ်စေသည်
၃။ ဝမ်းချုပ်ခြင်းကို သက်သာစေသည်။
၄။ ကြွက်သားများ ကိုက်ခဲခြင်းနှင့် အကြောဆွဲခြင်းတို့ကို သက်သာစေသည်။
၅။ ကယ်လစီယမ်နှင့် ပိုတက်စီယမ် ပမာဏတို့ကို ထိန်းညှိပေးသည်။ အရိုးပွ ရောဂါကို ကာကွယ်ပေးသည်။
၆။ နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးသည်
၇။ သွေးတိုးခြင်းကို ကာကွယ်ပေးသည်။
၈။ ခေါင်းတခြမ်းကိုက်ခြင်းများကို ကာကွယ်ပေးသည်။
၉။ နှလုံးရောဂါကြောင့် ရုတ်တရက် သေဆုံးခြင်း ၊လေဖြတ်ခြင်း၊ အသက်ကြီးမှ ဖြစ်သော ဆီးချို၊ ပန်းနာရင်ကြပ် ကာကွယ်ပေးသည်
၁၀။ အားကစား လုပ်သူများ Magnesium ချို့တဲ့ပါက ရုတ်တရက် သေဆုံးတတ်သည်၊

Magnesium ကို မှန်မှန် လုံလုံ လောက်လောက် သောက်သူများ ကင်ဆာရောဂါ ဖြစ်နိုင်တဲ့ အလားအလာ ကျဆင်းသွားခြင်းကို တွေ့ရပါတယ်။

အလွန် ထင်ရှားတဲ့ သုတေသန တစ်ခုမှာ တွေ့တာကတော့ အလွန်ဆိုးတဲ့ ကင်ဆာ ဖြစ် တဲ့ pancreatic cancer ရယ် အူမကြီး ကင်ဆာရယ် အလွန် အဖြစ် နည်းသွားတာကို တွေ့ရပါတယ်တဲ့။

Magnesium ချို့တဲ့နေသူများမှာ Pancreatic cancer risk က 76% တက်သွားပါသတဲ့။

သောက်သင့်တဲ့ ပမာဏကတော့ 400mg per day ဖြစ်ပါတယ်။

Magnesium Ascorbate ကတော့ အယ်ကာလိုင်း Vitamin C အဖြစ်သာ သောက်ကြပါတယ်

ဝမ်း ပုံမှန်သွားသူတွေက Magnesium malate or citrate or Glycinate သောက်သင့်ပြီး ဝမ်းချုပ်သူကတော့ Life Extension က ထုတ်တဲ့ Magnesium Cap ကို သောက်သင့်ပါတယ်

ကျောက်ကပ် မကောင်းလို့ ဆီးဆိပ် (creatinine) တက်နေသူတွေ မသောက်သင့်ပါဘူးရှင့်

A Better Health & Original Writer

မှာယူလိုပါက cb or 09950281324 တွင်ဆက်သွယ်မှာယူနိုင်ပါတယ်



ပုံပါ Probiotics အစုံရပါပြီနော် 👏Probiotics သောက်သုံးခြင်းအားဖြင့် ရရှိမယ့်အကျိုးကျေးဇူးတွေကတော့☘️ပဋိဇီဝဆေး (ပိုးသတ်ဆေး)...
24/12/2025

ပုံပါ Probiotics အစုံရပါပြီနော် 👏

Probiotics သောက်သုံးခြင်းအားဖြင့် ရရှိမယ့်အကျိုးကျေးဇူးတွေကတော့

☘️ပဋိဇီဝဆေး (ပိုးသတ်ဆေး) ကြောင့် ဝမ်းလျောခြင်းကိုကာကွယ်ကုသပေးခြင်း

☘️ကျန်းမာကောင်းမွန်သော ကိုလက်စထရောကို အားပေးခြင်း

☘️စိတ်ဓာတ်ကျခြင်းနှင့် စိုးရိမ်ပူပန်မှုကို ကင်းဝေးစေခြင်း

☘️ကိုယ်ခံအားကို တိုးတက်စေခြင်း

☘️ဝမ်းဗိုက်နာခြင်း၊ အောင့်ခြင်း (အူသိမ်အူမ ရောဂါလက္ခဏာများ) ကိုသက်သာစေခြင်း

☘️ကိုယ်တွင်း ပြည်တည်နာဖြစ်ခြင်းကို အမြစ်ဖြတ် သုတ်သင်ပေးခြင်း
ဆီးချိုရောဂါ မဖြစ်အောင်တားဆီးပေးခြင်း

☘️ဒိုင်ဝါတီခရူလာရောဂါ (အူတွင်း၌ အိတ်ငယ်လေးများ ဖြစ်ပေါ်ခြင်းနှင့် ၎င်းတို့ရောင်ရမ်းခြင်း (သို့) သွေးယိုခြင်း )ကိုထိန်းချုပ်ပေးခြင်း

☘️ပိုနေသော ဝမ်းဗိုက်အဆီကိုလျော့ကျစေခြင်း

☘️အစာကြေညက်စေခြင်း ဝမ်းမှန်စေခြင်း

☘️အကျိုးပြုပိုးများ ပြန်လည်ဖြည့်တင်းပေး၍ ရောင်ရမ်းမှုကိုထိန်းချုပ်ပေးခြင်း
☘️မှိုရောဂါ ကူးစက်ပြန့်ပွားမှု ပမာဏကို လျော့ကျစေခြင်း

☘️ဗိုက်တာမင်များအား စုပေါင်းညှိနှိုင်း ဆောင်ရွက်မှုစွမ်းရည်ကို တိုးမြင့်ပေးခြင်း
စတဲ့အကျိုးကျေးဇူးးများစွာပါ၀င်ပါတယ်

☘️ဘူးမှာရေးထားတဲ့ Probiotic 10 ဆိုတာ ပိုးအမျိုးအစား 10 မျိုးပါတာကိုပြောတာပါ၊ 20 billion, 30 billion ဆိုတာ Serving size မှာပါတဲ့ ပိုးကောင်ရေကို ပြောတာပါ။

♥️အသက်အလိုက်သောက်ရမည့်နှုန်း
1 နှစ် 2billion
2 နှစ် 4billion
4 နှစ် 8billion
10 နှစ် 12 billion
16 နှစ် 15 billion
16 နှစ်အထက် 20 billion

အစာမရှိချိန် (Empty Stomach) သောက်ပါလို့ ရေးတာရှိသလို၊ အစာနဲ့အတူ (with meal) လို့ရေးထားတဲ့ အမျိုးအစားလဲ ရှိပါတယ် ။ပိုးသတ်ဆေး (antibiotic) သောက်ရင်တော့ ၄နာရီ ခြားပြီး သောက်ရပါတယ်။

Probiotic ကိုမှာယူချင်တယ်ဆိုပါက cb or 09950281324 တွင်ဆက်သွယ်မှာယူနိုင်ပါတယ်








Omega -3,6,9 ( အိုမီဂါ -3,6,9) အဆီဆိုတာ ကိုယ်ခန္ဓာရဲအခြေခံ အုတ်မြစ်ဖြစ်ပါတယ်။လူတစ်ယောက်မှာ အဆီရာခိုင်နှုန်း ၁၅ နဲ့ ၃၀ ကြ...
24/12/2025

Omega -3,6,9 ( အိုမီဂါ -3,6,9)

အဆီဆိုတာ ကိုယ်ခန္ဓာရဲအခြေခံ အုတ်မြစ်ဖြစ်ပါတယ်။လူတစ်ယောက်မှာ အဆီရာခိုင်နှုန်း ၁၅ နဲ့ ၃၀ ကြားရှိပါတယ်။အဆီကို ပြည့်ဝဆီ နှင့် မပြည့်ဝဆီဆိုပြီးခွဲပါတယ်။

ပြည့်ဝဆီကိုတော့ အများအားဖြင့် တိရစ္ဆာန်ကရပါတယ်။ အခန်းအပူချိန်မှာ ခဲတတ်ပါတယ်။ မပြည့်ဝဆီက အခန်းအပူချိန်မှာ အရည်ဖြစ်ပြီး monounsaturated နှင့် polyunsaturated ဆိုပြီးခွဲပါတယ်။ ထောပတ်သီး နှင့် သံလွင်သီးတွေမှာ တွေ့ရတာ monounsaturated အဆီ ပါ။Polyunsaturated အဆီမှာ နာမည်ကြီးတာက အိုမီဂါအဆီတွေပါ။Omega-3 နဲ့ omega-6 ကို ခန္ဓာကိုယ်ကမထုတ်နိုင်လို့ မစားမဖြစ်စားရတယ်။ဒါကြောင့် “essential.” fatty acid လို့သုံးတယ်။ Omega -9 ကိုခန္ဓာကိုယ်ကထုတ်နိုင်တယ်။ဒါကြောင့်အများကြီးစားဖို့ မလိုပါ။

အဆီမော်လီကျုးပေါ်က ဟိုက်ဒရိုဂျင်ဟာ အမှတ် 6 နေရာမှာရှိရင် အိုမီဂါ 6 ပေါ့။အမှတ် 3 နေရာမှာဆို အိုမီဂါ 3 ပါ။ Omega- 3 များတဲ့အစာတွေက မက်ကရာယ်ငါး၊ နှမ်းကြတ်စေ့ အဆီ၊ ဆာမွန်ငါး အဆီ၊ ဆာဒင်းငါး၊ Cod liver oil ၊ သစ်ကြားသီး၊ ချီးယားစေ့၊ တူနာငါး တွေပါ။အိုမီဂါ 3ကို ALA, EPA နှင့် DHA ခွဲပါတယ်။ ALA က အပင်ကရပါတယ်။ အပင်ကရတဲ့ omega 3 ပါ။ EPA နှင့် DHA ကို တိရစ္ဆာန်ကရပါတယ်။ ALA ကနေ EPA နှင့် DHA ပြောင်းလို့ရပါတယ်။ ဒါပေမယ့် ၁% လောက်ပဲ ပြောင်းနိုင်တယ်ပြောပါတယ်။ ဒါကြောင့် ကျွမ်းကျင်သူတွေက EPA နှင့် DHA ရဖို့ ငါးအဆီကို စားဖို့ ပြောကြတယ်။ EPA က နှလုံးကျန်းမာရေး နှင့် ကိုယ်ခံအားကောင်းဖို့ အကူအညီပေးပြီး ရောင်ရမ်းခြင်းသက်သာပါတယ်။ DHA က မျက်လုံး နှင့် ဦးနှောက်အတွက်ကောင်းပါတယ်။

Omega-6 များတဲ့အစာတွေက စပျစ်စေ့၊ နေကြာဆီ၊ ဘိန်းစေ့ အဆီ၊ ပြောင်းဖူး အဆီ၊ သစ်ကြားသီး အဆီ၊ ဝါဂွမ်းစေ့ အဆီ၊ ပဲပိစိပ်ဆီ၊ နှမ်းဆီ တွေပါ။ အိုမီဂါ 6 ကို LA နှင့် AA ဆိုပြီးခွဲပါတယ်။ Omega 6 ထဲက LA က ဦးနှောက် နှင့် ကြွက်သားဆဲလ်တွေကြီးထွားဖို့အသုံးဝင်တော့ bodybuilding သမားတွေ ကြိုက်ပါတယ်။ Omega 6 မကောင်းတာက သူချည်းပဲသုံးလျှင် ကိုယ်ခန္ဓာရောင်ရမ်းစေပါတယ်။ သူ့ကို omega 3 နှင့် ညီမျှအောင်သုံးရပါတယ်။ omega 3: omega 6 အချိုးက 1:1 or 1:2 ဖြစ်ရပါမည်။ စိတ်ဝင်စားတဲ့ ဆေးကျောင်းက ညီလေးများက AA နှင့် EPA အချိုးအကြောင်း ဆက်ဖတ်ကြည့်ကြပါ။

Omega-9 များသောအစာတွေက နေကြာ၊ ဟေဇယ်သီး၊ ပဲပိစပ်ဆီ၊ သံလွင်ဆီ၊ Canola oil၊ Almond ထောပတ်၊ Avocado အဆီ တွေပါ။ Omega-9 ကို သင့်တင့်စွာ စားသုံးလျှင် နှလုံး, ဦးနှောက် နဲ့ တစ်ကိုယ်လုံးရဲ့ ကျန်းမာရေးကို အထောက်အကူပြုတယ်။ နှလုံးရောဂါဖြစ်ပွားမှု နဲ့ လေဖြတ်ခြင်းကို လျော့ချပေးတယ်။ စွမ်းအင် မြင့်မားစေတယ်။ဒေါသ ကိုလျော့ချတယ်။စိတ်အခြေအနေ မြင့်တက်စေတယ်။ အေဇိုင်းမားရောဂါအတွက် အသုံးဝင်တယ်။ omega-9 များတဲ့ မုန့်ညင်းဆီကို အစာထဲထည့်စားတာဟာ ကျန်းမာရေး နဲ့ သင့်မသင့် ငြင်းခုန်နေရဆဲပါ။ Fox news က ထုတ်ပြန်တာက omega 9 များတဲ့ မုန့်ညင်းဆီက သူ့မှာပါတဲ့ erucic acid, ကြောင့် အမေရိကန်မှာ ရောင်းခွင့်ပိတ်ထားတယ်ဆိုပါတယ်။စတိုးဆိုင်အများစုမှာတော့ နှိပ်နှယ်ဆီ အတွက်ရောင်းချနေဆဲပါ။စာဖိုမှူးအချို့က မုန့်ညင်းဆီကို သုံးနေဆဲမို့ မုန့်ညင်းဆီပါတာ စားတော့မယ်ဆိုလျှင် ဆရာဝန်နဲ့ ဆွေးနွေးသင့်တယ်ဆိုပါတယ်။

အဆီက ဆဲလ်နရံတည်ဆောက်တဲ့ နေရာမှာပါတယ်။ကိုယ်ခန္ဓာရဲ့ 100 trillion (1 trillion =1000000000000)သော ဆဲလ်တွေရဲ့ ဇီဝလုပ်ငန်းတွေမှာ အရည်အသွေးကောင်းတဲ့အဆီတွေလိုပါတယ်။ အဆီအရည်အသွေးကောင်းတာစားလေ၊ကိုယ်ခန္ဓာရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကောင်းကောင်းဖြစ်လေပါ။ ဆဲလ်တွေက သူတို့လိုတဲ့ အဆီရမရ ကျွန်တော်တို့သိနိုင်ပါတယ်။အရည်အသွေးကောင်းတွေ အဆီတွေမစားဘူးဆိုလျှင်

၁။အရေပြားတွေ ခြောက်ပြီးယားလာမည်။အရေပြားတွေ အချပ်လိုက် မြွေအရေခွံလိုဖြစ်လာမည်။

၂။လက်သည်းတွေ ပျော့ပြီး ကျွတ်ဆတ်လာမည်။ကျိုးလွယ်သွားမည်။

၃။နားဖာကြေးတွေ ခြောက်လာမည်။

၄။လက်ရဲ့အနောက်ဘက်နဲ့ ရင်ဘက်တွေမှာ အဖုသေးသေးလေးတွေပေါက်မည်။

၅။အရိုးအဆစ်တွေ လှုပ်ရှားရတာနာလာမည်။

ကိုယ်ခန္ဓာတစ်ခုကိုဆောက်တာ အိမ်တစ်အိမ်ကိုဆောက်တာနဲ့တူပါတယ်။အိမ်ကို တွေ့ရာစျေးပေါတဲ့ပစ္စည်းတွေ နဲ့ဆောက်မှာလား ၊အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေနဲ့ဆောက်မှာလား ရွေးချယ်ရတဲ့သူဟာကိုယ်ကိုယ်တိုင်ပဲဖြစ်ပါတယ်။အရည်အသွေးကောင်းတဲ့ အဆီနဲ့ ကိုယ်ခန္ဓာကို လည်ပတ်မည်ဆိုလျှင် ပိုပြီးကျန်းမာရေးကောင်းမှာပါ။

အသင့်စား အစာတွေမှာပါတာ အိုမီဂါ-6 ပါ။အိုမီဂါ 6 က ပေါလည်းပေါတယ်။စျေးလည်းသက်သာပါတယ်။အစားအစာတွေကို အရသာရှိစေတယ်။ အိုမီဂါ 6 ကို ပြောင်း၊ပဲ နဲ့ နေကြာပင်ကရတယ်။သူတို့နဲ့ဆောက်တဲ့ ဆဲလ်နံရံက မာကျောတယ်။ဆဲလ်နံရံမာလေ၊ဆဲလ်အလုပ်လုပ်ရတာ ခက်လေပါ။ပျက်စီးရောင်ရမ်းဖို့လည်းလွယ်ပါတယ်။ ဆဲလ်နံရံကောင်းကောင်းလိုချင်လျှင် အိုမီဂါ-3 စားဖို့လိုပါတယ်။အိုမီဂါ-3 အဆီနဲ့ ဆောက်ထားတဲ့ ဆဲလ်နံရံက ပျော့ပြောင်းပြီး ဇီဝကမ္မလုပ်ငန်းတွေလုပ်ဖို့ သင့်လျှော်ပါတယ်။နောက်တစ်ခုက အိုမီဂါ-3 က ဟိုမုန်းတွေထုတ်ပေးတဲ့နေရာမှာကူညီပေးတာပါ။

❤️အိုမီဂါ-3

သိပ္ပံပညာရှင်တွေယုံကြည်တာက ရှေးခေတ်ကလူတွေ အိုမီဂါ 3 နဲ့ 6 ကိုပမာဏအတူတူစားခဲ့လို့ ကျန်းမာကြတယ်လို့ပါ။ယနေ့ခေတ်မှာတော့ အိုမီဂါ-6 ပိုစားဖြစ်ကြတယ်။တမင်တကာစားတာမျိုးတော့မဟုတ်ပါ။လူနေမှုကိုက သည်လိုဖြစ်နေတာပါ။နောက်ဆုံးဖြစ်လာတာက ကင်ဆာ နဲ့ နှလုံးရောဂါတွေပါပဲ။ အိုမီဂါ 3 နဲ့ အိုမီဂါ 6 ကို မျှတအောင်စားမည်ဆိုလျှင် နှလုံးရောဂါဖြစ်ဖို့ သိပ်မလွယ်တော့ပါဘူး။ ဒါကြောင့် အိုမီဂါ -3 ပိုစာဒပါ။ အိုမီဂါ-3 စားလေ လူရဲ့ကိုယ်ခန္ဓာက ရောဂါကင်းလေပါ။ အိုမီဂါ 3 စားနဲ့ဆောက်တဲ့ ခန္ဓာကိုယ်ကို အခုနောက်ပိုင်းခေါ်တာက a cool body (အေးမျှသော ကိုယ်ခန္ဓာ)ပါ။ဒီလို ကိုယ်ခန္ဓာမျိုးက ရောင်ရမ်းတာဖြစ်ခဲတယ်။ ဆဲလ်နံရံတွေ ကို အကောင်းဆုံးအဆီနဲ့ ဆောက်မည်ဆိုလျှင် တစ်နှစ်လောက်ကြာပါလ်ိမ့်မည်။

အိုမီဂါ 3 လုံလောက်မယ်ဆိုလျှင်

1.ဦးနှောက်ဆိုတာ ရာနှုန်း 60 လောက်ကအဆီပါ။အရည်အသွေးကောင်းတဲ့ အဆီဖြစ်တဲ့ အိုမီဂါ 3 စားပေးလျှင် ဦးနှောက်အတွက်ပိုကောင်းပါတယ်။

2.အိုမီဂါ-3 မှာ docosahexaenoic acid (DHA ) ပါပါတယ်။DHA ကို ဦးနှောက်က ဦးနှောက်ဆဲလ်တွေကြား ဆက်သွယ်ဖို့သုံးပါတယ်။ဒါကြောင့် အိုမီဂါ 3 စားပေးလျှင် မှတ်ဉာဏ်ကောင်းလာတယ်။စိတ်ရွှင်လာတယ်။စာသင်လို့ကောင်းလာတယ်။ အိုမီဂါ-3 ချို့တဲ့လျှင် စိတ်ဓာတ်ကျလာတယ်။စိတ်နှစ်ခွဖြစ်လာတယ်။စိတ်ကစဉ့်ကလျားဖြစ်တယ်။

3.အိုမီဂါ-3 က နှလုံးအတွက်ကောင်းပါတယ်။ကိုလက်စတော ကျစေတယ်။ကောင်းတဲ့အဆီ HDL ကိုတက်စေတယ်။နှလုံးသွေးကြောပိတ်တာ သက်သာစေတယ်။

4.အဆီပိုလည်း ကျစေပါတယ်။အဆီမစားဘူး။ဒါမှမဟုတ် မကောင်းတဲ့အဆီစားလျှင် ဝလာပါလိမ့်မည်

5.ဆဲလ်နံရံတွေက သိပ်ကောင်းတဲ့အတွက် အင်ဆူလင် ကိုပိုကောင်းကောင်းသုံးနိုင်တယ်။ဒါကြောင့်သွေးတွင်း အချိုဓာတ်ကို ထိန်းပေးပါတယ်။

Omega 3 ရလိုသူအတွက် လတ်လတ်ဆတ်ဆတ် အအေးပိုင်းကငါးတွေစားပါ။မြန်မာပြည်အတွက်မလွယ်ပါ။သစ်ကြားသီးလောက်ဖြစ်နိုင်ပါတယ်။ဆော်လမွန်ငါးတွေ၊ဆာဒင်းတွေ လတ်လတ်ဆတ်ဆတ်စားပါတဲ့။ငါးဘယ်က ဖမ်းလည်းကိုလည်း ဂရုပြုပါတဲ့။မွေးမြူရေးငါးတွေ မစားဖို့ရေးပါတယ်။ လတ်ဆတ်တဲ့ကြက်ဥ စားပါ။ အိုမီဂါ-3 supplement ကို တစ်နေ့ နှစ်ကြိမ် 500 - 1,000 mg တိုက်ပေးပါ။

❤️ငါးကြီးဆီ

ငါးကြီးဆီ supplement နှင့် ပတ်သတ်လို့ ၂၀၁၅ လောက်တုန်းက နယူးဇီလန်ထုတ် ငါးကြီးဆီတွေကို report လုပ်တဲ့ စာတမ်းအချို့ထွက်ဖူးတယ်။ ပထမသူတို့ report လုပ်တာက ငါးကြီးဆီ(omega 3) ဖြည့်စွက်စာအချို့မှာ omega 3 ပါဝင်မှုဟာ သူတို့အညွှန်းထက် နည်းနေတယ်ဆိုတဲ့ တစ်ခုရယ်၊ နောက်တစ်ခုက Totox တန်ဖိုးများနေတယ်ဆိုတဲ့ အချက်ရယ် ပြောကြတယ်။The total oxidation value (Totox) ဆိုတာ နားလည်အောင်ပြောရလျှင် ငါးကြီးဆီတွေ oxidized ဖြစ်သွားနှုန်းပါ။ ပျက်စီးသွားတယ်ဆိုတဲ့ သဘောပေါ့။ သူတို့တိုင်းတာ peroxide value (PV) တန်ဖိုး၊ anisidine value (AV) တန်ဖိုးဆိုပြီးလည်း ရှိသေးတယ်။

ငါးကြီးဆီရဲ့ သဘောကိုက oxidized ဖြစ်လွယ်တယ်။ကျွန်တော်သိသလောက် oxidized မဖြစ်တဲ့ ငါးကြီးဆီဆိုတာ မရှိဘူး။ သူတို့ငါးကြီးဆီက oxidized မဖြစ်ဖူးပြောလျှင် ကျွန်တော်တော့ မယုံဘူး။ PV ဆိုတာ ပထမအကြိမ် oxidized ဖြစ်တဲ့ products တွေဖြစ်တဲ့ lipid peroxides တွေကိုတိုင်းတာ AV က ဒူုတိယအကြိမ် oxidized ဖြစ်တဲ့ products တွေဖြစ်တဲ့ aldehydes နှင့် ketones ကို ထိန်းတာ။ နောက်မှ Totox တန်ဖိုးထွက်ယူတာ။ Totox တန်ဖိုးများလျှင် အရည်အသွေးမကောင်းဖူးပေါ့။ Totox တန်ဖိုးများတဲ့ products တွေကို သောက်လျှင် ဆိုးကျိုးရှိမရှိ ပြောဖို့ရာ လေ့လာဖို့လိုအုန်းမည်။ စာတန်းအရတော့ Totox တန်ဖိုးမမြင့်အောင်( ပျက်စီးမှု မများအောင်) product ကို ရေခဲသေတ္တာထဲထားပေါ့။

ငါးကြီးဆီ( omega -3 ) နှင့် မတည့်ဘူးဆိုတာရှားပေမည့် ရှိတော့ရှိပါတယ်။ ငါး နှင့် ဓာတ်မတည့်တဲ့သူအနေနှင့် ငါးကြီးဆီသောက်မည်ဆိုလျှင် အရေပြားအထူးကုနှင့် စမ်းပြီးမှသောက်သင့်တယ်လို့ the American College of Allergy, Asthma & Immunology (ACAAI) က ညွှန်းဆိုပါတယ်။ ၂၀၀၈ မှာပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာတော့ ငါးကြီးဆီက ဓာတ်မတည့်ခြင်းကို မဖြစ်စေပါလို့ဆိုပေမည့် ၂၀၀၈ လေ့လာမှုက လူ ၆ ယောက်ကိုလုပ်ခဲ့တာဖြစ်ပြီး ငါးကြီးဆီ တံဆိပ်နှစ်ခုကိုပဲ စမ်းထားတာကြောင့် ငါးကြီးဆီက ဓာတ်မတည့်ခြင်းကို မဖြစ်စေပါလို သေချာပြောဖို့ နောက်စမ်းသပ်မှုတွေလိုနိုင်ပါတယ်။

ငါးကြီးဆီနှင့် ဓာတ်မတည့်တဲ့အခါ နှာစီးခြင်း၊ အသက်ရှုကြပ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ယားယံခြင်း၊ အစက်ထွက်ခြင်း၊ ပျို့အန်ခြင်း၊ နှုတ်ခမ်း၊ လျှာ နှင့် မျက်နှာ ရောင်ရမ်းခြင်း၊ လက်အပါအဝင် အခြားကိုယ်ခန္ဓာအစိတ်အပိုင်းများ ရောင်ရမ်းခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းသွားခြင်းတွေ ဖြစ်နိုင်ပါတယ်။ အရမ်းဆိုးလာလျှင် လည်ပင်းဖောင်းလာခြင်း၊ လည်ချောင်းမှာ အကျိတ်ထွက်ခြင်း၊ အသက်ရှုရကြပ်ခြင်း၊ သတိမေ့သွားခြင်း ၊ သွေးပေါင်ကျခြင်း နှင့် ရှော့ခ်ရခြင်းတွေပါဖြစ်တတ်ပါတယ်။ ငါးကြီးဆီ ဓာတ်မတည့်မှုဟာ သေစေနိုင်သည်အထိ ဖြစ်နိုင်တယ်ဆိုပါတယ်။

ငါးကြီဆီနှင့် မတည့်ဘူးဆိုတာ ရှားပါတယ်။ ငါးကြီဆီ နှင့် မတည့်လျှင်တော့ ငါးကြီးဆီက ကျန်းမာရေး ဘယ်လောက်အကျိုးပြုပြု ငါးကြီးဆီမသောက်ပါနဲ့။ ငါးကြီးဆီအပြင် omega 3 ရနိုင်တဲ့ တစ်ခြားနည်းတွေရှိပါသေးတယ်ဆိုတာ သတိရပါ။ ငါးကြီးဆီနှင့်တည့်လို့ အများကြီးသောက်လည်း ပျို့ခြင်း၊ အစာအိမ်အချဉ်ပြန်တက်ခြင်း၊ ဗိုက်နာခြင်း၊ လေပွခြင်း၊ ဝမ်းသွားခြင်း ၊ သွေးပေါင်ကျခြင်း၊ သွားဖုံးသွေးယိုခြင်း နှင့် အိပ်မပျော်ခြင်းတွေဖြစ်နိုင်ပါတယ်။

မှာယူလိုပါကcb or ph တွင်မှာယူနိုင်ပါသည်။😊
Ph number (09950281324)

🇺🇸U.S.A Medical Online Shop မှSupplement သောက်သုံးသူများ ပိုမိုအဆင်ပြေစေရန် အတွက် 🇲🇲မြန်မာတစ်နိုင်ငံလုံးနီးပါး 🚚အိမ်ရောက...
02/12/2025

🇺🇸U.S.A Medical Online Shop မှ
Supplement သောက်သုံးသူများ ပိုမိုအဆင်ပြေစေရန် အတွက် 🇲🇲မြန်မာတစ်နိုင်ငံလုံးနီးပါး 🚚အိမ်ရောက်
ငွေချေစနစ်နှင့် 💊supplement 💰စျေးနှုန်းများကိုလည်း အတတ်နိုင်ဆုံး လျော့စျေးများဖြစ် ရောင်းချပေးနေပါကြောင်းကြေငြာအပ်ပါသည်။

🧡🇱🇷USA/ 🇬🇧 UK နှင့် 🇳🇿Australia နိုင်ငံများမှတိုက်ရိုက်တင်သွင်းသော
👳🏻ကိုယ်ဝန်ဆောင် များနှင့်တကွ ကလေး လူကြီး ဖြည့်စွက်စာများနှင့်
💊Collagen

💊goli

💊Vitamin

💊ကလေး လူကြီးအားဆေးများ

💊ယောက်ျားလေး၊ မိန်းကလေးနှင့် သင့်လျော်တဲ့ဆေးဝါးများ

💊ခန္နာကိုယ်တွင်းလိုအပ်သော ဓာတ်များကို
ဖြည့်စွက်ပေးသော ဖြည့်စွက်စာဆေးဝါးများ💊💊ကို
တစ်စုတစ်စည်းတည်း တစ်နေရာထဲတွင်
မှာယူလို့ရအောင် ရရှိနိုင်တဲ့ item မျိုးစုံကို
စုစည်းပီးတင်ပေးလိုက်ပါတယ်🧡🧡

🧡item တစ်မျိုးစီရဲ့ အသုံးဝင်ပုံ
အသေးစိတ်အကြောင်းရာများကို
တစ်ပုံချင်းစီပုံအောက်👇👇တွင် ကြည့်ရှူနိုင်ပါတယ်

🧡ပြန်လည်ရောင်းချလိုသူများလဲ လက်ကားစျေးဖြင့် ယုံကြည်စိတ်ချစွာ အသေးစိတ်မေးမြန်းမှာယူလို့ရပါတယ်👏
Costurmerများမှာယူလိုပါက
Cb or ph 📞09950281324 or Viberတွင်ဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်👏









အမျိုးသား/ သမီးတွေ အသက်ကြီးလာတာနှင့်အမျှ အရိုးတွေကြံ့ခိုင်အောင် ကူညီပေးတဲ့ Calcium နဲ့ Vitamin D ကို နေ့စဉ်လိုအပ်တဲ့ ပမာ...
24/11/2025

အမျိုးသား/ သမီးတွေ အသက်ကြီးလာတာနှင့်အမျှ အရိုးတွေကြံ့ခိုင်အောင် ကူညီပေးတဲ့ Calcium နဲ့ Vitamin D ကို နေ့စဉ်လိုအပ်တဲ့ ပမာဏ ရရှိဖို့ ပိုအရေးကြီးလာပါတယ်။

အဲဒါတွေအတွက် Centrum Silver မှာ Calcium နဲ့ Vitamin D ကြွယ်ဝစွာ ပါဝင်ပြီး တခြား ဗီတာမင်နဲ့ သတ္တုဓာတ်များစွာ ပါဝင်တဲ့အတွက် နှလုံး၊ ဦးနှောက် 🧠နဲ့ မျက်စိ 👀 ကျန်းမာရေးအတွက်ပါ အထူး အထောက်အကူပေးပါတယ်။

အသက် ၅၀ အောက် အမျိုးသား/ သမီးတွေ အဓိက သောက်သုံးသင့်တဲ့ ဆေးဖြစ်ပါတယ်။
သေးငယ်တဲ့ micronutrients တွေဟာ ကိုယ်ခန္ဓာရဲ့ သေးငယ်တဲ့ cell လေးတွေ ပုံမှန်တာဝန်ထမ်းဆောင်နိုင်အောင် အာဟာရပေးပြီး အရိုးအဆစ်တွေ ကျန်းမာသန်စွမ်းနေအောင် အကူအညီပေးပါတယ်။

America 🇺🇸 ရဲ့ နံပါတ်တစ် Multivitamin Brand ဖြစ်ပြီးဆရာဝန်တွေ ထောက်ခံချက်ကို အများဆုံး ရရှိထားတဲ့ brand ဖြစ်ပါတယ်။

တစ်နေ့ကို တစ်လုံး အစာနဲ့ တွဲဖက်၍ သောက်သုံးနိုင်ပါသည်။

မှာယူလိုပါက cb or 09950281324 တွင်ဆက်သွယ်မှာယူနိုင်ပါတယ်

👨🏻‍🦳👨🏻‍🦳အသက် ၅၀ ကျော် သက်စောင့်ဆေး အားဆေးကို နေ့စဥ်မှီဝဲဖို့ လိုလာပြီးနော် ကျန်းမာခြင်းသည် အကောင်းဆုံး လာဘ်တပါးဆိုသလို ဖ...
24/11/2025

👨🏻‍🦳👨🏻‍🦳အသက် ၅၀ ကျော် သက်စောင့်ဆေး အားဆေးကို နေ့စဥ်မှီဝဲဖို့ လိုလာပြီးနော်
ကျန်းမာခြင်းသည် အကောင်းဆုံး လာဘ်တပါးဆိုသလို ဖျားနာခြင်း ကင်းဝေးပြီး ကျန်းကျန်းမာမာနဲ့ မိသားစုနှင့်အတူ ပျော်ရွှင်စွာ နေနိုင်ဖို့နေ့စဥ် သက်စောင့်ဆေး စားသုံးပါ။

👵🏻👵🏻အသက်ကြီးလာတာနဲ့ စားသလောက် အစာအဟာရကို ခန္ဓာကိုယ်က မစုပ်ယူနိုင်လို့ အာနည်းလာတတ်ကြပါတယ်။

👨🏻‍🦳👵🏻အသက်ကြီးလာပေမဲ့ ကျန်းမာသန်စွမ်းနေဖို့ဆိုရင် အဟာရဓာတ်မျိုးစုံ ပါတဲ့ multivitamin ကို မရှိမဖြစ် လိုအပ်ပါတယ်။

👨🏻‍🦳👵🏻Centrum Silver ကို နေ့စဉ်ပုံမှန် သောက်သုံးပေးခြင်းဖြင့် လိုအပ်သော ဗိုက်တာမင်စုံကို ပံ့ပိုးပေးပါတယ်။

💪ဗီတာမင် D နဲ့ မက်ဂနီဆီယမ် ပါဝင်တဲ့အတွက် ကြွက်သားများကို သန်မာစေတယ်။

❤️B - Vitamin က နှလုံးကြွက်သားကို အားဖြည့်ပေးတယ် အမောဒဏ်ကို ခံနိုင်လာမယ် ။

🧠Zinc က ဦးနှောက် မှတ်ညဏ်ကို အားကောင်းစေတယ် ။

👁️Lutein နဲ့ ဗီတာမင် A,C,E က အမြင်အာရုံကောင်းစေတယ် ။

💊ဗီတာမင် မျိုးစုံပါဝင်တဲ့ ဒီဆေးလေးက ခန္ဓာကိုယ်ကလိုအပ်တဲ့ အဟာရဓာတ်ကို ပြည့်ဝအောင် ထောက်ပံပေးလို့ စားဝင် ၊ အိပ်ပျော်စေပါတယ် ။

အညွှန်း - တစ်နေ့ ၁ လုံး သောက်သုံးနိုင်ပါတယ်

မှာယူလိုပါက Cb or 09950281324 တွင်ဆက်သွယ်မှာယူနိုင်ပါတယ်





"One A Day Multivitamins “ 👉ဒီဆေးကတော့ဆေး၁လုံးမှာရှိသမျှဓာတ်အကုန်ပါဝင်တာနော်။👉သူ့ထဲမှာတော့ Vitamins A, B6, B12, C, D, E,...
24/11/2025

"One A Day Multivitamins “

👉ဒီဆေးကတော့ဆေး၁လုံးမှာရှိသမျှဓာတ်အကုန်ပါဝင်တာနော်။

👉သူ့ထဲမှာတော့ Vitamins A, B6, B12, C, D, E, and K, Riboflavin, Thiamin, Niacin, Folic Acid, Pantothenic Acid, Iodine, Copper, Biotin, Iron, Selenium, Chromium, Calcium, Zinc, and Manganeseများပါဝင်ပါတယ်။

👉သူကတော့နှလုံးကျန်းမာရေးကိုအထောက်အကူပြုတယ်။

👉သွေးပေါင်ချိန်ထိန်းပေးတယ်။

👉ခုခံအားတိုးစေတယ်။

👉ကြွက်သားအားရှိစေတယ်။

👉အစာခြေစနစ်ကောင်းမွန်စေတယ်။

👉တနေကုန်အလုပ်ပင်ပန်းနွမ်းနယ်မှုကိုသက်သာစေတယ်။

👉အရိုးသန်မာစေတယ်။

👉မျက်စိအားကောင်းမွန်စေတယ်။

👉အသားရေကောင်းမွန်စေတယ်။

👉အာရုံကြောအားကောင်းစေတယ်။

👉အိမ်ထာင်ရှင်အမျိုးသား/သမီးများအတွက်လည်းအထူးကောင်းမွန်ပါတယ်။

✅ဆေးတမျိုးမှာအဲ့လောက်အကျိုးအာနိသင်ရှိနေမှတော့အခုဘဲဝယ်သုံးကြည့်စေချင်ပါတယ်နော်။

👉တဗူးမှာအလုံး၃၀၀ပါပါတယ်။

👉တနေ့ကိုတလုံးပဲသောက်ရမှာပါနော်။

✅One a day ကတော့အသက်၅၀အောက်|အသက်၅၀အထက် နှင့် အသက်၆၅အထက် အမျိုးသား/အမျိုးသမီးများအတွက်အထူးထုတ်ထားတာပါနော်။

မှာယူလိုပါက Cb or 09950281324 တွင်ဆက်သွယ်မှာယူနိုင်ပါတယ်











PROBIOTICS SUPPLEMENTProbiotics၏အကျိုးကျေးဇူးများ🥛ပဋိဇီဝဆေး (ပိုးသတ်ဆေး) ကြောင့် ဝမ်းလျောခြင်းကိုကာကွယ်ကုသပေးပါသည်။🥛ကျန်...
23/11/2025

PROBIOTICS SUPPLEMENT

Probiotics၏အကျိုးကျေးဇူးများ
🥛ပဋိဇီဝဆေး (ပိုးသတ်ဆေး) ကြောင့် ဝမ်းလျောခြင်းကိုကာကွယ်ကုသပေးပါသည်။
🥛ကျန်းမာကောင်းမွန်သော ကိုလက်စထရောကို အားပေးပါသည်။
🥛စိတ်ဓာတ်ကျခြင်းနှင့် စိုးရိမ်ပူပန်မှုကို ကင်းဝေးစေပါသည်။
🥛ကိုယ်ခံအားကို တိုးတက်စေပါသည်။
🥛ဝမ်းဗိုက်နာခြင်း၊ အောင့်ခြင်း (အူသိမ်အူမ ရောဂါလက္ခဏာများ) ကိုသက်သာစေပါသည်။
🥛ကိုယ်တွင်း ပြည်တည်နာဖြစ်ခြင်းကို အမြစ်ဖြတ် သုတ်သင်ပေးပါသည်။
🥛ဆီးချိုရောဂါ မဖြစ်အောင်တားဆီးပေးပါသည်။
🥛ဒိုင်ဝါတီခရူလာရောဂါ (အူတွင်း၌ အိတ်ငယ်လေးများ ဖြစ်ပေါ်ခြင်းနှင့် ၎င်းတို့ရောင်ရမ်းခြင်း (သို့) သွေးယိုခြင်း )ကိုထိန်းချုပ်ပေးပါသည် ။
🥛ပိုနေသော ဝမ်းဗိုက်အဆီကိုလျော့ကျစေပါသည်။
🥛အစာကြေညက်စေသည် ဝမ်းမှန်စေပါသည်။
🥛အကျိုးပြုပိုးများ ပြန်လည်ဖြည့်တင်းပေး၍ ရောင်ရမ်းမှုကိုထိန်းချုပ်ပေးပါသည်။
🥛မှိုရောဂါ ကူးစက်ပြန့်ပွားမှု ပမာဏကို လျော့ကျစေပါသည်။
🥛ဗိုက်တာမင်များအား စုပေါင်းညှိနှိုင်း ဆောင်ရွက်မှုစွမ်းရည်ကို တိုးမြင့်ပေးပါသည်။

Probiotic ကိုဝယ်သည့်အခါ ပိုးအမျိုးအစား များများပါသော တံဆိပ်ကိုဝယ်သင့်ပါတယ်။ ဘူးမှာရေးထားတဲ့ Probiotic 10 ဆိုတာ ပိုးအမျိုးအစား 10 မျိုးပါတာကိုပြောတာပါ၊ 20 billion, 30 billion ဆိုတာ Serving size မှာပါတဲ့ ပိုးကောင်ရေကို ပြောတာပါ။

အသက်အလိုက်သောက်ရမည့်နှုန်း
1 နှစ် 2billion
2 နှစ် 4billion
4 နှစ် 8billion
10 နှစ် 12 billion
16 နှစ် 15 billion
16 နှစ်အထက် 20 billion

အစာမရှိချိန် (Empty Stomach) သောက်ပါလို့ ရေးတာရှိသလို၊ အစာနဲ့အတူ (with meal) လို့ရေးထားတဲ့ အမျိုးအစားလဲ ရှိပါတယ် ။ပိုးသတ်ဆေး (antibiotic) သောက်ရင်တော့ ၄နာရီ ခြားပြီး သောက်ရပါတယ်။

Probiotic 10 ဆေးလေးကိုUSA Medical Online Shop တွင်မှာယူလို့ရပါပြီနော်။😊

မှာယူလိုပါက Cb or ph တွင်မှာယူလို့ရပါပြီး။
📞Ph number (09950281324)

Address

Yangon

Website

Alerts

Be the first to know and let us send you an email when U.S.A Medical Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share