Thae Lay

Thae Lay အရမ်းချစ်တယ်Ko Ko.😘😘😘

14/08/2025

အသက်ကြီးမှပိုသိလာတာ
" ကိုယ့်ရှိမှ ကိုယ့်ပိုက်ဆံ" ဆိုတာပဲ

ကိုယ်နဲ့နီးစပ်တဲ့ ဘယ်သူ့ဆီမှာပဲရှိရှိ
သူတို့ရှိတာ သူတို့ပိုက်ဆံပေါ့

ညီအစ်ကိုမောင်နှမတွေ
ဘယ်လောက်ဝင်ငွေကောင်းကောင်း
သူတို့ဆီမှာရှိတာ သူတို့ပိုက်ဆံပဲ
ကိုယ်လိုအပ်လို့ယူလည်း
တခါနှစ်ခါတော့အဆင်ပြေတာပေါ့
နောက်ပိုင်းဆို သူတို့အမြင်တွေပြောင်းလာမှာပဲမဟုတ်လား

အဖေအမေမှာရှိတာ အားမနာရဘူးဆိုပေမယ့်
ဒီအသက်ဒီအရွယ်ထိ မိဘဆီကယူနေရတုန်းဆိုတာ
သူတို့ကဘာမှမဖြစ်ပေမယ့် ကိုယ့်စိတ်ကအဆင်ပြေနေမှာမဟုတ်တာတော့အမှန်ပဲ ။

သူငယ်ချင်း အပေါင်းအသင်းတွေရှိတာကရှိတာပဲ
လိုတုန်းယူ ပြီးရင်ပြန်ဆပ်ရမှာပဲ
လက်ဝါးဖြန့်တောင်းဖို့ဆိုတာ
တွေးတောင်မတွေးရဲတဲ့အလုပ်...

ဒါဆို အိမ်ထောင်ဖက်ဆီကရော ...
"အတူတူသုံးကြမယ်"ဆိုတာ
နားထောင်လို့ကောင်းပေမယ့်
မရှာနိုင်တဲ့လူက ရှာနိုင်တဲ့လူကိုဦးစားပေးရမယ် သည်းခံရမယ် ငွေမရှာနိုင်ရင်ကျန်တဲ့ supporting ပေးနိုင်ရမယ်
ဒါတွေဟာ မဖြစ်မနေသိနေရမယ့်အခြေအနေတွေပေါ့ ...

ဒါ့ကြောင့်
"ကိုယ့်ရှိမှ ကိုယ့်ပိုက်ဆံ"ဆိုတာ အမှန်ပဲ ။

ကိုယ့်ပိုက်ဆံ ကိုယ်သုံးရတဲ့လွတ်လပ်မှုမျိုးက
ဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့မရဘူး

ဘယ်သူ့အထောက်အပံ့မှမပါဘဲ
ဘယ်အခြေအနေမျိုးမှာမဆို
ကိုယ့်ဟာကိုယ်ရပ်တည်နိုင်တာ
လူတစ်ယောက်ရဲ့ ပကတိတန်ဖိုးမဟုတ်လား ။


#စိတ်ခွန်အား #လူငယ် #စာပေ


နှင်းဆီ စာပေ

22/07/2025

အရမ်း
ပွင့်ပွင့်လင်းပြောတတ်တော့
လူမုန်း များသထက်များလာပြန်တယ်

အရမ်း
သဘောကောင်းတော့လည်း
ဘာမဆို လုပ်ပေးရမယ့်ပုံမျိုးဖမ်းလာကြတယ်

အရမ်း
စေတနာထားမိတော့
အဆုံးသတ်မှာ ကိုယ်ပဲရင်နာရတယ်လေ

အရမ်း
နားလည်မှုတွေထားပြန်တော့
နေရာတကာ ဘောင်ကျော်လာချင်ကြတယ်

အရမ်း
အားနာတတ်တော့လည်း
တချို့တချို့တွေက အထက်စီးကဆက်ဆံကြတယ်

ခွင့်လွှတ်
ပေးတာများလာတော့
ဘာမဆို လုပ်ရဲလာကြတယ်လေ

ငြိမ်ခံ
နေတုန်းကတော့အကောင်း
ပြန်ပြောလိုက်မှ ကိုယ့်အမှားဖြစ်သွားတယ်

လိုဘတွေ
ဖြည့်ဆည်းပေးတုန်းတော့အဟုတ်
လိုဘမပြည့်တော့ ရန်တွေ့ဖို့ဝန်မလေးတာလဲရှိတယ်

ပြေပြေလည်လည်
ပြောနေပေမယ့်လည်း
လိုတာထက်အပိုယူချင်တဲ့သူတွေကြောင့်စိတ်တိုရတယ်

ကိုယ့်စိတ်က
အေးချမ်းစွာနေလိုပေမယ့်
စိတ်သဏ္ဍန်ကိုနှောင့်ယှက်လိုတဲ့သူတွေရှိသေးတယ်

နှုတ်ကသာ
အားနာလိုက်တာလို့အပြောချိုပေမယ့်
တကယ်တမ်းကျ အားမနာတတ်ကြတဲ့စိတ်မနောတွေနဲ့ပေါ့

မုသားနဲ့
ကျင့်သားမရတဲ့ကိုယ့်အတွက်
စကားလုံးတွေက မာကြောနေတုန်းပဲလေ

ထစ္ကနဲဆို
ဒေါသဖြစ်လွယ်တဲ့ကိုယ့်အကျင့်ကို
‌ဖြစ်နေ‌တော့ ပြုပြင်ဆင်ချင်ရအုန်းမယ်

အလွယ်တကူ
ခံစားလွယ်တာကိုလည်း
မဖြစ်ဖြစ်အောင် လျော့ချရအုန်းမှာပေါ့

ပြင်းပြတဲ့
စိတ်ခံစားချက်တွေကိုတော့
ဘယ်တော့မှ မမွေးမြူမိအောင်လို့ထိန်းချုပ်ရမယ်

အမြင်မတူတာတွေ
တွေ့တဲ့အခါမှာတော့လည်း
မမြင်ချင်ယောင်ဆောင်ပြီးရှောင်တိမ်းရမယ်

အခက်အခဲတွေ
ဘယ်လောက်ပဲရှိရှိ
ထုတ်ပြတတ်တဲ့အကျင့်ကိုဖျောက်ဖျက်ရမယ်

ခံစားချက်
ပြင်းပြင်းတွေဖြစ်လာရင်လည်း
မြိုချတတ်တဲ့အကျင့်ကို သင်ကြားရအုန်းမယ်

ပြဿနာကို
ထိပ်တိုက်တွေ့လာတဲ့အခါ
ပညာသားပါပါ ရှောင်တတ်ဖို့လိုသေးတယ်မဟုတ်လား

ကိုယ့်ကံကြမ္မာကလည်း
မုန့်ဝေရင်သာ မပါတတ္တာ
ဒုတ်ဝေရင်တော့ ထိပ်ဆုံးကပဲလေ

တခ်ခါတလေတော့လည်း
လောကကြီးမှာကျင်လည်နေရင်းက
အူလှိုက်သည်းလှိုက်ကို
ရယ်မောပစ်လိုက်ချင်တဲ့ အချိန်အခိုက်အတန့်ဆိုတာရှိသေးတယ်။

#စာပေဗဟုသုတများ
#စာအုပ်စာပေလူ့မိတ်ဆွေ


👋 စာပေ Channel လေးပါ 👋

📓 Tele ✓ t.me/sarpay210 📓

26/06/2025

နေတတ်ရမယ်
***********

အခက်အခဲတွေရှိမယ်။
အဆင်မပြေတာတွေရှိမယ်။
ထိခိုက်နာကျင်နေတာတွေရှိမယ်။
ဝမ်းနည်းမျက်ရည်ကျရတဲ့ အချိန်တွေရှိမယ်။
စိတ်ဖိစီးမှုများလွန်းတဲ့အချိန်တွေ ရှိမယ်။

အင်း ဒါပေမယ့် မင်းနေတတ်ရမယ်။
နေတတ်အောင်နေပါ။

ပြောင်းလဲလို့မရတဲ့ အခြေအနေတွေနဲ့
မင်းထိပ်တိုက်တိုးတဲ့အခါ
မင်းမှာရွေးချယ်စရာနှစ်ခုရှိမယ်။
တစ်ခုက မင်းစိတ်ပျက်ညည်းညူနေမှာလား။
နှစ်ခုက အခြေအနေမကောင်းပေမယ့်လည်း မင်းပကတိစိတ်လေးကို ကောင်းအောင် ဆက်ထိန်းထားမှာလား။

မင်းမှတ်ထားဖို့က ပျော်ရွှင်ခြင်း၊မပျော်ရွှင်ခြင်း
ဆိုတာက မင်းရွေးချယ်မှုတွေပေါ်မှာပဲ မူတည်တယ်ဆိုတာကိုပါပဲ။

တခြားအရာတွေထက်
မင်းကိုယ်မင်း ဦးစားပေးရမယ်။
ကျန်းမာရေးဂရုစိုက်ရမယ်။
နေမကောင်းတဲ့အခါ ဆေးသောက်မပျင်းရဘူး။
သဘာဝအလှတရားတွေကို မင်းခံစားတတ်ရမယ်။

မင်းကိုယ်မင်း ပိုချစ်ရမယ်။
မင်းကိုယ်မင်း မထိခိုက်အောင်ဂရုစိုက်ရမယ် ။
အတိတ်ကအဖြစ်အပျက်တွေကို ပစ္စုပ္ပန်ထဲ ထည့်မသိမ်းထားသင့်တော့ဘူး။

မင်းကို နာကျင်စေတဲ့အရာဖြစ်နေရင်••••
မင်းနာကျင်လည်းပဲ လွှတ်ချတတ်ရမယ်။

မင်းကိုယ်မင်း တန်ဖိုးထားရမယ်။
မင်းမှာ အနာဂတ်လှလှလေး ရှိနေရမယ်။
ရည်မှန်းချက်တွေ ရှိနေရမယ်။
လူတွေရဲ့စကားသံတွေ၊ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေကြား မင်းအရှုံးမပေးသွားရဘူး။

မင်းကိုယ်မင်း ယုံကြည်မှုရှိရမယ်။
မင်းကိုယ်မင်း လေးစားတတ်ရမယ်။
မင်းလိုချင်တဲ့ဘဝကို မင်းကိုယ်တိုင် ဖန်တီးနိုင်ရမယ်။
အရေးမပါတာတွေ အရာမပေးဘဲ ဖြစ်သင့်တာတွေ
မဖြစ်သင့်တာတွေ၊ ဖြစ်ချင်တာတွေ၊ မဖြစ်ချင်တာတွေကြားမှာ မင်းအနေအထားကို ချိန်ဆတတ်ရမယ်။

မင်းကိုယ်မင်း သန်မာနေစေရမယ်။
အချစ်တစ်ခုအတွက်နဲ့ ကိုယ့်စိတ်ကိုယ်
အချိန်အကြာကြီး မနာကျင်စေသင့်တော့ဘူး။
မလိုလို့ လွှတ်ချခဲ့တဲ့ လက်တစ်စုံအတွက် အသနားခံမနေသင့်တော့ဘူး။
မင်းအတွက်မင်း ရှိနေရမယ်။

မင်းကိုယ်မင်း တည်ငြိမ်အောင်ထားရမယ်။
စကားလုံးတွေကြောင့် စိတ်ခံစားမှုအတက်အကျ ပြင်းထန်နေတာမျိုး မဖြစ်စေသင့်တော့ဘူး။
မင်းနှလုံးသားရဲ့စကားသံကိုပဲ နားစွင့်သင့်ပြီ။

မင်းကိုယ်မင်း ချစ်တတ်ရမယ်။
မင်းကိုယ်မင်း တန်ဖိုးထားတတ်ရမယ်။
မင်းကိုယ်မင်း တည်ဆောက်တတ်ရမယ်။

မင်းဟာ အရာရာကို စွမ်းဆောင်နိုင်ဖို့ မင်း စိတ်ပျော်ရွှင်မှုတွေ ဆုပ်ကိုင်ထားနိုင်ဖို့•••
ဘယ်လိုခက်ခဲတဲ့အခြေအနေမျိုးတွေပဲ ခံစားရပါစေ။
ဘာပဲဖြစ်ဖြစ် မင်းဟာ နေတတ်ရမယ်။
နေတတ်အောင်လည်းကြိုးစားပါ။
ဘဝဟာ နေတတ်လျှင် ပျော်စရာတွေ အများကြီးပါ၊၊
နေတတ်အောင်ပဲ ကြိုးစားပါ၊၊
နေတတ်ဖို့က စိတ်က အဓိကပါ၊၊

#ဘဝအတွတ်စာဖတ်ပါ
#ခွန်အားရှိသောစာတ်ိုများ
#ဆရာအောင်သင်းစာပေ
#စာပေဗဟုသုတများ


👋 စာပေ Channel လေးပါ 👋

📓 Tele ✓ t.me/sarpay210 📓

25/06/2025
24/06/2025

ကိုယ့်အပေါ်မကောင်းတာကိုသိသားနဲ့
ဘာလို့ကောင်းနေတာလဲ? တဲ့

သိတယ်လေ ကလေးမှမဟုတ်ဘဲ
ကောင်းတဲ့လူတွေရော မကောင်းတဲ့လူတွေရော
အကုန်သိပါတယ်

အစကတည်းက
သူတို့ကောင်းတာကို မျှော်လင့်ပြီး
ကောင်းခဲ့တာမှ မဟုတ်ဘဲ
ကိုယ်တတ်နိုင်သလောက်ကောင်းပေးမယ်လို့ပဲ
စိတ်ထဲရှိတယ်

နေမင်းကြီးက သူ့အလင်းရောင်တွေကို
ဘယ်လောက်ပေးပေး မှိန်သွားမယ် မထင်လို့ပါ

ဒါပေမဲ့
လက်ခံတဲ့သူတွေက တန်ဖိုးထားမယ်ဆိုရင်
တောက်ပတဲ့ အလင်းရောင်တွေနဲ့ပျော်ရွှင်ရပြီး

လက်ခံတဲ့သူတွေက တန်ဖိုးမထား
မသိတတ်ဘူးဆိုရင်တော့
ပူလောင်ခြင်းတွေကိုပဲ သူတို့ရလိမ့်မယ်

ဘယ်အရာမဆို
စေတနာအပြည့်နဲ့ လုပ်ပေးလိုက်ပါ။
လောကကြီးက မျှတပါတယ်။

#ဘဝအတွတ်စာဖတ်ပါ
#ခွန်အားရှိသောစာတ်ိုများ
#ဆရာအောင်သင်းစာပေ
#စာပေဗဟုသုတများ


👋 စာပေ Channel လေးပါ 👋

📓 Tele ✓ t.me/sarpay210 📓

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Thae Lay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category