Smart OET Training Centre

Smart OET Training Centre Useful and reliable Notes and Exam approach techniques for Myanmar Medical Professionals who are goi

✳ ဒီတစ်ပတ် Sunday Live Class ကို Christmas Holiday  အဖြစ်သတ်မှတ်ပေးထားလို့ နောက်တစ်ပတ်မှ Sunday Live အတန်းပြန်ရှိပါမယ်ဗျ...
28/12/2025

✳ ဒီတစ်ပတ် Sunday Live Class ကို Christmas Holiday အဖြစ်သတ်မှတ်ပေးထားလို့ နောက်တစ်ပတ်မှ Sunday Live အတန်းပြန်ရှိပါမယ်ဗျ

Happy Christmas Holiday ပါ 😊

🎄Merry Christmas 🎄 🎄 အားလုံးအတွက် ပျော်ရွှင်ဖွယ် ပိတ်ရက်လေးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျ 😊
25/12/2025

🎄Merry Christmas 🎄
🎄 အားလုံးအတွက် ပျော်ရွှင်ဖွယ် ပိတ်ရက်လေးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျ 😊

✳️"OET  Study Partner"🔸 Smart OET ကနေ OET Eaxm အတွက် ပြင်ဆင်တဲ့အခါမှာ အသုံးဝင်မယ့် နည်းလမ်းတွေကို တင်ပေးနေပါတယ်🔸 ဒီတစ်ခါ...
24/12/2025

✳️"OET Study Partner"
🔸 Smart OET ကနေ OET Eaxm အတွက် ပြင်ဆင်တဲ့အခါမှာ အသုံးဝင်မယ့် နည်းလမ်းတွေကို တင်ပေးနေပါတယ်
🔸 ဒီတစ်ခါတော့ OET Exam Preparation အတွက် အထောက်ကူဖြစ်စေမယ့် နည်းလမ်းတွေထဲက "Seek a Study Partner" ကို ပြောပေးချင်ပါတယ်
🔸 စာအတူတူလုပ်တဲ့ သူငယ်ချင်းရှိရင် ဘာတွေ အထောက်အကူရမလဲဆိုတာကို တစ်ချက်စီပြောပေးထားပါတယ်
✳️ "Benefits of having a Study Partner"
==============================
🔸 1. Partner ရှိရင် စာပုံမှန် လုပ်ဖြစ်ပါတယ်

> တစ်ယောက်ထဲဆို နေ့ည အချိန်ရွှေ့နေတာနဲ့ စာလုပ်ဖို့ ပျင်းတတ်ပါတယ်

> စာအတူလုပ်တဲ့ သူငယ်ချင်းရှိရင် အတူတိုင်ပင်ပြီး စာပုံမှန်လုပ်ဖြစ်ပါတယ်, စာလုပ်ဖို့ Motivation လဲရပါတယ်
🔸 2. သူငယ်ချင်းနဲ့ စာအတူလုပ်ရင် ကိုယ်အားနည်းတဲ့၊ မှားတတ်တဲ့ မေးခွန်းတွေကို ထောက်ပြပေးနိုင်ပါတယ်

> သူ့ လိုအပ်ချက်တွေကိုလဲ ကိုယ်မြင်လို့ ပြင်ပေးတဲ့အခါ ၂ယောက်လုံးအတွက် အကျိုးရှိပါတယ်
🔸 3. ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိလာနိုင်တယ်

> တစ်ယောက်ထဲစာလုပ်တာထက် သူငယ်ချင်းနဲ့ စာပုံမှန်လုပ်ထားရင် စာမေးပွဲမှာလဲ ကိုယ့်အရည်ချင်းကိုယ် ယုံကြည်မှုပိုရှိပါတယ်

> တစ်ယောက်ထဲ ဖြေရှင်းရခက်၊ နားလည်ရခက်နေတတ်တဲ့ စာတွေကို အတူဖြေရှင်းလို့ရပါတယ်

> အခက်ခဲတွေရှိရင်လဲ အချင်းချင်းအားပေးနိုင်လို့ စာလုပ်ရတာပိုအဆင်ပြေနိုင်ပါတယ်
🔸 4. Resources တွေ, Technique တွေ Share လို့ရပါတယ်

> ကိုယ်တစ်ယောက်ထဲ လေ့လာတဲ့အခါ Learning resources တွေကို ရှာဖွေရတာနဲ့အချိန်ကုန်တတ်ပါတယ်

> သူငယ်ချင်းနဲ့ဆို အတူတူတိုင်ပင် ရှာဖွေပြီး ထိရောက်တဲ့ Resources တွေရှာနိုင်ပါတယ်

> ကိုယ်လေ့ကျင့်ထားတဲ့ Technique တွေကိုလဲ အလုပ်ဖြစ်မဖြစ် Share ပေးရင်လဲ စာလုပ်ရတာ ပိုထိရောက်နိုင်ပါတယ်
🔸 5. Target ထားပြီး စာလုပ်ဖြစ်တယ်
> ကိုယ်နဲ့အတူ စာလုပ်မယ့်သူငယ်ချင်းက Exam date တူရင်ပိုကောင်းပါတယ်

> Target date တစ်ခုရှိတော့ အတူတူတိုင်ပင်ပြီး Timetable ဆွဲတာ၊ လေ့ကျင့်တဲ့အချိန်ရွေးတာတွေ ပိုအဆင်ပြေနိုင်ပါတယ်
✳️ သတိထားရမှာက -
🔸တစ်ယောက်နဲ့တစ်ယောက် စာလေ့လာပုံခြင်း မတူတတ်တာမို့ ကိုယ်နဲ့ ကိုယ်ညီတဲ့သူကိုတော့ သေချာရှာရပါမယ်
🔸အတူတူ စာလုပ်တဲ့အခါ အမှားကို ထောက်ပြပြင်ပေးကြမှာမို့ ပွင့်ပွင့်လင်းလင်း ကိုယ်နဲ့စရိုက်တူတဲ့သူမျိုးနဲ့မှ ပိုအဆင်ပြေတတ်ပါတယ်
🔸4 Skills လုံးအတူမလုပ်ဖြစ်ရင်တောင် ကိုယ်တစ်ယောက်ထဲလေ့ကျင့်ရခက်တဲ့ Speaking လို Skill မျိုးကို Partner နဲ့လေ့ကျင့်တာက ပိုထိရောက်နိုင်ပါတယ်
✳️ Exam အတွက် အရေးကြီးတဲ့ နောက်ထပ် အချက်တွေကိုလဲ နောက် Post တွေမှာ ထပ်ပြောပြပေးသွားပါမယ်ဗျ
✳️ ပုံကတော့ ဒီလထဲ Exam result သိရပြီး ၂ယောက်လုံး အတူတူစာလုပ်ပြီး Grade B ရသွားတဲ့ ညီနဲ့ ညီမရဲ့ ဝမ်းသာစကားပါ
Smart OET Training Centre
"Effective OET Exam Preparation"
"Study Smart Series"

✳️ OET Exam Date Announcement (2026)=================================== 🔸OET Exam ကို On Paper ရန်ကုန်မှာ ဖြေလို့ရနေပါပြ...
22/12/2025

✳️ OET Exam Date Announcement (2026)
===================================
🔸OET Exam ကို On Paper ရန်ကုန်မှာ ဖြေလို့ရနေပါပြီ
🔸 On paper Exam centre ရှိလို့ OET Exam ကို အဆင်ပြေပြေနဲ့ ဖြေနိုင်တာမို့ On paper Exam က Candidate တော်တော်များများ ဖြေဆိုတဲ့ နည်းတစ်ခုပါ
🔸သတိပြုရမှာက တစ်လကို (၂)ကြိမ် ပုံမှန်ကျင်းပနေတဲ့ On paper Exam ကို မြန်မာနိုင်ငံမှာ တစ်လ (၁) ကြိမ်ပဲ စစ်ပေးတော့မှာပါ
🔸ဒီလို တစ်လ (၁)ကြိမ်ပဲ စစ်ပေးမှာက မြန်မာနိုင်ငံမှာ စစ်တဲ့ On paper Exam ကိုပဲ ပြောတာပါ
✳ 2026 အတွက် OET On paper Exam Date (Myanmar)ကို Smart Telegram channel မှာ တင်ပေးထားပါတယ်
✳ အဲဒီရက်တွေမှာပဲ Exam ကို book လုပ်ပြီး ဖြေလို့ရပါမယ်
🔸 Exam date နဲ့အတူ Result ထွက်မယ့် ရက်တွေကိုပါ ထဲ့ပေးထားပါတယ်
✳ ဒါကတော့ Smart OET telegram channel link ပါ

✳ t.me/SmartOET

✳ OET နဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ အကြောင်းအရာတွေကို မလွတ်သွားအောင် Join ထားလို့ရပါတယ်ဗျ



📣Brilliant Methods for Writing📣✳️ Smart Premium အတန်းသားများအနေနဲ့ Weekly Live class တွေကို စာမေးပွဲဖြေချိန်ထိ အကန့်သတ်မ...
21/12/2025

📣Brilliant Methods for Writing📣
✳️ Smart Premium အတန်းသားများအနေနဲ့ Weekly Live class တွေကို စာမေးပွဲဖြေချိန်ထိ အကန့်သတ်မရှိပဲ တက်နိုင်ပါတယ်
✳️ ဒီည Weekly Live Lecture အတန်းကတော့ OET Writing ကို Grade B နဲ့အထက် ရဖို့ လက်တွေ့ အသုံးချနိုင်မယ့် ရေးနည်းတွေကို သင်ပေးမယ့် အတန်းပါ
✳️ Weekly Live အတန်းကို တက်ချင်တဲ့ SMART Candidate တွေ ကိုယ့် Facebook Group မှာ တင်ထားတဲ့ Post မှာ Detail ကို ကြည့်လို့ရပါတယ်

✳️ Live class တွေရဲ့ Date တွေကို SMART Monthly Lesson Calendar မှာလဲ ကြည့်ထားလို့ရပါတယ်ဗျ



🔸Special Weekly Live Lecture ("Smart Listening Lab")✳️ ဒီည Weekly Live (Listening) အတန်းချိန် ရှိပါမယ်✳️ ဒီည Weekly Live...
14/12/2025

🔸Special Weekly Live Lecture ("Smart Listening Lab")
✳️ ဒီည Weekly Live (Listening) အတန်းချိန် ရှိပါမယ်
✳️ ဒီည Weekly Live က Listening skill ကို အချိန်တိုအတွင်း တိုးတက်အောင် လေ့ကျင့်နည်းတွေကို ဆွေးနွေးပေးမှာမို့ Listening skill အားနည်းတဲ့သူတွေ သေချာ တက်သင့်ပါတယ်
✳️ Weekly Live အတန်းကို တက်ချင်တဲ့ SMART Candidate တွေ ကိုယ့် Group မှာ တင်ထားတဲ့ Post မှာ Detail ကို ကြည့်လို့ရပါတယ်





🔸 OET Exam ဖြေမယ့် သင်တန်းသားများ Exam Book လုပ်ပြီး ဆရာ့ကို အကြောင်းမကြားရသေးရင် လာပြောပေးထားပါ🔸 Exam အတွက် လိုတာတွေမှာ...
12/12/2025

🔸 OET Exam ဖြေမယ့် သင်တန်းသားများ Exam Book လုပ်ပြီး ဆရာ့ကို အကြောင်းမကြားရသေးရင် လာပြောပေးထားပါ
🔸 Exam အတွက် လိုတာတွေမှာပေးပါမယ်၊ Exam Format Mock Test တွေကိုလဲ ထဲ့ပေးပါမယ်

🔹 Exam booking တင်တော့မယ်ဆိုရင်လဲ ပြောထားပေးပါ

🔹 သိသင့်တာတွေ ပြောပေးပါမယ်
🔸 Exam နဲ့ပတ်သက်လို့ တစ်ခုခုသိချင်တာရှိလဲ ဆက်သွယ်လို့ရပါတယ်

ဒီနေ့တော့ OET Exam preparation အတွက် သတိပြုစရာတစ်ခုကို ပြောပြပေးပါမယ်အဲဒါကတော့စာမေးပွဲကို Exam Format အတိုင်း Mock Test ...
08/12/2025

ဒီနေ့တော့ OET Exam preparation အတွက် သတိပြုစရာတစ်ခုကို ပြောပြပေးပါမယ်

အဲဒါကတော့စာမေးပွဲကို Exam Format အတိုင်း Mock Test တွေနဲ့ သေချာ လေ့ကျင့်ထားဖို့ပါ။

✳️ Mock Test

🔸Mock Test လို့ပြောတဲ့အခါ Skill တစ်ခုချင်းစီကို ခွဲလေ့ကျင့်တာမျိုးထက် စာမေးပွဲဖြေမယ့်နေ့မှာ ဖြေရမယ့် ပုံစံအတိုင်း Listening + Reading + Writing မေးခွန်းတွေကို ဆက်တိုက် ဖြေဆို လေ့ကျင့်တာမျိုးကို ဆိုလိုတာပါ။

🔸ဒီလို Exam Format ပုံစံအတိုင်း လေ့ကျင့်ထားတော့မှ တကယ့်စာမေးပွဲမှာ အသင့်ဖြစ်နေပါမယ်။
ဒီနေရာမှာ အရေးကြီးတာတစ်ခု မှာချင်တာကတော့ စာမေးပွဲကို ပုံစံ ဆက်တိုက်ဖြေဆိုတာမျိုး တစ်ခါမှ မလေ့ကျင့်ဘူး၊ မဖြေဖူးဘဲနဲ့ စာမေးပွဲခန်းထဲ ဝင်သွားလို့မဖြစ်ပါဘူး။

🔸ဘယ်လောက်ပဲကိုယ့်အရည်အချင်းကောင်းတယ်ဆိုဆို စာမေးပွဲပုံစံအတိုင်း အနည်းဆုံးတစ်ကြိမ်မှ မဖြေဖူးထားရင်တော့ တကယ်ဖြေတဲ့အခါ အခက်အခဲတစ်ခုမဟုတ် တစ်ခုတွေ့နိုင်ပါတယ်။

✳️ တစ်ခါတုန်းက Candidate တစ်ယောက်က တော်တော်များများ အဆင်ပြေပြေ လေ့ကျင့်ထားနိုင်ပေမယ့် Letter ရေးတာကို စာရွက်နဲ့ဖြေတဲ့စာမေးပွဲအတွက် ချရေးပြီးလေ့ကျင့်မသွားလိုက်ပါဘူး။
တကယ်ဖြေတဲ့အချိန်ကျတော့ စာရွက်နဲ့ရေးရတဲ့အခါ လက်ရေးနှေးနေပြီး အမှားဖျက်ရာ၊ ပြင်ရာတွေနဲ့ အချိန်မမှီဖြစ်ပြီး အဆင်မပြေဖြစ်တာမျိုးကြုံခဲ့ရဖူးပါတယ်။

✳️ Timing အရေးကြီးပုံ

🔹 Reading Part (C) နောက်ပိုင်းကို ရောက်တဲ့အချိန်မှာ ဖြေဆိုချိန် ၂နာရီနီးပါးရှိပြီမို့ ခက်တဲ့မေးခွန်းတွေနဲ့ ကြုံတဲ့အခါ ‌ခေါင်းပူလာတာမျိုး၊ စဉ်းစားရခက်လာတာမျိုး ဖြစ်တတ်ပါတယ်

🔹 Letter writing ကိုလည်း လေ့ကျင့်ထားတုန်းက ခေါင်းအေးအေးထားပြီး တစ်ပုဒ်ထဲ အချိန်ယူ ရေးခဲ့ရပေမဲ့ စာမေးပွဲဖြေတဲ့အချိန်မှာ နောက်ဆုံးအပိုင်းလည်းဖြစ်၊ အရှေ့က မေးခွန်းတွေ ဖြေထားရတာတွေကြောင့်လည်း ခေါင်းပူနေတာမျိုး ဖြစ်နိုင်တာကြောင့် သေချာ မစဉ်းစားနိုင်၊ မရေးနိုင် ဖြစ်တတ်ပါတယ်။

✳️Types of Exam

🔸နောက်တစ်ချက် သတိပြုဖို့က OET on Paper နဲ့ OET on Computer ဆိုပြီးဖြေပုံ ဖြေနည်းနှစ်မျိုးရှိပါတယ်။

🔸ကိုယ်ကစာရွက်နဲ့ဖြေမယ်ဆိုရင်တော့ မေးခွန်းကို စာရွက်နဲ့ထုတ်ပြီး စာမေးပွဲအချိန်အတိုင်း အတိအကျ လေ့ကျင့်သွားသင့်ပါတယ်။ ကိုယ်က Computer နဲ့ ဖြေမယ်ဆိုရင်တော့ Computer မှာ Software နဲ့ စာမေးပွဲ မေးခွန်းပုံစံမျိုး ဖြေဆို လေ့ကျင့်သွားသင့်ပါတယ်

🔸အဲဒီလိုလေ့ကျင့်ဖို့ Sample ပုံစံမေးခွန်းတွေကို OET official Website မှာ Download လုပ်ပြီးတော့ ဖြေကြည့်လို့ရပါတယ်။ Computer method ဖြေမယ်ဆိုရင်လည်း OET Website မှာ ကိုယ့် Computer နဲ့သွားလေ့ကျင့်ထားလို့ရပါတယ်

🔸ဆရာ့ သင်တန်းသားတွေအတွက် သီးသန့်စီစဉ်ပေးထားတဲ့ Smart Website မှာလဲ စာမေးပွဲပုံစံမေးခွန်း (၁၅) စုံ နဲ့ နောက်ထပ် မေးခွန်းအသစ်တွေပါ လေ့ကျင့်လို့ရအောင် စီစဉ်ပေးထားလို့ သေချာ လေ့ကျင့်သွားမယ်ဆိုရင် စာမေးပွဲအတွက် လုံလောက်ပါတယ်

✳️ စာမေးပွဲပုံစံလေ့ကျင့်ခြင်းအားဖြင့်ရလာမယ့် အကျိုးကျေးဇူးတွေများစွာရှိပါတယ်။ မေးခွန်းပုံစံကို စနစ်တကျမှီ ဖြေဆိုတတ်သွားမယ်။ ဖြေဆိုဖူးသွားပါမယ်။ နောက်အရေးပါတဲ့ တစ်ချက်ကတော့ အချိန်နဲ့ လေ့ကျင့်ထားလို့ စာမေးပွဲမှာ အချိန်မလောက်တာမျိုး၊ မေးခွန်းတွေကျန်ခဲ့တာမျိုး ရှောင်နိုင်ပါလိမ့်မယ်။

✳️ ပြီးတော့ အချိန်ကိုက်လေ့ကျင့်ထားလို့ ခက်တဲ့မေးခွန်းတွေနဲ့ကြုံတဲ့အခါကျ ဘယ်လိုဖြေရှင်းရမယ်ဆိုတာ ကြိုတင်စဉ်းစားထားလို့ရပါတယ်။ ဒါကြောင့် စားပွဲမေးခွန်းပုံစံနဲ့ မဖြစ်မနေကျင့်ထားဖို့လိုပါတယ်။

ဆရာအနေနဲ့ကတော့အနည်းဆုံးမေးခွန်းသုံးစုံ စာမေးပွဲအချိန်အတိုင်း လေ့ကျင့်သွားဖို့တိုက်တွန်းလိုပါတယ်
==============================================================
✳️ OET Exam နဲ့ ပတ်သက်ပြီး သိသင့်တဲ့ အချက်တွေနဲ့ ဖြေဆိုနည်းတွေကို သီးသန့်တင်ပေးနေတဲ့ Smart OET telegram channel ကိုလည်း ထားလို့ရပါတယ်

ရှေ့လျှောက် Telegram channel မှာလည်း တင်ပေးသွားပါမယ်ဗျ

>>>https://t.me/+lM1OekExzE45MTc9




📣Reading Mastery Class📣✳️ Smart Premium အတန်းသားများအနေနဲ့ Weekly Live class တွေကို စာမေးပွဲဖြေချိန်ထိ အကန့်သတ်မရှိပဲ တက...
07/12/2025

📣Reading Mastery Class📣
✳️ Smart Premium အတန်းသားများအနေနဲ့ Weekly Live class တွေကို စာမေးပွဲဖြေချိန်ထိ အကန့်သတ်မရှိပဲ တက်နိုင်ပါတယ်
✳️ ဒီည Weekly Live Lecture အတန်းကတော့ OET Reading ကို Grade B ရဖို့ လက်တွေ့ အသုံးချနိုင်မယ့် နည်းလမ်းတွေကို သင်ပေးမယ့် အတန်းပါ
✳️ Weekly Live အတန်းကို တက်ချင်တဲ့ SMART Candidate တွေ ကိုယ့် Facebook Group မှာ တင်ထားတဲ့ Post မှာ Detail ကို ကြည့်လို့ရပါတယ်

✳️ Live class တွေရဲ့ Date တွေကို SMART Monthly Lesson Calendar မှာလဲ ကြည့်ထားလို့ရပါတယ်ဗျ



✳️ ACE Program (Advanced Curriculum for the Exam)=================================================🔸 OET Exam ဖြေမယ့် Can...
02/12/2025

✳️ ACE Program (Advanced Curriculum for the Exam)
=================================================
🔸 OET Exam ဖြေမယ့် Candidate များအတွက် ACE Program (12/2025) December အတန်းသစ် (4.12.25) Thursday ည စပါပြီ
🔸 ACE Program က OET Exam မှာ လိုချင်တဲ့ Grade ရအောင် ဖြေဆိုနိုင်ဖို့ Intensive Training ပေးမယ့် Program ပါ
✳️ Free Register လုပ်ချင်တဲ့ သင်တန်းသားများ Page messenger ကနေ လာပြောပေးပါဗျ
✳️Program Detail နဲ့ Timetable တွေကို ပို့ပေးပါမယ်

30/11/2025

🔸Special Weekly Live Lecture ("BMW Brilliant Methods for Writing")
✳️ ဒီည Weekly Live (BMW) အတန်းချိန် ရှိပါမယ်
✳️ ဒီည Weekly Live က Writing skill ကို အချိန်တိုအတွင်း တိုးတက်အောင် လေ့ကျင့်နည်းတွေကို ဆွေးနွေးပေးမှာမို့ Writing skill အားနည်းတဲ့သူတွေ သေချာ တက်သင့်ပါတယ်
✳️ Weekly Live အတန်းကို တက်ချင်တဲ့ SMART Candidate တွေ ကိုယ့် Group မှာ တင်ထားတဲ့ Post မှာ Detail ကို ကြည့်လို့ရပါတယ်





🔸ဒီနေ့အတွက် Quiz လေး တစ်ခုတင်ပေးလိုက်ပါတယ်Hint >>> ✳️Start with "M"ကြိုးစားဖြေကြည့်ပါဦးဗျ🔸 နောက်နေ့ ည (၈) နာရီမှာ အဖြေကိ...
27/11/2025

🔸ဒီနေ့အတွက် Quiz လေး တစ်ခုတင်ပေးလိုက်ပါတယ်
Hint >>> ✳️Start with "M"
ကြိုးစားဖြေကြည့်ပါဦးဗျ
🔸 နောက်နေ့ ည (၈) နာရီမှာ အဖြေကို Comment မှာ တင်ပေးသွားမှာပါ
✳️ ပေးထားတဲ့ ပုံလေးခုက တူညီတဲ့ အကြောင်းရာ တစ်ခုနဲ့ ဆက်စပ်နေပါတယ်
ပုံ(၄)ပုံကို ကြည့်ပြီး symptom or diagnosis ကို ခန့်မှန်းကြည့်ပါဗျ ✳️
🔸Guessing Word🔸
============================
✳️Start with "M"
✔️နောက်နေ့ ည 8 နာရီမှာ အဖြေကို Comment မှာ တင်ပေးမှာမို့ လာတိုက်ကြည့်နိုင်ပါတယ် ✔️

Address

Yangon
11111

Alerts

Be the first to know and let us send you an email when Smart OET Training Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Smart OET Training Centre:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

OET Preparation for Myanmar Medical Professionals

PLAB ဖြေမှာလား❓

AMC အတွက်လား ❓

✳️✳ ဘာပဲဖြေဖြေ English Language အတွက် OET ရှိနေပါပြီ

✳️ OET စာမေးပွဲဆိုတာ ....