ဖြူစင်မေတ္တာအထွေထွေရောဂါကုဆေးခန်း

  • Home
  • Myanmar
  • Yangon
  • ဖြူစင်မေတ္တာအထွေထွေရောဂါကုဆေးခန်း

ဖြူစင်မေတ္တာအထွေထွေရောဂါကုဆေးခန်း မိဘပြည်သူများခံစားနေရသည့်ဝေဒနာမျာ?

ဖြူစင်မေတ္တာဆေးခန်းမှာ အသေးစားခွဲစိတ်မှုထဲကတစ်ခုဖြစ်တဲ့ အရေပြားပေါ်မှာပေါက်နေတဲ့အသားပိုကိုခွဲထုတ်ထားတဲ့ပုံပဲဖြစ်ပါတယ်။သွ...
31/03/2022

ဖြူစင်မေတ္တာဆေးခန်းမှာ အသေးစားခွဲစိတ်မှုထဲကတစ်ခုဖြစ်တဲ့ အရေပြားပေါ်မှာပေါက်နေတဲ့အသားပိုကိုခွဲထုတ်ထားတဲ့ပုံပဲဖြစ်ပါတယ်။
သွေးလုံးဝမထွက်ပဲခွဲထုတ်နေနိုင်ပြီဆိုတာလေးလှမ်းအကြောင်းကြားတာပဲဖြစ်ပါတယ်။

မိဘပြည်သူများအားလုံး အခုဆိုရင် မြန်မာနိုင်ငံမှာရောဂါပေါင်းစုံကိုဖြစ်နေပါတယ်။ အခုတလောဆိုရင်ဖြင့်နွေရာသီရဲ့ပူအိုက်နှုန်းကလ...
12/03/2022

မိဘပြည်သူများအားလုံး အခုဆိုရင် မြန်မာနိုင်ငံမှာရောဂါပေါင်းစုံကိုဖြစ်နေပါတယ်။ အခုတလောဆိုရင်ဖြင့်နွေရာသီရဲ့ပူအိုက်နှုန်းကလည်းအစဆိုပေမယ့်တော်တော်ဆိုးဆိုးကိုပူနေတာအားလုံးအသိပါပဲ။
ပူလာတာနဲ့အမျှ ရာသီအကူးပြောင်းမှာအဖြစ်များတဲ့ရာသီတုပ်ကွေးတွေလည်း အခုဆိုရင်ဆေးခန်းမှာတော်တော်များများကိုတွေ့လာနေရပြီပဲဖြစ်ပါတယ်ဗျာ။ ဒါ့ကြောင့်ကိုဗစ်ပိုးရန်တွေကလည်း သတိထားနေရသည့်ကြားထဲနောက်တစ်မျိုးပါထပ်ပေါ်လာတော့တစ်ပူပေါ်နှစ်ပူဆင့်နေပါတယ်ဗျာ။
ကာကွယ်ခြင်းသည်ကုသခြင်းထက်ပိုကောငါ်းသည်ဆိုသည့်အလျောက် ရာသီတုပ်ကေံးအဖြစ်များသည့်အချိန်ဆိုလျှင် ကာကွယ်ဆေးကိုကြိုထိုးထားခြင်းကတုပ်ကွေးဖြစ်မှကုသခြင်းထက် စရိတ်ကော ဝေဒနာပါပိုမိုသက်သာမှာဖြစ်ပါတယ်။
ဖြူစင်မေတ္တာဆေးခန်းမှာအခုဆိုရင် ရာသီတုပ်ကွေးကာကွယ်ဆေးများကိုပါစျေးနှုန်းသင့်တင့်စွာနဲ့ထိုးနှံနိုင်ပါပြီလို့သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ။
မိဘပြည်သူများအားလုံးကျန်းမာချမ်းသာကြပါစေ။

#ရာသီတုပ်ကွေးကာကွယ်ဆေး

#ဖြူစင်မေတ္တာအထွေထွေရောဂါကုဆေးခန်း

သမိုင်းအမှတ် (၁)ရပ်ကွက်၊ (၇)လမ်း ပထမအဖြတ်၊မရမ်းကုန်းမြို့နယ်။

📞 09427146973

📧 phyusinmyitta@gmail.com

24/02/2022

ဖေဖော်ဝါရီ ၂၄၊ ၂၀၂၂ - Omicron မျိုးကွဲသစ်တွေ့အပြီး ကိုဗစ်အဖြစ်များလာတာ၊ ဘယ်လို အဖျားမျိုး ပြန်တက်လာတာပါလဲ။ ဘယ်လိ...

အမျိုးတို့ရေ အောက်မှာပုံနှစ်ပုံယှဉ်ပြထားတယ်နော်။Covid ကာကွယ်ဆေးထိုးပြီးသားသူတွေနဲ့ မထိုးရသေးတဲ့သူတွေ ရောဂါကူးစက်ခံရပြီးန...
21/02/2022

အမျိုးတို့ရေ အောက်မှာပုံနှစ်ပုံယှဉ်ပြထားတယ်နော်။
Covid ကာကွယ်ဆေးထိုးပြီးသားသူတွေနဲ့ မထိုးရသေးတဲ့သူတွေ ရောဂါကူးစက်ခံရပြီးနောက်ပိုင်း အဆုတ်ပျက်စီးပုံတွေကိုယှဉ်ပြထားတာပါ။
ဒါ့ကြောင့်ကာကွယ်ဆေးကိုထိုးသင့်ပါတယ်နော်။
အခုမြန်မာနိုင်ငံမှာလည်း ဥမ္မာခင်ကတော်တော်သောင်းကျန်းနေပြီဆိုတော့ ရောဂါမကူးစက်အောင်တော့တော်တော်ကိုသတိထားနေကြရပါမယ်။ ရောဂါမဖြစ်ခင်ကြိုတင်ကာကွယ်ဆေးလေးတော့အမှီပြေးထိုးထားကြနော်။

အခု ဖြူစင်မေတ္တာဆေးခန်းမှာ Covid-19 ကာကွယ်ဆေး ကို ပထမ၊ ဒုတ်ိယ ၊ Booster Dose တွေဆိုပြီး စျေးနှုန်းချိုသာစွာနဲ့ထိုးပေးနေပါပြီဆိုတဲ့သတင်းကောင်းလာပေးတာပါ။
ဆေးထိုးမယ်ဆိုရင်တော့ ထိုးမယ်ဆေးက အခုလက်ရှိဖြစ်ပွါးနေတဲ့ရောဂါကိုကာကယ်ရဲ့လားဆိုတာလည်း သေချာလေ့လာသင့်ပါတယ်နော်။
ဖြူစင်မေတ္တာဆေးခန်းမှာတော့ ကာကွယ်ဆေးအနေနဲ့ ကို ဆေးခန်းမှာလာထိုးလျှင်စျေးနှုန်း ၃၅၀၀၀ ကျပ်တည်းနဲ့ထိုးပေးနေပြီ ဖြစ်တဲ့အတွက်အခုပဲ စာရင်းပေးသွင်းနိုင်ပါပြီ။
အိမ်တိုင်ရာရောက်ထိုးမယ်ဆိုလည်းအဆင်ပြေသင့်တင့်တဲ့စျေးနဲ့ထိုးပေးနေပါပြီ။

ဆက်သွယ်ရန်။

ဖြူစင်မေတ္တာအထွေထွေရောဂါကုဆေးခန်း

သမိုင်းအမှတ်(၁)ရပ်ကွက်၊ (၇) လမ်း၊ ပထမအဖြတ်၊ မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့၊

📞 09427146973

📧 phyusinmyitta@gmail.com


18/02/2022

ဖေဖော်ဝါရီ ၁၇၊ ၂၀၂၂ - မြန်မာနိုင်ငံမှာ Omicron မျိုးကွဲသစ်တွေ့အပြီး ဖြစ်ပွားနှုန်း တက်လာတဲ့ ကိုဗစ်လှိုင်းထဲ၊ ကိုယ်...

သေချာဖတ်စေချင်ပါတယ်။
15/02/2022

သေချာဖတ်စေချင်ပါတယ်။

Booster dose ထိုးကြရမလား?
———————————————

(❌❌❌ယခု Page မှာ တင်ပြထားခဲ့ပြီးသော စာများ၊ ပုံများအား ကူးယူဖော်ပြခွင့် မပြုပါခင်ဗျာ။ လွတ်လပ်စွာ ရှဲနိုင်ပါသည်။)

✍️ Boosterမထိုးဘဲ နေလို့ရသလား ?

Booster dose က လူတိုင်း ထိုးကိုထိုးရပါမယ်။ ထပ်ပြောပါမယ် ထိုးကိုထိုးရမှာနော်။ WHO interim statement မှာ booster ထိုးဖို့ အနှစ်ချုပ်ရေးပေးထားပါတယ်။ နိုင်ငံပေါင်း ၁၂၆ နိုင်ငံမှာ booster ထိုးဖို့ တရားဝင်ခွင့်ပြုထားပြီးပါပြီ။ လက်ရှိ နိုင်ငံ ၁၂၀ ကျော်မှာ ရက်ချိန်းပေးပြီး ထိုးနေကြပါပြီ။ ဆင်းရဲတဲ့နိုင်ငံတွေမှာ (အဲ့ဒါ မြန်မာနိုင်ငံကို ပြောချင်တာ သိတယ်) booster vaccination program ဆိုပြီး တိတိကျကျထုတ်ပြန်ကြေညာချက်မရှိဘဲ ကိုယ့်အစီစဉ်နဲ့ကို ထိုးနေကြပါတယ်။

စာဆန်ဆန် အနှစ်ချုပ်ရရင် ( WHO Regulatory authorities and advisory bodies have thus assessed a favourable benefit risk ratio of booster vaccination at an individual level) အဲ့လိုရေးထားပါတယ်။ အများကြီး မဖတ်ချင်တော့ရင် ထိုးရမယ်ဆိုတာပဲ မှတ်ထားပေးပါ။

✍️ ဘယ်ဆေးကို booster ထိုးရမှာလဲ?

Australia - Pfizer, Moderna, AstraZeneca အသက်၁၈ နှစ်ပြည့်ပြီးသူများ ဒီ၃မျိုးထဲက ၁မျိုးကို 4-6months အတွင်းထိုးခိုင်းပါတယ်။ Preferred booster is Pfizer or Moderna (50ug) irrespective of Primary Covid vaccine.

United Kingdom - UK-JCVI updated advice အရ ၃လခြားပြီး (၁၈နှစ်အထက်) booster ထိုးနိုင်။ Pfizer, Moderna, AstraZeneca ပဲရပါမယ်။ Heterologous vaccination (different vaccine combination) ပေးရင် well tolerated and stronger immune response ဖြစ်တယ်လို့ ကောက်ချက်ချပါတယ်။

US CDC - Pfizer, Moderna, J$J/Janssen အသက်၁၈ နှစ်ပြည့်ပြီးသူတွေ ဒီ၃မျိုးထဲကပဲ ထိုးခွင့်ရှိပါမယ်။ Pfizer က အသက်၁၂ အထက်ဆိုရင်ကို ထိုးလို့ရပြီ။ Primary vaccine J&J ထိုးထားတဲ့သူတွေက ၂လပြည့်ရင် အပေါ်၃မျိူးထဲက ကြိုက်ရာထိုး (prefer mRNA)။ mRNA သမားတွေက ၅လပြည့်မှပဲ booster ထိုးခိုင်းပါတယ်။

Canada - Pfizer or Moderna ၂မျိုးပဲ booster အဖြစ်သတ်မှတ်ပါတယ်။ ၁၈နှစ်ပြည့်ပြီးသူများ ၃လကြာရင် booster အဖြစ် mRNA vaccine တမျိုးမျိုးထိုးနိုင်။

Singapore MOH - Pfizer or Moderna ၂မျိုး ပဲ booster အဖြစ်သတ်မှတ်ပါတယ်။ Primary vaccine ကို Sinopharm/sinovac ထိုးတဲ့သူကလွဲရင် (၃လအကြာ booster ပြန်ထိုး) အခြား EUA vaccine (mRNA, Covidshield, Covaxin, J$J) ထိုးတဲ့သူမှန်သမျှ ၅လကြာမှ booster ထိုးခိုင်းပါတယ်။

India current practice - India national program မှာ Covishield and Covaxin ၂မျိုးပဲ Primary vaccine အနေနဲ့ သုံးပါတယ်။ Booster ထိုးဖို့ကို လက်ခံပါတယ်။ ၆လခြားပြီးတော့မှပဲ ထိုးခိုင်းပါတယ်။ ထိုးတဲ့အခါ Homologous vaccination (ပထမတုန်းက ထိုးခဲ့တဲ့အတိုင်း same vaccine) ကိုပဲ ခွင့်ပြုထားပါတယ်။ Mix-and-match vaccine ကို လက်မခံသေးပါ။ Why same vaccine 6months apart? (Source: indianexpress)
1. WHO current standard အရ homologous သည် safe အဖြစ်ဆုံး။
2. အရင်ထွက်ရှိပြီးသား Vaccine တွေ ပြန်ကြည့်ရင်လည်း booster ထိုးတဲ့အခါ homologous vaccine ပဲ ပြန်ထိုးကြတာပဲတဲ့။
3. သူတို့ထိုးနေကြတဲ့ Covishield, Covaxin အတွက် mix-and-match vaccination ကလည်း limited data နဲ့ satisfactory protection မပြနိုင်လို့ အင်တင်တင်။
4. Covid waning effectiveness (preexisting antibodies ရော memory cells ရော ကျဆင်းလာ) ကြောင့် same vaccine ပြန်ထိုးရင် memory cells enhancer ပိုဖြစ်မယ်လို့ ဆိုတယ်။

အနှစ်ချုပ်ဖော်ပြရရင် ကိုယ့်နိုင်ငံရဲ့ ကျန်းမာရေးအဆင့်အတန်းရယ်၊ available supply အရ ကြီးကြီးမားမားတွေ မျှော်မှန်းလို့တော့မရပါဘူး။ အနည်းဆုံး India လောက်ကိုပဲ safe side ယူပြီး ထိုးကြမလားဆိုတာ စဉ်းစားစရာပါ။ စင်ကာပူက လက်ရှိ National Vaccination Program မှာ mRNA vaccine တွေ သုံးနေကြတာ။ ဒီတော့ ကျနော်တို့နိုင်ငံလည်း mRNA vaccine ထိုးနိုင်တဲ့အခြေနေဆိုရင်တော့ တိကျတဲ့အကိုးအကားတွေနဲ့ပြောနိုင်ပါမယ်။ ဒီလိုမဟုတ်ဘဲ improvise လုပ်နေရတဲ့အချိန်မှာ ဟိုတစ်စ ဒီတစ်စ ဆွဲထုတ်ပြီးတော့ပဲ sensible advice နဲ့ပဲ ရှေ့ဆက်ကြရမှာပါပဲ။ ထိုးရမှာလားဆိုရင် ထိုးကိုထိုးရမှာ။ Booster Timing and vaccine choice ကတော့ mRNA vaccine study တွေက ပိုများနေလို့ အခြား EUA vaccines အတွက်တော့ပြောရခက်ပါတယ်။

Dr. Aung Min Thu
15.February.2022

References
——————

✍️Indian current practice

https://indianexpress.com/article/explained/selecting-the-booster-vaccine-coronavirus-7716752/lite/

✍️Ireland current practice

https://www.nidirect.gov.uk/articles/get-covid-19-vaccination-and-booster-northern-ireland -0

✍️Wales current practice

https://gov.wales/covid-19-vaccination-booster

✍️Scotland current practice

https://www.nhsinform.scot/covid-19-vaccine/the-vaccines/coronavirus-covid-19-booster-vaccination

Canada current practice

https://www.health.gov.on.ca/en/pro/programs/publichealth/coronavirus/docs/vaccine/COVID-19_vaccine_third_dose_recommendations.pdf

✍️US current practice

https://www.cdc.gov/coronavirus/2019-ncov/vaccines/booster-shot.html

✍️WHO mix and match

https://www.reuters.com/business/healthcare-pharmaceuticals/who-makes-interim-recommendations-mixing-matching-covid-19-vaccines-2021-12-16/

Australia current practice

https://www.health.gov.au/resources/publications/atagi-recommendations-on-the-use-of-a-booster-dose-of-covid-19-vaccine

✍️Mixing and matching of COVID booster dose

https://www.aarp.org/health/conditions-treatments/info-2021/mixing-matching-covid-vaccines.html

Photo crd;

08/02/2022

Copied from Unicef Myanmar

ကာကွယ်ဆေးထိုးပြီးသော်လည်း COVID-19 ကူးစက်နိုင်ပါသေးတယ်။ ဒါပေမယ့် ပျော့ပျောင်းတဲ့ ရောဂါလက္ခဏာတွေပဲ ခံစားရနိုင်ပါတယ်။

ကာကွယ်ဆေးထိုးပြီးသည့်တိုင် ကိုယ်ကိုယ်တိုင်၊ ကိုယ့်မိသားစုနဲ့ သူငယ်ချင်းများကို ကာကွယ်ရန် ကြိုတင်ကာကွယ်မှုများကို ပြုလုပ်ဖို့ အမြဲသတိရပါ။

It is possible to get ill with COVID-19 even after you are vaccinated. However, your symptoms are much more likely to be mild.

Always REMEMBER to take precautions to protect yourself, family, and friends, even after getting vaccinated!

03/02/2022

WHO မှ အတည်ပြုထားသော ကာကွယ်ဆေးများသည် COVID-19 ကူးစက်မှုကြောင့် ပြင်းထန်သော အကျိုးဆက်များ၊ ဆေးရုံတက်ကုသခံယူခြင်းနှင့် သေဆုံးခြင်းတို့ကို ကာကွယ်ရာတွင် အလွန်ထိရောက်မှုရှိပါတယ်။

ဒါကြောင့် ကာကွယ်ဆေးရရှိတာနဲ့ တစ်ခါတည်း ဆေးထိုးရန် အရေးကြီးပါတယ်။

WHO-approved vaccines are highly effective in preventing severe consequences, hospitalization, and death due to COVID-19 infection.

That’s why it’s important to get vaccinated as soon as one becomes available to you!

ဖြူစင်မေတ္တာဆေးခန်းမှ- ကိုဗစ်ကာကွယ်ဆေး၊- အသည်းရောင်အသားဝါရောဂါ (ဘီပိုး)     ကာကွယ်ဆေး၊- ရာသီတုပ်ကွေးကာကွယ်ဆေး နှင့်- ခွေ...
01/02/2022

ဖြူစင်မေတ္တာဆေးခန်းမှ

- ကိုဗစ်ကာကွယ်ဆေး၊

- အသည်းရောင်အသားဝါရောဂါ (ဘီပိုး)
ကာကွယ်ဆေး၊

- ရာသီတုပ်ကွေးကာကွယ်ဆေး နှင့်

- ခွေးရူးပြန်ရောဂါကာကွယ်ဆေး၊

စသည်တို့ကိုစျေးနှုန်းသက်သာစွာဖြင့်ထိုးနှံပေးနေပါပြီ။
(အိမ်တိုင်ရာရောက်ထိုးနှံရန်လည်းကြိုတင်စာရင်းပေးနိုင်ပါသည်။)

ဒီကနေ့ပြောပြချင်တဲ့အကြောင်းကတော့ အခုမြန်မာနိုင်ငံမှာအရမ်းခေတ်စားနေတဲ့ “စပ်ဆေး” အကြောင်းပါပဲဗျာ။ကျွန်တော်ဆွေးနွေးမယ့်အကြေ...
25/01/2022

ဒီကနေ့ပြောပြချင်တဲ့အကြောင်းကတော့ အခုမြန်မာနိုင်ငံမှာအရမ်းခေတ်စားနေတဲ့ “စပ်ဆေး” အကြောင်းပါပဲဗျာ။

ကျွန်တော်ဆွေးနွေးမယ့်အကြောင်းတွေကတော့

1. စပ်ဆေးဆိုတာ?
2. ဘာတွေပါသလဲ?
3. ထိရောက်မှုကောရှိရဲ့လား?
4. ဆိုးကျိုးတွေကော?
5. ဘာလို့ပြည်သူအများစုကစပ်ဆေးတွေကိုအားကိုးနေရသလဲ?
6. ဘယ်လိုတားဆီးပြီး ပိုကောင်းအောင်လု် မလဲ?

စတာတွေပဲဖြစ်ပါတယ်။

ကဲ…….. အဲ့ဆိုစလိုက်ကြရအောင်။

1. စပ်ဆေးဆိုတာ?

ဒါကတော့ရှင်းပါတယ်၊ ဆေးတွေကို ဟိုတစ်မျိုး ဒီတစ်မျိုးရောရာပြီးစပ်ထားတဲ့ဆေးထုပ်တွေပါပဲ။

2. ဘာတွေပါသလဲ?

ပါဝင်တဲ့ဆေးတွေကတော့ အစုံပါပဲ၊ အကိုက်ခဲပျောက်ဆေးများ၊ ပိုးသတ်ဆေးများ၊ အရောင်ကျဆေး (Steroids) များ၊ စသည်ဖြင့်ရှုပ်ယှက်ကိုခက်နေတော့တာပါပဲ။

3. ထိရောက်မှုကောရှိရဲ့လား?

ဆေးဆိုင်တွေမှာလူနာတွေလာလာပြောနေကျစကားတစ်ခုရှိတယ်။ “နင်တို့ဆေးဆိုင်က စပ်ပေးတဲ့ဆေးအရမ်းကောင်းတာပဲ၊ တစ်ချက်တည်းပျောက်တယ်” ဆိုပြီးခဏ ခဏကြားနေရတယ်ဗျာ။
ထိရောက်မှာရှိလားဆိုတဲ့ မေးခွန်းပြန်မဖြေခင် ကျွန်တော်တစ်ခုရှင်းပြပါရစေ။
ဆေးဆိုင် (ကျနော်တို့အပြော ကွမ်းယာဆိုင်) တွေကပေးနေတဲ့ဆေးဆိုတာ လူနာကိုတည့် / မတည့် မမေးပါဘူး၊ ဆေးကအနာနဲ့လိုက်မလိုက်မသိပါဘူး၊ ပြီးတော့ရောင်းနေတဲ့သူတွေကိုကြည့်လိုက်တော့လည်း ၃-၄ လလောက်အပြင်ကဆေးဝါးသင်တန်းတက်ပြီးဖွင့်နေတဲ့သူတွေများပါတယ်။ ပြီးတော့ရောသမမွှေဆေးတွေထည့်ထားတော့ Machine Gun Therapy လို့ပြောပြောနေတဲ့ ရမ်းသမ်းပေးမှုသာဖြစ်ပါတယ်၊ပိုဆိုးတာက steroids အရောင်ကျဆေးများပါထည့်ထားတဲ့အတွက် ရောဂါကိုမပျောက်ကင်းပဲ လက္ခဏာကိုသာ ယာယီဖုံးဖိထားလိုက်လို့ ခဏတာပျောက်ကင်းတယ်ဆိုတဲ့ အယူမှားကိုလူနာများက ခံစားမိနေတာဖြစ်ပါတယ်။
ပြီးရင် ရောဂါက အထဲမှာ ဆတိုးခံစားနေရတာကြာရင်ပိုဆိုးလာမှာဖြစ်ပါတယ်။
ဆေးပေးရာမှာလည်းပြည်တွင်းမှာကော နိုင်ငံတကာမှာရှိတဲ့ဆေးပညာရှင်ကြီးတွေရဲ့ လမ်းညွန်ချက် (Guideline) တွေနဲ့လည်းမညီတာအတွက်ကြောင့် ကောင်းကျိုးထက်ဆိုးကျိုးသာပိုနေတယ်လို့ပြောရမှာပါပဲ။

4. ဆိုးကျိုးတွေကကော?

ဆိုးကျိုးတွေကတော့တပုံကြီးပါပဲ။
ပိုးသတ်ဆေးတွေပါမယ်ဆိုရင် ၊ သောက်ရမယ့် ပမာဏ၊ အကြိမ်အရေအတွက်၊ အချိန် ၊ စတာတွေမမှန်ကန်တော့ ပိုးသတ်ဆေးယဉ်ပါးတာတွေဖြစ်လာပါတယ်၊
အရောင်ကျဆေး ( Steroids ) တွေပါလာတဲ့အတွက် ဆိုးကျိုးအများကြီးပါ
( အသေးစိတ်ကိုသီးသန့် စာရေးတင်ပါ့မယ်)

5. ဘာလို့ပြည်သူအများစုကစပ်ဆေးတွေကိုအားကိုးနေရသလဲ?

လွယ်ကူလို့ - ဆေးခန်းသွားရင်စောင့်ရတယ်၊
စရိတ်များတယ်။ ဆေးဆိုင်မှာကပြောလိုက်ရင်ရတယ်၊
ချက်ချင်းသက်သာတယ်။

မတတ်နိုင်လို့ - ဆေးအများကြီးပေးလိုက်တော့စျေးကများသွားတယ်၊ ပိုက်ဆံ
မတတ်နိုင်ဘူး။ဆေးဆိုင်မှာဆိုတစ်ထုပ်စာနှစ်ထုပ်စာပဲ ဝယ်လို့ရ
တယ်။

6. ဘယ်လိုတားဆီးပြီး ပိုကောင်းအောင်လုပါမလဲ?

အဲ့လိုပြောလိုက်လို့သူတစ်ပါးဝမ်းစာကိုဖျက်ဆီးတာမဟုတ်ပါဘူး။ ကျွန်တော်တို့က ကုသရေးမှာ ရောဂါကိုပဲ ကုသနေတာမျိုးမဟုတ်ပဲ လူနာကိုပါကုရတဲ့အတွက် လူနာနဲ့ ရောဂါ လက္ခဏာကို ကြည့်ပြီးဆေးတွေကိုပေးသင့်၊ မပေးသင့် စိစစ်ရတာပါ။ ရောဂါတွေ၊ ဖျားနာတာတွေကအစ ပျောက်ကင်းအောင်ကုသမယ်ဆိုရင် မြန်မြန်ပျောက်ဖို့ကိုသာအာရုံစိုက်မနေပဲ သေချာအမြစ်ပြတ်သည်အထိ ကိုကုသသင့်ပါတယ်၊ အဲ့လိုကုသဖို့ကလည်း တတ်သိတဲ့ပညာရှင်တွေကိုသာအားကိုးသင့်ပါတယ်။
ဆေးဆိုင်တွေအနေနဲ့လည်းပြည်သူပြည်သားတွေကို တွေ့ကရာ ၊ ပေါက်ကရဆေးတွေမပေးပဲ ဆရာဝန်ဆေးစာပါမှာသာ ( OTC ဆေး၊ မိမိဘာသာဆရာဝန်လတ်မှတ်မလိုပဲ ဝယ်လို့ရသောဆေးမျာ:မှလွဲပြီး) ရောင်းချပေးမယ် ဆိုရင် ပြည်သူများလည်း ဘေးကင်းမှာဖြစ်ပါတယ်။

ဒါ့ကြောင့် ရောဂါကိုကုသဖို့ပဲ အာရုံစိုက်မနေပဲ လူနာကိုပါကုသပေးနေတဲ့ဆရာဝန်တွေကိုသာအားကိုးသင့်တယ်လို့ပြောကြားရင်းနိဂုံးချုပ်ပါတယ်။

ပြည်သူများအားလုံးကျန်းမာချမ်းသာကပါစေ။

09/01/2022

ကဲအခုတော့ အိမ်မှာပဲ ဓါတ်ဆားရည်ကိုလွယ်လွယ်ကူကူဘယ်လိုလုပ်မလဲဆိုတာလေးပြောပြပါမယ်။

လွယ်လွယ်ကူကူပြောရရင် ကျွန်တော်တို့ ကြံရည်သောက်တဲ့ခွက်က တစ်ခွက်ကို ၂၅၀ မီလီဆံ့ပါတယ်၊ တနည်းအားဖြင့် (၁)လီတာရဲ့ ၄ပုံတစ်ပုံပါ။

(၁) ကျိုချက်ပြီးသားရေကိုအအေးခံပြီး ခုနကပြောတဲ့

ကြံရည်ခွက်နဲ့ ၄ခွက်စာကိုယူပါ။

(၂) ပြီးရင်စားပွဲတင်ဆားကို လ္ဘက်စားဇွန်းရဲ့

တစ်ဝက်ရောပါ။

(၃) နောက်တဆင့်မှာတော့သကြား လ္ဘက်စားဇွန်းကို

(၆) ဇွန်းရောပါ။

(၄) ပြီးရင်သေချာရောမွှေပါ။

ပြီးရင်တော့အာဟာရပြည့်ဝတဲ့ဓါတ်ဆားရည်ရပါပြီ။
ဒီအဆင့်တွေသေချာလုပ်တတ်ပြီဆိုရင် ဆေးဆိုင်မှာကုန်နေရင်တောင် မိမိကိုယ်တိုင်အိမ်မှာဖျော်သောက်လို့ရမှာဖြစ်ပါတယ်။
(၇)ရက်သားသမီးအပေါင်းတို့ကျန်းမာ ချမ်းသာကြပါစေ။

အားလုံးပဲမင်္ဂလာပါခင်ဗျာ၊အခုကျွန်တော်ပြောပြမှာကတော့ ငွေကြေးအကုန်ကျသက်သာစွာနဲ့ ဓါတ်ဆားဖျော်နည်းလေးပါပဲဗျာ။ ခုတလောကုန်စျေး...
07/01/2022

အားလုံးပဲမင်္ဂလာပါခင်ဗျာ၊
အခုကျွန်တော်ပြောပြမှာကတော့ ငွေကြေးအကုန်ကျသက်သာစွာနဲ့ ဓါတ်ဆားဖျော်နည်းလေးပါပဲဗျာ။ ခုတလောကုန်စျေးနှုန်းတွေကမတရားတက်လာတော့ ဆေးတွေလည်းစျေးတက်လာပါတယ်။ အဲ့မှာဝမ်းလျှောရင်တောင်မဖြစ်မနေသောက်ရမယ့် ဓါတ်ဆားတောင်စျေးတွေများနေပြီဖြစ်ပါတယ်။
ဖျော်နည်းမပြောခင် ကျွန်တော်တို့ခန္ဓာကိုယ်မှာရေဘယ်လောက်ပမာဏရှိလဲ၊ ရေကဘယ်လောက်ထိလိုအပ်လဲ ၊ စတာတွေကိုအောက်မှာပုံနှင့်တကွဖေါ်ပြထားပါတယ်။

အပိုင်း (၁)၊

တနေ့တာခန္ဓကိုယ်မှာရေဘယ်လောက်လိုသလဲ?

ဘယ်လောက်လိုသလဲကိုသိနိုင်ဖို့ကိုတော့ တစ်နေ့တာမှာဆုံးရှုံးတဲ့ပမာဏကိုအရင်တွက်ချက်ရပါမယ်

တစ်နေ့တာရေဆုံးရှုံးမှုတွေကတော့၊

ဘယ်အချိန်တွေမှာ ရေဓါတ်ခန်းခြောက်နိုင်သလဲ?

ဆီးမှတဆင့် - ၁.၅ လီတာ
ချွေးမှတဆင့် - ၀.၅ လီတာ

ရှုထုတ်လိုက်သော - ၀.၃ လီတာ
လေမှတဆင့်

ဝမ်းမှတဆင့် - ၀.၂ လီတာ

စုစုပေါင်း - ၂.၅ လီတာ
စသည်ဖြင့် ဖြစ်ပါတယ်။
ဒါ့ကြောင့် တစ်နေ့တာဆုံးရှုံးတဲ့ရေပမာဏက်ုသိပြီဆိုရင် တစ်နေ့တာကိုဘယ်လောက်ထိသောက်သင့်လဲဆိုတာတွက်နိုင်ပြီပဲဖြစ်ပါတယ်။

——————————— ———- ——— —— — —-

ဒီထက်ပိုဆုံးရှုံးခဲ့ရင်ကော? ဥပမာ ဝမ်းလျှောခဲ့ရင်?ဆုံးရှုံးခဲ့တဲ့ ပမာဏကိုထပ်ဖြည့်ရမှာပါပဲ။

— ——— ——- ———— —————- ————— —

ထပ်ဖြည့်ဖို့ ကိုရေပြန်သောက်လို့ရလား?

ဝမ်း၊ ချွေးတွေမှာ ဆားတွေလည်းပါသွားတာကြောင့်ဓါတ်ဆားသောက်ရပါမယ်။

————- ——————- ——————- —————

ဓါတ်ဆားတွေက ဆေးခန်း၊ ဆေးဆိုင်တွေမှာ ဝယ်လို့ကိုမရဘူး။ဘယ်လိုလုပ်ရမလဲ??

အဲ့အတွက်မပူပါနဲ့၊ အိမ်မှာပဲနေပြီး ဓါတ်ဆားရေဖျော်လို့ရပါတယ်။ ဖျော်ပုံကိုတော့ပြီးမှ အပိုင်း (၂) မှာအသေးစိတ်လေးရှင်းပြပါမယ်နော်။

မိဘ ပြည်သူများ ကျန်းမာချမ်းသာကြပါစေ။

Address

သမိုင်း အမှတ်(၁)ရပ်ကွက်၊(၇)လမ်း၊မရမ်းကုန်းမြို့ နယ်
Yangon
11062

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00

Telephone

+959427146973

Website

Alerts

Be the first to know and let us send you an email when ဖြူစင်မေတ္တာအထွေထွေရောဂါကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ဖြူစင်မေတ္တာအထွေထွေရောဂါကုဆေးခန်း:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category