28/04/2023
မပေါ့ဆသင့်သော အပူရှပ်ခြင်း
အပူရှပ်ခြင်းဆိုတာကို လူတိုင်းကြားဖူးကြပါလိမ့်မယ်။ အပူရှပ်ခြင်းဘာကြောင့်ဖြစ်ပေါ်လာရတယ်၊ ဘယ်လောက်ထိ အခြေအနေဆိုးရွှားနိုင်တယ်ဆိုတာရော သင်သိပြီးပြီလား?
အပူရှပ်ခြင်း(Heat Stroke)ဆိုတာ အပူဒဏ်ပြင်းထန်စွာခံစားရတဲ့ အချိန်မျိုးမှာ ဖြစ်ပေါ်လာတဲ့ အခြေအနေမျိုးပဲဖြစ်ပါတယ်။ အပူရှပ်ခြင်းဟာ ခန္ဓာကိုယ် အပူထိန်းညှိခြင်းကို မြန်ဆန်စွာမလုပ်နိုင်တဲ့ မွေးကင်းစအရွယ်မှ စ အသက်လေးနှစ်ကလေးတွေ နဲ့ အသက် ၅၀ အထက် လူကြီးတွေမှာ အဖြစ်များပါတယ်။ အပူရှပ်ခြင်းဟာ မြင့်မားတဲ့အပူချိန်ကို အချိန်ကြာကြာထိတွေ့ပြီး ရေဓါတ်ခမ်းခြောက်ကာ ခန္ဓာကိုယ်က အပူချိန်ကို မထိန်းချုပ်နိုင်တော့တဲ့ ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။ အပူရှပ်တဲ့အခါ
-ခေါင်းမူး၊ခေါင်းကိုက်ခြင်း
-အဖျားတက်ခြင်း
-ကိုယ်လက်များ နာကျင်ကိုက်ခဲခြင်း
-ချွေးစီးပြန်ပြီး ခြေဖျားလက်ဖျားအေးခြင်း
-ရေဆာခြင်း
-ဆီးနည်းခြင်း စတဲ့ လက္ခဏာတွေအပြင် အသက်သေဆုံးနိုင်တဲ့ အခြေအနေအထိ ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် ရာသီဥတု ပူပြင်းနေတဲ့ ကာလနဲ့ မကြာမီ ကျရောက်တော့မယ့် ရာသီပြောင်းကာလ တို့မှာ သင့်ရဲ့ ကျန်းမာရေး အပြင် သင့်မိသားစု ကျန်းမာရေးကို အထူးဂရုပြုဖို့လိုအပ်ပါတယ်။🥰
ကလေးမှစ လူကြီး အဆုံး ဖျားနာကိုက်ခဲခြင်းတွေ ကြုံတွေ့ရချိန်မှာ ထိရောက်စွာ ကုသ ပေးနိုင်တဲ့ 𝗟𝗲𝗻 𝗦𝗲𝗻 မှ ထုတ်လုပ်ထားတဲ့ ဆေးဝါး များကို သင့်ရဲ့ ဆေးသေတ္တာထဲမှာ ဝယ်ဆောင်ထားဖို့လဲမမေ့နဲ့ဦးနော်။❤️
#ရာသီဥတုအကူးအပြောင်းမှာLenSenစေဖို့