ရွှေလရောင် Blind Massage

ရွှေလရောင် Blind Massage Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ရွှေလရောင် Blind Massage, Massage Therapist, Corner of Bo Tay Za Street and Bo La Yaung Street, Bahan Township, Yangon.

" ကျောက်တုံးကြီးလို လေးလံတောင့်တင်းနေတဲ့ ခန္ဓာကိုယ်က ရွှေလရောင်နဲ့တွေ့မှပဲ ငှက်မွှေးလေးလို ပေါ့ပါးပျော့ပျောင်းသွားတယ်။ အ...
11/12/2025

" ကျောက်တုံးကြီးလို လေးလံတောင့်တင်းနေတဲ့ ခန္ဓာကိုယ်က ရွှေလရောင်နဲ့တွေ့မှပဲ ငှက်မွှေးလေးလို ပေါ့ပါးပျော့ပျောင်းသွားတယ်။ အညောင်းပြေ ပေါ့ပါးသွားတဲ့ ခံစားချက်က ဘာနဲ့မှမတူဘူး "
🪨 ➡️ 🪶

ပုံပြင် မဟုတ်ပါဘူး ခင်ဗျာ။ ရွှေလရောင်မှာ နှိပ်သွားတဲ့ Customer တွေရဲ့ Feedback တွေပါ။ 🥰

ဒီလို ပေါ့ပါးသွားစေဖို့ အညောင်းပြေစေဖို့ နှိပ်ချင်တယ်ဆိုရင် booking တင်ပြီး အခုပဲ လာခဲ့လိုက်တော့နော်။ 💆

🌕 ရွှေလရောင်မှာ စိတ်အေးချမ်းသာစွာ အနားယူပါ။

👦 ကျော်ကြီးက ရုံးမှာ အငယ်ဆုံး။ အသက်က (၂၀) ကို လပိုင်းလေးပဲစွန်းသေးတာ။ ဒါပေမယ့် သူ့ခမျာ -😫 ထိုင်လိုက်ရင် "အား...." 😩 ထလို...
05/12/2025

👦 ကျော်ကြီးက ရုံးမှာ အငယ်ဆုံး။ အသက်က (၂၀) ကို လပိုင်းလေးပဲစွန်းသေးတာ။ ဒါပေမယ့် သူ့ခမျာ -

😫 ထိုင်လိုက်ရင် "အား...."
😩 ထလိုက်ရင် "အီး...."
😫 လှုပ်ရှားလိုက်ရင် "တဂျွတ်ဂျွတ်"

😓 အဲ့လို အသံစုံမြည်နေတဲ့ ကျော်ကြီးက အထိုင်များတဲ့ အလုပ်တွေ အများကြီးလုပ်တာကြောင့် အညောင်းမိပြီး လူငယ်ရုပ်နဲ့ အဘိုးကြီး ခန္ဓာကိုယ် ဖြစ်နေရှာတာပါ။ ခုလည်း ဘောပင်ကုန်းကောက်လိုက်တာ အီစိမ့်သွားပြီတဲ့။

🤭 ကျော်ကြီး အဖြစ်ကို မကြည့်ရက်တဲ့ ရုံးက လုပ်ဖော်ကိုင်ဖက်တွေက ပိတ်ရက်မှာ "ရွှေလရောင်" လိုက်ပို့ပေးမလို့ စီစဉ်နေကြပြီ ဆိုပဲ။

😉 အခု ဒီစာကို ဖတ်နေတဲ့သူတွေရဲ့ ရုံးမှာရော ကျော်ကြီး ရှိလား? ဒါမှမဟုတ် ကိုယ်တိုင်က ကျော်ကြီး ဖြစ်နေတာလား?

🤗 ကျော်ကြီးကိုရော၊ ကျော်ကြီး သူငယ်ချင်းတွေကိုရော အညောင်းမိတာကနေ အညောင်းပြေသွားစေဖို့ ရွှေလရောင်ကို လာခဲ့ဖို့ ဖိတ်ခေါ်ပါရစေခင်ဗျာ။

📍 📞 ဆိုင်လိပ်စာနဲ့ booking တင်လို့ဖို့ ဖုန်းနံပါတ်လေးတွေကို comment မှာရေးပေးထားပါတယ်။

🌕 ရွှေလရောင်မှာ စိတ်အေးချမ်းသာစွာ အနားယူပါ။

တစ်လလုံး ရက်ပေါင်း (၂၀) ကျော် (၃၀) နီးပါး မနက် (၉) နာရီကနေ ညနေ (၅) နာရီအထိ ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့ရတဲ့ ခန္ဓာကိုယ်ဟာ...
01/12/2025

တစ်လလုံး ရက်ပေါင်း (၂၀) ကျော် (၃၀) နီးပါး မနက် (၉) နာရီကနေ ညနေ (၅) နာရီအထိ ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့ရတဲ့ ခန္ဓာကိုယ်ဟာ လကုန်ရက်လေးမှာ အနားယူဖို့ သင့်ပါပြီနော်။ 😌

☺️ ကျွမ်းကျင်ပြီး ဖော်ရွေတဲ့ ဝန်ထမ်းတွေနဲ့ သန့်ရှင်းပြီးအေးမြတဲ့ အခန်းတွေက တစ်လတာ ပင်ပန်းထားသမျှကို အကောင်းဆုံး အပန်းပြေစေမှာပါ။ 🥰

🗓️ လကုန်ရက်မှာ အနားယူခြင်းဖြင့် နောက်တစ်လအတွက် အားအင်အသစ်တွေ ဖြည့်တင်းဖို့ ရွှေလရောင်မှာ အခုပဲ Booking ယူလိုက်ပါ။

📖 Booking တင်ဖို့ ဖုန်းနံပါတ်တွေက -
📞 09-761747741
📞 09-962525394
ဖြစ်ပါတယ်။

ဆိုင်လိပ်စာက -
📍 အမှတ်(၁)၊ ဗိုလ်တေဇလမ်းနှင့် ဗိုလ်လရောင်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖြစ်ပါတယ်။

🌕 ရွှေလရောင်မှာ စိတ်အေးချမ်းသာစွာ အနားယူပါ။

ဒီနေရာတွေ နာတာ ဘာကြာင့်လဲ?ဒီနေရာတွေ နာကျင်နေသလား? ကိုယ့်ကိုယ်ကိုယ် အမြန်ဆုံး စစ်ဆေးကြည့်လိုက်ပါဦး။ 👇၁။ ဇက်နှင့် ပခုံး 🙅 ...
25/11/2025

ဒီနေရာတွေ နာတာ ဘာကြာင့်လဲ?

ဒီနေရာတွေ နာကျင်နေသလား? ကိုယ့်ကိုယ်ကိုယ် အမြန်ဆုံး စစ်ဆေးကြည့်လိုက်ပါဦး။ 👇

၁။ ဇက်နှင့် ပခုံး 🙅
ခေါင်းငုံ့လိုက်ရင် ဇက်ကြောတင်းနေမယ်၊ ပခုံးနှစ်ဖက်က လေးလံပြီး အမြဲတမ်း တောင့်တင်းနေတတ်ပါတယ်။ ဖုန်းကြည့်တာများခြင်း၊ ကွန်ပျူတာရှေ့ အကြာကြီးထိုင်ခြင်းတို့ ကြောင့်ဖြစ်တာပါ။ 📱💻

၂။ ခါးအောက်ပိုင်း 🤕
ထိုင်ရာကနေ ထလိုက်ရင် ခါးက ချက်ချင်းမဆန့်နိုင်ဘဲ နာကျင်နေတတ်ပါတယ်။
ထိုင်ပုံထိုင်နည်း မမှန်ကန်ခြင်း၊ အထိုင်များခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။ 🪑

၃။ ခြေသလုံး 🦵
ခြေသလုံးတွေ တောင့်တင်းပြီး ညောင်းညာနေမယ်၊ အိပ်နေရင်း ခြေထောက်ကြွက်တက်လွယ်မယ်။
လမ်းလျှောက်များခြင်း၊ မတ်တပ်ရပ် အလုပ်လုပ်ရခြင်း၊ ဒေါက်ဖိနပ်အစီးများခြင်း တို့ကြောင့် ဖြစ်တတ်ပါတယ်။ 👠

၄။ ဦးခေါင်း 🤯
ခေါင်းက မကြည်ဘဲ လေးနေမယ်၊ နောက်စေ့ကနေ ထိုးကိုက်နေမယ်။
စိတ်ဖိစီးမှုများခြင်းနဲ့ ဇက်ကြောတက်ခြင်းမှတဆင့် နာကျင်မှု ပျံ့နှံ့လာတာ ဖြစ်နိုင်ပါတယ်။ 😩

၅။ လက်ကောက်ဝတ်နဲ့ လက်ချောင်းများလေးတွေ 🖐️
လက်ကောက်ဝတ် နာကျင်မယ်၊ လက်ချောင်းလေးတွေ ထုံကျဉ်မယ်။
ကွန်ပျူတာ စာရိုက်များခြင်းနဲ့ Mouse အကိုင်များခြင်း၊ ဖုန်းကို လက်တစ်ဖက်တည်းဖြင့် အကြာကြီး သုံးခြင်းတို့ကြောင့် ဖြစ်ပါတယ်။ 🖱️

၆။ တင်ပါးနှင့် ပေါင် 🍑
တင်ပါးကြွက်သားတွေ တောင့်တင်းပြီး ထုံနေမယ်၊ တစ်ခါတလေ ခြေထောက်ဘက်အထိ စူးနေတတ်ပါတယ်။
တစ်နေကုန် ထိုင်နေရတဲ့လူတွေ၊ အထိုင်များတဲ့သူတွေမှာ ဖြစ်တတ်ပါတယ်။ 🛋️

၇။ ကျောအလယ်ပိုင်း 🧘
ပခုံးနှစ်ဖက်ကြားက ကျောရိုးတလျှောက် ပူပြီး အောင့်နေတာမျိုး ဖြစ်တတ်ပါတယ်။
ခါးကုန်းပြီး ထိုင်ခြင်း ကြောင့် ဖြစ်တတ်ပါတယ်။ 🙅‍♀️

၈။ ခြေဖဝါး 👣
မနက်အိပ်ရာထရင် ခြေဖနောင့် နာနေတာမျိုး၊ ခြေဖဝါး အကြောတွေတင်းနေတာမျိုးတွေ ဖြစ်နေတတ်ပါတယ်။
မတ်တပ်ရပ်တာများခြင်း၊ ဖိနပ် ကောင်းကောင်း မစီးခြင်း တို့ကြောင့် ဖြစ်တာပါ။ 👟

😫 ဘယ်နေရာတွေမှာ နာကျင်နေပြီလဲ? Comment မှာ ပြောပြခဲ့ပါဦး။ 👇

😫 နာကျင်မှုတွေရှိနေပြီဆိုရင်တော့ ကျွန်တော်တို့ ရွှေလရောင် မှာ လာရောက် အနှိပ်ခံဖို့ ဖိတ်ခေါ်ပါရစေ ခင်ဗျာ။ ​🤗​

🌕 ရွှေလရောင်မှာ စိတ်အေးချမ်းသာစွာ အနားယူပါ။ 😌

23/11/2025

အနှိပ်ခံခြင်းဟာ ကိုယ့်ရဲ့ ကျန်းမာရေးအတွက် စောင့်ရှောက်မှု တစ်ခုပါ။ အနှိပ်ခံပြီး ပေါ့ပါးလန်းဆန်းသွားတဲ့ ခံစားချက်က ဘာနဲ့မှ မတူပါဘူး။

📖 Booking တင်ဖို့ ဖုန်းနံပါတ်လေးတွေက -
📞 09-761747741
📞 09-962525394
ဖြစ်ပါတယ်။

ဆိုင်လိပ်စာလေးက -
📍 အမှတ်(၁)၊ ဗိုလ်တေဇလမ်းနှင့် ဗိုလ်လရောင်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖြစ်ပါတယ်။

သူငယ်ချင်းကောင်း ပီသလိုက်ပါ🧑‍🤝‍🧑 သူငယ်ချင်းတွေ ဆုံကြပြီဆိုတာာနဲ့... 😫 "ဟာ... ဇက်ကြောတွေ တက်နေတာဟာ" 😫 "ခါးကလည်း နာလိုက်တာ...
20/11/2025

သူငယ်ချင်းကောင်း ပီသလိုက်ပါ

🧑‍🤝‍🧑 သူငယ်ချင်းတွေ ဆုံကြပြီဆိုတာာနဲ့...
😫 "ဟာ... ဇက်ကြောတွေ တက်နေတာဟာ"
😫 "ခါးကလည်း နာလိုက်တာ... "
😫 "ဒီနေ့တော့ တစ်ကိုယ်လုံး ကိုက်ခဲနေတယ်" ဆိုပြီး ညောင်းတဲ့အကြောင်း မပါရင်မပြီးတဲ့ သူငယ်ချင်းမျိုး အဖွဲ့ထဲမှာ ရှိကြတယ်မလား? 🤔

😫 တစ်ချိန်လုံး ညောင်းညာကိုက်ခဲနေတဲ့ ကိုယ့်သူငယ်ချင်းကို ချစ်တယ်၊ ခင်တယ်ဆိုရင်၊ သူငယ်ချင်းကောင်း ပီသချင်တယ်ဆိုရင်... ဒီ Post အောက်မှာ Mention ခေါ်၊ လက်ဆွဲပြီး "ရွှေလရောင်" ကို လိုက်ပို့ပေးလိုက်ပါ။ 🚶🚶‍♂️

😖 သူတို့ရဲ့ "ညည်းညူသံ" တွေကို "ပေါ့သွားတာပဲ" ဆိုတဲ့ ခံစားချက်လေးအဖြစ်ပြောင်းသွားအောင် ကူညီပေးလိုက်ပါ။ ဒါဟာ သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့ ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်ပါပဲ။ 🎁💆‍♂️

🤔ကိုယ့်သူငယ်ချင်းထဲက ဘယ်သူ့မျက်နှာ ပြေးမြင်လဲ? အောက်မှာ mention ခေါ်ပြီး လိုက်ပို့ပေးလိုက်တော့နော်။ 🚕

📱 အနှိပ်ခံဖို့ ရောက်လာရင် မစောင့်ရအောင် ကြိုတင် ဖုန်းဆက်ပြီး Booking ယူပေးပါနော်။

Booking တင်ဖို့ ဖုန်းနံပါတ်လေးတွေက -
📞 09-761747741
📞 09-962525394
ဖြစ်ပါတယ်။

ဆိုင်လိပ်စာလေးက -
📍 အမှတ်(၁)၊ ဗိုလ်တေဇလမ်းနှင့် ဗိုလ်လရောင်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖြစ်ပါတယ်။

🌕 ရွှေလရောင်မှာ စိတ်အေးချမ်းသာစွာ အနားယူပါ။

ပုံမှန်ထက် ပိုအနှိပ်ခံသင့်သူလား?💆🏻‍♂️ အနှိပ်ခံခြင်းဟာ လူတိုင်းအတွက် ကောင်းမွန်ပေမယ့် နေ့စဉ်နေထိုင်မှုပုံစံအရ ပုံမှန်ထက် ...
17/11/2025

ပုံမှန်ထက် ပိုအနှိပ်ခံသင့်သူလား?

💆🏻‍♂️ အနှိပ်ခံခြင်းဟာ လူတိုင်းအတွက် ကောင်းမွန်ပေမယ့် နေ့စဉ်နေထိုင်မှုပုံစံအရ ပုံမှန်ထက် ပိုပြီးအနှိပ်ခံဖို့ လိုအပ်နေတဲ့သူ ဖြစ်နေနိုင်ပါတယ်။ 🤔

ဒီ (၄) မျိုးထဲမှာ ပါပြီလား 👇

👉 တစ်နေ့လုံး အထိုင်များခြင်းကြောင့် ဇက်ကြောတက်၊ ပခုံးညောင်း၊ ခါးနာ စတဲ့ ဝေဒနာတွေ ခံစားနေရတဲ့ ရုံးဝန်ထမ်းများ 🖥️

👉 ကြွက်သားတွေကို အမြဲတမ်း အသုံးပြုနေတဲ့ အားကစားသမားများနှင့် Gym ဆော့သူများ 🏋️

👉 တစ်နေ့လုံး မတ်တပ်ရပ်ရလို့ ခြေထောက်၊ ခြေဖဝါး နဲ့ ခါး ကို အမြဲ ဒဏ်ဖြစ်နေရသူများ 👨‍🏫

👉 အလုပ်၊ လူမှုရေး ဖိစီးမှုတွေကြောင့် ကြွက်သားတွေ တောင့်တင်းပြီး ညဘက် အိပ်မပျော် ဖြစ်နေသူများ 🤯

👆 ဒီ အမျိုးအစားတွေထဲက တစ်ခုခုသာ ကိုယ်ဖြစ်နေပြီဆိုရင် ပုံမှန်ထက် ပိုအနှိပ်ခံသင့်သူ တစ်ယောက်ဖြစ်ပါတယ်။ 😞

😩 နေထိုင်မှုပုံစံကြောင့် ဖြစ်ပေါ်လာတဲ့ ညောင်းညာကိုက်ခဲမှုတွေအကြောင်းကို ကျွန်တော်တို့ "ရွှေလရောင်" က ပညာရှင်များက ကောင်းစွာ နားလည်သိရှိပြီအကောင်းဆုံး ဖြေလျှော့ပေးဖို့ အဆင်သင့်ရှိနေပါတယ်။ 🤗

🌕 ရွှေလရောင်မှာ စိတ်အေးချမ်းသာစွာ အနားယူပါ။

💆 နှိပ်နယ်ခြင်းဆိုတာ ရှေးယခင်ကတည်းက စတင်ခဲ့ပြီး သမိုင်းတစ်လျှောက် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ပုံစံအမျိုးမျိုးဖြင့် ရှိခဲ့ပါတ...
13/11/2025

💆 နှိပ်နယ်ခြင်းဆိုတာ ရှေးယခင်ကတည်းက စတင်ခဲ့ပြီး သမိုင်းတစ်လျှောက် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ပုံစံအမျိုးမျိုးဖြင့် ရှိခဲ့ပါတယ်။ ✨

🇪🇬 လွန်ခဲ့တဲ့ ဘီစီ ၃၀၀၀ ခန့်က အီဂျစ်သင်္ချိုင်းဂူတွေမှာ နှိပ်နယ်တဲ့ပုံတွေကို တွေ့ရှိရပြီး ရောဂါကုသခြင်းနှင့် ကျန်းမာရေးအတွက် နှိပ်နယ်ခြင်းကို သုံးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

🇨🇳 ဘီစီ ၂၇၀၀ ခန့်က ရေးသားခဲ့တဲ့ "The Yellow Emperor's Classic of Internal Medicine" ခေါ် တရုတ်ဆေးကျမ်းမှာ နှိပ်နယ်ခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်တွေ ပါဝင်ပါတယ်။ နှိပ်နယ်ခြင်းကို ကိုယ်ကာယနာကျင်မှုများ၊ အကြောတက်ခြင်းနဲ့ အခြားရောဂါတွေအတွက် ကုသမှုအဖြစ် အသုံးပြုခဲ့ကြောင်း ဖော်ပြထားတာကို တွေ့ရှိရပါတယ်။

🇮🇳 "Ayurveda" လို့ခေါ်တဲ့ ရှေးဟောင်းအိန္ဒိယ ဆေးပညာမှာလည်း နှိပ်နယ်ခြင်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။ ဘီစီ ၁၅၀၀ ခန့်ကတည်းက တည်ရှိခဲ့တဲ့ Ayurveda ဆေးပညာမှာ ခန္ဓာကိုယ်နှင့် စိတ်ကို ဟန်ချက်ညီစေဖို့ နှိပ်နယ်ခြင်းကို အသုံးပြုတယ်လို့ မှတ်တမ်းတင်ထားပါတယ်။

🇬🇷 ဘီစီ ၅၀၀ ခန့်မှာတော့ ဂရိသမားတော်တွေက နှိပ်နယ်ခြင်းကို ဒဏ်ရာများ ကုသရန်၊ အားကစားသမားများကို ပြန်လည်ကျန်းမာလာစေရန်နှင့် ကျန်းမာရေးအတွက် အကြံပြုခဲ့တယ်လို့ မှတ်တမ်းတွေ တွေ့ရပါတယ်။

🇮🇹 ရောမခေတ်မှ,ဆိုရင်လည်း နှိပ်နယ်ခြင်းက ရေချိုးတာ၊ အားကစားလုပ်တာတွေလို လူကြိုက်များသော အလေ့အကျင့်တစ်ခု ဖြစ်ခဲ့ပါတယ်။

🇯🇵 ဂျပန် မှာတော့ "Anma" (安摩) နှင့် "Shiatsu" (指圧) လိုမျို' အနှိပ်နည်းတွေက တရုတ်မှတစ်ဆင့် ရောက်ရှိလာပြီး ကိုယ်ပိုင် ပုံစံတွေနဲ့ တိုးတက်ပြောင်းလဲလာခဲ့ပါတယ်။

💆 ဒီနေ့ခေတ် Massage လုပ်ငန်းတွေဆိုတာ ရှေးခေတ်ကတည်းက စတင်ခဲ့တဲ့ နှိပ်နယ်မှုဆိုင်ရာ အသိပညာနှင့် အလေ့အကျင့်တွေကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ ✨

🧑‍🔬 ခေတ်အလိုက် လိုအပ်ချက်နဲ့ သိပ္ပံနည်းကျရှာဖွေတွေ့ရှိချက်တွေကြောင့် ပုံစံအမျိုးမျိုး တိုးတက်ပြောင်းလဲလာတာ ဖြစ်ပါတယ်။ အနှိပ်ခံခြင်းရဲ့ အကျိုးကျေးဇူးတွေကို အားလုံးသိရှိလာပြီး လက်ခံလာတဲ့အခါမှာတော့ အနှိပ်လုပ်ငန်းတွေက ကမ္ဘာတစ်ဝှမ်းမှာ ပြန့်နှံ့လာတာဖြစ်ပါတယ်။ 🌍

ခန္ဓာကိုယ်က "အနှိပ်ခံဖို့" အချက်ပြနေပြီလား?🛌 🥱 🥱မနက်အိပ်ရာထလိုက်တာနဲ့ "ဟိုနားကညောင်း၊ ဒီနားကကိုက်"၊ ပခုံးနဲ့ ဇက်ကြောတွေက...
11/11/2025

ခန္ဓာကိုယ်က "အနှိပ်ခံဖို့" အချက်ပြနေပြီလား?

🛌 🥱 🥱မနက်အိပ်ရာထလိုက်တာနဲ့ "ဟိုနားကညောင်း၊ ဒီနားကကိုက်"၊ ပခုံးနဲ့ ဇက်ကြောတွေက ဆွဲထားသလို "တောင့်တင်း"၊ ထိုင်ရာကထ၊ ဒါမှမဟုတ် လှုပ်ရှားလိုက်တိုင်း အရိုးအဆစ်တွေက "တဂျွတ်ဂျွတ်" နဲ့ အသံမြည်၊ကိုယ်လက်တွေ လေးလံထိုင်းမှိုင်းပြီး "သွားလာ လှုပ်ရှားလို့ မကောင်း" ဘဲ မပေါ့မပါး ဖြစ် စတာတွေ ကြုံနေရပြီလား? 😫

😖 ဒါတွေအားလုံးဟာ ခန္ဓာကိုယ်က "ကျွန်တော့်ကို ဂရုစိုက်ပါတော့! အနားယူဖို့ လိုနေပြီ!" လို့ အချက်ပြနေတာ ဖြစ်ပါတယ်။ ⚠️

😩 ဒီလို အညောင်းအညာတွေ၊ တောင့်တင်းမှုတွေဆိုတာ အထိုင်များလို့၊ စိတ်ဖိစီးမှုများလို့၊ ကိုယ်နေဟန်ထား မမှန်ကန်လို့ ဖြစ်လာရတာဖြစ်ပါတယ်။ "ညောင်းတာလေးပဲ" ဆိုပြီး လျစ်လျူရှုထားလိုက်ရင်၊ မကြာခင်မှာပဲ ဒါတွေက "နာတာရှည် ကိုက်ခဲမှု" အဆင့်ကို ရောက်သွားနိုင်ပါတယ်။ 😥

🥺 ဒီလို "တဂျွတ်ဂျွတ်" မြည်သံတွေတိတ်သွားအောင်၊ ညောင်းညာကိုက်ခဲမှုတွေကို ပျောက်ကင်းအောင် လုပ်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ ကျွမ်းကျင်ပညာရှင်နဲ့ စနစ်တကျ နှိပ်နယ်ဖြေလျှော့ခြင်းပါပဲ။ 💆

☺️ ကျွန်တော်တို့ "ရွှေလရောင်" မှ ကျွမ်းကျင်ပညာရှင်တွေဟာ သင့်ရဲ့ နာကျင်မှုဇာစ်မြစ်၊ နာကျင်ကိုက်ခဲ ညောင်းညာနေတဲ့နေရာနဲ့ တောင့်တင်းနေတဲ့ ကြွက်သားတွေကို နည်းစနစ်မှန်နဲ့ ဖြေလျှော့ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ကို ပြန်လည် ပေါ့ပါးသွက်လက်သွားအောင် ကူညီပေးပါရစေ ခင်ဗျာ။ 🥰

⚠️ ခန္ဓာကိုယ်က အချက်ပြနေတာကို လျစ်လျူမရှုပါနဲ့တော့။ ဒီနေ့ပဲ Booking တင်ပြီး သက်သာပေါ့ပါးမှုကို ပြန်လည် ရယူဖို့ လာနှိပ်လိုက်တော့နော်။ 🤗

🌕 ရွှေလရောင်မှာ စိတ်အေးချမ်းသာစွာ အနားယူပါ။

# ’tIgnore

တစ်လကို ဘယ်နှခါ အနှိပ်ခံရမှာလဲ?ဒါဟာ ကျွန်တော်တို့ "ရွှေလရောင်" က ပညာရှင်‌တွေကို အမြဲတမ်း မေးလေ့ရှိတဲ့ မေးခွန်းတစ်ခုပါပဲ။...
06/11/2025

တစ်လကို ဘယ်နှခါ အနှိပ်ခံရမှာလဲ?

ဒါဟာ ကျွန်တော်တို့ "ရွှေလရောင်" က ပညာရှင်‌တွေကို အမြဲတမ်း မေးလေ့ရှိတဲ့ မေးခွန်းတစ်ခုပါပဲ။ 🤔

☝️ အဖြေကတော့ လူတစ်ဦးနဲ့တစ်ဦး မတူညီနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်အခြေအနေ၊ နေ့စဉ်နေထိုင်မှုပုံစံနဲ့ ဘာကြောင့် အနှိပ်ခံချင်သလဲ ဆိုတဲ့အချက်တွေပေါ်မှာ အများကြီး မူတည်နေလို့ပါပဲ။ ☺️

🔺 ဇက်ကြောအမြဲတက်တယ်၊ ခါးအမြဲနာတယ်၊ ပခုံးတွေ တောင့်တင်းပြီး ခေါင်းခဏ ခဏ ကိုက်တတ်တယ် ဆိုတဲ့ သူတွေက နာတာရှည် နာကျင်မှု သို့မဟုတ် ညောင်းညာမှုကို ခံစားနေရတဲ့သူတွေဖြစ်ပါတယ်။ ဒီလို အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့သူတွေကတော့ ပထမပိုင်းမှာ "တစ်ပတ်တစ်ကြိမ်" (သို့) "နှစ်ပတ်တစ်ကြိမ်" နှုန်းနဲ့ ပုံမှန် နှိပ်သင့်ပါတယ်။ အခြေအနေ ကောင်းမွန်လာတဲ့အခါမှာတော့ အချိန်ကို ဖြည်းဖြည်းချင်း ခွာသွားနိုင်ပါတယ်။

🔺 Gym အမြဲဆော့တယ်၊ အပြေးလေ့ကျင့်တယ်၊ ကြွက်သားတွေကို အမြဲ အသုံးပြုနေရတဲ့ အားကစားသမားတွေ သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှုများသူတွေကတော့ ကြွက်သားတွေ ပြန်လည်ကောင်းမွန်ဖို့နဲ့ ဒဏ်ရာမဖြစ်အောင် ကာကွယ်ဖို့အတွက် "နှစ်ပတ်တစ်ကြိမ်" လောက် နှိပ်နယ်ပေးသင့်ပါတယ်။

🔺 အလုပ်တွေများလို့ ညောင်းနေတာ၊ စိတ်ဖိစီးမှုတွေ များနေတာ၊ ညဘက် အိပ်မပျော်တာမျိုးတွေ ခံစားနေရတယ် ဆိုတဲ့သူတွေကတော့ "တစ်လတစ်ကြိမ်" ပုံမှန် နှိပ်နယ်ပေးခြင်းက ခန္ဓာကိုယ်နဲ့ စိတ်ကို အကောင်းဆုံး အခြေအနေမှာ ရှိနေစေဖို့ လုံလောက်ပါတယ်။

💆 ကျွန်တော်တို့ "ရွှေလရောင်" မှာ လာရောက် အနှိပ်ခံတဲ့အခါ အဓိက ပြဿနာကို ကျွန်ုပ်တို့ရဲ့ ပညာရှင်တွေက သေချာနားထောင်ပြီး စမ်းသပ်နှိပ်နယ်ပေးပါတယ်။ အဲ့ဒီအပေါ်မူတည်ပြီး အထိရောက်ဆုံးဖြစ်မယ့် အကြိမ်အရေအတွက်ကို သူတို့က အကြံပြုပေးပါလိမ့်မယ်။ 💭

🌕 ရွှေလရောင်မှာ စိတ်အေးချမ်းသာစွာ အနားယူပါ။

💆 အနှိပ်ခံခြင်းဟာ ခန္ဓာကိုယ်ညောင်းညာကိုက်ခဲမှုတွေကို သက်သာစေပြီး စိတ်ဖိစီးမှုကို လျော့ကျစေတဲ့ အကောင်းဆုံးသော နည်းလမ်းတစ်...
05/11/2025

💆 အနှိပ်ခံခြင်းဟာ ခန္ဓာကိုယ်ညောင်းညာကိုက်ခဲမှုတွေကို သက်သာစေပြီး စိတ်ဖိစီးမှုကို လျော့ကျစေတဲ့ အကောင်းဆုံးသော နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ✔️

ဒါပေမဲ့ အဲ့ဒီအကျိုးကျေးဇူးတွေကို အပြည့်အဝရရှိဖို့ဆိုရင်တော့ "ဘယ်သူက နှိပ်ပေးတာလဲ" ဆိုတဲ့အချက်က အရေးကြီးဆုံးပါပဲ။ ☝️

🤥 စနစ်တကျမသင်ကြားထားသူနဲ့ နှိပ်မိရင် အကြောညပ်ခြင်း၊ ကြွက်သားနာခြင်း၊ အဆစ်လွဲခြင်းစတဲ့ အန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

😇 ကျွမ်းကျင်ပညာရှင်တစ်ယောက်ဟာ -

✅ ဘယ်နေရာမှာ ဘယ်လောက်အားနဲ့ ဖိရမယ်၊ ဘယ်နေရာတွေကို လုံးဝမဖိရဘူးဆိုတာကို တိတိကျကျ သိပါတယ်။

✅ ကျွမ်းကျင်ပညာရှင်တွေဟာ ဆက်စပ်နေတဲ့ ကြွက်သားတွေ၊ အကြောတွေကို သိရှိနားလည်တဲ့အတွက် နာကျင်မှုရဲ့ ဇာစ်မြစ်ကို ရှာဖွေပြီး ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်ပါတယ်။

✅ ကျွမ်းကျင်ပညာရှင်ရဲ့ နှိပ်နယ်မှုကတော့ နာတာရှည်ဖြစ်နေတဲ့ ကြွက်သားထုံးအဖုအကျိတ်တွေကို ပျော့ပျောင်းစေပြီး နာကျင်မှုကို ရေရှည်သက်သာစေပါတယ်။

✅ ကျွမ်းကျင်ပညာရှင်တွေဟာ မနှိပ်ခင် သေချာမေးမြန်းဆွေးနွေးပြီး အသင့်တော်ဆုံးဖြစ်မယ့် နှိပ်နယ်နည်းနဲ့ ဖိအားကို ရွေးချယ်အသုံးပြုပေးပါတယ်။

✅ ကျန်းမာရေးအတွက် စိတ်ချယုံကြည်ရပြီး စနစ်တကျသင်ကြားထားတဲ့ ကျွမ်းကျင်ပညာရှင်များကိုနဲ့သာ ရွေးချယ်အနှိပ်ခံသင့်ပါတယ်။

🤗 ကျွန်တော်တို့ ရွှေလရောင်ရဲ့ အနှိပ်ပညာရှင် အားလုံးက စနစ်တကျ သင်ကြားထားတဲ့ ကျွမ်းကျင်ပညာရှင်တွေ ဖြစ်လို့ ယုံကြည်စိတ်ချစွာ လာရောက် အနှိပ်ခံနိုင်ပါတယ် ခင်ဗျာ 🥰

🌕 ရွှေလရောင်မှာ စိတ်အေးချမ်းသာစွာ အနားယူပါ။

🌕  ယနေ့ ကျရောက်သော တန်ဆောင်မုန်း လပြည့်နေ့ တွင် ထွန်းညှိပူဇော်သော ဆီမီးရောင်ခြည်များကဲ့သို့ ကမ္ဘာသူ/သားတို့ ဘဝခရီးလမ်းမျ...
04/11/2025

🌕 ယနေ့ ကျရောက်သော တန်ဆောင်မုန်း လပြည့်နေ့ တွင် ထွန်းညှိပူဇော်သော ဆီမီးရောင်ခြည်များကဲ့သို့ ကမ္ဘာသူ/သားတို့ ဘဝခရီးလမ်းများ အေးချမ်းမှုအလင်းရောင်များဖြင့် အစဉ်ထွန်းလင်းတောက်ပနေပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာခြင်း၊ ချမ်းသာခြင်း၊ ကောင်းကျိုးလိုရာဆန္ဒများ တစ်လုံးတစ်ဝ နှင့် ပြည့်စုံကြပါစေကြောင်း ကျွန်တော်တို့ "ရွှေလရောင်" မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်ခင်ဗျာ။ 🙏

Address

Corner Of Bo Tay Za Street And Bo La Yaung Street, Bahan Township
Yangon
11201

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00

Website

Alerts

Be the first to know and let us send you an email when ရွှေလရောင် Blind Massage posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram