The Eye Health မျက်စိကျန်းမာရေး

  • Home
  • Myanmar
  • Yangon
  • The Eye Health မျက်စိကျန်းမာရေး

The Eye Health မျက်စိကျန်းမာရေး မျက်စိကျန်းမာ​ရေးနှင့်ပတ်သက်သော အသိပညာ၊ ဗဟုသုတ များစုဆည်းရာ။

"မျက်စိစွန်ခြင်းနှင့်ပတ်သတ်လို့ သင်သိထားသင့်သော အကြောင်းရာများ"❓မျက်စိစွန်ခြင်းဆိုတာဘာလဲ?သင့်ရဲ့မျက်ခွံပတ်ဝန်းကျင်မှာ သေ...
01/04/2023

"မျက်စိစွန်ခြင်းနှင့်ပတ်သတ်လို့ သင်သိထားသင့်သော အကြောင်းရာများ"

❓မျက်စိစွန်ခြင်းဆိုတာဘာလဲ?

သင့်ရဲ့မျက်ခွံပတ်ဝန်းကျင်မှာ သေးငယ်တဲ့အဖုလေးရှိနေပြီး မျက်တောင်ခက်တိုင်း ထိမိခိုက်မိနေတယ်ဆိုရင်တော့ ဒါကမျက်စိစွန်ခြင်းရဲ့အစလို့ဆိုနိုင်ပါတယ်။ ဒီအဖုလေးဟာ မျက်ခွံနားမှာပိတ်ဆို့နေပြီး မကြာခဏနာကျင်တတ်ပါတယ်။ အများအားဖြင့် မျက်စိတစ်ဖက်ထဲမှာပဲဖြစ်တတ်ပေမယ့် တစ်ခါတစ်ရံမှာတော့ နှစ်ဖက်လုံးမှာ ဖြစ်နိုင်ခြေရှိပါတယ်။ တစ်ခါဖြစ်ပြီးသွားရင်လည်း နောက်တစ်ခါထပ်ပြီးဖြစ်နိုင်ပါသေးတယ်။ မျက်စိစွန်ခြင်းမှာ External stye နဲ့ Internal styeဆိုပြီး နှစ်မျိုးရှိပါတယ်။

❓မျက်စိစွန်ခြင်းလက္ခဏာတွေကဘာလဲ?

မျက်စိစွန်ခြင်းရဲ့အများဆုံး ဖြစ်လေ့ရှိတဲ့လက္ခဏာကတော့ မျက်ခွံအတွင်း၊အပြင်မှာ အနီရောင်အဖုလေးပေါက်လာတာပဲဖြစ်ပါတယ်။တခြားလက္ခဏာတွေကတော့ ပြင်းထန်တဲ့အထိတွေခံစားရခြင်း၊
အလင်းရောင်အထိမခံဖြစ်လာခြင်း၊
နာကျင်ပြီးသက်သောင့်သက်သာမရှိခြင်း၊
မျက်ခွံရဲ့အပေါ်အောက်မှာ ဖူးရောင်ခြင်း တို့ပဲဖြစ်ပါတယ်။

❓မျက်စိစွန်ခြင်းကို ဘယ်လိုကုသရမလဲ?

မျက်စိစွန်ခြင်းဟာ ရက်တွေကြာလာရင်တော့ အဖုလေးဟာ သူ့ဘာသာသူပေါက်ထွက်သွားလေ့ရှိပါတယ်။ ပြည်တွေထွက်လာပြီဆိုရင်တော့ သူ့ကိုသန့်စင်ပေးရပါမယ်။ သင့်အနေနဲ့ အချိန်မြန်မြန်နဲ့ သက်သာချင်တယ်ဆိုရင်တော့ ဒီအချက်လေးတွေလိုက်လုပ်ကြည့်ပါ။

✅မိမိလက်ကို သန်စင်အောင်ဆေးကြောပြီး အဝတ်သန့်သန့်ကိုလည်း ရေးစိမ်ပါ။ ရေဟာနွေးနေရမှာဖြစ်ပေမယ့် ရေပူမဖြစ်ရပါဘူး။ ထို့နောက် မျက်စိစွန်နေတဲ့နေရာကို 5ကြိမ်ကနေ10ကြိမ်အထိ ပွတ်တိုက်ပေးပါ။

✅ပိတ်ဆို့နေတာတွေ ပွင့်လာပြီး ပြည်အမြန်ထွက်လာဖို့အတွက် သန့်စင်သောလက်ဖြင့် ညင်သာစွာနှိပ်နယ်ပေးပါ။

✅မျက်စိစွန်နေချိန်မှာ Eye Makeup တွေလိမ်းတာရှောင်ပေးရပါမယ်။

✅မျက်စိစွန်နေချိန်မှာ မျက်ကပ်မှန်တပ်မယ့်အစား မျက်မှန်ပဲတပ်ပေးပါ။ အနာပျောက်သွားရင်တော့ မျက်ကပ်မှန်ကိုမတပ်မီအချိန်တိုင်း ပိုးသက်ပေးပြီးသန့်စင်ပေးပါ။

✅အနာမပျောက်ခင်မှာ မျက်စိစွန်တဲ့အဖုလေးကို ဖျစ်ညှစ်တာ၊ လက်ဖြင့်ကြမ်းတမ်းစွာပွတ်တာမျိုးတွေမလုပ်ပါနဲ့။

👁💯မျက်စိစွန်နေစဥ်အတောတွင်းမှာ ဒီအချက်လေးတွေနဲ့ ကိုယ်တိုင်ကုသပေးမယ်ဆိုလည်းရပါတယ်။ ဆေးဝါးအကူညီ လိုအပ်ခဲ့ရင်တော့ ကျွမ်းကျင်ဆရာဝန်တွေရဲ့ အကြံဥာဏ်ကိုယူပြီး ကုသမှုခံယူသင့်ပါတယ်။ ကြည်လင်ပြတ်သားသော အမြင်ပိုင်ရှင်များဖြစ်စေဖို့ TheEyeHealth မှ မျက်စိစွန်ခြင်းနဲ့ပတ်သက်ပြီး မျှဝေပေးခဲ့တာပဲဖြစ်ပါတယ်။🤗

🔔Pageမှာ တင်တဲ့ဗဟုသုတစာလေးတွေလက်မလွတ်စေဖို့ Like & Follow လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်။



#မျက်စိကျန်းမာရေး

"Eye Twitching အကြောင်းသိကောင်းစရာများ"👀Eye Twitching ဆိုတာဘာလဲ?Eye Twitchingဆိုတာ လူမှုပတ်ဝန်းကျင်မှာအများခေါ်လေ့ရှိတဲ့...
21/08/2022

"Eye Twitching အကြောင်းသိကောင်းစရာများ"

👀Eye Twitching ဆိုတာဘာလဲ?

Eye Twitchingဆိုတာ လူမှုပတ်ဝန်းကျင်မှာအများခေါ်လေ့ရှိတဲ့ မျက်ကြောဆွဲခြင်း ၊ မျက်စိတစ်ဖက်မျက်တောင် ခဏခဏမှိတ် ခြင်း တို့ကိုခေါ်တာဖြစ်ပါတယ်။ ဒီအပြုမှုဟာ ပတ်ဝန်းကျင်မှာမြင်နေကျဖြစ်ပေမယ့် မျက်စိကျန်းမာရေးအတွက်တော့အန္တရာယ်ရှိနိုင်ပါတယ်။
Eye Twitchingအများစုဟာ မိနစ်အနည်းငယ်အတွင်းပဲကြာတတ်ပေမယ့် တစ်ချို့သောသူတွေမှာတော့ အကျင့်တစ်ခုအနေနဲ့ကြာရှည်စွာရှိနေတာတွေ့ရပါတယ်။ တကယ်လို့ သင့်မှာမကြာခဏ Eye Twitchingဖြစ်နေတယ်ဆိုရင်တော့ မျက်စိကုသတဲ့ဆရာဝန်နဲ့ပြသဖို့လိုပါတယ်။
ဆေးပညာအခေါ်ဝေါ်အရ Eye Twitchingကို လို့ခေါ်ပါတယ်။

❓Eye Twitching ဘာကြောင့်ဖြစ်တာလဲ?

Eye Twitching ဖြစ်ရတဲ့အကြောင်းတွေကတော့ တစ်ခုထက်မကရှိပါတယ်။
စိတ်ဖိစီးမှုမကြာခဏကြုံတွေ့ရတတ်တဲ့သူတွေမှာ Eye Twitching ဖြစ်နိုင်ပါတယ်။
အိပ်ရေးပျက်တာတွေများပြီး ပင်ပန်းနွမ်းလျလာတဲ့ အချိန်တွေမှာလည်း Eye Twitching ဖြစ်နိုင်ပါတယ်။
Coffee အလွန်ကျွံသောက်တတ်သူတွေလည်းဖြစ်နိုင်ပါသေးတယ်။
Eye Twitching ကိုဖြစ်စေတဲ့တခြားသော အကြောင်းရာတွေကတော့ အရက်အလွန်အကျွံသောက်ခြင်း၊ မျက်စိခြောက်သွေ့ခြင်း၊ မျက်စိနာကျင်ကိုက်ခဲခြင်း ၊ Eye Allergiesဖြစ်ခြင်း အစရှိတဲ့အကြောင်းရာတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။

🔴Eye Twitching ရဲ့ လက္ခဏာများ

Eye Twitching မှာ အပျော့စားနဲ့အပြင်းစားလက္ခဏာဆိုပြီးနှစ်မျိုးရှိပါတယ်။
အပျော့စားလက္ခဏာမှာတော့ လျှပ်တစ်ပြတ်အတွင်းမှာ မျက်ခွံကနှစ်ကြိမ်ဆက်တိုက်ပိတ်လိုက်ဖွင့်လိုက်ဖြစ်သွားတတ်တယ်။ ဒါပေမယ့် ဒီလက္ခဏာက ရက်အနည်းလောက်ပဲဖြစ်တတ်ပြီး မကြာခင်မှာပုံမှန်အတိုင်းပြန်ဖြစ်သွားပါတယ်။
အပြင်းစားလက္ခဏာမှာတော့ ဒီလိုမဟုတ်ပါဘူး။ ကြာရှည်စွာမျက်ခွံက ပိတ်လိုက်ဖွင့်လိုက်ဖြစ်တတ်ပါတယ်။ ထိန်းချုပ်လို့မရတော့ဘဲ အကျင့်တစ်ခုဖြစ်သွားတဲ့အခြေနေထိကိုရောက်သွားပါတယ်။

✅ဘယ်လိုကုသရမလဲ?

Eye Twitching အတွက်ကုသမှုတွေကတော့ အမျိုးမျိုးရှိကြပါတယ်။ အပျော့စား Eye Twitching အတွက်ကုသမှုကိုတော့ ကိုယ်တိုင်ပြုလုပ်နိုင်ပါတယ်။ကိုယ့်ရဲ့နေ့စဥ်ဘဝမှာ ကြုံတွေ့ရတဲ့ Stressတွေကို လျှော့ချပါ။အိပ်ချိန်လုံလောက်စွာရယူပြီး အနားယူပါ။ Caffeine ဓာတ်ကိုလည်းလျှော့ရပါမယ်။
အပြင်းစား Eye twitching အတွက်ဆိုရင်တော့ မျက်စိကုသမှုပေးနေတဲ့ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ပျောက်ကင်းအောင်ကုသနိုင်ပါတယ်။

💯👨🏻‍⚕️ရောဂါဆိုတာ ကုသရင်ပျောက်ကင်းနိုင်ပါတယ်။ ဒါကြောင့် Eye twitching ဖြစ်နေပြီဆိုရင် မပေါ့ဆဘဲ ကျွမ်းကျင်ဆရာဝန်တွေဆီမှာ ကုသမှုခံယူပါလို့ The Eye Health ကနေ အကြံပေးချင်ပါတယ်။

" သင့်မျက်စိကိုဂရုစိုက်ပါ "

#မျက်စိ #ကျန်းမာ​ရေး

T h e E y e H e a l t h



#မျက်စိကျန်းမာရေး

"မျက်စိအမြင်ကြည်လင်သော ကလေးတွေဖြစ်ဖို့ သိထားရမည့် အချက်(5)ချက်"မျက်စိကျန်းမာရေးဟာ လူကြီးတွေတင်မကဘဲ ကလေးတွေအတွက်လည်း အရေး...
25/07/2022

"မျက်စိအမြင်ကြည်လင်သော ကလေးတွေဖြစ်ဖို့ သိထားရမည့် အချက်(5)ချက်"

မျက်စိကျန်းမာရေးဟာ လူကြီးတွေတင်မကဘဲ ကလေးတွေအတွက်လည်း အရေးပါပါတယ်။ ကလေးတွေရဲ့မျက်ကြည်လွှာဟာ လူကြီးတွေထက်နုလွန်းတာကြောင့် အထူးဂရုစိုက်ပေးရပါမယ်။ ကလေးတို့ရဲ့မျက်စိတွေ ထိခိုက်အနာမဖြစ်စေဖို့ မိဘတွေအနေနဲ့ ဆောင်ရန်ရှောင်ရန်အချက်များကို ကနေမျှဝေပေးသွားပါမယ်။⏩

✅အာဟာရပြည့်ဝစွာစားပါ

အာဟာရပြည့်ဝစွာစားပေးခြင်းကလည်း တခြားသောလုပ်ဆောင်မှုတွေလိုပဲ ကလေးတွေရဲ့အမြင်အာရုံအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေဖြစ်တဲ့ လက်ဆက်တဲ့အသီးအရွက်၊ အသားငါး၊ဥအမျိုးမျိုး၊အစိမ်းရောင်ရှိတဲ့အသီးအရွက်တွေကို စားပေးဖို့ မိဘတွေအနေနဲ့ သားသမီးတွေကိုအားပေးပြောပြသင့်ပါတယ်။

✅ရေများများသောက်ပါ

မျက်စိကျန်းမာရေးအတွက် ခန္ဓာကိုယ်​ေရဓာတ်ပြည့်ဖို့ကလည်း လိုအပ်ပါတယ်။ တစ်ရက်မှာ အနည်းဆုံးရေလေးဖန်ခွက်သောက်ဖို့ကို မိဘတွေအနေနဲ့ ကိုယ့်ရဲ့ကလေးကိုတိုက်တွန်းပေးရပါမယ်။ ရေသောက်သုံးမှုပမာဏကတော့ ကလေးရဲ့ကြီးထွားမှုနဲ့ အသက်ပေါ်မှာမှုတည်ပြီး ပြောင်းလဲနိုင်ပါတယ်။ မျက်စိအမြင်တွေကြည်နေစေဖို့ ရေကိုများများသောက်ပေးဖို့လိုပါတယ်။

✅Screen Time သတ်မှတ်ထားပါ

ကလေးတွေအသုံးများတဲ့ smartphone,tablets နဲ့ Computerတွေကို သေချာလေးဂရုစိုက်ပြီးသုံးစေချင်ပါတယ်။ ဒီအရာတွေကိုအသုံးများလာရင် မျက်စိကိုက်ခဲနာကျင်တာတွေဖြစ်တတ်ပါတယ်။ 5နှစ်အောက်ကလေးတွေကို Screen Timeအနေနဲ့ တစ်နာရီအောက်ပဲကြည့်ခွင့်ပြုပါ။ဒီထက်ကြီးရင်တော့ တစ်ရက်တစ်နာရီပဲကြည့်စေပါ။ 18လတောင်မပြည့်သေးတဲ့ကလေးတွေဆိုရင်တော့ မကြည့်ခိုင်တာပိုကောင်းပေမယ့် ပေးကြည့်မယ်ဆိုလည်း အချိန်အကြာကြီး အသုံးပြုခွင့်မပေးပါနဲ့။

✅မျက်စိအကာကွယ်တပ်ပါ

ကလေးအများစုမျက်စိထိခိုက်ရခြင်းအကြောင်းအများစုမှာ Gameဆော့ချိန်နဲ့အားကစားလုပ်တဲ့အချိန်တွေမှာပဲဖြစ်ပါတယ်။ ဒါကြောင့် ကလေးကို မျက်စိအတွက်ကာကွယ်ပေးဖို့နဲ့ တခြားသောထိခိုက်မှုတွေကိုပါ ကာကွယ်ပြီးသားဖြစ်စေဖို့ UVကာကွယ်ထားတဲ့နေကာမျက်မှန်တွေတပ်ထားပေးသင့်ပါတယ်။ ဦးထုပ်ဆောင်းခြင်း၊လေကာရေကာမျက်မှန်တွေတပ်ပေးခြင်းကလည်း UV radiationတွေနဲ့ Physical ထိခိုက်မှုတွေကို ကာကွယ်ပေးနိုင်တဲ့အကြောင်း ကလေးတွေကို ပြောပြပြီး လိုက်နာခိုင်းပါ။

✅ပြင်ပလှုပ်ရှားမှုတွေနဲ့ထိတွေ့ပါ

မိဘတို့အနေနဲ့ ကလေးတွေကို အိမ်ထဲမှာပဲနေပြီး ဆော့ခိုင်းတာထက် ပြင်ပအားကစားတွေနဲ့ပိုထိတွေ့ပေးစေချင်ပါတယ်။ Video gameဆော့တာ၊ Screen သုံးပြီးအချိန်ကုန်နေတာတွေအစား အိမ်ပြင်ထွက်ပြီး ဆော့ခိုင်းပါ။ ပြင်ပလှုပ်ရှားမှုများများလုပ်ပေးခြင်းက ခန္ဓာကိုယ်ကြံ့ခိုင်ဖွံ့ဖြိုးမှုကိုလည်း ထောက်ပံ့ပေးနိုင်ပါတယ်။ ဒီလိုမျိုးအပြင်ထွက်တဲ့အခါမှာ မျက်စိကိုကာကွယ်ပြီးသားဖြစ်အောင် အထက်မှာပြောခဲ့တဲ့ မျက်စိကာကွယ်ပစ္စည်းတွေတပ်ထားပေးပါ။

💯ခုမျှဝေပေးသွားတဲ့ ကလေးတို့ရဲ့မျက်စိကျန်းမာရေးအတွက် လုပ်ဆောင်ရမည့်အချက်5ချက်က မိဘတို့အတွက် အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။ အရေးကြီးတဲ့ 5ချက်ကိုပဲ ဖော်ပြပေးသွားတာဖြစ်ပါတယ်။ နောက်ထပ်လည်း ကနေမျက်စိကျန်းမာရေးဗဟုသုတတွေကိုမျှဝေပေးသွားမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှု့ပေးကြပါဦး။🔚

" သင့်မျက်စိကိုဂရုစိုက်ပါ "

T h e E y e H e a l t h

ျက်စိကျန်းမာရေး
#ကလေးမျက်စိကျန်းမာရေး

Digital Device တွေကြောင့်ဖြစ်လာတဲ့ မျက်စိကိုက်ခဲမှု လက္ခဏာ(5)မျိုးသင်ဟာ Digital Device တွေကိုသုံးပြီးအလုပ်လုပ်နေတဲ့သူဆို...
20/07/2022

Digital Device တွေကြောင့်ဖြစ်လာတဲ့ မျက်စိကိုက်ခဲမှု လက္ခဏာ(5)မျိုး

သင်ဟာ Digital Device တွေကိုသုံးပြီးအလုပ်လုပ်နေတဲ့သူဆိုရင် မျက်စိအားနည်းလာတာတွေဟာ တစ်နေ့မဟုတ်တစ်နေ့မှာ ကြုံတွေ့ရနိုင်ပါတယ်။ ဘယ်လိုမျိုးလက္ခဏာတွေက သင်အသုံးပြုနေတဲ့ Digital Device တွေကြောင့် မျက်စိအားနည်းလာတယ်ဆိုတာကိုရော သင်သိရဲ့လား။ မသိသေးဘူးဆိုရင်တော့ အောက်မှာမျှဝေပေးသွားမယ့် လက္ခဏာ5မျိုးကို အဆုံးထိဖတ်ကြည့်လိုက်ပါနော်။👉🏻

⏹ခေါင်းကိုက်ခြင်း

သင့်ရဲ့မျက်စိတ်အနီးတစ်ဝိုက်နဲ့ ဦးခေါင်းအရှေ့ပိုင်းခြမ်းတွေ နာကျင်ကိုက်ခဲလာပြီဆိုရင်တော့ သင့်အနေနဲ့ Digital Device တွေအသုံးများလာလို့ပဲဖြစ်ပါတယ်။ ဒီလိုမျိုးမျက်စိနဲ့တိုက်ရိုက်ထိတွေ့ရတဲ့ Digital Device တွေကြောင့်ပဲ ဦးခေါင်းအတွင်းက Muscleတွေက ကိုက်ခဲလာရတာဖြစ်ပါတယ်။

⏹မျက်စိပင်ပန်းခြင်း

Computerအသုံးများတဲ့ ရုံးလုပ်သားတွေမှာ မျက်စိပင်ပန်းနွမ်းလျတာတွေ မကြာခဏဖြစ်တတ်ပါတယ်။ သင့်ရဲ့မျက်လုံးတွေက နာကျင်ခြင်း၊ ပင်ပန်းခြင်းတွေခံစားလာရတာဟာ သင့်ရဲ့မျက်စိခံနိုင်တဲ့အတိုင်းတာကိုကျော်လွန်သည်အထိ Digital Device တွေအသုံးများနေပြီဆိုတာပြောနေတဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။

⏹အလင်းရောင်ဒဏ်မခံနိုင်ခြင်း

သင့်ရဲ့မျက်စိအတွင်းက lenses တွေကို focusထားနိုင်ဖို့ အသုံးပြုနေရတဲ့ ကြွက်သားတွေက နောက်ထပ်ကြွက်သားတွေကိုပြန်တည့်မက်ပေးပါတယ်။ဒီကြွက်သားတွေကနေ သင့်မျက်စိရဲ့pupilအရွယ်အစားကို ထိန်းပေးပါတယ်။ ဒါကြောင့် ညဘက်တွေမှာ အလင်းရောင်ကိုမျက်စိနဲ့ထိလိုက်တဲ့အခါ ထိုးနှက်လိုက်သလိုမျိုးနာကျင်ခံစားရတဲ့အပြင် သားငယ်အိမ်ကိုပါဖိညစ်လိုက်သလိုမျိုး ခံစားရတတ်ပါတယ်။

⏹မျက်စိယားယံခြင်း

ဘာကြောင််မှန်းမသိမကြာခဏ မျက်စိကိုပွတ်မိနေတာ၊ မျက်စိကိုပွတ်လိုက်မှ အမြင်အာရုံရှင်းသွားသလိုမျိုးခံစားလိုက်ရတာတွေ ကြုံဖူးပါလား။ ဒါဟာ သင့်ရဲ့မျက်စိအတွင်းက ကြွက်သားတွေကို လိုတာထက်ပိုပြီးအလုပ်လုပ်ခိုင်းထားလို့ပဲဖြစ်ပါတယ်။ ဒါတွေကနေပဲ မျက်စိကျိန်းစပ်ခြင်း၊ မျက်စိယားယံခြင်းတွေဖြစ်လာတာပါ။

⏹အမြင်ဝေဝါးလာခြင်း

သင့်အနေနဲ့ အလင်းရောင်လျော့လာတဲ့ညနေပိုင်းတွေမှာ အမြင်အာရုံကပုံမှန်ထက်ဝေဝါးလာတာကိုရော ကြုံဖူးလား။ Digital device တွေနဲ့ အလင်းရောင်ကိုသုံးပြီးအလုပ်လုပ်ရတဲ့ အရာတွေပေါ်မှာ ပုံမှန်ထက်ကျော်ပြီးအာရုံစိုက်လာရတာကြောင့် မျက်စိကြွက်သားတွေကတစ်ဆင့် အမြင်တွေမှုန်ဝါးလာတာဖြစ်ပါတယ်။ဒီအခြေနေရောက်လာပြီဆိုရင်တော့ သင့်ရဲ့မျက်စိအတွက် စိုးရိမ်သင့်ပါပြီ။

✅ဒီလိုမျိုး Digital Device တွေကိုအသုံးများလာတာကြောင့် မျက်စိအားနည်းစေမယ့်လက္ခဏာတွေကြုံရတဲ့အခါ ဘယ်လိုမျိုးဖြေရှင်းပေးရမလဲဆိုတာတွေကိုလည်း The Eye Health ကနေ မျှဝေပေးသွားဖို့ရှိပါသေးတယ်။ ဒါကြောင့် Like & Follow လုပ်ထားဖို့လည်းမမေ့နဲ့နော်။🤗

" သင့်မျက်စိကိုဂရုစိုက်ပါ "

#မျက်စိ #ကျန်းမာ​ရေး

T h e E y e H e a l t h

ျက်စိကျန်းမာရေး

"The 20-20-20 Eye Rule"👉🏻20-20-20 Rule ဆိုတာဘာလဲ?Digital Device တွေ အချိန်အကြာကြီးအသုံးပြုမှု များလာတဲ့အခါ မျက်စိညောင်းည...
19/07/2022

"The 20-20-20 Eye Rule"

👉🏻20-20-20 Rule ဆိုတာဘာလဲ?

Digital Device တွေ အချိန်အကြာကြီးအသုံးပြုမှု များလာတဲ့အခါ မျက်စိညောင်းညာကိုက်ခဲမှုတွေ ဖြစ်တတ်ပါတယ်။ ဒီအရာတွေကို လျှော့ချပေးဖို့အတွက် 20-20-20 Rule ကိုအသုံးပြုရပါတယ်။
American Optometric Association ရဲ့အဆိုအရ ဒီRuleရဲ့ရည်ရွယ်ချက်ကတော့ Digital device တွေ Computerတွေကို အသုံးပြုပြီး 20Minutes ကြာအလုပ်လုပ်ပြီးတိုင်း 20Feet အကွာဝေးကို 20Second အထိကြည့်ပေးရမယ်လို့ဆိုပါတယ်။➡

👉🏻20-20-20 Ruleကိုဘယ်လိုအသုံးပြုရမလဲ?

2️⃣0️⃣Minutes

Computer visionတွေကြောင့် ဖြစ်လေ့ရှိတဲ့ မျက်စိနဲ့ပတ်သက်တဲ့ ရောဂါလက္ခဏာတွေကို ကြိုတင်ကာကွယ်ပေးနိုင်ဖို့ 20Minutes အလုပ်လုပ်ပြီးတိုင်း မျက်စိကိုပြန်အနားပေးပါ။ အလုပ်တွေအရမ်းများတဲ့အခါ အနားယူဖို့မေ့နေတတ်တာကြောင့် 20Minutes ပြည့်တိုင်းသတိပေးတဲ့အနေနဲ့ Phoneနဲ့ Alarm လုပ်ပေးထားလိုက်ပါ။

2️⃣0️⃣Feet

အလင်းရောင်ထုတ်ပေးတဲ့ Digital Devices တွေဖြစ်တဲ့ Smart Phone၊ Computer ၊ Laptop တို့ကလာတဲ့အလင်းဟာ မျက်စိဆီကို အပြိုင်ဝင်လာတဲ့အခါ မျက်စိကိုက်ခဲနာကျင်တာတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် 20Minutesအလုပ်လုပ်ပြီးလို့ အနားယူတဲ့အခါ အလုပ်စားပွဲမှာရှိတဲ့အရာဝတ္ထုသော်လည်းကောင်း၊ ပြတင်းပေါက်အပြင်မှာရှိတဲ့ အေးချမ်းစေမယ့်မြင်ကွင်းတွေကိုသော်လည်းကောင်း 20Feet အကွာဝေးကနေကြည့်ပေးပါ။

2️⃣0️⃣Seconds

အထက်ပါအချက်တွေမှာတော့ 20 Minute အလုပ်လုပ်ပြီးအနားယူတဲ့အခါ အပြင်မှာရှိတဲ့မြင်ကွင်းတွေကို 20Feet အကွာဝေးနဲ့ကြည့်ရမယ်လို့် သိခဲ့ပြီးဖြစ်ပါတယ်။ ဒီလိုမျိုး 20Feet အကွာဝေးနဲ့ကြည့်တဲ့အခါ 20Secondကြာအောင် ကြည့်ရမယ်လို့ 20-20-20 Rule ကဆိုထားပါတယ်။ ဒီနည်းလမ်း3မျိုးကို အလှည့်ကျလုပ်ဆောင်သွားနိုင်ပါတယ်။

👁️‍🗨️20-20-20 Rule ဟာလူတိုင်းလိုက်နာသင့်တဲ့ Ruleတစ်ခုပဲဖြစ်ပါတယ်။ အလုပ်ကြောင့်မဟုတ်ဘဲ အပျော်လုပ်တဲ့အရာတွေဖြစ်တဲ့ TVကြည့်ချိန်၊ Gameဆော့ချိန်တွေမှာတောင် Light Rayတွေက မျက်စိကိုထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် 20 Minutes ,20 Feet ,20 Second Ruleကိုလိုက်နာမယ်ဆိုရင် မျက်စိနာကျင်ကိုက်ခဲတာတွေလျော့ပါးစေနိုင်ပါတယ်။🔚

" သင့်မျက်စိကိုဂရုစိုက်ပါ "

#မျက်စိ #ကျန်းမာ​ရေး

T h e E y e H e a l t h

ျက်စိကျန်းမာရေး
#20-20-20Rule

"ရေရှည်မှာ အမြင်အာရုံကောင်းဖို့အတွက် လုပ်ဆောင်ရမည့် Habitsများ"👁လူအများစုဟာ Mobile Phone၊ Laptop ၊TV စတဲ့ မျက်စိနဲ့တိုက်...
07/07/2022

"ရေရှည်မှာ အမြင်အာရုံကောင်းဖို့အတွက် လုပ်ဆောင်ရမည့် Habitsများ"👁

လူအများစုဟာ Mobile Phone၊ Laptop ၊TV စတဲ့ မျက်စိနဲ့တိုက်ရိုက်ထိတွေ့ရတဲ့ Electronic Devicesတွေ အသုံးများလာတာကြောင့် မျက်စိကျန်းမာရေးအတွက်လည်း စိတ်ပူလာရပါတယ်။ ဒီ Devicesတွေသုံးစွဲမှုကို ရပ်တန့်ဖို့မလွယ်ပေမယ့် မျက်စိကိုပြန်အားဖြည့်ဖို့အတွက်တော့ လူတိုင်းတတ်နိုင်ပါတယ်။ ဒါကြောင့် အမြင်အာရုံကောင်းမွန်စေဖို့ လုပ်ဆောင်ရမယ့် တွေကို မျှဝေပေးချင်ပါတယ်။🔜

⏹အနားယူမှုလေ့ကျင့်ခန်းလုပ်ပါ

မျက်စိနဲ့ပတ်သက်ပြီး ရိုးရှင်းတဲ့ Workoutတစ်ခုကတော့ ကိုယ့်ရဲ့လက်ဖဝါးနှစ်ခုကို ပူနွေးလာသည်အထိ အချင်းချင်းပွတ်တိုက်ပေးပါ။ ပြီးရင်တော့ ကိုယ့်ရဲ့မျက်စိပေါ်ကို အလင်းရောင်မမြင်ရလောက်တဲ့ အခြေနေထိ ဖွဖွလေးအုပ်ထားပါ။ သင့်အနေနဲ့ ဒီလေ့ကျင့်ခန်းကို နေစဥ်နေ့တိုင်းပြုလုပ်ပေးမယ်ဆို ကိုယ့်ရဲ့မျက်စိကိုအနားယူမှုပေးသလိုလည်းဖြစ်စေပါတယ်။

⏹ဖွင့်လိုက်မှိတ်လိုက်လုပ်ပါ

နောက်ထပ် Habitလေးကတော့ ကိုယ်ရဲ့မျက်စိကို ဖွင့်လိုက်မှိတ်လိုက် လုပ်ပေးရပါမယ်။ ဒီလေ့ကျင့်ခန်းကတော့ သင့်ရဲ့အမြင်အာရုံကို သိသိသာသာကိုထူးကဲစေပါတယ်။ ပုံမှန်ပြုလုပ်ပေးသွားမယ်ဆိုရင် အမြင်စူးစေတဲ့ အလင်းရောင်တွေကို ကာကွယ်ပေးနိုင်သလို မျက်စိနာကျင်ကိုက်ခဲခြင်းကိုလည်း သက်သာစေပါတယ်။ Laptop အသုံးများသူ၊ Mobile Phone အသုံးများသူတွေနဲ့ တခြားမျက်စိကိုထိခိုက်စေတဲ့ Electronic devicesတွေကို အမြဲသုံးနေရသူတွေနေနဲ့ မျက်စိကိုက်လာတဲ့အခါ 5second လောက် မှိတ်လိုက်ဖွင့်လိုက်လေးလုပ်ပေးပါ။

⏹ရေဖြင့်ပတ်ဖျန်းပါ

အလုပ်တွေအရမ်းများပြီး Electronic Devicesတွေကြည့်ရတာများလာပြီဆို မျက်စိကအားကုန်ခမ်းလာသလိုခံစားရပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင်တော့ မျက်စိကိုရေဖြင့်ဆေးကြောပတ်ဖျန်းပေးလိုက်ပါ။ မျက်နှာသစ်ပေးတဲ့သဘောပါပဲ။ သင့်အနေနဲ့ အမြင်အာရုံ ကြည်လင်ချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းကို ပုံမှန်လုပ်ဆောင်သွားပေးပါ။ မျက်စိကိုရေနဲ့ပတ်ဖျန်းပြီးချိန်မှာတော့ မျက်စိအမြင်လန်းဆန်းလာရုံသာမက စိတ်ပါလန်းဆန်းလာပါလိမ့်မယ်။

⏹မနက်စောစောလမ်းလျှောက်ပါ

နောက်ဆုံး Habitလေးကတော့ မနက်စောစောအိပ်ယာထပြီး လမ်းလျှောက်ပေးခြင်းပဲဖြစ်ပါတယ်။ ဒီနည်းကရိုးရှင်တယ်ဆိုပေမယ့် သင့်မျက်လုံးအတွက်တော့ အကျိုးရှိစေပါတယ်။ မနက်စောစောထပြီး နွေးထွေးတဲ့နေရောင်ချည်နဲ့ မျက်စိထိတွေ့ရတဲ့အခါ အမြင်တွေကြည်လင်လန်းဆန်းလာတာကို ကိုယ်တိုင်ခံစားရပါလိမ့်မယ်။🔛

✅အထက်မှာပြောပြပေးသွားတဲ့ တွေက လူတိုင်းလိုက်လုပ်နိုင်တဲ့အလေ့ကျင့်တွေပဲဖြစ်
ပါတယ်။ #ရေရှည်မှာမျက်စိအမြင်အားကောင်းဖို့ဆို ဒီHabitတွေက မဖြစ်မနေလုပ်ပေးသင့်ပါတယ်။ ဒါကြောင့် ကိုယ်ကမျက်စိကျန်းမာရေးကို အထူးဂရုစိုက်သူဆိုရင်တော့ ကိုယ်နဲ့အဆင်ပြေရာအလေ့ကျင့်တွေကို နေ့စဥ်လုပ်ဆောင်ပေးပါ။

👉🏻မျက်စိနဲ့ပတ်သက်တဲ့ ကျန်းမာရေးဗဟုသုတတွေကို အမြဲမျှဝေပေးသွားမှာဖြစ်လို့ Pageကိုလည်း Like & Follow လုပ်ထားပေးပါဦး။

" သင့်မျက်စိကိုဂရုစိုက်ပါ "

#မျက်စိ #ကျန်းမာ​ရေး

T h e E y e H e a l t h

🎮 ဂိမ်း​ဆော့​နေစဥ်တပ်ထားသင့်သည့်မျက်မှန် 🎮အလွယ်​​ပြောရရင်  Online ဂိမ်းဖြစ်ဖြစ် ၊ Offline ဂိမ်းပဲ ဖြစ်ဖြစ် ကစားနေစဉ် မျက...
16/03/2022

🎮 ဂိမ်း​ဆော့​နေစဥ်တပ်ထားသင့်သည့်မျက်မှန် 🎮

အလွယ်​​ပြောရရင် Online ဂိမ်းဖြစ်ဖြစ် ၊ Offline ဂိမ်းပဲ ဖြစ်ဖြစ် ကစားနေစဉ် မျက်မှန် ဝတ်ဆင်ထားသင့်ပါတယ်။ မျက်မှန်​တွေကို အကြောင်းအမျိုးမျိုးကြောင့် အသုံးပြုကြပါတယ်။ အဲ့ဒိထဲမှာမှ Gamer ​တွေအ​နေနဲ့ စစ်မှန်တဲ့ Blue Block Lens တပ်ဆင်ထားတဲ့ မျက်မှန်​တွေကိုသာ ​ရွေးချယ်သင့်ပါတယ်။

အပြာရောင်အလင်းတန်းလို့​ခေါ်တဲ့ (Blue Light) ​တွေဟာအာရုံကြောကို ထိခိုက်စေပြီး အမြင်အာရုံကို ထိခိုက်စေနိုင်ပါတယ်။ တီဗီ၊ ​မော်နီတာ၊ တက်ဘလက်၊ ဖုန်း ​တွေကို အချိန်အကြာကြီး ကြည့်တဲ့အခါ၊ အဲ့ဒိ Device ​တွေရဲ့ Screen က​နေ အပြာရောင်အလင်းတန်းကို ထုတ်လွှတ်တယ်။ ဒါ​တွေကို Blue Block Lens အသုံးပြုထားတဲ့ မျက်မှန်​တွေကလျှော့ချပေး နိုင်ပါတယ်။

Blue Block မျက်မှန်​တွေဟာ ရှင်းလင်းပြတ်သားမှုကို ပိုမိုကောင်းမွန်စေရန်၊ အလင်းပြန်တာ​တွေကို လျှော့ချပေးပြီး အရောင်​တွေကို ကွက်ကွက်ကွင်းကွင်းနှင့် ကြည်လင်ပြတ်သားစွာ မြင်နိုင်ရန် ကူညီပေးပါတယ်။

နေကာမျက်မှန်​တွေက မျက်စိအတွက်အန္တရာယ်ရှိတဲ့ UV rays ​တွေကို လျှော့ချဖို့ ၊ မျက်လုံးကို ပျက်စီးစေတဲ့ ရောင်ခြည်​တွေကို လျှော့ချဖို့ ရည်ရွယ်ထားသလို၊ ဂိမ်းကစားရန်အတွက် အကာအကွယ် Blue Block မျက်မှန်​တွေကလဲ အပြာရောင်အလင်းတန်း​တွေကို လျှော့ချဖို့နဲ့ ကွန်ပြူတာအား စိုက်ကြည့်မယ်ဆိုပါက သင်ခံစားရတဲ့ အမြင်အာရုံချို့ယွင်းမှုကို သက်သာစေဖို့ ရည်ရွယ်ပါတယ်။

" သင့်မျက်စိကိုဂရုစိုက်ပါ "

#မျက်စိ #ကျန်းမာ​ရေး

T h e E y e H e a l t h

ရိုးရိုးဖျားနေရင်တောင် ကိုယ့်ကိုကိုယ်သံသယဖြစ်နေတဲ့အချိန်မှာ ရာသီပေါ် တုပ်ကွေးနဲ့ ကိုဗစ်-၁၉ တို့ရဲ့လက္ခဏာနဲ့ ကွာခြားချက်လ...
11/07/2021

ရိုးရိုးဖျားနေရင်တောင် ကိုယ့်ကိုကိုယ်သံသယဖြစ်နေတဲ့အချိန်မှာ ရာသီပေါ် တုပ်ကွေးနဲ့ ကိုဗစ်-၁၉ တို့ရဲ့လက္ခဏာနဲ့ ကွာခြားချက်လေးကိုရှင်းရှင်းလင်းလင်းသိရပြီဆို အနေအထိုင်နဲ့ အစားအသောက်ပြုပြင်နေထိုင်လို့ရအောင် မျှဝေခြင်းဖြစ်ပါတယ်...


အသေးစိတ်လေ့လာရန်

https://healthmatters.nyp.org/how-to-tell-the-difference-between-covid-19-vs-flu/

နိုင်ငံတကာမှာ  Mask ကို နှစ်ထပ် တပ်ဖို့  အကြံပြုထားကြပါပြီ။ တပ်လည်း တပ်နေ ကြပါပြီ။   အရင်ဆုံး  Surgical Mask ကို Mask အရ...
10/07/2021

နိုင်ငံတကာမှာ Mask ကို နှစ်ထပ် တပ်ဖို့
အကြံပြုထားကြပါပြီ။ တပ်လည်း တပ်နေ
ကြပါပြီ။

အရင်ဆုံး Surgical Mask ကို Mask အရင်း
နားလေးမှာ ထုံးပြီး တပ်ပါ။ ဘေးဘက်ကနေ
ပိုးဝင်ပေါက် မရှိအောင်ပါ။ မဟ ပါစေနဲ့။
အဲ့ အပေါ်မှာ အဝတ်နဲ့ ချုပ်ထားတဲ့ Mask ကို
ထပ်အုပ်ပြီး တပ်ပေးပါ။

အဝတ် Mask ကတော့ ထုံးစရာ မလို ပါဘူး။

အမျိုးအစား တူတဲ့ Mask 2ထပ် မတပ် ရပါ

Surgical Mask နှစ်ထပ် မရ ပါ။

အဝတ် Mask နှစ်ထပ်မရပါ။

အောက်ခြေက Surgical Mask ကို ထုံးပြီး တပ်ပါ။

ပြီးရင် အပေါ်က အဝတ် Mask ထပ်သုံး ပါ။
ဒီတစ်နည်းပဲ ရပါမယ်။

KN 95 ပေါ်ဆိုရင်တော့ ဘာ Mask မှ မတပ် ရပါ။

ပုံမှန် တပ်နေကျလိုမျိုး Surgical Mask တခုထဲကို
မထုံးဘဲ တပ်ရင်၅၆.၁ %ပဲ ကာကွယ်နိုင်ပါတယ်။

ထုံးပြီး တပ်ရင် ၇၇ % ကာကွယ်နိုင်တယ်။

ရိုးရိုး အဝတ် Mask တခုထဲ တပ်ရင်
၅၁.၄ % ကာကွယ်နိုင်တယ်ပါတယ်။

ထုံးထားတဲ့ Surgical Mask ပေါ်အဝတ် Mask
အုပ်ပြီး နှစ်ထပ် တပ်ရင် ၈၅.၄ % က အထိ
ကာကွယ်နိုင်လို့ပါ။

မလိုအပ်ရင် အိမ်အပြင် မထွက်တာ
အကောင်းဆုံးပါ။

ထိုင်းမှာလည်း အခြေအနေ တော်တော်
ပြန်ဆိုးနေပါတယ်။

ဒီမှာလည်း တော်တော်ကူးစက် နေပါပြီ။
သေဆုံးတွေလည်း များနေ ပါပြီ။

လူငယ်မို့ ကိုယ်ခံအား ကောင်းတယ်
ဖြစ်လည်း ပြန်သက်သာမှာဘဲလို့ မတွေး ပါနဲ့။

ဒီ ဗီဇ အသစ်ပိုးက ပိုမြန်ပါတယ်။ ကုဖို့ မလွယ် ပါ။

ကိုယ်က သယ်ဆောင်သူဖြစ်ပြီး ကိုယ့်ဆီက
ကူးမယ့် ကိုယ်ခံအား နည်းတဲ့ အဖိုးအဖွားတွေ၊
ကလေးတွေ၊ ငွေကြေး မတတ်နိုင်သူတွေ ရဲ့
အသက်ကိုကိုယ်က စပြီး ကယ်တင် ပေးပါ။

ဂရုစိုက်ကြပါ။ လက်ဆင့်ကမ်းပေးပါ။

Tain Htet Yan

😎🤓ဘယ်လိုမျက်မှန်ကိုင်း မျိုးက ကိုယ့်မျက်နာနဲ့ လိုက်ဖက်မှုအရှိဆုံးလဲ သိကြလား ❔❔🔴 မျက်နှာဝိုင်း ပုံသဏ္ဍာန်ရှိတဲ့မျက်နှာကတေ...
12/10/2020

😎🤓ဘယ်လိုမျက်မှန်ကိုင်း မျိုးက ကိုယ့်မျက်နာနဲ့ လိုက်ဖက်မှုအရှိဆုံးလဲ သိကြလား ❔❔

🔴 မျက်နှာဝိုင်း ပုံသဏ္ဍာန်ရှိတဲ့

မျက်နှာကတော့ သူနဲ့ဆန့်ကျင်ဘက် လေးထောင့်ဆန်ပြီး သေးငယ်တဲ့ မျက်မှန်ကိုင်းလေးကို ရွေးချယ်သင့်ပါတယ်။ မျက်နှာလေးရှည်ရှည်သွယ်သွယ် ပုံစံမျိုးဖြစ်ပြီး အရမ်းကို လိုက်ဖက်နေမှာပါ။

🔴 ဘဲဥ ပုံသဏ္ဍာန်ရှိတဲ့

မျက်နှာလေးတွေက မျက်မှန်အဝိုင်းလေးတွေ လိပ်ပြာပုံစံမျက်မှန်လေးတွေကို ကိုင်းထူထူလေးနဲ့ တွဲဖက်ပြီး တပ်ဆင်မယ်ဆို အရမ်းကို လိုက်ဖက်ပါတယ်။

🔴 လေးထောင့် ပုံသဏ္ဍာန်ရှိတဲ့

မျက်နှာမျိုးတွေအတွက် သူနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ မျက်မှန်ဝိုင်းများကို ရွေးချယ်သင့်ပြီး မေးရိုးနဲနဲကားသူတွေအတွက် မျက်မှန်ကိုင်း အပေါ်ထူအောက်အပါးကိုင်း မျိုး ရွေးချယ်မယ်ဆို အရမ်းကိုပဲ စတိုင်ကျပါတယ်။

🔴 ကြိဂံပုံ ပုံသဏ္ဍာန်ရှိတဲ့

မျက်နှာပိုင်ရှင်များကတော့ Half-Rimless မျက်မှန်များကို ရွေးချယ်သင့်ပါတယ်။ လေးဒေါင့်ပုံစံမျက်မှန်နဲ့ဆို ပိုသင့်တော်ပါတယ်။

🔴 အသဲပုံ ပုံသဏ္ဍာန်ရှိတဲ့

မျက်နှာပိုင်ရှင်များကတော့ Rimless ကိုင်းများ၊ Oval shape မျက်မှန်ကိုင်းများနဲ့သာ လိုက်ဖက်ပါတယ်။

ကိုယ့်ရဲ့ မျက်နှာ Shape ကို မခွဲခြားတတ်ဘူးဆိုရင်လဲ ဘယ်လိုပုံဖော်ရမလဲဆိုတာ အောက်ကပုံထဲမှာလေ့လာနိုင်ပါတယ်။

👍ယခုလို ဗဟုသုတရ​စေမယ့်အ​ကြောင်းအရာ​တွေကို ပုံ မှန်ကြည့်ချင်တယ်ဆိုရင်​တော့........The Eye Health page ကို Like and Follow လုပ်ထားဖို့​တော့လိုမယ်​နော်.......😀😀

" သင့်မျက်စိကိုဂရုစိုက်ပါ "

#မျက်စိ #ကျန်းမာ​ရေး

T h e E y e H e a l t h

👓😎 လက်ရှိသင် ဘယ်လိုမျက်မှန်ပုံစံမျိုးကို တပ်လေ့ရှိလဲပြောပြ​ပေးပါ​နော်....😊😊😊 နောက်လာမယ့်ရက်​တွေမှာ မျက်မှန်ဘယ်လို ရွေးချ...
10/10/2020

👓😎 လက်ရှိသင် ဘယ်လိုမျက်မှန်ပုံစံမျိုးကို တပ်လေ့ရှိလဲပြောပြ​ပေးပါ​နော်....😊😊

😊 နောက်လာမယ့်ရက်​တွေမှာ မျက်မှန်ဘယ်လို ရွေးချယ်ရမလဲဆိုတာကို​ပြောပြ​ပေးသွားပါမယ်။ ✋

" သင့်မျက်စိကိုဂရုစိုက်ပါ "

#မျက်စိ #ကျန်းမာ​ရေး

T h e E y e H e a l t h

Please Like Us !!!!!" သင့်မျက်စိကိုဂရုစိုက်ပါ " #မျက်စိ  #ကျန်းမာ​ရေးT h e   E y e   H e a l t h
25/08/2020

Please Like Us !!!!!

" သင့်မျက်စိကိုဂရုစိုက်ပါ "

#မျက်စိ #ကျန်းမာ​ရေး

T h e E y e H e a l t h

Address

Yangon

Website

Alerts

Be the first to know and let us send you an email when The Eye Health မျက်စိကျန်းမာရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to The Eye Health မျက်စိကျန်းမာရေး:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category