ဆရာမြင့် - စကြာမင်း အရိုးကျီးပေါင်းရောဂါအထူးကုဆေးခန်း

  • Home
  • Myanmar
  • Yangon
  • ဆရာမြင့် - စကြာမင်း အရိုးကျီးပေါင်းရောဂါအထူးကုဆေးခန်း

ဆရာမြင့် - စကြာမင်း အရိုးကျီးပေါင်းရောဂါအထူးကုဆေးခန်း မင်္ဂလာပါ
Contact Us ☎ 0973197524, 019691091
သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
သာယာသောနေ့လေးဖြစ်ပါစေ 🙏

16/03/2026

မသေဆေးပင်ဆိုတာဘာလဲ?…
စာအုပ်ဆိုင်များတွင် ရောက်နေပါပြီ….

16/03/2026
11/03/2026

တောတောင် ရေမြေ အပင်များသည် သဘာဝ၏ဆေးသေတ္တာပင်ဖြစ်သည်။
အပျင်းလည်းပြေ…
ပညာလည်းရ…
ကျန်းမာရေးဗဟုသုတများနဲ့
မိမိတို့အနီးအနားက ဆေးဖက်ဝင်အပင်လေးများရဲ့
ကျန်းမာရေးအကျိုးပြုပုံများကို သိရဖို့ဖတ်ပါ…။

(စာအုပ်ဆိုင်များပေါ်တွင် ရောက်နေပါပြီ)

ဒီရေတောထဲက ဖောရောင်ဝေဒနာကျွန်းသာရွာကလေးသည် ရေလုပ်ငန်းကို အဓိကထားသော ရွာဖြစ်သည့်အလျောက် ရွာသားအတော်များများမှာ နေပူ၊  မို...
25/02/2026

ဒီရေတောထဲက ဖောရောင်ဝေဒနာ

ကျွန်းသာရွာကလေးသည် ရေလုပ်ငန်းကို အဓိကထားသော ရွာဖြစ်သည့်အလျောက် ရွာသားအတော်များများမှာ နေပူ၊ မိုးရွာမရှောင် မြစ်ထဲတွင်သာ အချိန်ကုန်လေ့ရှိကြသည်။ ဆရာလန်းသည် ထိုကျွန်းသာရွာသို့ လူနာတစ်ဦးကို ဆေးကုသပေးရန်ပင့်ဖိတ်၍ ရောက်နေခြင်းပင်ဖြစ်သည်။ ဆရာလန်းလည်း ရွာသားမောင်ဖိုးအေးနှင့် ရွာထဲသို့ လှည့်လည်ကြည့်ရှုစဉ် ထူးဆန်းသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။
ရွာသားအတော်များများမှာ ကိုယ်လက်များ ဖောရောင်နေကြပြီး လမ်းလျှောက်လျှင်ပင် တုန်တုန်ချိချိ ဖြစ်နေကြသည်။ အထူးသဖြင့် အမျိုးသားကြီးများမှာ ပို၍ဆိုးလှသည်။
"ဆရာ... ကယ်ပါဦး။ ကျွန်တော့်ခြေထောက်တွေက ဖိလိုက်ရင် ချိုင့်ဝင်သွားပြီး ပြန်မတက်တော့ဘူး။ မောလည်း အရမ်းမောတယ်" ရေလုပ်သားတစ်ဦးက ညည်းညူရင်း ဆရာလန်းကို အကူအညီတောင်းရှာသည်။
ဆရာလန်းက လူနာ၏ ခြေထောက်ကို လက်မဖြင့် ခပ်ဖွဖွဖိကြည့်လိုက်သည်။ အသားက ရုန်းကန်အားမရှိဘဲ ချိုင့်ဝင်သွားသည်။ မျက်ခွံများကလည်း မို့အစ်နေ၏။ ဆရာလန်းအနေဖြင့် ရောဂါရာဇဝင်နှင့် လူနာစားသောက်ပုံကို မေးမြန်းကြည့်သောအခါ -
"ကျွန်တော်တို့ကတော့ မြစ်ထဲက ငါးရရင် ငါးကင်စားတယ်၊ ပြီးတော့ စပါးကို အဖြူချောနေအောင် ကြိတ်ထားတဲ့ ဆန်ဖြူဖြူလေးတွေကိုပဲ စားတာပေါ့ ဆရာရယ်"
ဆရာလန်းသည် ထိုလူနာ၏စကားကြားပြီးပြီးခြင်းမှာပင် ရွာသူကြီးကို ရွာသူ၊ ရွာသားများကို စုဝေးပေးရန် မောင်ဖိုးအေးကို သူကြီးအိမ်သို့လွှတ်ကာ အကူအညီတောင်းခိုင်းလိုက်လေသည်။ ဆရာလန်းမှာ သက်ပြင်းတစ်ချက်ချကာ ရွာသားတွေ စုဝေးရာ သူကြီးအိမ်သို့ ခြေထောက်ဖေါရောင်နေသော လူနာပါတစ်ခါထဲ ခေါ်ဆောင်၍ သွားလေသည်။ ရွာသူကြီးအိမ်ရောက်လျင်ပင် ဆရာလန်းက-
"ဒါက ကူးစက်ရောဂါမဟုတ်ဘူး ဦးကြီးတို့။ ဒါကို 'ထုံစမ်းနာ' (Beri-Beri) လို့ ခေါ်တယ်။ ခင်ဗျားတို့က ဆန်ကို ဖြူနေအောင် ကြိတ်လိုက်တော့ ဆန်ခွံမှာပါတဲ့ အသက်သခင် ဗီတာမင်တွေ ( အထူးသဖြင့် ဗီတာမင် B-1 )တွေ အကုန်ပါသွားပြီ။ ဆန်ဖြူတာပဲသဘောကျစားကာ ဟင်းသီးဟင်းရွက် အစားနည်းပြီး ငါးကိုပဲ အဓိကစားနေကြတော့ ကိုယ်ခန္ဓာက ဖောလာတာပေါ့"
ဆရာလန်းက ချက်ချင်းပင် မီးဖိုချောင်ထဲက အရာများကို ရှာခိုင်းတော့သည်။ အချို့နွားကျွေးရန် ဖွဲ့နုတွေကို သိမ်းဆည်းထားကြတာတွေတွေ့တော့ ဆရာလန်းက-
"အခုချက်ချင်း ဆန်စက်က 'ဖွဲနု' သန့်သန့်တွေကို သွားယူခဲ့ပါ။ အဲဒီဖွဲနုကို ဒယ်အိုးနဲ့ နည်းနည်းလှော်၊ ပြီးရင် ထန်းလျက် နဲ့ နယ်ပြီး လုံးထားကြပါ၊ ပြီးရင်အဲဒီဖွဲနုလုံးလေးတွေကို ထမင်းစားပြီးတိုင်းဖြစ်စေ၊ အစာပြေစားစရာအဖြစ်နဲ့ ဖြစ်စေ စားပေးကြရမယ်၊ အဲဒါဟာ ခင်ဗျားတို့အတွက် အကောင်းဆုံးဆေးပဲ"
ရွာသားများက အံ့ဩနေကြသည်။ နွားစာဟု ထင်ထားသော ဖွဲနုက ဆေးဖြစ်သည်ဆိုသည်ကို သူတို့ မယုံနိုင်ကြ။ ဆရာလန်းက ဆက်ပြီး ညွှန်ကြားသည်။
"ပြီးတော့ အိမ်ဘေးမှာ ပေါပေါများများရှိတဲ့ 'ဒန့်သလွန်ရွက်' ကို ခူးပါ။ အဲဒါကို ဟင်းချိုချက်သောက်။ ဒန့်သလွန်ဟာ အဖိုးတန် ဓာတ်စာပဲ။ ဖောရောင်တာတွေကို ဆီးကနေတစ်ဆင့် ကျဆင်းစေလိမ့်မယ်"
ဆရာလန်းကိုယ်တိုင် ဖွဲနုနှင့် ထန်းလျက်ကို ရောစပ်ကာ ဆေးလုံးဖော်စပ်ပြီး လူနာများကို တိုက်ကျွေးစေသည်။ ထို့နောက် ခြေထောက်က အကြောများကို သွေးလေ လည်ပတ်စီးဆင်းကောင်းအောင် အောက်မှအထက်သို့ ပင့်တင်၍ နှိပ်နယ်နည်းကို သင်ပေးခဲ့သည်။
ရက်အနည်းငယ်အတွင်းမှာပင် ဖောရောင်နေသော လူနာများ ဆီးရွှင်လာပြီး ကိုယ်လက်များ ပေါ့ပါးလာကြသည်။ ရွာသားများက ဝမ်းသာလွန်း၍ သူတို့ရရှိသော ငါးခြောက်ထုပ်ကြီးများကို ဆရာလန်း၏ အပြန်လှေပေါ်သို့ အတင်းတင်ပေးကြသည်။
ဆရာလန်းက ပြုံးလျက် ငါးခြောက်အနည်းငယ်ကိုသာ ယူပြီး ကျန်သည်များကို ရွာကဆင်းရဲနွမ်းပါသူများနှင့် မိဘမဲ့ကလေးများအတွက် ပြန်ပေးခဲ့သည်။
"ဆေးဆိုတာ အဝေးမှာ ရှိတာမဟုတ်ဘူး ဦးကြီးတို့ရယ် ။ ကိုယ့်လက်တစ်ကမ်းမှာရှိတဲ့ ဖွဲနုတို့၊ ဒန့်သလွန်တို့ဟာ နတ်ဆေးတွေပါပဲ။ တန်ဖိုးထားတတ်ဖို့ပဲ လိုတာပါ"
နေဝင်ရီတရောအချိန်တွင် ဆရာလန်း၏ လှေကလေးသည် မြစ်ကြောင်းအတိုင်း တရွေ့ရွေ့ ထွက်ခွာသွားပြန်သည်။ ရှေ့တွင်လည်း ဘယ်လိုဝေဒနာရှင်တွေက သူ့ကို စောင့်ကြိုနေဦးမည်နည်း။
ပညာဗဟုသုတ မှတ်စု -
၁။ ဖွဲနု (Rice Bran) ဗီတာမင် B1 (Thiamine) ကြွယ်ဝစွာ ပါဝင်သဖြင့် ထုံစမ်းနာနှင့် ဖောရောင်ခြင်းကို ကုသရာတွင် အလွန်ထိရောက်သည်။
၂။ ဒန့်သလွန်သည် ဗီတာမင်နှင့် သတ္တုဓာတ်ပေါင်းစုံ ပါဝင်ပြီး ဆီးရွှင်စေကာ ကိုယ်ခံအား၊ သံဓာတ်တို့ကိုအားဖြည့်ပေးပြီး ကိုယ်ခန္ဓာရှိ အဆိပ်အတောက်များနှင့် ဖောရောင်ခြင်းကို ကျဆင်းစေသည်။
၃။ ထန်းလျက် သဘာဝသကြားဓာတ်ဖြစ်ပြီး ခန္ဓာကိုယ်ကို အင်အားဖြစ်စေကာ ဆေးနှင့်တွဲဖက်စားပါက ဆေးအာနိသင်ကို ပိုမိုထက်မြက်စေသည်။

ဆရာမြင့်(စကြာမင်း)

25/02/2026

"အသက်ရှည်ခြင်းရဲ့ သော့ချက်က ဘာလဲ?"

🌿 မသေဆေးပင်ရဲ့
လျှို့ဝှက်ချက်ကို ရှာဖွေဖို့ အဆင်သင့်ပဲလား? 🌿
“ဆရာလန်းနှင့် မသေဆေးပင် ရှာပုံတော်”
သည်းထိတ်ရင်ဖို စွန့်စားခန်းတွေကိုမှ ကြိုက်နှစ်သက်သူတွေအတွက်...
• မသေဆေးပင်ဆိုတာဘာလဲ?
• တောတောင်အထပ်ထပ်ကြားက ထူးဆန်းအံ့သြဖွယ်ရာများ
• ရှေးဟောင်းဆေးပညာနဲ့ ဆေးဖက်ဝင်အပင်တို့ရဲ့ လျှို့ဝှက်ချက်များ
• ဆရာလန်းနဲ့အတူ ခရီးနှင်မယ့် ရင်ခုန်စိတ်လှုပ်ရှားဖွယ် စွန့်စားခန်းများကို ဆေးပညာနှင့်ပေါင်းစပ်ရေးသားထားပါသည်။

စာအုပ်တစ်အုပ်လုံး ဖတ်ရတာ လက်ကမချချင်အောင် ဆွဲဆောင်မှုရှိတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ကို အခုပဲ ရှာဖွေဖတ်ရှုလိုက်ပါ။

✨ စာအုပ်အညွှန်း
• စာရေးဆရာ ဆရာမြင့် (SKM)
• အမျိုးအစား- စွန့်စားခန်း၊ လျှို့ဝှက်ဆန်းကြယ်
🛒 ဝယ်ယူရရှိနိုင်မယ့်နေရာ - [မြင့်မြတ်မြန်မာ စာပေ]
📞 ဆက်သွယ်ရန်ဖုန်း - [ဖုန်းနံပါတ်- ၀၉၄၃၀၈၃၄၇၇]

22/02/2026

သိပ္ပံပညာက ‘ဘယ်လိုရှင်သန်ရမလဲ’သင်ပေးသလို၊ ဝိဇ္ဇာအတတ်ကလည်း 'ဘာအတွက်ရှင်သန်မလဲ' အဖြေပေးပါလိမ့်မည်။ သုတ ရသ လျှို့ဝှက်ဆန်းကြယ်များကို ဖတ်
မှတ်ချင်တယ်ဆိုရင်တော့…..

ကျောက်ကပ်ရောဂါကို ပြုစုကာကွယ်ပါဒီရက်ပိုင်း အလုပ်ကလေးတွေကများနေတာနှင့် စာမရေးဖြစ်ဖူး။ ဒီနေ့လည်း ခါတိုင်းဆိုလျင် နာရီဝက်လေ...
20/02/2026

ကျောက်ကပ်ရောဂါကို ပြုစုကာကွယ်ပါ

ဒီရက်ပိုင်း အလုပ်ကလေးတွေကများနေတာနှင့် စာမရေးဖြစ်ဖူး။ ဒီနေ့လည်း ခါတိုင်းဆိုလျင် နာရီဝက်လောက် ရေးရသည့် စာလေးကို မနက်ထဲက ရေးလိုက် ချထားလိုက်နှင့် ခုမှပဲပြီးတော့သည်။

ကျောက်ကပ်သည် ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများနှင့် ပိုလျှံသော အရည်များကို စွန့်ထုတ်ပေးသည့် အဓိကအင်္ဂါဖြစ်သည်။ သွေးတိုးနှင့် ဆီးချိုရောဂါများ၏ နောက်ဆက်တွဲအဖြစ် ကျောက်ကပ်ပျက်စီးမှုများပြားလာရာ ဆရာလန်းနှင့် ဒေါက်တာမင်းနိုင်တို့သည် ကျောက်ကပ်ကျန်းမာရေးအတွက် အဖြေရှာရန် ဆွေးနွေးမှုကို စတင်လိုက်ကြသည်။

ဒေါက်တာမင်းနိုင် ။ ။ မင်္ဂလာပါ ဆရာလန်း။ ဒီနေ့တော့ ကျွန်တော်တို့ ကျောက်ကပ်ရောဂါ (Kidney Disease) အကြောင်း ပြောကြရအောင်။ သိပ္ပံဆေးပညာမှာတော့ ကျောက်ကပ်ရောင်တာ၊ ကျောက်ကပ်မှာ ကျောက်တည်တာ (Kidney Stones) နဲ့ ကျောက်ကပ်လုပ်ဆောင်ချက် အားနည်းလာတာ (Chronic Kidney Disease) ဆိုပြီး ရှိပါတယ်။ ကျောက်ကပ်ဟာ သွေးထဲက အဆိပ်အတောက်တွေကို စစ်ထုတ်ပေးရတာမို့ သူသာ အလုပ်မလုပ်တော့ရင် ခန္ဓာကိုယ်ထဲမှာ အဆိပ်တွေ ပုံလာပြီး အသက်အန္တရာယ် ရှိလာပါတယ်။ ဆရာတို့ တိုင်းရင်းဆေး ရှုထောင့်ကနေရော ကျောက်ကပ်ရဲ့ အရေးပါပုံကို ဘယ်လို ရှုမြင်ပါသလဲ။

ဆရာလန်း ။ ။ မင်္ဂလာပါ ဒေါက်တာ။ တိုင်းရင်းဆေးမှာတော့ ကျောက်ကပ်ကို "ဝက္က" လို့ ခေါ်ပြီး "အာပေါဓာတ်" (အရည်ဓာတ်) ကို ထိန်းချုပ်တဲ့နေရာလို့ မြင်ပါတယ်။ ကျောက်ကပ်ရောဂါဖြစ်ရတာဟာ အဓိကအားဖြင့် ခန္ဓာကိုယ်ထဲမှာ အပူ (တေဇော) လွန်ကဲပြီး အရည်ဓာတ်တွေ ခန်းခြောက်တာ၊ ဒါမှမဟုတ် အာပေါဓာတ်ဖွဲ့စည်းမှုလွန်ရာကနေပြီး အာကာသဓာတ်ပိတ်ကာ အညစ်အကြေးတွေ စုပုံပြီး လမ်းကြောင်းပိတ်တာကြောင့် ဖြစ်ရတာပါ။ ကျွန်တော်တို့ကတော့ ကျောက်ကပ်ဟာ "ခါး" နဲ့ ဆက်စပ်နေတယ်လို့ ယူဆတဲ့အတွက် ခါးနာတာ၊ ဆီးအောင့်တာတွေကို ကျောက်ကပ်ရဲ့ အချက်ပေးသံတွေအဖြစ် သတိထားကြည့်ရပါတယ် ဒေါက်တာ။

ဒေါက်တာမင်းနိုင် ။ ။ ဆရာပြောတာ မှန်ပါတယ်။ လက္ခဏာအနေနဲ့ကတော့ မျက်နှာနဲ့ ခြေထောက်တွေ ဖောရောင်လာတာ၊ ဆီးသွားရတာ ခက်တာ၊ ဆီးထဲမှာ အမြှုပ်တွေပါတာနဲ့ အသားအရေ ညိုမဲလာတာမျိုးတွေ တွေ့ရတတ်ပါတယ်။ ကျွန်တော်တို့ဘက်မှာတော့ သွေးထဲက Creatinine တန်ဖိုးကို စစ်ဆေးပြီး ကျောက်ကပ် အခြေအနေကို ဆုံးဖြတ်ပါတယ်။ ဆရာတို့ဘက်မှာရော ဘယ်လို စမ်းသပ်ပါသလဲ။

ဆရာလန်း ။ ။ ကျွန်တော်တို့ကတော့ "ဆီး" ကိုပဲ အဓိကကြည့်ပါတယ်။ ဆီးအရောင်က ရဲနေလား၊ နောက်နေလား၊ အနည်ပါလားပေါ့။ ပြီးတော့ ခါးကို စမ်းကြည့်တဲ့အခါ ကျောက်ကပ်တည်နေရာမှာ ပူနေရင် အပူငြိမ်းဆေးတွေ ပေးရပါတယ်။ ကျောက်ကပ်မှာ ကျောက်တည်နေရင်တော့ လေ (ဝါယော) လမ်းကြောင်းက ပိတ်ဆို့နေတာမို့ ဆီးလမ်းကြောင်း ပွင့်စေမယ့် ဆေးတွေကို သုံးရပါတယ်။

ဒေါက်တာမင်းနိုင် ။ ။ ကုသမှုအပိုင်းမှာတော့ ကျွန်တော်တို့က ကျောက်ကပ်ကျောက်ကို လေဆာနဲ့ ပစ်တာမျိုး လုပ်သလို၊ ကျောက်ကပ်အားနည်းရင်တော့ အသားဓာတ်နဲ့ အငန်လျှော့စားဖို့ ညွှန်ကြားပါတယ်။ ဆရာတို့ တိုင်းရင်းဆေးမှာရော ကျောက်ကပ်အတွက် လက်တွေ့သုံး ဆေးနည်းလေးတွေ ရှိမလားခင်ဗျ။

ဆရာလန်း ။ ။ ရှိတာပေါ့ ဒေါက်တာ။ ကျောက်ကပ်အတွက် သဘာဝက ပေးထားတဲ့ ဆေးမြီးတို(ဆေးနည်းတို)လေးတွေ ရှိပါတယ်။
၁။ ကျောက်ကပ်ကျောက်အတွက် ရေကြည်အေး - ကျောက်ဖရုံသီးဟာ ကျောက်ကပ်အတွက် အလွန်ကောင်းတဲ့ ဓာတ်စာပါ။ ကျောက်ဖရုံသီးကို ပြုတ်သောက်တာ ဒါမှမဟုတ် အရည်ညှစ်သောက်တာက ဆီးလမ်းကြောင်းကို သန့်စင်စေပါတယ်။
၂။ ဆီးဖြူသီးနှင့် ဖန်ခါးသီး - ဒီအသီးတွေဟာ ကျောက်ကပ်ထဲက အဆိပ်အတောက်တွေကို စစ်ထုတ်ရာမှာ အလွန်အထောက်အကူပြုပါတယ်။
၃။ မြင်းခွာရွက် - မြင်းခွာရွက်ဟာ ဆီးရွှင်စေပြီး ကျောက်ကပ်ရောင်တာကို သက်သာစေပါတယ်။
၄။ ပြောင်းဖူးအမွေး - ပြောင်းဖူးအမွေးကို ရေနွေးဖျော်သောက်တာဟာ ဆီးကျောက်တည်တာနဲ့ ဆီးအောင့်တာအတွက် အလွန်ထိရောက်တဲ့ ရှေးဆေးနည်းပါပဲ။

ဒေါက်တာမင်းနိုင် ။ ။ ဆရာပြောတဲ့ ပြောင်းဖူးအမွေး (Corn Silk) ဟာ သဘာဝဆီးဆေး (Diuretic) အဖြစ် သိပ္ပံနည်းကျ အသိအမှတ်ပြုထားပါတယ်။ ကျွန်တော် ဖြည့်စွက်ချင်တာကတော့ "ရေ" ပါ။ ရေကို လုံလောက်အောင် သောက်ဖို့ လိုသလို၊ အကိုက်အခဲပျောက်ဆေးတွေကို အလွယ်တကူ သောက်တာက ကျောက်ကပ်ကို အဆိပ်ဖြစ်စေလို့ အလွန်
သတိထားရပါမယ်။

ဆရာလန်း ။ ။ မှန်ပါတယ် ဒေါက်တာ။ "ရေများများသောက်မှ အညစ်အကြေးစင်မယ်" ဆိုတာ မှန်ပေမယ့် ကျောက်ကပ်အားနည်းပြီး ဖောရောင်နေသူတွေကတော့ ရေကို ချင့်ချိန်သောက်ရပါတယ်။ နောက်ပြီး အငန်ဓာတ် (ဆား) ဟာ ကျောက်ကပ်ရဲ့ ရန်သူပါပဲ။ ဆရာတို့ကတော့ ကျောက်ကပ်သမားတွေကို ငပိ၊ ငါးခြောက်နဲ့ အချိုမှုန့်တွေကို အပြတ်ရှောင်ခိုင်းပါတယ်။

ဒေါက်တာမင်းနိုင် ။ ။ ဒီနေ့ ကျွန်တော်တို့ရဲ့ "ဆုံမှတ်" ကတော့ - ကျောက်ကပ်ကျန်းမာဖို့ဆိုရင် သွေးတိုးနဲ့ ဆီးချိုကို အရင်ထိန်းရမယ်၊ အငန်လျှော့စားရမယ်၊ ပြီးတော့ တိုင်းရင်းဆေးရဲ့ ကျောက်ဖရုံသီး၊ မြင်းခွာရွက် စတဲ့ သဘာဝဓာတ်စာတွေနဲ့ ကျောက်ကပ်ကို သန့်စင်ပေးရမယ်ဆိုတာပါပဲ။
ဆရာလန်း ။ ။ ဟုတ်ကဲ့ ဒေါက်တာ။ "ဆီးဝမ်းမှန်မှ ကျန်းမာမည်" ဆိုတဲ့အတိုင်း ဆီးလမ်းကြောင်း သန့်ရှင်းနေခြင်းဟာ ကျောက်ကပ်ကျန်းမာခြင်းရဲ့ သော့ချက်ပါပဲ။

ကျောက်ကပ်ဝေဒနာရှင်များနှင့် ကျောက်ကပ်ကျန်းမာရေး ဂရုစိုက်သူများအတွက် လမ်းညွှန်ချက် -
• အငန်ဓာတ် (ဆား) နှင့် အချိုမှုန့် စားသုံးမှုကို အတတ်နိုင်ဆုံး လျှော့ချပါ။
• ရေကို တစ်နေ့လျှင် ၂ လီတာခန့် (ဖောရောင်ခြင်းမရှိပါက) ၃ လီတာထိ ပုံမှန်သောက်ပေးပါ။
• ကျောက်ဖရုံသီး၊ မြင်းခွာရွက်နှင့် ပြောင်းဖူးအမွေးရည် စသည့် သဘာဝဆီးရွှင်စာများကို စားပေးပါ။
• အကိုက်အခဲပျောက်ဆေးများကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ ရေရှည်စွဲသောက်ခြင်းနှင့် ပူ စပ် ငန် အရသာတွေကို ရှောင်ကြဉ်ပါ။
အထက်ပါရှောင်ကြဉ်လိုက်နာစရာများကို ကျောက်ကပ်ရောဂါကာကွယ်ရန်နှင့် ဖြစ်ပေါ်ခဲ့လျင်သက်သာပျောက်ကင်းစေရန် သိရှိမှတ်ထားကြပါက အကျိုးများစေပါသည်။

*****

ဆရာမြင့်(စကြာမင်း)

Address

No. F/666, Thudamar Road, North Okkalapa
Yangon
11031

Opening Hours

Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 07:00 - 17:00
Sunday 07:00 - 17:00

Telephone

+95973197524

Alerts

Be the first to know and let us send you an email when ဆရာမြင့် - စကြာမင်း အရိုးကျီးပေါင်းရောဂါအထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ဆရာမြင့် - စကြာမင်း အရိုးကျီးပေါင်းရောဂါအထူးကုဆေးခန်း:

Share