LMH Healthcare Services

LMH Healthcare Services Health and medical services

31/08/2025

ဘာလေးဘာ စပြီနော်
GPတွေ ကြောက်ကြတယ်ဆိုလား😂

ဒီနေ့ကြည့်လိုက်ရတဲ့ လူနာအမျိုးသမီးလေးတစ်ယောက်အကြောင်းရေးပါမယ်21 နှစ် အမျိုးသမီးပေါင်ချိန်က ၈၈ပေါင်ပဲရှိပါတယ်ပိန်ပိန်သေးသ...
31/08/2025

ဒီနေ့ကြည့်လိုက်ရတဲ့ လူနာအမျိုးသမီးလေးတစ်ယောက်အကြောင်းရေးပါမယ်

21 နှစ် အမျိုးသမီး
ပေါင်ချိန်က ၈၈ပေါင်ပဲရှိပါတယ်
ပိန်ပိန်သေးသေးလေးပါ
ဝချင်လို့ ချက်ဆေးသောက်နေတာ ဘူးတစ်ဝက်လောက်ရှိပြီတဲ့
အလုပ်က စက်ရုံအထည်ချုပ်ပါ
အရမ်းပင်ပင်ပန်းပန်းလုပ်ရတာမျိုးမရှိပါဘူး
Single အမျိုးသမီးဖြစ်ပြီး ရာသီလဲမှန်မှန်ပေါ်ပါတယ်

သူလာပြရတဲ့ အကြောင်းရင်းက
ရင်ညွန့်အောင့်တယ် (Epigastric pain)
ကျောတွေပါအောင့်တယ်(radiate to back)
အစားစားချင်ပေမယ့် စားလို့မရဘူး
မောပြီး စို့ကြပ်ကြပ်ဖြစ်တယ်(? GERD symptoms)
ချွေးစေးတွေပြန်တယ် ချွေးတွေထွက်လာရင် ဇက်ကြောတွေတက် မျက်လုံးတွေပြာပြီး မူးမေ့လဲချင်သလိုဖြစ်
တယ်တဲ့ (pre syncope)(autonomic symptoms)
ဖြစ်တာ က၁နှစ်ကျော်လောက်ကြာနေပြီ
လေချဉ်ပြန်တာ အန်တာတော့မရှိ
ရင်ထဲပူတာရှိလားဆိုတော့ မဖြေတတ်
ညဖက်တွေ တခါတခါ အိပ်မပျော်တတ်

လောလောဆယ်တော့ symptomatic လေးပဲပေးထားပါတယ်
၃ရက်နေလို့ပြန်ချိန်းတာ လာရင်
CP
TFT
ECG လုပ်မယ်စိတ်ကူးပါတယ်

Working Dx က Gut Brain Axis Dysfunction ပါ
Differential က
Anxiety
POTS
GERD ပါ

ဘာမှန်းမသေချာတာလေးတွေက ရှုပ်ထွေးနေတဲ့ ချည်ခင်လုံးလိုပါပဲ
အစတစ်ခုလောက်ရသွားရင် ဖြည်ဖို့ လွယ်ပြီး စိတ်ဝင်စားစရာ ဖြစ်လာပါတယ်
ချရေးထားလိုက်တော့ ပိုရှင်းလင်းသွားသလိုပါ
ခုထိတော့ ဘာမှန်းမရေရာပေမယ့် ၃ရက်နေလို့ပြန်လာရင် သက်သာတယ်ဆိုတဲ့ အသံလေး ကြားချင်ပါရဲ့

GP ဆေးခန်းတစ်ခုဖွင့်ဖို့ ဘာတွေလိုအပ်လဲ ဘယ်လိုစရလဲဘယ်လောက်ရင်းနှီးရလဲလူနာမလာမယ့် ဒဏ် ခံနိုင်မှ ဖွင့်တာ အကောင်းဆုံးလို့ပဲ ...
30/08/2025

GP ဆေးခန်းတစ်ခုဖွင့်ဖို့ ဘာတွေလိုအပ်လဲ ဘယ်လိုစရလဲ
ဘယ်လောက်ရင်းနှီးရလဲ

လူနာမလာမယ့် ဒဏ် ခံနိုင်မှ ဖွင့်တာ အကောင်းဆုံးလို့ပဲ ပြောရမယ်
ကိုယ့်အတွက်တော့ ဘာလုပ်လုပ် ကောင်းချင်တယ် မြတ်ချင်တယ် အရှုံးမခံနိုင်ဘူးဆိုတဲ့ စိတ်က အခုချိန်ထိ လူနာပါးရင် stressဖြစ်ရဆဲပါ

ချမ်းသာချင်ရင် ဆရာဝန် လုပ်လို့မရပါ
တကယ့်အမှန်တရားပါ
ဘယ်နိုင်ငံဖြစ်ဖြစ် အချမ်းသာဆုံးသူတွေထဲ ဆရာဝန်တွေ ပါလေ့မရှိပါဘူး
ဘယ်သူ့ကိုမှ ပြောပြတာမဟုတ်ပါ
ကိုယ့်ကိုယ် remind လုပ်နေခြင်းသာ

အခုမှ စဖွင့်ချင်တဲ့သူတွေ အတွက်တော့
အရင်းနှီးက ကိုယ်ဘယ်လောက်ချဲ့မလဲပေါ်ပဲ မူတည်
နေရာက ကိုယ်နေတဲ့နေရာနဲ့ နီးရင်ကောင်း
စည်စည်မစည်စည် ရေရှည်ဖွင့်နိုင်ရင် လာကြတာပဲ
အချိန်က သတ်သတ်မှတ်မှတ်လေး အချိန်မှန်ဖွင့်ဖို့လို
တနေကုန် မဖွင့်လဲ အချိန်မှန်ဖွင့်ရင် ကောင်းတာပါပဲ
ပညာဝမ်းစာ ရသလောက်ဖြည့်သွား
Gross mistake တွေ ရမ်းကုအထာတွေ မလုပ်ဖို့အရေးကြီး

၄ နှစ် GP သက်တမ်းနဲ့ တွေးမိတာလေးပါ
ဘာကြီးမှ မဟုတ်ရပါ😁
အပေါ်မှာပြောသလို လူနာမလာတဲ့ ဒဏ်ခံနိုင်ဖို့က အရေးကြီးဆုံးပဲ
လူနာမလာတဲ့ ကာလတွေ ကိုယ်ဘယ်လိုကျော်ဖြတ်မှာလဲ financial ရော mental ရော
အဲ့တာကို ကြိုပြင်ထားရင် အဆင်ပြေပြီ ထင်ပါတယ်
ပုံကလျှောက်ထည့်တာ ခရီးသွားချင်နေလို့🤪

ဒီနေ့လဲ Dermato caseလေးတစ်ခု ရေးပါအုံးမယ်Caseလေးက ရိုးရိုးရှင်းရှင်းလေးပါGP ဆိုတာမျိုးက case အရှုပ်တွေချည်းလာနေရင်လဲ အဲ့...
30/08/2025

ဒီနေ့လဲ Dermato caseလေးတစ်ခု ရေးပါအုံးမယ်
Caseလေးက ရိုးရိုးရှင်းရှင်းလေးပါ
GP ဆိုတာမျိုးက case အရှုပ်တွေချည်းလာနေရင်လဲ အဲ့လောက်ကြီးကျ မပျော်တော့ဘူး ဆိုတာမျိုး ဖြစ်လာရော😂
ရိုးရှင်းတဲ့ သိလွယ်တဲ့ ပျောက်လွယ်တဲ့ caseမျိုးလေးတွေ များများလာစေချင်တဲ့ ဆရာဝန်တစ်ယောက်ပါ

ယားလို့ ကုတ်ရင်း ကုတ်ရင်း ပိုးဝင်သွားတာမျိုးပါ
ဒါကတော့ သာမာန်လူ နားလည်အောင်ပြောတာမျိုးပေါ့
ဆိုတော့ အရေပြားယားနာဖြစ်ရင် မကုတ်ခြစ်ဖို့ အရေးကြီးပါတယ် ယားရင်မကုတ်နဲ့လို့ပြောရင် ရယ်စရာတော့ကောင်းပါတယ် ဒါပေမယ့် အမှန်ပါပဲ အရေပြားယားယံမှုတိုင်းက စိတ်ကြိုက်ကုတ်လေ ပိုဆိုးလေ မို့ပါပဲ

GP မှာ skin lesion တွေ့ရင် သေချာလေး describe လုပ်ဖို့ အားထုတ်ပါတယ်
မလွယ်ပါဘူး အစမှာ
ကိုယ်မရင်းနှီးတဲ့ terms တွေ လာနေကျ caseမဟုတ်တာတွေဆို thought block ရနေတတ်တာပါ
ကိုယ်တိုင်ဖြစ်တာကို ပြောပါတယ်
အဲ့လိုဆို ပုံရိုက်ထားပါတယ် မြန်မာလိုဖြစ်ဖြစ်ရေးလိုက်ပါတယ်
ပြီးရင် ချက်ချင်း ကောက်ရှာဖတ်ပါတယ်
အဲ့လိုဆို မှတ်မိလွယ်ပါတယ်
Google ကနေ သူနဲ့ဆင်တူ ပုံတွေရှာပါတယ်
မျက်လုံးထဲစွဲအောင် ကြည့်ပါတယ်
ဒါပါပဲ

Caseလေးကတော့
Furuncles လေးတွေလို့ ထင်ပါတယ်
M*******n cream
Oral fl***x
Antihistamine
Ibu
ပေးဖြစ်ပါတယ်

Skin lesion ကို describe လုပ်ကြည့်ရရင်

Erythematous ulcerated and crusted lesion with surrounding skin inflammation
Over back

မှန်တာမှားတာထက် describe လုပ်ဖြစ်ရင်ကို improve ဖြစ်တယ်လို့ ယူဆပါတယ်

တခြားသူတွေကြည့်ထားတာမျိုးဆိုလဲ ပြည့်ပြည့်စုံစုံ ရေးထားတာလေးတွေ တွေ့ရင် အရမ်း impressive ဖြစ်ပါတယ်
မတော် ကိုယ့်ဆေးခန်းစာအုပ်လေး သူများကြည့်ဖြစ်ရင်တောင် လက်ခံလို့ရတဲ့ပုံမျိုးပဲ ဖြစ်ချင်ပါတယ်
လူနာကောင်းကျိုးအတွက်လဲ ပိုစဉ်းစားရာ ရောက်တာပေါ့

စာလေးတွေ တနေ့တစ်ပုဒ် နှစ်ပုဒ်တင်မယ် စိတ်ကူးထားလို့ ကိုယ့်ကိုယ်ကတိပေးထားလို့ ရေးပါအုံးမယ်ရေးရတဲ့ ရည်ရွယ်ချက်က တစ်ခုခုကို ...
29/08/2025

စာလေးတွေ တနေ့တစ်ပုဒ် နှစ်ပုဒ်တင်မယ် စိတ်ကူးထားလို့ ကိုယ့်ကိုယ်ကတိပေးထားလို့ ရေးပါအုံးမယ်

ရေးရတဲ့ ရည်ရွယ်ချက်က
တစ်ခုခုကို တစိုက်မတ်မတ်လုပ်နေချင်လို့
(စာရေးနေရင် အာရုံသိပ်မလွင့်တော့)
ကိုယ်ကုထားတာလေးတွေ အမှတ်တရ သိမ်းဆည်းချင်လို့
ရေးထားတာလေးတွေ ဝင်ရောက်ဆွေးနွေးပေးကြသူများရှိရင် ပညာပိုတိုးမယ် ယူဆလို့ ဒါပါပဲ
ဆိုတော့ လိုအပ်တာလေးတွေရှိနေကောင်းရှိနေနိုင်ပါတယ်
😇😇😇

Case က
53 နှစ် အမျိုးသမီး
U/L Type 2 DM
Poor Drug compliance
Not well controlled

လာပြတာက AVI အတွက်ပါ

သွေးပေါင်ချိန်ရင်း တွေ့ရတဲ့ skin lesion လေးအကြောင်း ရေးချင်တာပါ

Flu season မှာ AVI တွေပဲကုရင်း ရိုးအီနေတဲ့ကိုယ့်အတွက် စိတ်ဝင်စားစရာ ကေ့စ်လေး ရောက်လာတာပါပဲ

Skin lesion ကို ပြောမယ်ဆိုရင်
**Symmetrical itchy red bumps(papules) over
**Flexural surface of upper limbs
**also on both buttocks
*not involved web space and trunk
*no similar history in her family
*worse at night and very itchy ပါ

ခေါင်းထဲအရင်ဆုံးရောက်မိတာက scabies များလားပေါ့
ဒါပေမဲ့ symmetrical ကို လှလှပပလေးဖြစ်နေတာမျိုး
တခြားသူတွေမှာ မရှိပဲ အန်တီ့မှာပဲ ဖြစ်တာ
Web space မပါလဲ scabies တော့ဖြစ်နိုင်သေးတာ
Burrow ဘာညာမတွေ့
တူတာက ညကျမှ သိသာယားတာ
But အိပ်ရင်တော့ အိပ်ပျော်တယ် ထကုတ်ရတာမရှိ
ဆိုတော့ severity က scabiesယားတာလောက် မဆိုးသလိုပဲ
နောက် Eczema
Papular eczema ပေါ့နော်
တူတာတော့ တော်တော်တူသလိုပါ
Skin ကလဲ dry ဖြစ်တဲ့ထဲပါတယ်
ဖြစ်နိုင်တယ်ပေါ့နော်

နောက်ထပ်စဉ်းစားတာ middle aged , DM လဲတွဲနေတယ်ဆိုတော့ prurigo nodularis တို့ prurigo simplex တို့ပေါ့
Renal Cx ဝင်နေလား မနေလားတော့ သေချာမသိရသေး
ဆီးကတော့ကောင်းကောင်းထွက်တယ် အမြုပ်မထဘူး
Urine REလေးတော့ စစ်ချင်တာ
လာပြတာက AVI အတွက်ပဲဆိုတော့
ရှင်းပြပြီး အရေပြားအတွက်ကုချင်ရင် ထပ်လာပြဖို့ မှာပါတယ်
GP မှာက တွေ့တာအကုန် တန်းကုပေးလိုက်ရင် လူနာက မပျော်ဘူးတော့ ဖြည်းဖြည်းချင်း ကိုယ့်ဖက်ပါအောင်ပြောယူရတာ😂
ကိုယ့်ရဲ့ working Dx က
Prurigo simplex ပါ
Eczema လဲ ထင်ပါတယ်
သွားမယ့် Tx လိုင်းက ဆင်တူလေးပဲဆိုတော့အရမ်းခေါင်းရှုပ်မခံသေးပါဘူး လောလောဆယ်ထိ🤪

Topical steroids
Anti histamine
Moisturizer ပါ

ပေးဖို့စိတ်ကူးယဉ်နေတာပါ
လူနာက AVI ပဲကုသွားတာပါ 😩

F/up ပြန်လာပါစေ မျှော်နေရင်း
လူနာပါးနေတဲ့ GP ဆာဝန်လေးမှ🥺

ကိုယ့်ရဲ့ special interest က women’s health နဲ့ dermatology ပြီးတော့ mental health ပါWomen’s health ကတော့ ကိုယ်က အမျိုးသ...
28/08/2025

ကိုယ့်ရဲ့ special interest က women’s health နဲ့ dermatology ပြီးတော့ mental health ပါ

Women’s health ကတော့ ကိုယ်က အမျိုးသမီးဆရာဝန်ဖြစ်လို့ လာအားကိုးကြတာများတော့ တဖြည်းဖြည်းစိတ်ဝင်စားသွားတာ

Dermato ကျမြင်လိုက်တာနဲ့ ဘာဆိုပြီးတန်းသိနိုင်တာလေးတွေကို သဘောကျတာ Photographic Memoryကို challenge လုပ်သလိုဖြစ်စေလို့

Mental health ကတော့ ကိုယ်တိုင်ကုစားခဲ့ရတဲ့အပိုင်းတွေရှိသလို တကယ်လက်တွေ့အသုံးချနိုင်ရင် လူတစ်ယောက်ရဲ့ ဘဝကို အများကြီး ကောင်းမွန်သွားစေတာကို ယုံကြည်လို့ပေါ့

Caseလေးအကြောင်း ရေးပါမယ်

၃၃နှစ် အမျိုးသမီး
Married P2+1
No contraception
Separated with her partner for a long time
အိမ်ထောင်ရေးအဆင်မပြေ
Domestic violence ရှိ

အောက်မှာပြထားတဲ့ skin lesions (symmetrical ***maculo papular rash)တွေရှိနေပါတယ်
Non itchy , also not painful ပါ
Duration က ၁လခွဲလောက်ရှိပါပြီ
Lower limb မှာ ပိုသိသာပြီး လက်မှာတော့ post inflammatory hyperpigmentation လေးတွေတွေ့ရပါတယ်

လူနာက ဖျားလို့လာပြတာပါ တကယ်က
Coryzal symptoms လေးတွေရှိတယ်
ဖျားတယ် ဆေးထိုးချင်တယ် လာပြနေကျ အထာလေးတွေပါပဲ🤪
ဖျားတာက ၅ရက်ရှိပြီ
နဲနဲ ရက်ရှည်တဲ့ထဲပါနေတော့ ဟိုလှန်ဒီလှောနဲ့ အဲ့ lesions တွေ တွေ့တော့တာပါ
အဲ့တော့ ပုံမှန် AVI ကုတာကတစ်ပိုင်း
ကျန်တဲ့ lesion အတွက် လျှာရှည်ရတော့တာပေါ့

ချုပ်ရရင် syphilis ထင်တယ် သွေးစစ်ကြည့်မယ်ပေါ့
Partnerလဲ တူတူစစ်ရမယ်
လိုအပ်ရင် ပိုးသတ်ဆေး ထိုးရမယ်
ပိုက်ဆံကုန်မှာစိုးရင် တစ်ခုလေးတော့စစ်ပါ ကျန်တာမစစ်ချင်နေပေါ့
ဟုတ်ကဲ့ဟုတ်ကဲ့ဆိုပြီး မစစ်သွားပါဘူး😒

တစ်ပတ်အကြာ သူ့အမျိုးသားနဲ့ ရန်ဖြစ်လို့ ASR ပုံစံနဲ့ရောက်လာပါတယ်
စာရှည်မှာစိုးလို့ 2* syphilis ကိုပဲ ဦးတည်ပြောပါမယ်
ပြောဆိုဆွေးနွေးcounseling လုပ်ပေးပြီး သွေးစစ်ကြည့်ဖို့ကို ထပ်ပြောပါတယ်
လူနာက restless ဖြစ်တာတောင်မငြိမ်ချင်သေးတော့ မနက်ဖြန်ထပ်ချိန်းလိုက်ပါတယ်
ဒီတခါတော့ စစ်ဖြစ်သွားပါတယ်
VDRL positiveထွက်တာပါ
ကျန်တာတွေစစ်ချင်ပေမယ့် မစစ်ရပါဘူး

Partner ကိုပါစစ်ဖို့နဲ့ benz pen ထိုးဖို့ ပြောပါတယ်

အမျိုးသားနဲ့ ရန်ဖြစ်ထားလို့ ရွာပြန်အုံးမှာတဲ့
ပြန်လာမှ လာထိားပါမယ်ဆိုပြီး ပုံပြောသွားပြီထင်ခဲ့တာ

၂ပတ်နေတော့ တကယ်လာထိုးဖြစ်ပါတယ်
သူ့အမျိုးသားက ကိုယ်မရှိတဲ့ရက် ဆေးခန်းလာတော့ မပြဖြစ်ပဲ အခြား အထူးကုဆေးခန်းမှာ စစ်ပြီး ထိုးပြီးသွားပါပြီတဲ့

ဒီကေ့စ်လေးက ကိုယ့်ရဲ့ special interest 3ခုလုံးရောပြွမ်းပြီး ပညာသုံးရတဲ့ caseလေးမို့ အမှတ်တရဖြစ်ပါတယ်
CA cervix screening က FOC လုပ်ပေးလို့ရတော့ လုပ်ပေးမယ် plan ရှိပါတယ်
BCR စစ်ဖို့ကိုတော့ နောက်အပတ်ရက်ချိန်းတွေမှာ တိုက်တွန်းရပါအုံးမယ်
TPHA ကမဖြစ်မနေ စစ်ရမလားဆိုတာ ကိုယ်တိုင် စာရှာဖတ်ရပါအုံးမယ်
နဂိုထဲကမစစ်ထားတာ titre reduced ဖြစ်မဖြစ်တော့ မသိနိုင်တော့ပါဘူး

ဒီတခါတော့ Primary PCI မီသွားတဲ့ emergency case လေးအကြောင်း ရေးပါမယ်ကိုယ်မိလိုက်လို့ အချိန်မီ အသက်ကယ်နိုင်ခဲ့တာတွေ မနည်းပ...
28/08/2025

ဒီတခါတော့ Primary PCI မီသွားတဲ့ emergency case လေးအကြောင်း ရေးပါမယ်

ကိုယ်မိလိုက်လို့ အချိန်မီ အသက်ကယ်နိုင်ခဲ့တာတွေ မနည်းပေမယ့် မှတ်တမ်းမရှိတော့ မှတ်မှတ်ရရ ဖြစ်မနေဘူးထင်လို့ ချရေးလိုက်ပါတယ်

လူနာက ၅၆နှစ်အရွယ် အမျိုးသားပါ
သူလာပြတာက ရင်ဘတ်အောင့်လို့ပါ
မေးကြည့်တော့ ညထဲကအောင့်နေတာပြောပါတယ် ကိုယ့်ဆီရောက်တော့ မနက် ၁၀နာရီလောက်
တခါအောင့်ရင် ၁၅မိနစ်လောက် တော်တော်ဆိုးဆိုး အောင့်ပါတယ်
အောင့်တဲ့အချိန် ချွေးစေးပြန်ပါတယ်
H/O မေးနေတုန်းလဲ ချွေးစေးတွေပြန်ပြီး အသားတွေက အေးနေ
ရင်နဲနဲတုန်ပြီး မောတယ်လဲပြော
Risk factor အနေနဲ့ သွေးတိုးလေ့ရှိတယ်ပြော ဆေးက တိုးမှသောက်ဖြစ်
ဆီးချိုမရှိ
ဆေးလိပ်မသောက်
Normal BMI
Family history ကောင်းကောင်းမေးမရ
လူနာက မဖြေချင်နေတော့ (အရမ်းအောင့်နေတော့)

ECG အရင်ဆုံးကောက်ဆွဲတော့
ST elevation in V1-V4
ST depression in II III avF

BP 150/100
RBS 245 ( stress hyperglycemia) လို့ယူဆ
SPO2 94
PR 90
ဆရာဝန်တိုင်းသိနိုင်မယ့် STEMI ပါပဲ

အောင့်တာကလဲ typical chest pain
ECG ကလဲ STEMI ထွက်နေတာ
Aspilet 4
Clopilet 4
Panto ထိုးပြီး လွှဲဖို့ပြင်ပါတယ်

ပြသနာက လူနာက ခရီးသွားစရာရှိလို့ ဆေးရုံမသွားပါဘူးတဲ့
သူက ဒီလောက်အောင့်တာကို သူခံနိုင်တယ် ဟိုဖက်ရောက်မှ ဆက်ပြမယ်ပြောတာ
သွေးကြောက ကျဉ်းတာမဟုတ် ပိတ်ပါပိတ်နေလောက်ပြီ
အချိန်နဲ့အမျှအရေးကြီးတာ
အချိန်လေးနဲနဲနောက်ကျတာနဲ့ ကောက်ခါငင်ခါ သေသွားနိုင်တယ်
လမ်းမှာတင် ဘယ်သူမှမသိလိုက်ပဲ သေသွားနိုင်တယ်လို့ ပြောရတော့တာပဲ
ပြောနေဆိုနေစဉ်မှာပဲ လူနာက မဟန်နိုင်လောက်အောင် အောင့်လာတော့ ပါလာတဲ့ လူနာရှင်ကလဲ မနေသာတော့
ကိုယ်ပြောသလို ဆေးရုံသွားလေသတည်းပေါ့

ဆေးရုံမှာတော့ LAD occlusion နဲ့ Anterior STEMI ထွက်ပါတယ်
Primary PCI မီသွားပါတယ်😇
ဆေးရုံက Blood result မှာ Troponin 0.04ဆိုတော့
Troponin တောင်မတက်သေးခင် စောစောလျင်လျင် လွှဲနိုင်ခဲ့တာပါ
လူနာက အခုတော့ ဆေးရုံ dischargeပြီး
Secondary prevention နဲ့ ကောင်းနေပါပြီ

Anti platelet
ACEI
B blocker
Statin high dose

ဒါတွေကတော့ secondary prevention မှာပေးကိုပေးရမယ့်ဆေးတွေပေါ့နော်
GP တစ်ယောက်အနေနဲ့ handle လုပ်နိုင်သလောက် ထိန်းပြီး ကြည့်ထားမယ်စိတ်ကူးပါတယ်
မနိုင်ရင်တော့ လွှဲရမှာပေါ့

ကလေးလူနာလေးတွေလဲ ကြည့်ရလေ့ရှိတော့Emergency case လေးတစ်ခုအကြောင်း ရေးအုံးမယ်ကလေးမလေးက ၂နှစ်နဲ့ ၁၁လ အဖျားကြီးပြီး တက်လို့လ...
27/08/2025

ကလေးလူနာလေးတွေလဲ ကြည့်ရလေ့ရှိတော့
Emergency case လေးတစ်ခုအကြောင်း ရေးအုံးမယ်
ကလေးမလေးက ၂နှစ်နဲ့ ၁၁လ အဖျားကြီးပြီး တက်လို့လာပြတာ
စဝင်လာထဲကကြည့်လိုက်တော့ ကလေးက မှိန်းပြီးပျော့နေပြီ တစ်ချက်တစ်ချက် မျက်ဖြူလန်လန်သွား
တကိုယ်လုံးကတော့ပျော့ခွေ ဇက်လဲမထောင်နိုင်
ကြည့်တာနဲ့ သိနေပြီ လွှဲရတော့မယ်ပေါ့

လိုအပ်တာအမြန်မေးစမ်းတော့

ဖျားတာ ၄ရက်
ချောင်းခြောက်ဆိုးတယ် (အမေကတော့ သေချာမပြောနိုင်)
ကြပ်တယ် ရွှီရွှီမြည်တယ် အစာမဝင်တာ ၂ရက်ရှိပြီ
မှိနးတာလဲ ၂ရက်ရှိပြီ
ဆီးနည်းတယ်
တက်တာကတော့ ဒီနေ့မှ
အိမ်မှာတက်လာတာနဲ့ဆို ၁၀မိနစ်ကျော်လောက်ကြာနေပြီ

အရင် ဖျားရင်မတက်ဖူးဘူးတဲ့
တခါမှလဲ မဖျားဖူးဘူးဆိုပဲ
ရှေ့ရက်ကဆေးခန်းပြထားတယ် အအေးမိတယ်ပြောတယ်
ပေးတဲ့ဆေးတွေ တိုက်ထားတယ်
ပိုးသတ်ဆေးတစ်ခုခုပါမယ်ယူဆရတယ်
ဒါပေမယ့်အဖျားမကျဘူးတဲ့
ကာကွယ်ဆေးက အစုံမထိုးဖြစ်ဘူးလို့ ယူဆရတာပဲ

စမ်းကြည့်လိုက်တော့
Drowsy
Fever 102*
Ronchi + crepts both side
Air entry reduced on rt side
SP02 88%
PR 140bpm PV good
BP မစမ်းမိ
Para suppo ထည့်ခိုင်းပြီး လွှဲဖို့ပြင်
ကလေးကို ဘေးစောင်းလေးထားပြီး O2ပေးထား
ဆေးရုံကားခေါ်ပေါ့
ကိုယ်ကုရတာတော့ ဘာမှသိပ်မရှိ

ဆေးရုံသွားဆို လမ်းစရိတ်မရှိ
ငွေလေးသောင်းထုတ်ပေးပြီး ဆေးရုံအပြန် လာပြဖို့ပဲပြော

ကိုယ်လဲ သိချင် ပညာယူချင်လို့
အရမ်းကြီးမှိန်းခွေနေတော့ LP ဘာညာဖောက်ရမယ်တောင်ထင်ထားတာ

ဆေးရုံမှာစစ်တာက
Dengue sero Negative
WBC 22.4
Hb 8.8
Plt 429
CRP 15.14
CXR -> Pnemonia (Rt > Lt upper zones)

Dx က Febrile convulsion with severe pneumonia ပေါ့
ဆေးရုံမှာ ပိုးသတ်ဆေးထိုး Drip ချိတ်နဲ့ ခလေးက ပြန်ကောင်းသွားပါတယ်
ဆေးရုံဆင်းတော့ Antibiotics 5ရက်ဆက်သောက်ခိုင်းပါတယ်
ကိုယ့်ဆီလာပြတော့ ဒေါင်ဒေါင်မြည်နေပါပြီ

Case က ရိုးရိုးလေးပါပဲ
Emergency case လာရင် မပြာဖို့နဲ့ ကိုယ့်ဆီမှာ လိုတာလေးရှိအောင် ဥပမာ O2 Dz inj စတာလေးတွေပြင်ဆင်ထားဖို့ပါပဲ

လူနာနဲ့ trust တည်ဆောက်ရတာလွယ်ပါတယ်
၄၀၀၀၀ပေးလိုက်တာကိုးလို့ မပြောကြေး😂😂

အတွေ့ရများတဲ့ Erythema Nodosumလူနာက အကွက်လေးတွေပေါ်လာတာကြာလာလို့ ဖိရင်နာလို့ဆိုပြီး လာပြတာများပါတယ်ညိုမဲစွဲတဲ့ အကွက်ပုံစ...
27/08/2025

အတွေ့ရများတဲ့ Erythema Nodosum
လူနာက အကွက်လေးတွေပေါ်လာတာကြာလာလို့ ဖိရင်နာလို့ဆိုပြီး လာပြတာများပါတယ်
ညိုမဲစွဲတဲ့ အကွက်ပုံစံမျိုးနဲ့ ဖိကြည့်ရင်နာပါတယ် ယားယံတာမျိုး ဖြစ်လေ့မရှိပါ(painful swollen nodules)

အတွေ့ရများဆုံးနေရာက ခြေသလုံး ညို့သကျည်းရိုးအပေါ်နဲ့ ပေါင်ပေါ်မှာ ဖြစ်ပါတယ်(mostly pretibial area)
တချို့လဲ လက်တွေပေါ်မှာ တွေ့ရတတ်

Infections နဲ့ Autoimmune causeတွေကြောင့်အဖြစ်များပါတယ်
Infection source လိုက်ရှာဖို့လိုပါမယ်
TB မလွတ်သင့်ပါ
Rare cause အနေနဲ့ B12 deficiency ပါပါတယ်
Autoimmune disease နဲ့ပတ်သက်တာတွေ မေးဖို့လိုပါမယ်
Female မှာ ပိုအတွေ့ရများပါတယ်
ဆေးခန်းမှာ ကြုံဖူးသမျှတော့ ၂၀ပတ်ချာလည် အမျိုးသမီးလေးတွေပါ

Treatment ကတော့ supportiveလောက်နဲ့ ပြန်ကောင်းကြတာများပါတယ်
NSAID သုံးရင် အနာပိုသက်သာလေ့ရှိပါတယ်
Infection ဆို သူနဲ့ဆိုင်တဲ့ antibiotic သုံးပါတယ်
Autoimmune ဖက်ဆိုရင်တော့ စစ်စရာရှိတာစစ် လွှဲဖို့လိုရင်လွှဲရမယ်ပေါ့နော်
Steroid responsive လဲဖြစ်ပါတယ်

Dx ကတော့ only clinical နဲ့ပြတ်တာများပါတယ်
လိုအပ်ရင် CP CRP ESR လောက်တော့ ဖောက်ပါတယ်

Differential အနေနဲ့ insect bites , Traumatic injury, urticaria တွေထည့်စဉ်းစားပါတယ်
ကိုယ်ကြုံရတဲ့caseလေးတွေ စာဖတ်ပြီး မှတ်မိအောင် ချရေးဖြစ်တာပါ
ချရေးထားရင် ကိုယ့်အတွက်တော့ မမေ့တော့ဘူးမို့😇

Menstrual hygiene day activity လေး ဆေးခန်းမှာ အမျိုးသမီးလူနာများနှင့်တကွ လိုက်ပါလာသော အမျိုးသားတွေပါမကျန် ရာသီသွေးပေါ်ခြ...
01/06/2025

Menstrual hygiene day activity လေး

ဆေးခန်းမှာ အမျိုးသမီးလူနာများနှင့်တကွ လိုက်ပါလာသော အမျိုးသားတွေပါမကျန် ရာသီသွေးပေါ်ခြင်းနှင့် ပတ်သက်သော အသိပညာပေးအစီအစဉ်လေးလုပ်ပေးဖြစ်ခဲ့ပါတယ်
မှားပြီးသိထားတဲ့ အရာများကိုလဲ တတ်နိုင်သလောက် အမှန်ပြင်ပေးနိုင်ခဲ့ပါတယ်

Community ထဲမှာ

အမျိုးသမီးရာသီပေါ်ခြင်း ကိစ္စဟာ ရှက်စရာမဟုတ်တာ

ရာသီပေါ်ရင် ခေါင်းလျှော်တာ ပြဿနာမဟုတ်ဘူးဆိုတာ

အမျိုးသမီး အတွင်းခံတွေ ခြောက်သွေ့သန့်ရှင်းဖို့ နေပူထုတ်လှန်းဖို့လိုတယ်ဆိုတာလောက် လက်ခံပေးကြနိုင်ရင်ကို ကျေနပ်ပါပြီ လုပ်ရကျိုးနပ်ပါပြီ

မိန်းမသားတို့ရာသီသွေးပေါ်ခြင်း ကိစ္စနဲ့ပတ်သက်ပြီ သိချင်တာ ဆွေးနွေးချင်တာရှိရင် ဒီနေ့ မနက် ၈နာရီ မှ ၁၂နာရီထိ အခမဲ့ ဆွေးနွ...
01/06/2025

မိန်းမသားတို့ရာသီသွေးပေါ်ခြင်း ကိစ္စနဲ့ပတ်သက်ပြီ သိချင်တာ ဆွေးနွေးချင်တာရှိရင် ဒီနေ့ မနက် ၈နာရီ မှ ၁၂နာရီထိ အခမဲ့ ဆွေးနွေးပေးနေပါတယ်
ဆေးဖိုးဝါးခလဲအခမဲ့မို့ အချိန်မီလေး လာခဲ့ကြပါနော်
ရာသီပေါ်တာနဲ့ပတ်သက်တဲ့မေးခွန်းလေးတွေမေးပြီး မှန်တဲ့သူကို မဲဖောက်ပေးမယ့်အစီအစဉ်လဲ ပါဝင်တာမို့ လာဖို့ဖိတ်ခေါ်ပါတယ် ဆရာမရဲ့ အမျိုးသမီးclients များ🫶🏻❤️

ဆေးတွေ ရောက်ထားပြီမို့ ကျောင်းဖွင့်ချိန်အမီလေး ကလေးတွေထိုးပေးကြအုံးနော်ဆေးတွေမပြတ်အောင် အမြဲဖြည့်ထားတာတောင် အလျင်မမီဒီနှ...
30/05/2025

ဆေးတွေ ရောက်ထားပြီမို့ ကျောင်းဖွင့်ချိန်အမီလေး ကလေးတွေထိုးပေးကြအုံးနော်
ဆေးတွေမပြတ်အောင် အမြဲဖြည့်ထားတာတောင် အလျင်မမီ
ဒီနှစ်ရာသီတုပ်ကွေးက ကူးစက်နှုန်းလဲမြန်နေတာမို့ မဖြစ်ခင်ကြိုတင်ကာကွယ်ရအောင်နော်

Address

Yangon

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959789592179

Website

Alerts

Be the first to know and let us send you an email when LMH Healthcare Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to LMH Healthcare Services:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram