10/10/2022
👉🏻Edging သို့မဟုတ် သုက်ထိန်းနည်း❗
👉🏻Edging ဆိုတာ ဘာလဲ❓
💥Edging ဆိုတာကတော့ ကာမဆန္ဒအထွဋ်အထိပ်ရောက်ချိန်မှာ သုက်လွှတ်ပြီး ကိစ္စပြီးမသွားအောင် ထိန်းထားရင်း ကာမဆန္ဒကို အချိန်ကြာကြာခံစားတာပဲ ဖြစ်ပါတယ်။ များသောအားဖြင့် အမျိုးသားတွေဟာ တစ်ကိုယ်ရည်ကာမစိတ်ဖြေရင်း Edging လုပ်လေ့ရှိကြပါတယ်။ တကယ်တော့ သင့်ရဲ့ပါတနာနဲ့ ဆက်ဆံရာမှာလည်း သာယာမှုကို အချိန်ကြာကြာပိုခံစားရဖို့ Edging လုပ်ပေးနိုင်ပါတယ်။
💥Edging လုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ -
✅ကာမဆန္ဒပြည့်ဝမှုကို ပိုမိုပြင်းထန်စေတယ်
💥Edging လုပ်ပြီး သုက်လွှတ်တာကို ထိန်းချုပ်တာက ချစ်တင်းနှောရာမှာ သာယာမှုကို ပိုပြီးပြင်းပြင်းထန်ထန်ခံစားရစေနိုင်သလို ကာမဆန္ဒပြည့်ဝရင်လည်း အရှိန်ပိုပြင်းစေတယ်လို့ ဆိုပါတယ်။
✅လိင်ပိုင်းဆိုင်ရာ သက်လုံးကောင်းစေတယ်
💥ပျမ်းမျှအားဖြင့် အမျိုးသားအများစုအတွက် အမျိုးသမီးတစ်ယောက်နဲ့ ချစ်တင်းနှောတဲ့အခါ သုက်လွှတ်ဖို့ ကြာချိန်က ၅ မိနစ်ကျော်ကျော်ပဲ ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် Edging လုပ်လေ့ရှိသူတွေကတော့ အိပ်ရာထဲမှာ အချိန်ပိုကြာအောင် ဆက်ဆံနိုင်လာနိုင်ပါတယ်။
✅မိမိခန္ဓာကိုယ်အကြောင်းပိုသိလာစေတယ်
💥Edging လုပ်ခြင်းအားဖြင့် သင့်ခန္ဓာကိုယ်က ကာမဆန္ဒပြည့်ဝဖို့ ဘယ်လောက်ထိ လှုံ့ဆော်မှုလိုအပ်လဲ၊ ဘာတွေကို လှုံ့ဆော်ပေးရလဲ စသဖြင့် ပိုပြီးသတိပြုမိလာနိုင်ပါတယ်။ သုက်မထွက်အောင် ထိန်းတဲ့နေရာမှာလည်း ပိုပြီးကျွမ်းကျင်လာနိုင်ပါတယ်။
👉🏻Edging ဘယ်လိုလုပ်မလဲ❓
✅အဆင့် ၁ - အချိန်ယူပါ
💥အနည်းဆုံး မိနစ်သုံးဆယ်လောက် အနှောင့်အယှက်ကင်းမယ့် အချိန်ကို ရွေးချယ်ပါ။ အခန်းတံခါးတွေကို သေချာပိတ်ထားပြီး စိတ်ချရတဲ့အခြေအနေကို ဖန်တီးပါ။ ထုံးစံအတိုင်း တစ်ကိုယ်ရည်အာသာဖြေဖို့ နှိုးဆွပါ။ ဒီနေရာမှာ အလောတကြီးလုပ်စရာမလိုပါဘူး။ အဓိကအချက်က လိင်စိတ်သာယာမှုတဖြည်းဖြည်း တိုးတက်များပြားလာဖို့ပါပဲ။
✅အဆင့် ၂ - သတိထားစောင့်ကြည့်ပါ
💥သင့်အနေနဲ့ တစ်ကိုယ်ရည်ကာမစိတ်ဖြေနေရင်း ကာမဆန္ဒအထွဋ်အထိပ်ရောက်ပြီး သုက်လွှတ်ချင်တဲ့ခံစားမှုမျိုး ပေါ်ပေါက်လာပြီဆိုရင် လှုပ်ရှားမှုအားလုံးကို ရပ်လိုက်ပါ။ အစပိုင်းမှာဆိုရင် သုက်လွှတ်ချင်သလိုလိုဖြစ်လာတာနဲ့ ရပ်လိုက်တာ ပိုကောင်းပါတယ်။ နောက်ပိုင်းကျတော့မှ သုက်လွှတ်ခါနီးအချိန်အထိ လှုံ့ဆော်မှုကို တိုးလုပ်သွားပါ။
✅အဆင့် ၃ - ထိန်းထားပါ
💥သုက်လွှတ်ချင်တဲ့ ခံစားချက် တဖြည်းဖြည်းလျော့ပါးသွားသည်အထိ ဘာမှမလုပ်ပဲနေပါ။ ဒါက စက္ကန့်ပိုင်း ဒါမှမဟုတ် မိနစ်ပိုင်းလောက်အထိလည်း ကြာနိုင်ပါတယ်။ ဘယ်လောက်ပဲကြာကြာ ကိစ္စမရှိပါဘူး။ လိင်တံထောင်မတ်မှု အနည်းငယ် လျော့သွားသည့်တိုင်အေင် အသက်ကို ပုံမှန်ရှုပြီး သုက်လွှတ်ချင်စိတ်ပျောက်သွားသည်အထိ ငြိမ်နေပါ။
✅အဆင့် ၄ - နောက်တစ်ခေါက်ပြန်စပါ
💥သုက်လွှတ်ချင်စိတ်ကို ထိန်းနိုင်ပြီလို့ ယူဆရတဲ့အချိန်မှာ အာသာဖြေမှုကို ပြန်လည်စတင်နိုင်ပါပြီ။ နောက်တစ်ခါ သုက်လွှတ်ချင်စိတ်ဖြစ်လာပြီးရင် ပြန်ထိန်းပါ။ ဒီပုံစံအတိုင်း သုံးလေးငါးကြိမ်လောက်အထိ ထိန်းနိုင်အောင်ကြိုးစားပြီးမှ ကာမဆန္ဒအပြည့်အဝကို ခံစားပြီး သုက်လွှတ်လိုက်ပါဗျ💯💯
Credit 💳
#ဒေါက်တာစိန်အိုး