10/02/2026
Nipah Virus နဲ့ပတ်သက်လို့ မြန်မာနိုင်ငံအတွက် စိတ်ပူသင့်လား မပူသင့်ဘူးလား ...
ဒီ အချက် (၄) ချက်ကိုဖတ်ပြီးရင် အဖြေပေါ်သွားမှာပါ။
🔸နံပါတ် (၁) အချက် ➡️ ကူးစက်ပုံ
Nipah virus ဟာ Covid လို လေထဲကနေကူးစက်တဲ့ရောဂါပိုးမျိုးမဟုတ်ပါဘူး။
Fruit bat လို့ခေါ်တဲ့အသီးစားတဲ့လင်းနို့တွေဆီကနေပဏာမကူးစက်တဲ့ Zoonotic disease အမျိုးအစားပဲဖြစ်ပါတယ်။
ဆိုတော့ ဒီရောဂါပိုးသယ်ဆောင်ထားတဲ့လင်းနို့တွေနဲ့ တိုက်ရိုက်ထိတွေ့မိတာပဲဖြစ်ဖြစ်၊ ဒီလင်းနို့တွေရဲ့တံထွေး၊ အညစ်အကြေး စတာတွေနဲ့ထိတွေ့ထားတဲ့အသီးအနှံ၊ အသားငါးတွေကိုစားမိရင်ပဲဖြစ်ဖြစ် ဒီလိုမှသာရောဂါကူးစက်ဖို့များပါတယ်။
လူလူချင်းဆိုရင်လည်း ရောဂါရှိတဲ့လူနဲ့အနေနီးတဲ့မိသားစုဝင်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေကတော့ ကူးစက်နိုင်ချေများတယ်ဆိုပေမဲ့ ဒါဟာလည်းကာကွယ်လို့မရတာမျိုးတော့မဟုတ်ပါဘူး။
🔸နံပါတ် (၂) အချက် ➡️ ပိုးရာဇဝင်
ဒီရောဂါကအခုမှစ Outbreak ဖြစ်တာမဟုတ်ပါဘူး။
၁၉၉၈ ထဲကမလေးရှားနိုင်ငံမှာစတင်တွေ့ရှိခဲ့တာဖြစ်ပြီး ဝက်မွေးမြူရေးလုပ်သားတွေစတင်ကူးစက်ခံခဲ့ရဝာာပါ။
အဲ့နောက်ပိုင်းမှာမှ စင်္ကာပူ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတို့မှာတွေ့ရှိလာပြီး ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယမှာတော့ခုချိန်ထိ Outbreak တွေထထပေါ်နေဆဲဖြစ်ပါတယ်။
ပြောချင်တာက ဒီ Virus ကခုမှစပေါ်တာမဟုတ်ပဲ အရင် outbreak ဖြစ်ခဲ့တဲ့အခေါက်တွေမှာလည်း Control ကောင်းကောင်းလုပ်နိုင်ကြတာတွေ့ရပြီး ကမ္ဘာလုံးဆိုင်ရာ ကြောက်စရာကောင်းလောက်အောင် ကူးစက်နှုန်းမတရားမြင့်တက်လာတာမျိုးမကြုံရဖူးသေးပါဘူး။
🔸နံပါတ် (၃) အချက် ➡️ သေဆုံးနှုန်း
ဒီရောဂါကကူးစက်ခံရရင်တော့ သာမန်ရာသီတုပ်ကွေး Virus ပိုးလို ဖျားတာ၊ နုံးတာလောက်နဲ့ပြီးမသွားပဲ Encephalitis လို့ခေါ်တဲ့ဦးနှောက်ရောင်ခြင်းကိုဖြစ်စေနိုင်တဲ့အပြင် တက်တာ၊ အသက်ရှူရခက်တာတွေပါဖြစ်လာနိုင်ပါတယ်။
ရောဂါကူးစက်ခံရပေမဲ့ ကျန်းမာတဲ့လူငယ်၊ လူလတ်ပိုင်းတွေမှာတော့ လက္ခဏာမပြတာ၊ သာမန်ဖျားနာတဲ့ပုံစံလောက်ပဲဖြစ်ပြီးပြန်ကောင်းသွားတာမျိုးလဲရှိပါတယ်။
ဒါပေမဲ့ ဦးနှောက်ရောင်တာ၊ တက်တာ၊ အသက်ရှူရခက်ခဲတာတို့လို ရောဂါဝေဒနာကိုပြင်းထန်စွာခံစားရတဲ့အဆင့်ဆိုရင် သေဆုံးနိုင်ခြေလဲမြင့်ပါတယ်။
WHO ရဲ့စစ်တမ်းအရ ရောဂါကူးစက်ခံရရင် သေဆုံးနိုင်ချေ ၄၀-၇၅% လောက်ထိရှိတယ်လို့ဆိုထားပါတယ်။
ရောဂါဖြစ်ပြီးရင်လည်းလုံးဝအရှင်းပြန်ပျောက်သွားတဲ့သူလဲရှိသလို ဦးနှောက်ကိုထိခိုက်သွားတာမျိုးလဲဖြစ်နိုင်ပါတယ်။
🔸နံပါတ် (၄) အချက် ➡️ ကုသပုံ
ဒီရောဂါအတွက်ဆေးမရှိသေးတဲ့အပြင် ကာကွယ်ဆေးလဲမရှိသေးပါဘူး။
ဖြစ်လာတဲ့လက္ခဏာတွေပေါ်မူတည်ပြီး သက်သာအောင်အနီးကပ်စောင့်ကြည့်ကုသပေးနိုင်တဲ့ Supportive Treatment ပဲလုပ်ပေးလို့ရနိုင်ပါတယ်။
__________________________________________________
(၄) ချက်လုံးဖတ်ပြီးပြီဆိုရင်...
၁။ ဒီရောဂါက လတ်တလောအခြေအနေအရတော့ အရမ်းကြီး Panic ဖြစ်စရာမလိုသေးပါဘူး။
ဘာကြောင့်လဲ ..❔
ရောဂါပိုးက လေထဲကပျံ့တာမဟုတ်တဲ့အတွက် ကူးစက်မှုနှုန်းနှေးပါတယ်။
၂။ ဒါပေမဲ့ သတိတော့ထားရပါမယ်။
ဘာကြောင့်လဲ ..❔
ဒီရောဂါကဖြစ်ပြီဆိုရင်တော့ပြင်းထန်တတ်တဲ့အပြင် ကုသဖို့ဆေး၊ ကာကွယ်ဆေး တွေလည်းမရှိသေးပါဘူး။
နောက်တချက်က Virus ပိုးဖြစ်တဲ့အတွက် အချိန်မရွေးပုံစံပြောင်းသွားနိုင်ပြီး ကူးစက်မှုနှုန်းမြင့်မားတဲ့ပိုးဖြစ်လာနိုင်ပါတယ်။
ဒီအတွက်အမြဲကျန်းမာရေးသတင်းတွေမှန်မှန်ကန်ကန်တင်ပေးတဲ့ Post တွေ Source တွေကို Like and Follow လုပ်ထားပြီး စောင့်ကြည့်ဖတ်ရှုပါ။
၃။ နောက်ဆုံးအနေနဲ့က ..
✅ အစားအစာတွေကို သေချာကျက်အောင်ချက်ပြုတ်ပါ။
✅ ရေသန့်မရှိတဲ့နေရာတွေရေကိုကျိုချက်သောက်ပါ။
✅ တိရစ္ဆာန်တွေကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနဲ့ဆေးပါ။
❌ လင်းနို့တွေနဲ့တိုက်ရိုက်ထိတွေ့တာလုံးဝမလုပ်ပါနဲ့။
❌ Outbreak ဖြစ်တဲ့၊ ဖြစ်နိုင်တဲ့နေရာတွေသွားလာခြင်းရှောင်ပါ။
✅သင့်အတွက် ကျန်းမာရေးအသိနဲ့ ဗဟုသုတရရှိဖို့
✅ဒီလို ကျန်းမာရေးနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေ စဉ်ဆက်မပြတ်ဖတ်ရှုလေ့လာဖို့
✨Shwe Su Myat Medical and Diagnostic Center✨မှ အခမဲ့မျှဝေတင်ဆက်ပေးနေပါတယ်။💯
အမှတ်(၅၃) အိုးဘိုလမ်း ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်
09776085316 , 09754669935 , 09754669936 , 01-7508521
Email - shwesumyat.ssm@gmail.com