Myittar San

Myittar San ဆေးဝါးကျွမ်းကျင်အကူ နှင့်သူနာပြုအကူသင်တန်း

မင်္ဂလာဒုံမြို့နယ်၊(၂/က) စံပြရပ်ကွက် စက္ကဝဌာ ကျောင်းတိုက်တွင် ဘုန်းဘုန်းကြီးလူနာ ပြုစုရန် သူနာပြုအကူအမျိုးသား /အမျိုးသမီ...
10/11/2023

မင်္ဂလာဒုံမြို့နယ်၊(၂/က) စံပြရပ်ကွက် စက္ကဝဌာ ကျောင်းတိုက်တွင် ဘုန်းဘုန်းကြီးလူနာ ပြုစုရန် သူနာပြုအကူအမျိုးသား /အမျိုးသမီး (၁)ဦး အလိုရှိပါသည်။

#09456783404

မေမေ စိတ်ကောက် 🙂
17/10/2023

မေမေ စိတ်ကောက် 🙂

😂
16/10/2023

😂

10/10/2023
10/10/2023

Save Bago

ကွယ်ကဘော ဆေးရုံ တွင်CSမွေးလူနာ နှင့်မွေးကင်းစကလေးပြုစုစောင့်ရှောက်ရန် သူနာပြုအကူ ဆရာမလေး တစ်ဦးအမြန်အလို ရှိပါသည်။ #09456...
04/10/2023

ကွယ်ကဘော ဆေးရုံ တွင်CSမွေးလူနာ နှင့်မွေးကင်းစကလေးပြုစုစောင့်ရှောက်ရန် သူနာပြုအကူ ဆရာမလေး တစ်ဦးအမြန်အလို ရှိပါသည်။

#09456783404

👉ထွန်းမင်္ဂလာအထူးကုဆေးရုံ တွင် Baby Care ဖြင့်ပြုစုရန် သူနာပြု အကူဆရာမလေးတစ်ဦးအမြန်အလိုရှိပါသည်။  #09456783404  #သူနာပြု...
28/09/2023

👉ထွန်းမင်္ဂလာအထူးကုဆေးရုံ တွင် Baby Care ဖြင့်ပြုစုရန် သူနာပြု အကူဆရာမလေးတစ်ဦးအမြန်အလိုရှိပါသည်။

#09456783404

#သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်အကူသင်တန်း

ယခုအချိန်ကာလ ရာသီအကူးအပြောင်းဖြစ်တာကြောင့် မျက်စိနာတတ် ကြပါတယ်။မျက်စိနာတာဆိုတဲ့နေရာမှာ မျက်ကြည်လွှာအမြှေးပါးရောင်ခြင်း ဖ...
26/09/2023

ယခုအချိန်ကာလ ရာသီအကူးအပြောင်းဖြစ်တာကြောင့် မျက်စိနာတတ် ကြပါတယ်။

မျက်စိနာတာဆိုတဲ့နေရာမှာ မျက်ကြည်လွှာအမြှေးပါးရောင်ခြင်း ဖြစ်ပါတယ်။ အဲ့ဒီ အမြှေးပါးကို မျက်မြှေးဟုခေါ်ပါတယ်။ မျက်မြှေးတွင်းရှိ သွေးကြောငယ်များ ရောင်ရမ်းလာပြီး ယားယံလာသောအခါမှာ မျက်လုံးရဲ့အဖြူရောင်ကို နီမြန်းတဲ့ သို့မဟုတ် ပန်းရောင်ကို ဖြစ်စေပါတယ်။

မျက်စိနာတာဘာကြောင့်ဖြစ်တာလဲ
✅ဗိုင်းရပ်စ်ပိုး
✅ဘက်တီးရီးယားပိုးဝင်ခြင်း
✅မျက်စိကိုကသိကအောင်ဖြစ်စေတဲ့ပစ္စည်းတွေ (ဥပမာ ဆပ်ပြာ၊ခေါင်းလျှော်ရည်၊ ရေကူးကန်ထဲကလိုရင်း)
✅ဓါတ်မတည့်စေတဲ့ပစ္စည်းများ (ဥပမာ ဖုန် ၊ ပန်းဝတ်မှုန်၊မီးခိုး၊မျက်ကပ်မှန်)
✅ကလေးများမှာ မပွင့်သော မျက်ရည်ပြွန်ကြောင့်ဖြစ်ခြင်း စတာတွေကြောင့်ဖြစ်တက်ပါတယ်။

ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ မျက်စိနာခြင်းက တခြားသူတွေကို အနီးကပ်ထိတွေ့မိရာကနေတဆင့် ကူးစက်နိုင်ပါတယ်။ မသန့်ရှင်းတဲ့ မျက်ကပ်မှန်ကိုသုံးပါက မျက်လုံးရဲပြီး ရောင်လာနိုင်ပါတယ်။ ကလေးတွေမှာဆိုရင် အခြားမျက်လုံးပြဿနာများရှိနေနိုင်တဲ့အတွက် မျက်စိရောင်တဲ့အခါ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

မျက်စိနာတာရဲ့ ရောဂါလက္ခဏာတွေက ဘာလဲ?

✅မျက်လုံးတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံး နီရဲခြင်း
✅မျက်လုံးတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံး ယားယံခြင်း
✅မျက်လုံးတစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံး စူးရှသောခံစားချက်ဖြစ်ခြင်း
✅မျက်ဝပ် ထွက်ခြင်း
✅မျက်ရည်တစ်ရွှဲရွှဲဖြစ်ခြင်း
✅အမြင်ဝါးခြင်း
✅အလင်းမခံနိုင်ခြင်း တွေ ဖြစ်ပါတယ်။

မျက်စိနာခြင်းကို ကုသတဲ့နည်း (၄)နည်းရှိပါတယ်။

✅ဗိုင်းရပ်စ်

မျက်စိနာတာရဲ့ဖြစ်ရပ်အများစုကတော့ adenovirus ကြောင့်ဖြစ်တတ်သော်လည်း herpes simplex virus နဲ့ varicella-zoster virus အပါအဝင်အခြားဗိုင်းရပ်စ်များကြောင့်လည်းဖြစ်နိုင်ပါတယ်။အေးတဲ့ ရာသီဥတုမှာဆိုရင် အလျင်အမြန်ပျံ့သွားနိုင်ပါတယ်။ ရောဂါပိုးရှိသူ၏ မျက်လုံးမှ ထွက်သော အရည်များနှင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ထိတွေ့ခြင်းမှ တစ်ဆင့် ကူးစက်ပါတယ်။ မျက်လုံးတစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံး ထိခိုက်နိုင်ပါတယ်။ တစ်ခုခုမစားခင် သို့မဟုတ် တစ်ယောက်ယောက်ကို မကိုင်မီ လက်သေချာဆေးသင့်ပါတယ်။ မျက်ကပ်မှန်တပ်နေသူဖြစ်မယ်ဆိုရင် မျက်စိနာနေချိန်မှာ မတပ်သင့်ပဲ မျက်မှန်ကိုတပ်သင့်ပြီး ကောင်းစွာ မသန့်ရှင်းတဲ့သို့မဟုတ် သင့်ကိုယ်ပိုင်မဟုတ်တဲ့ မျက်ကပ်မှန်များကို ဝတ်ဆင်ခြင်းကလည်း မျက်ကြည်လွှာရောင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ မျက်စိနာနေချိန် အမြင်ဝါးလာပါက ဆရာဝန်နဲ့ ချက်ချင်းပြသင့်ပါတယ်။ အချို့သော ဗိုင်းရပ်များက မျက်ကြည်လွှာမှာ အမာရွတ်ကျန်ခဲ့နိုင်ပါတယ်။

✅ဘက်တီးရီးယား

အဖြစ်များဆုံးနှစ်မျိုးကတော့ ကလက်မိုင်းတီးယားနဲ့ ဂနို ဖြစ်ပါတယ်။ လိင်မှတဆင့် ကူးစက်တဲ့ ရောဂါတွေလည်း ဖြစ်ပါတယ်။ ဘက်တီးရီးယားတွေဖြစ်တာကြောင့် ပဋိဇီဝပိုးသတ်ဆေး မျက်စဉ်းဆေးများနဲ့ ကုသနိုင်ပါတယ်။
မျက်စဉ်းဆေးကို မျက်စိအတွင်းသို့ တစ်နေ့သုံးကြိမ်မှ လေးကြိမ်ထည့်ပေးရနိုင်ပါတယ်။ ငါးရက်မှ ခုနှစ်ရက်ထိ ကုသရန် လိုအပ်ပါတယ်။ ပဋိဇီဝပိုးသတ်ဆေး မျက်စဉ်းဆေးတွေကတော့ ဆရာဝန်ညွန်ကြားချက်နဲ့ပဲ အသုံးပြုသင့်ပါတယ်။

✅ဓါတ်မတည့်တဲ့ မျက်မြှေးရောင်ခြင်း

Allergic conjunctivitis က မျက်လုံးနှစ်ဖက်လုံးကို ထိခိုက်စေပြီး ဝတ်မှုန်ကဲ့သို့သော ဓာတ်မတည့်မှုဖြစ်စေသော အရာများကို တုံ့ပြန်ခြင်းဖြစ်ပါတယ်။ ဓာတ်မတည့်မှုကို တုံ့ပြန်တဲ့အနေနဲ့ သင့်ခန္ဓာကိုယ်က immunoglobulin E (IgE) လို့ခေါ်တဲ့ ပဋိပစ္စည်းကို ထုတ်လုပ်ပါတယ်။ IgE က histamines အပါအဝင် ရောင်ရမ်းသော အရာများကို ထုတ်လွှတ်ရန် သင့်မျက်လုံးနှင့် လေလမ်းကြောင်းအတွင်းရှိ အထူးဆဲလ်များကို အစပျိုးပေးပါတယ်။ ခန္ဓာကိုယ်မှ ဟီစတမင်းထုတ်လွှတ်မှုသည် အနီရောင် သို့မဟုတ် ပန်းရောင်မျက်လုံးများ အပါအဝင် ဓာတ်မတည့်မှု လက္ခဏာများစွာကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ဓါတ်မတည့်တဲ့ မျက်မြှေးရောင်ခြင်း အများစုကို ဓာတ်မတည့်တဲ့အခါ ထည့်တဲ့မျက်စဉ်းဆေးများဖြင့် ထိန်းချုပ်နိုင်ပါတယ်။Allergic conjunctivitis သည် မကူးစက်တတ်ပါ။

✅ယားယံခြင်းမှ ဖြစ်လာတဲ့ မျက်မြှေးရောင်ခြင်း

မျက်လုံးအတွင်း ဓာတုပစ္စည်းဝင်သွားခြင်း သို့မဟုတ် ပြင်ပအရာဝတ္ထုများမှ ယားယံခြင်းမှာလည်း မျက်ကြည်လွှာရောင်ခြင်းနဲ့ဆက်စပ်နေပါတယ်။ ဓာတုပစ္စည်းဝင်ခြင်း သို့မဟုတ် မျက်စိထဲ ခုလုခုလုဖြစ်နေတာကို ဆေးကြောရန် ရေနဲ့တက်နိုင်သမျှ မြန်မြန်ဆေးချပါ။ အနည်းဆုံးငါးမိနစ်ခန့် ရေဘုံဘိုင်ဖွင့်ပြီး ဆက်တိုက်ဆေးချရပါမယ်။ ဖြည်းဖြည်းချင်း သက်သာလာပါလိမ့်မယ်။

ရေဆေးခြင်းက ရောဂါလက္ခဏာများကို မဖြေရှင်းနိုင်ပါက သို့မဟုတ် ဓာတုဗေဒပစ္စည်းက lye ကဲ့သို့သော လောင်စာတစ်မျိုးဖြစ်နေပြီဆိုရင် မျက်စိအထူးကုဆရာဝန်ထံ အမြန်ဆုံးပြသပါ။ မျက်လုံးထဲကို ဓာတုဓာတ်တွေ စိမ့်ဝင်လို့ မျက်လုံးကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။


#သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်အကူသင်တန်း

ဗိုက်အရမ်းအောင့်လို့ Ultra Sound ရိုက်ကြည့်လိုက်တာ .....😀
26/09/2023

ဗိုက်အရမ်းအောင့်လို့ Ultra Sound ရိုက်ကြည့်လိုက်တာ .....😀

ဒီနေ့ ဆရာ့ဆေးရုံမှာ ဆေးဖိုးမတတ်နိုင်တဲ့ လူနာလေး တစ်ယောက်အတွက် လှူပေးဖြစ်တာလေး ၊ဒီသောက်ဆေးလေးက ဘယ်ရောဂါမှာ ပေးတဲ့ဆေးလေးလဲ...
25/09/2023

ဒီနေ့ ဆရာ့ဆေးရုံမှာ ဆေးဖိုးမတတ်နိုင်တဲ့ လူနာလေး တစ်ယောက်အတွက် လှူပေးဖြစ်တာလေး ၊ဒီသောက်ဆေးလေးက ဘယ်ရောဂါမှာ ပေးတဲ့ဆေးလေးလဲ ၊ ဖြေပေးခဲ့ ကြပါအူး ။

✈️✈️✈️Singapore နိုင်ငံတွင် Care Giver တစ်ယောက်အနေဖြင့်  အလုပ်လုပ်ကိုင်နိုင်ရန်အတွက် မေတ္တာစံမှ သူနာပြုအကူနှင့်ဆေးဝါးကျွ...
25/09/2023

✈️✈️✈️Singapore နိုင်ငံတွင် Care Giver တစ်ယောက်အနေဖြင့် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် မေတ္တာစံမှ သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်အကူသင်တန်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။✈️✈️✈️

✈️သင်ကြားပေးမည့်ဘာသာရပ်များ

၁။ အခြေခံသူနာပြုစုခြင်းဘာသာရပ်
၂။သက်ကြီးရွယ်အို ပြုစုခြင်းဘာသာရပ်
၃။မိခင်နှင့်ကလေးပြုစုစောင့်ရှောက်ခြင်းဘာသာရပ်
၄။ခွဲစိတ်ခန်းနှင့်အထူးကြပ်မတ်သူနာပြုစုခြင်း ဘာသာရပ် (အခြေခံ)
၅။ဆေးဝါးဗေဒ ဘာသာရပ်
၆။Operational Management
၇။ဘာသာစကား(Eng)

များကို လုပ်ငန်းခွင်မှ အတွေ့အကြုံရှိ ဝါရင့် ပါရဂူ ၊သူနာပြုဆရာကြီး ၊အထက်တန်းသူနာပြုဆရာကြီး၊ဆရာမကြီးများ၊ဆေးဝါးကျွမ်းကျင်ဆရာကြီးများမှ သင်ကြားပြသပေးပါမည်။

✈️သင်တန်းကာလ
စာတွေ့၊လက်တွေ့ (၂)လ အပြင် ကျန်(၁)လကို မင်္ဂလာဒုံမြို့နယ်ရှိ ထွန်းမင်္ဂလာ အထူးကုဆေးရုံကြီးတွင် လက်တွေ့သင်ခန်းစာ များလေ့ကျင့်သင်ကြားရပါမည်။စုစုပေါင်းသင်တန်းကာလ (၃)လတာကြာမြင့်ပါမည်။

✈️သင်တန်းကြေး

သူနာပြုအကူ +ဆေးဝါးကျွမ်းကျင်အကူ သင်တန်း +ဘာသာစကားသင်တန်း
Passport +Visa အပါအဝင် (၁၀)သိန်း ကျပ် ။

✈️အဆောင်လခ+စာရွက်စာတမ်းကြေး

နယ်ဝေးမှတက်ရောက်သူများအတွက် အဆောင်ကြေးလုံးဝပေးဆောင်ရန် မလိုပါ။
ကျား/မ သီးသန့်အဆောင်သီးသန့်ရှိပါသည်။
သင်တန်းသားသင်တန်းသူတိုင်းအတွက် စာရွက် စာတမ်းကြေးပေးဆောင်ရန်မလိုပါ။

✈️သင်တန်းဝတ်စုံ

ဖြူနီ ဝတ်စုံနှင့် Scrub Suit ဝတ်စုံ ၊သွေးပေါင်ချိန်တိုင်းကိရိယာ၊နားကြပ် ၁စုံစီ (Foc)
ပေးပါမည်။

✈️သင်တန်းဆင်းလက်မှတ်

၁။Nurse Aide
၂။Pharmacist Aide
၃။Care Giver Training
၄။ဘာသာစကားအတွက် Certificate
များ
ချီးမြှင့်ပါမည်။

✈️စင်ကာပူနိုင်ငံတွင်အလုပ်အကိုင်ရရှိသည်အထိ အာမခံချိတ်ဆက်ပေးပါသည်။လက်ငင်းစနစ်မဟုတ်ဘဲအကြွေးစနစ်ဖြင့်သွားရောက်နိုင်ပါသည်။

✈️သင်တန်းစတင်မည့်ရက်

1.10.2023

✈️သင်တန်းချိန်
Monday to Friday
10Am to 1Pm(သက်ဆိုင်ရာ ဘာသာရပ်)
Sat to Sunday
10Am to 1Pm (ဘာသာစကားဘာသာရပ်)

✈️ဘာသာစကားသင်ကြားပေးမည့်ဆရာကြီး

Sayar U Min Soe Thura
မင်းသွေးငယ်(ရာမညမြေ)
နိုင်ငံတကာစာပေများဆုရှင်
Licensed Tourist Guide
Professional English Language Trainer @ Founder
Medical Lab Scientist
MPA (YUEco), MBA(Switzerland)
Dip in TESOL(London)

✈️သင်တန်းလိပ်စာ

အမှတ်(၃၅၈)၊လမ်းသစ်လမ်း၊၂/ကစံပြရပ်ကွက်၊မင်္ဂလာဒုံမြို့နယ်၊ရန်ကုန်မြို့ ။

☎️09456783404, 09894976506နှင့်
Page Messenger ,Viber တို့မှလည်းဆက်သွယ်နိုင်ပါတယ်။

✈️သင်တန်းဆင်းလက်မှတ်ရှိသူများအတွက်
အထူးအခွင့်အရေး

စင်ကာပူနိုင်ငံ သို့ သွားရောက်အလုပ်လုပ်ကိုင်လိုသူများ သက်ဆိုင်ရာ သင်တန်းများမှ သင်တန်းဆင်းလက်မှတ်ရှိသူများအားလုံး CV Form နှင့်အတူ လာရောက် ချိတ်ဆက်နိုင်ပါသည်။


#သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်အကူသင်တန်း

Address

အမှတ် (၃၅၈)၊အခန်း(၁)၊လမ်းသစ်လမ်း၊၂/က စံပြရပ်ကွက် ၊မဂ်လာဒုံမြို့နယ်၊
Yangon
11021

Telephone

+959456783404

Website

Alerts

Be the first to know and let us send you an email when Myittar San posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram