May Oo's Fiction

May Oo's Fiction Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from May Oo's Fiction, Yangon.

Before You                                အပိုင်း ( ၆ )“ဂွက်……..”မနက်စောစော ရေသောက်လေ့ရှိသူမို့ ရေတစ်ခွက်အပြည့်သောက်လိုက...
23/11/2025

Before You

အပိုင်း ( ၆ )

“ဂွက်……..”

မနက်စောစော ရေသောက်လေ့ရှိသူမို့ ရေတစ်ခွက်အပြည့်သောက်လိုက်ပြီး ခွက်ကို ခုံပေါ်တင်လိုက်သည်။ မယ်မင်းကြီးမ နှစ်ယောက်ကအိပ်ပျော်နေဆဲရှိသေး၍ မနက်စာပြင်ရန် သူမတာဝန်ဖြစ်သွားသည်။

တကယ်တော့ သူမ ဟင်းချက်တတ်ပေမယ့် ဟင်းချက်ရတာမကြိုက်ပေ။ သူများပြင်ပေးတဲ့ အစားကိုသာ အားရပါးရစားတတ်ပြီး သဘောကျသည်။အခုတော့ သူမမပြင်ရင် အကုန်ငတ်ကုန်မှာမို့ ပြင်ရမှာပေါ့။

“ဟင်း…”

အားမရှိသလိုဖြစ်နေတဲ့ ခန္ဓာကိုယ်ကို သယ်လာပြီး တစ်ရွေ့ရွေ့နဲ့ မီးဖိုခန်းထဲ ဝင်နေဆဲမှာပင်

“တီ တီ….”

လက်ထဲကိုင်ထားတဲ့ ဖုန်းက အသံမြည်လာတာမို့ ကိုင်လိုက်သည်။

“ဟယ်လို……”

“နိုးပြီလား မေ…”

“ဟင်….”

မထင်ထားသော သူရဲ့အသံကို ကြားလိုက်ရ၍ အံ့ဩခြင်းနှင့်အတူ နားနားကပ်ထားတဲ့ ဖုန်းကို ခွာကာ ဖုန်းနံပါတ်ကို တစ်ခေါက်ပြန်ကြည့်မိသည်။ နံပါတ်စိမ်း….။

ခင့်ဖုန်းနံပါတ်ကို သူ့ကိုမပေးဖူးသလို သူ့ဖုန်းနံပါတ်ကိုလဲ မယူဖူးပါ ။ ဘယ်ကရပါလိမ့်…..

“ဟယ်လို…..”

“ဟုတ်ကဲ့….”

“နိုးလာပြီလား….”

“နိုးပြီပြီ ခင့်ဖုန်းကို ဘယ်ကရတာလဲ…..”

“အန်တီဆီကလေ….”

“အော်….”

အခုမှနားလည်တော့သည်။ အမေ့ဆီက သူယူလို့ရတာပဲ။ဘာလို့မစဉ်းစားမိပါလိမ့်။

“မနက်စာ စားပြီးပြီလား…..”

“ဟင် ဟင့်အင်း မစားရသေးဘူး…..”

“ဒါဆိုတော်သေးတာပေါ့….”

“ဘာကိုလဲ….”

“ကို မနက်စာတွေဝယ်လာလို့ မေ ထွက်ယူပေးမလား ကိုအခုအရှေ့မှာ….”

“ဟမ် မေက အိမ်မှာမဟုတ်ဘူးလေ သူငယ်ချင်းအိမ်မှာ ……”

“ဟုတ်တယ် ကို မေ့သူငယ်ချင်းအိမ်ရှေ့မှာပါ….”

“ဟင် တကယ်လား….”

မယုံကြည်မှုနဲ့အတူ ပြတင်းပေါက်ကနေအပြင်ကို လှမ်းကြည့်တော့ သူ့ကားကို တွေ့လိုက်ရသည်။ ခင် အိမ်တံခါးကိုဖွင့်ကာ ဖုန်းကိုင်ထားလျက်ပင် အပြင်သို့ မြန်မြန်ထွက်လာခဲ့သည်။ခင် သူ့ကားနားရောက်တော့ သူကကားပေါ်ကဆင်းလာကာ အထုပ်များကို လက်တစ်ဖက်ကကိုင်ထားခဲ့ပြီး တစ်ဖက်ကတော့ ဖုန်းကိုကိုင်ထားခဲ့သည်။ ထိုအချိန်ထိ ခင် ဖုန်းချဖို့မေ့နေဆဲ။

“ကို ဖုန်းချပြီနော်….”

“အော် အင်းအင်း….”

သူ့ဆီက သတိပေးသလိုပြောလာမှအယောင်ယောင်အမှားမှားနဲ့ ချလိုက်ရသည်။

“မေ ဘာကြိုက်မှန်းမသိလို့ မနက်စာတွေ ဝယ်လာခဲ့တယ်…”

သူလက်ထဲကို ကြည့်တော့ များလိုက်တဲ့အထုပ်တွေ။

“အများကြီးပဲ ….”

“ဟင်း ဟုတ်တယ် မေဘာကြိုက်တတ်လဲ ကိုမသိလို့ တစ်ခုနည်းနည်းဆီဝယ်လာတာ သူငယ်ချင်းတွေနဲ့အတူစားလေ….”

“ဟုတ် အားနာစရာကြီး ဘာလို့ ဝယ်လာတာလဲ …..”

“အားမနာပါနဲ့ ကို ထင်တာမှန်မယ်ဆို မနက်စာပြင်တော့မလို့မလား……”

“အဟင်း ဟုတ်တယ် အခုမှနိုးတာ….”

“စောစောနိုးတာပဲ မနက် ၇နာရီထိုးတုန်းရှိသေးတယ် …”

“ခင်က ဒီအချိန်ဆိုနိုးနေကျလေ…..”

“အော်…..”

သူမလုပ်နေကျလေးတစ်ခုကို သူမှတ်ထားလိုက်ပြီး သူ့အထုပ်များကို သူမလေးဆီ လွှဲပေးလိုက်သည်။

“ကို အထဲဝင်ပို့ချင်ပေမယ့် အများအမြင်နဲ့မသင့်တော်မှာစိုးလို့ မေပဲ ယူသွားလိုက်နော်…”

“ကျေးဇူးပါ ကိုကောင်းပြည့် …….”

“ဒါဆို ကိုသွားတော့မယ်….”

“ဟုတ်ကဲ့….”

ခင့်ကိုနှုတ်ဆက်ပြီးတာနှင့် ကားပေါ်တက်ကာ မောင်းထွက်သွားခဲ့သည်။သူမရှိတော့တာနှင့် ခင်လဲ အိမ်ထဲဝင်လာခဲ့ပြီး အထုပ်တွေကို ပန်းကန်များထဲ ထည့်လိုက်သည်။

“ဝှါးးးးးး……”

“ဘာတွေလဲ…..”

“နိုးလာပြီလား….”

“အများကြီးပဲ ……”

“အင်း… ကြိုက်တာစားလို့ရတာပေါ့……..”

အိပ်ချင်မူးတူးနှင့် ရောက်လာသော ဟေမန်ကို နှုတ်ဆက်လိုက်ပေမယ့် သူ့မျက်လုံးများကတော့ စားပွဲပေါ်က မုန့်တွေဆီမှာသာ ။

“ငါသိသလောက် အဲ့တာအကုန် ဈေးမှာပဲ ရနိုင်တာ နင်ဈေးသွားလိုက်တာလား …….”

“မသွားပါဘူး ………”

“မသွားဘဲ ဘယ်လိုရမှာလဲ …..”

“ကိုကောင်းပြည့် လာပို့သွားတာ……”

“ဘယ်လို…..”

ခင့်စကားပေါ်ဟေမန်က အံ့ဩသွားပုံပင်။

“အင်း ဟုတ်တယ် သူလာပို့သွားတာ…..”

ခင့်စကားအဆုံး ဟေမန်က အိမ်ရှေ့ဧည့်ခန်းသို့ ပြေးထွက်သွားပြန်သည်။

“ဘာလုပ်မို့လဲ ဟေ မန်…..”

ခင် အော်ပြောလိုက်ပေမယ့် ဟေမန်တစ်ယောက် အနောက်ထဲ ပြန်ပြေးဝင်လာပြန်သည်။

“အစောကြီးရှိသေးတယ်….”

“အေးလေ ဘာဖြစ်လဲအဲ့တာ……”

“ဘာမှတော့မဖြစ်ဘူး အစောကြီးလာပို့သွားတော့ သူဘယ်ချိန်ထဝယ်လိုက်တာလဲ စဉ်းစားမိလို့……”

“အဲ့တာနင်နဲ့ ဘာဆိုင်လဲလို့ မျက်နှာသစ်ပြီးပြီလား လာစားတော့ ပြီးရင် ရုံးသွားဖို့ပြင်ရဦးမယ်……..”

စားပွဲပေါ်စားစာရာများပြင်ပြီးသည်နှင့် ခုံ၌ ဝင်ထိုင်လိုက်ရင်း သူ့ကို ပြောလိုက်သည်။

“ဆင်ကိုမှီပြီး ကြံစုတ်ရဦးမှာပေါ့….”

“လျှာရှည်ပြန်ပြီ………”

“နင်တို့နှစ်ယောက်…..”

“ဘာမှမဆိုင်ဘူး…..”

“ငါလဲ ဘာမှမပြောရသေးဘူး နင်က ဘာငြင်းတာလဲ………”

“နင်ဘာပြောမလဲ ငါသိတယ် သူလမ်းကြုံလို့ လာပေးတာဖြစ်မှာပေါ့ ဘာလို့ အများကြီးတွေးနေတာလဲ ……..”

“လမ်းကြုံပေးတဲ့သူက ဒီလောက်အများကြီး ဝင်လာပေးတယ်ပေါ့ အမှန်တရားကို ဘာလို့ လက်မခံချင်တာလဲ…….”

“.........”

“ဝှါးးးးးး များလိုက်တာ ဘယ်တုန်းကသွားဝယ်လိုက်တာလဲ…….”

ခင်တို့စကားပြောနေတုန်းမှာပဲ စကားကထပ်ရှည်အောင်လုပ်မယ့်သူတစ်ယောက်ရောက်လာပြန်သည်။

“သူ့လူလာပို့သွားတာ…..”

“ဟေမန်မဟုတ်တာမပြောနဲ့နော်…….”

“မုန့်လာပို့သွားတာမဟုတ်လို့လား…….”

“မုန့်လာပို့တာမှန်တယ် ငါ့လူမဟုတ်ဘူး……..”

“နင့်လူမဟုတ်ရင် ဘယ်သူ့လူလဲ ငါတို့နှစ်ယောက်မဟုတ်တာတော့ ကျိန်းသေတယ် မနေ့ညကမှ ငါတို့ကတွေ့ဖူးတာလေ…..”

“ဟေမန်…..”
“ပြော…….”

တစ်ယောက်တစ်ခွန်းအငြင်းပွားနေတာကို သီတာကတော့ ပွဲကြည့်ပရိတ်သတ်လို ကြည့်နေသည်။

“မစနဲ့ဟာ ငါမစဉ်းစားချင်သေးဘူးပြောထားတယ်လေ……….”

“မစဉ်းစားနဲ့လေ မြင်အောင်ပဲ ကြည့်ခိုင်းတာ ငါသိသလောက်တော့ နင်နဲ့တွေ့တဲ့အချိန် ဆုံလိုက်တဲ့အချိန်တိုင်း သူ့အကူညီကို ရခဲ့တာချည်းပဲ
ငါပြောတာမဟုတ်လို့လား…….”

“အဲ့တာတော့ ဟုတ်တယ်လေ……”

ဟေမန်စကားကမှန်နေပြန်တော့ ခင်ပြန်မငြင်းနိုင်ပေ။

“နင့်ကို စိတ်ဝင်စားနေလို့ လုပ်ပေးတာပေါ့ အခုလို မနက်စာ မနက်အစောကြီး ဘယ်သူက ဒီလောက်စုံအောင်ဝယ်ပြီး လာပို့ပေးမှာလဲ ဟိုကောင်တုန်းက အဲ့လိုလုပ်ပေးတာမမြင်ပါဘူး….”

“......”

“မြင်အောင်ပဲ ကြည့်ခိုင်းတာ ခင် နင့်ကို သူဖွင့်ပြောပေးလာတဲ့ တစ်နေ့ စဉ်းစားပေးအောင်……”

“ဟေမန်ပြောတာကို ငါထောက်ခံတယ် နင့်ကိုစိတ်ဝင်စားတဲ့ သူတစ်ယောက်ကသာ ဒီလိုလုပ်ပေးမှာ ဒါတောင် လူတိုင်းလုပ်ပေးမှာမဟုတ်ဘူး…….”

သူတို့နှစ်ယောက်ပြောတာလဲ မှန်ပါသည်။ သူမလိုအပ်နေတဲ့ အချိန်ဆို သူကရောက်လာပေးခဲ့ပြီး ရှိနေပေးခဲ့သည်။ ဒါကလဲ တမင်လုပ်ကြံယူခဲ့တာမဟုတ်ဘဲ ကံကြမ္မာက ဖန်တီးပေးခဲ့တာတွေလို။

“အင်းပါ ငါသိပါတယ်………”

“သိလဲပြီးတာပဲ…..”

“စုံတယ်နော် ဟေမန် ကြည့်ဦး နို့ဆန်ပြုတ် လက်ဖက်ရည် အီကြာကွေး မြန်မာမုန့်တွေ မုန့်ဟင်းခါး အုန်းနို့ခေါက်ဆွဲ ဆိုင်ဖွင့်မယ်ထင်လို့ မြည်းကြည့်ဖို့ထင်နေလားမသိ…….”

“အေးဆို ဆိုင်လဲ ရွေးတတ်သားဟ စားသမျှ အရသာကောင်းတယ်………”

“အေးဆို ဟိဟိ ….”

စားပွဲပေါ်က မုန့်တွေကို ကြည့်နေပြီဂ ဟေမန်တို့ စကားကြောင့် ခင် အတွေးထဲ နစ်မြုပ်သွားရပြန်သည်။
ဘယ်လိုလုပ်လဲတာပါလိမ့်…….”

>>>>>>>>>>>>>>>>>>>>>>>

Flash…..

“အမေ မုန့်ရောင်တဲ့ ဆိုင်ကောင်းကောင်းသိလား……..”

“သိတယ်လေ သားအတွက် အမေဝယ်ပေးနေကျ ဆိုင်တွေရှိတယ်လေ…….”

“သားကို ပြောပြပေးပါလား……..”

“ဘာလုပ်ဖို့လဲ သား……”

“အလုပ်က လူတွေအတွက် ဝယ်သွားမလို့ပါ……”

စိတ်ထဲမှာတော့ ‘ Sorry ပါအမေရယ် လိမ်ချင်လို့မဟုတ်ပါဘူး ခွင့်လွှတ်ပါ ….’

အမေပြောတဲ့ ဆိုင်နေရာတွေကို သေချာမှတ်ခဲ့ပြီး ဈေးသို့သွားကာ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ဝယ်ခဲ့သည်။

“အန်တီ အုန်းနို့တစ်ပွဲ ……..”

“ပဲသွေးထည့်ဦးမလား…..”

“ဟုတ် ကြက်သွန်နီနဲ့ မုန့်ကြွပ်ကို သပ်သပ်အိတ်နဲ့ထည့်ပေးလို့ရမလား…..”

“အေးအေး …….”

“ကျေးဇူးပါအန်တီ……”

“ဒီမှာနော်သား ……”

“ဘယ်လောက်လဲ အန်တီ ….”

“၃၀၀၀ ပါ…….”

“ဒီမှာ ၃၀၀၀ ပါ……”

အုန်းနို့ခေါက်ဆွဲရတာနဲ့ နောက်တစ်ဆိုင်သို့သွားကာ …..

“မြန်မာမုန့်အကုန်လုံး တစ်ခုစီ ထည့်ပေးပါနော်…….”

“တစ်တုံးစီပဲနော်…..”

“ဟုတ်ကဲ့…..”

“ရပါပြီ…..”

“ဘယ်လောက်လဲ ၉၀၀၀……”

မြန်မာမုန့်လဲ ရပြီဆိုတော့ နောက်တစ်နေရာသို့ ရွေ့ပြန်ကာ

“မုန့်ဟင့်ခါး တစ်ပွဲ နံနံပင်ပဲသီးနဲ့ ငရုတ်သီးကို သပ်သပ်ဆီထည့်ပေးပါ အိုးဘဲဥနဲ့……….”

“ရပါပြီ အကို…..”

မုန့်ဟင်းခါးရပြန်တော့ လက်ဖက်ရည်ဆိုင်သို့သွားတာ လက်ဖက်ရည်နဲ့အီကြာကွေးဝယ်ခဲ့ပြီး သူမဆီသို့ ထွက်လာခဲ့လိုက်သည်။

>>>>>>>>>>>>>>>>>>>>

Next ( 7 ).....

ရေးရင်းပြုံးနေမိတဲ့အထိ သဘောကျနေရတယ် ☺️☺️

Before You                                   အပိုင်း ( ၅ )“ရပါတယ် မေ့သူငယ်ချင်းတွေပြန်လာတဲ့အထိ ကိုယ်စောင့်ပေးပါ့မယ်…..”“...
20/11/2025

Before You

အပိုင်း ( ၅ )

“ရပါတယ် မေ့သူငယ်ချင်းတွေပြန်လာတဲ့အထိ ကိုယ်စောင့်ပေးပါ့မယ်…..”

“အာ ရပါတယ်……”

“ကိုယ် စိတ်မချလို့……”

“ဟင်……”

တစ်ဖက်က လူတစ်ယောက်ကြောင့် သူဘာပြောလိုက်လဲတောင် သေချာမကြားလိုက်ပေ။

‘ဘာလို့လာကြည့်နေတာလဲ…’

မျက်နှာကြီးတည်တင်းပြီး ဒေါသမျက်လုံးဖြင့်စိုက်ကြည့်နေသော ရည်စားဟောင်းကြောင့် စိတ်နောက်သွားရသည်။

“မေ … မေ…”

“ဟင် ဟင် … Sorry ကိုကောင်းပြည့် ဘာပြောလိုက်တာလဲ …..”

“ဘာမှမဟုတ်တော့ပါဘူး……”

“ဟုတ်…..”

သူမကြည့်နေတဲ့နေရာကိုလိုက်ကြည့်မိတော့ ကောင်လေးတစ်ယောက်က သူတို့ဝိုင်းကို ကြည့်နေတာကို တွေ့လိုက်ရသည့်အပြင် သူမကလဲ ပြန်ကြည့်နေတာကို သတိထားမိသည်။ သူထင်တာမှန်မယ်ဆိုရင် သူမရဲ့အရင်ရည်းစားပဲ နေလိမ့်မည်။ သူမအာရုံ သူဆီပြန်ရောက်အောင်လုပ်ရန်တွေးလိုက်မိပြီး

‌”မေ မသောက်ဘူးလား ……”

“ဟင့်အင်း သူငယ်ချင်းတွေသောက်မှာမို့လေ……”

“သောက်ချင်ရင် သောက်ပါ အပြန်ကိုယ်လိုက်ပို့ပေးပါ့မယ်…….”

“အာ ရပါတယ် ပြီးတော့ အိမ်မှာ သောက်ရတာ ပိုကြိုက်လို့ပါ……”

“အော်……”

“တကယ် မသွားလို့ပြေလား…….”

“တကယ်ပါ….”

“အမြဲ ခင့်ကြောင့် ကိုကောင်းပြည့် ကိစ္စတွေ နှောင့်နှေးရတာ အားနာလို့ပါ…….”

“ကိုကိုယ်တိုင်က လိုလိုလားလားလုပ်ပေးတာပါ အားနာစရာမလိုပါဘူး…….”

“........”

ဒီလိုပြောလာပြန်တော့ ခင်မှာဘာပြောရမှန်းမသိတော့ပေ။ ရှေ့က အအေးခွက်ကိုသာ ငုံ့ကြည့်နေလိုက်ပြီး ပိုက်ဖြင့်မွှေနေမိသည်။ဘာစကားမှမပြောဘဲ ငြိမ်နေခဲ့တဲ့ဝိုင်းလေးသို့ သီတာတို့နှစ်ယောက်ပြန်လာခဲ့ကြ၏။

“ခင်…..”

“ကလို့ဝကြပြီလား …..”

“အင်း သူက…….”

“နောက်မှ မိတ်ဆက်ပေးမယ် ဒီမှာက အော်ပြောနေရတာ အသံနာတယ် ကိုကောင်းပြည့် သွားတော့လေနော်……..”

“ပြန်ရင် ကိုလိုက်ပို့မယ်နော် …….”

“ဟုတ်………”

သူ့ကမ်းလှမ်းမှုကို ခေါင်းငြိမ့်ပြလိုက်မှ ထွက်သွားလေ၏။ သူ့ကိုမတွေ့တော့မှ အာရုံက ဟေမန်တို့ဆီပြန်ရောက်လာကာ အမိနှစ်ယောက်က ခင့်ကို စိုက်ကြည့်နေကြသည်။ ခင်လဲ ဘာမှမပြောဘဲ ပြုံးပြလိုက်ပြီး အအေးခွက်သာ ယူသောက်လိုက်တော့သည်။

……………….

‘ဘာလား သူက ဒီကိုဘာလာလုပ်တာလဲ …….’

“ဟေ့ရောင် ဘယ်ကြည့်နေတာလဲ………”

“ဟာ မင်းဘွားတော် ……”

“..........”

“သူက ဒီလိုနေရာလဲ လာတတ်တာလား ဝတ်ထားတာကလဲ အလန်းပါလား မင်းနဲ့ပြတ်တာတောင် ဘာမှမခံစားရသလိုပါလားဟ…….”

‘ဒုန်း….’

“လန့်တာကွာ မင်းကလဲ ဘာဒေါသထွက်နေတာလဲ ပြတ်သွားပြီကို…….”

“မင်း ‌ေ-ာက်ပူလား………”

ပြောမိတဲ့ ပါးစပ်ကိုသာ ဖြတ်ရိုက်မိလိုက်ပြီး တိတ်တိတ်လေးနေလိုက်ရသည်။ ဒီကောင်အူတိုလဲတိုစရာပေ။ သူ့မမက အခုကျအလန်းလေးလိုပြင်ထားပြီး တစ်ခါမှမလာဖူးတဲ့ ကလပ်တောင်လာပုံ​က ရည်းစားနဲ့ ပြတ်တာမကြာသေးတဲ့ လူမဟုတ်သလို ပေါ့ပေါ့ပါးပါးပင်။

‘ကလု….’

ရှေ့ကကောင်ကြည့်တော့လဲ တော်တော်တင်းနေပုံရသည်။ ဘေးမှာပါလာတဲ့ ကောင်မလေးတွေမှမထောက် မျက်လုံးကကျွတ်ထွက်မတတ် အဲ့ဝိုင်းကိုသာ ကြည့်နေ၏။ကြည့်နေလဲ ဘာမှဆိုင်တော့တာမှမဟုတ် ဘာလုပ်လိုရမှာလဲ။

‘ဘယ်သူလဲ အဲ့လူက သိပ်ပျော်နေတာပဲ ဟွန့် ……..’

ကိုယ်နဲ့ မဆိုင်တော့တဲ့ သူဆိုတာတောင် သတိမရတော့တဲ့အထိ ဒေါသကလှိမ့်ထွက်လာသည်။

‘ဂွက်…..’

ခွက်ထဲရှိအရက်အားလုံးကို မော့ချလိုက်ပြီး ခွက်ကို စောင့်ချလိုက်သည်။

>>>>>>>>>>>>>>>>>>>

“ပြန်တော့မှာလား……”

“ဟုတ် ကိုကောင်းပြည့် သူတို့ကို ကြည့်ဦး ခေါင်းလဲမထောင်နိုင်တော့ဘူး…….”

ထိုင်ခုံမှာ တစ်ယောက်နဲ့တစ်ယောက်မှီလျက်မှောက်နေသော သူငယ်ချင်းနှစ်ယောက်ကို မျက်စပစ်ပြတော့ သူကရီလေသည်။

“ဟဲ့ ထ ပြန်မယ်…….”

“သောက်ဦးမယ်လေ……..”

“မှာပေး…….”

မူးမူးနဲ့ထအော်သော နှစ်ယောက်ကို တစ်ယောက်တစ်ချက်စီ ချလိုက်ပြီး အတင်းထူလိုက်သည်။ အခြေနေကတော့ မထနိုင်ပဲ ပြန်မှောက်ကျတာပင်။

“ကို တစ်ယောက်တွဲလိုက်မယ် မေကတစ်ယောက်တွဲလိုက်လေ……..”

“ဟုတ်ဟုတ်……..”

အားနာနေပါပြီဆိုမှ သူအကူညီကိုပဲ ထပ်ယူလိုက်ရကာ ကရားရေလွှတ်စွတ်သောက်သော မယ်မင်းကြီးမနှစ်ယောက်ကိုသာ ထုချင်တော့သည်။

“ဟူးးးးး…မနက်မှအသေပဲ…….”

ခင်တို့နှစ်ယောက်တစ်ယောက်စီကို တွဲလာလိုက်ပြီး ကားနားရောက်တော့ နောက်ခန်းကိုသာ ထည့်လိုက်ရသည်။ သူနဲ့တွေ့လို့သာတော်သေးသည်။ မဟုတ်ရင် ခင်တစ်ယောက်ထဲ ဘယ်လိုလုပ်ရမလဲ မသိ။

“ဟူး……..”

“မောသွားပြီလား မေ……..”

“ကျေးဇူး……”

သူပေးလာသော ရေဘူးကို ယူပြီး ခင်မော့သောက်လိုက်သည်။

“အဆင်ပြေလား…..”

“ဟုတ်…….”

“ကို့ကို လိပ်စာပြောပေး……..”

“အာ ဟုတ်သား လမ်း…………အဲ့နေရာ…”

“OK …..”

ညဘက်ဆိုတော့ ကားမရှုပ်နေ၍ အိမ်သို့ အချိန်တိုတွင်းမှာ ပြန်ရောက်ခဲ့သည်။

‘ဝူးးးးး…..’

“ရောက်ပြီ ဘယ်အိမ်လဲ မေ……”

“ရှေ့က အိမ်…….”

ခင်တို့အိမ်ရှေ့တည့်တည့် သူကကားကိုရပ်လိုက်ကာ ကားစက်သတ်လိုက်သည်။

“ကျေးဇူးပါ ကိုကောင်းပြည့်……..”

“မလိုပါဘူးဗျာ……”

“တစ်ရက် မုန့်လိုက်ဝယ်ကျွေးပါမယ်……..”

“အဲ့တာကိုတော့ မငြင်းတော့ပါဘူး….”

“အဟင်း….”

“ကို တစ်ခုတောင်းဆိုလို့ရမလား…..”

တစ်ခုခုကို အလေးအနက်ပြောလိုဟန်ဖြင့် ခင့်ဘက်ကို သူကလှည့်လာကာ ပြော၏။ ခင်လဲ သူပြောတာကိုနားထောင်ရန် မျက်နှာချင်းဆိုင်လိုက်ပြီး စကားလမ်းကြောင်း​ ပေးလိုက်သည်။

“ဟုတ် ဘာများလဲ ကိုကောင်းပြည့်……..”

“ကို့နာမည်အပြည့် မဟုတ်ဘဲ တစ်ခုခုနာမ်စားသုံးခေါ်ပေးလို့ရမလား……..”

“ရှင်……..”

“ဟုတ်တယ် နာမည်အပြည့်အစုံကိုပဲ ခဏခဏခေါ်နေတော့ ကိုတို့က သူစိမ်းတွေလိုပဲ ဖြစ်နိုင်ရင် နာမ်စားတစ်ခုခုပြောင်းခေါ်ပေးပါလား…….”

“အဲ့တာက ဘယ်လိုခေါ်ရမလဲမသိတာနဲ့ ဒီလိုပဲ ခေါ်ဖြစ်နေခဲ့တာပါ……”

“ပြောင်းခေါ်ပေးနိုင်မလား မေ……”

“ကို ကိုကောင်း အဲ့လိုဆို ပြေမလားဟင်…….”

“အင်း………..”

“..........”

ခဏစဉ်းစားဟန်ပြုပြီးမှ သူက

“ရပါတယ် မဆိုးပါဘူး ……….”

“ဟုတ်…….”

“လိုက်ပို့ပေးလို့ ကျေးဇူးပါ ကိုကောင်း…….”

ခင် ခေါင်းလေးငုံကာ မျက်လွှာလေးအောက်ချလိုက်ရင်း ကျေးဇူးစကားဆိုမိပြန်သည်။ တကယ်တော့ ဘာပြောရမှန်းမသိ၍သာ ပြောလိုက်ရခြင်းလဲ ဖြစ်သည်။

“ပြောပြန်ပြီ ကိုအတွက် ကျေးဇူးဆိုတဲ့စကားက တကယ့်ကို မလိုတာပါ ………”

“အဲ့လိုလဲ ဘယ်ဟုတ်ပါ့မလဲ အမြဲအကူညီပဲ ယူနေရတာ……”

“ကိုက ကူညီချင်ခဲ့တာပဲလေ ………”

“.............”

သူ့စကားကို ခင်ဘာပြန်ပြောရမှန်းမသိတော့ပါ။ ခေါင်းကိုသာ အစွမ်းကုန်ငုံ့ထားမိခဲ့ပြီး တိတ်ဆိတ်နေခဲ့မိသည်။

“ဟတ်ချေး……..”

“အမလေး……” “......”

တိတ်ဆိတ်နေတဲ့ အခြေနေမှာ နှာချေသံအကျယ်ကြီးပေါ်ပေါက်လာခဲ့၍ ခင်ကတော့ လန့်ကာထအော်ခဲ့မိပြီး သူသည်လဲ လန့်သွားပုံပင်။

“Sor Sorry စကားပြောနေတာ အနှောက်ယှက်ဖြစ်သွားလား ဆက် ဆက်ပြောနော် ပြန်အိပ်လိုက်မယ်……”

“ဟမ်……”

“ခွီးးးးးးးး”

အူကြောင်ကြောင်နဲ့ ထပြောလာသော ဟေမန့်စကားတွေကြောင့် ဘေးက သီတာကပါ အိပ်နေရာက ထရီလာရင်း ခင် ကြောင်သွားရသည်။ သူ့ကိုကြည့်တော့ ပြုံးနေလေ၏။

“အရူးမ ဘာတွေပြောနေတာလဲ နိုးရင်ထလေ အိမ်ထဲဝင်မယ် ဆင်း….”

“အော် အေး ဟုတ်သား….”

“ဟဟဟဟ….”

ရူးသလို မူးသလိုနဲ့ ကြောင်တောင်တောင်စကားတွေကြောင့် ခင်မျက်မှောင်ကြုတ်ရင်း ရှက်ရမ်းရမ်းကာ ဆူလိုက်မိသည်။

“ဟို ဒီကအကို လိုက်ပို့ပေးလို့ ကျေးဇူးပါနော်…..”

“ဟုတ်ကဲ့….”

“နောက်တစ်ခါ တွေ့လဲ နှုတ်ဆက်ပါ အိမ်နားရောက်လဲ ဝင်လည်နော်…”

“ဟုတ်ဗျ…….”

“ဟေ မန်…..”

အသံတင်းမာနေသော ခင့်ကြောင့် ဒေါသ အနေထားကို ခန့်မှန်းမိရင်း

“ထထ သီတာ သွားမယ်…”

ဘေးက အိပ်ချင်ယောင်ဆောင်နေသော သီတာကိုပါ လက်ကုတ်ကာ ကားပေါ်က ဆင်းသွားလေ၏။

“ကျေးဇူးနော်အကို…..”

ဟေမန်ဆင်းသွားမှ သီဝါကလဲ ထလာကာ ကျေးဇူးတင်စကားပြောပြီး ကားပေါ်က အမြန်ဆင်းသွားပြန်၏။

ခင်လဲ ရှက်တာကော ဒေါသကော ပေါင်းကာ သူ့ကိုတောင်မနှုတ်ဆက်တော့ဘဲ ကားပေါ်က လိုက်ဆင်းလိုက်ပြီး အိမ်ထဲ အမြန်လိုက်ဝင်လိုက်သည်။

“အဟင်း ချစ်စရာလေး……”

သူမရဲ့အပြုမူနဲ့အမူရာတစ်ခုချင်းစီတိုင်းကို လိုက်သတိထားကြည့်မိရင်း သဘောကျနေမိသူကာ သူသာဖြစ်နေခဲ့သည်. တစ်ခါတစ်လေတော့လဲ လူကြီးတစ်ယောက်ရဲ့ရှက်နေပုံက ကလေးတစ်ယောက်လို ချစ်ဖို့ကောင်းနေပါရော့လား……။

>>>>>>>>>>>>>

Next ( 6 ) >>>>>

Page လေးကိုလဲ Like & Follow လေးလုပ်ပေးကြပါဦးရှင်🥰🥰

အားပေးသူတစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။ကောင်းသောညလေးဖြစ်ကြပါစေ☺️☺️

Before You                                  အပိုင်း ( ၄ )“ဟို ကိုဗိုက်ဆာလို့ တစ်ခုခုဝင်စားပြီးမှ ပြန်ပို့ပေးလို့ရမလားမေ…...
19/11/2025

Before You

အပိုင်း ( ၄ )

“ဟို ကိုဗိုက်ဆာလို့ တစ်ခုခုဝင်စားပြီးမှ ပြန်ပို့ပေးလို့ရမလားမေ…..”

“ရှင် ဟုတ်….”

သူမဆီက ထွက်လာမှန်း သိသိနဲ့ သူ့ဘက်က ဗိုက်ဆာသလိုပင် ပြောလာပြန်တော့ အားနာရပြန်သည်။

“ဒါဆို ကိုတို့ သွားရအောင်…………”

“ဟုတ်……”

သူမရှေ့ကပင် သူကထွက်သွားကာ ကားပါကင်ရှိရာသို့ လျှောက်လာခဲ့ကြသည်။

ခင်တို့ဗိုက်ဖြည့်ရန် နီးစပ်ရာ မြန်မာပလာဇာထဲရှိ ဟော့ပေါ့ဆိုင်တစ်ဆိုင်ကိုပင်ဖြစ်သည်။ ဆိုင်ရောက်တော့လဲ သူက သူမဆီမီနူးကပ်ကိုပေးကာ ကြိုက်ရာရွေးချယ်စေသည်။

“ကိုကောင်းပြည့် ဘာစားမလဲ….”

“မေ ကြိုက်တာမှာလိုက်ပါ ကျွန်တော်က ဘာပဲဖြစ်ဖြစ်စားတယ်….”

“ဟုတ် မောင်လေး အမကို အပ်မှို ၂ ပွဲ ခေါက်ဆွဲတစ်ပွဲ ပြောင်းဖူး, ဝက်မှိုလုံး အယ် ကိုကောင်းပြည့် ဝက်သားစားလား …..”

“စားတယ်ဗျ…..”

“အင်း ဒါဆို ဝက်သားနှပ်ထားတာတစ်ပွဲ ပြီးတော့ ပုစွန် , ဂုံး , ကြက်မဲ , ပုစွန်ချောင်း တစ်ပွဲစီချပေးပါနော် ဟင်းရည်က တုန်ရမ်း ၂ ပွဲ ချလိုက်နော် မာလာအနှစ်လေးပါချပေး …….”

“ဟုတ်ကဲ့….”

ဆိုင်ကကောင်လေးက သူမတို့အနားက ထွက်သွားတော့ သူယူထားတဲ့အအေးခွက်နဲ့ ရေကို သူမဆီကမ်းပေးလာ၏။

“တော်ပြီလား တခြားဘာမှာဦးမလဲ ….”

“အဲ့တာပဲ အရင်စားလိုက်မယ် လိုအပ်မှမှာတော့မယ်…”

“ဟုတ်ကဲ့….”

ကောင်းပြည့် သူမငိုရတဲ့ အကြောင်းရင်းကို သိချင်သည်။ သူမအတွက် ဘယ်လောက်ဝမ်းနည်းစရာကောင်းတဲ့ ကိစ္စဖြစ်နေမလဲဆိုတာလဲ မသိနေ၍ မမေးချင်ပြန်။ လွန်ဆွဲနေသော အတွေးတွေကြောင့် သက်ပြင်းချမိပြန်၏။

“ဟင်းးးးး………”

“ပြတ်သွားတာပါ….”

“ဟမ်…..”

သူ့ဟာသူတွေးနေပင်မယ့် သူမစကားစလာချိန် အံ့ဩသွားရသည်။

“ဘာ ဘာကိုလဲ…..”

“ကျွန်မကောင်လေးနဲ့ပြတ်သွားလို့ပါ ငိုတဲ့အကြောင်းရင်းကို မေးချင်တာ အားမနာပါနဲ့……”

“အော် ဘာလို့ပြတ်သွားတာလဲ မေးလို့ရမလား…..”

“ဖောက်ပြန်လို့……”

“ဟင်…..”

“ကျွန်မကံက မကောင်းတဲ့သူနဲ့ လာဆုံဖို့ အကြောင်းဖန်လာတာဖြစ်ပါလိမ့်မယ် အခုတော့ မကောင်းတဲ့ကံကို ဖယ်လိုက်ပါပြီ …..”

“ဟုတ်ကဲ့ …..မေ ဝမ်းနည်းနေမှာပါ ”

“ဟင့်အင်း စိတ်မကောင်းဖြစ်သွားရုံပါ ငိုတာကလဲ ကျွန်မရဲ့အချိန်တွေကို နှမြောမိလို့ ငိုမိရုံပဲ …..”

“ကိုယ်…..” “ မနှစ်သိမ့်ပါပဲ မထိုက်တန်တဲ့ လူတစ်ယောက်အတွက် စိတ်မကောင်း ထပ်ဖြစ်နေမှာ မဟုတ်လို့ နှစ်သိမ့်စရာ မလိုပါဘူး….”

“Sorry ကို ဘာပြောရမလဲ မသိတော့ဘူး စကားမှားမှာ ကြောက်လို့…….”

“အဟင်း ရပါတယ် အခုကိစ္စအတွက်လဲ ကျေးဇူးတင်ပါတယ်…..”

“မလိုပါဘူး ကိုယ်က မေ့ကို ဘာမှတောင် ကူညီရတာတောင်မဟုတ်ဘူး……”

“မုန့်ဝယ်ကျွေးလို့ ကျေးဇူးတင်တာပါ ကိုကောင်းပြည့် ကျွေးမှာမဟုတ်လား အဟင်း…..”

“အာ ဟုတ်ကဲ့ ကိုယ် ကျွေးမှာပါ…….”

“စတာပါ…..”

“ကိုယ်တကယ်ပြောတာ….”

“ဒါဆိုရင်လဲ အားနာစွာနဲ့ လုမရှင်းတော့ပါဘူး….”

“အဟင်း….”

သူ့ကို ကျေးဇူးတင်မိတာကတော့ ခင်စိတ်အမှန်ပါ ။ ခင်ဒုက္ခရောက်တဲ့ အချိန်တိုင်း သူက နတ်သားတစ်ပါးလို ပေါ်ပေါ်လာတတ်သည်။ တိုက်ဆိုင်မှုတွေကလဲ တကယ့်ကို ဆန်းကြယ်ပါ၏။

ခင်တို့ စကားပြောနေတုန်းမှာပင် မှာထားသော ပွဲများ လာချပေးလာ၍ နေရာချလိုက်ပြီး ဘာမှမပြောတော့ပဲ အစားစားချင်းကိုသာ အာရုံစိုက်လိုက်ကြသည်။

ငိုနေတုန်းကလိုမဟုတ်ဘဲ ကလေးလေးတစ်ယောက်လို အစားကိုသာ အာရုံစိုက်စားနေသော သူမကြောင့် ကောင်းပြည့်သဘောကျစွာ ပြုံးနေမိ၏။ ချစ်ရသူရဲ့ အပြုမူတစ်ခုချင်းစီက ချစ်ဖို့ကောင်းနေတယ်ပြောရင် ရီကြမလားမသိ။ သူမလိုအပ်တဲ့အချိန်တိုင်း ရှိနေပေးနိုင်ခဲ့တာကလဲ သူ့ရဲ့ကံကောင်းမှုတစ်ခု။ နောင်ပိုင်းမှာလဲ သူ့ကို လိုအပ်သည်ဖြစ်စေ ၊ မလိုအပ်သည်ဖြစ်စေ ရှိနေပေးမှာပင်။

စားသောက်ပြီးချိန် ကျသင့်ဘေများကို ကောင်းပြည့်ရှင်းလိုက်ပြီး သူမကို အိမ်သို့ ပြန်ပို့ပေးလိုက်သည်။

“ကျေးဇူးပါ ကိုကောင်းပြည့်….”

“ရပါတယ်……”

“ဂရုစိုက်ပြန်ပါ…….”

“ဟုတ်…..”

သူ့ကိုနှုတ်ဆက်ကာ အိမ်ထဲသို့ ဝင်သွားခဲ့ပြီး သူမအရိပ်ပျောက်သွားခဲ့သည်ထိ ကြည့်နေခဲ့ပြီးနောက် သူလဲ ပြန်လာခဲ့လိုက်သည်။

>>>>>>>>>>>>>>>>

“ဘာ ဖောက်ပြန်တယ်…..”

“ရှူးးး တိုးတိုးပြောပါ ငါကြားတယ် ဟေမန်….”

“နင်ကြားမှန်း ငါသိတယ် ခင် အံ့ဩလို့ အသံကျယ်သွားတာ…..”

“ငါထင်သားပဲ အဲ့ကောင်လုပ်ပုံမမှန်နေထဲက ငါတို့က နင့်ကိုအကုန်လိုက်ပြောရအောင် ကလေးမဟုတ်နေလို့သာ နင့်သဘောတိုင်းထားထားတာ ခင် ……..”

“ငါလဲ နင်တို့ကို အပူပေးသလို မဖြစ်ချင်လို့မပြောခဲ့တာ သီတာ……”

“ငါတို့နားလည်ပါတယ် အဲ့တော့ လမ်းခွဲလိုက်ပြီလား……”

“အင်း သိတဲ့နေ့ပဲ ချက်ချင်းခွဲလိုက်တာ……”

“ကောင်းတယ်ခင် ငါနဲ့သီတာနဲ့က နင်တို့ကို သိပ်သဘောတူတာမဟုတ်ဘူး အဲ့ကောင်က ချမ်းသာတာပဲ ရှိတာ အရည်ချင်းကမရှိ ၁၀တန်းတောင်မိဘကောင်းမှုနဲ့အောင်ခဲ့တဲ့ကောင်နဲ့ တွဲတာတောင်နှမြောနေပြီးပြီ ငါတို့ပြောရင် နင်စိတ်ညစ်နေခဲ့မှာစိုးလို့ မပြောတာ……..”

“အင်း ငါသိပါတယ် ပြီးပါပြီဟာ….”

“အချိန်ခဏပါပဲ မကြာခင် နင်မေ့သွားမှာပါ……”

“သူ့လုပ်ရပ်တွေကို ရွံလွန်းလို့ မေ့နိုင်ပါ့မလား…..”

“မေ့နိုင်မှာပါ မေ့နိုင်အောင်လုပ်မှ နင်အတွက်ပြေမယ် ခင် ….”

“ဘာလို့အဲ့လိုပြောတာလဲ ခင်…..”

“နင်သာ အကုန်မေ့လိုက်နိုင်မယ်ဆိုရင် ကောင်းတဲ့အရာတွေကို ပိုပိုင်ဆိုင်နိုင်မှာ နင်အတွက် အဆိပ်အတောက်တွေကို ဖယ်ချလိုက်နိုင်ချင်းက အကောင်းဆုံးပဲ……..”

“အင်းပါ ငါကြိုးစားပါ့မယ် ဟေမန်……”

“ဒါနဲ့ နင်ကို ကူညီပေူတဲ့သူတစ်ယောက်၇ှိတယ်လို့နင်ပြောတယ်နော် အဲ့လူကကော…..”

“အမေသဘောကျတဲ့သူလေ သူက ငါ့ကိုမိတ်ဆက်ပေးဖူးတယ် သူက ငါခက်ခဲနေချိန်တိုင်းရောက်ရောက်လာတယ် အရမ်းတိုက်ဆိုင်တာပဲ ……”

“တိုက်ဆိုင်တာ ငါတော့ ကံကြမ္မာကဖန်တီးပေးနေတာ မဟုတ်ဘူးလားလို့….”

“သီတာနော် လျှောက်မပြောနဲ့ ……..”

“ဟုတ်တယ် သီတာပြောသလိုပဲ ငါလဲ အဲ့လိုတွေးမိတယ် ခင် နင်စဉ်းစားကြည့်လေ နင်တစ်ခုခုဆို သူအနားရှိချိန်နဲ့ သွားသွားဆုံတာ ကံကြမ္မာက ဖန်တီးပေးနေတာ မဟုတ်ဘူးလား….”

“အဲ့တာတွေ ငါမတွေးချင်သေးဘူး အခုမှ လူတစ်ယောက်နဲ့ လမ်းခွဲပြီး နောက်တစ်ယောက်ကို စဉ်းစားမိဖို့က ငါ့အတွက်အသင့်မဖြစ်သေးဘူး….”

“ငါနားလည်ပါတယ် ငါတို့က ဒီတိုင်းတွေးမိတာ ပြောရုံပဲ ဒါပေမယ့် သူကကောင်းပြီး နင်ကိုဖွင့်ပြောလာခဲ့ရင် စဉ်းစားဖို့တော့ အကြံပေးချင်တယ်….”

“အင်းပါ အဲ့အခါကျရင်တော့ တွေးလိုက်ပါမယ်ဟာ ………”

“ဘာမှ စိတ်မရှုပ်နဲ့တော့ အရှုပ်တွေရှင်းထုတ်လိုက်ရအောင်….”

“အမ်….”

“ဘယ်လိုလဲ ….”

“သွားမယ် ကလပ်ကို…”

…………….

သီသံ ဒီဂျေသံတွေနဲ့ ဆူညံနေတဲ့ ကလပ်ထဲ ရောက်လာတာနဲ့ ခင်နားအူသွားရကာ နားပင် ပိတ်လိုက်မိသည်။

“ဘာလို့နားပိတ်ထားတာလဲ…..”

“အရမ်းဆူတယ် မခံနိုင်ဘူးဟ….”

အသံတွေက ကျယ်လွန်း၍ တစ်ယောက်သံတစ်ယောက်ကြားရအောင် အော်ပြောနေရ၏။

“ကလပ်လာပါတယ်ဆိုမှ ခင်ကတော့လေ….”

“နေရာရှာထိုင်ရအောင် ….”

“အေး လာသွားမယ် ဟိုမှာနေရာ လွတ်တယ်….”

“သောက်ဖို့မှာလိုက်မယ်…”

နေရာမှာထိုင်လိုက်တာနဲ့ သောက်ရန်တာဆူနေသော သီတာကို ခင်မျက်စောင်ထိုးလိုက်မိသည်။

“ငါမသောက်ဘူး နင်တို့အတွက်မှာလိုက်…….”

“Ok….”

သောက်ချင်ပေမယ့် သူတို့အကြောင်းသိနေသူပီပီ ထိန်းရမည်မို့ မသောက်ဖို့သာ ဆုံးဖြတ်လိုက်သည်။

“သွားကမယ်လေ…..”

“နေပါဦးဟ…”

“ဟာ ခင်ကလဲ …….”

“ခဏနေမှသွား…….”

“အေးအေး……”

Dancing Floor ကလူတွေကို ကြည့်နေလိုက်ပြီး သဘောကျစွာ ပြုံးလိုက်မိသည်။

“ဘာလို့မသောက်တာလဲ ခင်…….”

“နင်တို့ကို ထိန်းဖို့လေ……..”

“ဟဲဟဲ….”

“ဟွန့် မရီနဲ့ သွားကမှာမဟုတ်လား သွားလေ ငါစောင့်နေမယ်….”

“အေး လာ ဟေမန် သွားမယ်….”

နှစ်ယောက်သား လက်ဆွဲကာ ထွက်သွားတော့ ကြည့်ရင်းသာ ခင်ကျန်ခဲ့၏။ တကယ်တော့ ဒီကို သူမလာရတာ သိပ်မကြိုက် ။ အိမ်မှာ အနားယူ စာဖတ်ရတာသာ ကြိုက်၏။ သူငယ်ချင်းတွေ လာချင်ရင်တော့ တစ်ခါတစ်လေ လိုက်ပေးဖြစ်သည်။ လူငယ်တွေရဲ့ အလုပ်အပေါ် သိပ်မပြောသော အမေက ခင်ဘာလုပ်လုပ် သေချာကိုယ်တိုင်ဆုံးဖြတ်လုပ်စေပြီး ဘာမှဝင်မပြောတတ်။ ဒါကြောင့်တာ သူမလာလို့ရခြင်းဖြစ်၏။

ဟိုကြည့်ဒီကြည့် လိုက်ကြည့်ရင်းမှ တစ်နေရာရောက်တော့ သူမအကြည့်များရပ်တန့်သွားရ၏။

ဘာလို့ဆို သူမကိုစိုက်ကြည့်နေသော ရည်းစားဟောင်းကြောင့်ပင်။

‘သူလာနေကြနေရာများလား….’

ခင်ကတော့ မသိချင်ယောင်ဆောင်လိုက်ပြီး တခြားကိုသာ လိုက်ကြည့်နေလိုက်သည်။ သူကြည့်နေတာကလဲ အခုလို သူမပုံစံကို မမြင်ဖူးလို့ပင် ဖြစ်လိမ့်မည်။

ဒီကလပ်က သူမတို့ သွားဖူးနေကျနေရာတော့မဟုတ် ။ ဒီနေ့မှ သီတာကလဲ ဒီလာချင်၍ လာလိုက်ခြင်းဖြစ်သည်။ ခင်ကလဲ ပုံမှန်အချိန်တွေမှာ ဝတ်သလိုမဟုတ်ဘဲ ရင်ပြတ် ဂါဝန်အကြပ်အတိုကိုမှ ပေါင်အထိတိုနေ၏။ မိတ်ကပ်ကလဲ Sexy ကျအောင်ပြင်ထားသလို ဆွဲဆောင်မှုလဲ တော်တော်ရှိနေလိမ့်မည်။ ဘယ်သူ့လက်ချက်လဲကတော့ မေးနေစရာမလိုအောင် သီတာပြင်ပေးခြင်းဖြစ်သည်။

“မေ……”

“ကိုကောင်းပြည့် ……….”

“ဒီကို ဘယ်လိုဖြစ်လို့ တစ်ယောက်ထဲလား….”

မထင်မှတ်ထားတဲ့သူနှင့် ထပ်ဆုံရပြန်၍ ခင်အံ့ဩခြင်းနှင့်အတူ သီတာတို့ပြောတာကိုပါ သတိရသွားပြန်သည်။

“မဟုတ်ဘူး သူငယ်ချင်းတွေပါတယ်……..”

“အော် ကိုယ်က တစ်ယောက်ထဲထင်လို့ စိတ်ပူသွားတာ…..”

“သူတို့က ဟိုမှာလေ သွားကနေလေရဲ့….”

“ဟုတ်ကဲ့……”

“ကိုကောင်းပြည့်ကကော တစ်ယောက်ထဲလား…..”

“မဟုတ်ဘူး သူငယ်ချင်းတွေနဲ့ပဲ….”

“အော်…….”

ခင်အခုမှ သူ့ကိုသတိထားကြည့်မိသည်။ သူလဲ လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားတာပဲ။

“ဘာ ဘာလို့လဲ မေ……”

“ဟင် ဘာမှမဟုတ်ပါဘူး ဒီလိုဝတ်ထားတာမမြင်ဖူးလို့ ……….”

“မေလဲ အတူပါပဲ….”

“အပြင်မှာ ဝတ်သလိုတော့ ဘယ်တူပါ့မလဲ …….”

“အဟင်း….”

“သူငယ်ချင်းတွေစောင့်နေဦးမယ် ကိုကောင်းပြည့် ……..”

“ရပါတယ် မေ့သူငယ်ချင်းတွေပြန်လာတဲ့အထိ ကိုယ်စောင့်ပေးပါ့မယ်…..”

“အာ ရပါတယ်……”

“ကိုယ် စိတ်မချလို့……”

“ဟင်……”

>>>>>>>>>>>>>>>>>

Next ( 5 )

လိုင်းကချိတ်မရနဲ့ ဒီနေ့မှတင်ရတယ်ကွယ် 😢😢

Before You                                    အပိုင်း ( ၃ )“မမ …”“ဟင်….”“Customer တစ်ယောက်ဝယ်သွားတဲ့ အင်္ကျီမှာ error ပါ...
15/11/2025

Before You

အပိုင်း ( ၃ )

“မမ …”

“ဟင်….”

“Customer တစ်ယောက်ဝယ်သွားတဲ့ အင်္ကျီမှာ error ပါလို့ဆိုပြီး ပြန်လာလဲလို့ပါ….”

“အဲ့တာ မင်းတို့ရှင်းလိုက်လေ….”

“သူဝယ်သွားတုန်းက စစ်ပေးလိုက်ပါတယ် ဘာError မှမပါဘူးမမ ညီမလေးတို့ သေချာစစ်ပြီးမှ ထည့်ပေးလိုက်တာ ပြီးတော့ ဝယ်သွားတာ ၁ ပတ်ကြာနေပြီ အဲ့တာရှင်းပြနေပေမယ့် မရဘူးမမ မန်နေဂျာခေါ်ပေးဖို့ပဲပြောနေလို့ပါ….”

“အင်း လိုက်ခဲ့မယ်……”

ဒီနေ့ ဒီဆိုင်ကို စစ်ရန်အလှည့်ကျလို့ ရောက်လာခြင်းဖြစ်၏။ သူမလာတဲ့နေ့မှ ဆိုင်မှာပြဿနာလာတက်သည်။ ခင်အတွက်ဆို ပြဿနာတွေက စောင့်နေသလားဟုပင် ထင်နေမိတော့မည်။

“ဘယ်မှာလဲ မန်နေဂျာ သွားခေါ်လေ….”

ခင် အခန်းထဲက ထွက်လာတော့ ဆိုင်ထဲဝယ်သူက အသံကျယ်ကျယ်နှင့်ပင် သူမကိုခေါ်နေ၏။ တခြား ဝယ်သူတွေကို အားနာမိတာကြောင့် မြန်မြန်ဖြေရှင်းရန်ပင် တွေးလိုက်သည်။

“ကျွန်မက မန်နေဂျာပါ ညီမ ….”

“ရောက်လာတာနဲ့အတော်ဘဲ ရှင်တို့ ဝန်ထမ်းတွေက ဒီအင်္ကျီက error ပါတာကို မလဲပေးဖူးပဲပြောနေတယ်….”

“မလဲပေးဖူးပြောတာမဟုတ်ပါဘူးအမ အမဝယ်သွားပြီးတာ တစ်ပတ်ကျော်နေပါပြီ ပြီးတော့ Error လို့ပြောတဲ့နေရာက နဂိုထဲက ချုပ်ရိုးပြေနေတာမဟုတ်လို့ မလဲပေးတာပါ….”

ခင်အနေနဲ့ မိတ်ဆက်ပြီးရုံရှိသေး ဝယ်သူက ပြောလာတဲ့ စကားအပေါ် ဆိုင်က ဝန်ထမ်းလေးက ပြန်ချေပလာ၏။
“ဘာ ဒါဆို ငါက လုပ်ကြံပြောတယ် ဆိုလိုတာလား…”

“ခဏလေး ညီမ အမကို အင်္ကျီလေးပြကြည့်မလား အမစစ်ပေးပါမယ့်….”

“ဒီမှာသေချာကြည့်….”

ခင်သူမဆီက အင်္ကျီကို ယူလိုက်ပြီ သေချာစစ်ကြည့်လိုက်သည်။ တကယ်လဲ ဝန်ထမ်းလေးပြောသလိုပါပဲ ။ error နေရာက ချုပ်ရိုးပြေနေခြင်းဖြစ်ပြီး ချုပ်ရိုးပြေတဲ့နေရာက Original လိုမဟုတ်ဘဲ ဝတ်နေရင်းမှ ပြုတ်ထွက်သွားပုံရသည်။

“ညီမ အမစစ်ကြည့်တာ Error နေရာက original လိုမဟုတ်နေဘူး ဆိုင်က ညီမလေးပြောသလိုပဲ အမတို့အနေနဲ့ စည်းမျဉ်းတွေနဲ့မကိုက်နေလို့ အမတို့လုပ်ပေးလို့မရပါဘူး….”

“ဘာ အဲ့တော့ ငါက ကလိမ်ကျနေတယ်ပြောချင်တာလား….”

“အမတို့ပြောတဲ့ထဲ အဲ့စကားလုံးမပါပါဘူး စည်းမျဉ်းနဲ့မညီလို့လဲပေးလို့မရဘူးပြောနေတာပါ…”

“စည်းမျဉ်းကိုက်တာမကိုက်တာ ငါမသိဘူး ငါပိုက်ဆံပေးဝယ်ထားတာ တစ်ပြားနှစ်ပြားမဟုတ်ဘူး ပြန်လဲပေး….”

“ညီမ…”

“ဘာဖြစ်နေတာလဲ ချစ်…..”

ခင်တို့စကားများနေစဉ်မှာ မောင့်အသ့နဲ့တူသော ယောကျာ်းတစ်ယောက်အသံကြောင့် ဝင်ပေါက်နေရာကို လှမ်းကြည့်မိလျက်ဖြစ်သွားသည်။

“ကိုကို….”

တကယ့်ကို မောင်ပါပဲလား။ ချစ် ကိုကို ဘာတွေလဲ။ မောင့်မှာ နောက်တစ်ယောက်ရှိနေခဲ့တာလား။

“ဟင်…..”

စွမ်းရည်ကို လာကြိုရန် စာပို့လာ၍ သူလိုက်လာခဲ့မိရာ တကယ်ကို့မထင်ထားမိတဲ့ ဖြစ်ရပ်က ဖြစ်ပြီးနေပြီဖြစ်သည်။ မမနဲ့ချစ်နဲ့ကို တစ်ချိန်ထဲ မျက်နှာချင်းမဆိုင်ရစေရန် ကြိုးစားခဲ့လာပြီးမှ အခုတော့ ဒီအချိန်ကိုရောက်လာခဲ့ချေပြီ။

မမကိုကြည့်တော့လြ အံ့ဩနေသလို ချစ်ကတော့ ဘာမှမသိစွာ သူ့အနားရောက်လာပြီး လက်မောင်းတောင် လာချိတ်နေ၏။

“ဒီမှာလေ ချစ်အင်္ကျီမှာ error ပါနေလို့ လာခဲတာကို မလဲပေးဖူးလေ စည်းမျဉ်းနဲ့မညီလို့ ဘာညာနဲ့ မလဲပေးချင်တာကိုများ…”

ခင့်အတွက် အံ့ဩတဲ့ ဖြစ်ရပ်က ဖြစ်နေခဲ့ပေမယ့် ဆိုင်ရဲ့ တာဝန်ရှိသူတစ်ယောက်အနေနဲ့ ပြဿနာကို ပြီးအောင် ဖြေရှင်းရမည်မို့ မျက်နှာအမူအရာကို ထိန်းထားလိုက်ရင်း…

“မလဲပေးချင်တာမဟုတ်ပါဘူးညီမ လဲပေးလို့မရတာပါ စည်းမျဉ်းဆိုတာ ဆိုင်တိုင်းမှာရှိပါတယ် ကျွန်မတို့ဆိုင်ရဲ့ စည်းမျဉ်းတွေကို Company ရဲ့ page နဲ့ wesite မှာ ဝယ်သူတိုင်းသိအောင် ကြေငြာပေးပြီးသားပါ ညီမအနေနဲ့ စစ်ဆေးလို့လဲ ရပါတယ်….”

“ရှင်…”

“တော်တော့ ဘာမဟုတ်တဲ့ အထည်လေးအတွက်နဲ့ လူကြားထဲ မရှက်ဘူးလား ချစ်…”

“ကိုကိုကလဲ….”

ခင်စကားကို မောင့်ကောင်မလေးဆိုသူက ထပ်ပြောလာရန်ပြင်နေပေမယ့် မောင်က ဝင်ဟန့်လာ၏။ မောင်ကမောင်ပါပဲ ဘယ်သူ့ကိုမဆိုမျက်နှာမပေးဘဲ ကိုယ့်အတွက်ကိုယ်ပဲ ကြည့်တတ်တယ်။ သူတို့နှစ်ယောက်ကို လက်ရှိမှာထပ်မမြင်ချင်တော့၍ ဆိုင်က ဝန်ထမ်းလေးတစ်ယောက်ကိုပြ တီးတိုးပြောကာ ဆက်ဖြေရှင်းခိုင်းလိုက်ပြီး စာရင်းများပြန်စစ်ရန် အခန်းအတွင်းပြန်ဝင်လာခဲ့လိုက်သည်။

လုံလောက်တဲ့ အကြောင်းပြချက်ကိုတော့ သိချင်သေး၍ သူ့ထံ စာပို့ကာ တွေ့ရန် ချိန်းလိုက်သည်။ တကယ့်ဖြေရှင်းချက်ကို ကြားရရင်ကော လက်ခံနိုင်ပါ့မလား။ ကိုယ့်ကိုကိုယ် အာမမခံနိုင်ပေ။

နှလုံးသားက နာကျင်ရပါသည်။ ချစ်ခဲ့မိသည့်တိုင် သူမအပေါ်သစ္စာဖောက်ရက်သည်။ လောကကြီးက သူမကိုမှ အမြဲနာကျင်ရဖို့ စီစဉ်ထားသလားပင်။

>>>>>>>>>>>>>>>>>>>

“အကြောင်းရင်းကဘာလဲ…..”

“ဘယ်လို မောင်ဖြေရှင်းချက်ပေးသင့်တာမဟုတ်ဘူးလား….”

“ခင်ဗျားတွေ့တဲ့အတိုင်းပဲလေ….”

“ ဘာ….”

“မအော်နဲ့…”

“အော်အောင် ဘယ်သူလုပ်တာလဲ ငါတို့တွဲနေတာ လူမသိစေချင်ရတဲ့အကြောင်းက ဒါကြောင့်လား….”

“အဲ့လိုပြောရင်လဲ မမှားဘူး….”

“မင်း လူမှဟုတ်သေးရဲ့လား….”

“လူမို့ ခင်ဗျားနဲ့ စကားပြောနေတာလေ…”

“...........”

ပြောစရာမဲ့အောင်ပင် ပြန်ဖြေနေ၏။

“မင်း ငါ့ကို ဘယ်လိုသဘောထားနေတာလဲ….”

“ချစ်သူလေ အရင်လိုဘဲ….”

“ဒါဆို သူကရော….”

“ကျုပ်ရည်းစား…….”

“ဟ ကောင်းလှချည်လား ဂုဏ်ပုဒ်တွေက…”

“အချိန်တန် ခင်ဗျားကိုပဲ ယူမှာ အခုလဲ အတည်တွဲနေတာပဲလေ…….”

“လူမသိသူမသိတွဲနေတာကို အတည်တဲ့လား….”

“ဒါက ကျုပ်အချိန်တန်ရင် ကျုပ်အသိုင်းဝိုင်းမှာ ထုတ်ပြမှာပါ…”

“ထုတ်ပြရအောင် ငါက ပစ္စည်းမဟုတ်ဘူး ဒီအတောအတွင်း သည်းခံတယ်ဆိုတာ မင်းကိုချစ်နေလို့ မင်းအနေနြ့ ငါ့တစ်ယောက်ထဲ မလုံလောက်ဘူး ယောကျာ်းကောင်းမောင်မတစ်ထောင်ဆိုတဲ့စကားလို အရ့တွေပါလိုချင်သေးရင်တော့ Sorry ပဲ ငါ့ဘဝမှာ ဒုတိယလူလဲမဖြစ်ချင်သလို ပထမလူလဲမဖြစ်ချင်ဘူး ငါက ငါမို့ တစ်ယောက်သူအဖြစ်ပဲ လိုချင်တယ် ……..”

“ကျွတ် အာရုံပဲ ကျုပ်က ငယ်သေးတယ် ဘဝမှာ လောကအရသာကို ခေတ်နဲ့အညီခံစားတာဘာမှားလဲ….”

“တော်တော် အံ့ဩဖို့ကောင်းတာပဲ လောကအရသာကို ခေတ်နဲ့အညီခံစားတယ်ဆိုဘဲ နင့်ကိုနင် ဖောက်ပြန်တာကို ခေတ်မှီတယ်ထင်နေတာလား ….”

“ယောကျာ်းတစ်ယောက်အနေနဲ့ အပျော်အပါးရှိတာ ဘာမှားလို့လဲ ….”

“နင့်မှာ ညီမတွေအမတွေမရှိတော့ ဘယ်ကိုယ်ချင်းစာတတ်ပါ့မလဲ နင်လို လူစိတ်မရှိသူနဲ့ ဆက်ပြောရင် မောဖို့ပဲ ရှိတယ် ငါတို့နှစ်ယောက်ရဲ့ ဇာတ်ကို ဒီလောက်နဲ့ ရပ်ကြတာပေါ့…”

“အဲ့တာ ခင်ဗျားပြောတာနော် ….”

“ဟုတ်တယ် ငါပြောတာ သစ္စာမရှိတဲ့လူ….”

နာကျင်ရပေမယ့် ခင့်ဆုံးဖြတ်ချက်မှန်တယ်လို့ ခံစားရသည်။ ခင့်အချစ်နဲ့ မထိုက်တန်တဲ့ သူဆီ ဘာလို့‌ဒုက္ခခံနေမလဲ။

သူ့ကို ကျောပေးကာ ထွက်လာခဲ့လိုက်၏။ နာကျင်ရသလားဆို သေအောင်နာကျင်ရပါသည်။ နာကျင်ရသည့်တိုင် သစ္စာပျက်ပြားနေသူတစ်ယောက်ကိုတော့ ဖက်တွယ်ထားရလောက်အောင် ခင့်မာနက ခွင့်မပြု။

ခဏတာ နာကျင်မှုကိုပဲ လက်ခံလိုက်ပါမည်။ အချိန်တန်ရင်တော့ အဆင်ပြေသွားမှာပါ။ ပါးပြင်ထက် စီးကျလာတဲ့ မျက်ရည်စက်များကို သုတ်လိုက်ရင်း သူနဲ့ ဝေးရာကိုသာ လျှောက်လာခဲ့သည်။

“အဟင့် ဟင့် …..”

မောင်နဲ့ လမ်းခွဲရောက်လာခဲ့တာက အင်းယားကန်ဘောင်သို့ပင်။ ခုံတန်းလေးတစ်ခုပေါ်လာထိုင်နေရင်း စိတ်ထဲရှိသမျှကို လွှတ်ချငိုနေမိ၏။

“ဟီးးးးးးးးးး………”

နှလုံးသားတစ်ခုလုံး စုတ်ပြတ်သတ်အောင် နာကျင်ရသည်။ ဘာမှလုပ်ချင်စိတ်ကို မရှိနေသလို အရုပ်ကြိုးပျက်သလို ခံစားရသည်။ အိမ်မှာလဲ ငိုမရသလို ပြောစရာ တခြားသူလဲ ရှိမနေခဲ့ပါ။

သူမတစ်ယောက်ထဲ ရင်ဖွင့်ရမည့်သူလဲ မရှိတော့ ပိုဆိုးသည်။ သူငယ်ချင်းတွေကို ပြောလိုက်ရင်လဲ ဒေါသထွက်နေကြလိမ့်မည်မှာ ကျိန်းသေ။ သူမအနားရှိနေပေးကြမှာ ဆိုပေမယ့် သူမပြဿနာကြောင့် စိတ်ရှုပ်သွားကြမှာကိုလဲ မလိုလားပါ။

“အဟင့် ဟင့် ဟင့်……..”

အာပြဲကြီးနဲ့ ကလေးလိုကလဲ ငိုမရ တိတ်တိတ်လေးသား မျက်ရည်ကျရသည်။ ပတ်ဝန်းကျင်ကလဲ အခုလိုငိုတာတောင် ကြည့်နေတာ အသံသာပြဲရင် ထူးဆန်တယ်ဟုပင် ထင်ကြမှာစိုးသည်။ သူမဘဝကလဲ အိန္ဒြေကြောင့် ဟိုဟာ လုပ်မရ ဒီဟာလုပ်မရနဲ့ တော်တော်ကို ဆိုးပါလား။

“ဟင့်……”

“မေ……”

ဒီအသံ။ အသံလာရာကို မော့ကြည့်တော့ ကိုကောင်းပြည့်။

“ကိုကောင်းပြည့် …….”

“ဘာဖြစ်လို့လဲ ဘာလို့ငိုနေတာလဲ တစ်ယောက်ထဲလား….”

သူ့ကိုတွေ့လိုက်ထဲကမငိုဘဲ ရပ်တန့်လိုက်ရမှာဆိုပေမယ့် သူ့အမေးများက သူမကို ပိုခံစားလာရစေကာ မျက်ရည်များပင် ပိုကျလာရသည်။

“အဟင့် ဟင့် ….”

“ဘာဖြစ်တာလဲ မေရယ် တစ်ခုခု ထိခိုက်မိတာလား ကို့ကို ပြောပါဦး…..”

သူမပုခုံးနှစ်ဖက်ကို ဆွဲကိုင်မပြီး ဒဏ်ရာတွေ့လို့တွေ့ငြား ရှာမိ၏။ သို့ပေမယ့် မတွေ့မှသာ စိတ်ထဲ အပူတစ်ခုလျော့သွားပေမယ့် ဘာကြောင့် ငိုနေရလဲ အဖြေရှာမရသေးပါ။

“စိတ်ထဲရှိသမျှ အကုန်ငိုချလိုက်ပါ ကို့ရင်ခွင် ခဏဌားပေးပါရစေ….”

သူမကို ဆုပ်ကိုင်ထားတဲ့လက်ကို လျော့ချလိုက်ရင်း တိတ်ဆိတ်ငြိမ်သက်ပေးရင်း သူမခံစားချက်များ ဖွင့်ထုတ်စေသည်။

“အဟင့် ဟင့် …….”

“........”

ဒီတစ်ခါလဲ သူ့ပြောစကားကို လက်ခံကာ သူ့ပုခုံးထက် နှဖူးဖြင့်ခေါင်းငုံ့မှီချရင်း ငိုနေ၏။
အချိန်အနည်းငယ် ကြာတော့ သူမဆီက အသံလေးများတိတ်သွားပေမယ့် မှီလျက်တော့ ရှိနေသေးသည်။နည်းနည်းလောက်ထပ်နေပြီးမှ သူမကိုယ်လေး ပြန်မတ်သွား၏။

“ရွတ်….”

“အဆင်ပြေလား မေ….”

“ဟုတ်….”

“မေမပြောချင်လောက်ဘူးထင်လို့ ဘာကြောင့်လဲ ဆိုတာကိုယ်မမေးတော့ပါဘူး…..”

“ကျေးဇူးပါ ကိုကောင်းပြည့်….”
“ရပါတယ် မေ…..”

“ကိုကောင်းပြည့်က ဘယ်လိုရောက်လာတာလဲ …..”

“ကို ကိစ္စရှိလို့ ဒီနားရောက်လာရင် မေ့ကိုတွေ့လို့လာခဲ့တာ မေတစ်ခုခုဖြစ်လို့များလား စိုးရိမ်သွားတာ ဘာမှမဖြစ်လို့ တော်ပါသေးတယ်……”

“............”

အကြောင်းရင်းကို ခင်မပြောပြချင်၍ နှုတ်ဆိတ်မိလိုက်သည်။

“မေရောက်တာ အချိန်နည်းနည်းကြာပြီထင်တယ် ပြန်ကြမလား ကိုပြန်ပို့ပေးမယ်…..”

“ဟုတ်ကဲ့……..”

“ဂွီ…”

မနက်ထဲက ဘာမှမစားရသေတဲ့အပြင် မောင်နဲ့ပြဿနာတက်နေ၍ တစ်ခုခုစားဖို့ မေ့နေခြ့ရာ အခုမှ ဗိုက်ထဲက အရှက်မရှိ အသံထွက်လာ၍ မျက်နှာပူလာရသည်။

“ဟို ကိုဗိုက်ဆာလို့ တစ်ခုခုဝင်စားပြီးမှ ပြန်ပို့ပေးလို့ရမလားမေ…..”

“ရှင် ဟုတ်….”

သူမဆီက ထွက်လာမှန်း သိသိနဲ့ သူ့ဘက်က ဗိုက်ဆာသလိုပင် ပြောလာကာ အားနာရပြန်သည်။

“ဒါဆို ကိုတို့ သွားရအောင်…………”

“ဟုတ်……”

သူမရှေ့ကပင် သူကထွက်သွားကာ ကားပါကင်ရှိရာသို့ လျှောက်လာခဲ့ကြသည်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Next ( 4 ).............

Before You                                  အပိုင်း (၂)“အမေ….”“ပြော သား….”“မခင်သစ္စာမေနဲ့ကိစ္စကို ဆက်မလုပ်ပါနဲ့အမေ….”“ဟင...
13/11/2025

Before You

အပိုင်း (၂)

“အမေ….”

“ပြော သား….”

“မခင်သစ္စာမေနဲ့ကိစ္စကို ဆက်မလုပ်ပါနဲ့အမေ….”

“ဟင် ဘာလို့လဲ သားရယ် သမီးလေးက အလိမ္မာအိမ်ပါလေးဖြစ်မယ့်ချွေးမလေး အမေတော့ သဘောကျတယ်….”

“ဟင်း….”

ချွေးမအဖြစ်တော်တော် သဘောကျနေပုံရသည့် အမေကြောင့်အပြင် တကယ်ဆို သူလဲ သဘောကျမိပါသည်။ သို့သော်လည်း သူမမှာ ချစ်သူရှိတယ်လို့ပြောထားတယ်မလား ။သူ့အနေနဲ့ ရှေ့ဆက်တိုးလို့လဲ ကောင်းလာတာမှမရှိနိုင်တာ။

“သားတို့နှစ်ယောက် သဘောကျဖို့လဲ လိုတယ်လေ….”

“သားကလဲ အဲ့တာက တဖြည်းဖြည်းကြိုးစားကြည့်လို့ရပါတယ် အမေတို့ကလဲ ချက်ချင်းစီစဉ်တာမဟုတ်ဘူးလေ ”

“ဒါပေမယ့်…”

“သားက သဘောမကျလို့လား….”

“.........”

ဒီလိုမေးလာပြန်တော့ သူမငြင်းနိုင်တော့ပြန်။

“မဖြေနိုင်တော့ဘူးမလား …..”

“...........”

“သားလဲ သဘောကျတယ်မလား….”

“သားသဘောကျရုံနဲ့မပြီးဘူးလေ မခင်သစ္စာမေဘက်က သဘောကျဖို့လဲ လိုသေးတယ်အမေ…….”

“အို အဲ့တာ သားကြိုးစားရမှာလေ ………”

အမေ့ရဲ့စကားကြောင့် ကောင်းပြည့် တွေဝေသွားရသည်။ တကယ်လဲ သူလက်မလွှတ်လိုက်ချင်သေးပါ။ မကောင်းတဲ့ စိတ်ပဲလို့ပြောပြောတကယဘ့်ကို သူမအနားရသလောက်ကြိုးစားချင်မိပါ၏။

“ဟုတ်အမေ….”

ခဏလောက်ပဲ စဉ်းစားကာ အမေစကားကို လက်ခံလိုက်သည်။ သို့ပေမယ့် အမေနဲ့သူ့အကြားညှိနှိုင်းထားဖို့ လို၍ စကားကြားခံထားရန် တွေးလိုက်မိပြီး

“ဒါပေမယ့် အမေသားကို တစ်ခုကတိပေးပါ သူမဘက်က သ‌ဘောမတူသေးသရွေ့ မင်္ဂလာပွဲအကြောင်း မပြောပါဘူးလို့…….”

သူမ လိုချင်တာဖြစ်လာမည်ကို ကျိန်းသေသိနေ၍ သားပြောတာကို ချက်ချင်းသဘောတူလိုက်သည်။

“ကောင်းပြီ အမေသဘောတူတယ် အချိန်းအရမ်းကြာတဲ့အထိတော့ မဖြစ်စေချင်ဘူးနော်…..”

“ဟုတ်ကဲ့အမေ……..”

သူမအနားနေပြီး သူမအကြောင်းပိုသိအောင်ကြိုးစားရမည်။ ဒါကလဲ သူ့ကို သတိထားမိလာမယ့် နည်းတစ်ခုပင်။

>>>>>>>>>>>>>>>>>>>

“မောင် ……”

စူပုတ်ပုတ်နဲ့ သူမရှေ့ထိုင်နေသည့် မောင်က ခင့်ကို တကယ်စိတ်ဆိုးမပြေသေးတာပင်။

“ပြော………”

အသံထွက်လာပြီဆိုတော့ ခင်ကို စကားပြောရန်အခွင့်ရေးပေးလာတာပဲဖြစ်၍ ခင်ပြုံးလိုက်ပြီး

“စိတ်ဆိုးနေတုန်းလား စိတ်မဆိုးပါနဲ့တော့နော် နောက်တစ်ခါဆို ဘာပဲဖြစ်ဖြစ် ဖုန်းဆက်မရတောင် စာပို့ထားမယ်လေ….”

“.........”

“နော်လို့ နော်……”

သူမတို့နှစ်ယောက်လုံးက မောင့်ကားနောက်မှာထိုင်နေခဲ့ကြ၍ သူမဒီလိုချော့ရဲသည်။ ခင့်ဘက်ကိုလှည့်မကြည့်သေးဘဲ တည့်တည့်ထိုင်နေခဲ့သည့်မောင့်ပုခုံးပေါ် လက်လေးနှစ်ဖက်တင်ကာ မေးလေးထောက်ထားရင် ချွဲ့နွဲ့ပြောနေမိ၏။

သူမချွဲတဲ့အခါ မောင်မျက်နှာလေးက ပြုံးလာတာကိုသတိထားမိလိုက်သည်။ ဒါက သူမဘက်အလေးသာလာသည်ဟုဆိုရမည်။

“မောင်လို့…”

“ခင်ဗျားကလေ ကျုပ်ဆိုသိပ်နိုင်တာပဲ ….”

“ခစ် မောင်ကလဲ ……”

“ခင်ဗျားပြောသလိုပဲနော် နောက်တစ်ခါတော့မရဘူး….”

“အင်းပါ….”

“လာဦး မဖက်ရတာကြာပြီ….”

“အာ ….”

“မအာနဲ့ အဲ့တာခင်ဗျားကြောင့် ခင်ဗျားကြောင့် ကျုပ်ဒေါသထွက်ရတာ….”

“ဟုတ်ပါပြီ ခင့်အပြစ်ဟုတ်ပြီလား….”

“ဟုတ်တယ်….”

ပြန်တည့်သွားတဲ့ အခုလိုချိန်က သူမတို့အတွက် ပျော်ရွှင်အရဆုံးအချိန်သာ။ တင်းကြပ်စွာဖက်ထားတဲ့ မောင်ရင်ခွင်ထဲနေပြီး အမေဆီဖွင့်ပြောရန်အကြောင်းကို ပြောသင့်မသင့် စဉ်းစားနေမိသည်။
တကယ်ဆို မောင်က လူကြီးတွေကို အသိမပေးချင်သေးဘူးဖြစ်သည်။ ဘာကြောင့်လဲဆိုတာတော့ မစဉ်းစားတတ်ပေ။

“ဒါနဲ့ မောင်….”

“အင်း…”

“ခင်တို့အကြောင်း အမေတို့ကို ပြောပြလိုက်တော့မလား….”

“ဘာလို့လဲ…”

မောင့်ရင်ခွင်ထဲရောက်နေတဲ့ ခင့်ကို ဖယ်လိုက်ကာ မေးလာပြန်၏။

“ခင်တို့က ယူဖို့အထိ ရည်ရွယ်ထားခဲ့တာပဲလေ….”

“အဲ့တော့….”

“အမေတို့ကို ပြောပြီး တရားဝင်တွဲကြမလား…..”

“ချက်ချင်းယူမှာမှမဟုတ်တာ ဘာလို့ပြောဦးမှာလဲ….”

“ဒါပေမယ့်မောင်ရယ် အမေတို့ကိုပြောပြလဲ ချက်ချင်းယူစရာမလိုဘူးလေ………”

“ဟာမပြောချင်သေးပါဘူး……….”

“ဘာလို့လဲ ခင်က မောင့်မိဘတွေရှေ့ ခေါ်ပြရလောက်တဲ့အထိ မတင့်တယ်နေလို့လား ဘာလိုအပ်ချက်ရှိနေလို့လဲ…..”

“ကျွတ် အဲ့လိုပြောမိမလို့လား အရင်ကလဲ ပြောဖူးတယ် လွတ်လွတ်လပ်လပ်တွေးချင်သေးလို့လို့ပါဆို….”

“မိဘတွေသိသွားလဲ တွဲလို့ရတာဘဲလေ….”

“မတူဘူးလို့ …….”

“ဘာမတူတာလဲ ….”

“မိဘတွေသိသွားရင် ဘယ်သွားသွား လိုက်စောင့်ကြည့်ပြီး ပြောနေတော့မှာ….”

“အခုလဲ ဘယ်များသွားနေရလို့လဲ…….”

“ကျွတ် စောက်ရစ်ပဲ…”

“ဘာပြောတယ်…”

“ကျုပ်ကို လာမအော်နဲ့…”

“မောင်…”

“ဆင်း…”

“ဘယ်လို…”

ကားပေါ်က ဆင်းခိုင်းလာသော မောင့်ကြောင့် သူမအံ့ဩသွားရသည်။

“ဆင်းတော့…”

ထပ်ပြောလာပြန်တော့ သူမမမေးတော့ဘဲ ပိုက်ဆံအိတ်ကိုယူကာ ကားပေါ်ကဆင်းလာခဲ့လိုက်သည်။ သူကပါ နောက်ခန်းက ဆင်းသွားပြီး ကားမောင်းသူနေရာသို့သါားထိုင်လိုက်ပြီး ချက်ချင်း မောင်းထွက်သွားလေ၏။

ဒီအဖြစ်ပျက်တစ်ခုလုံးကို သူမကတော့ အံ့ဩရင်းသာ လမ်းမထက်၌ကျန်ခဲ့လေသည်။ သူမတို့ရပ်ကွက်ရဲ့ တစ်နေရာမှာဆိုပေမယ့် လူနည်းနည်းပြတ်သည်။ သူမအိမ်နှင့်ဆိုလဲ ၃လမ်းလောက်ခြားသည်။ သူမအတွက် အံ့ဩအရဆုံးက လမ်းမထက် သူမကို ထားခဲ့ခြင်းပေ။

မယုံကြည်သလို သူ့လုပ်ရပ်ကြောင့် ဝမ်းနည်းလာရပြီး မျက်ရည်များပင် ဝဲလာရသည်။

ပါးပြင်ထက်စီးကျလာတဲ့ မျက်ရည်တစ်ချို့ကို မသုတ်မိသလို ခင် မလှုပ်မရက်ဖြင့် ရပ်နေဆဲပင်။

“တီ တီ….”

သူမရပ်နေဆဲမှာပင် ကားဟွန်းတီသံကြားလိုက်ရ၍ ကပြာကယာဖြင့် မျက်ရည်များ သုတ်လိုက်ရသည်။

“ဟင့်….”

သက်ပြင်းကြီးကြီးတစ်ခုကို ပင့်သက်ရှိုက်လိုက်ပြီး သူမစိတ်ကို ခဏလျော့လိုက်သည်။

“မခင်သစ္စာမေ….”

ခင့်နာမည်ကို ခေါ်သံကြားလိုက်ရ၍ အသံလာရာဘက် လှည့်ကြည့်လိုက်သည်။

“ကိုကောင်းပြည့်…”

တွေ့ချင်နေတဲ့သူမဟုတ်ဘူးဆိုတာ အသံကြားထဲက သိလိုက်ပေမယ့် သူ့နောက်ကိုလှမ်းကို မောင်များလာမလားမျှော်ကြည့်မိပြန်သည်။

“ဟုတ်မှ ဟုတ်ပါ့မလားလို့… ဒီနားက လူပြတ်တယ်လေ ညနေစောင်းနေပြီ ဘာလုပ်နေတာလဲ ဗျ…”

“ဟို…”

“ငိုထားတာလား မခင်သစ္စာမေ….”

“ဟင့်အင်း…”

ဒီလူက အရိပ်အကဲပဲ အကြည့်မြန်နေတာလား , သူမပုံစံကပဲ သိသာသွားတာလား မပြောတတ် ။ ခင်မှာ မဟုတ်ကြောင်းငြင်းရပြန်သည်။

“ဟင်း… ကျွန်တော် အိမ်ပြန်ပို့ပေးပါရစေ….”

“ရပါတယ် ကျွန်မဟာကျွန်မ ပြန်ပါ့မယ်…”

“တစ်ယောက်ထဲ စိတ်မချလို့ပါ ကျွန်တော့်ကို ပြန်ပို့ပေးခွင့်ပြုပါ…”

ညနေ၆နာရီပဲ ရှိသေးပေမယ့် တကယ်လဲ မှောင်နေကာ ညရောက်နေသလိုပါပင်။ ခုနက စိတ်က အစိုးမရနေ၍ သတိမထားမိပေမယ့် အခုကျတော့ သူမလဲ အနည်းကြောက်လာမိသည်။

“ဟုတ်ကဲ့….”

ယည်ယည်ကျေးကျေး ခွင့်တောင်းနေသည့်အပြင် သူမကိုယ်တိုင်အတွက်ကြောင့်ပါ သူ့စကားအတိုင်း လုပ်လိုက်သည်။

“.......”

မောင်များရောက်လာဦးမလား မျှော်မိပေမယ့် ခင်ကားပေါ်ရောက်သည့်တိုင် မတွေ့ရ၍ စိတ်ကိုသာ လျော့လိုက်ရသည်။

သူကားပေါ်ရောက်လာတော့ ခင်လဲ ခါးပတ်ပတ်ပြီးနေပြီဖြစ်ကာ သူမမျက်နှာကို မမြင်စေချင်၍ ကားတံခါးဘက်သာ မျက်နှာမူလိုက်သည်။ တိတ်တိတ်လေးဖြင့် များရည်များကို မကျအောင်ထိန်းထားသည့်ကြားက ပါးပြင်ထက် အနည်းငယ် စိုစွတ်သွားရပြန်သည်။

“ အိမ်ကိုပဲ ပြန်မှာလား….”

“ဟုတ်ကဲ့…”

သိချင်တဲ့အချက်ကိုသာ ကောင်းပြည့် မေးလိုက်ပြီး သူမအိမ်ကိုသာ မောင်းထွက်လာခဲ့သည်။

“ဝူးးးးးးးး……..”
၅မိနစ်လောက်အကြာမှာတော့ သူမတို့ အိမ်ရှေ့သို့ ရောက်လာခဲ့ပြီး ကားကို ရပ်လိုက်သည်။
ကားရပ်လိုက်သည်နှင့် သူမခါးပတ်ကို ချွတ်လိုက်ပြီး

“ကျေးဇူးတင်ပါတယ် ကိုကောင်းပြည့်……..”

“ရပါတယ်……..”

“အိမ်ထဲတော့မခေါ်တော့ပါဘူး….”

သူမလေးက ဒီလိုပြောလာပြန်တော့ စိတ်မကောင်းဖြစ်မိပေမယ့် တကယ်လဲ သူ့အနေနဲ့ ဝင်ရန် စိတ်ကူးမရှိတာမို့ ပြုံးပြလိုက်ရင်း

“ဟုတ်ကဲ့ ရပါတယ် ကျွန်တော်လဲ ဝင်စရာလေးရှိသေးတယ်……”

“ထပ်ပြီး ကျေးဇူးတင်ပါတယ်…….”

“ရပါတယ် ဗျ နားလိုက်ပါဦး….”

“‘ဟုတ်ကဲ့….”

နှုတ်ဆက်စကားပြောပြီးသည်နှင့် ကားထဲကထွက်ကာ အိမ်ထဲသို့ ဝင်လာခဲ့လိုက်သည်။

“ဟင်းးးး…….”

အိမ်ထဲဝင်သွားသော သူမနောက်ကျောလေးကိုကြည့်ကာ သက်ပြင်းသာ ချလိုက်မိပြီး ဒီနေ့တစ်နေ့တာအတွက် ရေလိုက်ရင် ဘယ်နှစ်ကြိမ်မှန်းတောင် မသိတော့ပါ။

တကယ်တော့ သူမလေးကို ကားပေါ်ကဆင်းလာထဲက မြင်ခဲ့တာဖြစ်သည်။ ထိုနားက သူ့အသိအိမ်က ပြန်ထွက်လာချိန် တွေ့လိုက်ရတာဖြစ်သည်။ ကားပေါ်က ကောင်လေးတစ်ယောက်ကိုလဲ တွေ့လိုက်ရတော့ သူမရဲ့ချစ်သူဖြစ်နိုင်လောက်သည်။

သို့ပေမယ့် ဘာဖြစ်လို့လဲဆိုတာ သေချာမသိပေ။ သူ့ကားကို သူမအနားထိ မောင်းလိုက်ပြီး သူမနာမည်ခေါ်လိုက်ချိန် ငိုနေပုံရသည့် သူမလေးက ဟန်ဆောင်ကောင်းစွာ သူမကို ပြန်ဖြေလာခဲ့၏။

သူမရဲ့အခုလိုပုံစံကို သူမမြင်ချင်တာ အမှန်ပါ။ သူ့အတွက်တော့ သူမကို အမြဲတမ်းပျော်ရွှင်နေစေချင်သည်။ ဆန္ဒတစ်ခုဖြစ်ပေမယ့် သူ့ဘက်ကဘာမှမလုပ်ပေးနိုင်တာကိုတော့ စိတ်ထဲမကောင်း။ တစ်ယောက်ထဲ မထားခဲ့နိုင်သည့်အလျှောက် စကားများလျှောက်ပြောကာ အိမ်သို့လိုက်ပို့ပေးတော့ လက်ခံလို့ တော်သေးသည် မှတ်ရမည်။ အခုလိုလေး လုပ်ပေးလိုက်ရတာကလဲ သူ့အတွက် ကျေနပ်စရာပါပဲ။

သူမအရိပ်လေး ပျောက်သွားမှ သူ့ကားကို ပြန်မောင်းထွက်လာကာ အိမ်သို့ ပြန်လာခဲ့လိုက်သည်။

“သမီး ပြန်ရောက်ပြီလား….”

မျက်နှာမကောင်းစွာဖြင့် အိမ်ထဲဝင်လာခဲ့ချိန် အမေ့ဆီက အသံကို ကြားလိုက်ရ၍ မျက်နှာကို ပြင်လိုက်ပြီး ပြုံးကာပင် ပြန်ဖြေလိုက်သည်။

“ဟုတ်အမေ…..”

“ရေသောက်ပြီး ခဏနားလိုက် ပြီးမှရေချိုးနော် အမေထမင်းပြင်ထားလိုက်မယ် ….”

“ဟုတ်ကဲ့အမေ………”

အခန်းထဲ ခင်ဝင်လာခဲ့ပြီးချိန်မှာတော့ သူမအိပ်ယာပေါ်အားမရှိစွာလှဲချလိုက်မိသည်။ အားတင်းထားပြီး ဟန်ဆောင်ခဲ့သမျှ သူမအတွက် လုံခြုံတဲ့နေရာလေး ရောက်လာသလို ခံစားရမိကာ ငိုချလိုက်မိသည်။ သို့ပေမယ့် အသံကျယ်ကြီးထွက်ကာ မငိုရဲပြန် အမေကြားသွားမှာ စိုး၍ပင်။

“အဟင့် ဟင့်…….”

ပင်ပန်းနေပါပြီ ။ ရပ်တန့်ဖြစ်လိုက်ချင်ပါ၏။ သို့သော်ငြားလဲ မောင်က သူမဘဝဖြစ်သလို သူမဘဝထပ်တူ မောင့်ကို ချစ်သည်။ မောင်သာမရှိရင်ဆိုတဲ့အတွေးမျိုးကို မတွေးမိချင်ပါ။

“အဟင့် ဟင့်……..”

“သမီးရေ မြန်မြန်ရေချိုးနော် အမေထမင်းပွဲပြင်ထားပြီးပြီ…….”

အကုန်အဆင်ပြေဖို့အတွက် ဒီတစ်ခါတော့ မောင့်နှင့်ရအောင် ဆွေးနွေးရမည်။ မဟုတ်ရင် သူမနှင့်မောင် ဝေးရလိမ့်မည်။အမေဆီကခေါ်သံနှင့် တံခါးလာခေါက်သံကြောင့် သူမကြာကြာပင် မငိုလိုက်ရဘဲ ရပ်လိုက်ကာ ရေမြန်မြန်ချိုးရန်ပြင်ရပြန်၏။

>>>>>>>>>>>>>>>>>>>>>>>

Next ( 3 ) ……….

လိုအပ်ချက်များရှိရင် ခွင့်လွှတ်ပေးကြပါ။

Address

Yangon
11031

Website

Alerts

Be the first to know and let us send you an email when May Oo's Fiction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to May Oo's Fiction:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram