Health Wiki

Health Wiki ချစ်ရတဲ့သူတွေနဲ့ ကျန်းမာပျော်ရွှင် https://m.youtube.com/channel/UC-2YZgpuWL1hPJDoN91pEpw

04/11/2025

🤰🏻ကိုယ်ဝန်ဆောင် မေမေတို့ ဓာတ်မှန်ရိုက်ရင် သားသားမီးမီးလေးတို့အပေါ် ဘာဖြစ်နိုင်လဲ? အန္တရာယ်ရှိနိုင်လား? တူတူ လေ့လာကြည့်ကြရအောင် 🩻

https://youtu.be/QgObKStm230?si=gBqDyEsnBXucXq4X

#ကိုယ်ဝန် #ဓာတ်မှန်

☕ ကော်ဖီနဲ့  ပိုးသတ်ဆေး 💊ကော်ဖီနဲ့ ပိုးသတ်ဆေးတွေကို တစ်ပြိုင်နက် သောက်သုံးတာ ကောင်းကျိုးထက် ဆိုးကျိုး ပိုဖြစ်နိုင်တယ် ဆိ...
01/09/2025

☕ ကော်ဖီနဲ့ ပိုးသတ်ဆေး 💊

ကော်ဖီနဲ့ ပိုးသတ်ဆေးတွေကို တစ်ပြိုင်နက် သောက်သုံးတာ ကောင်းကျိုးထက် ဆိုးကျိုး ပိုဖြစ်နိုင်တယ် ဆိုတဲ့ သုတေသန ရလဒ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

သုတေသနပညာရှင်တွေက လူနာတွေထဲမှာ အများဆုံးတွေ့ရပြီး အန္တရာယ်ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယား E. coli ကို စမ်းသပ်ခဲ့ပါတယ်။ ဓာတုပစ္စည်း ၉၄ မျိုးနဲ့ ထိတွေ့စေပြီး ဘက်တီးရီးယားရဲ့ ဆဲလ်ထဲကို ဘာတွေဝင်သွား၊ ဘာတွေထွက်သွားပုံကို ဘယ်လိုထိခိုက်သလဲ ဆိုတာ လေ့လာခဲ့ပါတယ်။

အဲဒီဓာတုပစ္စည်းထဲက တဝက်ခန့်က ဘက်တီးရီးယား E coli လုပ်ဆောင်ချက်ကို အကျိုးသက်ရောက်စေခဲ့ပေမယ့် အားအကြီးဆုံး ထူးခြားစွာ ထိခိုက်စေခဲ့သူကတော့ caffeine ဖြစ်ခဲ့ပါတယ်။ Caffeine ဆိုတာကတော့ ကော်ဖီ၊ လက်ဖက်ရည် နဲ့ အားဖြည့်အချိုရည်တွေမှာ ပါဝင်တဲ့ဓာတ်တစ်မျိုးပါ။ Caffeine ကြောင့် E. coli က ဆေးအာနိသင်တချို့ (ဥပမာ — ciprofloxacin ပိုးသတ်ဆေး) ကို ပုံမှန်ထက် ပိုနည်းသွားအောင် စုပ်ယူမိတာကို တွေ့တွေ့ရပါတယ်။

ဒါကြောင့် အဲဒီ ဘက်တီးရီးယားတွေ တိကျတဲ့ ဆေးဒြပ်အာနိသင် အပြည့်အဝခံနိုင်စွမ်း (resistance) ရှိသွားတာ မဟုတ်ပေမယ့် တဖြည်းဖြည်း အချို့ လိုက်လျောညီထွေ သင့်တင့်အောင် အပြောင်းအလဲလုပ်ပြီး ရှင်သန်နိုင်ဖို့ နည်းလမ်းရှာနေတယ်လို့ သဘောရနိုင်ပါတယ်။

အဓိက အချက်တစ်ခုက Rob လို့ခေါ်တဲ့ ပရိုတိန်းတစ်မျိုးပါ။ Rob က ဆဲလ်ထဲဝင်ထွက်တဲ့ ပစ္စည်းတွေကို ထိန်းချုပ်ဖို့ အရေးပါပါတယ်။ Caffeine က ဒီ Rob ကို အလုပ်လုပ်အောင် ပြုလုပ်ပြီး နောက်ထပ် သယ်ယူပစ္စည်းပရိုတိန်းအများအပြားကို ပြန်လည် ပြောင်းလဲစေတာကြောင့် ဆေးရဲ့အာနိသင်တွေ ဆဲလ်ထဲဝင်ရခက်အောင် ဖြစ်သွားတယ်။

ရလဒ်ကတော့ —
ဆေးက အလုပ်မဖြစ်သလောက် သက်ရောက်မှု လျော့သွားတယ်။ ဒီလို resistance ကို low-level antibiotic resistance လို့ ခေါ်ကြပြီး ဘက်တီးရီးယားတွေ ညွှန့်ပေါင်းပြောင်းလဲသွားတာမဟုတ်ဘဲ ပတ်ဝန်းကျင်အခြေအနေ နဲ့ ကိုက်ညီအောင် ချိန်ညှိသွားတာ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာက E. coli မှာ ဒီအကျိုးသက်ရောက်မှုကို တွေ့ရပေမယ့် နီးစပ်သူဖြစ်တဲ့ Salmonella enterica မှာတော့ မဖြစ်ခဲ့ပါဘူး။ ဒါကြောင့် Caffeine အကျိုးသက်ရောက်မှုက ဘက်တီးရီးယားအမျိုးအစား အချို့မှာပဲ ဖြစ်နိုင်တယ်လို့ တွေးရပါတယ်။

ဒါတွေ အားလုံးက ဓာတ်ခွဲခန်းစမ်းသပ်မှုတွေ (lab) မှာပဲ လုပ်ခဲ့ပြီး လူတွေနဲ့ စမ်းသပ်ခဲ့တာမဟုတ်ပါဘူး။ ဒါကြောင့် လူတွေရဲ့ တကယ့်ရောဂါကုသမှုမှာ ဘယ်လောက်ကော်ဖီသောက်မှ ဒီအကျိုးသက်ရောက်မှု ဖြစ်မလဲ ဆိုတာ မသေချာသေးပါဘူး။ ဒါပေမယ့် အဆိုပါသုတေသနက အစပြုပြီး နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေက ဘယ်လိုမျိုး ဆေးကုသမှုတွေနဲ့ ဆန့်ကျင်သက်ရောက်မလဲ ဆိုတာကို နားလည်သွားနိုင်ဖို့ အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ထားကြပါတယ်။

source
"Systematic screen uncovers regulator contributions to chemical cues in Escherichia coli" Plos Biology. 2025

🐒 Monkeypox ဆိုတာဘာလဲ?🐵 Monkeypox ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ရေကျောက်ရောဂါများနှင့်ယှဉ်လျှင် ရောဂါပ...
08/05/2022

🐒 Monkeypox ဆိုတာဘာလဲ?

🐵 Monkeypox ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ရေကျောက်ရောဂါများနှင့်ယှဉ်လျှင် ရောဂါပြင်းထန်မှု အားနည်းပြီး ကူးစက်နိုင်ချေလည်း နည်းပါတယ်။
UK မှာ ယခုမှ ပထမဆုံးတွေ့ရှိတာဖြစ်ပြီး အာဖရိက အလယ်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာ အဖြစ်များပါတယ်။

ဗိုင်းရပ်စ်အမျိုးအစား အဓိကအားဖြင့် ၂ မျိုးရှိပြီး West African နဲ့ central African အမျိုးအစားပဲဖြစ်ပါတယ်

UK မှာတွေ့ရှိရတဲ့ moneypox ရောဂါကူးစက်ခံရသူများဟာ နိုင်ဂျီးရီးယားနိုင်ငံကို ခရီးသွားလာခဲ့တာကြောင့် West African အမျိုးအစား ဗိုင်းရပ်စ်ပိုးကူးစက်ခံရနိုင်ချေများပါတယ်။

🖋️ လက္ခဏာတွေကတော့ -
ကနဦးပိုင်းမှာ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ရောင်ရမ်းခြင်း၊ ခါးနာခြင်း၊ ကြွက်သားများ ကိုက်ခဲခြင်း နှင့် ပင်ပန်းနွမ်းနယ်ခြင်းတို့ ခံစားရပါတယ်။

အဖျားတက်ပြီးနောက်မှာတော့ ရောင်ရမ်းအဖုအပိမ့်များ ထွက်လာနိုင်ပါတယ်။ မျက်နှာမှစတင်ထွက်လေ့ရှိပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့်နှံ့နိုင်ပါတယ်။ အဓိကအားဖြင့် လက်ဖဝါး ခြေဖဝါးတို့မှာ ထွက်နိုင်ပါတယ်။

အဆိုပါ ရောင်ရမ်းအဖုအပိမ့်များမှာ အလွန်အမင်းယားယံနိုင်ပြီး နောက်ဆုံးမှာတော့ ခြောက်သွားပြီး ကွာကျသွားတဲ့အခါ အမာရွတ် ကျန်ခဲ့နိုင်ပါတယ်။

ရောဂါပိုးဟာ သူ့အလိုအလျောက် ပျောက်ကင်းသွားနိုင်ပြီး ၁၄ ရက်မှ ၂၁ ရက်အထိ ကြာမြင့်နိုင်ပါတယ်။

🦠 ကူးစက်နိုင်တဲ့ နည်းလမ်း-
- ရောဂါပိုးရှိတဲ့သူနဲ့ အနီးကပ်ထိတွေ့ခြင်းကနေ တစ်ဆင့် ကူးစက်နိုင်ပြီး ဗိုင်းရပ်စ်ပိုးဟာ အနာအပေါက်အပြဲရှိသော အရေပြား၊ အသက်ရှုလမ်းကြောင်း၊ မျက်စိ၊ နှာခေါင်း နှင့် ပါးစပ်မှတစ်ဆင့် လူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်နိုင်ပါတယ်။
- ရောဂါပိုးရှိတဲ့ မျောက်၊ ကြွက်၊ ရှဉ့် စတဲ့ တိရစ္ဆာန်များမှ ကူးစက်နိုင်သလို ဗိုင်းရပ်စ်ပိုးရှိနေတဲ့ အိပ်ရာခင်း၊ အဝတ်အစားများမှတစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။

⚠️ အန္တရာယ်ရှိသလား?

​Monkeypox ဗိုင်းရပ်စ်ရောဂါဟာ ရေကျောက်ကဲ့သို့ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ သူ့အလိုအလျောက်ပျောက်ကင်းနိုင်ပါတယ်။

တစ်ခါတစ်ရံမှာတော့ monkeypox ရောဂါဟာပြင်းထန်နိုင်ပြီး အနောက်အာဖရိကမှာ monkeypox ကြောင့် သေဆုံးမှုများရှိခဲ့တယ်လို့ မှတ်တမ်းများတွေ့ရှိပါတယ်။

🩺 ဘယ်လိုကုသနိုင်သလဲ?
Monkeypox အတွက် ကုထုံးမရှိပါဘူး။ ရောဂါပိုးပြန့်နှံ့မှုမရှိစေရန် ကာကွယ်တဲ့ နည်းလမ်းများနဲ့ပဲ ထိန်းချုပ်နိုင်ပါတယ်။

💉Smallpox (ကျောက်ကြီး) ကာကွယ်ဆေးဟာ monkeypox ရောဂါကို ၈၅ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်တာကို တွေ့ရပါတယ်။

Source - BBC


15/01/2022

😖 ဝမ်းမခိုင်ခြင်း

👉🏻ဝမ်းသွားချင်တဲ့အချိန်၊ လေလည်လိုက်တဲ့အချိန်တွေမှာ လေနဲ့အတူ ဝမ်းထွက်သွားတဲ့ အခြေအနေမျိုးကို ကြုံဖူးခဲ့ရင်တော့ သင်ဟာ ဝမ်းမခိုင်ခြင်းကို ခံစားနေရတာပဲ ဖြစ်ပါတယ်။

💁🏼‍♀️ လူအများစုကတော့ ဝမ်းလျှောတဲ့အချိန်အခါမျိုးမှသာ ဝမ်းမခိုင်ကြပေမယ့် တစ်ချို့တွေကတော့ နှစ်ရှည်လများစွာ ဝမ်းမခိုင်ခြင်းကို ခံစားနေရတဲ့သူတွေလည်း ရှိပါတယ်။

🙋🏼‍♀️ ဝမ်းလျှောခြင်းသာလျှင် မဟုတ်ဘဲ ဝမ်းချုပ်ခြင်း၊ လေပွခြင်း စတဲ့လက္ခဏာတွေနဲ့လည်း ပူးတွဲ ခံစားရတတ်ပါတယ်။

🧑‍⚕️ ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့...
၁။ စအိုအဝနားရှိ ကြွက်သားများပျက်စီးခြင်း (ကလေးမွေးဖွားခြင်း၊ မွေးလမ်းကြောင်းချဲ့ရခြင်း၊ ညှပ်ဆွဲမွေးရခြင်း)
၂။ စအိုတစ်ဝိုက်ရှိ အာရုံကြောများ ပျက်စီးခြင်း (ကလေးမွေးဖွားခြင်း၊ အချိန်ကြာမြင့်စွာ ဝမ်းညှစ်ခြင်း၊ အာရုံကြောမကြီး ထိခိုက်မိထားခြင်း၊ လေဖြတ်ခြင်း၊ ဆီးချိုရောဂါရှိခြင်း)
၃။ ဝမ်းချုပ်သော အလေ့အထရှိခြင်း
၄။ ဝမ်းလျှောခြင်း
၅။ လိပ်ခေါင်းရောဂါရှိခြင်း
၆။ စအိုလမ်းကြောင်းအား ခွဲစိတ်ကုသမှုခံယူထားခြင်း၊ ဓာတ်ရောင်ခြည်ကုသမှု ခံယူထားခြင်း.... စတဲ့အကြောင်းအရင်းတွေပဲဖြစ်ပါတယ်။

ဝမ်းမခိုင်ခြင်းကို အသက်အရွယ်မရွေး ခံစားရနိုင်ပေမယ့် အသက် ၆၅ နှစ်အထက် သက်ကြီးပိုင်းတွေက ပို၍ခံစားရတတ်ပါတယ်။

💁🏼‍♀️ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ....
●စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်းများ
●စအိုတစ်ဝိုက်ရှိ အရေပြား နာခြင်း၊ ယားယံခြင်း၊ အနာဖြစ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

💁🏻‍♀️ ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကတော့....
●ဝမ်းမချုပ်အောင် နေပါ။ (လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ အမျှင်ဓာတ်ပါဝင်သော အစားအစာများ များများစားပါ။ ရေများများသောက်ပါ။ )
●အိမ်သာတွင် အချိန်ကြာမြင့်စွာ ဝမ်းညှစ်ခြင်းမှ ရှောင်ကြဥ်ပါ။

👩🏻‍⚕️ဝမ်းမခိုင်ခြင်းကို နှစ်ရှည်လများစွာခံစားနေရပါက အကြောင်းအရင်းကို ကုသနိုင်ဖို့ မိမိနီးစပ်ရာ ဆရာဝန်နဲ့ သွားရောက်ဆွေးနွေးကုသပါ။



#ဝမ်းမခိုင်ခြင်း
#ဝမ်းမလုံခြင်း

11/12/2021

Sinusitis (ထိပ်ကပ်နာ)
🤔ထိပ်ကပ်နာဆိုတာဘာလဲ?
- နှာခေါင်းရဲ့ဘေးတဖက်ဆီမှာရှိတဲ့ မျက်နှာခွံပေါ် မှာရှိသောအခန်းငယ်လေးတွေထဲ အရည်များစုဝင်ရာမှတဆင့် ပိုးပေါက်ပြီး ရောင်ရမ်းခြင်းကိုခေါ်ပါတယ်

🤔ဘယ်လိုလက္ခဏာ​တွေနဲ့လာတတ်လဲ?
- များသောအားဖြင့် နှာခေါင်းပိတ်မယ် နှာရည်ယိုမယ် နှာရိုးဘေးရှိမျက်နှာများကိုက်ခဲမယ် တခါတရံ ခေါင်းကိုက်ခဲမယ် နားကိုက်ခြင်း များလည်း ဖြစ်ပေါ် တတ်ပါတယ်

🤔အမျိုးအစားဘယ်နှမျိုးရှိလဲ?
- ခဏတာဖြစ်ခြင်း(Acute) နှင့် နာတာရှည်ဖြစ်​ခြင်း(မကြာခဏလက္ခဏာခံစားရခြင်း) (Chronic) ဟူပြီး၂မျိုးရှိပါတယ်

😷Acute ဆိုပါက နှာခါင်းပိတ်ပါက နှာခေါင်းပွင့်အောင်ဆေးထည့်မယ် နှာရည်ယိုပါက သောက်ဆေးသောက်မယ် စသဖြင့် ကုသလို့ရပေမယ့်

😷မကြာခဏဖြစ်နေပြီဆိုပါကနှာခေါင်းတွင်းမှန်ပြောင်းဖြင့်ကြည့်ရှုရတတ်ပြီးလိုလျှင်စုနေသောအည်များကိုစုတ်ထုပ်ရတာမျိုးလိုအပ်တတ်ပါသည်

🤗ထို့ကြောင့် မကြာခဏ နှာခေါင်းပိတ်မယ်
နှာစေးမယ်
ခေါင်းခဏခဏကိုက်မယ် နှာရည်များဟာပျစ်ပြီး အဝါရောင်ဘက်သမ်းလာတယ်ဆိုရင်ဖြင့် သတိထားပြီး စောစောကုသရန်လိုအပ်ပါတယ်နော်

🤓 လူကြီးများသာမက ကလေးများတွင်လည်းအထူးဂရုပြုဖို့လိုအပ်ပါတယ်နော်

အားလုံးပဲ ကျန်းမာရေးကိုဂရုစိုက်ကြဖို့တိုက်တွန်းလိုပါတယ် နော် 😊

09/12/2021

အားလုံးပဲ omicron လို့ခေါ်တဲ့ covid ပိုးရဲ့မျိုးကွဲတခုထပ်မံပေါ်ပေါက်လာခြင်းကို အားလုံးဂရုစိုက်စေလိုပါတယ်နော်
Mask သေချာတပ်မယ်
အပြင်ကပြန်လာတိုင်းလက်ဆေးမယ်
လူစုလူဝေးများတဲ့နေရာများကိုရှောင်ခြင်းဖြင့် အားလုံးပဲ ဘေးအန္တရာယ်ကင်းပြီး စိတ်ရောကိုယ်ပါကျန်းမာချမ်းသာကြပါစေလို့ မင်မင် တိူ့က ဆုတောင်းပေးလိုက်ပါတယ်နော်😷

12/11/2021

💊 Molnupiravir ဆိုတာဘာလဲ?

👉🏻Molnupiravir ဆေးဟာ Covid 19 ရောဂါအတွက် ခွင့်ပြုပေးလိုက်တဲ့ ပထမဆုံးသော ဆေးပဲဖြစ်ပါတယ်။ Lagevrio အမည်နှင့် Brand Name ထွက်ရှိလာပြီး Ridgeback Biotherapeutics နဲ့ Meck, Sharp and Dohme (MSD) ဆေးကုမ္ပဏီတို့က ပူးပေါင်းထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။

👉🏻Molnupiravir ဆိုတဲ့ ဗိုင်းရပ်စ်ဆန့်ကျင်ဆေးဝါးဟာ သောက်ဆေးအမျိုးအစားဖြစ်ပြီး Covid 19 ရောဂါရှင်များကို ရောဂါလက္ခဏာပြပြီး (၅)ရက်အတွင်း တိုက်ရမှာပဲဖြစ်ပါတယ်။

❓Molnupiravir က ဘယ်လိုအလုပ်လုပ်လဲ?

👉🏻Molnupiravir ဟာ ဗိုင်းရပ်စ်ပိုး မျိုးပွားခြင်းကို ဖြတ်ချခြင်းအားဖြင့် အလုပ်လုပ်ပါတယ်။

👉🏻Covid ဗိုင်းရပ်စ်ပိုးဟာ ခန္ဓာကိုယ်ထဲဝင်ရောက်လာတာနဲ့ သူ့ရဲ့ RNA gene ကို မျိုးပွားစေပြီးနောက် ခန္ဓာကိုယ်အနှံ့အပြားမှာရှိတဲ့ ဆဲလ်တွေကိုပြန့်နှံ့စေပါတယ်။

​👉🏻Molnupiravir ဆေးဟာတော့ အဆိုပါ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ ဆဲလ်တွေထဲဝင်ရောက်ပြီး ဗိုင်းရပ်စ်ပိုး မျိုးပွားခြင်းကို တားမြစ်ပါတယ်။ အဲ့လိုနည်းနဲ့ ဗိုင်းရပ်စ်ပိုးကောင်ရေကို လျှော့ချပေးပြီး ရောဂါပြင်းထန်နိုင်ချေကို လျော့နည်းစေပါတယ်။

👉🏻Molnupiravir ဆေးဟာ RNA ကို အဓိကထားတိုက်ခိုက်တာကြောင့် COVID 19 ရောဂါပိုးတစ်ခုတည်းသာမက တခြားသောCorona ဗိုင်းရပ်စ်မျိုးနွယ်ဝင်များအပေါ်မှာလည်း ထိရောက်မှုရှိနိုင်ပါတယ်။

📈Molnupiravir ဆေးက ဘယ်လောက်ထိ ထိ​ရောက်နိုင်သလဲ?

👉🏻စမ်းသပ်မှုတွေအရ Molnupiravir ဆေးကိုသောက်သုံးတဲ့ Covid ရောဂါလက္ခဏာ အပျော့စားနဲ့ အလတ်စားခံစားရတဲ့လူနာတွေမှာ ဆေးရုံတက်ရောက်ရနှုန်းနဲ့ သေဆုံးနှုန်းကို ၅၀ ရာခိုင်နှုန်းထိ သိသိသာသာလျှော့ချနိုင်ကြောင်း တွေ့ရပါတယ်။

⚠️သို့ပေမယ့် Molnupiravir ဆေးကို ရောဂါလက္ခဏာ စပြပြီး (၅) ရက်အတွင်းသောက်ဖို့လိုအပ်ပြီးတော့ (၅)ရက်ကျော်သွားရင်တော့ ဆေးအာနိသင် သက်ရောက်မှုမရှိနိုင်ပါဘူး။



20/08/2021

မင်မင်တို့လည်း နေမကောင်းကြလို့ လတ်တလော ကျန်းမာရေးအသိပညာပေး short clip လေးတေမတင်နိုင်သေးလို့ပါ အဆင်ပြေသွားရင်ဆက်လက်တင်ပေးပါ့မယ်နော် 😊

09/07/2021
မိမိတို့ရဲ ရင်သွေးငယ်များကို ဘယ်အရွယ်တွေမှာ ကာကွယ်ဆေးထိုးရတယ်ဆိုတာ သိရအောင် မျှဝေပေးလိုက်ပါတယ်နော် ☺️☺️☺️
16/06/2021

မိမိတို့ရဲ ရင်သွေးငယ်များကို ဘယ်အရွယ်တွေမှာ ကာကွယ်ဆေးထိုးရတယ်ဆိုတာ သိရအောင် မျှဝေပေးလိုက်ပါတယ်နော် ☺️☺️☺️

Address

Myanmagonyi
Yangon

Alerts

Be the first to know and let us send you an email when Health Wiki posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Health Wiki:

Share