Doctor Smile

Doctor Smile နေမကောင်းဖြစ်တဲ့အခါ အပြင်သွားစရာမလို့ပဲ
အိမ်မှာနေပြီးဆေးကုသလို့ရနေပါပြီ။

အသက်ရွယ် နုငယ်သေးတဲ့ တစ်နှစ်ခွဲအရွယ် ကလေးတစ်ယောက်ဟာ လမ်းလျှောက်တတ်လာပြီ၊ စကားလေးတွေ စပြောလာပြီ၊ ပတ်ဝန်းကျင်ကို စူးစမ်းလာ...
11/11/2025

အသက်ရွယ် နုငယ်သေးတဲ့ တစ်နှစ်ခွဲအရွယ် ကလေးတစ်ယောက်ဟာ လမ်းလျှောက်တတ်လာပြီ၊ စကားလေးတွေ စပြောလာပြီ၊ ပတ်ဝန်းကျင်ကို စူးစမ်းလာပြီဆိုတော့ မိဘတွေအနေနဲ့ ကလေးကို ဘာကျွေးရမလဲဆိုတာ စဉ်းစားရတာ ပိုလို့တောင် ခက်လာပါတယ်။ အထူးသဖြင့် လွယ်ကူပြီး အဆင်ပြေတဲ့ အစားအစာတွေကို ရွေးချယ်မိတတ်ကြပါတယ်။ ဒီလိုအချိန်မှာ ခေါက်ဆွဲခြောက်လို အစားအစာမျိုးကို ကလေးကို ကျွေးမိမလားဆိုတာ စဉ်းစားစရာပါပဲ။ တကယ်တော့ တစ်နှစ်ခွဲကလေးကို ခေါက်ဆွဲခြောက် မကျွေးသင့်ပါဘူး။ ဘာကြောင့်လဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ရအောင်။

---

၁။ ခေါက်ဆွဲခြောက်မှာ အာဟာရဓာတ် နည်းပါးခြင်း ။
ခေါက်ဆွဲခြောက်ဟာ ကလေးတွေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ မပါဝင်ပါဘူး။ ဗီတာမင်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်တွေ နည်းပြီး ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးနိုင်တဲ့ အာဟာရဓာတ်တွေ မပါဝင်ပါဘူး။ ဒါ့အပြင် ခေါက်ဆွဲခြောက်မှာ ပါတဲ့ ဆား၊ အဆီနဲ့ ဓာတုပစ္စည်းတွေဟာ ကလေးရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

၂။ ဆားပါဝင်မှု များပြားခြင်း။
ခေါက်ဆွဲခြောက်ထုပ်တွေမှာ ဆားပါဝင်မှု များပြားပါတယ်။ ကလေးငယ်တစ်ယောက်အတွက် တစ်နေ့တာ လိုအပ်တဲ့ ဆားပမာဏဟာ ၁ ဂရမ်ထက် နည်းပါတယ်။ ခေါက်ဆွဲခြောက်တစ်ထုပ်မှာပါတဲ့ ဆားပမာဏဟာ ကလေးရဲ့ တစ်နေ့တာ လိုအပ်ချက်ထက် ပိုနေတတ်ပါတယ်။ ဆားများလွန်းရင် ကလေးရဲ့ ကျောက်ကပ်ကို ထိခိုက်စေနိုင်ပြီး နောက်ပိုင်းမှာ သွေးတိုးရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။

၃။ ဓာတုပစ္စည်းများ ပါဝင်ခြင်း။
ခေါက်ဆွဲခြောက်တွေမှာ အရသာပိုရှိအောင်နဲ့ တာရှည်ခံအောင် လုပ်ဖို့အတွက် ဓာတုပစ္စည်းတွေ ပါဝင်ပါတယ်။ ဒီဓာတုပစ္စည်းတွေဟာ ကလေးရဲ့ ခန္ဓာကိုယ်အတွက် မကောင်းပါဘူး။ အထူးသဖြင့် တစ်နှစ်ခွဲအရွယ် ကလေးတွေဟာ ခန္ဓာကိုယ်စနစ်တွေ ဖွံ့ဖြိုးဆဲဖြစ်တာကြောင့် ဓာတုပစ္စည်းတွေကို ချေဖျက်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် ကလေးတွေကို သဘာဝအစားအစာတွေကိုသာ ကျွေးသင့်ပါတယ်။

၄။ အစာခြေစနစ်ကို ထိခိုက်စေနိုင်ခြင်း။
ကလေးငယ်လေးတွေရဲ့ အစာခြေစနစ်ဟာ လူကြီးတွေလို မသန်မာနိုင်သေးပါဘူး ။ ခေါက်ဆွဲခြောက်လို အစားအစာမျိုးဟာ အစာခြေဖို့ ခက်ခဲပြီး ကလေးကို ဗိုက်အောင့်၊ ဗိုက်နာစေနိုင်ပါတယ်။ ဒါ့အပြင် ဝမ်းချုပ်တာ၊ လေပွတာတွေလည်း ဖြစ်စေနိုင်ပါတယ်။

၅။ ကလေးရဲ့ အစားအသောက်
အလေ့အထကို ထိခိုက်စေခြင်း။
ခေါက်ဆွဲခြောက်လို အစားအစာမျိုးကို ကလေးကို ကျွေးမိရင် ကလေးက ဒီလိုအစားအစာမျိုးကို စွဲလမ်းသွားနိုင်ပါတယ်။ ဒါဟာ ကလေးရဲ့ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို စားချင်စိတ်ကို လျော့နည်းစေပြီး အာဟာရချို့တဲ့မှုကို ဖြစ်စေနိုင်ပါတယ်။

ဒီအချက်တွေ သိပြီဆိုရင်တော့ ကလေးငယ်လေးကို ခေါက်ဆွဲခြောက်လို တာရှည်ခံအစားအစာကို ကျွေးမယ့် အစား ဘာလေးတွေကျွေးသင့်လဲ ဆိုတာ ပြောပြပေးပါမယ် ။

ခေါက်ဆွဲခြောက်အစား အာဟာရပြည့်ဝတဲ့ အစားအစာတွေ ကျွေးသင့်ပါတယ်။ ဥပမာ -
- ပရိုတင်းဓာတ် : ကြက်သား၊ ငါး၊ ပဲအမျိုးမျိုး၊ ကြက်ဥ
- Vitamin နှင့် သတ္တုဓာတ် : ဟင်းသီးဟင်းရွက်၊ အသီးအနှံ
-အမျှင်ဓာတ် : ဂျုံ၊ လူး၊ ပဲပိစပ်

ဒါ့အပြင် ကလေးကို လတ်ဆတ်တဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ ကျွေးပြီး ရေများများ တိုက်ပေးသင့်ပါတယ်။

ကလေးကို အာဟာရပြည့်ဝတဲ့ အစားအစာတွေ ကျွေးပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပေးစေချင်ပါတယ်။ ဒါကြောင့် တာရှည်ခံ အစားစာတွေကို ရှောင်ပြီး လတ်ဆတ်တဲ့ အစားအစာတွေကို ရွေးချယ်ကျွေးမွေးကြပါစို့။

Doctor Smile ကျန်းမာရေး အသိပညာမျှဝေရာ group မှာ မေးထားတဲ့ မေးခွန်းလေးအတွက် အဖြေကို ဗဟုသုတရဖွယ် ရေးသားလိုက်ခြင်း ဖြစ်ပါတယ် ။

အခုလို ကျန်းမာရေး အမေးအဖြေ Group ဝင်ချင်တယ်ဆိုရင်
Page မှာ လာမေးလို့ရပါတယ်ခင်ဗျာ …

" Doctor Smile မှ လူကြီးမိဘတို့ရဲ့ကျန်းမာရေးအခက်အခဲတွေကို တစ်ထောင့်တစ်နေရာကနေပါဝင်ကူညီပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ "
Your Doctor - Your Smile




Doctor Smileရဲ့ နွေးထွေးပျူငှာတဲ့ Home Visit Doctor Serviceဒီနေ့ခေတ်မှာ အိမ်အရောက်ကုသမှု (Home Visit) တွေဟာ ပိုမိုခေတ်စာ...
06/11/2025

Doctor Smileရဲ့ နွေးထွေးပျူငှာတဲ့ Home Visit Doctor Service

ဒီနေ့ခေတ်မှာ အိမ်အရောက်ကုသမှု (Home Visit) တွေဟာ ပိုမိုခေတ်စားလာကြပါတယ်။ အရင်ကဆိုကျွန်တော်တို့တွေဟာ ဆေးရုံ၊ဆေးခန်းတွေကို တကူးတကအချိန်ပေးပြီး ဆရာဝန်ရဲ့ကုသမှုတွေကိုခံယူကြရလို့ အချိန်ကုန်လူပင်ပန်းစေပါတယ်။
Home Visit Doctor တွေရဲ့အားသာချက်တွေကတော့...

🔰လူကြီးသူမများ၊အိပ်ယာထဲလဲနေတဲ့သူများအတွက် အဆင်ပြေစေခြင်း

🔰ဆေးရုံ၊ဆေးခန်းတွေကို တကူးတကမသွားချင်တဲ့သူများအတွက် အဆင်ပြေစေခြင်း

🔰မိမိနေအိမ်တွင် သာသက်တောင့်သက်သာနေ၍ကုသမှုခံယူနိုင်ခြင်း

🔰ဆရာဝန်အနေနဲ့ မိမိတစ်ဦးတည်းကိုသာ ဂရုတစိုက်အချိန်ပေး ဆွေးနွေးကုသပေးနိုင်ခြင်း

🔰အခုလို "Covid" ကာလမှာ လူအများအပြားနဲ့ထိ‌တွေ့မှုကို ရှောင်ကျဥ်နိုင်ခြင်း....... စတာတွေကတော့ "Home Visit Doctor" တွေရဲ့အားသာချက်ဖြစ်ပါတယ်။
အခုလို "Home Visit Doctor" တွေခေတ်စားလာတာဟာ ကျွန်တော်တို့ရဲ့အချိန်တွေ ကုန်ခြင်းကိုသက်သာစေသလို၊‌ ကုန်ကျစရိတ်ကိုပါသက်သာ‌စေပါတယ်။ နောက်ပြီး တ‌စ်နေကုန် အလုပ်တွေနဲ့မအားတဲ့ သူများအတွက်လဲ မိမိနေအိမ်မှာပဲ နားနားနေနေ ဆရာဝန်‌နဲ့ဆွေးနွေးမှုများ၊ ကုသမှုများကို လူမပင်ပန်းပဲခံယူနိုင်ပါတယ်။
လူကြီးမင်းတို့အနေနဲ့ "Home Visit Doctor ‌Service" ဆရာဝန်များနဲ့ကုသလိုပါက ကျွန်တော်တို့ရဲ့ page Messenger ဒါမှမဟုတ် 📞 09-44198 7313 ကိုဆက်သွယ်စုံစမ်းပြီး Booking များလဲတင်နိုင်ပါတယ်။
" Doctor Smile မှ လူကြီးမိဘတို့ရဲ့ကျန်းမာရေးအခက်အခဲတွေကို တစ်ထောင့်တစ်နေရာကနေပါဝင်ကူညီပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ "
Your Doctor-Your Smile




#အိမ်တိုင်ရာရောက်ကုသမှု
#အိမ်ပင့်ဆရာဝန်

ခံစားနေရတဲ့ အမျိုးသမီးရောဂါ ကို တတ်ကျွမ်းတဲ့ ဆရာဝန် နဲ့ တိုးတိုးတိတ်တိတ် ဆွေးနွေးကုသမယ်!!ကျွန်တော်တို့ မြန်မာအမျိုးသမီးအ...
01/11/2025

ခံစားနေရတဲ့ အမျိုးသမီးရောဂါ ကို တတ်ကျွမ်းတဲ့ ဆရာဝန် နဲ့ တိုးတိုးတိတ်တိတ် ဆွေးနွေးကုသမယ်!!

ကျွန်တော်တို့ မြန်မာအမျိုးသမီးအများစုဟာ ကိုယ်ဖြစ်ပေါ်နေတဲ့ အမျိုးသမီးနဲ့ ပတ်သတ်တဲ့ရောဂါတွေကို ပြောပြဖို့၊ တိုင်ပင်ဖို့၊ ကုသဆွေးနွေးဖို့ ရှက်ကြောက်ကြပါတယ်။ ဒီလိုမျိုး ရှက်ပြီး မကုသပဲနေတာကြောင့်မိုလို့ အချိန်မလွန်ခင်ကုသလို့ရတဲ့ ရောဂါမျိုးတွေက အသိနောက်ကျတာမို့လို့ ကုသလို့မမှီတာကြောင့် အသက်ဆုံးရှုံးတာမျိုးတွေလဲ ရှိခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ Doctor Smile မှ အမျိုးသမီးများအတွက် လုံခြုံစိတ်ချရတဲ့ ရပ်ဝန်းလေးထဲမှာ နားလည်တတ်ကျွမ်းတဲ့ဆရာဝန် နဲ့ တိုင်ပင်ဆွေးနွေးလို့ရအောင် ပြုလုပ်ပေးဖြစ်ခဲ့တာ (၂)နှစ်ကျော် လာပါပြီ။

Doctor Smile မှာ လာရောက်ဆွေးနွေးပြီး သက်သာပျောက်ကင်းသွားတဲ့ သူတွေအတွက်ကိုလဲ ကျွန်တော်တို့ဘက်က အတိုင်းမသိ ဝမ်းသာပီတိဖြစ်မိပါတယ်။ ဒါကြောင့်မို့လို့ ဆေးရုံ၊ ဆေးခန်း သွားဖို့ မလွယ်ကူတဲ့ အမျိုးသမီးတွေအတွက် Online ကနေကုသလို့ရပါတယ်။

အမျိုးသမီးကျန်းမာရေးပြဿနာတွေဖြစ်တဲ့...
🔹ရာသီစက်ဝန်းဘယ်လိုတွက်ရမလဲဆိုတာတွေ၊
🔹မိန်းမကိုယ် အနံ့ နံတာတွေ၊
🔹သားဆက်ခြားနည်းတွေ၊
🔹အဖြူဆင်းတာတွေ၊
🔹သားအိမ်ခေါင်းရောဂါနဲ့
🔹လိင်မှုရေးရာကိစ္စတွေ စတဲ့ ပြဿနာတွေကို နှစ်ကိုယ်ကြား ဆရာဝန်နဲ့ Doctor Smileရဲ့ Page Messengerမှာ သီးသန့်လာရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်ချင်ပါတယ်ဗျ။

ဒီလိုဆွေးနွေးချင်တယ်ဆိုရင်တော့ ဆွေးနွေးမှုတစ်ကြိမ်(မိနစ် ၂၀)ကို (၃၀၀၀) ကျပ်နဲ့ အမျိုးသမီးများအတွက် အမျိုးသမီးဆရာဝန်တွေနဲ့ အဆင်ပြေပြေ သီးသန့်ဆွေးနွေးလို့ရအောင် စီစဥ်ပေးထားပါတယ်ဗျ။

" Doctor Smile မှ လူကြီးမိဘတို့ရဲ့ကျန်းမာရေးအခက်အခဲတွေကို တစ်ထောင့်တစ်နေရာကနေပါဝင်ကူညီပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ "

Your Doctor-Your Smile






#အိမ်တိုင်ရာရောက်ကုသမှု
#အိမ်ပင့်ဆရာဝန်

☝️ ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူး ဆိုတဲ့ ဆိုရိုးလေးရှိတာ အားလုံးသိကြပါတယ်နော် …ဒါအမှန်ပါပဲခင်ဗျာ …❗️”ဆရာ ကျွန်တော် ဝမ...
28/10/2025

☝️ ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူး ဆိုတဲ့ ဆိုရိုးလေးရှိတာ အားလုံးသိကြပါတယ်နော် …

ဒါအမှန်ပါပဲခင်ဗျာ …

❗️”ဆရာ ကျွန်တော် ဝမ်းအရမ်းချုပ်တတ်လို့ ဘာလုပ်ရမလဲ ? “
❗️”ဆရာ ကျွန်မ အာခံတွင်းနံ့ နံနေတယ် ဝမ်းလည်းချုပ်တယ် ဆရာ “

အခုရက်ပိုင်း ဒီမေးခွန်းလေးတွေ ကြားနေရလို့ ဒီကနေ အဖြေလေး ပေးလိုက်ပါရစေခင်ဗျာ ။ 💭

☝️ဝမ်းဘာလို့ချုပ်တတ်သလဲ ???

၁။ ကျွန်တော်တို့ရဲ့ စားသောက်
နေထိုင်မှုပုံစံတွေမှာ အမျှင်ဓာတ်ပါတဲ့ အစားအသောက်တွေ စားတာ နည်းလာတဲ့အခါ

၂။ ရေသောက်တာ နည်းလာတဲ့အခါ

၃။ အထိုင်များပြီး နေ့စဉ်လှုပ်ရှားမှု နည်းလာတဲ့အခါ

၄။ စိတ်ဖိစီးမှုများလာတဲ့အခါ

၅။ အူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်နေတဲ့အခါ

ဒီလိုအချိန်တွေမှာ ဝမ်းချုပ်တတ်ပါတယ် ခင်ဗျာ ။

☝️ဒါဆိုရင် ဘယ်လို ကာကွယ်ကုသကြရမလဲ ???

၁။ အမျှင်ဓာတ်များတဲ့ အစားအစာတွေဖြစ်တဲ့ ဟင်းသီးဟင်းရွက် ၊အသီးအနှံ ၊ Prebiotic ကြွယ်ဝတဲ့ ဒိန်ချဉ် ၊ ကင်မ်ချီ စတဲ့ အစားအစာတွေ စားသုံးပေးပါ ။

၂။ အခုရက်ပိုင်း ဆောင်းရာသီ ရောက်လာလို့ အအေးလေးပိုလာတဲ့အခါ ကျွန်တော်တို့က ရေသောက်ဖို့ မေ့လာတတ်ကြတယ် ။ သတိထားပြီး ရေက်ု အနည်းဆုံး တစ်နေ့ နှစ်လီတာကနေ အများဆုံး လေးလီတာ သောက်ပေးပါ။

၃။ မနက်ခင်းပဲဖြစ်ဖြစ် ညခင်းပဲဖြစ်ဖြစ် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလေးတွေ အနည်းဆုံး မိနစ်၃၀ခန့် လုပ်ပေးပါ ။

၄။ စိတ်ဖိစီးမှုတွေ လျော့ကျအောင် တရားထိုင်တာ ၊ သီချင်းနားထောင်တာ စတဲ့ စိတ်ငြိမ်းချမ်းစေတာလေးတွေကို လုပ်ပေးပါ ။

၅။ အလွန်အမင်း ရက်ရှည်ဝမ်းချုပ်ရင်တော့ နီးစပ်ရာ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်တဲ့ ဆေးကုသမှု ခံယူပါခင်ဗျာ ။

ဒီလောက်ဆိုရင်တော့ အခုရက်ပိုင်း အဖြစ်များနေတဲ့ ဝမ်းချုပ်ခြင်းအကြောင်း နဲ့ ဆောင်ရန်ရှောင်ရန်လေးတွေ သိလောက်ပါပြီလို့ ယူဆပါတယ်ခင်ဗျာ ။

တခြား ဆွေးနွေးတိုင်ပင်ချင်တာလေးတွေ ရှိရင်လည်း Page နဲ့ ကျွန်တော်တို့ Doctor Smile Group မှာ မေးမြန်းစုံစမ်းလို့ ရပါတယ်ခင်ဗျာ ။

မိတ်ဆွေတို့အားလုံး ကျန်းမာ ချမ်းသာပြီး အသက်ရှည်ပျော်ရွှင်ကြပါစေခင်ဗျာ ။

“𝗗𝗼𝗰𝘁𝗼𝗿 𝗦𝗺𝗶𝗹𝗲 မှ လူကြီးမိဘတို့ရဲ့ကျန်းမာရေးအခက်အခဲတွေကို တစ်ထောင့်တစ်နေရာကနေပါဝင်ကူညီပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ "
𝗬𝗼𝘂𝗿 𝗗𝗼𝗰𝘁𝗼𝗿 - 𝗬𝗼𝘂𝗿 𝗦𝗺𝗶𝗹𝗲

#𝗱𝗼𝗰𝘁𝗼𝗿𝘀𝗺𝗶𝗹𝗲
#𝗱𝗼𝗰𝘁𝗼𝗿𝗵𝗼𝗺𝗲𝘃𝗶𝘀𝗶𝘁
#𝘁𝗲𝗹𝗲𝗰𝗼𝗻𝘀𝘂𝗹𝘁𝗮𝘁𝗶𝗼𝗻
#𝗵𝗼𝗺𝗲𝗵𝗲𝗮𝗹𝘁𝗵𝗰𝗮𝗿𝗲

ကျားကျား မမ မရွေး ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ဖွင့်ပြောဖို့ စိုးရိမ်တတ်ကြ ၊ မဝံ့မရဲ ဖြစ်တတ်ကြပါတယ်ခင်ဗျာ ။ ကိုယ့်ကျန်း...
26/10/2025

ကျားကျား မမ မရွေး ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ဖွင့်ပြောဖို့ စိုးရိမ်တတ်ကြ ၊ မဝံ့မရဲ ဖြစ်တတ်ကြပါတယ်ခင်ဗျာ ။

ကိုယ့်ကျန်းမာရေးအခြေအနေကို ဂဃနဏလည်း သိချင်တယ် အပြင်မှာ ဆွေးနွေးဖို့ မဝံ့မရဲလည်း ဖြစ်နေတယ်ဆိုရင်တော့ Doctor Smile မှာ သီးသန့် ဆွေးနွေးလို့ရတဲ့ online teleconsultation အစီအစဉ်လေး ရှိပါတယ်ခင်ဗျာ ။

ကျန်းမာရေးပြဿနာတွေကို ဖွင့်ပြောမှသာ နားလည်တတ်ကျွမ်းသူတွေက အချိန်မှီ ကုသ/ကာကွယ်လို့ ရတာမို့ အခုလိုTeleconsultation အစီအစဉ်လေးက လူကြီးမိဘတို့အတွက် အထောက်အကူဖြစ်စေဖို့ မျှော်လင့်ပါတယ်ခင်ဗျာ ။

Doctor Smile Page Messenger ကနေ ကျွန်တော်တို့ရဲ့ ‌အတွေ့အကြုံရှိအထွေထွေဆရာဝန်များနဲ့ မိနစ် (၂၀)စာ ဆွေးနွေးမှုတစ်ကြိမ်ကို (၅,၀၀၀)ကျပ်ဖြင့် (Kpay/Wave Pay) တို့ကနေငွေလွှဲပေးပြီး ဆွေးနွေးတိုင်ပင်လို့ရအောင်ဆောင်ရွက်ပေးထားပါတယ်ခင်ဗျာ.......

" Doctor Smile မှ လူကြီးမိဘတို့ရဲ့ကျန်းမာရေးအခက်အခဲတွေကို တစ်ထောင့်တစ်နေရာကနေပါဝင်ကူညီပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ "
Your Doctor - Your Smile




🙍🏻‍♀️ကျွန်မတို့ မိန်းကလေးတိုင်း ကြုံတွေ့ရလေ့ရှိတတ်တဲ့ မိန်းမကိုယ်အရေပြား ယားယံမှုက ဘာတွေကြောင့် ဖြစ်တတ်တယ်လို့ ထင်ပါသလဲရ...
19/10/2025

🙍🏻‍♀️ကျွန်မတို့ မိန်းကလေးတိုင်း ကြုံတွေ့ရလေ့ရှိတတ်တဲ့ မိန်းမကိုယ်အရေပြား ယားယံမှုက ဘာတွေကြောင့် ဖြစ်တတ်တယ်လို့ ထင်ပါသလဲရှင် ?

ဒီအချက်တွေကြောင့် မိန်းမကိုယ်
ယားယံခြင်းကို ခံစားရလေ့ရှိပါတယ် ။
၁။ မသန့်ရှင်းသော အတွင်းခံ အဝတ်များ ဝတ်ဆင်ခြင်း ။
၂။ မိန်းမကိုယ်အရေပြား ခြောက်သွေ့လွန်းခြင်း ။
၃။ မိန်းမကိုယ်မှိုပိုးဝင်ခြင်း ။
၄။ လိင်မှတစ်ဆင့် ကူးစက်သော ရောဂါကြောင့် ယားယံခြင်း။
၅။ ဆီးချိုရောဂါကြောင့် ယားယံခြင်း ။

🤦🏻‍♀️လူကြားသူကြားဆို နေရထိုင်ရခက်
ရုံမကဘဲ ကျန်းမာရေးအတွက်ပါ မကောင်းတဲ့ မိန်းမကိုယ်အရေပြား “သာမန် “ယားယံမှုဖြစ်ပါက
ပုံပါအချက်လက်လေးတွေကို ဂရုစိုက်ပြီး ရှောင်သင့်တာရှောင် ၊ ဆောင်သင့်တာဆောင် လိုက်ရင် သက်သာလာစေပါလိမ့်မယ်ရှင့် ။

🔺ရက်ရှည်ဖြစ်တယ် ၊
🔺မှိုပိုးဝင်တာကြောင့် ယားယံတယ် ၊
🔺လိင်မှတစ်ဆင့်ကူးစက်တယ် ၊
🔺ဆီးချိုကြောင့် ယားယံတယ်
ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကုသတာသာ ပိုကောင်းပါတယ်ရှင့် ။ 🙋🏻‍♀️

" Doctor Smile မှ လူကြီးမိဘတို့ရဲ့ကျန်းမာရေးအခက်အခဲတွေကို တစ်ထောင့်တစ်နေရာကနေပါဝင်ကူညီပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ "
Your Doctor - Your Smile




❗️အမျိုးသမီးတိုင်း သိထားသင့်သော ဓမ္မတာသွေးအရောင်များ ❗️အမျိုးသမီးတိုင်း အပျိုဖော်ဝင်စကနေ သွေးမဆုံးခင်အချိန်ထိ လစဉ် ဓမ္မတ...
17/10/2025

❗️အမျိုးသမီးတိုင်း သိထားသင့်သော ဓမ္မတာသွေးအရောင်များ ❗️

အမျိုးသမီးတိုင်း အပျိုဖော်ဝင်စကနေ သွေးမဆုံးခင်အချိန်ထိ လစဉ် ဓမ္မတာ (သို့) ရာသီ လာကြပါတယ် ။

ရာသီလာတဲ့အခါ သွေးအရောင်လေးတွေကနေတစ်ဆင့် ကိုယ့်ကျန်းမာရေးအခြေအနေကို စမ်းစစ်နိုင်ပါတယ် ။

အမေးများကြတဲ့ မေးခွန်းတစ်ခုလည်း ဖြစ်တာမို့ ရာသီသွေးအရောင်တွေအကြောင်း ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ ။

မိမိသိလိုတဲ့ ကျန်းမာရေးဆိုင်ရာ ဗဟုသုတလေးတွေ မေးခွန်းလေးတွေ အတွက် ကျွန်တော်တို့ Doctor Smile group လေးလည်း join ထားနိုင်ပါတယ်ခင်ဗျာ ။
https://www.facebook.com/share/g/6pDZ8GQYzCJnL5jL/?mibextid=wwXIfr

မိတ်ဆွေတို့အားလုံး ကျန်းမာ ချမ်းသာပြီး အသက်ရှည်ပျော်ရွှင်ကြပါစေခင်ဗျာ ။

“𝗗𝗼𝗰𝘁𝗼𝗿 𝗦𝗺𝗶𝗹𝗲 မှ လူကြီးမိဘတို့ရဲ့ကျန်းမာရေးအခက်အခဲတွေကို တစ်ထောင့်တစ်နေရာကနေပါဝင်ကူညီပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ "
𝗬𝗼𝘂𝗿 𝗗𝗼𝗰𝘁𝗼𝗿 - 𝗬𝗼𝘂𝗿 𝗦𝗺𝗶𝗹𝗲

#𝗱𝗼𝗰𝘁𝗼𝗿𝘀𝗺𝗶𝗹𝗲
#𝗱𝗼𝗰𝘁𝗼𝗿𝗵𝗼𝗺𝗲𝘃𝗶𝘀𝗶𝘁
#𝘁𝗲𝗹𝗲𝗰𝗼𝗻𝘀𝘂𝗹𝘁𝗮𝘁𝗶𝗼𝗻
#𝗵𝗼𝗺𝗲𝗵𝗲𝗮𝗹𝘁𝗵𝗰𝗮𝗿𝗲

ကျန်းမာရေးမှန်သမျှ ပွင့်ပွင်းလင်းလင်းနဲ့ ပြောဆို တိုင်ပင်ဆွေးနွေနိုင်တဲ့ Group လေးမှာ ဝင်ရောက်အခမဲ့မေးမြန်းနိုင်ပါတယ် …
14/10/2025

ကျန်းမာရေးမှန်သမျှ ပွင့်ပွင်းလင်းလင်းနဲ့ ပြောဆို တိုင်ပင်ဆွေးနွေနိုင်တဲ့ Group လေးမှာ ဝင်ရောက်အခမဲ့မေးမြန်းနိုင်ပါတယ် …

Doctor Smile ရဲ့ နွေးထွေးစွာတိုင်ပင်ဆွေးနွေးနိုင်တဲ့ Tele Consultation " Doctor Smile မှ လူကြီးမိဘတို့ရဲ့ကျန်းမာရေးအခက်အ...
08/06/2025

Doctor Smile ရဲ့ နွေးထွေးစွာတိုင်ပင်ဆွေးနွေးနိုင်တဲ့ Tele Consultation

" Doctor Smile မှ လူကြီးမိဘတို့ရဲ့ကျန်းမာရေးအခက်အခဲတွေကို တစ်ထောင့်တစ်နေရာကနေပါဝင်ကူညီပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ "
Your Doctor - Your Smile




လူကြီးမိဘ မိတ်ဆွေတို့ခင်ဗျာ 🙏🏻🔹ကျွန်တော်တို့ ဒီ page လေးမှာ post လေးတွေတင်တာခဏတာရပ်ထားပေမဲ့ Group လေးထဲမှာ အစဉ်မပြတ်မေးခ...
28/04/2025

လူကြီးမိဘ မိတ်ဆွေတို့ခင်ဗျာ 🙏🏻

🔹ကျွန်တော်တို့ ဒီ page လေးမှာ post လေးတွေတင်တာခဏတာရပ်ထားပေမဲ့ Group လေးထဲမှာ အစဉ်မပြတ်မေးခွန်းလေးတွေကို အခမဲ့ဖြေကြားပေးနေပါတယ်ခင်ဗျာ

Group Link 👉 https://www.facebook.com/share/g/16JA4ruRgF/?mibextid=wwXIfr

🔹ဆရာဝန်နဲ့ သီးသန့် online ကနေဆွေးနွေးချင်တယ်ဆိုရင်တော့ Page messenger လေးမှာမေးမြန်းနိုင်ပါတယ်ခင်ဗျာ

( ၁ ) messenger လေးကနေ မိနစ် ၂၀ စာ ဆွေးနွေးမှု အတွက် Fees ၅၀၀၀ ကျပ်
( ၂ ) Viber ကနေ video call နှင့် မိနစ်၂၀စာအပြန် အလှန်ဆွေးနွေးမှုအတွက် Fees ၈၀၀၀ ပါခင်ဗျာ

Page messenger Link 👉 m.me/doctorsmilehomevisit

" Doctor Smile မှ လူကြီးမိဘတို့ရဲ့ကျန်းမာရေးအခက်အခဲတွေကို တစ်ထောင့်တစ်နေရာကနေပါဝင်ကူညီပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ "
Your Doctor - Your Smile




ကျွန်တော်တို့ လူတိုင်းနီးပါး စိတ်ဖိစီးမှုကြုံတွေ့ရတတ်လေ့ရှိပါတယ် ။ အလုပ်ဖိအား၊ လူမှုရေး၊ မိသားစု၊ စီးပွားရေး စတဲ့အကြောင်...
11/03/2025

ကျွန်တော်တို့ လူတိုင်းနီးပါး စိတ်ဖိစီးမှုကြုံတွေ့ရတတ်လေ့ရှိပါတယ် ။

အလုပ်ဖိအား၊ လူမှုရေး၊ မိသားစု၊ စီးပွားရေး စတဲ့အကြောင်းအရာတွေကြောင့် စိတ်ဖိစီးမှုကို ခံစားရနိုင်ပါတယ်။ စိတ်ဖိစီးမှုကို မထိန်းချုပ်နိုင်ဘူးဆိုရင် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို ဘယ်လိုထိန်းချုပ်မလဲဆိုတဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

✅ 1. စိတ်ဖိစီးမှုရဲ့ အကြောင်းရင်းကို သိအောင်လုပ်ပါ ။
စိတ်ဖိစီးမှုကို ထိန်းချုပ်ဖို့ဆိုရင် အရင်ဆုံး ဘာကြောင့်စိတ်ဖိစီးရတာလဲဆိုတဲ့ အကြောင်းရင်းကို သိဖို့လိုပါတယ်။ ကိုယ့်ရဲ့စိတ်ဖိစီးမှုကို ဖြစ်စေတဲ့အရာတွေကို စာရင်းပြုစုပြီး ချရေးကြည့်ပါ။ ဒါက စိတ်ဖိစီးမှုကို ပိုမိုနားလည်သဘောပေါက်စေပြီး ဖြေရှင်းနည်းတွေကို ရှာဖွေရာမှာ အထောက်အကူဖြစ်စေပါတယ်။

---

✅ 2. အိပ်ရေးဝဝအိပ်ပါ။
အိပ်ရေးမဝခြင်းက စိတ်ဖိစီးမှုကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ အိပ်ရေးဝဝအိပ်ခြင်းက စိတ်ကိုလန်းဆန်းစေပြီး စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တစ်နေ့ကို ၇-၈ နာရီကြာ အိပ်စက်ဖို့ ကြိုးစားပါ။

---

✅ 3. လေ့ကျင့်ခန်းလုပ်ပါ။
လေ့ကျင့်ခန်းလုပ်ခြင်းက စိတ်ဖိစီးမှုကို လျော့ပါးစေတဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ခန္ဓာကိုယ်က အန်ဒိုဖင်းဟော်မုန်းတွေကို ထုတ်လွှတ်ပေးပြီး စိတ်ကိုပျော်ရွှင်စေပါတယ်။ လမ်းလျှောက်ခြင်း၊ ယောဂကျင့်ခြင်း၊ အေရိုးဗစ်လေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ပေးပါ။

---

✅ 4. စိတ်ကိုအနားပေးပါ ။
စိတ်ဖိစီးမှုများနေတဲ့အခါ ကိုယ့်ကိုယ်ကို အနားပေးဖို့လိုပါတယ်။ တရားထိုင်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်း၊ သီချင်းနားထောင်ခြင်း စတဲ့နည်းလမ်းတွေက စိတ်ကိုတည်ငြိမ်စေပြီး ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။

---

✅ 5. အစားအသောက်ကို ဂရုစိုက်ပါ။
ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေက စိတ်ဖိစီးမှုကို ထိန်းချုပ်ရာမှာ အထောက်အကူဖြစ်စေပါတယ်။ ဗီတာမင် B၊ မဂ္ဂနီဆီယမ်၊ အိုမီဂါ-၃ ဖက်တီးအက်စစ်တွေပါဝင်တဲ့ အစားအစာတွေက စိတ်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ကော်ဖီ၊ အရက်၊ သကြားများတဲ့အစားအစာတွေကို ရှောင်ကျဉ်ပါ။

---

✅ 6. ချစ်ခင်ရင်းနှီးသူတွေရဲ့ အထောက်အပံ့ရယူပါ။
စိတ်ဖိစီးမှုကို ခံစားနေရတဲ့အခါ မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ ပြောဆိုဆွေးနွေးပါ။ ချစ်ခင်ရသူတွေရဲ့ အထောက်အပံ့ရရှိခြင်းက စိတ်ဖိစီးမှုကို လျော့ပါးစေပြီး စိတ်ပိုင်းဆိုင်ရာကို ခိုင်မာစေပါတယ်။

✅ 7. အချိန်စီမံခန့်ခွဲမှုကို ဂရုစိုက်ပါ။
အလုပ်တွေများပြားလွန်းခြင်းက စိတ်ဖိစီးမှုကို ဖြစ်စေနိုင်ပါတယ်။ အချိန်စီမံခန့်ခွဲမှုကို ကောင်းမွန်စေဖို့ လုပ်စရာတွေကို ဦးစားပေးစာရင်းပြုစုပါ။ တစ်ချိန်တည်းမှာ အရာရာကို လုပ်ဆောင်ဖို့ မကြိုးစားပါနဲ့။

---

✅ 8. ဝါသနာပါတဲ့ ပျော်စရာလေးတွေ လုပ်ပါ ။
ကိုယ်ဝါသနာပါတဲ့အရာတွေကို လုပ်ဆောင်ခြင်းက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ စာဖတ်ခြင်း၊ ဂီတနားထောင်ခြင်း၊ ပန်းချီဆွဲခြင်း၊ ခရီးထွက်ခြင်း စတဲ့အရာတွေက စိတ်ကိုလန်းဆန်းစေပါတယ်။

---

✅ 9. ကျွမ်းကျင်သူရဲ့ အကူအညီရယူပါ ။
စိတ်ဖိစီးမှုက ပိုမိုဆိုးရွားလာပြီး ထိန်းချုပ်ရခက်နေတယ်ဆိုရင် ကျွမ်းကျင်သူရဲ့ အကူအညီကို ရယူပါ။ စိတ်ကျန်းမာရေးဆရာဝန်တွေ၊ စိတ်ပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးပါ။

---

✅ 10. ကိုယ့်ကိုယ်ကို ချစ်ပါ ။
စိတ်ဖိစီးမှုကို ထိန်းချုပ်ဖို့ဆိုရင် ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့လိုပါတယ်။ ကိုယ့်ရဲ့ခံစားချက်တွေကို လျစ်လျူရှုမထားပါနဲ့။ ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး အနားယူဖို့ အချိန်ပေးပါ။

---

စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ပေမယ့် မဖြစ်နိုင်တဲ့ကိစ္စလည်း မဟုတ်ပါဘူး။ ကိုယ့်ရဲ့နေထိုင်မှုပုံစံကို ပြောင်းလဲပြီး စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်မယ့်နည်းလမ်းတွေကို လိုက်နာမယ်ဆိုရင် ပိုမိုကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်ခင်ဗျာ …

ဖော်ပြထားတဲ့ အချက်လေးတွေ လိုက်လုပ်ကြည့်ပြီး စိတ်ဖိစီးမှုကင်းဝေးတဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါစေခင်ဗျာ …..
" Doctor Smile မှ လူကြီးမိဘတို့ရဲ့ကျန်းမာရေးအခက်အခဲတွေကို တစ်ထောင့်တစ်နေရာကနေပါဝင်ကူညီပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ "
Your Doctor - Your Smile




#စိတ်ဖိစီးမှု

**ပြောရခက်တဲ့ ကျန်းမာရေးပြဿနာများအတွက် Doctor Smile မှာ တီးတိုး တိုင်ပင်ဆွေးနွေးပါ**ကျန်းမာရေးပြဿနာတွေထဲမှာ ပြောရခက်တဲ့၊...
09/03/2025

**ပြောရခက်တဲ့ ကျန်းမာရေးပြဿနာများအတွက် Doctor Smile မှာ တီးတိုး တိုင်ပင်ဆွေးနွေးပါ**

ကျန်းမာရေးပြဿနာတွေထဲမှာ ပြောရခက်တဲ့၊ တိုင်ပင်ရခက်တဲ့ ကိစ္စတွေဟာ လူတိုင်းနီးပါး ကြုံတွေ့ဖူးကြမှာပါ။ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခက်အခဲတွေ၊ သွေးရောဂါ၊ ဆီးချိုနဲ့ ပတ်သက်တဲ့ ပြဿနာတွေဟာ လူအများစုအတွက် ပြောပြရန် ရှက်ရွံ့စရာ ကိစ္စတွေဖြစ်နေတတ်ပါတယ်။
ဒါပေမယ့် ဒီလိုပြဿနာတွေကို မဖြေရှင်းဘဲ ထားလိုက်မယ်ဆိုရင် နောက်ပိုင်းမှာ ပိုမိုဆိုးရွားလာနိုင်ပြီး ကုသရခက်တဲ့ အခြေအနေတွေ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ဒီလို ပြောရခက်တဲ့ ကျန်းမာရေးပြဿနာတွေအတွက်တဲ့ အခြေအနေတွေ ဖြစမှာ တီးတိုး တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

Doctor Smile ဟာ သင့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးပြီး သင့်ရဲ့ Privacy အတွက် လုံခြုံစိတ်ချရဖို့ ရည်ရွယ်ထားပါတယ်။

✅Doctor Smile မှာ တိုင်ပင်ဆွေးနွေးခြင်းရဲ့ အကျိုးကျေးဇူးများ

1. လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်
Doctor Smile မှာ သင့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို လုံခြုံစွာ ထိန်းသိမ်းပေးထားပါတယ်။ သင့်ရဲ့ ပြဿနာတွေကို ဘယ်သူမှ သိမှာမဟုတ်ဘဲ လုံခြုံစိတ်ချစွာတိုင်ပင်ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။

2. ကျွမ်းကျင်သော ဆရာဝန်များနှင့် တိုင်ပင်နိုင်ခြင်း
Doctor Smile မှာ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ သင့်ရဲ့ ပြဿနာတွေကို နားလည်ပြီး အကောင်းဆုံး ဖြေရှင်းနည်းတွေကို အကြံပေးနိုင်မှာဖြစ်ပါတယ်။

3. အချိန်နှင့်တပြေးညီ အကြံပေးခြင်း
Doctor Smile ဟာ အချိန်နဲ့တပြေးညီ သင့်ရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးနိုင်တဲ့အတွက် သင့်ရဲ့ အချိန်ကို ချွေတာပေးနိုင်ပါတယ်။

4. စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုများ
ပြောရခက်တဲ့ ပြဿနာတွေဟာ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ Doctor Smile မှာ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေကိုပါ ရရှိနိုင်ပါတယ်။

📌 ဘယ်လိုပြဿနာတွေကို တိုင်ပင်ဆွေးနွေးနိုင်မလဲ

- လိင်ပိုင်းဆိုင်ရာ ပြဿနာများ
- စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခက်အခဲများ
- ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါနှင့် ပတ်သက်သော ပြဿနာများ
- မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ပြဿနာများ
- အခြား ပြောရခက်တဲ့ ကျန်းမာရေးပြဿနာများ

📌 ဘယ်လိုဆက်သွယ်ပြီး တိုင်ပင်ဆွေးနွေးမလဲ

Doctor Smile မှာ တိုင်ပင်ဆွေးနွေးဖို့အတွက် အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။ သင့်ရဲ့ ပြဿနာတွေကို လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်မှာ ဖြေရှင်းနိုင်ဖို့ Doctor Smile က အမြဲရှိနေမှာပါ။

Doctor Smile Page Messenger ကနေ ကျွန်မတို့ရဲ့ ‌အတွေ့အကြုံရှိအထွေထွေဆရာဝန်များနဲ့ မိနစ် (၂၀)စာ ဆွေးနွေးမှုတစ်ကြိမ်ကို (၅,၀၀၀)ကျပ်ဖြင့် (Kpay/Wave Pay) တို့ကနေငွေလွှဲပေးပြီး ဆွေးနွေးတိုင်ပင်လို့ရအောင် ဆောင်ရွက်ပေးထားပါတယ်ရှင့် …..

" Doctor Smile မှ လူကြီးမိဘတို့ရဲ့ကျန်းမာရေးအခက်အခဲတွေကို တစ်ထောင့်တစ်နေရာကနေပါဝင်ကူညီပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ "
Your Doctor - Your Smile




Address

Yangon
11211

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959441987313

Website

Alerts

Be the first to know and let us send you an email when Doctor Smile posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Doctor Smile:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram