Myat Saytanar- မြတ်စေတနာ နှလုံးဆေး

  • Home
  • Myanmar
  • Yangon
  • Myat Saytanar- မြတ်စေတနာ နှလုံးဆေး

Myat Saytanar- မြတ်စေတနာ နှလုံးဆေး မြတ်သောစေတနာ မြတ်စေတနာ နှလုံးသွေးကြောပွင့်ဆေးထုတ်လုပ်ဖြန့်ချီရေး

မြတ်စေတနာနှလုံးသွေးကြောပွင့်ဆေးကို ကြက်သွန်ဖြူ၊ ချင်း(ဂျင်း)၊ သံပုယိုသီး၊ ပန်းသီးရှာလကာရည်၊ ဘဘာဝပျားရည်စစ်စစ် တို့နဲ့ ဖေ...
25/02/2024

မြတ်စေတနာနှလုံးသွေးကြောပွင့်ဆေးကို
ကြက်သွန်ဖြူ၊
ချင်း(ဂျင်း)၊
သံပုယိုသီး၊
ပန်းသီးရှာလကာရည်၊
ဘဘာဝပျားရည်စစ်စစ် တို့နဲ့ ဖော်စပ်ထုတ်လုပ်ထားတာမို့
နှလုံးသွေးကြောကျဉ်းရောဂါရှိသူများ
နှလုံးအဆီဖုံး/ အသဲအဆီဖုံးသူများ
ကိုလက်စထရောမြင့်တက်သူများ
ယုံကြည်စိတ်ချစွာသောက်သုံးလို့ ရပါတယ်ရှင်..

ဝယ်ယူရန် ပင်ရင်း
အမှတ် ၁၂၆၅၊ ပိတောက်မြိုင် ၃လမ်း၊ ၃၄ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ဖုန်း 09253355188


#နှလုံးသွေးကြောပွင့်ဆေး
#နှလုံးဆေး
#မြန်မာဆေး

မြတ်စေတနာ နှလုံးသွေး​ကြောပွင့်ဆေးကို ဘယ်လိုလူတွေသောက်သင့်လဲ ? 1. နှလုံးသွေးကြောကျဉ်းရောဂါရှိသူများ 2.  သွေးလှည့်ပတ်မှု မ...
10/11/2023

မြတ်စေတနာ နှလုံးသွေး​ကြောပွင့်ဆေးကို
ဘယ်လိုလူတွေသောက်သင့်လဲ ?
1. နှလုံးသွေးကြောကျဉ်းရောဂါရှိသူများ
2. သွေးလှည့်ပတ်မှု မကောင်းသူများ
3. သွေးတွင်းအဆီဓာတ်များသူများ
4. နှလုံးခုန် မြန်သူများ
5. နှလုံးခုန် နှေးသူများ သောက်သုံးလို့ရပါတယ်ရှင်

ဝယ်ယူရန် ပင်ရင်း
အမှတ်- ၁၂၆၅၊ ပိတောက်မြိုင် ၃ လမ်း၊ ၃၄ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ဖုန်း - 09253355188
Viber - 09253355188

#နှလုံးသွေးကြောပွင့်ဆေး
#မြန်မာဆေး #နှလုံးသွေးကြောကျဉ်းရောဂါ

နှလုံးသွေးကြောဘာကြောင့်ကျဉ်းတာလဲ?အဓိက မြင့်တက်နေတဲ့ သွေးတွင်းကိုလက်ထရောကြောင့် ပါ။ ကိုလက်စရော ရှိသင့်တာထက်ပိုများနေတဲ့ သ...
24/07/2022

နှလုံးသွေးကြောဘာကြောင့်ကျဉ်းတာလဲ?

အဓိက မြင့်တက်နေတဲ့ သွေးတွင်းကိုလက်ထရောကြောင့် ပါ။ ကိုလက်စရော ရှိသင့်တာထက်ပိုများနေတဲ့ သူတွေရဲ့ သွေးကြောနံရံလေးတွေမှာ အဆီတွေ တဖြည့်းဖြည်းစုပုံလာပြီးနောက်ပိုင်း သွေးကြောတွေမာခဲလာကာ ေသွးကြောကျဉ်းလာပါတယ်။ ပျော့ပျောင်းလွယ်ဖြစ်ရမယ့် သွေးကြောလေးတွေ မာလာတာကြောင့် ကောင်းကောင်းအလုပ်မလုပ်တော့ဘဲ နှလုံးဆီကို သွေးရောက်တာနည်းသွားမှာ ဖြစ်တဲ့အပြင် စုပုံနေတဲ့ သွေးကြောနံရံက အဆီလေးတွေ ကွာထွက်ကုန်ပြီး နှလုံးသွေးကြောပိတ်တဲ့ ပြဿနာတွေကိုပါ ဖြစ်စေတတ်ပါတယ်။

သင်နှလုံးသွေးကြောကျဥ်းရောဂါခံစားနေရပြီဆိုရင်သဘာဝပစ္စည်းတွေ အသုံးပြုထားပြီး Chemical(ဓာတုပစ္စည်း) လုံးဝမပါဝင်တဲ့
မြတ်စေတနာ နှလုံးသွေးကြောပွင့်ဆေး ရှိပါတယ်။

ဆေးတစ်ဗူး -၃၀၀၀ ကျပ်
ဆေးတစ်ကဒ် - ၁၈၀၀၀ကျပ် (၆ဗူးပါ)

Page Chat Box မှာ လာရောက် မှာယူလို့ရသလို
🏠အမှတ် ၁၂၆၅ ၊ပိတောက်မြိုင်၃လမ်း၊၃၄ ရပ်ကွက်၊မြောက်ဒဂုံမြို့နယ်၊ရန်ကုန်။
☎ဖုန်း -09253355188 ကို ဆက်သွယ်လို့ရပါတယ်ရှင်။
နေကောင်းကျန်းမာကြပါစေရှင်🙏🙏

🍅ခရမ်းချဉ်သီးနဲ့ နှလုံးကျန်းမာရေး 🍅ခရမ်းချဉ်သီးမှာ ကာရိုတီးနွိုက်၊ ဗီတာမင် A၊ ကယ်လ်ဆီယမ် နဲ့ gamma‐aminobutyric အက်ဆစ်တိ...
22/07/2022

🍅ခရမ်းချဉ်သီးနဲ့ နှလုံးကျန်းမာရေး 🍅

ခရမ်းချဉ်သီးမှာ ကာရိုတီးနွိုက်၊ ဗီတာမင် A၊ ကယ်လ်ဆီယမ် နဲ့ gamma‐aminobutyric အက်ဆစ်တို့လိုမျိုး bioactive ဒြပ်ပေါင်းတွေ ပါဝင်နေတာကြောင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါကျန်းမာစေတဲ့အပြင် နှလုံးကိုလည်း ကျန်းမာစေနိုင်ပါတယ်။ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။

နှလုံးသွေးကြောထဲမှာ အဆီတွေစုပုံတာကြောင့် နှလုံးသွေးကြောတွေက မာတောင့်လာပြီး သွေးကြောကျဉ်းတာတွေဖြစ်လာရတာပါ။ နှလုံးသွေးကြောတွေ ကျဉ်းလာတာ၊ ပျက်စီးလာတာက သွေးတိုးရှိတာ၊ ဆီးချိုရောဂါ ခံစားနေရတာ၊ သွေးတွင်းကိုလက်စထရောများတာတွေကြောင့်ပါ။ တကယ်လို့ ဒီအခြေအနေတွေကို ထိန်းချုပ်နိုင်မယ်ဆိုရင် နှလုံးသွေးကြောရောဂါကင်းပြီး ကျန်းမာတဲ့နှလုံးလေးကိုပိုင်ဆိုင်နိုင်မှာ အသေအချာပါပဲ

Credit -Hello Doctor

နှလုံးသွေးကြောကျဥ်းရောဂါအတွက်
မြတ်စေတနာ နှလုံးသွေးကြောပွင့်ဆေးရှိပါတယ်

ဆေးတစ်ဗူး -၃၀၀၀ကျပ်
ဆေးတစ်ကဒ်-၁၈၀၀၀ကျပ် (၆လုံးပါ)ပါ
Page Chat Box မှာ မှာယူလို့ရသလို
ဖုန်း-09253355188
လိပ်စာ- မ/၁၂၆၅၊ပိတောက်မြိုင်( ၃)လမ်း၊ (၃၄) ရပ်ကွက်၊ မြောက်ဒဂုံ မြို့နယ်၊ ရန်ကုန်။ ကိုဆက်သွယ်လို့ရပါတယ်။
နေကောင်းကျန်းမာကြပါစေ🙏🙏

" မြတ်စေတနာ နှလုံးသွေးကြောပွင့်ဆေး " ✅ ဘယ်လိုလူတွေ သောက်သုံးသင့်လဲ  ????** နှလုံးသွေးကြောကျဥ်းရောဂါရှိသူများ ** သွေးလှည်...
13/02/2022

" မြတ်စေတနာ နှလုံးသွေးကြောပွင့်ဆေး "

✅ ဘယ်လိုလူတွေ သောက်သုံးသင့်လဲ ????

** နှလုံးသွေးကြောကျဥ်းရောဂါရှိသူများ
** သွေးလှည်ပတ်မှုမကောင်းသူများ
** သွေးတွင်းအဆီဓာတ်မြင့်တက်သူများ
** နှလုံးခုန် မြန် / နှေးသူများ သောက်သုံးနိုင်ပါသည် ။

✅ လက်တွေ့ပျောက်ကင်းသူ အများအပြားရှိပါတယ် ။
ယုံကြည်စိတ်ချစွာသောက်သုံးနိုင်ပါသည် ။

✅ ဘာတွေပါဝင်လဲ ?????

** ကြ က်သွန်ဖြူ
** ဂျင်း
** သံပရိုသီးအရည်
** ပန်းသီရှလကာရည်
**ပျားရည်စစ်စစ်

ရန်ကုန် အိမ်အရောက် ငွေချေစနစ်
နယ်ဝေး ကားဂိတ် တဆင့်ပို့ပေးနေပါတယ်

☎☎ 09 25 3355 188
☎☎ 09 79 562 4090

သိလိုသောအရာ ဖုန်းဆက်မေးမြန်းနိုင်ပါတယ်ရှင့် ။

သတ္တဝါအပေါင်းဘေးရန်ကင်းရှင်းကြပါစေ ။

🍋ဆီးချိုရှိသူများအတွက် သံပုယိုသီး၏ အထောက်အကူ🍋ဆီးချိုသမားနဲ့ သံပရိုသံပရိုသီးမှာ အမျှင်ဓာတ်၊ ဗီတာမင်စီ ၊ ပိုတက်ဆီယမ်တို့လိ...
21/01/2022

🍋ဆီးချိုရှိသူများအတွက် သံပုယိုသီး၏ အထောက်အကူ

🍋ဆီးချိုသမားနဲ့ သံပရို

သံပရိုသီးမှာ အမျှင်ဓာတ်၊ ဗီတာမင်စီ ၊ ပိုတက်ဆီယမ်တို့လို မျိုး နှလုံးကိုကျန်းမာစေနိုင်တဲ့ ဓာတ်တွေပါဝင်နေပါတယ်။ သည်ဓာတ်တွေက ဆီးချိုရှိတဲ့ သူတွေမှာ နှလုံးကျန်းမာအောင် အထောက်အပံ့ပေးပါတယ်။ သံပရိုသီးမှာပါတဲ့ ဗီတာမင်စီက သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။

ဒါကြောင့် ဆီးချိုရှိသူတွေအနေနဲ့ မနက်ခင်းတိုင်းမှာ သံပရိုသီးနဲ့ ရေနွေးသောက်သုံးပေးမယ်ဆိုရင် ဇီဝတွင်း ဖြစ်စဉ်တွေကို တိုးတက်ကောင်းမွန်စေမှာပါ။
အစားအစာတွေစားတဲ့အခါမှာ သံပရိုသီးလေးထည့်ပြီး စားသုံးပေးမယ်ဆိုရင် ခံတွင်းလိုက်ပြီး လန်းဆန်းမှုကိုခံစားရစေမှာပါ။ ဆီးချိုရှိသူတွေအနေနဲ့လည်း နေ့စဉ်စားသုံးတဲ့အစားအစာထဲမှာ သံပရိုသီးထည့်စားပြီး ကျန်းမာရေးအကျိုး အာနိသင်တွေရယူလိုက်ပါ။

✅၁။ သံပရိုသီးရဲ့ဗီတာမင်စီက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင် ။

သံပရိုသီးက အစားအစာတွေရဲ့အရသာကို တိုးစေနိုင်ပါတယ်။ သံပရိုသီးမှာပါတဲ့ ဗီတာမင်စီက ဆီးချိုဝေဒနာခံစားရနိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။ သစ်သီးတွေနဲ့ဟင်းသီးဟင်းရွက်တွေကို နှစ်ခြိုက်စွာစားသုံးသူတွေမှာ ဆီးချိုရောဂါဖြစ်နိုင်ခြေကို တော်တော်လေးလျော့ပါးစေနိုင်တာပါ။

ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်တဲ့ သံပရိုသီးမှာပါတဲ့ ဗီတာမင်စီက အမျိုးအစား-၂ ဆီးချိုရောဂါကို ကုသရာမှာအထောက်အကူပြုပေးနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။
ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ ဗီတာမင်စီကိုလည်း သံပရိုသီးကနေရရှိနိုင်ပါတယ်။ ဗီတာမင်စီကို ပုံမှန်စားသုံးပေးမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို လျော့ကျစေနိုင်တာကြောင့် နေ့စဉ်စားသုံးတဲ့အစားအစာထဲမှာ သံပရိုသီးလေးထည့်စားကြဖို့ ပြောပါရစေ။

၂။ သံပရိုသီးမှာပါတဲ့အမျှင်ဓာတ်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး နှလုံးထိခိုက်နိုင်ခြေကိုလျော့ကျစေနိုင် ။

သံပရိုသီးမှာ အမျှင်ဓာတ် ၂.၄ ဂရမ်ပါဝင်နေတာကြောင့် သံပရိုသီးကို စားသုံးပေးရုံနဲ့ ဆီးချိုသမားတွေမှာ လိုအပ်တဲ့အမျှင်ဓာတ်ကိုရရှိစေမှာဖြစ်ပြီး နှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။

အမျှင်ဓာတ်ပါတဲ့အစားအစာတွေက အင်ဆူလင်လိုအပ်မှုကိုလျှော့ချပေးနိုင်သွေးတွင်း ကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်ပါတယ်။ အမျှင်ဓာတ်ကအဆာခံနိုင်စေတာကြောင့် ခဏခဏ မစားမိစေအောင်လုပ်ဆောင်ပေးခြင်းဖြင့် သွေးတွင်း သကြားဓာတ်တွေမကျဆင်းအောင်အထောက်အကူပြုပေးနိုင်ပါ တယ်။

✅၃။ ပိုတက်ဆီယမ်က နှလုံးပြဿ နာကင်းဝေးစေနိုင်

ပိုတက်ဆီယမ်က သွေးပေါင်ချိန်ကိုလျော့ကျစေနိုင်ပြီး လေဖြတ်နိုင်ခြေနဲ့ ရုတ်တရက်နှလုံးရပ်တန့်တာမျိုးဖြစ်နိုင်ခြေကိုကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ သံပရိုသီးပါဝင်အောင် စားသုံးပေးမယ်ဆိုရင် ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲအနေနဲ့ဖြစ်လာတတ်တဲ့ နှလုံးပြဿနာတွေနဲ့ လေဖြတ်နိုင်ခြေတွေကိုကျဆင်းစေ နိုင်ပါတယ်။
ကိုကျဆင်းစေ နိုင်ပါတယ်။

✅၄။ အစာကြေစေနိုင်

ဆီးချိုဝေဒနာသည်တွေအနေနဲ့ အစာခြေစနစ်ကောင်းမွန်အောင် ထိန်းသိမ်းလုပ်ဆောင်ဖို့လိုအပ်ပါတယ်။ ဆီးချိုဝေဒနာခံစားရတဲ့အခါ ခန္ဓာကိုယ်ရဲ့ဖြစ်စဉ်တွေကို ထိန်းချုပ်နိုင်စွမ်းက ကျဆင်းသွားတတ်ကြပါတယ်။ သည်လိုကျ ဆင်းမှုဖြစ်စဉ်တွေထဲမှာ အစာခြေစနစ်ဖြစ်စဉ်လည်း တစ်ခုအပါအဝင်ပါ။

ဒါကြောင့် အခန့်မသင့်တဲ့အခါဆီးချိုဝေဒနာရှင်တွေဟာ စားချဉ့်ပြန်တာ၊ အစာမကြေတာမျိုးတွေခံစားရနိုင်ပါတယ်။ ဒါကြောင့် သံပရိုသီးတစ်စိတ်လောက်ကိုရေနွေးလေးနဲ့ သောက်သုံးပေးပြီး အစာခြေစနစ်ပြဿနာတွေနဲ့ ခပ်ကင်း ကင်းနေလိုက်ပါ။

✅၅။ အာဟာရစုပ်ယူမှုကို ကောင်းမွန်စေနိုင်တယ်။

ဆီးချိုရောဂါသည်တွေရဲ့ခန္ဓာကိုယ်က ပုံမှန်သူတွေထက် အာဟာရစုပ်ယူနိုင်စွမ်းပိုနည်းကြပါတယ်။ အချိုဓာတ်ကို အနည်းငယ်သာစားသုံးရတာကြောင့် ခန္ဓာကိုယ်က အာဟာရ ဓာတ်တွေရရှိမှုမှာ အနည်းငယ်အခက်အခဲရှိ နေတာလည်းဖြစ်ပါတယ်။သည်ပြဿနာတွေကို ပြေလည်စေဖို့ ကတော့ နေ့စဉ်စားသုံးတဲ့အစား အစာတွေထဲမှာ သံပရိုသီးပါဝင် အောင်စားသုံးပေးလိုက်ပါ။

သံပရိုသီးမှာ ဗီတာမင်နဲ့သတ္ထုဓာတ်တွေ၊ အမျှင်ဓာတ်တွေ၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ ဖောလိတ်တို့ပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေကို ရရှိစေနိုင်ပါတယ်။ ဒါတွေတင်မဟုတ်ဘဲ သံပရိုသီးမှာကာဘိုဟိုက်ဒရိတ်နဲ့သကြားဓာတ်တို့လည်းပါဝင်နေပါသေးတယ်။
Credit

✅ ချင်း ( ဂျင်း )အကျိုးကျေးဇူးများ✔၁။ ဝမ်းတွင်းပြဿနာတွေကို သက်သာစေတယ်ချင်းနဲ့ ချင်းအဆီကို လေထိုးလေအောင့်၊ဗိုက်အောင့််ခြင...
05/01/2022

✅ ချင်း ( ဂျင်း )အကျိုးကျေးဇူးများ

✔၁။ ဝမ်းတွင်းပြဿနာတွေကို သက်သာစေတယ်

ချင်းနဲ့ ချင်းအဆီကို လေထိုးလေအောင့်၊ဗိုက်အောင့််ခြင်းများအတွက် သုံးတတ်ကြပါတယ်။ အစာမကြေခြင်း၊ ဗိုက်အောင့်ခြင်း၊ လေထိုးလေအောင့်၊ဝမ်းလျှောခြင်း၊လေပွခြင်း၊စတဲ့ အစာအိမ်နဲ့အူလမ်းကြောင်းပြဿနာတွေ အတွက် ဆေးတစ်လက်ဖြစ်ပါတယ်။ ချင်းလက်ဖက်ရည်ကိုလည်း သည်ရောဂါတွေအတွက်သုံးလေ့ရှိတဲ့အပြင် ချင်းအဆီက အစာစားချင်စိတ်ဖြစ်လာအောင်အားပေးတဲ့အတွက် ကိုယ်အလေးချိန်တိုးလိုသူတွေ၊ခံတွင်းပျက်နေ သူတွေအတွက် အကျိုးရှိစေနိုင်ပါတယ်။

✔၂။ အစာအဆိပ်သင့်ခြင်းကို ကုသနိုင်တယ်

ချင်းဟာ ပိုးတွေကိုသေစေပြီး လေကိုကြေစေတဲ့ဓာတ်စာဖြစ်ပါတယ်။ အစာအဆိပ်သင့်ခြင်းကို ကုသရာမှာ အသုံးပြုနိုင်ပြီး အူလမ်းကြောင်းရောဂါတွေ၊ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ဝမ်းကိုက်ခြင်းကို ကုသနိုင်ပါတယ်။

✔၃။ မအီမသာဖြစ်ခြင်းကိုသက်သာစေတယ်

ချင်းနဲ့ ချင်းအဆီက မအီမသာဖြစ်ခြင်း၊ ခရီးပန်းမူးဝေခြင်းနဲ့ ပျို့အန်ခြင်းတွေအတွက် ထိရောက်မှုရှိကြောင်း သုတေသနတွေကဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ အမျိုးသမီးတွေ ကိုယ်ဝန်ကြောင့်ပျို့အန်ခြင်းသက်သာလျောပါးစေဖို့ အတွက်လည်း ချင်းကိုသုံးကြပါတယ်။

✔၄။ ငှက်ဖျားကာကွယ်တယ်

ချင်းနဲ့ချင်းအဆီက ကိုယ်ခံအားကိုကောင်းစေလို့ yellow fever နဲ့ ငှက်ဖျားတို့ကိုလည်း ကာကွယ်နိုင်ပါတယ်။

✔၅။ အသက်ရှူလမ်းကြောင်းရောဂါတွေကို ကုသနိုင်တယ်

ချင်းနဲ့ချင်းအဆီတို့ဟာ သလိပ်ပျော်ဆေးတွေလိုအစွမ်းထက်တာကြောင့် ချောင်းဆိုး၊ရင်ကျပ်၊တုပ်ကွေး၊ ပန်းနာ၊ လေပြွန်ရောင်ခြင်းနဲ့ အသက်ရှူရခက်ခြင်းတို့လို အသက်ရှူလမ်းကြောင်းဝေဒနာတွေကို ကုသပေးနိုင်ပါတယ်။ ချင်းက လည်ချောင်းနဲ့အဆုတ်ထဲက ချွဲသလိပ်တွေကိုဖယ်ရှားပေးတဲ့နေရာမှာ ထိရောက်လှတာကြောင့် အိန္ဒိယမှာ ရေနွေးကြမ်းထဲထည့်သောက်တတ်ကြပါတယ်။ ပျားရည်နဲ့ချင်း ရောစပ်လိုက်တဲ့ဆေးဖက်ဝင်အာနိသင်က အသက်ရှူလမ်းကြောင်းရောဂါတွေကုသရာမှာအစွမ်းထက်ပါတယ်။

✔၆။ ရောင်ရမ်းမှုကိုလျော့စေတယ်

ချင်းရဲ့အရောင်ကျစေတဲ့အာနိသင်ကြောင့် အဆစ်ရောင်ရောဂါ၊ လေးဖက်နာဝေဒနာများ၊ ခေါင်းကိုက်ခြင်းနဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်းတို့မှာ ရောင်ရမ်းမှုနဲ့နာကျင်ကိုက်ခဲမှုသက်သာစေနိုင်ပါတယ်။

ချင်းအဆီ သို့မဟုတ် ချင်းအနှစ်ကို နာကျင်နေတဲ့ကြွက်သားပေါ်မှာ လိမ်းပေးရင် သက်သာစေနိုင်ပါတယ်။

✔၇။ အမျိုးသမီးများ ရာသီလာစဉ်ပြဿနာများကိုသက်သာစေနိုင်တယ်

ဓမ္မတာမမှန်ခြင်း၊ ရာသီလာစဉ် ကိုက်ခဲခြင်းတို့ကို ချင်းက သက်သာစေနိုင်ပါတယ်။ ချင်းရေနွေးကြမ်း၊ ချင်းပြုတ်ရည်၊ ချင်းထည့်ထားတဲ့ ဟင်းရည်တို့ကို သောက်လို့ရတယ်။

✔၈။ နှလုံးကျန်းမာစေတယ်

တရုတ်ပြည်မှာဆိုရင် ချင်းက နှလုံးကျန်းမာရေးကို အားကောင်းစေတယ်လို့ယုံကြည်ကြပါတယ်။ သုတေသနတွေအရ ချင်းဟာ သွေးတွင်းကိုလက်စထရောကိုကျစေပြီး သွေးခဲဖြစ်ပေါ်ခြင်းကိုကာကွယ်ပေး တယ်လို့ဖော်ပြကြပါတယ်။ သည်လိုကာကွယ်ပေးခြင်းအားဖြင့် သွေးကြောပိတ်ဆို့ခြင်းဖြစ်နိုင်ခြေကို လျော့နည်းစေတဲ့အတွက် နှလုံးရုတ်တရက်ခေတ္တရပ်ခြင်းနဲ့ လေဖြတ်ခြင်းအန္တရာယ်တွေနည်းသွားစေမှာဖြစ် ပါတယ်။

✔၉။ ပန်းသေခြင်းကို ကုသနိုင်တယ်

ချင်းဟာ အမျိုးသားကျန်းမာရေးအတွက်လည်း အသုံးဝင်ပါတယ်။ ချင်းနဲ့ချင်းအဆီတို့က သည်ဘက်မှာ သဘာဝအားတိုးဆေးအာနိသင်ရှိတာကြောင့် ပန်းသေပန်းညှိုးဖြစ်ခြင်း၊ သုက်လွှတ်မြန်ခြင်းတို့အတွက် အစွမ်းထက်တယ်လို့ဆိုပါတယ်။

✔၁၀။ ကျောက်ကပ်ကျောက်ကို ကြေစေတယ်

ချင်းဖျော်ရည်၊ ချင်းရေနွေးကြမ်းက ကျောက်ကပ်ကျောက်ကိုကြေစေနိုင်တယ်လို့လည်း ယူဆကြပါတယ်။

✔၁၁။ ဆံသားကျန်းမာရေး

ချင်းဟာ ဆံသားကျန်းမာရေးအတွက်လည်းကောင်းပါတယ်။ ချင်းရည်က ဗောက်ပျောက်စေနိုင်ပါတယ်။

✔၁၂။ ကင်ဆာကာကွယ်နိုင်တယ်

American Cancer Society အရ ချင်းက ကင်ဆာကိုကုသရာမှာအသုံးဝင်နိုင်တယ်လို့ ကနဦးသုတေသနတွေက ဖော်ပြခဲ့ပါတယ်။
ချင်းအဆီကို သံပရာ၊သံပရို၊ယူကလစ်၊ရို့စ်မေရီ၊လိမ္မော်သီးတို့အပါအဝင် တခြားအဆီတွေနဲ့လည်း ရောသုံးနိုင်ပါတယ်။
credit 🙏

⭐ ကြ က်သွန်ဖြူ အစွမ်း ⭐ကြက်သွန်ဖြူကတော့ ကျန်းမာရေးအတွက် ဘက်စုံအသုံးဝင်တဲ့ အစားအစာတစ်မျိုးပဲဖြစ်ပါတယ်။ ⭐ ဟင်းချက်တိုင်းမှ...
19/12/2021

⭐ ကြ က်သွန်ဖြူ အစွမ်း ⭐

ကြက်သွန်ဖြူကတော့ ကျန်းမာရေးအတွက် ဘက်စုံအသုံးဝင်တဲ့ အစားအစာတစ်မျိုးပဲဖြစ်ပါတယ်။

⭐ ဟင်းချက်တိုင်းမှာ ကြက်သွန်ဖြူကို အမြဲတမ်းထည့်ချက်ပေးမယ်ဆိုရင်တော့ ကိုလက်စတောပမာဏကို လျော့ချပေးပြီး နှလုံးရောဂါ ခံစားရခြင်းမှ အလိုအလျောက်ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။

⭐ တုပ်ကွေး၊ အအေးမိ၊ ချောင်းဆိုးတာနဲ့ ခေါင်းကိုက်ခြင်းတွေကို သက်သာစေနိုင်ပါတယ်။ ကိုယ်ထဲက အဆိပ်ကို ထုတ်စေဖို့ ဂျင်း၊ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတို့ ပေါင်းပြီး စားလို့ ရပါတယ်။

⭐ ကြက်သွန်ဖြူဟာ အစိမ်းစားတာ အကောင်းဆုံးပါပဲ။ ကျန်းမာရေးနဲ့ ညီညွတ်စေမယ့် နည်းကတော့ ကြက်သွန်ဖြူကို ပျားရည်နဲ့ စိမ်ပြီး မနက်စောစော စားပေးခြင်းပါပဲ။

⭐အဖုအပိန့်များထွက်နေပြီး ယားယံနေတယ်ဆိုရင် ကြက်သွန်ဖြူနဲ့ ပွတ်တိုက်ပေးခြင်းဖြင့် သိသိသာသာ ပျောက်ကင်းစေနိုင်ပါတယ်။

⭐ လေ့လာချက်တွေအရ ကြက်သွန်ဖြူကို နေ့စဉ် စားပေးခြင်းအားဖြင့် ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေပြီး ခန္ဓာကိုယ်အတွင်းက အဆီတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။

⭐ အားကစားသမားအများစု ကြုံတွေ့ရလေ့ရှိတဲ့ ချွေးထွက်များမှုကြောင့် ယားယံခြင်းနဲ့ ခြေထောက်မှိုစွဲတဲ့ပြဿနာအတွက် ကြက်သွန်ဖြူဟာ အသုံးဝင်ပါသေးတယ်။ ယားယံခြင်းအတွက် ကြက်သွန်ဖြူပါဝင်တဲ့ ရေနွေးလေးနဲ့ ပုံမှန် ခြေထောက်ကို စိမ်ပေးခြင်းအားဖြင့် သက်သာပျောက်ကင်းစေနိင်ပါတယ်။

⭐ ရာသီဥတုအပြောင်းအလဲကြောင့် ခံတွင်းအတွင်းမှာ အနာပေါက်ခြင်းကိုလည်း ကြက်သွန်ဖြူကို စားသုံးခြင်းနဲ့ ကုသနိင်ပါတယ်။

⭐ ဆံပင်ကျွတ်တဲ့ပြဿနာ ကြုံတွေ့နေရတယ်ဆိုရင် ကြက်သွန်အဖြူအမွှာလေးတွေနဲ့ ပွတ်တိုက်ပေးနိုင်တဲ့အပြင် အုန်းဆီနဲ့ကြက်သွန်ဖြူရောပြီး ဦးရေပြားထိရောက်အောင် လိမ်းပေးကာ ဆံပင်ကျွတ်ခြင်းပြဿနာကို ဖြေရှင်းနိင်ပါတယ်။

⭐ ကြက်သွန်ဖြူဟာ ခြင်ပြေးစေပါတယ်။ ကြက်သွန်ဖြူဖျော်ရည်အနည်းငယ်ကို ခြေထောက်တွေ၊ လက်တွေကို လိမ်းပေးရင်၊ ကြက်သွန်ဖြူအမွှာများကို အနီးနားမှာ ထားပေးရင် ခြင်ကိုက်မခံရနိုင်တော့ပါဘူး။

⭐ ကြက်သွန်ဖြူဟာ ခန္ဓာကိုယ်တွင်း သွေးသားသန့်စင် အားကောင်းစေပါတယ်။နေ့စဉ် ကြက်သွန်ဖြူနှစ်မွှာကို ရေနွေးနဲ့ ပုံမှန်စားသုံးပေးခြင်းအားဖြင့် ခန္ဓာကိုယ်ထဲက သွေးသားတွေ ပုံမှန်လည်ပတ်စေပြီး ကြည်လင်စိုပြေတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

⭐ ကြက်သွန်ဖြူကို ပိုးသတ်ဆေးအဖြစ် အပင်စိုက်ပျိုးရာမှာလည်း အသုံးပြုနိုင်ပါသေးတယ်။ ကြက်သွန်ဖြူကို ရေ၊ ဓာတုဆေးရည်အဆီ၊ ဆပ်ပြာရည်တို့နဲ့ ရောစပ်ပြီး အပင်တွေကိုဖြန်းပေးခြင်းဖြင့် ပိုးမွှားများရဲ့ အန္တရာယ်ကနေ ကင်းဝေးနိုင်ပါတယ်။

⭐ ကြက်သွန်ဖြူဟာ ဝက်ခြံပျောက်စေတဲ့ အကျိုးအာနိသင်တွေများစွာပါရှိပါတယ်။ ဝက်ခြံပေါက်နေတဲ့နေရာတစ်ဝိုက်ကို ကြက်သွန်ဖြူနဲ့ ပွတ်တိုက်ပေးရင် ဘတ်တီးရီးယားပိုးမွှားတွေသေပြီး သက်သာပျောက်ကင်းလာပါလိမ့်မယ်။
မူရင်းရေးသားသူကို credit ပါရှင့် 🙏

✴ မြတ်စေတနာနှလုံးသွေးကြောပွင့်ဆေး ✴✅ နှလုံးသွေးကြောကျဥ်းနေသူများ /ပိတ်နေသူများ✅ အသဲအဆီဖုံး / နှလုံးအဆီဖုံးသူများ✅ ကိုလက်...
12/12/2021

✴ မြတ်စေတနာနှလုံးသွေးကြောပွင့်ဆေး ✴

✅ နှလုံးသွေးကြောကျဥ်းနေသူများ /ပိတ်နေသူများ
✅ အသဲအဆီဖုံး / နှလုံးအဆီဖုံးသူများ
✅ ကိုလက်စထရော ( cholesterol ) များနေသူများ
✅ နှလုံးခုန်မမှန်သူများ
✅ သွေးပျစ်သူများ
လက်တွေ့ပျောက်ကင်း ကြပါသည် ။

နှလုံးသွေးကြောကျဥ်း ၍ stend ထည့်ရမည့်သူများ ၊ Bypass လုပ်ရမည့် ဝေဒနါရှင်များ သည် ဤဆေးကို သောက်သုံးခြင်းဖြင့် ခွဲစိတ်စရာမလို ဘဲ သက်သာပျောက်ကင်းစေ ပါသည် ။

ဆရာဝန်တောင် လက်လျော့ လိုက်သော ကျွန်မ အဖေ သည် ဤ ဆေး ဖြင့် လက်တွေ့ ပျောက်ကင်း ထားပါသည် ။

၁ ဗူး - ၃၀၀၀ကျပ် ( 10 ရက် )
၁ ကဒ် - ၁၈၀၀၀ကျပ် (6ဘူး)

ကိုယ်စာလှယ် ယူပြီး ဖြန့်ချီချင်သူများ ၊ ဆေးဆိုင် တွင် ပြန်လည် ​ေရာင်းချ ချင်သူများ လာရောက် ဆက်သွယ်ပေးနိုင်ပါတယ် ရှင့် ။

ပင်ရင်း - ၁၂၆၅ / ပိတောက်မြိုင် ၃ လမ်း / ၃၄ ရပ်ကွက် / မြောက်ဒဂုံ / ရန်ကုန်
☎☎ 09 25 33 55 188

 #ဒုတိယနှလုံးခြေသလုံးပါ....အသက်၅၀ကျော်လျှင် လမ်းလျှောက်ပေးကြပါ...သဘာဝကြီးက လူတွေကိုမွေးကတည်းက ပေးထားတဲ့  နှလုံးဟာ တစ်ခုတ...
11/12/2021

#ဒုတိယနှလုံးခြေသလုံးပါ....

အသက်၅၀ကျော်လျှင် လမ်းလျှောက်ပေးကြပါ...
သဘာဝကြီးက လူတွေကိုမွေးကတည်းက ပေးထားတဲ့ နှလုံးဟာ တစ်ခုတည်းမဟုတ်ပါဘူး။
အဖေါ် ပါလာပါတယ်။

အဲဒါဟာ ခြေသလုံးတွေက ကြွက်သားတွေပဲဖြစ်ပါတယ်။
နှလုံးခုန်ခြင်းဟာ သူဟာသူခုန်နေတာဖြစ်ပေမဲ့ခြေသလုံးက နှလုံးတွေကတော့ လူကလုပ်ပေးမှအလုပ်လုပ်တာပါ။

လူတစ်ယောက်ဟာ တစ်နေ့ကိုနှလုံးခုန်တဲ့အကြိမ်ပေါင်း တစ်သိန်းလောက် ရှိပါတယ်။

အဲဒါဟာ သွေးတွေကို သွေးလွှတ်ကြောကနေတစ်ဆင့် တစ်ကိုယ်လုံးသို့ ပို့လွတ်ဖို့နှလုံး က pump လုပ်နေခြင်း ဖြစ်ပါတယ်။

အဲဒီသွေးတွေဟာ သွေးပြန်ကြောကနေ တစ်ဆင့်နှလုံးကို ပြန်ရောက်လာပါတယ်။သွေးလည်ပတ်တယ်ဆိုတာဟာဒါပါပဲ။

နှလုံးက သွေးတွေကိုညှစ်ထုတ်ပြီး တစ်ကိုယ်လုံးကိုကောင်းစွာရောက်ဖို့ဆိုတာ သူ့ရဲ့သွေးအိမ်ထဲမှာသွေးတွေပြည့်နေဖို့လိုပါတယ်။

နှလုံးအိမ်ထဲမှာ သွေးတွေလျော့နည်းနေရင် သွေးလွှတ်ကြောကနေ သွေးပို့လွှတ်မှု နည်းပါးသွားပါလေရော။

အဲဒီအခါကျတော့ သွေးလှည့်ပတ်မှုမကောင်းတော့ဘူး။
သွေးလည်ပတ်မှုမကောင်းတော့ သွေးထဲကကော်လက်စထရောတွေ၊ ကယ်စီယမ်တွေနဲ့အဆိပ်တွေကအနည်ထိုင်ပြီး သွေးကြောပိတ်ဆို့မှုကို ဖြစ်စေပါတယ်။

နှလုံးအိမ်မှာ သွေးအားကောင်းဖို့အတွက် အထိရောက် ဆုံး လုပ်ပေးနိုင်တာကတော့ ခြေသလုံး၂ခုကကြွက်သားတွေပဲဖြစ်ပါတယ်။

ခြေသလုံး၂ခုက ကြွက်သားတွေညှစ်ပေးမှသွေးပြန်ကြောထဲက သွေးတွေကနှလုံးကို ကောင်းစွာ ရောက်ပါတယ်။

နှလုံးအိမ်မှာ သွေးတွေပြည့်သွားတော့မှ နှလုံးကညှစ်လိုက်ရင် သွေးတွေဟာ အားကောင်းကောင်းနဲ့သွေးလွှတ်ကြော ထဲကို တစ်ရှိန်ထိုးဝင်ရောက်သွားပါတယ်။

ရေပိုက်တစ်ခုထဲမှာ ရေအားနည်းရင်ရေကကောင်းကောင်းမစီးဘဲ ရေထဲမှာပါလာတဲ့ အနည်တွေထိုင်ပါတယ်။ကြာတော့ ရေပိုက်ပိတ်ဆို့မှု ဖြစ်လာရော။

ရေအားကောင်းကောင်းနဲ့ ထိုးလွှတ်လိုက်တော့
ရေပိုက်ထဲက အနည်တွေပိတ်နေတာတွေလည်း ရှင်းသွားပါတယ်။သွေးကြောကလည်း အဲဒီသဘောအတိုင်းပါပဲ။

နှလုံးမှာ သွေးအားကောင်းဖို့အတွက်ခြေသလုံးကြွက်သား တွေညှစ်မှ ရတာပါ။

ခြေသလုံးကြွက်သားတွေ ညှစ်ဖို့ဆိုတာ လမ်းလျှောက်ပေးမှရတာပါ။အပြေးလေ့ကျင့်မှရတာပါ။
ခြေသလုံးကြွက်သားတွေ အကြိမ်ကြိမ်ညှစ်မှနှလုံး သွေးအားကောင်းပြီး သွေးကြောတွေ ရှင်းမှာဖြစ်ပါတယ်။

ယခုအခါမှာ လူတွေဟာလမ်းတောင် မလျှောက်ကြဘဲဇိမ်ခံပစ္စည်းအမျိုးမျိုးနဲ့သာ အချိန်ကုန်နေကြပါတယ်။
ဒါကြောင့် နှလုံးသွေးကြောပိတ်ပြီး နှလုံးရောဂါအမျိုးမျိုးနဲ့သေနေကြတာ အများကြီးပါပဲ။

ခြေသလုံး၂ခုကို လှုပ်ရှားပြီးကြွက်သားတွေကို ညှစ်ပေးနိုင်မှ နှလုံးအားကောင်းပြီး ကျန်းမာကြပါလိမ့်မယ်။
လမ်းလျှောက်တဲ့လူတွေ အသက်ရှည်တယ် ဆိုတာဒါကြောင့်ပါ။

တဆင့်ပြန်လည်မျှဝေပါတယ်ရှင်
မူရင်းရေးသားသူကို credit ပေးပါတယ်ရှင့် 🙏

⭐ မြတ်စေတနာ နှလုံးသွေးကြောပွင့်ဆေး ⭐

✅ ဘယ်လို လူတွေ သောက်သုံးသင့်လဲ ?

** နှလုံးသွေးကြောကျဥ်သူများ / ပိတ်သူများ
** နှလုံးအဆီဖုံး / အသဲအဆီဖုံးသူများ
** သွေးတွင် ကိုလက်စထရောမြင့်တက်သူများ
** သွေးလှည်ပတ်မကောင်းသူများ
** နှလုံးခုန်နှေး / မြန် / မမှန်သူများ
တို့ကို လက်တွေ့ပျောက်ကင်း ကြပါသည်။

⭐ ဘာတွေ ပါဝင်လဲ ?

** ကြ က်သွန်ဖြူး
** ချင်း
** ပန်းသီရှလကာရည်
** သံပယိုသီးအရည်
** ပျားရည် စစ်စစ်

သဘာဝ ကုန်ကြမ်းစစ်စစ်ကိုသာ အသုံး ပြုထားသောကြောင့် ယုံကြည်စိတ်ချစွာ မှီဝဲနိုင်ပါသည် ။

မည်သည့် ဓာတု ပစ္စည်း ၊ တာရှည်ခံဆေး ကိုမှ မထည့်သွင်းထားပါ ။

၁ ဘူး - 10 ရက်

စျေးနှုန်း - ၃၀၀၀ကျပ်
တကဒ် - ၁၈၀၀၀ကျပ်

ကိုယ်စားလှယ် ယူပြီး ဖြန့်ချီချင်သူများ ဆက်သွယ်နိုင်ပါတယ် ရှင့် ။

ပင်ရင်း - ၁၂၆၅ / ပိတောက်မြိုင်၃လမ်း / ၃၄ ရပ်ကွက် / မြောက်ဒဂုံ / ရန်ကုန်တိုင်း

☎☎ Ph. 09 25 33 55 188

နယ်ဝေး ကားဂိတ် အရောက် ပို့ပေးပါသည်။

🙏 ကျေးဇူးတင်ပါတယ် ရှင့် 🙏

ဆေးမသောက်ပဲ_ဆီးချိုရောဂါပျောက်စေနည်း=================================ဟင်းလျှာအဖြစ်ချက်စား ဆေးဖက်ဝင်သလားမမေးနဲ့✅ ရုံးပတီသ...
11/12/2021

ဆေးမသောက်ပဲ_ဆီးချိုရောဂါပျောက်စေနည်း
=================================

ဟင်းလျှာအဖြစ်ချက်စား ဆေးဖက်ဝင်သလားမမေးနဲ့

✅ ရုံးပတီသီး

ဆေးမသောက်ပဲ ပျောက်တယ်ရယ်လို့တော့ မဟုတ်ပါဘူး။ သို့ပေမယ့် ဒီ သဘာဝ နည်းလမ်းက ဆီးချိုရောဂါ ရှိသူများအတွက် အလွယ်ကူဆုံးနဲ့ အကောင်းဆုံးထဲက ကုထုံးနည်း တစ်ခု ဖြစ်ပါတယ်။ ဆေးသာက်နေရာ သူများလည်း အသုံးပြုလို့ ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ရုံးပတီသီး လိုအပ် ပါတယ်။

ရုံးပတီသီး (Lady Finger) ၂ လုံး (၂တောင့်) ကို ထိပ်နှစ်ဖက် ဖြတ်၊ အလယ်မှာ ဓားနဲ့ အပေါက်/အဆင်း ဖောက်ပေးပြီး ရေဖြည့်ထ
ားတဲ့ ဖန်ခွက်ကြီးထဲကို ညအိပ်ယာဝင်ခါနီးမှာ ရောစိမ်ထားရပါမယ်။ ဖုံးအုပ်ထား လို့လည်း လိုပါတယ်။ အိပ်ယာထလို့ မနက်စာ စားခါနီးမှာတော့ စိမ်ထားတဲ့ ရုံးပတီသီးကို ဖယ်လို့ သောက်နိုင်ပါပြီ။

ဒီမှာ ရုံးပတီသီးကို ပိုးမွားကင်းဆင်အောင် သေချာဆေးကျော ဖို့ လိုပြီး ရေ သန့်နဲ့ စိမ်ရမှာ ဖြစ်ပါတယ်။ နှစ်ပတ်ကြာတဲ့အခါ သွေးထဲ သကြားဓာတ်ကို စစ်ဆေးကြည့်တော့ သိသိသာသာပဲ သကြား (ဂလူး ကိုစ့်ဓာတ်) နည်းသွား တာကို တွေ့ရမှာ ဖြစ်ပါတယ်။ လနဲ့ စွဲသောက်ရင် သိသိသာသာ ကျဆင်း ပါတယ်။ ဆီးချိုဟာ နာတာရှည်လိုပဲ ဒုက္ခပေးနေ တတ်ရင် ဒီ ရုံးပတီသီး စိမ်တဲ့ရေကို မနက်တိုင်း ပုံမှန်သောက်ခြင်းဖြင့် ဆီးချိုရောဂါကို သက်သာ ပျောက်ကင်းစေတယ်လို့ သိရပါတယ်။

Ref: medic-facts
Credit..May Soe

Address

No. 1265, Padauk Myaing (3) Street, 34 Ward, North Dagon
Yangon

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Telephone

+959253355188

Website

Alerts

Be the first to know and let us send you an email when Myat Saytanar- မြတ်စေတနာ နှလုံးဆေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram