Jaypeeဆေးရုံကြီးမြန်မာပြည်ကိုယ်စားလှယ်ရုံး

  • Home
  • Myanmar
  • Yangon
  • Jaypeeဆေးရုံကြီးမြန်မာပြည်ကိုယ်စားလှယ်ရုံး

Jaypeeဆေးရုံကြီးမြန်မာပြည်ကိုယ်စားလှယ်ရုံး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Jaypeeဆေးရုံကြီးမြန်မာပြည်ကိုယ်စားလှယ်ရုံး, Medical and health, No. 19/23, Zayawaddy Street/Baho Road, Sanchaung Township, Yangon.

Happy Father's Day 2023ယနေ့ကျရောက်သော အဖေများနေ့မှစပြီး ကမ္ဘာပေါ်တွင်ရှိသော အဖေများအားလုံး ပိုမိုကျန်းမာပျော်ရွှင်ကြပါစေ...
18/06/2023

Happy Father's Day 2023
ယနေ့ကျရောက်သော အဖေများနေ့မှစပြီး ကမ္ဘာပေါ်တွင်ရှိသော အဖေများအားလုံး ပိုမိုကျန်းမာပျော်ရွှင်ကြပါစေကြောင်း Medic Journey မှဆုမွန်ကောင်းတောင်းအပ်ပါသည်။

08/06/2023

🧠 𝗪𝗼𝗿𝗹𝗱 𝗕𝗿𝗮𝗶𝗻 𝗧𝘂𝗺𝗼𝗿 𝗗𝗮𝘆 🧠

ယနေ့ ~ June (8) ရက်နေ့ဟာ

World brain tumor Day အဖြစ် သတ်မှတ်ထားတဲ့ နေ့လေးတစ်နေ့ဖြစ်ပါတယ်။

"World Brain Tumor Day" ကို ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ "Deutsche Hirntumorhilfe e.V" မှ ကမ္ဘာတစ်ဝှမ်းလုံးရှိ ဦးနှောက်ကင်ဆာရောဂါ ခံစားနေရသူများ၊ လူနာရှင်များအပြင် ဦးနှောက်ကင်ဆာနှင့် ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာ ဗဟုသုတရရှိစေရန်ရည်ရွယ်ချက်ဖြင့် 2000 ခုနှစ်မှာ စတင်ကျင်းပပေးခဲ့တာပါ။

ကမ္ဘာတစ်ဝှမ်းအဖွဲ့အစည်းအသီးသီး၏ ရှာဖွေတွေ့ရှိချက်များအရ ဦးနှောက်ကင်ဆာရောဂါ ခံစားရသူများဟာ နှစ်စဥ်နှစ်တိုင်း တိုးများလာပါတယ်။

ဒါ့အပြင် ကမ္ဘာပေါ်မှာ ဦးနှောက်ကင်ဆာရောဂါပုံစံကွဲပေါင်း များစွာရှိလာတာကြောင့် ရောဂါရင်းမြစ်ကို ရှာဖွေရန်ခက်ခဲပါတယ်။ ရှာဖွေတွေ့ရှိချက်များအရ

~X ray ဓာတ်ရောင်ခြည်နဲ့ ထိတွေ့မှုများခြင်း

~ ဖုန်း ကြာရှည်စွာ အသုံးပြုခြင်း

~ screen time များခြင်း

~ အိပ်ရေးဝဝ မအိပ်စက်ခြင်း

စတဲ့အကြောင်းအရာများဟာလည်း ဦးနှောက်ရဲ့စွမ်းဆောင်ရည်ကို ကျဆင်းစေတတ်ပါတယ်

မီးခိုးရောင် ဖဲကြိုးလေးကတော့ Brain Tumor ရောဂါ ခံစားရတဲ့ patients တွေကို ကိုယ်စားပြုပါတယ်

Brain Tumor Day ရဲ့

"Together we are stronger" ✊️ဆိုတဲ့ ဒီနှစ်ရဲ့ ဆောင်ပုဒ်လေးနဲ့ အတူ Brain Tumor ရောဂါသည်များကိုလည်း အားပေးရင်း ကိုယ်တိုင်လည်း Brain Tumor ရောဂါမဖြစ်အောင် ဂရုစိုက်ကြမယ်နော်။🙆‍♀️



ကျောက်ကပ်အစားထိုးခွဲစိတ်မှုပြုလုပ်ပြီးသောလူနာများဆောင်ရန်ရှောင်ရန်အချက်များ- ခွဲစိတ်ပြီးသောလူနာများသည် သူတစ်ပါးခန္ဓာကိုယ...
30/05/2023

ကျောက်ကပ်အစားထိုးခွဲစိတ်မှုပြုလုပ်ပြီးသောလူနာများဆောင်ရန်ရှောင်ရန်အချက်များ

- ခွဲစိတ်ပြီးသောလူနာများသည် သူတစ်ပါးခန္ဓာကိုယ်အစိတ်အပိုင်းကို မိမိခန္ဓာကိုယ်ထဲတွင်ထည့်ထားခြင်းဖြစ်၍ ခန္ဓာကိုယ်မှ အစားထိုးထားသောအင်္ဂါကိုပြန်လည်တိုက်ထုတ်ခြင်းမရှိအောင် ကိုယ်ခံအားချဆေးနှင့် အခြားသောဆေးများကိုဆရာဝန်ညွှန်ကြားချက်အတိုင်းပုံမှန်သောက်သုံးရန်လိုအပ်ပါတယ်။

-ကိုယ်ခံအားချထားခြင်းကြောင့်ရောဂါပိုးများ အလွယ်တကူမဝင်နိုင်ရန် အနေအထိုင်အစားအသောက် ဆင်ခြင်ပြီး ၁နှစ်၁ခါ လိုအပ်သောဆေးစစ်မှုများ ပုံမှန်ပြုလုပ်ရန် လိုအပ်ပါတယ်။

-ရောဂါပိုးများ အလွယ်တကူမဝင်နိုင်စေရန် တစ်ခုခုကိုင်တွယ်ပြီးပါက လက်ကိုစင်ကြယ်စွာဆေးကြောခြင်း၊ နေရောင်နှင့်တိုက်ရိုက်ထိတွေ့ခြင်းမှရှောင်ကြဥ်ခြင်း၊ခွဲစိတ်ပြီး၄ပတ်မှ၆ပတ်အတွင်းလူထူထပ်သော‌နေရာများသို့သွားခြင်း၊အိမ်တွင်နေထိုင်မကောင်းဖြစ်သောလူများရှိပါက လူနာနှင့်နီးနီးကပ်ကပ်နေထိုင်ခြင်းတို့မှ ရှောင်ကြဥ်ခြင်း တို့ကိုပြုလုပ်သင့်ပါတယ်။

-ဆီးချိုနှင့်သွေးတိုးရောဂါရှိသူများအနေဖြင့် သွေးပေါင်ချိန်ပုံမှန်တိုင်းခြင်း၊ သွေးတွင်းသကြားဓာတ်ပုံမှန် တိုင်းတာခြင်းနှင့်ဆေးပုံမှန်သောက်သုံးခြင်းတို့ကိုပြုလုပ်သင့်ပါတယ်။

-ခွဲစိတ်ပြီး၂လအတွင်း လေးလံသောပစ္စည်းများမခြင်း၊ပြင်းထန်သောကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ခြင်းနှင့် ကားမောင်းခြင်း၊ခရီးသွားခြင်းများကိုလည်း ရှောင်ကြဥ်သင့်ပါတယ်။

-တစ်ချို့သောလူနာများတွင် ခန္ဓာကိုယ်ခုခံအားစနစ်မှ ကျောက်ကပ်သစ်ကိုပြန်လည်တိုက်ခိုက်ခြင်းကြောင့် Rejection ဖြစ်ပွားနိုင်ပါသည်။Rejectionသည် များသောအားဖြင့်ကျောက်ကပ်အစားထိုးပြီး၆လအတွင်း ဖြစ်ပွားတတ်ပါသည်။Rejectionလက္ခဏာများမှာဖျားခြင်း(အဖျား100°Fနှင့်အထက်ရှိခြင်း)၊ဆီးသွားနည်းခြင်း၊ ခန္ဓာကိုယ်အလေးချိန်ရုတ်တရက်တိုးလာခြင်း၊ခြေလက်များဖောရောင်ခြင်း၊ခွဲထားသောနေရာတစ်ဝိုက်တွင် နာခြင်း၊မောပန်းနွမ်းနယ်ခြင်းနှင့်ကိုယ်လက်မအီမသာဖြစ်ခြင်းတို့ဖြစ်ပါသည်။ထိုသို့သောလက္ခဏာများဖြစ်ပေါ်လာပါက သက်ဆိုင်ရာဆရာဝန်နှင့် ပြသပြီးအမြန်ဆုံးကုသမှုခံယူသင့်ပါသည်။


ေးရုံကြီးမြန်မာပြည်ကိုယ်စားလှယ်ရုံး

ယနေ့သည် ကမ္ဘာလုံးဆိုင်ရာ ဓမ္မတာလာစဉ် တစ်ကိုယ်ရည်သန့်ရှင်းရေး၏ အရေးပါမှုကို မီးမောင်းထိုးပြရန်အတွက် နှစ်စဉ် မေလ ၂၈ ရက်နေ့...
28/05/2023

ယနေ့သည် ကမ္ဘာလုံးဆိုင်ရာ ဓမ္မတာလာစဉ် တစ်ကိုယ်ရည်သန့်ရှင်းရေး၏ အရေးပါမှုကို မီးမောင်းထိုးပြရန်အတွက် နှစ်စဉ် မေလ ၂၈ ရက်နေ့ကို အသိပညာပေးနေ့ဖြစ်သည်။
ေးရုံကြီးမြန်မာပြည်ကိုယ်စားလှယ်ရုံး

13.05.2023 နေ့တွင်အောင်မြင်စွာ‌ ကျင်းပပြုလုပ်ခဲ့သည့် အိန္ဒိယ၏ နိုင်ငံတကာအဆင့်မီ ‌Jaypee ဆေးရုံကြီးမှ ဆရာဝန်ကြီးများ ဟောပ...
22/05/2023

13.05.2023 နေ့တွင်အောင်မြင်စွာ‌ ကျင်းပပြုလုပ်ခဲ့သည့် အိန္ဒိယ၏ နိုင်ငံတကာအဆင့်မီ ‌Jaypee ဆေးရုံကြီးမှ ဆရာဝန်ကြီးများ ဟောပြောခဲ့သည့် ကျန်းမာရေးဆွေးနွေးပွဲကြီး၏ အမှတ်တရပုံရိပ်များဖြစ်ပါသည်။

ပွဲအားလာရောက်တာရောက်ခဲ့သူ တစ်ဦးတစ်ယောက်ချင်းဆီအား အထူးကျေးဇူးတင်ရှိပါသည်။

20/05/2023

India နိုင်ငံ Jaypee ဆေးရုံကြီးတွင် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုအောင်မြင်သော လူငယ်တစ်ယောက်၏ အတွေ့အကြုံနှင့် အကြုံပြုချက်များကို Jaypee ဆေးရုံကြီးမှ မေးမြန်းထားသော interview ကို ဖော်ပြပေးလိုက်ပါတယ်ရှင်🤗

ကျောက်ကပ်အစားထိုးပြီးလူနာများ ဆောင်ရန်ရှောင်ရန်များအစာအာဟာရပြည့်ဝမျှတစွာစားသောက်ခြင်းသည် ကျောက်ကပ်အစားထိုးပြီးလူနာများအတ...
20/05/2023

ကျောက်ကပ်အစားထိုးပြီးလူနာများ ဆောင်ရန်ရှောင်ရန်များ

အစာအာဟာရပြည့်ဝမျှတစွာစားသောက်ခြင်းသည် ကျောက်ကပ်အစားထိုးပြီးလူနာများအတွက် အရေးကြီးသော အချက်ဖြစ်ပါသည်။ ပရိုတင်းဓာတ်၊ သကြား ၊ဆား၊ ဗီတာမင်နှင့်သတ္တုဓာတ် အစရှိသည်တို့ကို လုံလောက်မျှတစွာ စားသောက်ရန်လိုအပ်ပါသည်။

ပရိုတင်း(Protein)

အစားထိုးပြီး အစပိုင်းလများတွင်အနာကျက်ခြင်းကိုအား‌ပေးရန်ပရိုတင်းဓာတ်ကို သေချာလုံလောက်စွာ စားသုံးရန်လိုအပ်ပါသည်။ ပရိုတင်းဓာတ်ပြည့်ဝသော အသားအမျိုးမျိုး(အမဲသား ဝက်သား အစရှိသည်)၊ ငါးအမျိုးမျိုး၊ နို့ထွက်ပစ္စည်းများဖြစ်သော ဒိန်ချဉ်၊ ချိစ်၊ ကြက်ဥ (သို့သော် ကြက်ဥအနှစ် တစ်ပတ်လျှင် ၃-၄လုံးထက်မပိုစေရပါ)တို့ကို စားသုံးပေးသင့်ပါသည်။ သက်သက်လွတ်စားသုံးသူများအနေဖြင့် အသားအစားထိုး အနေဖြင့် ပဲအမျိုးမျိုး၊ ပဲနို့၊တို့ဟူးအစရှိသည်တို့ကို စားသောက်နိုင်ပါသည်။

သကြားဓာတ်(Sugar)

အစားထိုးပြီးလူနာများတွင် သောက်သုံးရသောsteroidဆေးများနှင့် ကိုယ်ခံအားချဆေးများကြောင့် သွေးတွင်း သကြားဓာတ်များမြင့်တက်နိုင်ပါသည်။ အချိုရည်များ၊စည်သွတ်ဘူး အသီးအနှံများ၊ ကွတ်ကီး ၊ဒိုးနပ်၊ ရေခဲမုန့်၊ ဂျယ်လီ၊ ပျားရည် အစရှိသည့်အချိုဓာတ်များပြားသောအစားအစာတို့ကို ရှောင်ကြဉ်သင့်ပါသည်။

ဆားဓာတ်(Sodium)

Steroidဆေးများသည်သကြားဓာတ်အပြင်ဆားဓာတ်ကိုလည်းမြင့်တက်စေပြီးသွေးပေါင်ချိန်မြင့်တက်စေနိုင်ပါ သည်။ဟင်းချက်ရာတွင်ဆားဓာတ်ကို အတတ်နိုင်ဆုံးလျှော့ချပြီးချက်ပြုတ်စားသုံးသင့်ပါသည်။ ဆီသွတ်ဘူးဖြင့် သိုလှောင်ထားသော အသီးအရွက်၊ အသား၊ ငါးများ ၊ငါးပိ၊ ငါးခြောက်၊ ဝက်ပေါင်ခြောက်၊ ကြက်အူချောင်း ဝက်အူချောင်းများ၊ အငန်ဓာတ်ပါသော crackers များ၊ popcornများ ကဲ့သို့သော အစားအစာများကိုလည်း ရှောင်ကြဉ်သင့်ပါသည်။

ပိုတက်ဆီယမ်(Potassium)

ကျောက်ကပ်အစားထိုးပြီးနောက်တွင်သောက်ရသည့် Cyclosporin ဆေးသည် သွေးတွင်းပိုတက်ဆီယမ်ကို တက်စေပြီး Laxis ကဲ့သို့သော ဆီးဆေးများသည် သွေးတွင်းပိုတက်ဆီယမ် ကိုကျစေပါသည်။ ထို့ကြောင့် potassium များသော အစားအစာများကို ချင့်ချိန်စားသုံးသင့်ပါသည်။ပိုတက်ဆီယမ်များသော အသီးအနှံများ ဖြစ်သော ဌက်ပျောသီး၊ ထောပတ်သီး၊ ခရမ်းချဉ်သီး၊လိမ္မော်သီး၊ ဇီးသီး၊ ကျွဲကောသီး၊ ကီဝီသီး၊ သရက်သီး၊ ချယ်ရီသီး၊သခွားမွှေးသီး၊စပျစ်သီးစသည်တို့ကို ဆင်ခြင်စားသုံးသင့်ပါသည်။

ကယ်လ်ဆီယမ်နှင့်ဗီတာမင်ဒီ(Calcium and Vitamin D)

ကယ်လ်ဆီယမ် နှင့် ဗီတာမင်ဒီဓာတ်ကြွယ်ဝသော အစားအသောက်များဖြစ်သည့် ဆယ်လ်လမွန်၊ ဆာဒင်းငါး၊ နွားနို့၊ ဒိန်ချဉ် နှင့် ချိစ် အစရှိသည်တို့ကို စားသုံးသင့်ပါသည်။သို့သော် ကိုယ်ခံအားချဆေးများသည် သွေးတွင်းအဆီဓာတ်ကိုလည်းများပြားစေနိုင်ပြီး နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်သဖြင့် အဆီထုတ်ထားသော နွားနို့နှင့် ဒိန်ချဥ်တို့ကိုရွေးချယ်စားသုံးသင့်ပါသည်။

Phosphorus and Magnesium

အချို့သောဆေးများသည် ခန္ဓာကိုယ်တွင် Phosphorus နှင့် Magnesium ဓာတ်များကိုလျော့နည်းစေနိုင်ပါသည်။

ထို့ကြောင့် Posphorous ဓာတ်ကြွယ်ဝသော ချောကလက်၊အမဲသား၊အုတ်ဂျုံမှုန့်၊ဝက်ပေါင်သားတို့နှင့် Magnesium ဓာတ် ကြွယ်ဝ သော တို့ဟူး ၊ဟင်းနုနွယ် ၊ပဲပိစပ် ၊ဆန်လုံးညိုတို့ကိုလည်း စားသုံးသင့်ပါသည်။

အရက် (Alcohol)

အရက်သေစာသောက်သုံးမှုကိုလည်းရှောင်ကြည်သင့်ပါသည်။ အရက်အလွန်အကျွံ သောက်သုံးပါက သွေးတွင်း အဆီဓာတ် များပြားလာနိုင်ပြီး ခန္ဓာကိုယ်အလေးချိန်လည်း တိုးလာနိုင်သဖြင့် ရှောင်ကြဉ်သင့်ပါသည်။

အစားအစာသန့်ရှင်းမှု (Food Safety)

အစားအစာချက်ပြုတ်ရာတွင်လည်းသန့်ရှင်းမှုရှိစေရန်အလေးထားချက်ပြုတ်သင့်ပါသည်။မချက်ပြုတ်ခင် လက်ကို ရေဖြင့် သန့်စင်စွာ ဆေးကြောပြီး ‌အသားငါးများကိုသေချာစွာကျက်အောင် ချက်ပြုတ်သင့်ပါသည်။ အသားစိမ်း ငါးစိမ်းများစားသုံးခြင်းကို ရှောင်ကြဥ်သင့်ပါသည်။ ရက်လွန်အစားအသောက်များမစားမိစေရန်လည်း သတိပြု သင့်ပါသည်။

ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း

ကျောက်ကပ်အစားထိုးလူနာများသည် အစားထိုးခွဲစိတ်မှုအပြီးတွင် နေကောင်းလာပြီး စားချင်စိတ်ပိုမို များပြားလာခြင်းကြောင့် ခန္ဓာကိုယ်အလေးချိန် တက်လာနိုင်ပါသည်။ ခန္ဓာကိုယ်အလေးချိန်တက်လာပါက သွေးတိုး၊ဆီးချို၊နှလုံးရောဂါများ ဖြစ်လာနိုင်ပါသည်။ သို့သော် ခန္ဓာကိုယ်အလေးချိန်လျော့နည်းပါကလည်း အစားထိုးပြီးနောက်ပိုင်းတွင် အဟာရမပြည့်ဝမှုများဖြစ်လာ နိုင်ပါသည်။ထို့ကြောင့် လိုအပ်သော အစာအာဟာရကို လုံလောက်မျှတစွာ စားသုံးပြီး ခန္ဓာကိုယ်အလေးချိန်ကို ထိန်းထားသင့်ပါသည်။အပျော့စား ကိုယ်လက် လှုပ်ရှားမှု လေ့ကျင့်ခန်းများ (လမ်းသွက်သွက်လျှောက်ခြင်း ၊ ဖြေးဖြေးမှန်မှန်ပြေးခြင်း)ကိုလည်း လုပ်ဆောင်သင့် ပါသည်။

***ဗီတာမင်နှင့်သတ္တုဓာတ်များရရှိစေရန် အသီးအရွက်နှင့် အသီးအနှံများကို စားသုံးသင့်သော်လည်းအချို့သော အသီးအနှံများကို ရှောင်ကြဥ်သင့်ပါသည်။ ဂရိတ်ဖရုသီး၊သလဲ၊သင်္ဘောသီး၊စောင်းလျားသီး အစရှိသော အသီးတို့သည် ခန္ဓာကိုယ်မှ ခုခံအားကျဆေးများကို စုပ်ယူရာတွင် အဟန့်အတားဖြစ်စေနိုင်သဖြင့် ရှောင်ကြဉ်သင့်ပါသည်။***

ကျောက်ကပ်အစားထိုးပြီးသောလူနာများသည် ရေရှည်တွင်လည်း အာဟာရမျှတမှုရှိစေရန်အတွက် နေထိုင်စားသောက်မှုပုံစံကိုသေချာစွာဂရုပြုသင့်ပါသည်။ သို့မှသာ ကျန်းမာအသက်ရှည်စွာ နေထိုင်သွားနိုင်မှာ ဖြစ်ပါသည်။

19/05/2023

Jaypee ဆေးရုံကြီးသည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီရှိ Noidaမြို့တွင် တည်ရှိပြီး အိန္ဒိယနိုင်ငံရှိ အောင်မြင်ကျော်ကြားလျှက်ရှိသော ဝါရင့်ကျွမ်းကျင် ဆရာဝန်ကြီးများမှ ကမ္ဘာ့အဆင့်မှီ ကျန်းမာရေးဆိုင်ရာ စံချိန်စံညွှန်းများဖြင့် ကုသပေးလျှက်ရှိသော ဆေးရုံကြီး ဖြစ်ပါသည်။ ခေတ်မှီဆန်းသစ်သော နည်းပညာများကို အသုံးပြုကာ တိကျမှန်ကန်သော နောက်ဆုံးပေါ်စက်ကိရိယာကြီးများနှင့် ရောဂါရှာဖွေကုသပေးလျှက် ရှိသောကြောင့် လူနာများ၏ ကျန်းမာရေးကို အကောင်းဆုံးကုသပေးလျှက်ရှိသော ဆေးရုံကြီး ဖြစ်ပါသည်။ Jaypee ဆေးရုံကြီးသည် အရည်အသွေးပြည့်ဝသော ကျန်းမာရေးကုသစောင့်ရှောက်မှုများကို ကုန်ကျစရိတ် အနည်းဆုံးနှင့် ကုသပေးလျှက်ရှိသည့်အတွက် အိန္ဒိယနိုင်ငံတွင်းသာမက တခြားသောနိုင်ငံများ၏ ရွေးချယ်အားထားရာ ဆေးရုံကြီးလည်း ဖြစ်ပါသည်။ ဤသို့ အဖက်ဖက်မှ အဆင်ပြေလှသော Jaypee ဆေးရုံကြီးသို့ သွားရောက်၍ ကုသမှုခံယူလိုပါက ကျွန်ုပ်တို့၏ Jaypee ဆေးရုံကြီးမြန်မာပြည်ကိုယ်စားလှယ်ရုံးမှ လူကြီးမင်းတို့၏ ကုသရေးခရီးစဥ်တစ်လျှောက် အဆင်ပြေလွယ်ကူချောမွေ့စေရန် စေတနာရှေ့ထား၍ အခမဲ့ ကူညီပေးလျှက်ရှိပါသည်။
Jaypee ဆေးရုံကြီး မြန်မာကိုယ်စားလှယ်ရုံးမှ အောက်ပါဝန်ဆောင်မှုများကို အခမဲ့ ဆောင်ရွက်ပေးလျက်ရှိပါသည်
- လူနာအခြေအနေအား သေချာစွာအချိန်ပေး၍ ဆွေးနွေးမှူပေးခြင်း
-လူနာဆေးမှတ်တမ်းများကို အိန္ဒိယဆရာဝန်ကြီးများထံသို့ email ပေးပို့၍ ဆွေးနွေးအကြံယူပေးခြင်း
-အိန္ဒိယဆရာဝန်ကြီးများထံမှရရှိလာသောအကြံဥာဏ်များကို Medic Journey ရုံးရှိဆရာဝန်များမှ သေချာစွာ ရှင်းပြပေးခြင်း
-လူနာရောဂါအခြေအနေပေါ်မူတည်၍ အသင့်တော်ဆုံးနှင့် ကုန်ကျစရိတ် အသက်သာဆုံးဖြစ်မည့် ဆေးရုံများနှင့် ချိတ်ဆက်ပေးခြင်း
-အိန္ဒိယနိုင်ငံသို့သွားရောက်ရန်အတွက် လိုအပ်သောစာရွက်စာတမ်းများ လေယာဥ်လက်မှတ်များ Passportနှင့် Visa လျှောက်ခြင်းကိစ္စများ စီစဥ်ပေးခြင်း
-အိန္ဒိယနိုင်ငံတွင်နေထိုင်ရန် တည်းခိုခန်း/ဟိုတယ်စီစဥ်ပေးခြင်း
-အိန္ဒိယနိုင်ငံတွင် ကုသမှုခရီးစဥ် တစ်လျှောက်တွင်အခက်အခဲမရှိစေရန်အတွက် စကားပြန် ဝန်ဆောင်မှုထားရှိပေးခြင်း
-ကိုယ်ခန္ဓာအစားထိုးခွဲစိတ်ကုသရသည့်လူနာများအတွက်ဘုတ်ဖြေဆိုချိန်တွင် လိုအပ်သော စာရွက်စာတမ်းများကို သေချာစွာပြင်ဆင်ပေးခြင်း
-ဘုတ်ဖြေဆိုရာတွင်လိုအပ်သည့် မေးခွန်းများကို Medic Journeyမှ ဆရာဝန်များမှ မြန်မာနိုင်ငံတွင်ဖြစ်စေ online မှဖြစ်စေ အနီးကပ် လေ့ကျင့်သင်ကြားပေးခြင်း
-မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတွင်ပါ လေဆိပ်အပို့အကြို ဝန်ဆောင်မှုပေးခြင်း
-အိန္ဒိယနိုင်ငံသို့ ယူသွားသင့်သည့်အစားအသောက်များနှင့် လိုအပ်သည့်ပစ္စည်းများကို ပြောြပပေးခြင်း
-အိန္ဒိယနိုင်ငံတွင်ကုသမှုခံယူနေစဥ်အတွင်း မြန်မာနိုင်ငံရှိဆရာဝန်များနှင့် အဆက်အသွယ် မပြတ်စေပဲ ကုသမှုဖြစ်စဥ်ကို လိုအပ်သလို သတင်းပေးပို့၍အကြံဥာဏ်တောင်းယူနိုင်ခြင်း
-အိန္ဒိယနိုင်ငံမှ ဆရာဝန်ကြီးများမှ မြန်မာနိုင်ငံသို့ တစ်လတစ်ခါလာရောက်၍ လူနာဟောင်းများကို ကြည့်ရှုပေးခြင်း
-ကုသမှုအပြီးနောက်ပိုင်းတွင်လည်း Medic Journey မှဆရာဝန်များမှ လူနာအခြေအနေကို ပြန်လည်ကြည့်ရှုပေးခြင်းအပြင် လိုအပ်ပါက အိန္ဒိယနိုင်ငံမှ ဆရာဝန်ကြီးများထံ ပြန်လည်ပြသရန် ဆောင်ရွက်ပေးခြင်း

နိုင်ငံခြား‌ဆေးရုံကြီးဖြစ်တဲ့ Jaypeeဆေးရုံကြီးတွင် ဆေးကုသမှုခံယူလိုပါက Jaypee ဆေးရုံကြီး မြန်မာကိုယ်စားလှယ်ရုံးသို့ လာရောက်ဆွေးနွေးနိုင်ပါသည်

ဆက်သွယ်ရန် ဖုန်းနံပါတ်များ
☎️ 09957777068

Office Address 🏠
အမှတ် ၁၉/၂၃၊ ဇေယျဝတီလမ်း/ဗဟိုလမ်း၊ စမ်းချောင်းမြို့နယ်

ဆီးချိုရောဂါဆိုတာ မုန့်ချိုအိတ်(pancreas)မှ အင်ဆူလင်ဟော်မုန်းမထုတ်လုပ်နိုင်ခြင်း သို့မဟုတ် ထုတ်လုပ်ထားသော အင်ဆူလင်ကို ခန...
28/01/2023

ဆီးချိုရောဂါဆိုတာ မုန့်ချိုအိတ်(pancreas)မှ အင်ဆူလင်ဟော်မုန်းမထုတ်လုပ်နိုင်ခြင်း သို့မဟုတ် ထုတ်လုပ်ထားသော အင်ဆူလင်ကို ခန္ဓာကိုယ်မှကောင်းစွာအသုံးမပြုနိုင်ခြင်းတို့ကြောင့်ဖြစ်သော မကူးစက်နိုင်တဲ့နာတာရှည်ရောဂါ ဖြစ်ပြီးအသက်အရွယ်မရွေးဖြစ်ပွားနိုင်ပါတယ်။
ဆီးချိုရောဂါတွင်
၁. အမျိုးအစား(၁)ဆီးချိုရောဂါ (Type I Diabetes Mellitus)
၂. အမျိုးအစား(၂)ဆီးချိုရောဂါ Type II Diabetes Mellitus)
၃. ကိုယ်ဝန်ဆောင်ဆီးချို (Gestational Diabetes Mellitus) ဆိုပြီး၃မျိုးရှိပါတယ်။

၁. အမျိုးအစား(၁)ဆီးချိုရောဂါ(Type 1 Diabetes Mellitus)
ကလေး/ဆယ်ကျော်သက်အရွယ်တွင်စတင်ဖြစ်ပွားတတ်ပြီး မိဘမျိုးရိုးကြောင့် အဖြစ်များတတ်ပါတယ်။ မိမိကိုယ်ခံအားမှ မုန့်ချိုအိတ်မှဆဲလ်များကို တိုက်ခိုက်သောကြောင့်ဖြစ်လာသော Autoimmune disease ဖြစ်ပါတယ်။ မုန့်ချိုအိတ်မှ အင်ဆူလင်မထုတ်လုပ်နိုင်တော့ခြင်းကြောင့်ဖြစ်ပြီး အင်ဆူလင်ထိုးဆေးထိုးရန် လိုအပ်ပါတယ်။ ရောဂါလက္ခဏာများမှာ ရေငတ်ခြင်း၊ညဘက်တွင်ဆီးခဏခဏ ထသွားရခြင်း၊ ကိုယ်အလေးချိန် ကျသွားခြင်း၊အမြင်အာရုံဝေဝါးခြင်း၊အနာမကျက်ခြင်း စသည်တို့ဖြစ်ပါတယ်။

၂. အမျိုးအစား(၂)ဆီးချိုရောဂါ(Type 2 Diabetes Mellitus)
ဆီးချိုရောဂါရဲ့ ၉၀% လောက်က အမျိုးအစား (၂)ဆီးချိုရောဂါဖြစ်ပြီး လူလတ်ပိုင်းနှင့်လူကြီးပိုင်းတွေမှာ အဖြစ်များပါတယ်။ကိုယ်အလေးချိန်များသူ၊ကိုယ်လက်လှုပ်ရှားမှုနည်းသူ၊မိသားစုထဲတွင်ဆီးချိုမျိုးရိုးရှိသူ၊ အချိုဓာတ်နှင့်ကစီဓာတ်စားသုံးမှုများပြားသူတို့တွင် ပိုမိုဖြစ်ပွားနိုင်ပါတယ်။ မုန့်ချိုအိတ်မှအင်ဆူလင်ထုတ်လုပ်မှု နည်းခြင်း သို့မဟုတ် ထုတ်လုပ်ထားသောအင်ဆူလင်များကိုကောင်းစွာမသုံးနိုင်ခြင်းတို့ကြောင့်ဖြစ်ပါတယ်။ လူနာအချို့တွင်ရောဂါလက္ခဏာပြသခြင်းမရှိပဲ စစ်ဆေးလိုက်သောအခါတွင်မှသာ သိရှိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ရောဂါလက္ခဏာများမှာ ရေငတ်ခြင်း၊ ညဘက်တွင်ဆီးခဏခဏ ထသွားရခြင်း၊ ကိုယ်အလေးချိန် ကျသွားခြင်း၊အမြင်အာရုံဝေဝါးခြင်း၊အနာမကျက်ခြင်း၊ခြေထိပ်လက်ထိပ်များထုံခြင်း၊ အရေပြားယားယံခြင်းတို့ ဖြစ်နိုင်ပါတယ်။ကုသမှုအနေဖြင့် ဆီးချိုကျဆေးများသောက်သုံးခြင်းနှင့် အင်ဆူလင်ထိုးဆေးထိုးခြင်းဆိုပြီး ရှိပါတယ်။

၃. ကိုယ်ဝန်ဆောင်ဆီးချို(Gestational Diabetes Mellitus)
ကိုယ်ဝန်ဆောင်ကာလမှာသွေးသားအပြောင်းအလဲကြောင့် သွေးတွင်းသကြားဓာတ်မြင့်တက်လာခြင်း ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဥ်ဆီးချိုဖြစ်တဲ့အမျိုးသမီး ၁၀%လောက်က နောက်ပိုင်းမှာအမျိုးအစား(၂)ဆီးချို ဖြစ်သွားတတ်ပါတယ်။စားသောက်နေထိုင်မှုပုံစံနဲ့ထိန်းချုပ်လို့မရတဲ့တစ်ချို့မိခင်တွေမှာတော့အင်ဆူလင်ထိုးဖို့ လိုအပ်တာမျိုးရှိတတ်ပါတယ်။ ကောင်းစွာမထိန်းချုပ်နိုင်ပါက လမစေ့ခင်ကလေးမွေးဖွားခြင်း၊ ကလေးပေါင်ချိန်ပုံမှန်ထက်များနေခြင်း၊ကလေးအသက်ရှူခက်ခဲခြင်းများစတာတွေဖြစ်ပေါ်နိုင်ပါတယ်။

ဆီးချိုရောဂါကိုကောင်းစွာမထိန်းနိုင်ပါကနောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် နှလုံးသွေးကြောကျဥ်းခြင်း၊ လေဖြတ်ခြင်း၊ မျက်စိကွယ်ခြင်း ၊ ကျောက်ကပ်ပျက်စီးခြင်း ၊ ခြေချောင်းများပုပ်ပြီးခြေထောက်ဖြတ်ရခြင်းနှင့် ခြေထိပ်လက်ထိပ်များထုံခြင်း တို့ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ဆီးချိုရောဂါဖြစ်ပွားပါက ဆရာဝန်နှင့်ပြသပြီး သေချာစွာ ကုသမှုခံယူခြင်းဖြင့် နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်အောင်ဂရုပြုသင့်ပါတယ်။

2023နှစ်သစ်မှာ အားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး ​ပျော်ရွှင်စရာနှစ်သစ်ကူးအချိန်ကာလဖြစ်ကြပါ​စေလ...
31/12/2022

2023နှစ်သစ်မှာ အားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး ​ပျော်ရွှင်စရာနှစ်သစ်ကူးအချိန်ကာလဖြစ်ကြပါ​စေလို့ Jaypee ​ဆေးရုံကြီး မြန်မာပြည်ကိုယ်စားလှယ်ရုံး မိသားစုမှ နှစ်သစ်ဆုမွန်​ကောင်း​တောင်း​ပေးလိုက်ရပါတယ်ရှင့်🙏🙏🙏

နှလုံးဆိုတာကြွက်သားတွေနဲ့တည်ဆောက်ထားတဲ့ခန္ဓာကိုယ်အတွက်မရှိမဖြစ်အရေးပါအရာရောက်တဲ့အရာတစ်ခုဖြစ်ပါ တယ် နှလုံးဟာခန္ဓာကိုယ်အတွ...
22/11/2022

နှလုံးဆိုတာကြွက်သားတွေနဲ့တည်ဆောက်ထားတဲ့ခန္ဓာကိုယ်အတွက်မရှိမဖြစ်အရေးပါအရာရောက်တဲ့အရာတစ်ခုဖြစ်ပါ တယ် နှလုံးဟာခန္ဓာကိုယ်အတွက်လိုအပ်တဲ့သွေးတွေကို ခန္ဓာကိုယ်အနှံ့ရောက်အောင် ညှစ်ပေးပြီး လိုအပ်တဲ့ အောက်ဆီဂျင်နှင့် အာဟာရတွေကိုပို့ဆောင်ပေးတယ် မလိုအပ်တဲ့အညစ်အကြေးတွေကို အဆုတ်ထံသို့ ပို့ဆောင်ပြီးစွန့်ပစ်ပေးတယ် နှလုံးခုန်နှုန်းနှင့်သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်
ခန္ဓာကိုယ်အတွက်အရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေဆောင်ရွက်ပေးတဲ့နှလုံးကျန်းမာဖို့အလွန်တရာမှအရေးကြီးလှပါ တယ် ဒါကြောင့်နှလုံးကျန်းမာရေးကို အထူးပင်ဂရုပြုသင့်ပါတယ်
နှလုံးကျန်းမာရေးအတွက်လုပ်ဆောင်သင့်တဲ့အချက်တွေကတော့
-အဝမလွန်အောင်ထိန်းသိမ်းခြင်း
-သင့်တင့်မျှတသောအာဟာရဖြစ်အောင်စားသောက်နေထိုင်ခြင်း
-ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း
-သွေးတွင်းအဆီဓာတ်နှင့်သွေးပေါင်ချိန်ပုံမှန်အတိုင်းဖြစ်အောင်စားသောက်နေထိုင်ခြင်း
-ဆေးလိပ်နှင့်အရက်သောက်ခြင်းကိုရှောင်ကြဥ်ခြင်း
-သွေးတိုးရောဂါရှိပါက ဆရာဝန်ညွှန်ကြားသောဆေးကိုပုံမှန်သောက်သုံးခြင်းတွေဖြစ်ပါတယ်
ကမ္ဘာတစ်ဝှမ်းနှင့်မြန်မာနိုင်ငံရဲ့သေဆုံးခြင်းအ‌ကြောင်းတွေထဲမှာနှလုံးရောဂါကြောင့်သေဆုံးခြင်းတွေဟာ အဓိကအကြောင်းအရာတွေထဲကတစ်ခုဖြစ်ပါတယ်
မြန်မာနိုင်ငံတွင်အဖြစ်များသောနှလုံးရောဂါများမှာနှလုံးသွေးကြောကျဥ်းရောဂါ၊ နှလုံးကြွက်သားပုတ်ခြင်း ၊ နှလုံးခုန်နှုန်းမူမမှန်ခြင်း၊ နှလုံးအဆို့ရှင်ရောဂါများ အစရှိသဖြင့်ဖြစ်ပါသည်
နှလုံးမကျန်းမာပါက များစွာသောရောဂါဝေဒနာများခံစားရနိုင်ပါတယ် နှလုံးရောဂါဝေဒနာအချို့မှာ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူကြပ်ခြင်း ၊မောခြင်း၊ ရင်တုန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ မောပန်းလွယ်ခြင်း‌၊ ခြေထောက်ဖောရောင်ခြင်း၊ ရေဖျင်းဆွဲခြင်း ၊ရင်ပူခြင်း၊ ရင်ညွန့်အောင့်ခြင်း၊ လည်ပင်းနှင့်မေးရိုးတစ်လျှောက်နှင့်ဘယ်ဘက်ပခုံးထိပ်နာခြင်း အစရှိသည်တို့ဖြစ်ပါတယ်
နှလုံးရောဂါဖြစ်လျှင်ဆရာဝန်နှင့်သေချာစောစီးစွာမကုသပါက အသက်အန္တရာယ်ရှိတဲ့အထိဖြစ်နိုင်ပါတယ်
ဒါကြောင့်ခန္ဓာကိုယ်အတွက်အရေးပါတဲ့တာဝန်တွေဆောင်ရွက်ပေးနေတဲ့နှလုံးကျန်းမာရေးကအလွန်အရေးကြီးပြီးသေချာ ဂရုစိုက်သင့်ပါတယ် ကျန်းမာရေးနှင့်အညီနေထိုင်စားသောက်ပြီး ရောဂါြဖစ်ပွားပါကလည်း သေချာစွာ ကုသမှုခံယူသင့်ပါတယ်
နှလုံးရောဂါဖြစ်မှကုသခြင်းထက်ကြိုတင်ကာကွယ်ခြင်းကပို၍ကောင်းတာကြောင့် မိမိနှလုံးအတွက် ယ​နေ့မှစပြီးဂရုစိုက်ကြပါစို့ 💪💪💪

အသည်းဟာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအစိတ်အပိုင်းများထဲမှ တစ်ခုဖြစ်တာမို့ အသည်းကျန်းမာရေးထိခိုက်လာတဲ့အခါ သတိဝီရိယဖြင့် ပြုစုကု...
15/11/2022

အသည်းဟာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအစိတ်အပိုင်းများထဲမှ တစ်ခုဖြစ်တာမို့ အသည်းကျန်းမာရေးထိခိုက်လာတဲ့အခါ သတိဝီရိယဖြင့် ပြုစုကုသဖို့ အင်မတန်အရေးကြီးပါတယ်။ အသည်းကျန်းမာရေးထိခိုက်မှုကြောင့် အသည်းအစားထိုးခွဲစိတ်ရတော့မည့်အခါ နိုင်ငံတကာအဆင့်မီ ပြည်ပဆေးရုံကြီးမှာ သင့်တင့်သော ကုန်ကျစရိတ်နှင့် ခွဲစိတ်ကုသနိုင်ရန် အိန္ဒိယနိုင်ငံ Jaypee ဆေးရုံကြီးရှိနေပါပြီ။

USD 30,000 သာ ကျသင့်မှာဖြစ်တဲ့ အသည်းအစားထိုးခွဲစိတ်မှုကြီးကို Jaypee ဆေးရုံကြီးမှာ သွားရောက်ကုသရန်အတွက် Jaypee ဆေးရုံကြီးမြန်မာပြည်ကိုယ်စားလှယ်ရုံးနဲ့ ချိတ်ဆက်လိုက်တာနဲ့ မြန်မာနိုင်ငံမှ သွားရောက်ကုသရန် နှောင့်နှေးကြန့်ကြာမှုတွေ မရှိနိုင်တော့ပါဘူးနော်။Jaypee ဆေးရုံကြီးမြန်မာပြည်ကိုယ်စားလှယ်ရုံးရဲ့ ကျန်းမာရေးဝန်ဆောင်မှုကလည်း FOCဖြစ်ပါတယ်နော်။

အသည်းအစားထိုးခွဲစိတ်ကုသရန် Jaypeeဆေးရုံကြီးအကြောင်း အသေးစိတ်သိရှိလိုပါက
‌အောက်ဖော်ပြပါ ဖုန်းနံပါတ်နှင့် လိပ်စာအပြင် page Messenger တွင်ပါ အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါပြီ။
☎️ 09 957 777 068
Office adress🏠
အမှတ် ၁၉/၂၃၊ ဇေယျဝတီလမ်း/ဗဟိုလမ်း၊ စမ်းချောင်းသို့လည်း အခမဲ့လာရောက် ဆွေးနွေးနိုင်ပါပြီ။

Address

No. 19/23, Zayawaddy Street/Baho Road, Sanchaung Township
Yangon
11111

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Jaypeeဆေးရုံကြီးမြန်မာပြည်ကိုယ်စားလှယ်ရုံး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share