GDr

GDr Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from GDr, Medical Equipment Supplier, No. 6, Moe Ma Kha Street, Malikha Housing Thingangyun, Yangon.

🧑‍🎄❄️ 𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 𝐭𝐨 𝐲𝐨𝐮 𝐚𝐥𝐥🎅🎄❄️☃️ 𝐆𝐃𝐫  ရဲ့ မိတ်ဟောင်း၊ မိတ်သစ် ကျေးဇူးရှင် Customer များနှင့် လုပ်ဖော်ကိုင်ဖက် ညီကိ...
24/12/2025

🧑‍🎄❄️ 𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 𝐭𝐨 𝐲𝐨𝐮 𝐚𝐥𝐥🎅🎄

❄️☃️ 𝐆𝐃𝐫 ရဲ့ မိတ်ဟောင်း၊ မိတ်သစ် ကျေးဇူးရှင် Customer များနှင့် လုပ်ဖော်ကိုင်ဖက် ညီကို မောင်နှမများအားလုံး မကြာခင်မှာ ရောက်ရှိလာတော့မည့် ခရစ်စမတ်နေ့ ရုံးပိတ်ရက်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အေးချမ်းသာယာခြင်းများနှင့် ပြည့်စုံကြပါစေကြောင်း "မဟာလောက"မှ 🙏ဆုမွန်ကောင်းတောင်းအပ်ပါတယ် ခင်ဗျာ🎄🎁
#ခရစ်စမတ်နေ့ #ဆီးခ #သေးချိုစစ်ပါ #ဆီးချို #ရုံးပိတ်ရက် #ဆးချိုသွေးချို #သွေးချိုတိုင်းစက်

📢 ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ရုံးပိတ်ရက် ကြေညာခြင်း 📢ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် ကျရောက်မည့် ကရင်နှစ်သစ်ကူးနေ့ သည် အစိုးရရု...
18/12/2025

📢 ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ရုံးပိတ်ရက် ကြေညာခြင်း 📢

ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် ကျရောက်မည့် ကရင်နှစ်သစ်ကူးနေ့ သည် အစိုးရရုံးပိတ်ရက်ဖြစ်ပါသောကြောင့် ကျွန်ုပ်တို့ 𝐆𝐃𝐫 ကို အောက်ပါအတိုင်း ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

🗓 ပိတ်ရက်: ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက် (သောကြာနေ့)
🗓 ပြန်လည်ဖွင့်လှစ်မည့်ရက်: ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက် (စနေနေ့)

ရုံးပိတ်ရက်အတွင်း အရေးပေါ်ကိစ္စများရှိပါက 👉🏻 09946500500 👈🏻သို့ ဆက်သွယ်နိုင်ပါသည်။
ကရင် တိုင်းရင်းသား ညီကိုမောင်နှမများနှင့် အတူ မိတ်ဟောင်း ၊မိတ်သစ်၊ customer များအားလုံး ကရင်နှစ်သစ်ကူးပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲနိုင်ကြပါစေကြောင်း 𝐌𝐚𝐡𝐚𝐫 𝐋𝐨𝐤𝐚 မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

#ကရင်နှစ်သစ်ကူး #ကရင်အမျိုးသား #သေးချိုစစ်ပါ #သွေးချိုတိုင်းစက် #ဆီးချို #ဆီးခ #ရုံးပိတ်ရက် #ဆးချိုသွေးချို

🔬 ဆီးချို ရှိသူတိုင်း သိထားသင့်တဲ့ 𝐀𝟏𝐂 ဆိုတာ ဘာလဲ? သင့်ဆီးချိုထိန်းချုပ်နိုင်မှုရဲ့ 'သုံးလတာ အစီရင်ခံစာ' ပဲဖြစ်ပါတယ်‼️🕰 ...
12/12/2025

🔬 ဆီးချို ရှိသူတိုင်း သိထားသင့်တဲ့ 𝐀𝟏𝐂 ဆိုတာ ဘာလဲ?
သင့်ဆီးချိုထိန်းချုပ်နိုင်မှုရဲ့ 'သုံးလတာ အစီရင်ခံစာ' ပဲဖြစ်ပါတယ်‼️

🕰 𝐀𝟏𝐂 ဆိုတာဘာလဲ❓
A1C စစ်ဆေးမှုက သင့်ရဲ့ သွေးတွင်းသကြားဓာတ် (Blood Sugar) ပမာဏကို ပြီးခဲ့တဲ့ ၃ လတာကာလ အတွင်း ပျမ်းမျှအားဖြင့် ဘယ်လို ထိန်းချုပ်နိုင်ခဲ့လဲဆိုတာကို ရာခိုင်နှုန်း (Percentage) နဲ့ ဖော်ပြပေးခြင်းမျိုး ဖြစ်ပါတယ်။
တစ်နည်းအားဖြင့် ပြောရရင်... A1C ဆိုတာ သင့်ရဲ့ ဆီးချိုထိန်းချုပ်မှု ‘တိုးတက်မှု အစီရင်ခံစာ (Report Card)’ လို့ မှတ်ယူနိုင်ပါတယ်။

📝 𝐀𝟏𝐂 ကို ဘယ်လို တွက်ချက်မလဲ?
သင့်ရဲ့ ၃ လတာ ပျမ်းမျှသွေးတွင်းသကြားဓာတ် (eAG - estimated Average Glucose) ကနေ A1C ရာခိုင်နှုန်း ကို အလွယ်တကူ ပြောင်းလဲကြည့်လို့ ရပါတယ်။
များသောအားဖြင့် အောက်ပါ ဖော်မြူလာကို အသုံးပြုပြီး တွက်ချက်ပါတယ်။

• 𝐀𝟏𝐂 𝟔% = ၃လစာ ပျမ်းမျှ သွေးချို ပမာဏ 126 mg/dL (သို့) 7.0 mmol/L
• 𝐀𝟏𝐂 𝟕% = ၃လစာ ပျမ်းမျှ သွေးချို ပမာဏ 154 mg/dL (သို့) 8.6 mmol/L
• 𝐀𝟏𝐂 𝟖% = ၃လစာ ပျမ်းမျှ သွေးချို ပမာဏ 183 mg/dL (သို့) 10.1 mmol/L

ဥပမာ: သင့်ရဲ့ A1C ရလဒ်က ၈% ထွက်တယ်ဆိုပါစို့။ ဆိုလိုတာက ပြီးခဲ့တဲ့ ၃ လအတွင်းမှာ သင့်သွေးချိုဟာ ပျမ်းမျှအားဖြင့် 183 mg/dL လောက် ရှိခဲ့ပါတယ်လို့ ပြောလို့ရပါတယ်။

🚨 ဘာလို့ 𝐀𝟏𝐂 ကို ကြောက်ရတာလဲ?
A1C ရလဒ် ၇% ထက် ကျော်နေတာဟာ သင့်သွေးချိုဓာတ်ဟာ ပုံမှန်ထက် မြင့်နေပြီး သင့်ခန္ဓာကိုယ် အင်္ဂါတွေကို အချိန်မရွေး ထိခိုက်စေနိုင်တယ်လို့ သတိပေးနေတာပါ။
• A1C မြင့်လေလေ မျက်လုံး၊ ကျောက်ကပ်၊ အာရုံကြောနဲ့ နှလုံး တွေကို ပျက်စီးနိုင်ခြေ များလေလေပါပဲ။
• A1C နည်းလေလေ၊ ဆီးချိုရဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်ပွားဖို့ အခွင့်အလမ်း နည်းလေလေ ဖြစ်ပါတယ်။

🎯 မှတ်ထားပါ: ဆီးချိုရှိသူ အများစုအတွက် A1C ရလဒ်ဟာ ၇% အောက်ပဲ ဖြစ်နေသင့်ပါတယ်။

၂၀၂၅ တစ်နှစ်တာလည်း ကုန်ဆုံးတော့မှာမို့ သင့်ရဲ့ A1C ကို နောက်ဆုံးအကြိမ် စစ်ဆေးပြီး အဖြေရှာကြည့်ပါ။
A1C ရလဒ်ကောင်းဖို့ဆိုတာ စည်းကမ်းရှိတဲ့ နေထိုင်မှုပုံစံနဲ့ အစားအသောက်ထိန်းချုပ်မှုက အဓိကပါ။

💡 သင် နောက်ဆုံး 𝐀𝟏𝐂 စစ်ဆေးတာ ဘယ်တော့လဲ? ရလဒ်ကရော ဘယ်လောက်လဲ? ကျွမ်းကျင်တဲ့ သက်ဆိုင်ရာ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ…။

#ဆီးချို #သွေးတွင်းသကြားဓာတ် #ကျန်းမာရေးပညာပေး #သေးချိုစစ်ပါ #သွေးချိုတိုင်းစက်

🩸 ဆီးချိုတိုင်းတဲ့အခါတိုင်း လက်ထိပ်နာမှာ ကြောက်နေပါသလား?ဆီးချိုရောဂါ ရှိ/မရှိ (သို) ဆီးချိုအတက်/အကျကို သိဖို သွေးဖောက်စစ...
29/11/2025

🩸 ဆီးချိုတိုင်းတဲ့အခါတိုင်း လက်ထိပ်နာမှာ ကြောက်နေပါသလား?

ဆီးချိုရောဂါ ရှိ/မရှိ (သို) ဆီးချိုအတက်/အကျကို သိဖို သွေးဖောက်စစ်ဆေးရမှာကို လူတော်တော်များများ ကြောက်တတ်ကြပါတယ်။
ဒါပေမဲ့ 𝐆𝐃𝐫 ဆီးချိုတိုင်းစက်မှာပါတဲ့ Lancet (အပ်လေးများ) က...
✨ အရမ်းကို သေးငယ်ပြီး နူးညံ့တာကြောင့် နာကျင်မှု အနည်းဆုံးဖြစ်အောင် ပြုလုပ်ပေးထားပါတယ်။
✨ သွေးပမာဏ နည်းနည်းလေးယူရုံနဲ့ (၅) စက္ကန့်အတွင်း တိကျတဲ့ အဖြေကို ထုတ်ပေးနိုင်ပါတယ်။

နာမှာကြောက်လို ဆီးချိုမတိုင်းဘဲ မနေပါနဲ့။ 𝐆𝐃𝐫 နဲ့ဆို နာကျင်မှုမရှိဘဲ ကျန်းမာရေးကို စောင့်ရှောက်နိုင်ပါပြီ။ 🥰

💡 သိမှတ်ဖွယ်: အစာမစားခင် ဆီးချိုတိုင်းတာခြင်းက သင့်ရဲ့ တစ်နေ့တာ အစားအသောက်ထိန်းသိမ်းမှုအတွက် အများကြီး အထောက်အကူပြုစေနိုင်ပါတယ်။

#ဆီးခ #အသကကြီးသူများအတွက် #ဆးချိုသွေးချို #သေးချိုစစ်ပါ #သွေးချိုတိုင်းစက် #လွယ်ကူလျင်မြန်

⚠️ ဒီလက္ခဏာတွေ ခံစားနေရပြီလား? ပေါ့ပေါ့ဆဆ မနေပါနဲ့…..လူက နေလို့မကောင်းဘူး... နုံးချင်နေတယ်...ရေတွေခဏခဏ ဆာနေတယ်...ဒါတွေကိ...
26/11/2025

⚠️ ဒီလက္ခဏာတွေ ခံစားနေရပြီလား? ပေါ့ပေါ့ဆဆ မနေပါနဲ့…..

လူက နေလို့မကောင်းဘူး... နုံးချင်နေတယ်...
ရေတွေခဏခဏ ဆာနေတယ်...
ဒါတွေကို "ရာသီဥတု ပူလို့ပါ၊ အလုပ်ပန်းလို့ပါ" ဆိုပြီး လျစ်လျူရှုထားမိပါသလား? 😰

ဆီးချိုရောဂါဟာ အစပိုင်းမှာ လက္ခဏာမပြတတ်ပေမယ့် သင့်ခန္ဓာကိုယ်က အချက်ပြနေတဲ့ ဒီအချက်တွေကိုတော့ လုံးဝ (လုံးဝ) မေ့မထားသင့်ပါဘူး။

🔸 ခဏခဏ ဆီးသွားခြင်း
🔸 ရေငတ်လွန်ခြင်း
🔸 အမြင်အာရုံ ဝေဝါးခြင်း
🔸 အနာကျက်နှေးခြင်း
🔸 ခြေလက်များ ထုံကျင်ခြင်း

ဒီလိုလက္ခဏာတွေ ရှိနေပြီဆိုရင်တော့ GDr စက်လေးနဲ့ ချက်ချင်း စစ်ဆေးကြည့်ဖို့ လိုအပ်နေပါပြီ။ စောစောသိရင် စောစောကာကွယ်နိုင်ပါတယ်။ 💪
✅ တိကျတဲ့အဖြေအတွက် GDr ကို ယုံကြည်စိတ်ချစွာ ရွေးချယ်လိုက်ပါ။
#ဆီးခ #အသကကြီးသူများအတွက်

🌕 တန်ဆောင်မုန်းလပြည့်နေ့ဟာ သီတင်းကျွတ်လပြည့်နေ့ကဲ့သို့ ဗုဒ္ဓဘာသာနွယ်ဝင်တို့ရဲ့ နေ့ထူးနေ့မြတ် တစ်နေ့ပင် ဖြစ်ပါတယ်။အကြောင်...
01/11/2025

🌕 တန်ဆောင်မုန်းလပြည့်နေ့ဟာ သီတင်းကျွတ်လပြည့်နေ့ကဲ့သို့ ဗုဒ္ဓဘာသာနွယ်ဝင်တို့ရဲ့ နေ့ထူးနေ့မြတ် တစ်နေ့ပင် ဖြစ်ပါတယ်။
အကြောင်းကတော့ တန်ဆောင်မုန်းလပြည့်နေ့မှာ ကျင်းပလေ့ရှိတဲ့ တန်ဆောင်တိုင်ပွဲတော်ဟာ ဘုရားရှင်ကို ဆီမီးထွန်းညှိပူဇော်တဲ့ပွဲတော်ဖြစ်သလို ကထိန်သင်္ကန်းကပ်လှူခွင့်ရတဲ့ နောက်ဆုံးနေ့ဖြစ်တဲ့အတွက်ဖြစ်ပါတယ်….။

ဒါ့အပြင် တန်ဆောင်မုန်းလပြည့်နေ့ဟာ မြတ်စွာဘုရားရှင် အဇာတသတ်မင်းကြီးအမှူးပြုတဲ့ ပရိသတ်တို့ကို သာမညဖလသုတ်တော် ခေါ် ရဟန်းပြုရအကျိုးပြတရားတော်ကို ဟောကြားတော်မူတဲ့ နေ့ထူးနေ့မြတ်ဖြစ်တယ်လို့လည်း သိရပါတယ်🙏🏻

🔸 အဇာတသတ်မင်းကြီးဟာ မိမိအမှားကို သိမြင်ပြီး နောင်တကြီးစွာရနေတဲ့အချိန် တန်ဆောင်မုန်းလပြည့်ညရဲ့ အေးချမ်းသာယာကြည်လင်မှုကို မြင်တွေ့ရတဲ့အခါ အခုလိုနေ့မျိုးမှာ ဘယ်လိုရဟန်းသာမဏေ ၊ ဗြဟ္မဏတို့ထံ ဆည်းကပ်ရင် ကောင်းမလဲဆိုတာကို တွေးတောမိပြီး မင်းချင်းတို့ကို ဖွင့်ဟတိုင်ပင်မိခဲ့တယ်လို့ ဆိုကြပါတယ်။
မင်းလိုလိုက်အကြိုက်ဆောင်တတ်တဲ့ မင်းချင်းတွေက သူတို့ကိုးကွယ်ဆည်းကပ်တဲ့ မိစ္စာဒိဌိဆရာကြီး ၆ ဦးကို ညွှန်ပြရာ အဇာတသတ်မင်းက နားမဝင်ခဲ့ပါဘူး။ အဲဒီနောက်မှာတော့ နှုတ်ဆိတ်နေတဲ့ ဗုဒ္ဓဘာသာဝင်ဆေးဆရာ ဇီဝကကို မေးမြန်းခဲ့ရာ ဆေးဆရာ ဇီဝကက ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ချီးမွမ်းပြီး ဘုရားရှင်ကို ဆည်းကပ်ဖို့ လျှောက်တင်ခဲ့ပါတယ်။

🔸 အဇာတသတ်မင်းကြီးလည်း ဝမ်းသာအားရဖြစ်ပြီး ဆင်မြင်းဗိုလ်ပါခြံရံကာ ဆရာဇီဝကရဲ့ ဥယျာဉ်တော်မှာ သီတင်းသုံးနေတဲ့ မြတ်စွာဘုရားရှင်ထံကို ကြွချီခဲ့တယ်လို့ ဆိုပါတယ်။ ဥယျာဉ်တော်ထဲမှာ ရဟန်းအပေါင်း ခြံရံလျက် သီတင်းသုံးနေတဲ့ မြတ်စွာဘုရားရှင်ကို ဖူးတွေ့တဲ့အခါ အဇာတသတ်မင်းကြီးက မေးမြန်းလျှောက်ထားမှုတွေ ပြုလုပ်ခဲ့ပြီး မြတ်စွာဘုရားရှင်က သာမညဖလသုတ်တော်ကို ဟောကြားတော်မူခဲ့တယ်လို့ မှတ်တမ်းတွေမှာ ဆိုထားပါတယ်🙏🏻
🌕တန်ဆောင်မုန်းလပြည့်နေ့မှာ သာမညဖလသုတ်တော်ကို ဟောကြားတော်မူခြင်းကို အကြောင်းပြုပြီး တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့လို့ သတ်မှတ်ခေါ်ဝေါ်ကြပါတယ်။

ဒါ့အပြင် ကထိန်သင်္ကန်းတွေဆက်ကပ်လှူဒါန်းကြတဲ့ ကထိန်ပွဲတော်ကလည်း တန်ဆောင်မုန်းလရဲ ကျင်းပမြဲဖြစ်တဲ့ ထင်ရှားတဲ့ပွဲတော်တစ်ခုဖြစ်ပါတယ်။ သီတင်းကျွတ်လပြည့်နေ့ကနေ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လတာကာလဟာ ကထိန်သင်္ကန်းတွေ ကပ်လှူကြတဲ့ ကာလဖြစ်ပါတယ်။

ဒါအပြင် တန်ဆောင်မုန်းလမှာ ကထိန်ပွဲအပြင် မသိုးသင်္ကန်းရက်လုပ်လှူဒါန်းတဲ့ ပွဲတော်တွေကိုပါ ကျင်းပကြလေ့ရှိပါတယ်။ နေ့မကူး ၊ ရက်မကူးစေပဲ တစ်ရက်အတွင်း အပြီးရက်လုပ်လှူဒါန်းရတဲ့ သင်္ကန်းဖြစ်တဲ့အတွက် မသိုးသင်္ကန်းလို့ ခေါ်ဆိုကြတာဖြစ်ပါတယ်။ မသိုးသင်္ကန်းရက်လုပ်မှုကို တန်ဆောင်မုန်းလဆန်း ၁၄ ရက် ညနေပိုင်းကနေ လပြည့်နေ့ အာရုဏ်မတက်မီ အပြီးချုပ်လုပ်ကာ ကပ်လှူကြလေ့ရှိပါတယ်။ မသိုးသင်္ကန်းကပ်လှူပွဲတွေကို နိုင်ငံတစ်ဝန်းဘုရားစေတီတွေမှာ ကျင်းပပြုလုပ်ကြလေ့ရှိပါတယ်။

🎈အထင်ကရ အရှိဆုံးပွဲတော် နောက်တစ်ခုလဲ ထပ်ရှိနေပါသေးတယ်။ ဒါကတော့ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပွဲဖြစ်ပါတယ်။ ထိုကဲ့သို့ တန်ဆောင်တိုင် လပြည့်ညများမှာ တောင်ကြီးမြို့တွင် မီးပုံးများကို ပြုလုပ်ကာ မြို့လုံးကျွတ် စည်းကားသိုက်မြိုက် စွာ ဘုရားရှင်ကို ပူဇော်ကြလေ့ရှိပါတယ်။ ဒါ့အပြင် တန်ဆောင်မုန်းလနဲ့ ဆက်စပ်နေတဲ့ နောက်ထပ်ပွဲတော်တစ်ခုကတော့ ကျီးမနိုးပွဲ ဖြစ်ပါတယ်။ တန်ဆောင်မုန်းလပြည့်ည လူအများအိပ်ချိန်ကနေ နံနက် အာရုဏ်မတက်မီကလအထိ ပြုလုပ်ကြလေ့ရှိပါတယ်။
သူခိုးကြီးညလို့လည်း ခေါ်ဆိုကြပြီး ရပ်ကွက်အတွင်း ၊ ကျေးရွာအတွင်းမှာ အရာဝတ္ထုတွေကို ရွှေ့ထားတာ ၊ တစ်စုံတစ်ယောက်ကို နောက်ပြောင်တာ စတဲ့အပြုအမူတွေနဲ့ ရိုးသားစွာနောက်ပြောင်ကျီစယ်တဲ့ ပွဲတစ်ခုဖြစ်ပါတယ်။

📌 ထိုကဲ့သို့သော ရက်ထူးရက်မြတ်ဖြစ်သည့် တန်ဆောင်မုန်းလပြည့်နေနှင့် အများပြည်သူရုံးပိတ်ရက်များဖြစ်သည့် နိုဝင်ဘာလ ၂ ရက်နေ့ (တနင်္ဂနွေနေ့) မှ နိုဝင်ဘာလ ၄ ရက်နေ့ (အင်္ဂါနေ့) အထိ 𝐆𝐃𝐫 ၏ ရုံးတွင်းဝန်ဆောင်မှုများ၊ Online အရောင်းများ၊ ပစ္စည်းပိုဆောင်ရေးများအားလုံးပိတ်ထားမည်ဖြစ်ကြောင်း လေးစားစွာအသိပေးအပ်ပါသည်။
#တန်ဆောင်တိုင် #ရုံးပိတ်ရက် #ဆးချိုသွေးချို #အသကကြီးသူများအတွက် #ဆီးခ #ရုံးပိတ်ရက်

👴👵 ချစ်ခင်ရပါသော လူကြီးမင်းတိုခင်ဗျာ...ဆီးချို ပုံမှန်စစ်ဆေးတယ်ဆိုတာ စိတ်အေးလက်အေးနဲ့ နေထိုင်နိုင်ဖို မိမိကိုယ်ကို ဂရုစိ...
25/10/2025

👴👵 ချစ်ခင်ရပါသော လူကြီးမင်းတိုခင်ဗျာ...
ဆီးချို ပုံမှန်စစ်ဆေးတယ်ဆိုတာ စိတ်အေးလက်အေးနဲ့ နေထိုင်နိုင်ဖို မိမိကိုယ်ကို ဂရုစိုက်ခြင်း ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ တစ်ချိုက "အမြဲတမ်းစစ်နေရတာ ရိုးနေပြီ" လို ထင်ကောင်းထင်မိပါလိမ့်မယ်။ ဒါပေမဲ့ ဒီလိုစစ်ဆေးခြင်းဟာ ရိုးရိုးလုပ်ရိုးလုပ်စဉ်တစ်ခုထက် ပိုပါတယ်။

ဆီးချို ပုံမှန်စစ်ဆေးခြင်းဟာ...
🚨ကြိုတင်ကာကွယ်ခြင်းရဲ့ လက်နက်ပါ 🛡
• ဆီးချို၊ သွေးချိုရောဂါဟာ အသက်အရွယ်ကြီးသူတွေအတွက် အဖြစ်များပြီး အမြင်အာရုံ၊ ကျောက်ကပ်နဲ့ နှလုံး စတဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။
• ပုံမှန်စစ်ဆေးခြင်းက သွေးတွင်းသကြားဓာတ် အတက်အကျကို အချိန်မီသိရှိနိုင်ပြီး နောက်ဆက်တွဲဆိုးကျိုးတွေကို ရှောင်ရှားနိုင်အောင် ကူညီပေးပါတယ်။

🚨 မိမိကျန်းမာရေးကို ကိုယ်တိုင်ထိန်းချုပ်ခြင်းပါ 💪
• မိမိကျန်းမာရေးရဲ့ အခြေအနေကို ကိုယ်တိုင်သိရှိခြင်းက သင့်အတွက် အစားအသောက်၊ လေ့ကျင့်ခန်းနဲ့ ဆေးဝါးပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ပိုမိုမှန်ကန်စွာ ချမှတ်နိုင်ဖို အထောက်အကူဖြစ်စေပါတယ်။
• ဒါဟာ တခြားသူတွေကို အားကိုးစရာမလိုဘဲ ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင်ဦးစီးနိုင်ခွင့် ဖြစ်ပါတယ်။

🚨ချစ်ခြင်းမေတ္တာရဲ့ ပြယုဂ်တစ်ခုပါ ❤️
• သင်ကျန်းမာမှ သားသမီး၊ မြေးမြစ်တွေကို အချိန်ပိုပေးနိုင်မယ်၊ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်မယ်။
• ကိုယ့်ကိုကိုယ် ဂရုစိုက်ခြင်းဟာ ချစ်ရသူတွေအတွက် စိုးရိမ်ပူပန်မှုကင်းဝေးစေတဲ့ အကောင်းဆုံးလက်ဆောင် ဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ချက်ချင်းပဲ ကိုယ့်ကျန်းမာရေးကို စတင်ထိန်းချုပ်လိုက်ပါ
ဒီနေ့ပဲ ဆီးချို ပုံမှန်စစ်ဆေးတဲ့ အလေ့အကျင့်ကို စတင်ပါ/ဆက်လုပ်ပါ။ စစ်ဆေးမှုရလဒ်တွေကို ဆရာဝန်နဲ့ ပုံမှန်တိုင်ပင်ဆွေးနွေးပြီး လိုအပ်တဲ့ ပြောင်းလဲမှုတွေ ပြုလုပ်ဖို အချိန်မဆွဲပါနဲ့။

ဆီးချို စစ်ဆေးဖို လိုအပ်တဲ့ ကိရိယာတွေ လိုအပ်ပါက GDr မှာ အသင့်ရှိနေပါတယ်။

#ဆးချိုသွေးချို #ကျန်းမာရေးစောင့်ရှောက်မှု #အသကကြီးသူများအတွက် #ကယ့်ကိုယ်ကိုချစ်ပါ #သေးချိုစစ်ပါ

ဒေဝါလီနေ့ ရုံးပိတ်ရက် ကြေညာခြင်း🙏🏻မင်္ဂလာပါရှင်၊လေးစားအပ်ပါသော ဖောက်သည်များနှင့် မိတ်ဆွေများရှင်…လာမည့် အောက်တိုဘာလ ၂၀ ရ...
19/10/2025

ဒေဝါလီနေ့ ရုံးပိတ်ရက် ကြေညာခြင်း

🙏🏻မင်္ဂလာပါရှင်၊
လေးစားအပ်ပါသော ဖောက်သည်များနှင့် မိတ်ဆွေများရှင်…
လာမည့် အောက်တိုဘာလ ၂၀ ရက် (တနင်္လာနေ့) သည် ဒေဝါလီနေ့ အစိုးရရုံးပိတ်ရက် ဖြစ်ပါသောကြောင့်၊ ကျွန်ုပ်တို့၏ ရုံးကို ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ရုံးတွင်းဝန်ဆောင်မှုများ၊ Online အရောင်းများ၊ ပစ္စည်းပိုဆောင်ရေးလုပ်ငန်းများကို အောက်တိုဘာလ ၂၁ ရက် (အင်္ဂါနေ့) တွင် ပုံမှန်အတိုင်း ပြန်လည်စတင်မည် ဖြစ်ပါသည်။
ရုံးပိတ်ရက်အတွင်း အရေးပေါ်ကိစ္စများရှိပါက 09946500500 သို့ ဆက်သွယ်နိုင်ပါသည်။

မိတ်ဟောင်း ၊မိတ်သစ်၊ customer များအားလုံး ဒေဝါလီပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲနိုင်ကြပါစေကြောင်း 𝐌𝐚𝐡𝐚𝐫 𝐋𝐨𝐤𝐚 မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

#ဒေဝါလီနေ့ #ရုံးပိတ်ရက် #သွေးချိုတိုင်းစက် ိမ်းဆည်းနည်း #သွေးချိုထိန်းချုပ်ရေး #ဆးချိုအစားအစာ #ဆီးခ #ဆီးချိုသမားများအတွက်

🏮တူယှဉ်နွှဲပျော် သီတင်းကျွတ်ပွဲတော်🏮🙏🏻 05.10.2024 ရက်နေ့ (တနင်္ဂနွေနေ့) မှ 07.10.2024 ရက်နေ့ (အင်္ဂါနေ့) အထိသည် သီတင်းကျ...
04/10/2025

🏮တူယှဉ်နွှဲပျော် သီတင်းကျွတ်ပွဲတော်🏮

🙏🏻 05.10.2024 ရက်နေ့ (တနင်္ဂနွေနေ့) မှ 07.10.2024 ရက်နေ့ (အင်္ဂါနေ့) အထိသည် သီတင်းကျွတ်ရုံးပိတ်ရက်၊ အများပြည်သူရုံးပိတ်ရက်ဖြစ်သောကြောင့် 𝐆𝐃𝐫 ၏ ရုံးတွင်းဝန်ဆောင်မှုများ၊ Online အရောင်းများ၊ ပစ္စည်းပိုဆောင်ရေးများအားလုံးပိတ်ထားမည်ဖြစ်ကြောင်း လေးစားစွာအသိပေးအပ်ပါသည်။
08.10.2024 ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင်ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး ပုံမှန်အတိုင်းဝန်ဆောင်မှုများဆက်လက်လုပ်ဆောင်ပေးသွားမည်ဖြစ်ပါသည်။

🏮ကျက်သရေမင်္ဂလာရှိသောဝါလကင်းလွတ်သီတင်းကျွတ်အခါသမယကို ချစ်ရတဲ့ မိသားစုဝင်များနှင့်အတူ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း 𝐌𝐚𝐡𝐚𝐫 𝐋𝐨𝐤𝐚 မိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်….။

#သတင်းကျွတ် ရုံးပိတ်ရက် #ဝါလကင်းလွတ်သီတင်းကျွတ် #တယှဉ်နွှပျော် သီတင်းကျွတ်ပွဲတော် #ဆးချိုအစားအစာ #ဆီးခ #သွေးချိုတိုင်းစက် ိမ်းဆည်းနည်း #ဆီးချိုသမားများအတွက် #သွေးချိုထိန်းချုပ်ရေး

💡 ဒီစက်လေးသာ မရှိခဲ့ရင် ဆီးချိုရောဂါကုသရေးက အခုလောက် အဆင်ပြေပါ့မလား❓ကိုယ့်အိမ်မှာတင် အလွယ်တကူ တိုင်းတာနိုင်တဲ့ ဆီးချိုတိ...
24/09/2025

💡 ဒီစက်လေးသာ မရှိခဲ့ရင် ဆီးချိုရောဂါကုသရေးက အခုလောက် အဆင်ပြေပါ့မလား❓

ကိုယ့်အိမ်မှာတင် အလွယ်တကူ တိုင်းတာနိုင်တဲ့ ဆီးချိုတိုင်းတာစက်ကို ပထမဆုံး တီထွင်ခဲ့သူက ဘယ်သူလဲဆိုတာ သိကြပါသလား❓ဒီပုဂ္ဂိုလ်ကြီးတွေကြောင့် ဆီးချိုဝေဒနာရှင်တွေရဲ့ ဘဝက ပိုပြီး လုံခြုံလာခဲ့တာပါ။
သူတိုက ဘယ်သူတွေဖြစ်မလဲ❓

ဆီးချိုတိုင်းတာစက်ကို ပထမဆုံးတီထွင်ခဲ့သူကတော့ 𝐀𝐧𝐭𝐨𝐧 𝐇. 𝐂𝐥𝐞𝐦𝐞𝐧𝐬 ဖြစ်ပါတယ်။
၁၉၇၀ ပြည့်နှစ်မှာ သူဟာ Dextrostix လိုခေါ်တဲ့ စက္ကူပြားလေးပေါ်ကနေ အလင်းပြန်လာတဲ့အရောင်ကို ဖတ်ပြီး သွေးတွင်းသကြားဓာတ်ပမာဏကို တိုင်းတာနိုင်တဲ့ Ames Reflectance Meter (ARM) ကို တီထွင်ခဲ့ပါတယ်။ အဲဒီအချိန်ကတော့ ဒီစက်ဟာ အရွယ်အစားကြီးပြီး ဆရာဝန်တွေပဲ အသုံးပြုဖို ရည်ရွယ်ခဲ့တာပါ။

ဒါပေမဲ့ ဒီနည်းလမ်းကို အိမ်မှာကိုယ်တိုင် သွေးတွင်းသကြားဓာတ် တိုင်းတာနိုင်အောင် စတင်အသုံးပြုခဲ့တဲ့ ပထမဆုံးလူနာကတော့ 𝐑𝐢𝐜𝐡𝐚𝐫𝐝 𝐊. 𝐁𝐞𝐫𝐧𝐬𝐭𝐞𝐢𝐧 ဖြစ်ပါတယ်။ သူဟာ ဆီးချိုရောဂါရှိသူတစ်ဦးဖြစ်ပြီး၊ ဒီနည်းလမ်းရဲ့ အရေးပါပုံကို ကမ္ဘာက သိလာအောင်ကြိုးစားခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ဆီးချိုတိုင်းတက်စက်ကို အခြားတီထွင်သူတွေကလည်း သယ်ဆောင်ရလွယ်ကူတဲ့၊ ဘက်ထရီနဲ့အလုပ်လုပ်တဲ့ ဆီးချိုတိုင်းတာစက်တွေကို ဆက်လက်တီထွင်လာခဲ့ကြပါတယ်။ ဒါကြောင့် ဒီစက်တွေဟာ ဒီနေ့ခေတ်မှာ လူတိုင်းအတွက် အလွယ်တကူရရှိနိုင်လာခဲ့တာဖြစ်ပါတယ်။

🚨 ဒီလိုမျိုး ဗဟုသုတ အကြောင်းအရာတွေ ၊ ပညာပေး အစီအစဉ်တွေကို တင်ဆက်ပေးသွားမယ့် GDr ရဲ့ Page လေးကိုလည်း Like & Follow လုပ်ပေးခဲ့ပါဦးနော်..။

ဆီးချိုသမားများအတွက် အထူးရည်ရွယ်ပြီး အစားအသောက် လမ်းညွှန်ပိုစ်လေးတစ်ခု ရေးပေးလိုက်ပါတယ်။ ဒီပိုစ်လေးဟာ ဆီးချိုရှိသူတွေသာမ...
11/09/2025

ဆီးချိုသမားများအတွက် အထူးရည်ရွယ်ပြီး အစားအသောက် လမ်းညွှန်ပိုစ်လေးတစ်ခု ရေးပေးလိုက်ပါတယ်။ ဒီပိုစ်လေးဟာ ဆီးချိုရှိသူတွေသာမကဘဲ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံကို လေ့လာချင်သူတိုင်းအတွက် အကျိုးရှိစေမှာပါ…။

---

🧑‍⚕️ဆီးချိုသမားများအတွက် အစားအသောက်လမ်းညွှန် (အပိုင်း-၁)

ဆီးချိုရောဂါရှိသူတွေအတွက် အစားအသောက်ရွေးချယ်မှုဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ရာမှာ အဓိကသော့ချက်ဖြစ်ပါတယ်။ ဒါကြောင့် ဘာစားရမလဲ၊ ဘာကိုရှောင်ရမလဲဆိုတာ သိဖို အရမ်းအရေးကြီးပါတယ်။ ဒီနေ့မှာတော့ ဆီးချိုသမားတွေအတွက် အကျိုးပြုတဲ့ အစားအသောက်အုပ်စုနှစ်ခုအကြောင်းကို အဓိကထားပြီး ဖော်ပြပေးပါမယ်။

1️⃣ အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးအရွက်များ

အမျှင်ဓာတ်ဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးပြီး အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ အမျှင်ဓာတ်များတဲ့ အသီးအရွက်တွေကို နေ့စဉ်စားသုံးပေးခြင်းဖြင့် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုပါတယ်။

ဥပမာအားဖြင့်:
🔹ဟင်းနုနွယ်၊ ကိုက်လန်၊ ကန်စွန်းရွက် စတဲ့ အရွက်များ
🔹ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥ စတဲ့ အသီးအရွက်များ
🔹ပဲအမျိုးမျိုး (ပဲနီလေး၊ ပဲကတ္တီပါ)

ဒီလိုအသီးအရွက်တွေကို ဟင်းချို၊ အသုပ် ဒါမှမဟုတ် ကြော်ပြီး စားသုံးနိုင်ပါတယ်။

2️⃣ အသားဓာတ် (Protein) ဖြည့်တင်းပေးနိုင်တဲ့ အစားအစာများ

ပရိုတင်းဓာတ်က ခန္ဓာကိုယ်ကြွက်သားတွေကို သန်မာစေပြီး ဗိုက်ပြည့်စေလို သရေစာစားချင်စိတ်ကို လျော့နည်းစေပါတယ်။ ပရိုတင်းဓာတ်ကို အောက်ပါအစားအသောက်တွေကနေ ရယူနိုင်ပါတယ်။

ဥပမာအားဖြင့်:
🔹ငါးအမျိုးမျိုး (ငါးပေါင်း၊ ငါးကင်)
🔹ကြက်သား (အရေခွံမပါ)
🔹ပဲအမျိုးမျိုး၊ ပဲပုပ်နဲ့ပြုလုပ်ထားတဲ့ တိုဟူး

ဒီအစားအသောက်တွေကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဟင်းချက်နည်းတွေနဲ့ ပြင်ဆင်ပြီး စားသုံးနိုင်ပါတယ်။

သင့်ရဲ့အကြိုက်ဆုံး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာလေးက ဘာများဖြစ်မလဲ? Comment မှာ မျှဝေပေးခဲ့ပါဦးနော်။

ဆီးချိုသမားများအတွက် ကျန်းမာရေးနဲ့ ညိီညွတ်တဲ့ အစားအသောက်များ (အပိုင်း-၂) ထပ်မံတင်ဆက်ပေးဦးမှာမို GDr Page လေးကို Like & Follow လေး လုပ်ပေးခဲ့ပါဦးနော်….။

\ \ #ဆးချိုအစားအစာ \ #ကျန်းမာရေးလှုပ်ရှားမှု \

🙋🏻‍♀️ဆီးချိုရှိသူများအတွက် စိတ်ဖိစီးမှုလျှော့ချနည်းများ 🙅🏻‍♀️မင်္ဂလာပါ‼️ဆီးချိုရောဂါရှိသူတွေအတွက် စိတ်ဖိစီးမှု (Stress) ...
21/08/2025

🙋🏻‍♀️ဆီးချိုရှိသူများအတွက် စိတ်ဖိစီးမှုလျှော့ချနည်းများ 🙅🏻‍♀️

မင်္ဂလာပါ‼️ဆီးချိုရောဂါရှိသူတွေအတွက် စိတ်ဖိစီးမှု (Stress) ဟာ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်တာကြောင့် သတိထားဖို့လိုပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်ဖို့ လွယ်ကူထိရောက်တဲ့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။

1️⃣ အသက်ရှုလေ့ကျင့်ခန်း
စိတ်ဖိစီးမှု ခံစားရတဲ့အခါ နေရာမရွေး၊ အချိန်မရွေး လုပ်လို့ရတဲ့ အလွယ်ဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။

🔺သက်တောင့်သက်သာ ထိုင်ပြီး မျက်လုံးကို မှိတ်လိုက်ပါ။

🔺နှာခေါင်းကနေ လေးကြိမ်ရေတွက်ပြီး လေဖြည်းဖြည်းချင်းရှုသွင်းပါ။

🔺အသက်ကို ငါးစက္ကန့်လောက် ထိန်းထားပါ။

🔺ပါးစပ်ကနေ ရှစ်ကြိမ်ရေတွက်ပြီး လေဖြည်းဖြည်းချင်း ပြန်ရှုထုတ်ပါ။

🔺ဒီနည်းလမ်းကို ငါးကြိမ်လောက် ဆက်တိုက်လုပ်ပေးပါ။

2️⃣ တရားထိုင်ခြင်း
နေ့စဉ် မိနစ်အနည်းငယ်လောက် တရားထိုင်ပေးတာက စိတ်ကိုတည်ငြိမ်စေပြီး စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။

🔺ဆိတ်ငြိမ်တဲ့နေရာတစ်ခုမှာ သက်တောင့်သက်သာ ထိုင်ပါ။

🔺မျက်လုံးကိုမှိတ်ပြီး သင့်ရဲ့ဝင်လေ၊ ထွက်လေကိုပဲ အာရုံစိုက်ပါ။

🔺ခေါင်းထဲကို ဝင်လာတဲ့အတွေးတွေကို အတင်းအကြပ်ဖယ်ထုတ်ဖို့ မကြိုးစားဘဲ သူတို့ဘာသာ ဖြစ်တည်ခွင့်ပြုပြီး လွှတ်ပေးထားလိုက်ပါ။

🔺တစ်နေ့ကို ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက် ပုံမှန်လုပ်ပေးပါ။

3️⃣ ကိုယ်လက်လှုပ်ရှားမှု
ခန္ဓာကိုယ်လှုပ်ရှားမှုက စိတ်ဖိစီးမှုကို လျှော့ချပေးတဲ့ ဟော်မုန်းတွေကို ထုတ်လွှတ်ပေးပြီး သွေးတွင်းသကြားဓာတ်ကိုပါ ထိန်းညှိပေးနိုင်ပါတယ်။

🔺လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ ယောဂကျင့်တာ စတဲ့ လေ့ကျင့်ခန်းတစ်ခုခုကို တစ်နေ့ မိနစ် ၃၀ လောက် လုပ်ပေးပါ။

🔺သင်ပျော်ရွှင်ပြီး စိတ်လက်ပေါ့ပါးစေမယ့် လှုပ်ရှားမှုကို ရွေးချယ်ပါ။

4️⃣ အနားယူခြင်း
တစ်နေ့တာလုံး အလုပ်တွေနဲ့ ပင်ပန်းနေချိန်မှာ ခဏတာ အနားယူတာကလည်း အရေးကြီးပါတယ်။

🔺နေ့လယ်ဘက် အချိန်ရရင် ခဏတဖြုတ် အိပ်စက်အနားယူပါ။

🔺အကြိုက်ဆုံး သီချင်းနားထောင်တာ၊ စာအုပ်ဖတ်တာမျိုးလည်း လုပ်နိုင်ပါတယ်။

🔺သူငယ်ချင်းတွေနဲ့ စကားပြောတာ (သို့) ကိုယ်ချစ်ရတဲ့သူတွေနဲ့ အချိန်ဖြုန်းတာကလည်း စိတ်ကျန်းမာရေးကို အထောက်အကူပြုပါတယ်။

ဒီနည်းလမ်းတွေထဲကနေ သင်အကြိုက်ဆုံးနည်းလမ်းလေးက ဘယ်တစ်ခုလဲဆိုတာ Comment မှာ ပြောပြပေးခဲ့ပါဦးနော်။

#စိတ်ဖိစီးမှုလျှော့ချရေး #ကျန်းမာပျော်ရွှင် #အသုံးပြုပုံအဆင့်ဆင့် #ဆီးခ #သွေးချိုတိုင်းစက် #သွေးချိုထိန်းချုပ်ရေး #ဆီးချိုသမားများအတွက် ိမ်းဆည်းနည်း #ကျန်းမာရေးနှင့်ညီညွတ်သော #ကျန်းမာရေး #ကျန်းမာရေးဗဟုသုတ #ဆးချိုအယူအဆများ

Address

No. 6, Moe Ma Kha Street, Malikha Housing Thingangyun
Yangon

Telephone

+959946500500

Website

Alerts

Be the first to know and let us send you an email when GDr posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to GDr:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram