Lynn Pharmacy -ဆေးဝါးကျွမ်းကျင် အွန်လိုင်းသင်တန်း

  • Home
  • Myanmar
  • Yangon
  • Lynn Pharmacy -ဆေးဝါးကျွမ်းကျင် အွန်လိုင်းသင်တန်း

Lynn Pharmacy -ဆေးဝါးကျွမ်းကျင် အွန်လိုင်းသင်တန်း ဆေးဆိုင်ဖွင့်ချင်တဲ့ အိမ်မက်တွေကို Lynn Pharmacy နဲ့အကောင်ထည်ဖော်လိုက်ပါ။
(1)

19/12/2025

Diabetes Drugs (ဆီးချိုရောဂါတွင်အသုံးပြုရသောဆေးဝါးများ)

🔹ကျွန်မတို့သင်တန်းမှာသင်ကြားပေးတဲ့ သင်ခန်းစာတချို့ပါရှင့်။

🔹 သင်တန်းသူရဲ့‌ရေးမှတ်ထားတဲ့ Note book 📒

🔹သင်ခန်းစာတိုင်းကို Category အလိုက် မြန်မာလိုရှင်းပြသင်ကြားပေးထားပါတယ်။

ဆေးဆိုင်ဖွင့်ဖို့စိတ်ကူးထားတယ်ဆိုရင် Lynn Pharmacy Online Class ကိုသတိရလိုက်ပါ။


#ဆေးဝါးကျွမ်းကျင်သင်တန်း
#ဆေးဝါးကျွမ်းကျင်အွန်လိုင်းသင်တန်း
#ဆေးဆိုင်ဖွင့်လိုသူများ
#ဆေးဆိုင်ဖွင့်ထားသူများ

Congratulations 🎉 🎉 Joy Pharmacy 💊▪️ Lynn Pharmacy Online Class ကိုတက်ပြီး သမီးရဲ့ဆေးဆိုင်ကို အကောင်ထည်ဖော်နိုင်တဲ့အတွက်...
17/12/2025

Congratulations 🎉 🎉 Joy Pharmacy 💊

▪️ Lynn Pharmacy Online Class ကိုတက်ပြီး သမီးရဲ့ဆေးဆိုင်ကို အကောင်ထည်ဖော်နိုင်တဲ့အတွက် ဂုဏ်ယူဝမ်းသာပါတယ်ရှင်🤍

▪️အောင်မြင်ခြင်းများစွာရရှိတဲ့ ဆေးဆိုင်ကြီးဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင့်။



#ဆေးဆိုင်ဖွင့်လိုသူများ
#ဆေးဝါးကျွမ်းကျင်အွန်လိုင်းသင်တန်း

ဂေါက်ရောဂါ (Gout) ဆိုတာ🦵အဆစ်ရောင်ရမ်းမှုတစ်မျိုးဖြစ်ပြီး၊ ခန္ဓာကိုယ်ထဲမှာ ယူရစ်အက်ဆစ် ပမာဏ လိုအပ်တာထက် ပိုများလာတဲ့အခါ ဖ...
15/12/2025

ဂေါက်ရောဂါ (Gout) ဆိုတာ

🦵အဆစ်ရောင်ရမ်းမှုတစ်မျိုးဖြစ်ပြီး၊ ခန္ဓာကိုယ်ထဲမှာ ယူရစ်အက်ဆစ် ပမာဏ လိုအပ်တာထက် ပိုများလာတဲ့အခါ ဖြစ်ပေါ်လာတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။

🔬 ဖြစ်ပွားပုံ

✍️ခါန္ဓာကိုယ်ထဲမှာ ယူရစ်အက်ဆစ်တွေဟာ လိုအပ်တာထက် ပိုများလာတဲ့အခါ၊ အဲဒီယူရစ်အက်ဆစ်တွေက အဆစ်တွေထဲမှာ ကြည်လင်တဲ့ပုံဆောင်ခဲလေးတွေ (urate crystals) အဖြစ် စုပုံလာပါတယ်။

✍️အဲဒီပုံဆောင်ခဲလေးတွေက အဆစ်ကို ထိုးဆွ၊ ပွတ်တိုက်ပြီး **ပြင်းထန်တဲ့ နာကျင်မှု၊ ရောင်ရမ်းမှုနဲ့ နီရဲပူစပ်မှု**တို့ကို ဖြစ်ပေါ်စေပါတယ်။

🎯 အဖြစ်များဆုံးနေရာ

အဖြစ်အများဆုံးနဲ့ ပထမဆုံး စတင်ဖြစ်တတ်တဲ့ နေရာကတော့ **ခြေမရဲ့ အောက်ခြေအဆစ် ဖြစ်ပါတယ်။ ဒါပေမယ့် တခြားအဆစ်တွေဖြစ်တဲ့ ခြေချင်းဝတ်၊ ဒူး၊ လက်ဆစ်၊ လက်ကောက်ဝတ်နဲ့ တံတောင်ဆစ်တွေမှာလည်း ဖြစ်နိုင်ပါတယ်။

⚡ ဂေါက်ရောဂါရဲ့ လက္ခဏာများ

ဂေါက်ရောဂါရဲ့ လက္ခဏာတွေဟာ ရုတ်တရက် အလွန်ပြင်းထန်စွာ စတင်တတ်ပြီး အများအားဖြင့် ညဘက်မှာ ဖြစ်လေ့ရှိပါတယ်။

- အဆစ်ထဲမှာ မခံမရပ်နိုင်လောက်အောင် နာကျင်မှုဖြစ်ပေါ်ခြင်း။
- ထိခိုက်တဲ့အဆစ်ဟာ ဖောင်းပွပြီး ထိလိုက်ရင် ပူနွေးနေခြင်း။
- အရေပြားက နီရဲပြီး တောက်ပြောင်နေခြင်း။
- နာကျင်မှုကြောင့် အဆစ်ကို အပြည့်အဝ လှုပ်ရှားဖို့ ခက်ခဲခြင်း။

🍎 ဖြစ်ပွားစေသော အကြောင်းအရင်းများ

1. အစားအသောက် (Diet)

➖ Purines (ပူရင်း) ဓာတ်များတဲ့ အစားအစာတွေ (ဥပမာ- အနီရောင်အသား၊ ပင်လယ်စာအချို့၊ အရက်အမျိုးမျိုး၊ အထူးသဖြင့် ဘီယာနှင့် သကြားပါဝင်သော အချိုရည်များ) ကို အများအပြား စားသုံးခြင်း။ Purines ဓာတ်ဟာ ခန္ဓာကိုယ်ထဲမှာ ယူရစ်အက်ဆစ်အဖြစ် ပြောင်းလဲသွားပါတယ်။

2. ကျောက်ကပ်လုပ်ငန်း (Kidney Function)

▪️ ကျောက်ကပ်က ယူရစ်အက်ဆစ်ကို ခန္ဓာကိုယ်ထဲကနေ ကောင်းစွာ မစွန့်ထုတ်နိုင်ခြင်း။

3. ကိုယ်အလေးချိန် (Weight)

▪️ကိုယ်အလေးချိန်များခြင်း သို့မဟုတ် အဝလွန်ခြင်း။

4. ကျန်းမာရေးအခြေအနေများ (Health Conditions)

🩸သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါနှင့် သိုင်းရွိုက်ရောဂါအချို့ရှိခြင်း။

5. ဆေးဝါးများ (Medications)

💊 ဆီးဆေးအချို့ သောက်သုံးခြင်းကြောင့်တို့ပဲဖြစ်ပါတယ်။

Lynn Pharmacy ရဲ့ချစ်ရတဲ့သူအားလုံးကျန်းမာပျော်ရွှင်တဲ့ နေ့ရက်များစွာကိုပိုင်ဆိုင်နိုင်ကြပါစေရှင့်။


#ဆေးဆိုင်ဖွင့်လိုသူများ
#ဆေးဆိုင်ဖွင့်ထားသူများ
#ဆေးဝါးကျွမ်းကျင်သင်တန်း
#ဆေးဝါးကျွမ်းကျင်အွန်လိုင်းသင်တန်း

💡 💊  ဆေးဆိုင်ဖွင့်လှစ်လိုသူများ၊ လက်ရှိလုပ်ငန်းကို ပိုမိုတိုးတက်လိုသူများအတွက်!🌌 နှစ်သစ်မှာ ကိုယ်ပိုင်စီးပွားရေးတစ်ခု စတ...
13/12/2025

💡 💊 ဆေးဆိုင်ဖွင့်လှစ်လိုသူများ၊ လက်ရှိလုပ်ငန်းကို ပိုမိုတိုးတက်လိုသူများအတွက်!

🌌 နှစ်သစ်မှာ ကိုယ်ပိုင်စီးပွားရေးတစ်ခု စတင်ဖို့ စိတ်ကူးထားပါသလား?

💊ဆေးဝါးလုပ်ငန်းနယ်ပယ်ဟာ စိန်ခေါ်မှုတွေ ရှိပေမယ့် စနစ်တကျ သင်ယူထားရင် အောင်မြင်မှုရရှိနိုင်တဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။

🎓 Lynn Pharmacy Online Class ကို တက်ရောက်ခြင်းဖြင့်...

💊ဆေးဝါးများကိုအခြေခံက‌ေနအဆင့်မြင့်အထိသင်ကြားပေးခြင်း။

💊ခေတ်ပေါ်ဆေးဝါးများကိုဆေးဘူးပုံနဲ့ပြပြီးသင်ပေးခြင်း။

🔹ဆေးဆိုင်ဖွင့်လှစ်ခွင့် လိုင်စင် လျှောက်ထားပုံ အဆင့်ဆင့်သင်ကြားပေးခြင်း။

💊ဆေးဝါးစည်းမျဉ်းဥပဒေများ၊ လိုက်နာရမည့် ကျင့်ဝတ်များ။

🔹ဆေးဆိုင်စဖွင့်ချိန် မရှိမဖြစ်ဝယ်ထားရမယ့်ဆေးဝါးစာရင်းများ။

🔹ဆေးဝါးဝယ်ယူရန် လက်ကားဆေးဆိုင်များ ဆေးကုမ္ပဏီများနဲ့ချိတ်ပေးခြင်း။

🔹ဆေးဝါးအတုအပ ခွဲခြားနည်းများကိုသင်ကြားပေးခြင်း။

🔹ရာသီအလိုက်ရောင်းရတဲ့ဆေးဝါးတွေကိုစာရင်းပြုစုပေးခြင်း။

💊ဆေးဝါးများကို သက်တမ်းကုန်ဆုံးခြင်း (Expiry) မဖြစ်အောင် စီစဉ်နည်း။

စတဲ့သင်ခန်းစာတွေကို သင်တန်းပြီးတာနဲ့ချက်ချင်းဆေးဆိုင်ဖွင့်နိုင်အောင် သင်ကြားပေးလျက်ရှိပါတယ်။




🔹သင်တန်းကာလ

(၃)လ

သင်တန်းကြေး (၁၂၀,၀၀၀)နဲ့ ဒီဇင်ဘာလကုန်အထိသာလက်ခံပါမယ်။

📞 စာရင်းပေးသွင်းရန်

ယခုပဲ စာရင်းပေးသွင်းပြီး အောင်မြင်တဲ့ ဆေးဆိုင်ပိုင်ရှင်ဖြစ်ဖို့ ပထမခြေလှမ်းကို စတင်လိုက်ပါ။


* Viber/Telegram: 09455259653

* Chat Box: ဒီ Post ရဲ့ အောက်မှာ "စိတ်ဝင်စားပါတယ်" လို့ ရေးသားပြီး စာရင်းပေးသွင်းနိုင်ပါတယ်။


#ဆေးဆိုင်ဖွင့်လိုသူများ
#ဆေးဆိုင်ဖွင့်ထားသူများ
#ဆေးဝါးကျွမ်းကျင်သင်တန်း
#ဆေးဝါးကျွမ်းကျင်အွန်လိုင်းသင်တန်း

Antiasthmatic drugs (ပန်းနာရင်ကျပ်ရောဂါသုံး ဆေးဝါများ)💊ဆေးဝါးတွေသင်ယူတဲ့အခါထိ‌ရောက်မှုမြန်ဆန်နားလည်လွယ်စေဖို့ Category အ...
11/12/2025

Antiasthmatic drugs (ပန်းနာရင်ကျပ်ရောဂါသုံး ဆေးဝါများ)

💊ဆေးဝါးတွေသင်ယူတဲ့အခါထိ‌ရောက်မှုမြန်ဆန်နားလည်လွယ်စေဖို့ Category အလိုက် ရောဂါနဲ့ အသုံးပြုပုံ ဆိုးကျိုး ဒါတွေအပြင် မြန်မာလိုအသံထွက်နဲ့သင်ကြားပေးလျှက်ရှိပါတယ်။

🔹ဆေးဆိုင်ဖွင့်လှစ်တဲ့အခါ အခက်ခဲမရှိအောင် ခေတ်ပေါ် Brand name နဲ့ ဆေးဗူးပုံ တွဲပြီးသင်ကြားပေးထားပါတယ်။

✍️ ကျမတို့ သင်တန်းသူ/သားအားလုံးလည်းနေ့စဉ် Note book ကို တီချယ့်တို့ကို Report တင်ပြလေ့ရှိပါတယ်။

✍️ Note book ပိုင်ရှင်လည်းအမြန်ဆုံးဆေးဆိုင်ဖွင့်နိုင်ပါစေရှင်။


#ဆေးဆိုင်ဖွင့်လိုသူများ
#ဆေးဆိုင်ဖွင့်ထားသူများ
#ဆေးဝါးကျွမ်းကျင်သင်တန်း
#ဆေးဝါးကျွမ်းကျင်အွန်လိုင်းသင်တန်း

🦠 ရေယုန်ရောဂါ ရဲ့ အဓိက လက္ခဏာများရေယုန်ရောဂါ (Herpes Simplex Virus - HSV) ရဲ့ အဓိက လက္ခဏာတွေကတော့ ရောဂါဖြစ်ပွားတဲ့ နေရာပ...
09/12/2025

🦠 ရေယုန်ရောဂါ ရဲ့ အဓိက လက္ခဏာများ

ရေယုန်ရောဂါ (Herpes Simplex Virus - HSV) ရဲ့ အဓိက လက္ခဏာတွေကတော့ ရောဂါဖြစ်ပွားတဲ့ နေရာပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။

ဒါပေမဲ့ အဖြစ်များတဲ့ လက္ခဏာတွေကတော့

- အရည်ကြည်ဖုများ ပေါက်ခြင်းနှင့် အနာများဖြစ်ပေါ်ခြင်း

- နှုတ်ခမ်း၊ ပါးစပ်တစ်ဝိုက်** (ပါးစပ်ရေယုန် - Cold Sores) ဒါမှမဟုတ် လိင်အင်္ဂါ၊ စအိုဝတစ်ဝိုက် (လိင်အင်္ဂါရေယုန်) တွေမှာ အရည်ကြည်ဖု အစုလိုက်လေးတွေ ပေါက်တတ်ပါတယ်။

- ဒီအရည်ကြည်ဖုတွေဟာ ပေါက်ထွက်သွားပြီး အရည်တွေထွက်ကာ နာကျင်တဲ့ အနာလေးတွေ ဖြစ်လာပါတယ်။
-အနာတွေဟာ တဖြည်းဖြည်း ခြောက်သွားပြီး အနာဖေးဖြစ်ကာ အမာရွတ်မကျန်ဘဲ ပျောက်ကင်းလေ့ရှိပါတယ်။

-အရည်ကြည်ဖုတွေ မပေါ်ခင်ယားယံခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း၊ ထုံကျဉ်ခြင်း** စတဲ့ ဝေဒနာတွေကို အရင်ခံစားရတတ်ပါတယ်။

-အရည်ကြည်ဖုတွေ ပေါက်တဲ့အခါမှာလည်း ပြင်းပြင်းထန်ထန် နာကျင်မှု ခံစားရနိုင်ပါတယ်။
- လိင်အင်္ဂါရေယုန်ဖြစ်ရင် ဆီးသွားတဲ့အခါ နာကျင် တတ်ပါတယ်။

---
🌡 ပထမဆုံးအကြိမ် ရောဂါဖြစ်ချိန်တွင် ဖြစ်တတ်သော အခြားလက္ခဏာများ

ပထမဆုံးအကြိမ် ရောဂါပိုးဝင်တဲ့အခါမှာ လက္ခဏာတွေက ပိုပြီး ပြင်းထန်တတ်ပြီး တုပ်ကွေးနဲ့ ဆင်တူတဲ့ လက္ခဏာတွေလည်း တွဲပြီး ခံစားရနိုင်ပါတယ်-

-ဖျားခြင်း
-ခေါင်းကိုက်ခြင်း
-ကိုယ်လက် ကိုက်ခဲ နာကျင်ခြင်း
-နုံးချည့်နွမ်းနယ်ခြင်း
-လည်ပင်း သို့မဟုတ် ပေါင်ခြံတစ်ဝိုက်ရှိ ပြန်ရည်ကြောအကျိတ်များ ရောင်ရမ်းခြင်းများ ဖြစ်တက်ပါတယ်။

Lynn Pharmacy ရဲ့ချစ်ရတဲ့သူအားလုံးကျန်းမာပျော်ရွှင်တဲ့နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေ။


#ဆေးဝါးကျွမ်းကျင်သင်တန်း
#ဆေးဝါးကျွမ်းကျင်အွန်လိုင်းသင်တန်း
#ဆေးဆိုင်ဖွင့်လိုသူများ

🌌နှစ်သစ်မှာ ဆေးဆိုင်ဖွင့်ဖို့ ရည်ရွယ်ထားသူတွေအတွက် လက်ရှိ အတန်ဆုံးသော သင်တန်းကြေးလေးနဲ့ အပ်နှံလိုက်ပါ။ 💊ဆေးဆိုင်ဖွင့်လို...
07/12/2025

🌌နှစ်သစ်မှာ ဆေးဆိုင်ဖွင့်ဖို့ ရည်ရွယ်ထားသူတွေအတွက် လက်ရှိ အတန်ဆုံးသော သင်တန်းကြေးလေးနဲ့ အပ်နှံလိုက်ပါ။

💊ဆေးဆိုင်ဖွင့်လိုသူတွေအတွက်အကောင်းဆုံးသင်ကြားပေးတဲ့ ဆေးဝါးအခြေခံကနေအဆင့်မြင့်သင်တန်းကို

🗓️2025 ခုနှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ Sweet December မှာ Lynn Pharmacy ဆေးဝါးသင်တန်းကို အပ်နှံလိုသူများအတွက် လက်ရှိသင်တန်းကြေး 120,000/- နဲ့ ဒီလကုန်အထိ လက်ခံပေးသွားပါမယ်လို့ သတင်းကောင်းပါးလိုက်ပါတယ်ရှင့်။

🔹နောက်လကစပြီးသင်တန်းကြေးအပြောင်းအလဲရှိပါမယ်ရှင်။

✍️သင်တန်းအပ်လိုပါက

Page Messenger

(Or)

Viber no 09455259653

ကနေအပ်နှံလို့ရပါတယ်။

Lynn Pharmacy ရဲ့ ချစ်ရတဲ့သူအားလုံး အေးချမ်းပျော်ရွှင်တဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။


#ဆေးဝါးကျွမ်းကျင်သင်တန်း
#ဆေးဝါးကျွမ်းကျင်အွန်လိုင်းသင်တန်း
#ဆေးဆိုင်ဖွင့်လိုသူများ
#ဆေးဆိုင်ဖွင့်ထားသူများ

ဆောင်းရာသီဟာ ချစ်စရာကောင်းတဲ့ ရာသီဆိုပေမယ့် အရေပြားခြောက်သွေ့ခြင်းကြောင်း ဝဲခြောက်ရောဂါအဖြစ်များကြပါတယ်။🧐 ဝဲခြောက်ရောဂါရ...
05/12/2025

ဆောင်းရာသီဟာ ချစ်စရာကောင်းတဲ့ ရာသီဆိုပေမယ့် အရေပြားခြောက်သွေ့ခြင်းကြောင်း ဝဲခြောက်ရောဂါအဖြစ်များကြပါတယ်။

🧐 ဝဲခြောက်ရောဂါရဲ့ အဓိက လက္ခဏာများ

* ပြင်းထန်စွာ ယားယံခြင်း

* အရေပြား ခြောက်သွေ့ပြီး အဖတ်လန်ခြင်း

* နီရဲရောင်ရမ်းခြင်း

* အရေပြားထူလာခြင်း

သို့မဟုတ် ကြမ်းတမ်းလာခြင်း

* အနာလေးများ၊ အရည်ကြည်ဖုလေးများ ဖြစ်ပေါ်ခြင်း (ယင်းတို့ ပေါက်သွားပါက အပေါ်ယံ အဖတ်များ ဖြစ်လာခြင်း)

🧬 ဝဲခြောက် ဖြစ်ရတဲ့ အကြောင်းရင်းများ

* အရေပြား ခြောက်သွေ့မှု

* ဓာတ်မတည့်မှု ဖြစ်စေတဲ့ အရာများ (ဥပမာ- ဝတ်မှုန်၊ ဖုန်မှုန့်၊ အိမ်မွေးတိရစ္ဆာန် အမွှေးများ)

* ဆပ်ပြာ သို့မဟုတ် သန့်စင်ဆေးရည်လို ဓာတုပစ္စည်းများနဲ့ ထိတွေ့မှု

* စိတ်ဖိစီးမှုများခြင်း

* ပူလွန်း/အေးလွန်းသော ရာသီဥတု

* ချွေးထွက်များခြင်း

🩹 ကုသမှုနှင့် ဂရုစိုက်နည်းများ

* အစိုဓာတ်ထိန်းပေးခြင်း (Moisturizers): အနံ့မပါတဲ့ အဆီပါဝင်မှုများတဲ့ အစိုဓာတ်ထိန်းခရင်မ် (သို့) ဆီခဲ (Ointment) တွေကို တစ်နေ့ကို အကြိမ်များစွာ လိမ်းပေးသင့်ပါတယ်။

* ယားယံခြင်းကို လျှော့ချခြင်း: ဆရာဝန်ညွှန်ကြားတဲ့ စတီးရွိုက်ပါဝင်သော လိမ်းဆေးများ (Topical Steroids) သို့မဟုတ် အခြားဆေးများကို သုံးစွဲနိုင်ပါတယ်။

* ရှောင်ကြဉ်ခြင်း: သင့်အရေပြားကို ယားယံစေတဲ့ သို့မဟုတ် ဓာတ်မတည့်မှုဖြစ်စေတဲ့ အရာတွေကို တတ်နိုင်သမျှ ရှောင်ရှားပါ။

* ရေချိုးခြင်း: ကြက်သီးနွေးရေနဲ့ ရေတိုချိုးပြီး၊ ရေချိုးပြီး ၃ မိနစ်အတွင်းမှာ အစိုဓာတ်ထိန်းဆေးကို ချက်ချင်း လိမ်းသင့်ပါတယ်


#ဆေးဆိုင်ဖွင့်လိုသူများ
#ဆေးဆိုင်ဖွင့်ထားသူများ
#ဆေးဝါးကျွမ်းကျင်သင်တန်း
#ဆေးဝါးကျွမ်းကျင်အွန်လိုင်းသင်တန်း

✍️သင်တန်းအပ်ပြီး သင်ခန်းစာတွေသေချာလေး လိုက်လုပ်ထားတဲ့ Lynn Pharmacy သင်တန်းသူလေး 🤍▪️ကြိုးစားမှုအတွက်ဂုဏ်ယူပါတယ် သမီးရဲ့အ...
03/12/2025

✍️သင်တန်းအပ်ပြီး သင်ခန်းစာတွေသေချာလေး လိုက်လုပ်ထားတဲ့ Lynn Pharmacy သင်တန်းသူလေး 🤍

▪️ကြိုးစားမှုအတွက်ဂုဏ်ယူပါတယ် သမီးရဲ့အိပ်မက်တွေအမြန်ဆုံးပြည့်ဝပါစေ။

▪️သင်တန်းသူ/ သင်တန်းသားတွေရဲ့ Note Book လေးတွေကိုလည်း ကျေနပ်အားရပါတယ်။

#ဆေးဝါးကျွမ်းကျင်သင်တန်း
#ဆေးဆိုင်ဖွင့်လိုသူများ
#ဆေးဆိုင်ဖွင့်ထားသူများ #ဆေးဝါးကျွမ်းကျင်အွန်လိုင်းသင်တန်း

01/12/2025

💊 ဆေးဆိုင်တစ်ဆိုင်မှာ ခွဲထားတဲ့ OTC,POM ,CD ဆေးတွေအကြောင်း💛


#ဆေးဝါးကျွမ်းကျင်သင်တန်း
#ဆေးဝါးကျွမ်းကျင်အွန်လိုင်းသင်တန်း
#ဆေးဆိုင်ဖွင့်လိုသူများ
#ဆေးဆိုင်ဖွင့်ထားသူများ

📣 အခုအပ်ပြီး ခုချက်ချင်းတက်လို့ရမယ့်  ဆေးဝါးကျွမ်းကျင် ဆေးဆိုင်ဖွင့်ရန် အထူးသင်တန်းလာပါပြီ ✍️Zoom Class join ဖို့ မအားလပ...
29/11/2025

📣 အခုအပ်ပြီး ခုချက်ချင်းတက်လို့ရမယ့် ဆေးဝါးကျွမ်းကျင် ဆေးဆိုင်ဖွင့်ရန် အထူးသင်တန်းလာပါပြီ

✍️Zoom Class join ဖို့ မအားလပ်တဲ့သူတွေအတွက် ရည်ရွယ်ပြီး Video class ဖွင့်ပေးထားပါရှင့် ။

✍️ သင်ခန်းစာ Video တွေကို Private Group ထဲမှာ ဝင်ရောက်လေ့လာသင်ယူရမှာဖြစ်ပါတယ် ။

✍️နားမလည်တာရှိခဲ့ရင်လည်း အချိန်နဲ့တပြေးညီ Page Messenger နဲ့ Viber Group ကနေချက်ချင်းမေးမြန်းသွားလို့ရပါတယ်ရှင့် ။

✍️ကဲ အဲ့ဒီတော့ သင်တန်းတက်ဖို့ အချိန်မပေးနိုင်ဘူးဆိုရင် အခုအပ်ပြီး အခုတက်လို့ရတဲ့
Video Class ကို Join ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့်။

သင်တန်းအပ်ရန်
Page Messenger

Viber no 09- 455259653

ကနေအပ်ပြီးချက်ချင်းတက်လို့ရပါပြီရှင့်


#ဆေးဝါးကျွမ်းကျင်သင်တန်း
#ဆေးဝါးကျွမ်းကျင်အွန်လိုင်းသင်တန်း
#ဆေးဆိုင်ဖွင့်လိုသူများ
#ဆေးဆိုင်ဖွင့်ထားသူများ

🫀နှလုံးရောဂါ ရှိမရှိသေချာ သိရဖို့ဆိုရင် နှလုံးအထူးကုနဲ့ စစ်ဆေမှုပြုလုပ်ဖို့ အရေးကြီးပါတယ်။သတိပြုရမယ့်လက္ခဏာတွေအနေနဲ့ကတော...
27/11/2025

🫀နှလုံးရောဂါ ရှိမရှိသေချာ သိရဖို့ဆိုရင် နှလုံးအထူးကုနဲ့ စစ်ဆေမှုပြုလုပ်ဖို့ အရေးကြီးပါတယ်။

သတိပြုရမယ့်လက္ခဏာတွေအနေနဲ့ကတော့

၁။ ရင်ဘတ်အောင့်ခြင်း

၂။ အသက်ရှူကျပ်ခြင် း / မောပန်းလွယ်ခြင်း ။

၃။ ခန္ဓာကိုယ်ဖောရောင်ခြင်း။

၄။ အလွန်အမင်းမောပန်းနွမ်းနယ်ခြင်း။

၅။ နှလုံးခုန်မမှန်ခြင်း။

၆။ မူးဝေခြင်း/ သတိလစ်ခြင်း ဒီအချက်တွေခံစားနေရရင် ဆရာဝန်နဲ့ အမြန်ဆုံးပြဖို့လိုပါမယ်။

ဆရာဝန်များမှ စစ်ဆေးနိုင်သည့် နည်းလမ်းတွေကတော့

၁။ သွေးစစ်ခြင်း။

၂။ နှလုံးလျှပ်စစ်လှိုင်းပုံစံ စစ်ဆေးခြင်း (ECG)

၃။ နှလုံး အာထရာဆောင်း စစ်ဆေးခြင်း။

၄။ရင်ဘတ် ဓာတ်မှန်ရိုက်ခြင်း။

၅။ သွေးကြောပိတ်ဆို့မှု ဓာတ်မှန်စစ်ဆေးခြင်းများ ပြုလုပ်နိုင်ပါတယ်ရှင့်။

သွေးတိုး/ ဆီးချို / အဝလွန်သူများ / ဆေးလိပ်သောက်သူများ/ မိသားစုဝင်တွင် နှလုံးရောဂါ ရာဇဝင်ရှိသူတွေကတော့ လက္ခဏာမပြလည်း ကျန်းမာရေးစစ်ဆေးမှုပြုလုပ်တာ အကောင်းဆုံးပဲဖြစ်ပါတယ်ရှင့်။

Lynn Pharmacy ရဲ့ချစ်ရတဲ့သူအားလုံး ကျန်းမာပျော်ရွင်တဲ့နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေရှင့်။


#ဆေးဆိုင်ဖွင့်ထားသူများ
#ဆေးဆိုင်ဖွင့်လိုသူများ
#ဆေးဝါးကျွမ်းကျင်သင်တန်း
#ဆေးဝါးကျွမ်းကျင်အွန်လိုင်းသင်တန်း

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Lynn Pharmacy -ဆေးဝါးကျွမ်းကျင် အွန်လိုင်းသင်တန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram