Khin Overseas Medical Services

Khin Overseas Medical Services ထိုင်းနှင့်အိန္ဒိယနိုင်ငံများတွင် ဆေးသွားကုလိုသူများ အတွက် အသက်သာဆုံး ဖြစ်အောင် ဆောင်ရွက်ပေးနေပါပြီ

လူနာများ mask တပ်ကြပါ
30/11/2025

လူနာများ mask တပ်ကြပါ

❝ဘန်ကောက်မှာ မနက်ဖြန်ကစပြီး Mask တပ်ဖို့ ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးကြေညာ❞

ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ (BMA) က ဘန်ကောက်မှာ လေထုညစ်ညမ်းမှု ပြင်းထန်လာလို့ မနက်ဖြန်ကစပြီး Mask တွေတပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။ လက်ရှိမှာ လေထုထဲ ဖုန်ပါဝင်မှုနှုန်းက လိမ္မော်ရောင် အဆင့်ဖြစ်နေပြီး ဒီဇင်ဘာ ၂ ရက်အထိ မြင့်တက်နေမယ်လို့ ပြောပါတယ်။

ဒါကြောင့် သာမန် ကျန်းမာသူတွေအနေနဲ့

-PM2.5 လေထုညစ်ညမ်းမှုဖြစ်နေတဲ့ ကာလအတွင်း Mask တွေတပ်ပါ။
-ပြင်ပမှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်တာကို တတ်နိုင်သမျှရှောင်ရှားပါ။
-ချောင်းဆိုးတာ၊ အသက်ရှုကြပ်တာနဲ့ မျက်စိယားယံတွေ စတဲ့ လက္ခဏာတွေကို ရှောင်ရှားဖို့ အသိပေးထားပါတယ်။

ကလေးငယ်၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်နဲ့ ရောဂါပြင်းထန်တဲ့ လူနာတွေအနေနဲ့ အပြင်ထွက်ရင်-
-PM2.5 လေထုညစ်ညမ်းမှုဖြစ်နေတဲ့ ကာလအတွင်း Mask တွေတပ်ပါ။
-ပြင်ပမှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်တာကို တတ်နိုင်သမျှရှောင်ရှားပါ။
-ဆရာဝန်ရဲ့ ညွှန်ကြားချက်ကိုလိုက်နာပါ။
-ရုတ်တရက် အခြေအနေပုံမှန်မဟုတ်တာတွေဖြစ်လာပါက ချက်ချင်းဆေးကုသမှု ခံယူဖို့ တိုက်တွန်းထားပါတယ်။

ဒီဇင်ဘာ ၃-၅ ရက် ဝန်းကျင်မှာတော့ လေထုက ပုံမှန်အခြေအနေပြန်ရောက်မယ်လို့ သုံးသပ်ထားပြီး လက်ရှိ ဒီ ၂-၃ ရက်အတွင်းကိုတော့ Mask တပ်ပြီး ဂရုစိုက်ဖို့ တ်ိုက်တွန်းထားပါတယ်။

Ref: NT THAILAND
#ထိုင်းရောက်မြန်မာ

30/11/2025

Vacancy
Part time medical coordinator : ၂ ဦး

-M.B.,B.S ဘွဲ့ရ/ B.Sc (Nursing) ဘွဲ့ရ
-ဘန်ကောက်တွင် နေထိုင်သူ ဖြစ်ရပါမည်
-clinical နှင့် အရမ်းမဝေးသူ
-Eng လို ကောင်းမွန်စွာ ပြောဆိုနိုင်သူ
-ယဉ်ကျေးစွာ ပြောဆို ဆက်ဆံ လုပ်ကိုင်နိုင်သူ
-လူနာနှင့် လူနာမိသားစုကို ရောဂါအကြောင်း ဆေးရုံ ဆရာဝန်​အကြောင်း စိတ်ရှည်ရှည်နှင့် ရှင်းပြပေးနိုင်ပြီး လိုအပ်သည်များကို လိုက်လံ လုပ်ပေးနိုင်မည့်သူ ဖြစ်ရပါမည်

-full time job မဟုတ်ပါ
-ဆေးကုရမည့် အလုပ်မဟုတ်ပါ
-မိမိ၏ ဆေးပညာ knowledge ကို အခြေခံပြီး လူနာ နှင့် ထိုင်းဆရာဝန်ကြား ပိုမို နားလည်အောင် ကူညီပေးရမည့် အလုပ်ဖြစ်ပါသည်
-ထိုင်းဆေးရုံ ထိုင်းဆရာဝန်များနှင့် ပတ်သက်၍ အမြင်စောင်း မကောင်းသော အမြင်များရှိလျှင် လာရောက်အလုပ်လျှောက်ထားရန် မသင့်တော်ပါ
-ထိုင်း ဆေးရုံ Team များမှ non-medical professionals များနှင့် အမြဲ ပြောဆို ဆက်ဆံနေရမည့် အလုပ်ဖြစ်ပါသည်

Resume နှင့် ဘွဲ့လက်မှတ်ကို dr.khinsandarmyint@gmail.com ကို ပို့ပေးနိုင်ပါသည်
(*** ဆမ ရှိရန် မလိုအပ်သော်လည်း သင့်တော်သော ပညာရေး ပြီးဆုံးထားကြောင်း အထောက်အထား ပြသရန် လိုအပ်ပါသည်)
အလုပ်နှင့် ပတ်သက်ပြီး အသေးစိတ် မေးမြန်းလိုသည်များကို
Viber/WhatsApp : +66966565754သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်

Edit:
စိတ်ဝင်တစားနဲ့ resume ပို့ပေးကြတဲ့ လျှောက်ထားသူ ဆရာဝန် juniors , seniors များနဲ့ သူနာပြုဆရာမများ အားလုံးကို ကျေးဇူးတင်ပါတယ်
ဖုန်းနံပါတ် ပြန်ပြင်ပေးထားပါတယ်
စာကို မြန်မာလိုရှင်းအောင် ရေးထားပါတယ်
သေချာလေး ဖတ်ပြီးမှ လာရောက်မေးမြန်း resume ပို့ပေးပါ
သေချာမဖတ်ဘဲ လာပို့လာမေးထားတာ အများကြီး တွေ့လို့ပါ
*** messenger မှာ လာရောက်စုံစမ်းနိုင်ကြောင်း မရေးထားပါဘူး
လူနာ inquiry တွေနဲ့ ရောနေမှာ စိုးလို့ပါ

Eng စာ ကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆို ရေးသားဖတ်တတ်ရင် ရတယ်ဆိုပေမယ့် ထိုင်းစာ တရုတ်စာ ရရင် ပိုသဘောကျပါတယ်
ဒါကြောင့် ကျွမ်းကျွမ်းကျင်ကျင်မပြောတတ်ရင် ထည့်မရေးပါနဲ့
Khin ကိုယ်တိုင်လည်း ထိုင်းစာ စကား ဆရာဝန်တွေ ပြောတာကို 50 % လောက် နားလည်ပါတယ် ဒါပေမယ့် Thai Eng,
Thai Myanmar ဘာသာ မပြန်ပါဘူး
90-100 % မကျွမ်းကျင်ပဲ ဘာသာပြန်လို့ ရတဲ့ နေရာ မဟုတ်လို့ပါ
ထိုင်းဆရာဝန်က လိုအပ်လို့ ရှင်းပြတာ အကုန် လူနာကို ဘာသာပြန်ပေးရပါမယ်
ကိုယ့်သဘောနဲ့ ကိုယ် လိုတယ် မလိုဘူး ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး
ဒါကြောင့် ဆေးကုရတဲ့ ဆရာဝန် အလုပ် မဟုတ်ဘူး လို့ ပြောတာပါ
လိုအပ်တဲ့ အခါ လူနာကို Big C မှာ လိုအပ်တာ လိုက်ဝယ်ပေးရတာ ထမင်းစားဖို့ ဝယ်ပေးရတာ Taxi ဌားပေးရတာ လူနာ အထုတ် ဆွဲပေးရတာအထိတောင် ရှိပါတယ်
ဆေးကုတဲ့ အလုပ်ပဲ လုပ်လာတဲ့ ဆရာဝန် တစ်ချို့အတွက် ခက်ခဲပါလိမ့်မယ်

*** ဘန်ကောက်မှာ နောက်ထပ် ၆ လ လောက် ထပ်နေဖို့ plan ရှိမှ အလုပ်လာလျှောက်ပါ
ငွေလိုလို့ အသည်းအသန် အလုပ်လာလျှောက်ကြပြီး UK/Australia/Maldives အစရှိတဲ့ နိုင်ငံတွေကနေ visa ရလာတဲ့ အခါ message တစ်ကြောင်း ပို့ပြီး ဖုတ်ဖက်ခါပြီး ထွက်သွားတဲ့ ဆရာဝန်တွေ ရှေ့မှာ အများကြီး ရှိပါတယ်
အဲ့ attitude မျိုးနဲ့ အဆင်မပြေပါဘူး

***မြန်မာနိုင်ငံရဲ့ နေရာမျိုးစုံ အလွှာမျိုးစုံ ကနေ လူနာတွေ လာရောက်မေးမြန်း ပြီး ဆေးလာကုကြတာ ဖြစ်လို့ နိုင်ငံရေး ပါတီအစွဲ ပုဂ္ဂိုလ်ရေးအစွဲ တွေကို ဘေးမှာ ထားနိုင်ဖို့ လိုအပ်ပါတယ်
အလုပ်လုပ်နေတယ်ဆိုတာ စိတ်ထဲမှာ ရှိဖို့ လိုအပ်ပါတယ်

2 December 2025 ထိုင်းစံတော်ချိန် ညနေ ၄ နာရီ နောက်ဆုံးထားပြီး resume လက်ခံပါမယ်
နောက်အပတ်လောက်မှာ အကြောင်းကြားပြီး Zoom နဲ့ interview လုပ်ပါမယ်

အားလုံးကို အလုပ်မခန့်ပေးနိုင် မကူညီပေးနိုင်တဲ့ အတွက် တကယ် တောင်းပန်ပါတယ်ရှင့်

ကဲ Khin တို့ရဲ့ ဟုမ္မလင်း က လူနာအန်တီ ခင်ငယ်နဲ့  ညီမလေး ပြန်ပါပြီအစကနေ အဆုံး one stop လုပ်ပေးလိုက်ရတဲ့ လူနာတွေ ထဲက တစ်ယေ...
26/11/2025

ကဲ Khin တို့ရဲ့ ဟုမ္မလင်း က လူနာအန်တီ ခင်ငယ်နဲ့ ညီမလေး ပြန်ပါပြီ
အစကနေ အဆုံး one stop လုပ်ပေးလိုက်ရတဲ့ လူနာတွေ ထဲက တစ်ယောက်ပေါ့

အန်တီက ဟုမ္မလင်းမြို့ကပါ
သားဥအိမ် ကင်ဆာ လူနာပါ
အန်တီ့ သမီးက ဘန်ကောက်မှာ ဆေးကုဖို့အတွက် ဆက်သွယ်လာပြီး Vejthani ဆေးရုံမှာ Chemotherapy နဲ့ Targeted cell therapy ကုသမှု ခံယူဖို့ ဖြစ်သွားပါတယ်

လူနာ အန်တီ နဲ့ ညီမလေး က အရမ်း ယဉ်ကျေးပြီး အရမ်းစကား နားထောင်တာ
အန်တီတို့ အတွက်က နိုင်ငံခြား ခရီးကို ပထမဆုံးလာတာလည်းဖြစ်
ထိုင်းကိုလည်း လာတာ ပထမဆုံး အကြိမ် ဆေးကုရမှာလည်း ကင်ဆာဆိုတော့ စိုးရိမ်မှုတွေ အများကြီးနဲ့
ဒါပေမဲ့ အန်တီရော ညီမလေးရော က သတ္တိရှိတယ် ရောက်အောင်လာတယ်
လေဆိပ်မှာ Khin တို့ သုံးနေကျ ကားသမား ဦးလေးကြီးက သွားကြိုပေး
နောက် Khin တို့ Team က medical coordinator အမ က သွားတွေ့ပြီး ဆေးရုံလိုက်ပို့ပေး
Grab ဘယ်လိုစီး
ဘယ်မှာ စျေးဝယ်
ဘယ်မှာတော့ စားစရာဝယ်
ပြပေးထားတာ ညီမလေးက နောက်ပိုင်း သူ့ဘာသာသူ လုပ်တာ အဆင်ပြေနေရော
အပြန်ကျတော့လည်း သွေးဖြူဥ တက်တဲ့ဆေး ထိုးဖို့ သယ်ရမှာ မို့လို့ cold chain box နဲ့ သယ်ဖို့
Airline မှာ check in ဝင်တဲ့ အခါ စကားပြောပေးဖို့ ကားသမား ဦးလေးကြီးကို သေချာမှာ
နောက်ဆုံး လေဆိပ်ထဲ က departure gate ကို ရောက်မှ စိတ်အေးတယ်

ဘာပဲဖြစ်ဖြစ် လူနာညီမလေးရဲ့ ရအောင် လုပ်မယ် အမေဖြစ်သူကို ရအောင် ကုမယ်ဆိုတဲ့ စိတ်ဓါတ်ကို လေးစားပါတယ်
Eng လည်း အများကြီး မရတာကို စိတ်ဓါတ်မကျဘဲ ရအောင်လုပ်သွားတာ
လာကုမယ်လို့ ဆုံးဖြတ်ထားတော့ passportလည်း ပြင်ဆင်ထားပြီးသား
သူ့ရဲ့ စိတ်ဓါတ်ကြောင့် ကိစ္စတွေ အများကြီးက အဆင်ပြေသွားတာ

Khin တို့လည်း လူနာ အခြေအနေပေါ် မူတည်ပြီး medical coordinator တို့ translator တို့ လိုအပ်သလို လွှတ်ပေးတယ် ဆိုပေမယ့်
နေ့စဉ် စားသောက် သွားလာ ဝယ်ခြမ်းတာတော့ ကိုယ့်ဘာသာကိုယ် လုပ်ရတာဆိုတော့လေ

ဆေးသွင်းတာက နောက် ၂ ကြိမ် ကျန်ပါသေးတယ်
နောက်အခေါက်တွေကျတော့ အဆင်ပြေပါပြီ
သွားတတ်လာတတ်ဖြစ်သွားပြီ ဆိုတော့

ပုံလေးတွေက
လေဆိပ်မှာ သွားကြိုတုန်းကပုံ
ဆေးရုံ သွားတဲ့ ပထမ ရက်က ပုံ
ဒီနေ့ မနက် မပြန်ခင် နေတဲ့ ကွန်ဒိုမှာ cold chain box ကို coordinator အမ က သွားစစ်ပေးတဲ့ ပုံရယ်
နောက်ဆုံးပုံက လေဆိပ် check in ဝင်ပြီးတဲ့ အထိ လုပ်ပေးခဲ့ပါပြီ ဆိုတာကို ကားသမား ဦးလေးကြီးက သတင်းပို့ပေးတဲ့ ပုံလေးပါ

ဆေးရုံ အေးဂျင့်တွေ အများကြီးထဲမှာမှ Khin Overseas Medical Services ကို လာရှာပေးပြီး service ယူပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်

ကင်ဆာဆိုတဲ့ ရှည်လျားခက်ခဲတဲ့ ကုသမှု ခရီးမှာ ကူညီပေးခွင့်ရလို့လည်း ကျေးဇူးအထူးတင်ရှိပါတယ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် အိန္ဒိယ နိုင်ငံက ဆေးရုံများမှာသွားရောက်ကုသလိုသူများအတွက်
-ဆေးရုံရွေးချယ်ပေးခြင်း
-ဆရာဝန်ရွေးချယ်ပေးခြင်း
- ရက်ချိန်းယူပေးခြင်း
- ကုန်ကျစားရိတ်တွက်ချက်ပေးခြင်း
- လေယာဥ်လက်မှတ်စီစဥ်ပေးခြင်း
- ဟိုတယ်ဘိုကင်ယူပေးခြင်း
- မြန်မာစကားပြန်စီစဥ်ပေးခြင်း
- ကားကြိုစီစဥ်ပေးခြင်း
- ငွေလွှဲရန်စီစဥ်ပေးခြင်း တို့ကို 𝐎𝐧𝐞 𝐬𝐭𝐨𝐩 𝐒𝐞𝐫𝐯𝐢𝐜𝐞 အနေနဲ့ ဆောင်ရွက်ပေးလျက်ရှိပါတယ်

အသေးစိတ် သိရှိလိုသည်များကို
☎️𝐊𝐡𝐢𝐧 𝐎𝐯𝐞𝐫𝐬𝐞𝐚𝐬 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝 : + 𝟔𝟔 𝟗𝟔𝟔𝟓𝟔𝟓𝟕𝟓𝟒 (ရုံးချိန် အတွင်းသာ)
𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫
𝐕𝐢𝐛𝐞𝐫 +𝟔𝟔 𝟗𝟔𝟔𝟓𝟔𝟓𝟕𝟓𝟒
𝐖𝐡𝐚𝐭𝐬𝐚𝐩𝐩 : +𝟔𝟔 𝟗𝟔𝟔𝟓𝟔𝟓𝟕𝟓𝟒
𝐋𝐢𝐧𝐞 : +𝟔𝟔 𝟗𝟔𝟔𝟓𝟔𝟓𝟕𝟓𝟒
သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်

#𝐤𝐡𝐢𝐧𝐨𝐯𝐞𝐫𝐬𝐞𝐚𝐬𝐦𝐞𝐝𝐢𝐜𝐚𝐥𝐬𝐞𝐫𝐯𝐢𝐜𝐞𝐬 #𝐛𝐚𝐧𝐠𝐤𝐨𝐤ဆေးကု #𝐫𝐮𝐭𝐧𝐢𝐧𝐞𝐲𝐞𝐡𝐨𝐬𝐩𝐢𝐭𝐚𝐥 #𝐑𝐮𝐭𝐧𝐢𝐧𝐄𝐲𝐞𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 #𝐫𝐮𝐭𝐧𝐢𝐧𝐞𝐲𝐞 #𝐑𝐮𝐭𝐧𝐢𝐧𝐞𝐲𝐞 #𝐥𝐚𝐬𝐢𝐤 #𝐥𝐚𝐬𝐢𝐤𝐬𝐮𝐫𝐠𝐞𝐫𝐲 #𝐥𝐚𝐬𝐢𝐤𝐞𝐲𝐞𝐬𝐮𝐫𝐠𝐞𝐫𝐲 #အတွင်းတိမ် #ရေတိမ် #𝐜𝐚𝐭𝐚𝐫𝐚𝐜𝐭 #𝐠𝐥𝐚𝐮𝐜𝐨𝐦𝐚 #𝐟𝐞𝐦𝐭𝐨𝐥𝐚𝐬𝐢𝐤 #𝐫𝐞𝐥𝐞𝐱𝐬𝐦𝐢𝐥𝐞 #𝐛𝐧𝐡𝐡𝐨𝐬𝐩𝐢𝐭𝐚𝐥 #𝐓𝐡𝐨𝐧𝐛𝐮𝐫𝐢𝐛𝐚𝐦𝐫𝐮𝐧𝐠𝐦𝐮𝐚𝐧𝐠 #𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 #𝐤𝐝𝐦𝐬 #𝐂𝐀𝐁𝐆 #𝐓𝐊𝐑 #𝐓𝐀𝐕𝐈

အဆုတ်ရောဂါ အဆုတ်အကျိတ် အဆုတ်ကင်ဆာ ရောဂါတွေနဲ့ ပတ်သက်ပြီး ဘယ်ဆရာဝန် ကောင်းလဲ မေးလို့ ဒီဆရာဝန် ကောင်းပါတယ်လို့Pulmonary an...
21/11/2025

အဆုတ်ရောဂါ အဆုတ်အကျိတ် အဆုတ်ကင်ဆာ ရောဂါတွေနဲ့ ပတ်သက်ပြီး ဘယ်ဆရာဝန် ကောင်းလဲ မေးလို့ ဒီဆရာဝန် ကောင်းပါတယ်လို့

Pulmonary and Critical Care Specialist ဆိုတော့ တော်လား အရည်အချင်း ရှိလား က မေးနေစရာကို မလိုတော့ဘူး

ပြချင်တယ် booking ယူမယ်ဆို cb လာခဲ့ပါနော်

မပြဘဲနဲ့ Info လာနှိုက်တာမျိုးတော့ သည်းခံပါနော်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် အိန္ဒိယ နိုင်ငံက ဆေးရုံများမှာသွားရောက်ကုသလိုသူများအတွက်
-ဆေးရုံရွေးချယ်ပေးခြင်း
-ဆရာဝန်ရွေးချယ်ပေးခြင်း
- ရက်ချိန်းယူပေးခြင်း
- ကုန်ကျစားရိတ်တွက်ချက်ပေးခြင်း
- လေယာဥ်လက်မှတ်စီစဥ်ပေးခြင်း
- ဟိုတယ်ဘိုကင်ယူပေးခြင်း
- မြန်မာစကားပြန်စီစဥ်ပေးခြင်း
- ကားကြိုစီစဥ်ပေးခြင်း
- ငွေလွှဲရန်စီစဥ်ပေးခြင်း တို့ကို 𝐎𝐧𝐞 𝐬𝐭𝐨𝐩 𝐒𝐞𝐫𝐯𝐢𝐜𝐞 အနေနဲ့ ဆောင်ရွက်ပေးလျက်ရှိပါတယ်

အသေးစိတ် သိရှိလိုသည်များကို
☎️𝐊𝐡𝐢𝐧 𝐎𝐯𝐞𝐫𝐬𝐞𝐚𝐬 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝 : + 𝟔𝟔 𝟗𝟔𝟔𝟓𝟔𝟓𝟕𝟓𝟒 (ရုံးချိန် အတွင်းသာ)
𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫
𝐕𝐢𝐛𝐞𝐫 +𝟔𝟔 𝟗𝟔𝟔𝟓𝟔𝟓𝟕𝟓𝟒
𝐖𝐡𝐚𝐭𝐬𝐚𝐩𝐩 : +𝟔𝟔 𝟗𝟔𝟔𝟓𝟔𝟓𝟕𝟓𝟒
𝐋𝐢𝐧𝐞 : +𝟔𝟔 𝟗𝟔𝟔𝟓𝟔𝟓𝟕𝟓𝟒
သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်

#𝐤𝐡𝐢𝐧𝐨𝐯𝐞𝐫𝐬𝐞𝐚𝐬𝐦𝐞𝐝𝐢𝐜𝐚𝐥𝐬𝐞𝐫𝐯𝐢𝐜𝐞𝐬 #𝐛𝐚𝐧𝐠𝐤𝐨𝐤ဆေးကု #𝐫𝐮𝐭𝐧𝐢𝐧𝐞𝐲𝐞𝐡𝐨𝐬𝐩𝐢𝐭𝐚𝐥 #𝐑𝐮𝐭𝐧𝐢𝐧𝐄𝐲𝐞𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 #𝐫𝐮𝐭𝐧𝐢𝐧𝐞𝐲𝐞 #𝐑𝐮𝐭𝐧𝐢𝐧𝐞𝐲𝐞 #𝐥𝐚𝐬𝐢𝐤 #𝐥𝐚𝐬𝐢𝐤𝐬𝐮𝐫𝐠𝐞𝐫𝐲 #𝐥𝐚𝐬𝐢𝐤𝐞𝐲𝐞𝐬𝐮𝐫𝐠𝐞𝐫𝐲 #အတွင်းတိမ် #ရေတိမ် #𝐜𝐚𝐭𝐚𝐫𝐚𝐜𝐭 #𝐠𝐥𝐚𝐮𝐜𝐨𝐦𝐚 #𝐟𝐞𝐦𝐭𝐨𝐥𝐚𝐬𝐢𝐤 #𝐫𝐞𝐥𝐞𝐱𝐬𝐦𝐢𝐥𝐞 #𝐛𝐧𝐡𝐡𝐨𝐬𝐩𝐢𝐭𝐚𝐥 #𝐓𝐡𝐨𝐧𝐛𝐮𝐫𝐢𝐛𝐚𝐦𝐫𝐮𝐧𝐠𝐦𝐮𝐚𝐧𝐠 #𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 #𝐤𝐝𝐦𝐬 #𝐂𝐀𝐁𝐆 #𝐓𝐊𝐑 #𝐓𝐀𝐕𝐈

အန်တီက အသက် ၆၈ နှစ် ပါ ဒူးနာဝေဒနာကို ခံစားနေရတာ နှစ် ၂၀ ရှိပါပြီဒူးနာလို့ ဆရာဝန်တွေ သွားပြလိုက်ရင် ခွဲရမယ်ပဲ အမြဲပြောပြေ...
16/11/2025

အန်တီက အသက် ၆၈ နှစ် ပါ ဒူးနာဝေဒနာကို ခံစားနေရတာ နှစ် ၂၀ ရှိပါပြီ
ဒူးနာလို့ ဆရာဝန်တွေ သွားပြလိုက်ရင် ခွဲရမယ်ပဲ အမြဲပြောပြောနေပေမယ့် တခြားသူတွေ ခွဲပြီး နောက် နာကျင်တယ် ပြောကြလို့ ကြောက်ပြီး မခွဲဖြစ်ခဲ့ပါဘူး
ဒီလိုနဲ့ နှစ် ၂၀ တောင် ကြာသွားခဲ့တယ်ပေါ့

ဘန်ကောက်ကို အလည်လာတဲ့ အချိန်မှာ လမ်းလျှောက်တာ များသွားတော့ ဒူးခေါင်းက ပြန်လာနာပြန်ရော
ဒါနဲ့ ဆေးရုံပြတော့ ထိုင်းဆရာဝန်က ခွဲရမယ် ပြောတော့ ခွဲဖို့ ဆေးရုံရှာရင်းနဲ့ Khin ဆီ ရောက်လာပါတယ်

Khin တို့ ကိုယ်စားလှယ် ယူထားတဲ့ ဘန်ကောက် က ဆေးရုံတွေနဲ့ India ဘက် က ဆေးရုံ တွေ က ဈေးနှုန်း နဲ့ ခွဲစိတ်ကုသနည်းတွေ ကို အန်တီ့ မိသားစု နဲ့ ဆွေးနွေးခဲ့ပါတယ်
အဓိက က အန်တီက နာမှာ ကြောက်တာပါနောက်ဆုံးတော့ BNH ဆေးရုံမှာ နောက်ဆုံးပေါ် နည်းပညာနဲ့ မနာမကျင် ဘဲ ခွဲစိတ်လို့ ရတယ်ဆိုတော့ ဆရာဝန် နဲ့ လာပြ ဆွေးနွေးပြီးတဲ့ နောက်မှာ ဒီမှာပဲ ဒူး၂ ဖက် စလုံး အစားထိုးခွဲစိတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်

ဖြစ်ချင်တော့ ခွဲမယ့် main orthopedic surgeon က ခရီးထွက်နေတော့ စောင့်ရ
ခရီးက ပြန်လာတော့လည်း သူနဲ့ အတူ ခွဲမယ့် Team ထဲက နောက်ထပ်အထူးကု ဆရာဝန်က conference တက်နေတော့ မအားနဲ့ ခွဲရက်က နောက်လ ထဲ အထိ ရောက်သွားရော

ခွဲပြီး နောက်ရက်မှာ လမ်းပြန်လျှောက်နေနိုင်ပါပြီ
Khin ရောက်သွားတဲ့ အချိန်မှာ လေ့ကျင့်ခန်းတွေ လုပ်ပြီးလို့ မောသွားရာ က နားနေတာပါ
မနာပါဘူးတဲ့ လူနာသဘောကျ ကျေနပ်နေတာ တွေ့ရလို့ Khin တို့လည်း ဝမ်းသာမိပါတယ်

ဒါပေမဲ့ ဒူးခေါင်း နာတာ နှစ် ၂၀ လောက် ရှိတော့ နာမှာစိုးလို့ မနာအောင် ဒူးကို အဖြောင့်လိုက် ဆန့်ပြီး လျှောက်တာ က အကျင့်ဖြစ်နေပြီ မို့လို့ ပုံမှန် လမ်းလျှောက်တဲ့ walking gait ပြန်ရအောင် ပြန်ကျင့်ယူရပါဦးမယ်

ဓါတ်ပုံတင်ဖို့ နဲ့ ခွဲစိတ်မှု အကြောင်း ဝေမျှရန် ခွင့်ပြုပေးတဲ့ အန်တီဒေါ်ခင်ရွှေကို Khin Overseas Medical Services မှ အထူးကျေးဇူးတင်ရှိပါတယ်ရှင့်
အန်တီ အမြဲ ကိုယ်ကျန်းမာ စိတ်ချမ်းသာပါစေ လို့ ဆုတောင်းပေးပါတယ်

ခွဲစိတ်ပေးတဲ့ BNH ဆေးရုံမှ Dr.Aree Team နဲ့ အစစ အရာရာ အဆင်ပြေအောင် ဆောင်ရွက်ပေးတဲ့ မြန်မာTeam အားလည်း ကျေးဇူးတင်ရှိပါသည်

👩‍⚕️ထိုင်းနိုင်ငံ နှင့် အိန္ဒိယနိုင်ငံ ရှိ ဆေးရုံများတွင် ဆေးကုသမှုများနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက

☎️𝐊𝐡𝐢𝐧 𝐎𝐯𝐞𝐫𝐬𝐞𝐚𝐬 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝 : + 𝟔𝟔 𝟗𝟔𝟔𝟓𝟔𝟓𝟕𝟓𝟒 (ရုံးချိန် အတွင်းသာ)
𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫
𝐕𝐢𝐛𝐞𝐫 +𝟔𝟔 𝟗𝟔𝟔𝟓𝟔𝟓𝟕𝟓𝟒
𝐖𝐡𝐚𝐭𝐬𝐚𝐩𝐩 : +𝟔𝟔 𝟗𝟔𝟔𝟓𝟔𝟓𝟕𝟓𝟒
𝐋𝐢𝐧𝐞 : +𝟔𝟔 𝟗𝟔𝟔𝟓𝟔𝟓𝟕𝟓𝟒
သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်

#𝐤𝐡𝐢𝐧𝐨𝐯𝐞𝐫𝐬𝐞𝐚𝐬𝐦𝐞𝐝𝐢𝐜𝐚𝐥𝐬𝐞𝐫𝐯𝐢𝐜𝐞𝐬 #𝐛𝐚𝐧𝐠𝐤𝐨𝐤ဆေးကု #𝐫𝐮𝐭𝐧𝐢𝐧𝐞𝐲𝐞𝐡𝐨𝐬𝐩𝐢𝐭𝐚𝐥 #𝐑𝐮𝐭𝐧𝐢𝐧𝐄𝐲𝐞𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 #𝐫𝐮𝐭𝐧𝐢𝐧𝐞𝐲𝐞 #𝐑𝐮𝐭𝐧𝐢𝐧𝐞𝐲𝐞 #𝐥𝐚𝐬𝐢𝐤 #𝐥𝐚𝐬𝐢𝐤𝐬𝐮𝐫𝐠𝐞𝐫𝐲 #𝐥𝐚𝐬𝐢𝐤𝐞𝐲𝐞𝐬𝐮𝐫𝐠𝐞𝐫𝐲 #အတွင်းတိမ် #ရေတိမ် #𝐜𝐚𝐭𝐚𝐫𝐚𝐜𝐭 #𝐠𝐥𝐚𝐮𝐜𝐨𝐦𝐚 #𝐟𝐞𝐦𝐭𝐨𝐥𝐚𝐬𝐢𝐤 #𝐫𝐞𝐥𝐞𝐱𝐬𝐦𝐢𝐥𝐞 #𝐛𝐧𝐡𝐡𝐨𝐬𝐩𝐢𝐭𝐚𝐥 #𝐓𝐡𝐨𝐧𝐛𝐮𝐫𝐢𝐛𝐚𝐦𝐫𝐮𝐧𝐠𝐦𝐮𝐚𝐧𝐠 #𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 #𝐤𝐝𝐦𝐬 #𝐂𝐀𝐁𝐆 #𝐓𝐊𝐑 #𝐓𝐀𝐕𝐈

လူနာတွေ လာပြနေကျ ဆေးရုံပါ
14/11/2025

လူနာတွေ လာပြနေကျ ဆေးရုံပါ

*** ဒီနိုဝင်ဘာလ ထဲမှာ 𝐓𝐑𝐒𝐂 ရဲ့ ၂၈ နှစ်ပြည့် 𝐚𝐧𝐧𝐢𝐯𝐞𝐫𝐬𝐚𝐫𝐲 ရှိလို့ မျက်စိလေဆာ လာပစ်တဲ့ လူနာတွေ အတွက်ကို တစ်ဖက်ကို ဘတ် ၂,၈၀၀...
08/11/2025

*** ဒီနိုဝင်ဘာလ ထဲမှာ 𝐓𝐑𝐒𝐂 ရဲ့ ၂၈ နှစ်ပြည့် 𝐚𝐧𝐧𝐢𝐯𝐞𝐫𝐬𝐚𝐫𝐲 ရှိလို့ မျက်စိလေဆာ လာပစ်တဲ့ လူနာတွေ အတွက်ကို တစ်ဖက်ကို ဘတ် ၂,၈၀၀ နဲ့ မျက်စိ ၂ ဖက်ဆို ဘတ် ၅,၆၀၀
𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 ရှိပါတယ် ***

စင်ကာပူမှ လာရောက်ကာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ 𝐓𝐑𝐒𝐂 တွင် 𝐒𝐦𝐢𝐥𝐞 𝐏𝐫𝐨 နည်းဖြင့် မျက်စိ လေဆာပစ် ပါဝါ ဖျောက် ကုသမှုခံယူသွားသော မအိအိဟန် အား 𝐊𝐡𝐢𝐧 𝐎𝐯𝐞𝐫𝐬𝐞𝐚𝐬 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 မှ အထူးပင် ကျေးဇူးတင်ရှိပါသည်

ဓါတ်ပုံ အသုံးပြုခွင့်ပြုသည့် အတွက်လည်း ကျေးဇူးများစွာ တင်ရှိပါသည်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် အိန္ဒိယ နိုင်ငံက ဆေးရုံများမှာသွားရောက်ကုသလိုသူများအတွက်
-ဆေးရုံရွေးချယ်ပေးခြင်း
-ဆရာဝန်ရွေးချယ်ပေးခြင်း
- ရက်ချိန်းယူပေးခြင်း
- ကုန်ကျစားရိတ်တွက်ချက်ပေးခြင်း
- လေယာဥ်လက်မှတ်စီစဥ်ပေးခြင်း
- ဟိုတယ်ဘိုကင်ယူပေးခြင်း
- မြန်မာစကားပြန်စီစဥ်ပေးခြင်း
- ကားကြိုစီစဥ်ပေးခြင်း
- ငွေလွှဲရန်စီစဥ်ပေးခြင်း တို့ကို 𝐎𝐧𝐞 𝐬𝐭𝐨𝐩 𝐒𝐞𝐫𝐯𝐢𝐜𝐞 အနေနဲ့ ဆောင်ရွက်ပေးလျက်ရှိပါတယ်

အသေးစိတ် သိရှိလိုသည်များကို
☎️𝐊𝐡𝐢𝐧 𝐎𝐯𝐞𝐫𝐬𝐞𝐚𝐬 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝 : + 𝟔𝟔 𝟗𝟔𝟔𝟓𝟔𝟓𝟕𝟓𝟒 (ရုံးချိန် အတွင်းသာ)
𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫
𝐕𝐢𝐛𝐞𝐫 +𝟔𝟔 𝟗𝟔𝟔𝟓𝟔𝟓𝟕𝟓𝟒
𝐖𝐡𝐚𝐭𝐬𝐚𝐩𝐩 : +𝟔𝟔 𝟗𝟔𝟔𝟓𝟔𝟓𝟕𝟓𝟒
𝐋𝐢𝐧𝐞 : +𝟔𝟔 𝟗𝟔𝟔𝟓𝟔𝟓𝟕𝟓𝟒
သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်

#𝐤𝐡𝐢𝐧𝐨𝐯𝐞𝐫𝐬𝐞𝐚𝐬𝐦𝐞𝐝𝐢𝐜𝐚𝐥𝐬𝐞𝐫𝐯𝐢𝐜𝐞𝐬 #𝐛𝐚𝐧𝐠𝐤𝐨𝐤ဆေးကု #𝐫𝐮𝐭𝐧𝐢𝐧𝐞𝐲𝐞𝐡𝐨𝐬𝐩𝐢𝐭𝐚𝐥 #𝐑𝐮𝐭𝐧𝐢𝐧𝐄𝐲𝐞𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 #𝐫𝐮𝐭𝐧𝐢𝐧𝐞𝐲𝐞 #𝐑𝐮𝐭𝐧𝐢𝐧𝐞𝐲𝐞 #𝐥𝐚𝐬𝐢𝐤 #𝐥𝐚𝐬𝐢𝐤𝐬𝐮𝐫𝐠𝐞𝐫𝐲 #𝐥𝐚𝐬𝐢𝐤𝐞𝐲𝐞𝐬𝐮𝐫𝐠𝐞𝐫𝐲 #အတွင်းတိမ် #ရေတိမ် #𝐜𝐚𝐭𝐚𝐫𝐚𝐜𝐭 #𝐠𝐥𝐚𝐮𝐜𝐨𝐦𝐚 #𝐟𝐞𝐦𝐭𝐨𝐥𝐚𝐬𝐢𝐤 #𝐫𝐞𝐥𝐞𝐱𝐬𝐦𝐢𝐥𝐞 #𝐛𝐧𝐡𝐡𝐨𝐬𝐩𝐢𝐭𝐚𝐥 #𝐓𝐡𝐨𝐧𝐛𝐮𝐫𝐢𝐛𝐚𝐦𝐫𝐮𝐧𝐠𝐦𝐮𝐚𝐧𝐠 #𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 #𝐤𝐝𝐦𝐬 #𝐂𝐀𝐁𝐆 #𝐓𝐊𝐑 #𝐓𝐀𝐕𝐈

07/11/2025

သတင်းကောင်းလေး
ဒီတစ်လပဲ ရမယ့် ဘတ် ၅၆၀၀ ဖိုး 𝐬𝐩𝐞𝐜𝐢𝐚𝐥 𝐝𝐢𝐬𝐜𝐨𝐮𝐧𝐭

𝐓𝐑𝐒𝐂 ရဲ့ ၂၈ နှစ်ပြည့် 𝐚𝐧𝐧𝐢𝐯𝐞𝐫𝐬𝐚𝐫𝐲 ရှိလို့ မျက်စိလေဆာ လာပစ်တဲ့ လူနာတွေ အတွက်ကို တစ်ဖက်ကို ဘတ် ၂,၈၀၀ နဲ့
မျက်စိ ၂ ဖက်ဆို ဘတ် ၅,၆၀၀
𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 ရှိလို့
ဒီနိုဝင်ဘာလ ထဲမှာ လေဆာပစ်ဖို့ စဉ်းစားနေရင်
𝐊𝐡𝐢𝐧 တို့ကိုသာ ဆက်သွယ်လိုက်နော်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် အိန္ဒိယ နိုင်ငံက ဆေးရုံများမှာသွားရောက်ကုသလိုသူများအတွက်
-ဆေးရုံရွေးချယ်ပေးခြင်း
-ဆရာဝန်ရွေးချယ်ပေးခြင်း
- ရက်ချိန်းယူပေးခြင်း
- ကုန်ကျစားရိတ်တွက်ချက်ပေးခြင်း
- လေယာဥ်လက်မှတ်စီစဥ်ပေးခြင်း
- ဟိုတယ်ဘိုကင်ယူပေးခြင်း
- မြန်မာစကားပြန်စီစဥ်ပေးခြင်း
- ကားကြိုစီစဥ်ပေးခြင်း
- ငွေလွှဲရန်စီစဥ်ပေးခြင်း တို့ကို 𝐎𝐧𝐞 𝐬𝐭𝐨𝐩 𝐒𝐞𝐫𝐯𝐢𝐜𝐞 အနေနဲ့ ဆောင်ရွက်ပေးလျက်ရှိပါတယ်

အသေးစိတ် သိရှိလိုသည်များကို
☎️𝐊𝐡𝐢𝐧 𝐎𝐯𝐞𝐫𝐬𝐞𝐚𝐬 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝 : + 𝟔𝟔 𝟗𝟔𝟔𝟓𝟔𝟓𝟕𝟓𝟒 (ရုံးချိန် အတွင်းသာ)
𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫
𝐕𝐢𝐛𝐞𝐫 +𝟔𝟔 𝟗𝟔𝟔𝟓𝟔𝟓𝟕𝟓𝟒
𝐖𝐡𝐚𝐭𝐬𝐚𝐩𝐩 : +𝟔𝟔 𝟗𝟔𝟔𝟓𝟔𝟓𝟕𝟓𝟒
𝐋𝐢𝐧𝐞 : +𝟔𝟔 𝟗𝟔𝟔𝟓𝟔𝟓𝟕𝟓𝟒
သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Rutnin မျက်စိအထူးကု ဆေးရုံတွင် ရေတိမ်ကုသမှု (Anterior Virectomy and Almed valve implantat...
04/11/2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Rutnin မျက်စိအထူးကု ဆေးရုံတွင် ရေတိမ်ကုသမှု (Anterior Virectomy and Almed valve implantation ) လာရောက်ပြုလုပ်သွားသော မန္တလေးမြို့မှ အန်ကယ်ဦးကျော်ဌေး အား Khin Overseas Medical Services မှ အထူးပင် ကျေးဇူးတင်ရှိပါသည်

ဓါတ်ပုံ အသုံးပြုခွင့်ပြုသည့် အတွက်လည်း ကျေးဇူးများစွာ တင်ရှိပါသည်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် အိန္ဒိယ နိုင်ငံက ဆေးရုံများမှာသွားရောက်ကုသလိုသူများအတွက်
-ဆေးရုံရွေးချယ်ပေးခြင်း
-ဆရာဝန်ရွေးချယ်ပေးခြင်း
- ရက်ချိန်းယူပေးခြင်း
- ကုန်ကျစားရိတ်တွက်ချက်ပေးခြင်း
- လေယာဥ်လက်မှတ်စီစဥ်ပေးခြင်း
- ဟိုတယ်ဘိုကင်ယူပေးခြင်း
- မြန်မာစကားပြန်စီစဥ်ပေးခြင်း
- ကားကြိုစီစဥ်ပေးခြင်း
- ငွေလွှဲရန်စီစဥ်ပေးခြင်း တို့ကို 𝐎𝐧𝐞 𝐬𝐭𝐨𝐩 𝐒𝐞𝐫𝐯𝐢𝐜𝐞 အနေနဲ့ ဆောင်ရွက်ပေးလျက်ရှိပါတယ်

အသေးစိတ် သိရှိလိုသည်များကို
☎️𝐊𝐡𝐢𝐧 𝐎𝐯𝐞𝐫𝐬𝐞𝐚𝐬 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝 : + 𝟔𝟔 𝟗𝟔𝟔𝟓𝟔𝟓𝟕𝟓𝟒 (ရုံးချိန် အတွင်းသာ)
𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫
𝐕𝐢𝐛𝐞𝐫 +𝟔𝟔 𝟗𝟔𝟔𝟓𝟔𝟓𝟕𝟓𝟒
𝐖𝐡𝐚𝐭𝐬𝐚𝐩𝐩 : +𝟔𝟔 𝟗𝟔𝟔𝟓𝟔𝟓𝟕𝟓𝟒
𝐋𝐢𝐧𝐞 : +𝟔𝟔 𝟗𝟔𝟔𝟓𝟔𝟓𝟕𝟓𝟒
သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်

#𝐤𝐡𝐢𝐧𝐨𝐯𝐞𝐫𝐬𝐞𝐚𝐬𝐦𝐞𝐝𝐢𝐜𝐚𝐥𝐬𝐞𝐫𝐯𝐢𝐜𝐞𝐬 #𝐛𝐚𝐧𝐠𝐤𝐨𝐤ဆေးကု #𝐫𝐮𝐭𝐧𝐢𝐧𝐞𝐲𝐞𝐡𝐨𝐬𝐩𝐢𝐭𝐚𝐥 #𝐑𝐮𝐭𝐧𝐢𝐧𝐄𝐲𝐞𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 #𝐫𝐮𝐭𝐧𝐢𝐧𝐞𝐲𝐞 #𝐑𝐮𝐭𝐧𝐢𝐧𝐞𝐲𝐞 #𝐥𝐚𝐬𝐢𝐤 #𝐥𝐚𝐬𝐢𝐤𝐬𝐮𝐫𝐠𝐞𝐫𝐲 #𝐥𝐚𝐬𝐢𝐤𝐞𝐲𝐞𝐬𝐮𝐫𝐠𝐞𝐫𝐲 #အတွင်းတိမ် #ရေတိမ် #𝐜𝐚𝐭𝐚𝐫𝐚𝐜𝐭 #𝐠𝐥𝐚𝐮𝐜𝐨𝐦𝐚 #𝐟𝐞𝐦𝐭𝐨𝐥𝐚𝐬𝐢𝐤 #𝐫𝐞𝐥𝐞𝐱𝐬𝐦𝐢𝐥𝐞 #𝐛𝐧𝐡𝐡𝐨𝐬𝐩𝐢𝐭𝐚𝐥 #𝐓𝐡𝐨𝐧𝐛𝐮𝐫𝐢𝐛𝐚𝐦𝐫𝐮𝐧𝐠𝐦𝐮𝐚𝐧𝐠 #𝐁𝐮𝐦𝐫𝐮𝐧𝐠𝐫𝐚𝐝 #𝐤𝐝𝐦𝐬 #𝐂𝐀𝐁𝐆 #𝐓𝐊𝐑

03/11/2025

လူနာ များသို့ မေတ္တာရပ်ခံချက်

Viber /Line/WhatsApp ကနေ စာပို့ရင် စာကို တစ်ခါတည်း ရိုက်ပေးပါ
Noti တွေ ဆက်တိုက်မြည်နေတော့ တစ်ခြားလူနာတွေနဲ့ ဖုန်းပြောရတာ အဆင်မပြေလို့ပါ

Noti အသံတွေ ဆက်တိုက်မြည်နေရင် မပြီးမချင်း ဒီဘက်က ဘာမှ လုပ်လို့ မရလို့ပါ
Meeting ထဲမှာ Voice message ကော phone call ထဲမှာရော အဲ့အသံတွေ ဝင်နေလို့ပါ

ဒါလေးလေ အရင်က လူနာတွေကိုပဲ ပြောဖြစ်တာ
အခု page မှာ post တင်မယ်နော်

ရေးစရာ ပြောစရာ ရှိတာတွေက တစ်ဆက်တည်းရိုက်လို့ ရပါတယ် အဲ့လိုပဲ ရိုက်ပြီး ပို့ထားပေးပါ

အောက်ကလိုတွေ ရိုက်ပြီး မပို့ပါနဲ့

ကျွန်တော်
မေးစရာ
ရှိလို့
ဆရာဝန်
ပြချင်လို့

စာတစ်ကြောင်းတည်း ဝင်ရင် noti တစ်ချက်နဲ့ ပြီးမှာကို အဲ့အစမှာတင်ပဲ noti တစ်ဒေါင်ဒေါင် နဲ့ ဖြစ်နေပြီ ဒါ ရောဂါအကြောင်း မပြောရသေးဘူး
အလုပ်လုပ်တဲ့ ဖုန်းတွေ မို့လို့ Noti off ထားလို့ မရတာမို့လို့ပါ

ဒါလေး များ ဘာဖြစ်နေတာလဲ ပိုလိုက်တာ လို့ ထင်ကောင်း ထင်ပါလိမ့်မယ်
အဖြစ်သည်း sensitive ဖြစ်နေတာ မဟုတ်ပါဘူး
တစ်နေ့ တစ်နေ့ inquiry လာမေးတဲ့ လူနာတွေရယ် (လာမေးတဲ့ သူတိုင်း လာပြတာ မဟုတ်ဘူးနော်)
ပြမယ့်လူနာရယ်
လူနာဟောင်းတွေရယ်နဲ့
ဆေးရုံတွေနဲ့ အပြန်အလှန် ပြောနေတာတွေရယ်
လူနာ ၃-၄ ယောက်ပဲ အဲ့လိုရေးနေရင်တောင် ကျွန်မတို့ ဖုန်းပြောနေရင် တစ်ဒေါင်ဒေါင်တွေ တော်တော်ကြားနေရပါပြီ
ကောင်းကောင်းပြောလို့ မရတော့ပါဘူး
ဒါကြောင့် စာကြောင်းလိုက် အရှည်ရိုက်ပြီးပဲ ရိုက်ပို့ပေးထားပါ

နောက်လေ ကားတွေ့ပြီလား
သွားနေပြီလား
ဆရာဝန်ပြရတာ အဆင်ပြေလား မေးရင်
နည်းနည်းတော့ အဖက်လုပ်ပြီး ပြန်ဖြေကြပါရှင့်
လိုရင်ကျ အသည်းအသန် ဆက်သွယ်ပြီး
ပြီးရင် ဘာမှ ပြန်မဖြေတော့ ကျွန်မတို့က အဆင်ပြေလား မပြေလား ဘာမှ မသိရနဲ့
အဲ့လောက်တော့ မရိုင်းကြပါနဲ့ ရှင့်

ကားစီစဉ်တာ appointment ယူတာတွေက ထိုင်းစံတော်ချိန် ရုံးချိန်အတွင်း လုပ်ရတာပါ
ထိုင်းဆေးရုံတွေက ညနေ ၅ နာရီဆို ရုံးဆင်းပါပြီ
ညနေ ၄ နာရီခွဲ နောက်ဆုံးထား ပို့ရပါတယ်
အဲ့အချိန်အတွင်း information တွေ ပို့ထားပေးပါ
၄:၅၉ မှ ကပ်မပို့ပါနဲ့

နောက်လူနာ က စကားပြောနိုင် ရေးနိုင် စာဖတ်နိုင် ရင် လူနာကိုယ်တိုင်လာမေးပါ
လူနာနဲ့ ဘာမှ ဥပဒေအရ အမျိုးမတော်ရင်
အသိတွေ ဆိုလည်း လာမမေးပါနဲ့
လူနာမှတ်တမ်းတွေက confidential ပါ
ခဏခဏ ပြော ရှင်းပြလည်း မရဘူး
ကျွန်မတို့က အပိုတွေ ပြောတယ်ပဲ ထင်နေကြတာ

အဲ့ဒီ့ အသိက လူနာနဲ့ ပတ်သက်ပြီး အကုန်သိ ပြောပြနိုင် တာဝန်ယူနိုင်ရင် လာမေးပါ
ဘာလို့ဆို အသိဆိုပြီး ဆေးရုံတက် ခွဲစိတ်တာတို့ဆို ပါလာတယ်
လူနာ အကြောင်းမေးရင် ဘာမှ မသိဘူး
ဆရာဝန် လာကြည့်ရင် ဘယ်ရောက်သွားလဲ မသိဘူး ဆရာဝန်က ဘာမေးဦးမလဲ မေးတော့ အိမ်က လူတွေ မရှိ
ပြီးမှ ဆရာဝန်က ဘာမှလည်း မရှင်းပြဘူး ဘာဖြစ်တယ် ဘာညာနဲ့လေ complaints တွေ တက်ကြတာ

နောက် အတွဲတွေ
တစ်ခုခုဆို သူတို့ ကောင်လေး ကောင်မလေးကိုပဲ ပြောပါဆိုပြီး acc တစ်ခု တည်းက ပဲ လာမေး
Acc တစ်ခုတည်းကနေ ၂ ယောက်စာ booking လာယူ

လိုအပ်လို့ နောက် ၆လ ၁ နှစ်လောက် ကြာတဲ့ အခါ follow up အတွက် လှမ်းပြောတော့
ပြတ်သွားပြီ မို့လို့ မသိပါဘူးတဲ့
တစ်ခါကဆို လူနာယောကျ်ားလေးက follow up အတွက် သူပြန်လာရမှာကို သူ့ကို ဘာကြောင့် မပြောသလဲပေါ့ ရန်လာတွေ့တာ
ပြောတယ်လေ သူလာပြဖို့ မေးတုန်းက အကောင့်ကို
ဖတ်ပြီး ဘာမှ ပြန်မပြောတော့ လာမပြဖြစ်ဘူးပဲ ထင်လိုက်တာပေါ့
သူ့ ကောင်မလေး အကောင့် ကနေ လာမေးထားပြီး သူ့ အကောင့်မှ မပေးတာ
သူတို့ ပြတ်သွားပြီ ဆိုတာ ဘယ်လိုလုပ်သိမှာလဲ
အဲ့ဒါကို စာအရှည်ကြီး ရိုက်ပြီး ကိုယ့်အလုပ်ကိုယ် သေချာမလုပ်ဘူး ဘာညာနဲ့ စော်ကားပြောဆိုသွားတာ

ဒါကြောင့် ကိုယ့် acc နဲ့ ကိုယ် လာမေးကြပါ

Address

Kha Yay Pin Street, Kha Yay Pin Residential Housing (2), Mingalardon
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959799953552

Website

Alerts

Be the first to know and let us send you an email when Khin Overseas Medical Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram