19/04/2026
𝐒𝐭𝐞𝐦 𝐜𝐞𝐥𝐥𝐬 ဆိုတာ ဘာလဲ❓
𝐒𝐭𝐞𝐦 𝐜𝐞𝐥𝐥𝐬 ဘယ်ကရလဲ အရင်ရှင်းပြမယ်နော်✍️
👩⚕️လူကလည်း ရတယ် တိရစ္ဆာန်ကလည်း ရတယ်
လူမှာဆိုရင် 𝐛𝐨𝐧𝐞 𝐦𝐚𝐫𝐫𝐨𝐰, 𝐚𝐝𝐢𝐩𝐨𝐬𝐞 𝐭𝐢𝐬𝐬𝐮𝐞𝐬 , 𝐛𝐚𝐛𝐲 𝐭𝐞𝐞𝐭𝐡 𝐚𝐧𝐝 𝐮𝐦𝐛𝐢𝐥𝐢𝐜𝐚𝐥 𝐜𝐨𝐫𝐝 တွေကနေ ထုတ်ယူကြပါတယ်
ထုတ်ယူရတဲ့နေရာပေါ် မူတည်ပြီး 𝐩𝐫𝐨𝐬 𝐚𝐧𝐝 𝐜𝐨𝐧𝐬 ကောင်းကျိုး ဆိုးကျိုးတွေ ရှိပါတယ်
👩⚕️𝐁𝐨𝐧𝐞 𝐦𝐚𝐫𝐫𝐨𝐰 ကနေ ယူထားတဲ့ 𝐬𝐭𝐞𝐦 𝐜𝐞𝐥𝐥𝐬 ဆို 𝐛𝐨𝐧𝐞 𝐝𝐢𝐬𝐞𝐚𝐬𝐞𝐬 အတွက် အရမ်းကောင်း ပေမယ့်
𝐡𝐞𝐚𝐫𝐭 𝐝𝐢𝐬𝐞𝐚𝐬𝐞𝐬 တွေမှာ သုံးရင် 𝐜𝐚𝐥𝐜𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧 ဖြစ်ပါတယ်
👩⚕️𝐚𝐝𝐢𝐩𝐨𝐬𝐞 𝐭𝐢𝐬𝐬𝐮𝐞𝐬 လို့ ခေါ်တဲ့ အဆီ 𝐭𝐢𝐬𝐬𝐮𝐞𝐬 တွေကနေ ထုတ်ရင်တော့ လုံလောက်တဲ့ 𝐬𝐭𝐞𝐦 𝐜𝐞𝐥𝐥𝐬 ပမာဏ ကို မရရှိနိုင်ပါဘူး
👩⚕️𝐛𝐚𝐛𝐲 𝐭𝐞𝐞𝐭𝐡 - 𝐬𝐭𝐞𝐦 𝐜𝐞𝐥𝐥𝐬 ရတဲ့ အထိ လုပ်ရတဲ့ 𝐩𝐫𝐨𝐜𝐞𝐬𝐬 တွေ ရှုပ်ထွေး ပြီး ကုန်ကျစရိတ်လည်း အရမ်းများသလို ပမာဏများများလည်း မရနိုင်ပါဘူး( အဲ့လိုပဲ အလွယ်မှတ်နော် ချဲ့ရှင်းရင် 𝐦𝐞𝐝𝐢𝐜𝐚𝐥 𝐭𝐞𝐫𝐦𝐬 တွေ အများကြီး ပါလာမှာ မို့လို့)
အတိုပြောရရင် ထုတ်လုပ်မှု ကုန်ကျစရိတ် နဲ့ ပြန်ရမှာနဲ့ မကာမိဘူးပေါ့
👩⚕️𝐮𝐦𝐛𝐢𝐥𝐢𝐜𝐚𝐥 𝐜𝐨𝐫𝐝 - 𝐜𝐨𝐦𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧𝐬 𝐚𝐧𝐝 𝐬𝐢𝐝𝐞 𝐞𝐟𝐟𝐞𝐜𝐭𝐬 အနည်းဆုံး နဲ့ 𝐩𝐨𝐭𝐞𝐧𝐜𝐲 𝐞𝐟𝐟𝐢𝐜𝐚𝐜𝐲 အကောင်းဆုံးပါ
( 𝐩𝐚𝐬𝐬𝐚𝐠𝐞 ပေါ်မူတည်ပြီးတော့) ( 𝐩𝐚𝐬𝐬𝐚𝐠𝐞 များလေ 𝐩𝐨𝐭𝐞𝐧𝐜𝐲 ကျလေ ဈေးပေါလေပဲ)
𝐬𝐭𝐞𝐦 𝐜𝐞𝐥𝐥𝐬 𝐭𝐡𝐞𝐫𝐚𝐩𝐲 ကို နိုင်ငံတိုင်းက လက်ခံလို့လား❓
🧬𝐔𝐒 𝐀𝐮𝐬𝐭𝐫𝐚𝐥𝐢𝐚 𝐔𝐊 မှာ 𝐫𝐞𝐬𝐞𝐚𝐫𝐜𝐡 တွေ အကြီးအကျယ် လုပ်ပြီး တရားဝင် ကုသခွင့် ပေးထားပေမယ့်
𝐆𝐞𝐫𝐦𝐚𝐧𝐲 𝐈𝐭𝐚𝐥𝐲 တို့မှာတော့ 𝐬𝐭𝐞𝐦 𝐜𝐞𝐥𝐥𝐬 𝐭𝐡𝐞𝐫𝐚𝐩𝐲 က 𝐢𝐥𝐥𝐞𝐠𝐚𝐥 𝐭𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭 ပါ
ထိုင်းမှာလည်း တရားဝင် ကုသမှု ပေးပါတယ် ဒါကြောင့် 𝐔𝐒 𝐄𝐔 𝐚𝐧𝐝 𝐔𝐊 က အများဆုံး လာရောက် ကုသကြပါတယ်
ကုသမှု ပေးတဲ့ ဆရာဝန်က ထိုင်းအစိုးရဆေးရုံ တွေမှာ 𝐭𝐫𝐚𝐢𝐧𝐢𝐧𝐠 သင်တန်း တက်ရပါတယ်
𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 ပြီးမှပဲ ဆေးခန်းမှာ တရားဝင် 𝐒𝐭𝐞𝐦 𝐜𝐞𝐥𝐥𝐬 𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭 ပေးခွင့်ရှိပါတယ်
အဲ့ 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 ပြီးထားတဲ့ 𝐫𝐞𝐠𝐞𝐧𝐞𝐫𝐚𝐭𝐢𝐯𝐞 𝐝𝐨𝐜𝐭𝐨𝐫 အရေအတွက်က နည်းပါတယ်
ထိုင်းမှာတော့ 𝐬𝐭𝐞𝐦 𝐜𝐞𝐥𝐥𝐬 𝐜𝐥𝐢𝐧𝐢𝐜 တွေ ပေါပါတယ် ဒါပေမဲ့
❓တရားဝင် 𝐫𝐞𝐠𝐞𝐧𝐞𝐫𝐚𝐭𝐢𝐯𝐞 𝐜𝐥𝐢𝐧𝐢𝐜 လိုင်စင် ရှိမရှိ
❓လူရဲ့ 𝐬𝐭𝐞𝐦 𝐜𝐞𝐥𝐥𝐬 ကို သုံးတာလား
❓တိရစ္ဆာန် ရဲ့ 𝐬𝐭𝐞𝐦 𝐜𝐞𝐥𝐥𝐬 ကို သုံးတာလား
❓𝐂𝐞𝐥𝐥𝐬 𝐯𝐢𝐚𝐛𝐢𝐥𝐢𝐭𝐲 က ဘယ်လောက်ရှိတာလဲ
❓ကုသပေးတာ တကယ့်ဆရာဝန်လား 𝐒𝐭𝐞𝐦 𝐜𝐞𝐥𝐥𝐬 𝐭𝐫𝐚𝐢𝐧𝐢𝐧𝐠 ယူထားပြီးပြီးလား
အစရှိသဖြင့် သေချာ မေးနိုင်မှ တော်ကာကျ ပါမယ်
ပေါ ချောင် ရဲ့ နောက်မှာ ကောင်း ပါလာတယ်ဆိုတာ 𝐦𝐞𝐝𝐢𝐜𝐚𝐥 𝐟𝐢𝐞𝐥𝐝 မှာ ရှားပါတယ်
ပေါချောင်ရင် မကောင်းတတ်ပါဘူး
𝐬𝐭𝐞𝐦 𝐜𝐞𝐥𝐥𝐬 က ခန္ဓာကိုယ်ထဲမှာ ဘယ်လို အလုပ်လုပ်လဲ❓
🧬အရေပြားပေါ်က 𝐜𝐞𝐥𝐥𝐬 တွေက ၂၈ ရက်တစ်ခါ လဲပြီး အသစ်ပြန်ဖြစ်ကြပါတယ်
အဲ့လိုပဲ ခန္ဓာကိုယ် ရဲ့ မတူတဲ့ အစိတ်အပိုင်း တွေ က 𝐜𝐞𝐥𝐥𝐬 တွေ က သူ့အချိန်ရောက်ရင် 𝐜𝐞𝐥𝐥𝐬 အသစ်တွေ ပြန်ဖြစ်တယ် 𝐫𝐞𝐠𝐞𝐧𝐞𝐫𝐚𝐭𝐞 လုပ်တယ်ပေါ့
👩⚕️ဒါပေမဲ့ အသက်တွေ လည်း ကြီးလာရော 𝐜𝐞𝐥𝐥𝐬 တွေ က 𝐫𝐞𝐠𝐞𝐧𝐞𝐫𝐚𝐭𝐞 လုပ် အသစ်ပြန်ဖြစ်ပေမယ့် 𝐪𝐮𝐚𝐥𝐢𝐭𝐲 ကောင်းတဲ့ 𝐜𝐞𝐥𝐥𝐬 တွေ ဖြစ်မလာတော့ဘူး
အဲ့တော့ 𝐨𝐱𝐲𝐠𝐞𝐧 တွေ သွေးနီဥတွေ လုံလောက်အောင် မသယ်နိုင်တော့ဘဲ ခန္ဓာကိုယ်က တစ်ခုပြီး တစ်ခု ဖြစ်တော့တာပါပဲ
👩⚕️𝐒𝐭𝐞𝐦 𝐜𝐞𝐥𝐥𝐬 𝐭𝐡𝐞𝐫𝐚𝐩𝐲 ဆိုတာ အဲ့ 𝐜𝐞𝐥𝐥𝐬 အဟောင်းတွေကို 𝐜𝐞𝐥𝐥𝐬 အသစ်လေးတွေ နဲ့ အစားထိုးပေးတာပါပဲ
𝐬𝐭𝐞𝐦 𝐜𝐞𝐥𝐥𝐬 ကို 𝐯𝐞𝐫𝐲 𝐞𝐝𝐮𝐜𝐚𝐭𝐞𝐝 𝐜𝐞𝐥𝐥𝐬 လို့လည်း ခေါ်ကြတယ် ဘာလို့ဆို ခန္ဓာကိုယ်ထဲမှာ သူဘာလုပ်ရမလဲ သူ့ကို ဘယ်နေရာ က လိုအပ်နေလဲ သူသိတယ် သိသိချင်း အဲ့နေရာ ကို ပြေးပြီး 𝐜𝐞𝐥𝐥𝐬 အစားထိုးတယ် သူ့ အလုပ်သူလုပ်တယ်
ဘာရောဂါတွေ မှာ 𝐬𝐭𝐞𝐦 𝐜𝐞𝐥𝐥𝐬 ကို သုံးလို့ရလဲ ?
🧬တော်တော်များများ မှာ သုံးလို့ရနေပါပြီ
𝐡𝐞𝐚𝐫𝐭 𝐝𝐢𝐬𝐞𝐚𝐬𝐞𝐬 , 𝐚𝐫𝐭𝐡𝐫𝐢𝐭𝐢𝐬 , 𝐨𝐬𝐭𝐞𝐨𝐩𝐨𝐫𝐨𝐬𝐢𝐬 , 𝐧𝐞𝐜𝐤 𝐩𝐚𝐢𝐧, 𝐤𝐧𝐞𝐞 𝐣𝐨𝐢𝐧𝐭 𝐩𝐚𝐢𝐧, 𝐟𝐫𝐨𝐳𝐞𝐧 𝐬𝐡𝐨𝐮𝐥𝐝𝐞𝐫, 𝐬𝐡𝐨𝐮𝐥𝐝𝐞𝐫 𝐩𝐚𝐢𝐧, 𝐝𝐞𝐠𝐞𝐧𝐞𝐫𝐚𝐭𝐢𝐯𝐞 𝐝𝐢𝐬𝐜 𝐝𝐢𝐬𝐞𝐚𝐬𝐞 , 𝐦𝐞𝐧𝐭𝐚𝐥 𝐡𝐞𝐚𝐥𝐭𝐡 𝐢𝐬𝐬𝐮𝐞𝐬, 𝐢𝐧𝐟𝐞𝐫𝐭𝐢𝐥𝐢𝐭𝐲
ဆေးခန်းမှာတော့ အဲ့ 𝐜𝐚𝐬𝐞𝐬 တွေ က တွေ့ရအများဆုံးပါ
👩⚕️𝐒𝐭𝐞𝐦 𝐜𝐞𝐥𝐥𝐬 နဲ့ ပတ်သက်ပြီး လုပ်သက် ၅ နှစ် အတွင်းမှာတော့ 𝐒𝐭𝐞𝐦 𝐜𝐞𝐥𝐥𝐬 𝐓𝐡𝐞𝐫𝐚𝐩𝐲 ကို အာရပ်လူမျိုးများ အနောက်နိုင်ငံသားလူဖြူများ နဲ့ အာရှနိုင်ငံ တွေ ထဲမှာတော့ တရုတ် စင်ကာပူ မလေးရှား ဗီယက်နမ် ဖိလစ်ပင်း လူမျိုးတွေက အရေအတွက် အများဆုံးလာရောက် ကုသမှု ခံယူကြပါတယ်
🧬ကိုရီးယားလူမျိုးတွေဟာလည်း 𝐒𝐭𝐞𝐦 𝐜𝐞𝐥𝐥𝐬 ကုသမှု ခံယူတဲ့ လူမျိုး ဖြစ်ပေမယ့် သူတို့နိုင်ငံ မှာပဲ ကုသမှု ခံယူကြပါတယ်
ဘာလို့ဆို တောင်ကိုရီးယားကလည်း 𝐒𝐭𝐞𝐦 𝐜𝐞𝐥𝐥𝐬 နဲ့ ပတ်သက်ရင် ကမ္ဘာမှာ နာမည်ကြီး မို့လို့ပါ
🧬တရုတ်လူမျိုးတွေက 𝐢𝐧𝐟𝐞𝐫𝐭𝐢𝐥𝐢𝐭𝐲 အတွက် အများဆုံး ကုသမှု ခံယူကြပြီး
🧬𝐀𝐫𝐚𝐛𝐢𝐜 တွေကတော့ 𝐋𝐨𝐧𝐠𝐞𝐯𝐢𝐭𝐲 𝐚𝐧𝐝 𝐚𝐧𝐭𝐢-𝐚𝐠𝐢𝐧𝐠 အတွက် အများဆုံး လာရောက်ကြပါတယ်
🧬အနောက်နိုင်ငံသားများဖြစ်တဲ့ 𝐀𝐦𝐞𝐫𝐢𝐜𝐚𝐧𝐬, 𝐄𝐮𝐫𝐨𝐩𝐞𝐚𝐧𝐬 တွေနဲ့ 𝐀𝐮𝐬𝐭𝐫𝐚𝐥𝐢𝐚𝐧𝐬 တွေကတော့ 𝐆𝐞𝐧𝐞𝐫𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡, 𝐄𝐫𝐞𝐜𝐭𝐢𝐥𝐞 𝐃𝐲𝐬𝐟𝐮𝐧𝐜𝐭𝐢𝐨𝐧 နဲ့ အခြား ရှားပါးသော ရောဂါ ကုသမှုများအတွက် လာရောက်ကြပါတယ်
𝐏𝐫𝐢𝐜𝐢𝐧𝐠
ဈေးက တော့ ကြီးပါတယ်
ဘာလို့ဆို 𝐫𝐞𝐬𝐞𝐚𝐫𝐜𝐡 ပိုင်း 𝐋𝐚𝐛 ပိုင်း မှာ ငွေအများကြီး သုံးထားရလို့ပါ
𝐔𝐦𝐛𝐢𝐥𝐢𝐜𝐚𝐥 𝐜𝐨𝐫𝐝 𝐝𝐨𝐧𝐨𝐫 ဆီက လည်း ဝယ်ရသေးတဲ့ အပြင် သူကိုယ်ဝန်ဆောင်ချိန် တစ်လျှောက် ကျန်းမာအောင် 𝐟𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥𝐥𝐲 𝐬𝐮𝐩𝐩𝐨𝐫𝐭 အများကြီး လုပ်ပေးရသေးတဲ့ စရိတ်ကလည်း ရှိသေး တော့ ဈေးကတော့ မပေါပါဘူး
ကျန်းမာသန်စွမ်းပြီး ရောဂါကင်းစင်တဲ့ မိခင်ကနေ နေ့စေ့ လစေ့ ပေါင်ပြည့် မွေးပြီး ရောဂါ ကင်းစင်တဲ့ ကလေးရဲ့ အချင်းကိုပဲ ယူတာမို့လို့ စျေးပေါ မပေါ က တွေးကြည့်လို့ ရပါတယ်
𝐒𝐭𝐞𝐦 𝐜𝐞𝐥𝐥𝐬 𝐭𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭 ဆိုတာ 𝐑𝐞𝐠𝐞𝐧𝐞𝐫𝐚𝐭𝐢𝐯𝐞 𝐌𝐞𝐝𝐢𝐜𝐢𝐧𝐞 အောက်ကပါ
𝐑𝐞𝐠𝐞𝐧𝐞𝐫𝐚𝐭𝐢𝐯𝐞 𝐌𝐞𝐝𝐢𝐜𝐢𝐧𝐞 ရဲ့ ကုသမှု တွေက နောက်ပိုင်းမှာ အသုံးဝင်လာတဲ့ အတွက် လူတွေက ရှာဖွေ ကုသလာကြပါတယ်
သို့ပေမယ့်လည်း ဈေးနှုန်း တွေက မြင့်မားနေသေးတဲ့ အတွက် နိုင်ငံအချို့ရဲ့ အစိုးရများက မိမိနိုင်ငံသားများကို 𝐢𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞 𝐜𝐨𝐯𝐞𝐫 ပေးနိုင်ဖို့ စတင်ကြိုးစားလာကြနေပါပြီ
𝐒𝐭𝐞𝐦 𝐜𝐞𝐥𝐥𝐬 𝐓𝐡𝐞𝐫𝐚𝐩𝐲 ဟာ ဆေးလောက ရဲ့ 𝐁𝐫𝐞𝐚𝐤𝐭𝐡𝐫𝐨𝐮𝐠𝐡 တစ်ခုပါ
ဆေးတွေ ခွဲစိတ်ကုသမှုတွေ နဲ့ ကုသလို့ မရတော့တဲ့ လူနာတွေ အတွက် ကောက်ရိုးတစ်မျှင်ပါ
ဒါပေမဲ့ ဒီကုသမှုဟာ 𝐦𝐚𝐠𝐢𝐜 မဟုတ်ဘူး ဆိုတာတော့ လူနာများ ကုသမှုမခံယူခင် သိထားရပါမယ်
မျက်လှည့်ပြလိုက်သလို ရောဂါအကုန် မပျောက်သွားပါဘူး
ငွေအများကြီး ကုန်ပြီးမှ မသက်သာ မသိသာတဲ့ လူနာတွေ လည်း ရှိသလို 𝟓𝟎 𝐦𝐢𝐥𝐥𝐢𝐨𝐧 𝐬𝐭𝐞𝐦 𝐜𝐞𝐥𝐥𝐬 သွင်းရုံနဲ့ ပြေးလွှားသွားလာနိုင်တဲ့ အထိ သက်သာလာတဲ့ နှလုံးရောဂါ လူနာတွေလည်း ရှိပါတယ်
ဒါကြောင့် ကုသမှု မခံယူခင် သေချာစဉ်းစားဆုံးဖြတ်သင့်ပါတယ်
အခုအချိန်အထိတော့ 𝐒𝐭𝐞𝐦 𝐜𝐞𝐥𝐥𝐬 𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭 တွေဟာ 𝐋𝐮𝐱𝐮𝐫𝐲 𝐭𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭 တွေ ဖြစ်ပြီးတော့ သူဌေးတွေသာ တတ်နိုင်သေးတဲ့ 𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭 တွေပဲ ဖြစ်နေပါသေးတယ်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ 𝐒𝐭𝐞𝐦 𝐜𝐞𝐥𝐥𝐬 𝐓𝐡𝐞𝐫𝐚𝐩𝐲 ကုသမှု ခံယူလိုသော လူနာများအတွက် လည်း 𝐊𝐡𝐢𝐧 𝐎𝐯𝐞𝐫𝐬𝐞𝐚𝐬 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 မှ ဆက်သွယ်ဆောင်ရွက်ပေးပါသည်
ထိုင်းနိုင်ငံနှင့် အိန္ဒိယ နိုင်ငံ တွင် ဆေးကုသမှုများ အတွက် အသေးစိတ် သိရှိလိုပါက
☎️𝐊𝐡𝐢𝐧 𝐎𝐯𝐞𝐫𝐬𝐞𝐚𝐬 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
𝐟𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫
𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝 +𝟔𝟔 𝟗𝟔𝟔𝟓𝟔𝟓𝟕𝟓𝟒
𝐕𝐢𝐛𝐞𝐫 : +𝟔𝟔 𝟗𝟔𝟔𝟓 𝟔𝟓𝟕𝟓𝟒
𝐋𝐢𝐧𝐞: +𝟔𝟔 𝟗𝟔𝟔𝟓 𝟔𝟓𝟕𝟓𝟒
𝐖𝐡𝐚𝐭𝐬𝐀𝐩𝐩: +𝟔𝟏 𝟒𝟗𝟑𝟓𝟕𝟔 𝟑𝟑𝟎
သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်