30/07/2022
ကလေးငယ်များနှင့် ကိုဗစ်ကာကွယ်ဆေး
❓❓❓ကလေးငယ်များ ဘယ်အရွယ်မှာ Covid ကာကွယ်ဆေးထိုးသင့်သလဲ❓❓❓
❓❓❓ဘယ်ကာကွယ်ဆေးအမျိုးအစားကို ရွေးချယ်သင့်သလဲ❓❓❓
ဒီမေးခွန်းတွေ အတွက် Dr. Vaccine မှ ကလေး များအတွက် ကိုဗစ်ကာကွယ်ဆေး အမျိုးအစားများတစ်ခုစီ၏အချက်အလက်များကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း(WHO)မှ ထုတ်ပြန်ထားတဲ့ အချက်အလက်များ၊ အမေရိကန်ရောဂါကူးစက်မှု ထိန်းချုပ်ရေးဗဟိုဌာန (Center for Disease Control and Prevention,CDC) မှ အချက်အလက်များ ပေါ်မူတည်ပြီး ပြောပြပေးသွားမှာဖြစ်ပါတယ်။
💉Pfizer-BioNTech💉
🔸အမေရိကန်နိုင်ငံ Pfizer ကုမ္ပဏီနှင့် ဂျာမနီ BioNTech နည်းပညာပူးပေါင်းထုတ်လာထားသောဆေးဖြစ်ပါတယ်။
🔸Covid ရောဂါကို 95% အထိ အကာအကွယ်ပေးနိုင်ကြောင်း အချက်အလက်များအရသိရှိရပြီး နိုင်ငံပေါင်း ၁၆၅ နိုင်ငံမှာ အသုံးပြုနေပြီဖြစ်ပါတယ်။
👶WHO မှ အသက် ၅ နှစ်အထက်ကစပြီး အန္တရာယ်ကင်းစွာ ထိုးနိုင်ကြောင်း အသိအမှတ်ပြုပြီးဖြစ်ပါတယ်။
👶17.6.2022 နေ့ကစ၍ အမေရိကန်ရောဂါကူးစက်မှု ထိန်းချုပ်ရေး ဗဟိုဌာန(CDC)ကတော့ ကလေး အသက် ၆လ အထက် ကနေစပြီး အရေးပေါ်လိုအပ်ချက်အရ ထိုးခွင့် ပြုပေးလိုက်ပြီဖြစ်ပါတယ်။
💉Moderna(Spikevax)💉
🔸အမေရိကန်အခြေစိုက် Moderna ကုမ္ပဏီမှထုတ်လုပ်ထားပြီး နိုင်ငံတကာမှာ Spikevax နာမည်နဲ့ ဖြန့်ချီပါတယ်။
🔸94% လောက်ရောဂါကို ကာကွယ်နိုင်စွမ်းရှိပါတယ်။
👶WHO က အသက် ၁၂ နှစ် အထက် ကစပြီး Moderna ထိုးနိုင်ကြောင်း တရားဝင် ထုတ်ပြန်ပြီး လက်ရှိနိုင်ငံပေါင်း 109 နိုင်ငံမှာ သုံးခွင့်ပြုထားပါတယ်။
👶Pfizer နဲ့အလားတူ 17.6.2022 နေ့မှစ၍ အမေရိကန် CDC ကတော့ Moderna ကို အသက် ၆လ အရွယ်က စပြီး အရေးပေါ်လိုအပ်ချက်အရ ထိုးခွင့်ချပေးပြီးဖြစ်ပါတယ်။
🔸တခြားဆေးနှစ်ကြိမ်ထိုးထားပြီး booster dose အဖြစ် အသုံးများပါတယ်။
✈️အမေရိကန်မှာ ကျောင်းသွားတက်မယ်ဆိုရင်တော့ Pfizer ဆေးက ရဖို့မလွယ်တာကြောင့် Moderna ဆေးကို ထိုးထားကြောင်း တင်ပြရတာများပါတယ်။
💉Sinopharm💉
🔸Sinopharm ကာကွယ်ဆေးကတော့ ၂ မျိုးရှိပါတယ်။ Sinopharm (BBIBP) နဲ့ Sinopharm (WIBP) ပါ။
💉Sinopharm (BBIBP)💉
🔸 Sinopharm (BBIBP)ကတော့ အသုံးများပြီး Beijing Bio Institute of Biological Products (BBIBP) မှထုတ်လုပ်ထားပြီး တရုတ်နိုင်ငံထုတ်ကာကွယ်ဆေး ထဲမှာ ပထမဆုံး WHO က အသိအမှတ်ပြုတဲ့ ဆေးဖြစ်ပါတယ်။
🔸WHO ကတော့ Sinopharm (BBIBP) vaccine ဟာ အသက် ၁၈ နှစ် အထက် အတွက် တွေအတွက် အန္တရာယ်ကင်းပြီး ကာကွယ်မှုပေးနိုင်ကြောင်းထုတ်ပြန်ထားပါတယ်။
🔸Sinopharm ဟာ Covid ကို 79% အထိ အကာအကွယ်ပေးနိုင်ကြောင်း နိုင်ငံတကာမှ သုတေသနများအရ သိရှိရပြီး နိုင်ငံပေါင်း ၁၁၀ လောက်မှာ အသုံးပြုခွင့်ရပြီးဖြစ်ပါတယ်။
👶အသက် ၃ နှစ်မှ ၁၇ နှစ် အရွယ်များကိုတော့ တရုတ်၊UAE၊အာဂျင်တီးနား၊ဘာရိန်းနဲ့ ပါကစ္စတန်နိုင်ငံ (၅) နိုင်ငံ မှာ တရားဝင်ထိုးနှံပေးနေပြီဖြစ်ပါတယ်။
👶မြန်မာနိုင်ငံမှာလည်း အသက် ၅ နှစ်အထက်ကျောင်းနေအရွယ်ကလေးများကို Sinopharm (BBIBP)စတင်ထိုးနှံပေးနေပြီလို့သိရပါတယ်။
💉Sinopharm (WIBP)💉
🔸တရုတ်နိုင်ငံ Wuhan Institute of Biological Products ကထုတ်ထားတာပါ။
🔸တရုတ် အပါအဝင် ၆ နိုင်ငံမှာပဲ အသိအမှတ်ပြုထားပါတယ်။
💉Sinovac💉
🔸တရုတ်နိုင်ငံ၊ ဘေဂျင်း မြို့အခြေစိုက် Sinovac ကုမ္ပဏီ မှထုတ်လုပ်ထားပြီး WHO က အသိအမှတ်ပြုထားတဲ့ ဒုတိယမြောက် တရုတ်နိုင်ငံထုတ်ကာကွယ်ဆေးဖြစ်ပါတယ်။
🔸WHO က အသက် 18 နှစ် အထက်တွေ အတွက် အန္တရာယ်ကင်းပြီးကာကွယ်မှုပေးနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။
👶18 နှစ်အောက်ကလေးများ သုံးဖို့ကတော့ reliable data သေချာမထွက်သေးပါဘူး။
💉Covishield💉
🔸The Serum Institute of India, AstraZeneca, University of Oxford တို့ နည်းပညာတူ ပူးတွဲထုတ်လုပ်ထားပြီး တခြားနိုင်ငံ အချို့မှာ AstraZeneca လို့လည်း လူသိများပါတယ်။
🔸WHO က 18 နှစ်အထက်အတွက် အန္တရာယ်ကင်းကြောင်း တရားဝင်ခွင့်ပြုထားပြီးဖြစ်ပါတယ်။
👶18နှစ်အောက်မှာတော့ reliable data မထွက်သေးလို့ ထိုးဖို့ recommendation မပေးပါဘူး။
💉Covaxin💉
🔸အိန္ဒိယနိုင်ငံ Bharat Biotech နှင့် Indian Council of Medical Research တို့ပူးပေါင်းထုတ်လုပ်ထားသောဆေးဖြစ်ပါတယ်။
🔸အိန္ဒိယမှာ တရားဝင်ခွင့်ပြုထားပြီး မြန်မာနိုင်ငံအပါအဝင် တခြားနိုင်ငံပေါင်း ၁၉ နိုင်ငံမှာလည်း တရားဝင် အသုံးပြုနေပြီဖြစ်ပါတယ်။
👶အိန္ဒိယနိုင်ငံမှာ အသက် 15-18 အရွယ်တွေကို တရားဝင် ထိုးခွင့်ပြုထားပြီး အသက် 6-12 နှစ်ကလေးများကိုတော့အရေးပေါ်အခြေအနေလိုအပ်ချက်အရထိုးခွင့်ပြုထားပြီးဖြစ်ပါတယ်။
နောက်ဆုံး ထုတ်ပြန်ချက်အရ
‼️Covid ကာကွယ်ဆေးတွေကို တခြားမည်သည့်ကာကွယ်ဆေးနဲ့ မဆို ရက်ခြားစရာမလိုတော့ဘဲ တရက်ထဲထိုးနိုင်ပါတယ်။‼️
‼️ကိုဗစ်ရောဂါကို ကာကွယ်ဖို့၊ ပြင်းထန်မှုလျော့ချဖို့ အဆင်ပြေတဲ့ ကာကွယ်ဆေးထိုးထားသင့်ကြောင်း WHO က အကြံပေးထားပါတယ်။‼️
ဒါကြောင့် အထက်ပါ အချက်အလက်များကိုဖတ်ရှူပြီး ကလေးများအတွက် ဘယ်ကာကွယ်ဆေးကို ထိုးသင့် မထိုးသင့် မိဘ ပြည်သူများကိုယ်တိုင် ချင့်ချိန်စဉ်းစားပြီး ဆုံးဖြတ်နိုင်စေရန် Dr. Vaccine မှ တင်ပြအပ်ပါတယ်။