Lumbini Health Care Services Co.,Ltd.

Lumbini Health Care Services Co.,Ltd. Lumbini Health Care Services ...Leading You To Better Health

29/04/2023

❝ အိပ်နေရင်းနဲ့ ဟောက်လွန်းတဲ့အခါ ❞

" အိပ်ပြီဆို သူကအရမ်းဟောက်တာ...ဘေးလူ နားမခံနိုင်ဘူး... "
ဒီလိုကိစ္စမျိုးကို မိတ်ဆွေတို့ကိုယ်တိုင် (သို့) ပတ်ဝန်းကျင်မှာ ကြုံဖူးလိမ့်မယ်ထင်ပါတယ်။ အခုလို အိပ်ရင် အရမ်းဟောက်တဲ့ရောဂါကို Obstructive Sleep Apnea (OSA) လို့ခေါ်ပါတယ်။ ဒီနေ့တော့ လုမ္ဗိနီရဲ့မိတ်ဆွေတို့ ဗဟုသုတရစေဖို့ ဒီရောဂါအကြောင်းကို ပြောပြချင်ပါတယ်။

🔶 ဘာလို့ OSA လို့ခေါ်ရတာလဲ။

အိပ်စက်တဲ့အခါ လည်ချောင်းကြွက်သားတွေ ပျော့တွဲကျလာပြီး လေပြွန်ကျဉ်းသွားတာကြောင့် နှာခေါင်းကနေတဆင့် အဆုတ်ထဲကို လေဝင်တဲ့ ပမာဏ နည်းသွားပါတယ်။ အဲဒီအချိန်မှာ ဟောက်သံ (Snorting) စထွက်လာပါတယ်။ ဒီလိုလေဝင်နည်းတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏ ပိုမိုများပြားလာပြီး ဦးနှောက်ကိုသတိပေးလိုက်တဲ့အခါ ကြွက်သားတွေ ရုတ်တရက် ပြန်တောင့်တင်းသွားပြီးတော့ လေပြွန်ပြန်ပွင့်တာကြောင့် ဟောက်သံရပ်သွားတတ်ပါတယ်။ တချို့သူတွေမှာ လန့်နိုးတတ်ပါတယ်။
အခုလိုမျိုး အိပ်နေရင်း လေပြွန် ပိတ်/ပွင့်တစ်လှည့်စီဖြစ်တဲ့ ရောဂါကို Obstructive Sleep Apnea (OSA) လို့ ခေါ်တာပါ။

🔶 ဘယ်လိုလူတွေမှာ OSA ပိုဖြစ်တတ်လဲ။

☑️ အသက်အရွယ်ကြီးသူ
☑️ အဝလွန်သူ
☑️ ဆီးချိုသွေးချို ရောဂါရှိသူ
☑️ သွေးတိုးရောဂါရှိသူ
☑️ မိသားစုထဲတွင် OSA မျိုးရိုးရှိသူ
☑️ ဆေးလိပ်သောက်သူ
☑️ ပန်းနာရင်ကြပ်နဲ့ အသက်ရှုလမ်းကြောင်းရောဂါအခံရှိသူတွေမှာ ဒီရောဂါဖြစ်လေ့ရှိသလို ထူးထူးခြားခြားအနေနဲ့
အမျိုးသားတွေက အမျိုးသမီးတွေထက် OSA ဖြစ်နှုန်း ၃ဆလောက် ပိုများတယ်လို့ သုတေသနတွေအရ သတ်မှတ်ထားပါတယ်။

🔶 OSA ကြောင့် တခြားဘာပြဿနာတွေကြုံရနိုင်လဲ။

ညဘက်အိပ်ရင်း ဟောက်တာကနေ လန့်လန့်နိုးတာကြောင့် အိပ်မပျော်တာများလာတဲ့အခါ
❗ နေ့ခင်းဘက် အမြဲအိပ်ငိုက်ခြင်း
❗ မနက်ခင်းခေါင်းကိုက်၊ စိတ်မကြည်၊ မူးမော်ခြင်း
❗ စိတ်ဓာတ်ကျခြင်း၊ စိတ်တိုလွယ်ခြင်း
❗ ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါအခံရှိသူများ ရောဂါတိုးလာခြင်း
❗ အိမ်ထောင်ရေးသုခ မပြည့်ဝခြင်းတို့လို ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

🔶 ဒါဆို OSA ကို ဘယ်လိုကုလို့ရနိုင်မလဲ။

1️⃣ ကိုယ်အလေးချိန်လျှော့ပါ။
2️⃣ စိတ်ဖိစီးမှုလျှော့ပါ။
3️⃣ ဆေးလိပ်နှင့် အရက်ကိုရှောင်ပါ။
4️⃣ ပက်လက်အိပ်သည့်အလေ့အကျင့်ကိုဖျောက်ပြီး ဘေးစောင်းအိပ်စေခြင်းက OSA ကို သက်သာစေပါတယ်။
5️⃣ နောက်ဆုံးတစ်ချက်ကတော့ ညအိပ်တော့မယ်ဆို လေပြွန်တွင်းဖိအားတိုးစက်ကိရိယာ (CPAP)တပ်ပြီး အိပ်စက်ခြင်းက OSA လူနာများအတွက် အကျိုးထူးစေတယ်လို့ ကုသချက်မှတ်တမ်းတွေအရ သိရပါတယ်။

ဒါကြောင့် အရမ်းဟောက်တတ်သူ၊ ဟောက်နေရင်းအသက်ရှုရပ်ပြီးလန့်နိုးတတ်သူ၊ OSAကြောင့် နိစ္စဓူဝကိစ္စတွေမှာ ခက်ခဲလာရပြီဆိုရင်တော့ အမြန်ဆုံး တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ပြသဖို့ တိုက်တွန်းပါရစေရှင်။
⚕️ 𝙇𝙪𝙢𝙗𝙞𝙣𝙞 ... 𝙇𝙚𝙖𝙙𝙞𝙣𝙜 𝙔𝙤𝙪 𝙏𝙤 𝘽𝙚𝙩𝙩𝙚𝙧 𝙃𝙚𝙖𝙡𝙩𝙝 ⚕️


နှစ်သစ်အချိန်အခါမှစ၍ လုမ္ဗိနီ၏မိတ်ဆွေအပေါင်း ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
17/04/2023

နှစ်သစ်အချိန်အခါမှစ၍ လုမ္ဗိနီ၏မိတ်ဆွေအပေါင်း ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

❝ ထိုင်းသင်္ကြန်သွားရင်း ဆေးစစ်မယ် ❞နှစ်စဉ်ကျင်းပတဲ့ ထိုင်းနိုင်ငံရဲ့ ဆွန်ခရန်သင်္ကြန်ပွဲတော်မှာနွှဲ‌ပျော်ရင်းနဲ့ ဘန်ကော...
04/04/2023

❝ ထိုင်းသင်္ကြန်သွားရင်း ဆေးစစ်မယ် ❞

နှစ်စဉ်ကျင်းပတဲ့ ထိုင်းနိုင်ငံရဲ့ ဆွန်ခရန်သင်္ကြန်ပွဲတော်မှာနွှဲ‌ပျော်ရင်းနဲ့ ဘန်ကောက်ရောက်ခိုက် ဆေးစစ်ချင်တဲ့ မိတ်ဆွေတို့အတွက် ViMUT SONGKRAN Checkup Package ရှိပါပြီ။

SONGKRAN Checkup လုပ်တာနဲ့ ဘတ် 1900 တန် ဟိုတယ်မှာ တစ်ည အခမဲ့နေခွင့်ရမယ်ဆိုတော့ လက်မနှေးဘဲ ကျွန်မတို့ Lumbini ကို အမြန်လေး ဆက်သွယ်လိုက်ပါတော့ရှင်။
Lumbini Health Care Services Co., Ltd.
Ph - 09785336616

Cancer Screening Package ✔️✔️မေး - Cancer ရှိမရှိ စစ်ဆေးသင့်လား။ဖြေ  - ကမ္ဘာတစ်ဝန်းမှာ နှစ်စဥ်နှစ်တိုင်း Cancer ကြောင့်သ...
02/04/2023

Cancer Screening Package ✔️✔️
မေး - Cancer ရှိမရှိ စစ်ဆေးသင့်လား။
ဖြေ - ကမ္ဘာတစ်ဝန်းမှာ နှစ်စဥ်နှစ်တိုင်း Cancer ကြောင့်သေဆုံးတဲ့လူနာတွေများပြားလာပါတယ်။

စစ်တမ်းတွေအရ 2020 မှာ Cancer လူနာ 18,094,716 million အထိရှိလာတယ်လို့ Global Centre Websiteက ဆိုထားပါတယ်။

မျိုးရိုးကြောင့် Cancer ဖြစ်နိုင်သလို အစားအစာ၊ နေထိုင်မှုပုံစံနဲ့ အခြားအကြောင်းအရင်းများစွာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ မဖြစ်ခင်ကြိုတင်ကာကွယ်ဖို့နဲ့ အချိန်မှီကုသနိုင်ဖို့ စစ်ဆေးထားသင့်ပါတယ်။

ဒီ Cancer Screening Package လေးကိုတော့ ထိုင်းနိုင်ငံရှိ PRINC Hospital ကြီးမှာစစ်ဆေးနိုင်ပါပြီရှင်။

✔️✔️ အထူးစျေးနှုန်းအနေနဲ့ မေလ ၃၁ ရက်နေ့မတိုင်ခင်စစ်မယ်ဆို တစ်ဝက်တိတိ Discount ချပေးထားတာမလို့ စိတ်ဝင်စားတယ်ဆိုရင်တော့𝗟𝘂𝗺𝗯𝗶𝗻𝗶 𝗛𝗲𝗮𝗹𝘁𝗵 𝗖𝗮𝗿𝗲 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀 𝗖𝗼.,𝗟𝘁𝗱.
☎️ 09785336616
🏢 အမှတ် ၇/၈၊ ဗဟိုစည်အိမ်ရာ၊ ဗိုလ်ချုပ်‌အောင်ဆန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့မှာ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။
⚕️ 𝙇𝙪𝙢𝙗𝙞𝙣𝙞 ... 𝙇𝙚𝙖𝙙𝙞𝙣𝙜 𝙔𝙤𝙪 𝙏𝙤 𝘽𝙚𝙩𝙩𝙚𝙧 𝙃𝙚𝙖𝙡𝙩𝙝 ⚕️
T

အိပ်နေစဥ်အတွင်း အသက်ရှုလမ်းကြောင်းဆိုင်ရာပြသနာများရှာဖွေဖို့ PRINC Hospital မှာ စစ်ဆေးစို့Sleep Test ဆိုတာဘာလဲ ? ဘယ်သူတွ...
31/03/2023

အိပ်နေစဥ်အတွင်း အသက်ရှုလမ်းကြောင်းဆိုင်ရာပြသနာများရှာဖွေဖို့ PRINC Hospital မှာ စစ်ဆေးစို့

Sleep Test ဆိုတာဘာလဲ ?
ဘယ်သူတွေစစ်ဆေးသင့်လဲ ?
အိပ်စက်ခြင်းဆိုတာ လူတိုင်းအတွက် အခရာ ကျတဲ့အရာပဲဖြစ်ပါတယ်။ သို့ပေမဲ့ အိပ်စက်နေစဥ်အတွင်း ဖြစ်နိုင်တဲ့ OSA ( Obstructive Sleep Apnea ) အကြောင်းကိုတော့ ဘယ်သူမှသတိမထားမိပါဘူး။

OSA က ဘယ်လိုအခြေအနေတွေမှာအဖြစ်များသလဲ ?
- အဝလွန်ခြင်း
- အသက်ရှူလမ်းကြောင်းကျဥ်းခြင်း
- လည်ပင်းကြွက်သားထူခြင်း
- ဆေးလိပ်သောက်သုံးခြင်း၊ အရက်သောက်သုံးခြင်း
- စိတ်ငြိမ်ဆေးသောက်နေရသူများမှာ အဖြစ်များပါတယ်။

ဒါကြောင့် အိပ်နေစဥ်အတွင်း အသက်ရှူကြပ်ခြင်းနှင့် သတိပေးလက္ခဏာများကို စစ်ဆေးနိုင်ဖို့ ထိုင်းနိုင်ငံရှိ PRINC Hospital မှာ Sleep test packageလေးရှိပါတယ်ရှင့်။
18000 THB က ဇွန်လ ကုန်အထိပဲအကျုံးဝင်တာမလို့ အမြန်လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင်။
စိတ်ဝင်စားတယ်ဆိုရင်တော့ ကျွန်မတို့ရဲ့𝗟𝘂𝗺𝗯𝗶𝗻𝗶 𝗛𝗲𝗮𝗹𝘁𝗵 𝗖𝗮𝗿𝗲 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀 𝗖𝗼.,𝗟𝘁𝗱.
☎️ 09785336616
🏢 အမှတ် ၇/၈၊ ဗဟိုစည်အိမ်ရာ၊ ဗိုလ်ချုပ်‌အောင်ဆန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့မှာ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။
⚕️ 𝙇𝙪𝙢𝙗𝙞𝙣𝙞 ... 𝙇𝙚𝙖𝙙𝙞𝙣𝙜 𝙔𝙤𝙪 𝙏𝙤 𝘽𝙚𝙩𝙩𝙚𝙧 𝙃𝙚𝙖𝙡𝙩𝙝 ⚕️

Bye One Get One Free ( မေလ ၃၁ရက်နေ့အထိသာ)ပရင့်စ်ဆေးရုံရဲ့ နှစ်ဦး Promotion !!!တစ်ဦးစာဝယ်ယူပြီး နောက်တစ်ဦး အခမဲ့စစ်ဆေး...
29/03/2023

Bye One Get One Free ( မေလ ၃၁ရက်နေ့အထိသာ)

ပရင့်စ်ဆေးရုံရဲ့ နှစ်ဦး Promotion !!!
တစ်ဦးစာဝယ်ယူပြီး နောက်တစ်ဦး အခမဲ့စစ်ဆေးနိုင်မည့် ကျန်းမာရေး package များကို ထိုင်းနိုင်ငံရှိ PRINC Hospital မှာရယူနိုင်ပါပြီရှင်။ Silver Packagae နဲ့ Golden package ဆိုပြီး ၂မျိုး ရှိပါတယ်။

Silver Package အတွက်ဆို အထူးလျော့စျေး 2500 THB ကျသင့်မှာဖြစ်ပြီး Golden Package အတွက်ဆို 9000 THB သာကျသင့်မှာဖြစ်ပါတယ်။

Promotionလေးကို မေလ ၃၁ ရက်နေ့အထိပဲစီစဥ်ထားတာမလို့ PRINC Hospital မှာ ကျန်းမာရေးစစ်ဆေးချင်တယ်ဆိုရင်တော့ ကျွန်မတို့ရဲ့
𝗟𝘂𝗺𝗯𝗶𝗻𝗶 𝗛𝗲𝗮𝗹𝘁𝗵 𝗖𝗮𝗿𝗲 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀 𝗖𝗼.,𝗟𝘁𝗱.
☎️ 09785336616
🏢 အမှတ် ၇/၈၊ ဗဟိုစည်အိမ်ရာ၊ ဗိုလ်ချုပ်‌အောင်ဆန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့မှာ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။
⚕️ 𝙇𝙪𝙢𝙗𝙞𝙣𝙞 ... 𝙇𝙚𝙖𝙙𝙞𝙣𝙜 𝙔𝙤𝙪 𝙏𝙤 𝘽𝙚𝙩𝙩𝙚𝙧 𝙃𝙚𝙖𝙡𝙩𝙝 ⚕️

လုမ္ဗိနီအကြောင်းလေးပြောပြမယ် ❤️ချစ်မိတ်ဆွေတို့ သိပ်မသိသေးတဲ့ လုမ္ဗိနီရဲ့ အကြောင်းလေးတွေ ပြောပြမယ်နော်။🚨 လုမ္ဗိနီက ဆေးခန်...
21/03/2023

လုမ္ဗိနီအကြောင်းလေးပြောပြမယ် ❤️

ချစ်မိတ်ဆွေတို့ သိပ်မသိသေးတဲ့ လုမ္ဗိနီရဲ့ အကြောင်းလေးတွေ ပြောပြမယ်နော်။

🚨 လုမ္ဗိနီက ဆေးခန်းလား၊ ဓာတ်ခွဲခန်းလား။

❌ မဟုတ်ပါဘူးရှင်။ ကျွန်မတို့ ကုမ္ပဏီက ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့လုပ်ငန်းပါ။ ရုံးခန်းမှာ ဆေးကုတာ သွေးစစ်တာမျိုး မလုပ်ပေးပါဘူးနော် 🥺
နိုင်ငံခြားဆေးရုံကြီးတွေမှာ ဆေးကုသချင်သူတွေအတွက် ဝန်ဆောင်မှု ပေးနေတာပါ။ စတင်ဆွေးနွေးတာကနေ ခရီးစဉ် အစအဆုံးအတွက် ဝန်ဆောင်မှုပေးနေပါတယ်။

🚨 ဘယ်ဆေးရုံတွေနဲ့ချိတ်ဆက်ထားတာလဲ။

ထိုင်းနိုင်ငံဘန်ကောက်မြို့ရဲ့ နာမည်ကြီးဆေးရုံကြီး ၅ ခုနဲ့ချိတ်ဆက်ထားပြီးပါပြီရှင်။

အထွေထွေရောဂါကုဆေးရုံကြီး ၄ ခုဖြစ်တဲ့
1️⃣ ဗီးမွတ်ဆေးရုံ (ViMUT Hospital)
2️⃣ ဆစ်မီတဝေ့ဆေးရုံ (SAMITIVEJ Hospital)
3️⃣ ဝေ့ဌာနီဆေးရုံ (VEJTHANI Hospital)
4️⃣ ပရင့်စ်ဆေးရုံ (PRINC Hospital) တို့နဲ့ တရားဝင်ချိတ်ဆက်ထားသလို

ထိုင်းနိုင်ငံရဲ့ ထိပ်တန်း မျက်စိကုသမှုမှာနာမည်ကျော်
5️⃣ ရတ်နင်မျက်စိဆေးရုံ(Rutnin Eye Hospital)နဲ့ ရတ်နင်ဂင်ဘယ် လေဆာစင်တာ (Rutnin-Gimbel Lasik Center) တို့နဲ့ပါ ချိတ်ဆက်ထားပြီးဖြစ်ပါတယ်။

🚨 နိုင်ငံခြားဆေးရုံကြီးတွေမှာ ဆေးကုဖို့ ဆွေးနွေးလို့ရမလား။

ဝမ်းမြောက်စွာနဲ့ ကြိုဆိုပါတယ်ရှင် ☺️
အရင်ဆုံး နိုင်ငံခြားမှာ ဆေးကုဖို့ ဆန္ဒရှိမရှိ မိတ်ဆွေတို့ကိုယ်တိုင် ဆုံးဖြတ်ရပါမယ်။ ဆုံးဖြတ်ရခက်‌နေလို့ အကြံဉာဏ်လိုချင်တယ်ဆိုရင်တော့ လုမ္ဗိနီကိုဆက်သွယ်လိုက်ပါ။ တာဝန်ခံဆရာဝန်ကိုယ်တိုင် တိုင်ပင်ဆွေးနွေးပေးပါတယ်။

🚨 ဆွေးနွေးခယူလား။

မိတ်ဆွေတို့ရဲ့အိမ်အရောက် လာပြီးဆွေးနွေးရတဲ့ဝန်ဆောင်မှုတွေကလွဲလို့ ဖုန်းနဲ့စုံစမ်းတာ ရုံးခန်းမှာလာပြီးဆွေးနွေးတာအားလုံးက လုံးဝ (အခမဲ့) ဝန်ဆောင်မှုပါ။

🚨 လုမ္ဗိနီကို ဘယ်လိုဆက်သွယ်ရမလဲ။

တနင်္လာနေ့မှသောကြာနေ့အထိ ရုံးချိန် မနက် (၉)နာရီမှ ညနေ (၅)နာရီအတွင်း ရုံးခန်းမှာ လူကိုယ်တိုင် လာရောက် စုံစမ်းနိုင်သလို တာဝန်ခံဆရာဝန်ကိုယ်တိုင် ဖြေကြားပေးတဲ့ ဖုန်း - 09785336616 ကိုလည်း ရုံးချိန်အတွင်းဆက်သွယ်နိုင်ပါတယ်။
လူကိုယ်တိုင်မလာနိုင်လို့ Online ကနေ ဆက်သွယ်ချင်ရင်လည်း Lumbini Page messenger နဲ့ Viber ကနေ ဆက်သွယ်နိုင်ပါတယ်ရှင်။
Viber - +959785336616
ရုံး - အမှတ် ၇/၈၊ ဗဟိုစည်အိမ်ရာ၊ ဗိုလ်ချုပ်‌အောင်ဆန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့

⚕️ 𝙇𝙪𝙢𝙗𝙞𝙣𝙞 ... 𝙇𝙚𝙖𝙙𝙞𝙣𝙜 𝙔𝙤𝙪 𝙏𝙤 𝘽𝙚𝙩𝙩𝙚𝙧 𝙃𝙚𝙖𝙡𝙩𝙝 ⚕️

သင်သိပါသလား ❓❓❓ကမ္ဘာ့လူဦးရေ ၁၈ သန်းဝန်းကျင်ဟာ နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါတွေကြောင့် နှစ်စဉ်နှစ်တိုင်း သေဆုံးရလေ့ရှိပ...
19/03/2023

သင်သိပါသလား ❓❓❓
ကမ္ဘာ့လူဦးရေ ၁၈ သန်းဝန်းကျင်ဟာ နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါတွေကြောင့် နှစ်စဉ်နှစ်တိုင်း သေဆုံးရလေ့ရှိပါတယ်။

ဒီလိုကြောက်စရာကောင်းတဲ့ရောဂါကို စောစောစီးစီး ကြိုတင်ကာကွယ် ကုသမယ်ဆိုရင် အချိန်မတိုင်ခင် အသက်ဆုံးရှုံးခြင်းတွေကို ရှောင်ရှားလို့ရပါတယ်။

ဘန်ကောက်မြို့ရဲ့ ဗီးမွတ်ဆေးရုံ 𝙑𝙞𝙈𝙐𝙏 𝙃𝙤𝙨𝙥𝙞𝙩𝙖𝙡 မှာ နှလုံးကျန်းမာရေးစစ်ဆေးချင်သူတို့အတွက် နှလုံးအထူးကုသမားတော်ကြီးများနဲ့ တိုင်ပင်ဆွေးနွေးမှုအပြင် မရှိမဖြစ်လိုအပ်သော သွေးစစ်ဆေးမှုများကို ပေါင်းစပ်ထည့်သွင်းထားတဲ့ 𝐓𝐨𝐮𝐜𝐡 𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡 𝐏𝐚𝐜𝐤𝐚𝐠𝐞 ကို 31 December 2023 အထိ စီစဉ်ထားတာမို့လို့ စိတ်ဝင်စားတယ်ဆိုရင်

𝗟𝘂𝗺𝗯𝗶𝗻𝗶 𝗛𝗲𝗮𝗹𝘁𝗵 𝗖𝗮𝗿𝗲 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀 𝗖𝗼.,𝗟𝘁𝗱.
☎️ 09785336616
🏢 အမှတ် ၇/၈၊ ဗဟိုစည်အိမ်ရာ၊ ဗိုလ်ချုပ်‌အောင်ဆန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့မှာ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။

⚕️ 𝙇𝙪𝙢𝙗𝙞𝙣𝙞 ... 𝙇𝙚𝙖𝙙𝙞𝙣𝙜 𝙔𝙤𝙪 𝙏𝙤 𝘽𝙚𝙩𝙩𝙚𝙧 𝙃𝙚𝙖𝙡𝙩𝙝 ⚕️

T

18/03/2023

သင်စားတဲ့အစာက သင့်ကျန်းမာရေးကို သက်ရောက်နေတာသိရဲ့လား

နှစ်စဉ်ကမ္ဘာ့လူဦးရေရဲ့ သန်းပေါင်း ၂၀၀ ကျော်ဟာ အူလမ်းကြောင်းရောဂါတွေကို ခံစားနေရပါတယ်။
နေ့စဉ်‌နေထိုင်မှုပုံစံနဲ့စားသောက်မှုပုံစံတွေက မိတ်ဆွေတို့ရဲ့ အူလမ်းကြောင်းကျန်းမာရေးကို သက်ရောက်‌‌စေပါတယ်။
ဗီးမွတ်ဆေးရုံရဲ့ Gastrointestinal ဌာနမှာ မိတ်တွေတို့ရဲ့ အူလမ်းကြောင်းရောဂါတွေကို အဖြေရှာကုသပေးနေတာကြောင့် အသေးစိတ် သိချင်တယ်ဆိုရင် ဒီ videoထဲမှာ လေ့လာနိုင်ပါတယ်။
ဆက်သွယ်ရန် - 09785336616
#ဗီးမွတ်

နှလုံးရောဂါကို ကာကွယ်နိုင်ဖို့ ဘန်ကောက်ဆေးရုံကြီး‌ေတွရဲ့ Checkup Package လေးတွေ Page မှာ တင်ပေးထားတယ်နော် ☺️
18/03/2023

နှလုံးရောဂါကို ကာကွယ်နိုင်ဖို့ ဘန်ကောက်ဆေးရုံကြီး‌ေတွရဲ့ Checkup Package လေးတွေ Page မှာ တင်ပေးထားတယ်နော် ☺️

❝ အသံတိတ် လူသတ်သမားရန်မှ ကာကွယ်နိုင်ဖို့ရာ ❞

" ဟိုဘက်အိမ်ကဦးလေးကြီးလေ...ညတုန်းကအကောင်းကြီး ... မနက်ရောက်တော့ အသက်မရှိတော့ဘူးတဲ့..."

ဒီလိုအဖြစ်မျိုးကို မိတ်ဆွေတို့ရဲ့ ပတ်ဝန်းကျင်မှာ ကြုံဖူးကြားဖူးလိမ့်မယ်လို့ထင်ပါတယ်။ ဘာ‌ဖြစ်လို့ ဒီလိုအဖြစ်ဆိုးမျိုးတွေ ဖြစ်ရသလဲဆိုတာကို ကျွန်မတို့က ဒီနေ့အတွက် ပြောပြပေးမယ်နော်။

နှလုံးနှင့်သွေးကြောရောဂါတွေကြောင့် ကမ္ဘာ့လူဦးရေ ၁၈ သန်းဝန်းကျင်ဟာ နှစ်စဉ်သေဆုံးရလေ့ရှိပါတယ်။ ကျွန်မတို့ အာရှတိုက်မှာလည်း အလွန်အဖြစ်များတဲ့ရောဂါဖြစ်တာကြောင့် နှစ်စဉ် လူ ၁၀ သန်းကျော် အသက်ဆုံးရှုံးနေရပါတယ်။ သူ့ရဲ့ရောဂါလက္ခဏာတွေကို ပေါ့ပေါ့ဆဆနေမိတဲ့အခါ သေဆုံးရတာကြောင့်မို့လို့ အသံတိတ်လူသတ်သမား (Silent Killer)လို့ ခေါ်ကြတာပါ။

နှလုံးနှင့်သွေးကြောရောဂါတွေ ဘာကြောင့်ဖြစ်ရသလဲဆိုတော့ မမှန်ကန်တဲ့နေထိုင်မှုပုံစံတွေဖြစ်တဲ့
❗ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း
❗ အဝလွန်ခြင်း
❗ အငန်နှင့် အဆီအစားများခြင်း
❗ ဆေးလိပ်သောက်ခြင်းတို့ကြောင့် အဓိကဖြစ်ရသလို
❗ အသက်ကြီးသူတွေနဲ့ မျိုးရိုက်လိုက်‌သော သွေးတွင်းအဆီဓာတ်များသူတွေမှာလည်း ဒီရောဂါဖြစ်နိုင်ပါတယ်။

အပေါ်ကပြောပြခဲ့တဲ့ မမှန်ကန်တဲ့နေထိုင်မှုပုံစံတွေကြောင့် ခန္ဓာကိုယ်တွင်း အဆီဓာတ်များလာတဲ့အခါ အလွန်သေးငယ်တဲ့ ဆံချည်မျှင်သွေးကြောနဲ့ သွေးလွှတ်ကြောနံရံတွေ တောင့်တင်းလာတာကြောင့် သွေးတိုးရောဂါ (Hypertension)ဖြစ်လာပါတယ်။ အကယ်၍ သေချာဂရုစိုက်မကုသမိလို့၊ ကြိုပြီးသတိမထားမိခဲ့လို့ နှလုံးရဲ့အသေးငယ်ဆုံးသွေးကြောတွေအထိ အဆီဖုံးပြီးပိတ်ဆို့တဲ့အခါ ရုတ်တရက်နှလုံးတိုက်ခိုက်ခံရခြင်း (Heart Attack) ရနိုင်သလို ဦးနှောက်သွေးကြောများပိတ်သွားခဲ့ရင်လည်း လေဖြတ်ခြင်း (Stroke) ဖြစ်စေနိုင်တာကြောင့် သေဆုံးနှုန်းမြင့်တဲ့ရောဂါ ဖြစ်နေတာပါ။

💡 ဒီလိုမဖြစ်ရလေအောင် ဘယ်လိုကာကွယ်ရမလဲဆိုတာ ပြောပြပေးပါရစေ။

✔️ ပုံမှန်ဆေးစစ်မှုခံယူပါ။
မိသားစုထဲမှာနှလုံးနှင့်‌ပတ်သက်သောရောဂါအခံရှိသူ၊ ကိုယ်တိုင် သွေးတိုး၊ ဆီးချို(သို့)အခြားနာတာရှည်ရောဂါအခံရှိသူနှင့် အသက် (၆၀) ကျော်သူတိုင်း (၆)လတစ်ကြိမ် (သို့) ဆရာဝန်ညွှန်ကြားချက်ပေးသည့်ရက်ချိန်းအတိုင်း ပုံမှန်ဆေးစစ်မှုခံယူရပါမယ်။

✔️ ဆေးပုံမှန်သောက်ပါ။
သွေးတိုးရောဂါရှိသူ ဆီးချိုရောဂါရှိသူတွေအနေနဲ့ သူများထက်ပိုပြီး နှလုံးတိုက်ခိုက်ခံရနိုင်ချေနှင့် လေဖြတ်နိုင်ချေပိုများတာကြောင့် ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးပုံမှန်သောက်ဖို့ လိုအပ်ပါတယ်။

✔️ ရောဂါလက္ခဏာတွေကို သတိထားပါ။
❗ ရင်ဘတ်အောင့်ခြင်း
❗ ပုံမှန်‌နိစ္စဓူဝလုပ်ငန်းများတွင် မောခြင်း
❗ ညဘက်အိပ်နေစဉ် လန့်နိုးကာ မောခြင်း
❗ အမြင်မှုန်ဝါးခြင်းတို့လို လက္ခဏာတွေရှိလာပြီဆိုပါက နီးစပ်ရာ ဆေးရုံဆေးခန်းကို ချက်ချင်းသွားရောက် ပြသသင့်ပါတယ်။

✔️ အမူအကျင့်ပြောင်းလဲပါ။
နောက်ဆုံးအချက်ဆို‌ပေမဲ့ လုံးဝမေ့ထားလို့မဖြစ်တဲ့ အချက်ပါ။ ဘာတွေပြောင်းလဲရမလည်းဆိုတော့
⚠️ ဆေးလိပ်(လုံးဝ)ဖြတ်ပါ။
⚠️ တစ်နေ့အနည်းဆုံး နာရီဝက် လေ့ကျင့်ခန်းလုပ်ပါ။
⚠️ အဆီနှင့် အငန်ရှောင်ပါ။
⚠️ ဝိတ်လျှော့ပါ။

ဒီလိုကာကွယ်ရေးအချက်တွေကိုသာ မုချလိုက်နာမယ်ဆိုရင်တော့ အသံတိတ်လူသတ်သမားရဲ့ ဘေးအန္တရာယ်ကနေ အမှန်ကင်းဝေးရမယ်ဆိုတာကို ကျွန်မတို့က အာမခံလိုက်ချင်ပါတယ်ရှင်။

⚕️ 𝙇𝙪𝙢𝙗𝙞𝙣𝙞 ... 𝙇𝙚𝙖𝙙𝙞𝙣𝙜 𝙔𝙤𝙪 𝙏𝙤 𝘽𝙚𝙩𝙩𝙚𝙧 𝙃𝙚𝙖𝙡𝙩𝙝 ⚕️


❝ ဆစ်မီတဝေ့နဲ့အတူ ရင်ခုန်သံကို နားဆင်ပါ ❞နှလုံးကျန်းမာရေးက ဘာကြောင့်အရေးကြီးလဲသိရဲ့လား။ အသံတိတ်လူသတ်သမားလို့ခေါ်ရလောက်အေ...
17/03/2023

❝ ဆစ်မီတဝေ့နဲ့အတူ ရင်ခုန်သံကို နားဆင်ပါ ❞

နှလုံးကျန်းမာရေးက ဘာကြောင့်အရေးကြီးလဲသိရဲ့လား။ အသံတိတ်လူသတ်သမားလို့ခေါ်ရလောက်အောင် အသက်အန္တရာယ်ရှိလွန်းတဲ့ ရောဂါမို့လို့ အချိန်မလွန်ခင် စောစောသိဖို့ အရမ်းအရေးကြီးပါတယ်။

ဘန်ကောက်မြို့ရဲ့ ဆစ်မီတဝေ့ဆေးရုံကြီးမှာ နှလုံးကျန်းမာရေးစစ်ဆေးဖို့ဆိုရင် ထိုင်းဘတ် ၄၅၀၀ ပဲကုန်ကျမှာမို့လို့ အသက် ၄၀ ကျော်ပြီး နှလုံးရောဂါမျိုးရိုးရှိသူ၊ ရောဂါလက္ခဏာပြနေလို့ စစ်ဆေးဖို့လိုအပ်နေသူတိုင်းအတွက် လုမ္ဗိနီက ဝန်ဆောင်မှုပေးနေပါပြီ။

ဆက်သွယ်ရန် ☎️ 09785336616

ရုံး - 🏢 အမှတ် ၇/၈၊ ဗဟိုစည်အိမ်ရာ၊ ဗိုလ်ချုပ်‌အောင်ဆန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့

Address

Yangon
11131

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959785336616

Website

Alerts

Be the first to know and let us send you an email when Lumbini Health Care Services Co.,Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Lumbini Health Care Services Co.,Ltd.:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram