စံပြ ဆေးကုခန်း

စံပြ ဆေးကုခန်း ကျန်းမာရေး အသိပညာများစွာ ရရှိနိုင်?

🛑မိမိခန္ဓာကိုယ်ကိုကြည့်ပြီးကိုယ်တွင်းရောဂါများအားခန့်မှန်းခြင်း 🛑🎈၁. မနက်စောစော အိပ်ယာမှ ထရင် ဘေးမစောင်းပဲ ပက်လက်အနေအထား...
25/06/2022

🛑မိမိခန္ဓာကိုယ်ကိုကြည့်ပြီး
ကိုယ်တွင်းရောဂါများအား
ခန့်မှန်းခြင်း 🛑

🎈၁. မနက်စောစော အိပ်ယာမှ ထရင် ဘေးမစောင်းပဲ ပက်လက်အနေအထားအတိုင်း ထကြည့်လိုက်လို့ မောမယ် မထနိုင်ဘူးဆိုရင်..
အဆုတ်
နှလုံး ရောဂါ
ရှိနိုင်သည်။

🎈၂. မနက်အိပ်ယာထတွင် ခြေလက်များ ထုံကျဉ် သလိုလို လေးလံသလိုလို ဖြစ်နေရင်..
ဆီးချိုရောဂါ
ကျောက်ကပ်ရောဂါ
ရှိနိုင်သည်။

🎈၃. မနက်အိပ်ယာထ ခေါင်းတွေအုံ မျက်စိတွေ ကြည့်မကောင်း အကြောတွေတက် ဖြစ်နေလျင်..
သွေးတိုးရောဂါ
နှလုံးသွေးကြောကျဉ်းရောဂါ
ရှိနိုင်သည်။

🎈၄. ပူပန်စရာ အထူးမရှိပဲ ညစဉ် အိပ်မပျော်သလို အိပ်ရေးမဝသလို ဖြစ်နေလျင်..
အစာအိမ် နှင့်
သည်းခြေအိတ် ရောဂါ
ရှိနိုင်သည်။

🎈၅. အမြဲ တခုခုအလိုမကျခြင်း ဒေါသအထွက် မြန်ခြင်း စိတ်တိုခြင်း ဝမ်းနည်းခြင်း ငိုချင်နေခြင်း တို့ဖြစ်နေလျင်..
စိတ်ကျရောဂါ
အသည်းအားနည်းရောဂါ
ရှိနိုင်သည်။

🎈၆. ရင်းသားအရွယ်အစားပုံမှန်ထက်ကြီးသော မိန်းခလေးများ..
ရင်သားကင်ဆာ
ဖြစ်နိုင်သည်။

🎈၇. လက်မောင်း ခြေသလုံး
ပုံမှန်ထက် တုတ်လွန်း ဝလွန်းသော
မိန်းခလေးများ..
သားအိမ်
အသည်း
သရက်ရွက်
ရောဂါရှိ နိုင်ပါသည်။

🎈၈. မျက်လုံးမို့အစ်ခြင်း မျက်နှာ အဆီပြန်လွန်းပါက
လိင်ပိုင်းဆိုင်ရာရောဂါနှင့်
အသည်းအဆီဖုံးရောဂါ
ရှိနိုင်ပါသည်။

🎈၉. ပုံမှန်လက်စွပ်များ ဝတ်မရ ၊
ချွတ်မရတော့သည်အထိ လက်ချောင်းပြည့်ဖောင်းလွန်းပါက..
ဂေါက်ရောဂါ ကဲ့သို့
အဆစ်မြစ်ရောင်ရောဂါ
ရှိ နိုင်ပါသည်။

🎈၁၀.သွားများ မျက်စိများ ဝါလာခြင်း လက်သည်း ခြေသည်းခွံများ ဝါလာပါက..
အသည်းရောင် အသားဝါ
B ပိုး C ပိုး
ရှိနိုင်ပါသည်။

🎈၁၁. မိန်းခလေးများ ဆီးကျဉ်ခြင်း မွေးလမ်းကြောင်း အနံ့အသက်မကောင်းခြင်း ရေအိတ် အလုံး တည်ခြင်းများ ဖြစ်နေပါက..
သားအိမ်ကင်ဆာ
ဖြစ်နိုင်ပါသည် ။

🎈၁၂.ယောက်ျားလေးများ ညဘက် ဆီးခဏခဏ သွားခြင်း ဆီးမထိမ်းနိုင် ဖြစ်ပါက..
ဆီးကျိတ်ကြီးခြင်း
ကျောက်ကပ် နှင့်
ဆီးကျိတ်ကင်ဆာ
ဖြစ်နိုင်သည်။

🎈၁၃.ထိုင်ရာမှ ထ ရာ၌ မူးခြင်းမိုက်ခြင်း ဖြစ်ပါက.
သွေးအားနည်းရောဂါ
အဆုတ်ရောဂါ
ရှိနိုင်ပါသည်။

🪴အသက်ကိုဥာဏ်စောင့်တာမို့
သတိနဲ့ယှဉ်၍ ရောဂါမဖြစ်ခင်
အချိန်မှီကာကွယ်နိုင်ကြပါစေ။❤️

In Sha Allah 2022 ရာသီတုပ်​ကွေးကာကွယ်​ဆေး Vaxigrip Tetra 2022 (Myanmar Register) စံပြ ဆေးကုခန်းတွင် လာ​ရောက် ထိုးနိုင်ပါ...
19/04/2022

In Sha Allah

2022 ရာသီတုပ်​ကွေးကာကွယ်​ဆေး Vaxigrip Tetra 2022 (Myanmar Register) စံပြ ဆေးကုခန်းတွင် လာ​ရောက် ထိုးနိုင်ပါသည်။

စျေးနှုန်း - 25000 mmk
☎ Contact - 09 442 442 606 , 09 7780 30307
🏥 အမှတ်(၂၄) G4 , ၁၃၆လမ်းနှင့် မအူကုန်းလမ်းထောင့်တိုက် , ၁၃၆လမ်း လမ်းတို အတွင်း , မအူကုန်းရပ်ကွက် , တာမွေ

ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမိုကောင်းမွန်သည်ဆိုသည်အတိုင်း မိုးရာသီ မရောက်မီ ရာသီတုပ်ကွေးရောဂါများ ကူးစက်ခြင်းမှကာကွယ်ရန် ကာကွယ်ဆေးကြိုတင်ထိုးနှံထားခြင်းကလည်း အကောင်းဆုံး နည်းလမ်းဖြစ်ပါသည်။

ရာသီတုပ်ကွေး ကာကွယ်ဆေးဖြစ်သောကြောင့် တစ်နှစ်တစ်ကြိမ်ထိုးရန်လိုအပ်ပြီး၊ ဆေးထိုးပြီး အကျိုးသက်ရောက်မှုရရှိရန်မှာ (၂)ပတ်မှ (၃) ပတ်အထိ ကြာတတ်ပါသည်။

Flu Vaccine ကို အသက် (၆)လ မှစတင်၍ထိုးနှံနိုင်ပြီး၊ အသက်(၉)နှစ်အောက် တစ်ခါမှမထိုးဖူးသော ကလေးများဖြစ်လျှင်တော့ ပထမ တစ်ကြိမ်တစ်လုံးထိုးပြီး နောက်(၄)ပတ်နေလျှင်တစ်ကြိမ်ထပ်မံထိုးနှံရပါမည်။

ကိုယ်ဝန်ဆောင်၊ နိုတိုက်မိခင်များလည်း ကာကွယ် ဆေးထိုးလို့ရပြီး ဆေးထိုးမည့် အချိန်တွင် ဖျားနာနေခြင်း (သိုမဟုတ်) ဆေးမတည့်ခြင်းများရှိပါက ဆေးမထိုးခင် ကြိုတင်ပြောပြထားသင့်ပါသည်။ ဖျားနာနေလျှင် အဖျားပျောက်သွားမှသာ ကာကွယ်ဆေးထိုးရပါမည်။

တုပ်ကွေးရာသီကို အများအားဖြင့် မိုးရာသီနှင့်ဆောင်းရာသီဟု သတ်မှတ်ကြသော်လည်း ရောဂါပြင်းပြင်းထန်ထန် ကူးစက်တတ်သော အချိန်မှာ တစ်နှစ်နှင့်တစ်နှစ် မတူညီတတ်ပါ။

ကာကွယ်ဆေးထိုးခြင်းသည် ရောဂါကူးစက်မှုနှင့် တုပ်ကွေးကြောင့်ဖြစ်တတ်သော ပြင်းထန်သည့် အခြေအနေများမှကာကွယ်ရန် ထိရောက်သည့် နည်းလမ်း ဖြစ်ပြီး၊ တုပ်ကွေးဗိုင်းရပ်စ်၏ နောက်ဆက်တွဲ အကျိုးဆက်များကိုလည်း လျှော့ချပေးနိုင်ပါသည်။



👨‍⚕️ရာသီတုပ်ကွေးကာကွယ်ဆေးများထိုးနှံလိုပါက အောက်ပါဖုန်းနံပတ်များသို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

☎ Contact - 09 442 442 606 , 09 7780 30307
🏥 အမှတ်(၂၄) G4 , ၁၃၆လမ်းနှင့် မအူကုန်းလမ်းထောင့်တိုက် , ၁၃၆လမ်း လမ်းတို အတွင်း , မအူကုန်းရပ်ကွက် , တာမွေ
ဒေါက်တာပိုင်စိုး
စံပြ ဆေးခန်း

အကြောက်လွန်ရောဂါ Phobia (70) မျိုးPhobia ဆိုတာကတော့ တစ်စုံတစ်ခုကိုအကြောက်လွန်တဲ့ရောဂါပါ။ သူများ အတွက်ပုံမှန်ဆိုပေမယ့်  က...
06/04/2022

အကြောက်လွန်ရောဂါ Phobia (70) မျိုး

Phobia ဆိုတာကတော့ တစ်စုံတစ်ခုကို
အကြောက်လွန်တဲ့ရောဂါပါ။ သူများ အတွက်
ပုံမှန်ဆိုပေမယ့် ကိုယ့်အတွက်ကတော့ သာမန်
ကြောက်တာထက်ပိုပြီးတော့ကို အလွန်အကြူး
ကြောက်တာမျိုး ဖြစ်နေတယ်ဆိုရင် ဒါဟာ
Phobia (အကြောက်လွန်ရောဂါ) ဖြစ်နေလို့ပါ။

လူတိုင်းမှာ အနည်းဆုံး Phobia တစ်ခုစီ ရှိကြပါတယ်။ ကိုယ့်မှာရှိနေတဲ့ Phobia ကို သိသေးတာနဲ့
မသိသေးတာပဲရှိပါတယ်။ ဒီနေ့တော့ အားလုံးဗဟုသုတ‌ရအောင် အဖြစ်များတဲ့ Phobia ‌တွေအကြောင်း စာရင်းပြုစုပေးထားပါတယ်။ ဒါဟာ အကုန်မဟုတ်ပါဘူး။ အဖြစ်များတာတွေကိုပဲ ထုတ်နုတ်ပေးထားတာပါ။ ကိုယ့်မှာ ရှိ၊ မရှိ ရှာကြည့်ပေးပါဦး။

1. Nyctophobia - အမှောင်ကြောက်တာ

2. Acrophobia - အမြင့်ကြောက်တာ

3. Claustrophobia - နေရာကျဉ်းကျဉ်းတွေကို ကြောက်တာ

4. Venustraphobia - အရမ်းလှတဲ့မိန်းမတွေကို ကြောက်တာ

5. Cacophobia - ရုပ်ဆိုးတဲ့လူတွေကို ကြောက်တာ

6. Obesophobia - ဝိတ်တက်မှာကြောက်တာ

7. Hydrophobia - ရေထဲဆင်းဖို့ ကြောက်တာ

8. Pyrophobia - မီးကြောက်တာ

9. Catoptrophobia - မှန်တွေကို ကြောက်တာ

10. Ataxophobia - ရှုပ်ပွနေတာကို ကြောက်တာ

11. Mysophobia - ညစ်ပတ်နေတာကို ကြောက်တာ

12. Noctiphobia - ညဘက်ရောက်သွားမှာ ကြောက်တာ

13. Heliophobia - နေရောင်ကိုကြောက်တာ

14. Coulrophobia - ဂျိုကာကို ကြောက်တာ

15. Ophidiophobia - မြွေကြောက်တာ

16. Arachnophobia - ပင့်ကူကြောက်တာ

17. Philophobia - ချစ်ရမှာကြောက်တာ

18. Gamophobia - လက်ထပ်ရမှာကြောက်တာ

19. Androphobia - ယောင်္ကျားတွေကို ကြောက်တာ

20. Gynophobia - မိန်းမတွေကို ကြောက်တာ

21. Tonitrophobia - မိုးကြိုးကြောက်တာ

22. Astraphobia - လျှပ်စီးနဲ့ မိုးချိန်းသံကိုကြောက်တာ

23. Lilapsophobia - မုန်တိုင်းကြောက်တာ

24. Ombrophobia - မိုးရွာတာကြောက်တာ

25. Scolionophobia - ကျောင်းကြောက်တာ

26. Bibliophobia - စာအုပ်ကြောက်တာ

27. Autophobia - တစ်ယောက်တည်းနေရမှာ ကြောက်တာ

28. Koinoniphobia - လူပြည့်လျံနေတဲ့အခန်းကို ကြောက်တာ

29. Agoraphobia - လူစည်ကားတဲ့နေရာတွေ ကြောက်တာ

30. Glossophobia - လူတွေနဲ့ စကားပြောရမှာ ကြောက်တာ

31. Dystychiphobia - မတော်တဆမှု‌တွေကို ကြောက်တာ

32. Nosocomephobia - ဆေးရုံကြောက်တာ

33. Hemophobia - သွေးတွေမြင်ရမှာကို ကြောက်တာ

34. Phonophobia - ကျယ်တဲ့အသံတွေကို ကြောက်တာ

35. Sedatephobia - တိတ်ဆိတ်မှုကို ကြောက်တာ

36. Trypophobia - အပေါက်သေးသေးလေးတွေကြောက်တာ

37. Trypanophobia - အပ်ထိုးသွင်းခံရမှာကို ကြောက်တာ

38. Bathmophobia - လှေကားကြောက်တာ

39. Microphobia - ပစ္စည်းသေးသေးတွေ ကြောက်တာ

40. Megalophobia - ကြီးမားတဲ့အရာတွေကို ကြောက်တာ

41. Amaxophobia - ကားစီးရမှာ ကြောက်တာ

42. Aerophobia - လေယာဉ်ပျံစီးရမှာ ကြောက်တာ

43. Tachophobia - မြန်တာကို ကြောက်တာ

44. Photophobia - စူးကနဲဖြစ်သွားတဲ့အလင်းကို ကြောက်တာ

45. Chronomentrophobia - နာရီကြောက်တာ

46. Somniphobia - အိပ်ဖို့ကြောက်တာ

47. Aichmophobia - ချွန်တဲ့အရာတွေကို ကြောက်တာ

48. Pathophobia - ရောဂါဖြစ်မှာကို ကြောက်တာ

49. Necrophobia - သေခြင်းကို ကြောက်တာ

50. Iatrophobia - ဆရာဝန်တွေကို ကြောက်တာ

51. Pedophobia - ကလေးကြောက်တာ

52. Zoophobia - တိရိစ္ဆာန်တွေကို ကြောက်တာ

53. Botanophobia - အပင်တွေကို ကြောက်တာ

54. Insectophobia - အင်းဆက်တွေကြောက်တာ

55. Equinophobia - မြင်းတွေကို ကြောက်တာ

56. Ornithophobia - ငှက်တွေကို ကြောက်တာ

57. Cynophobia - ခွေးကြောက်တာ

58. Elurophobia - ကြောင်ကြောက်တာ

59. Chromophobia - အရောင်တွေကိုကြောက်တာ

60. Leukophobia - အဖြူရောင်ကြောက်တာ

61. Melanophobia - အမည်းရောင်ကြောက်တာ

62. Algophobia - နာကျင်မှာ ကြောက်တာ

63. Atelophobia - မပြီးပြည့်စုံမှာကို ကြောက်တာ

64. Atychiphobia - ကျရှုံးမှာကို ကြောက်တာ

65. Genuphobia - ဒူးခေါင်းမြင်ရမှာ ကြောက်တာ

66. Pogonophobia - မုတ်ဆိတ်မွှေးတွေကို ကြောက်တာ

67. Phasmophobia - သရဲကြောက်တာ

68. Cyberphobia - ကွန်ပြူတာတွေကို ကြောက်တာ

69. Lockiophobia - ကလေးမွေးရမှာ ကြောက်တာ

70. Examinophobia - စာမေးပွဲကို ကြောက်တာ

တစ်ခုသတိထားရမှာက Phobia ဆိုတာဟာ
ပြုပြင်ယူဖို့ကိုခက်တဲ့ ကိုယ့်ခန္တာကိုယ်ရဲ့ Disorder တစ်မျိုးပါပဲ။ သာမာန်လေးကြောက်ရုံလောက်နဲ့တော့ Phobia လို့ မသတ်မှတ်နိုင်တာကိုလဲ သတိထားစေချင်တယ်။

ဒါကြောင့် သူများရဲ့ Phobia ကိုလဲ ဘယ်တော့မှ မလှောင်မိစေပါနဲ့။ ကိုယ့်အတွက် အဆင်ပြေတဲ့
ပုံမှန်အရာတစ်ခုဟာ တစ်ပါးသူမှာ အသည်းအသန် ကြောက်လန့်စရာ ဖြစ်နေတတ်တာကို လက်ခံပေးရပါမယ်။ လူတိုင်းမှာက Phobia တစ်ခုမဟုတ်
တစ်ခုက ရှိနေတတ်ပါတယ်ခင်ဗျာ။

| Ref : original

Crd:
03/04/2022

Crd:

⛔️ နိုင်ငံ တော်တော်များများမှာ Omicron ရဲ့ ဗီဇပြောင်းမျိုးကွဲဖြစ်တဲ့ BA 2 ရဲ့ ကူးစက်မှုနှုန်း မြင့်တက်လာပါပြီ ⛔️Omicron ...
18/03/2022

⛔️ နိုင်ငံ တော်တော်များများမှာ Omicron ရဲ့ ဗီဇပြောင်းမျိုးကွဲဖြစ်တဲ့ BA 2 ရဲ့ ကူးစက်မှုနှုန်း မြင့်တက်လာပါပြီ ⛔️

Omicron ထက်အဆပေါင်းများစွာ ကူးစက်လွယ်တဲ့ BA 2 Virus ကို ခံစားရပြီဆိုရင် ရောဂါလက္ခဏာ ပိုမိုပြင်းထန်နိုင်ပြီး Delta ကဲ့သို အဆုတ်လေပြွန်ကို တိုက်ရိုက်သက်ရောက်တာဖြစ်လို့ ယောင်ရမ်းပျက်စီးစေနိုင်ပါတယ်။

အခုလက်ရှိမှာဆိုရင် ဟောင်ကောင် နဲ့ ထိုင်ဝမ်မှာ အပြင်းအထန်ဖြစ်ပေါ်နေပြီး အနောက်နိုင်ငံတော်တော်များများကိုလည်း ကူးစက်ပျံ့နှံနေပြီဖြစ်ပါတယ်။
အရင်ရက်သတ္တပတ်တုန်းကဆိုရင် နိုင်ငံပေါင်း ၁၀ နိုင်ငံမှာ ကူးစက်မှုနှုန်း ၂၁ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲအစည်း (W. H. O) ရဲ့ ထုတ်ပြန်ချက်အရ အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် နဲ့ နီပေါတိုမှာလည်း စ,တင်ဖြစ်ပေါ်နေပြီဆိုတာ သိထားရပါတယ်

ဒါပေမယ့် Omicron BA 2 မှာဆိုရင် အရင်က Covid တိုလို စမ်းသပ်လို့ မရနိုင်ဘဲ ရောဂါလက္ခဏာတွေပြသမှသာ သိရှိနိုင်တာဖြစ်လို့ သတိထားကာကွယ်စေချင်ပါတယ်။

🚫 ဗဇပြောင်းမျိုးကွဲ BA 2 က ပုံမှန်ထက်လည်း အကူးမြန်သလို ခန္ဓာကိုယ်ထဲမှာ Syncytia ပိုးတွေ မျိုးပွားနိုင်တာဖြစ်လို့ ကူးစက်ခံရတာနဲ့အမျှ အဆုတ်ကို ထိခိုက်လာနိုင်ပြီး လေပြွန်ပျက်စီးခြင်းနဲ့ သွေးကြောမျှင်ပိတ်ဆိုခြင်း စတာတွေ ဖြစ်စေလာနိုင်ပါတယ်။

ဒီကပ်ရောဂါဆိုးကြီးနဲ့ ပတ်သက်ပြီး လူတိုင်းသိချင်နေကြတဲ့ အချက် (၂) ချက်ရှိပါသေးတယ်။

✅ BA 2 ရဲ့ ဖြစ်ပွားမှုနှုန်းက Omicron ထက် အရှိန်မြင့်နိုင်လား?
✅ အရင် Covid တုန်းကကဲ့သို ရောဂါပြင်းထန်သူတွေကို ဆေးရုံမှာထားရမလား? ဆိုတဲ့မေးခွန်းတွေပါ။

ဒါပေမယ့် ဒီမေးခွန်းနဲ့ပတ်သက်ပြီး ဆေးပညာရှင်တွေမှာ တိကျတဲ့အဖြေ မရှိသေးပါဘူး ❎

📌 ဒန်းမတ်သိပ္ပံပညာရှင်တစ်ယောက်ရဲ့ အဆိုအရဆိုရင် ဒီ BA 2 ရောဂါပိုးဟာ ယခင် Omicron ဖြစ်ဖူးတဲ့သူတွေဆီကိုလည်း ပြန်လည်ကူးစက်နိုင်ပြီး ပိုမိုပြင်းထန်ကြောင်း အတည်ပြုပြောဆိုခဲ့ပါတယ်။

📌 BA 2 ရဲ့ ကူးစက်နိုင်စွမ်းက အရင်က Covid Shield ကို အကြိမ်ရေအပြည့်ထိုးထားတဲ့သူတွေအပါအဝင် Covid ဖြစ်ဖူးတဲ့သူတွေကိုပါ ပြန်လည်ကူးစက်နိုင်ပါတယ်။ အကယ်၍ ဒီလိုလက္ခဏာလေးတွေပြရင် သတိထားနေထိုင်ဖို့ ဆေးပညာရှင်တွေက သတိပေးထားပါတယ်။

⚠️ ပြီးခဲ့တဲ့ တစ်ပတ် နှစ်ပတ်အတွင်းမှာ လည်ချောင်းနာပြီး နှာစေးခြင်းဖြစ်ခဲ့ပြီး ဒီရက်ပိုင်းမှာ အရင် Covid ဖြစ်ခါနီးတုန်းကလို လက္ခဏာတွေ ပြန်ပြလာရင် သတိထားနေထိုင်ဖို့လိုအပ်ပါတယ်။

🚫 ဥပမာ အနံ့ပျောက်ခြင်း ၊ လည်းချောင်းနာခြင်း ၊ ကိုက်ခဲခြင်း

ဒါ့ကြောင့် Test Kit စစ်ဆေးလို့ မရတာဖြစ်လို့ Positive ဖြစ်မှန်းမသိနိုင်လို အရင် Covid ကလိုမျိုး လက္ခဏာတွေ ပြန်လည်ပြသလာပြီဆိုရင် သတိရှိထားကြဖို့ လိုအပ်ပါတယ်နော်။

Ref: CNBC Website
Link: https://tinyurl.com/cuhm83u8
Credit to responsible author


စံပြ ဆေးကုခန်း ( ၁၃၆လမ်းတို ) ကိုလမြတ်ရမ်ဇာန်ဥပုသ်လအတွင်း ( 14 April 2021 မှ 14 May 2021 ထိ )မနက်ပိုင်း ၁၀ နာရီ မှ နေ့လည...
13/04/2021

စံပြ ဆေးကုခန်း ( ၁၃၆လမ်းတို ) ကို

လမြတ်ရမ်ဇာန်ဥပုသ်လအတွင်း
( 14 April 2021 မှ 14 May 2021 ထိ )

မနက်ပိုင်း ၁၀ နာရီ မှ နေ့လည် ၁၂ နာရီ ထိ
ညနေပိုင်း ၄ နာရီ မှ ညနေ ၆ နာရီ ထိ

ပိတ်ရက်မရှိ ပြောင်းလဲ ဖွင့်လှစ်ပါမည်။

- မိမိကျန်းမာရေးနဲ့ ပတ်သတ်လို့ တိုင်ပင်ချင်တာပဲဖြစ်ဖြစ် - Circumcision (အမျိုးသား လိင်အဂ်ါအရေပြားဖြတ်ခြင်း- ခသ်နာ) လုပ်ဖ...
21/01/2021

- မိမိကျန်းမာရေးနဲ့ ပတ်သတ်လို့ တိုင်ပင်ချင်တာပဲဖြစ်ဖြစ်

- Circumcision (အမျိုးသား လိင်အဂ်ါအရေပြားဖြတ်ခြင်း- ခသ်နာ) လုပ်ဖို့အတွက် တိုင်ပင်ချင်တာပဲဖြစ်ဖြစ်

- ကျန်းမာရေး Medical Check Up အတွက်ပဲဖြစ်ဖြစ် လာရောက် ဆွေးနွေးလို့ ရပါတယ် 😊

နားပေါက် နဲ့ နှာခေါင်းပေါက်လည်း ဖောက်ပေးပါတယ်။

မနက် ဆေးခန်း ဖွင့်ချိန် ... 10:00 am to 12:00 noon
ညနေ ဆေးခန်း ဖွင့်ချိန် ... 5:30 pm to 9:00 pm

Sunday မနက်ပိုင်း ဆေးခန်းပိတ်ပါသည်။

Detail သိလိုပါက ph - 09 442 442 606 သို့ ဖုန်းဆက် မေးမြန်းနိုင်ပါတယ်။

Address

136th Street
Yangon
11211

Opening Hours

Monday 10:00 - 12:00
17:30 - 21:00
Tuesday 10:00 - 12:00
17:30 - 21:00
Wednesday 10:00 - 12:00
17:30 - 21:00
Thursday 10:00 - 12:00
17:30 - 21:00
Friday 10:00 - 12:00
17:30 - 21:00
Saturday 10:00 - 12:00
17:30 - 21:00
Sunday 10:00 - 12:00
17:30 - 21:00

Telephone

+959778030307

Website

Alerts

Be the first to know and let us send you an email when စံပြ ဆေးကုခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to စံပြ ဆေးကုခန်း:

Share