Heart-Q Myanmar

Heart-Q Myanmar Nutritional Supplement for Heart
(4)

ဒီနေ့ ဒီဇင်ဘာလ (၂၅) ရက်နေ့မှာ ကျရောက်တဲ့ မင်္ဂလာရှိတဲ့ ခရစ္စမတ်အခါသမယမှာ လူကြီးမင်းတို့ မိသားစုတွေအားလုံး စိတ်အေးချမ်းသာ...
25/12/2025

ဒီနေ့ ဒီဇင်ဘာလ (၂၅) ရက်နေ့မှာ ကျရောက်တဲ့ မင်္ဂလာရှိတဲ့ ခရစ္စမတ်အခါသမယမှာ လူကြီးမင်းတို့ မိသားစုတွေအားလုံး စိတ်အေးချမ်းသာယာ ရှိကြပါစေလို့ Heart-Q Myanmar မိသားစုကနေ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ❄️✨

🥖🍞နှလုံးကျန်းမာစေမယ့် စားသောက်မှုပုံစံ🥛🐟🫀နှလုံးဆိုတာ ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ အလွန်အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု...
17/12/2025

🥖🍞နှလုံးကျန်းမာစေမယ့် စားသောက်မှုပုံစံ🥛🐟

🫀နှလုံးဆိုတာ ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ အလွန်အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ ဒါ့အပြင် လုပ်ငန်းပေါင်း (၅၀၀) ကိုလည်းဆောင်ရွက်ပေးတာမို့ မရှိမဖြစ်လိုအပ်ပါတယ်။ နှလုံးကျန်းမာစေမယ့် စားသောက်မှုပုံစံဆိုတာ ဟင်းသီးဟင်းရွက်၊ သစ်သီး၊ နှံစားသီးနှံ (Whole Grains)၊ အဆီများသော ငါး၊ ပဲအမျိုးမျိုးနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေကို အဓိကထားပြီး စားသုံးတဲ့ နည်းလမ်းကို ဆိုလိုပါတယ်။

နေ့စဉ် စားသောက်မှုကို အောက်ပါအတိုင်း လိုက်နာခြင်းဖြင့် ကျန်းမာတဲ့ နေထိုင်မှုပုံစံကို ရရှိစေမှာဖြစ်ပါတယ်။
🌟ကျန်းမာသော အဆီများ
သံလွင်ဆီ၊ ထောပတ်သီးဆီ စတဲ့အဆီတွေမှာ နှလုံးအတွက် အထူးကောင်းမွန်တဲ့ Monounsaturated Fats နှင့် Omega-3 Fatty Acids များပါဝင်တဲ့အပြင် ပရိုတင်းဓာတ် ကိုပါ တစ်ပါတည်း ရရှိစေပါတယ်။

🌟နို့ထွက်ပစ္စည်းများ
အဆီထုတ်ထားတဲ့ (Low-Fat သို့မဟုတ် Skim) နို့နဲ့ အခြားနို့ထွက်ပစ္စည်းတွေကို စားသောက်ခြင်းဖြင့် သွေးတွင်း ကိုလက်စထရောဆိုး (LDL) မြင့်တက်ခြင်းမှ ကာကွယ်ပေးခြင်းကြောင့် နှလုံးအတွက် ဘေးကင်းစေပါတယ်။ ဒါ့အပြင် လိုအပ်တဲ့ ကယ်လ်ဆီယမ်ကို ရရှိစေတာမို့ အရိုးကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။

🌟နှံစားသီးနှံများ (Whole Grains)
အုတ်ဂျုံ (Oats)၊ ဆန်လုံးညို နှင့် ဂျုံကြမ်းပေါင်မုန့် (Whole Wheat Bread) စတာတွေက အမျှင်ဓာတ်များစွာပါဝင်တဲ့အတွက် သွေးတွင်း ကိုလက်စထရော (Cholesterol) ကို ထိန်းညှိပေးပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါများ မဖြစ်အောင် ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။

🌟ပင်လယ်ငါးများ
ဆယ်လ်မွန် (Salmon)၊ မက်ကာရယ် (Mackerel)၊ ဆာဒင်း (Sardines)၊ တူနာ (Tuna)၊ ထရောက်ငါး (Trout) စတဲ့ ငါးတွေမှာ Omega-3 Fatty Acids ကြွယ်ဝစွာ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်အတွင်းရှိ ရောင်ရမ်းမှုများကို သက်သာစေပြီး နှလုံးကို ကျန်းမာစေသောကြောင့် တစ်ပတ်လျှင် နှစ်ကြိမ်မှ သုံးကြိမ် ခန့် ပုံမှန် စားသုံးပေးသင့်ပါတယ်။

အထက်မှာဖော်ပြထားတဲ့ အစားအစာတွေအပြင် အရက်၊ ပြုပြင်ထားတဲ့ ဆီသွပ်ဘူးများ၊ အသင့်စား အစားအစာများ၊ ချိုလွန်း ငန်လွန်းတဲ့ အစားအစာများ စတာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ထိုအရာတွေကို မကြာခဏ စားသောက်မိပါက သွေးတိုးရောဂါကိုဖြစ်စေလာနိုင်တဲ့အပြင် ခန္ဓာကိုယ်အလေးချိန်ကိုလည်းတိုးစေကာ နှလုံးကျန်မာရေးကို ထိခိုက်စေပါတယ်⚠
#နှလုံးသား #နှလုံး #နွားနို့ #ပေါင်မုန့် #ဂျုံ

🦷 သွားဖုံးရောင်ခြင်း (Gum Disease) က နှလုံးကို ဘယ်လို အန္တရာယ်ပေးသလဲ? သွားဖုံးရောင်ခြင်း သို့မဟုတ် သွားဖုံးပိုးဝင်ခြင်း ...
16/12/2025

🦷 သွားဖုံးရောင်ခြင်း (Gum Disease) က နှလုံးကို ဘယ်လို အန္တရာယ်ပေးသလဲ?

သွားဖုံးရောင်ခြင်း သို့မဟုတ် သွားဖုံးပိုးဝင်ခြင်း (Periodontal Disease) နဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါများ (Cardiovascular Disease) ဟာ မမျှော်လင့်ဘဲ ဆက်စပ်မှု ရှိနေပါတယ်။ သွားဖုံး ရောဂါဟာ ပါးစပ်ကျန်းမာရေးတင်မကဘဲ တစ်ကိုယ်လုံးရဲ့ ရောင်ရမ်းမှုစနစ်ကို လှုံ့ဆော်ပေးတာကြောင့် နှလုံးကို သွယ်ဝိုက်ပြီး အန္တရာယ်ပေးနိုင်ပါတယ်။

နှလုံးကို ဝန်ပိစေခြင်း🫀
သွားဖုံးမှာရှိတဲ့ ရောင်ရမ်းမှုတွေဟာ သွေးကြောထဲ ရောက်ရှိပြီး တစ်ကိုယ်လုံးကို ပျံ့နှံ့နိုင်တယ်။ ဒီ ရောင်ရမ်းမှုက နှလုံးသွေးကြော နံရံတွေကို ထိခိုက်စေပြီး သွေးကြောတွေ တောင့်တင်းမှုကို ဖြစ်ပေါ်စေတယ်။
ဘက်တီးရီးယားများ ကူးစက်နိုင်ခြင်း🦠
သွားဖုံးရောဂါကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေဟာ သွားဖုံးကနေတစ်ဆင့် သွေးကြောထဲ ဝင်ရောက်ပြီး နှလုံးအထိ ကူးစက်နိုင်ပါတယ်။

ကိုလက်စထရော စုပုံမှု တိုးလာခြင်း🤧
သွားဖုံးကနေ ထွက်လာတဲ့ ရောင်ရမ်းမှု ပရိုတင်းတွေ (C-Reactive Protein - CRP) ဟာ သွေးကြောနံရံတွေမှာ အဆီစုပုံခြင်း (Plaque) ကို ပိုမိုဖြစ်စေတယ်။ Plaque များလာတာနဲ့အမျှ သွေးကြောတွေ ကျဉ်းလာပြီး နှလုံးတိုက်ခိုက်ခံရခြင်း (Heart Attack) နှင့် လေဖြတ်ခြင်း (Stroke) ဖြစ်နိုင်ခြေကို တိုးစေပါတယ်။

• သွားဖုံးရောဂါဟာ နှလုံးရဲ့ အချို့သော အစိတ်အပိုင်းတွေကို တိုက်ရိုက်ထိခိုက်နိုင်ပါတယ်။
• သွားဖုံးပိုးတွေ သွေးကြောထဲ ဝင်ရောက်ပြီး နှလုံးရဲ့ အကာအကွယ် အတွင်းသား (Endocardium) ကို ကူးစက်ရောင်ရမ်းစေနိုင်တယ်။ ဒါက အသက်အန္တရာယ်ရှိတဲ့ ပြင်းထန်တဲ့ အခြေအနေတစ်ခု ဖြစ်တယ်။ အထူးသဖြင့် နှလုံးအဆို့ရှင် ပြဿနာရှိသူတွေ အတွက် ဒီအန္တရာယ် ပိုများတယ်။

⚠️အဲဒါကြောင့် နှလုံးကျန်းမာရေးကို ထိန်းသိမ်းဖို့အတွက် ပါးစပ်နဲ့ သွားကျန်းမာရေးကိုလည်း ဂရုစိုက်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ တစ်နေ့ကို အနည်းဆုံးနှစ်ကြိမ်သွားတိုက်၊ ထမင်းစားပြီးတိုင်း သွားတိုက် (သို့) ပါးလုတ်ကျင်းတာ၊ စားကြွင်းစားကျန်တွေ သွားကြားမညက်စေဖို့ သွားပွတ်ကြိုး (floss) သုံးတာ စတဲ့ အလေ့အကျင့်ကောင်းတွေကို နေ့စဉ်လိုက်နာသင့်ပါတယ်။ ဒါ့အပြင် တစ်နှစ်လမှာ နှစ်ကြိမ် သွားဆရာဝန်နဲ့ ပုံမှန်ပြသပြီး သွားကျောက်နဲ့ သွားဖုံးကျန်းမာရေး စစ်ဆေးခြင်းဖြင့်လည်း သွားကျန်းမာရေးကောင်းမွန်အောင် ထိန်းသိမ်းသင့်ပါတယ်🥰🫶
#နှလုံးသား #သွားဖုံးရောင်ခြင်း

နှလုံးဆိုတာ.. 🫀ကျွန်တော်တို့ရင်ဘတ်ဘယ်ဘက်ခြမ်းမှာရှိတဲ့ လက်သီးဆုပ်အရွယ် နှလုံး ဟာ သက်ရှိတွေ ရှင်သန်ဖို့အတွက် မရပ်မနား အလု...
10/12/2025

နှလုံးဆိုတာ..

🫀ကျွန်တော်တို့ရင်ဘတ်ဘယ်ဘက်ခြမ်းမှာရှိတဲ့ လက်သီးဆုပ်အရွယ် နှလုံး ဟာ သက်ရှိတွေ ရှင်သန်ဖို့အတွက် မရပ်မနား အလုပ်လုပ်ပေးနေတဲ့ ကြွက်သားအင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ နှလုံးဟာ စည်းချက်မှန်မှန် ခုန်နေခြင်းဖြင့် ခန္ဓာကိုယ်အနှံ့ကို သွေးများ၊ အောက်ဆီဂျင်များနှင့် အာဟာရဓာတ်များ ရောက်ရှိအောင် ပို့ဆောင်ပေးပြီး ခန္ဓာကိုယ်ကို ကျန်းမာစေပါတယ်။

နှလုံးကို ကြွက်သားနံရံတစ်ခုဖြင့် ဘယ်ဘက်ခြမ်းနှင့် ညာဘက်ခြမ်း ဆိုပြီးခြားထားပြီး၊ တစ်ဘက်စီတွင် သွေးလွှတ်ခန်းနဲ့ သွေးပြန်ခန်း ဆိုပြီး အခန်း (၄) ခန်းနဲ့ ဖွဲ့စည်းထားပါတယ်။
• နှလုံးရဲ့ ညာဘက်ခြမ်းဟာ ခန္ဓာကိုယ်ရဲ့ အင်္ဂါအစိတ်အပိုင်းများမှ သုံးစွဲပြီး ပြန်လည်စီးဆင်းလာတဲ့ အောက်ဆီဂျင် ပမာဏ နည်းပါးတဲ့သွေးများ ကို စုဆောင်းထားပါတယ်။ ဒါ့အပြင်သွေးများကို အဆုတ် ဆီသို့ ညှစ်ထုတ် ပို့ဆောင်ပေးပြီး ဒီလုပ်ငန်းက အဆုတ်မှာ အောက်ဆီဂျင်တွေ ပြန်လည်ဖြည့်တင်းကာ သွေးကို သန့်စင်ဖို့ စတင်ပြင်ဆင်ပေးပါတယ်။
• နှလုံးရဲ့ ဘယ်ဘက်ခြမ်းဟာ အဆုတ်မှ သန့်စင်ပြီးသား အောက်ဆီဂျင် ပြည့်ဝတဲ့ သွေးတွေကို လက်ခံရယူပြီး ညာဘက်ခြမ်းထက် ပိုထူတဲ့ ကြွက်သားနံရံ ကို အသုံးပြုပြီး အားကောင်းတဲ့ ဖိအားဖြင့် သွေးများကို ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးဆီသို့ ပြန်လည် ပို့ဆောင်ပေးပါတယ်။ ဒါ့အပြင် နှလုံးရဲ့ ဘယ်ဘက်ခြမ်းဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အောက်ဆီဂျင်ကို ထောက်ပံ့ပေးတဲ့ အဓိက စုပ်စက် (Main Pump) အဖြစ် လုပ်ဆောင်ပေးပါတယ်။

လူတစ်ဦးရဲ့ ရှင်သန်မှုနဲ့ နှလုံးကျန်းမာရေးကို တိုင်းတာရာမှာအဓိက အရေးပါတဲ့ လက္ခဏာ (၂) မျိုး ရှိပါတယ်။

✨နှလုံးခုန်နှုန်း (Pulse Rate)
နှလုံးက သွေးကို စုပ်ထုတ်နေခြင်းရှိ၊ မရှိကို ပြသပြီး လူကြီးတစ်ဦးအတွက် ပုံမှန်အားဖြင့် တစ်မိနစ်လျှင် ၆၀ မှ ၁၀၀ ကြား ရှိသင့်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အနှံ့ သွေးလည်ပတ်အောင် စည်းချက်မှန်မှန် လုပ်ဆောင်နေကြောင်း အတည်ပြုပေးပါတယ်။
✨သွေးပေါင်ချိန် (BP)
နှလုံးက သွေးညှစ်ထုတ်လိုက်တဲ့ ဖိအားဖြစ်ပြီး ၁၂၀/၈၀ mmHg ဝန်းကျင်မှာ တည်ငြိမ်နေမှသာ အင်္ဂါအစိတ်အပိုင်းများသို့ သွေးလည်ပတ်မှု ကောင်းမွန်စေပါတယ်။ သွေးပေါင်ချိန် တည်ငြိမ်နေမှသာ ဦးနှောက်နဲ့ တခြား အရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါတွေဆီကို လိုအပ်တဲ့ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ ကောင်းစွာ ရောက်ရှိပြီး သွေးလည်ပတ်မှု မှန်ကန်နိုင်မှာဖြစ်ပါတယ်။

❤️လက်သီးလောက်ပဲရှိသလိုပဲ မြင်ရပေမယ့်၊ သင့်နှလုံးကတော့ ရှင်သန်မှုကို ဆက်လက်ထိန်းသိမ်းပေးနေတဲ့ အဓိက “စုပ်စက်” ဖြစ်နေပါတယ်။ ညာဘက်ခြမ်းက အသန်မောသွေးကို အဆုတ်ဆီပို့ပြီး သန့်စင်သလို၊ ဘယ်ဘက်ခြမ်းက အောက်ဆီဂျင်ပြည့်ဝသွေးကို ခန္ဓာကိုယ်အနှံ့ အင်္ဂါအစိတ်အပိုင်းတိုင်းဆီ ထပ်မံပို့ဆောင်ပေးနေတာကြောင့်၊ နှလုံးကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့က အရမ်း အရေးကြီးပါတယ်။

နေ့စဉ်အလုပ်ပင်ပန်းမှု၊ မလုံလောက်တဲ့အနားယူမှု၊ သောက်စားအလေ့အထတွေနဲ့ ပေါင်းစပ်လာရင် နှလုံးကြွက်သားတွေ အလွန်အမင်းပင်ပန်းနွမ်းနယ်နိုင်ပါတယ်။ ဒါကြောင့် နှလုံးကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ L-Carnitine, Coenzyme Q10, EPA, DHA စတဲ့ ပစ္စည်းတွေပါဝင်တဲ့ Heart-Q နှလုံးဖြည့်စွက်စာကို ပုံမှန်သုံးစွဲခြင်းက မိမိရဲ့ နှလုံးကျန်းမာရေးအတွက် စိုးရိမ်စရာမလိုတော့ပါဘူး👩‍⚕️🤗🩺
#နှလုံးသား #နှလုံးကျန်းမာရေး

👨‍👩‍👧‍👧ခေတ်မီလူနေမှုဘဝမှာ အလုပ်တာဝန်တွေ များပြားလာတာနဲ့အမျှ စိတ်ဖိစီးမှုတွေဟာလည်း နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလို ဖြစ်လ...
09/12/2025

👨‍👩‍👧‍👧ခေတ်မီလူနေမှုဘဝမှာ အလုပ်တာဝန်တွေ များပြားလာတာနဲ့အမျှ စိတ်ဖိစီးမှုတွေဟာလည်း နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလို ဖြစ်လာပါတယ်။ အလုပ်ပင်ပန်းခြင်း (Job Burnout)၊ အလုပ်တာဝန် ဖိစီးမှု (High Job Strain) တွေဟာ နှလုံးကျန်းမာရေးကို တိုက်ရိုက်ထိခိုက်စေနိုင်တဲ့ အရေးကြီးအချက်တွေပဲ ဖြစ်ပါတယ်။
ဒီဆက်နွယ်မှုဟာ ရိုးရှင်းတဲ့ စိတ်ဖိစီးမှုသက်သက်သာမကဘဲ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ် (Physiological Processes) တွေအပေါ် သက်ရောက်မှုရှိပါတယ်။

အလုပ် ဖိအားများလာတဲ့အခါ ခန္ဓာကိုယ်က ကော်တီဆော (Cortisol) နှင့် အက်ဒရီနယ်လင် (Adrenaline) လိုမျိုး စိတ်ဖိစီးမှု ဟော်မုန်းတွေကို အလွန်အကျွံ ထုတ်လုပ်ပါတယ်။
⚠️သွေးပေါင်ချိန် တိုးစေခြင်း
ဒီဟော်မုန်းတွေဟာ နှလုံးခုန်နှုန်းကို မြန်စေပြီး သွေးကြောတွေကို ကျဉ်းစေတာကြောင့် သွေးတိုးရောဂါ (Hypertension) ကို ဖြစ်ပေါ်စေကာ နှလုံးကို ဖိအားပေးပါတယ်။
⚠️ရောင်ရမ်းမှု မြင့်တက်ခြင်း
ရေရှည် စိတ်ဖိစီးမှုက ခန္ဓာကိုယ်အတွင်း နာတာရှည် ရောင်ရမ်းမှု ကို ဖြစ်စေပြီး သွေးကြောနံရံတွေ ပျက်စီးကာ အဆီစုတာ (Atherosclerosis) ကို အားပေးပါတယ်။ ဒါက နှလုံးသွေးကြောကျဉ်းရောဂါ (Coronary Artery Disease) ကို ဖြစ်စေနိုင်ပါတယ်။

အလုပ်ကြောင့် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေချိန်မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အကျင့်တွေကို လျစ်လျူရှုမိတတ်ပါတယ်။
🛑အိပ်ချိန်မလုံလောက်ခြင်း
အိပ်ချိန်မလုံလောက်တာကြောင့် နှလုံးခုန်နှုန်း ပုံမှန်မဟုတ်ခြင်း (Arrhythmia)၊ သွေးတိုးခြင်း
နဲ့ နှလုံးရောဂါ ဖြစ်နိုင်ချေ မြင့်တက်လာခြင်း ကို ဖြစ်စေနိုင်ပါတယ်။
🛑လေ့ကျင့်ခန်း မလုပ်ဖြစ်ခြင်း
လေ့ကျင့်ခန်း မလုပ်ဖြစ်တာကြောင့်သွေးလည်ပတ်မှု မကောင်းလာခြင်း နဲ့ ကိုယ်အလေးချိန်ကို ထိန်းချုပ်ရ ခက်ခဲလာခြင်း စတဲ့ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
🛑ဆေးလိပ်သောက်ခြင်း (သို့) အရက်သောက်ခြင်း
ဆေးလိပ်သောက်ခြင်း သို့မဟုတ် အရက်ကို စိတ်ဖိစီးမှု ဖြေလျှော့ရာအဖြစ် အားကိုးကြတာကြောင့်
သွေးကြောနံရံများ ပျက်စီးလာခြင်းနဲ့ နှလုံးသွေးကြောဆိုင်ရာ အန္တရာယ်များ မြင့်မားလာခြင်း ကို ဖြစ်စေနိုင်ပါတယ်။

✨နိုင်ငံတကာ လေ့လာမှုများအရ အလုပ်ဖိအားများခြင်းနှင့် နှလုံးရောဂါ ဆက်နွယ်မှုကို အခိုင်အမာ တွေ့ရှိထားပါတယ်။
• အလုပ်ကြောင့် နာတာရှည် ပင်ပန်းနွမ်းနယ်ခြင်း (Burnout) ခံစားရသူများဟာ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေ နှစ်ဆ အထိ မြင့်တက်နိုင်ကြောင်း သုတေသနများက ဖော်ပြထားပါတယ်။
• အလုပ်မှာ တောင်းဆိုမှုများလွန်းပြီး ထိန်းချုပ်ခွင့်မရှိသောသူများ (High Demand, Low Control) ဟာ အခြားသူများထက် နှလုံးရောဂါ ဖြစ်နိုင်ခြေ ပိုများကြောင်း တွေ့ရှိရပါတယ်။

ခေတ်သစ်လူနေမှုဘဝမှာ အလုပ်ဖိစီးမှုနှင့် ပင်ပန်းနွမ်းနယ်မှု (Burnout) ဟာ ရိုးရှင်းတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုတည်း မဟုတ်ဘဲ၊ ကော်တီဆော လို ဟော်မုန်းတွေကြောင့် သွေးတိုးခြင်း၊ ရောင်ရမ်းမှုနှင့် သွေးကြောပိတ်ခြင်း စတဲ့ ပြင်းထန်တဲ့ နှလုံးရောဂါများကို ဖြစ်ပေါ်စေနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ အန္တရာယ် တစ်ခုဖြစ်ကြောင်း အခိုင်အမာ တွေ့ရှိရပါတယ်။ အိပ်ရေးပျက်ခြင်း၊ လေ့ကျင့်ခန်းမလုပ်ခြင်းနဲ့ ဆေးလိပ်၊ အရက် အလွန်အကျွံ သုံးစွဲခြင်းတို့က နှလုံးကို ဖိအားထပ်မံပေးပါတယ်🫀❗️
ဒါကြောင့် နှလုံးကျန်းမာရေးကို ကာကွယ်ဖို့အတွက် အလုပ်နှင့် ဘဝ ဟန်ချက်ညီအောင် ထိန်းညှိခြင်း၊ အိပ်ရေးဝဝ အိပ်ခြင်း နှင့် ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း တို့ကို စနစ်တကျ ပြုလုပ်ဖို့ အရေးကြီးပါတယ်..
#အလုပ်ပင်ပန်းခြင်း

❤️ နှလုံးမကြီးအောင် ဘယ်လို ကာကွယ်ကြမလဲ?🫀နှလုံးကြီးခြင်း (    ဆိုတာ ရောဂါတစ်ခုတည်းမဟုတ်ဘဲ၊ နှလုံးကြွက်သားများ ထူလာခြင်း သ...
05/12/2025

❤️ နှလုံးမကြီးအောင် ဘယ်လို ကာကွယ်ကြမလဲ?

🫀နှလုံးကြီးခြင်း ( ဆိုတာ ရောဂါတစ်ခုတည်းမဟုတ်ဘဲ၊ နှလုံးကြွက်သားများ ထူလာခြင်း သို့မဟုတ် အခန်းများ ကျယ်လာခြင်းကို ဆိုလိုပြီး အကြောင်းရင်းခံ ရောဂါများကြောင့် ဖြစ်တတ်ပါတယ်။ နောက်ပိုင်းမှာ အသက်အန္တရာယ်ကို ထိခိုက်နိုင်တာမို့ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန် အရေးကြီးပါတယ်။

🩺 ဘာတွေက နှလုံးကြီးစေတာလဲ?
နှလုံးကို ဝန်ပိစေသော အခြေအနတွေကြောင့် နှလုံးကြီးလာရခြင်း ဖြစ်ပြီး အဓိက အကြောင်းရင်းတွေကတော့
• အဝလွန်ခြင်း
• အသက်အရွယ် ကြီးရင့်ခြင်း
• မျိုးရိုးလိုက်ခြင်း
• ဆေးလိပ်သောက်ခြင်း
• အရက် အလွန်အကျွံ သောက်ခြင်း
• နှလုံးသွေးကြောဆိုင်ရာ ရောဂါများ
• ဆီးချို၊ ကျောက်ကပ်ရောဂါစတဲ့ နာတာရှည်တွေကြောင့် ဖြစ်လေ့ရှိပါတယ်။

⚠️ နှလုံးကြီးနေပြီဆိုရင် ဘယ်လို လက္ခဏာတွေ ခံစားရမလဲ🤔?
• ခြေထောက် (သို့) ခန္ဓာကိုယ် ရောင်ရမ်းတာ
• အားအင်ကုန်ခမ်းပြီး ငြီးစီစီ ဖြစ်နေတာ
• ရင်ဘတ်အောင့်တာ (သို့) မောပန်းလွယ်တာ
• ရင်တလှပ်လှပ်ခုန်တာ စတာတွေပဲဖြစ်ပါတယ်။

နှလုံးမကြီးအောင် ထိထိရောက်ရောက် ကာကွယ်ခြင်းဆိုသည်မှာ အခြားမရှိဘဲ ၎င်း၏ အဓိက အကြောင်းခံရောဂါများ (ဥပမာ- သွေးတိုး၊ ဆီးချို၊ ကိုလက်စထရော) ကို စနစ်တကျ၊ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ခြင်းကိုသာ ဆိုလိုပါတယ်။
နှလုံးကြီးခြင်း (Cardiomegaly) ကို ထိထိရောက်ရောက် ကာကွယ်ဖို့ နည်းလမ်း အထူးတလည်မရှိပေမဲ့ နှလုံးကြီးခြင်းကို ဖြစ်စေတဲ့အဓိက အကြောင်းခံရောဂါများကိုသာ စနစ်တကျ၊ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ရမှာဖြစ်ပါတယ်။

🩸 သွေးတိုးကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ပါ
နှလုံးကြီးခြင်း (Cardiomegaly) ကို ကာကွယ်ရာမှာ အရေးကြီးဆုံးအချက်က သွေးတိုးရောဂါ (Hypertension) ကို စနစ်တကျ ထိန်းချုပ်ခြင်း ပဲ ဖြစ်တယ်။ နှလုံးက သွေးတိုးနေတဲ့ သွေးကြောတွေထဲကို သွေးညှစ်ထုတ်တဲ့အခါ အားစိုက်ရတာကြောင့် နှလုံးကြွက်သားတွေ ထူလာပြီး ကြီးလာရတာ ဖြစ်တယ်။ ဒါကြောင့် သွေးတိုးကို ထိန်းချုပ်နိုင်ဖို့အတွက် ဆရာဝန်ညွှန်ကြားထားတဲ့ သွေးကျဆေးတွေကို ပုံမှန်သောက်သုံးတာအပြင်၊ ဆား (ဆိုဒီယမ်) စားသုံးမှုကို တင်းတင်းကျပ်ကျပ် လျှော့ချဖို့ လိုအပ်ပါတယ်။ အဲဒါကြောင့် နှလုံးကြွက်သားပေါ်က ဖိအားကို သိသိသာသာ လျှော့ချပေးပြီး နှလုံးမကြီးအောင် ကာကွယ်နိုင်ပါတယ်။

🏃 ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါ
နှလုံးမကြီးအောင် ကာကွယ်ရာမှာ ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်ပြုလုပ်ခြင်းကလည်း မရှိမဖြစ်လိုအပ်ပါတယ်။ တစ်ပတ်မှာအနည်းဆုံး မိနစ် ၁၅၀ ခန့် လေ့ကျင့်ခန်း (ဥပမာ- လျင်မြန်စွာ လမ်းလျှောက်ခြင်း) ကို လုပ်ဆောင်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းက သွေးပေါင်ချိန်ကို လျှော့ချပေးပြီး၊ နှလုံးကြွက်သားကို ပိုမို ကျန်းမာသန်စွမ်းစေတာကြောင့် နှလုံးပေါ်ကျရောက်တဲ့ ဝန်ကို လျှော့ချပေးပြီး နှလုံးကိုအားကောင်းစေပါတယ်။

🚭 ဆေးလိပ်၊ အရက် ဖြတ်ပါ
နှလုံးမကြီးအောင် ကာကွယ်ရာမှာ ဆေးလိပ်နဲ့ ဆေးရွက်ကြီး ထုတ်ကုန်များ၊ အရက်သောက်ခြင်းကို အပြီးတိုင် ဖြတ်တောက်ခြင်းကလည်း အလွန်အရေးကြီးပါတယ်။ ဆေးလိပ်နဲ့ အရက်ဟာ နှလုံးကြွက်သားများကို တိုက်ရိုက်ပျက်စီးစေပြီး သွေးတိုးကိုပါ မြင့်တက်စေတာကြောင့် နှလုံးကြီးခြင်း (Cardiomegaly) နှင့် နှလုံးရောဂါဖြစ်နိုင်ခြေကို သိသိသာသာ မြှင့်တင်ပေးပါတယ်။

💤 အိပ်ချိန်ပြည့်ဝအောင် အနားယူပါ
ညဘက်တွင် ၈ နာရီခန့် အိပ်စက်ခြင်းဖြင့် အိပ်ချိန်ပြည့်ဝအောင် အနားယူဖို့လည်း လိုအပ်ပါတယ်။ အိပ်ရေးဝခြင်းက စိတ်ဖိစီးမှု ဟော်မုန်းတွေကို လျှော့ချပေးပြီး နှလုံးကို လုံလောက်စွာ အနားပေးနိုင်ပါတယ်။ ဒါ့အပြင် ညဘက် အိပ်စက်နေစဉ်အတွင်း အသက်ရှူရပ်ခြင်း (Sleep Apnea) လိုမျိုး ပြဿနာများရှိပါက နှလုံးကို ဝန်ပိစေပြီး သွေးတိုးကို မြင့်တက်စေနိုင်တဲ့အတွက် ဆရာဝန်နဲ့ တိုင်ပင်ပြီး စစ်ဆေးကုသမှု ခံယူသင့်ပါတယ်။

🥗 ကျန်းမာရေးနှင့် ညီညွတ်စွာ စားသုံးပါ
နေ့စဉ် စားသုံးမှုမှာ လတ်ဆတ်သော အသီးအရွက်၊ ပဲအမျိုးမျိုး၊ အစေ့အဆန်နှင့် ငါး တို့ကို ဦးစားပေး စားသုံးသင့်ပြီး၊ အဆီများတဲ့၊ အချိုဓာတ်လွန်ကဲတဲ့ အစားအစာတွေ စားခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ဒါကြောင့် ကိုလက်စထရော၊ သွေးတွင်းသကြားဓာတ်နှင့် ကိုယ်အလေးချိန် တို့ကို ထိန်းညှိပေးပြီး နှလုံးကျန်းမာရေးကို အားဖြည့်ပေးနိုင်မှာဖြစ်ပါတယ်။

အထက်မှာ ဖော်ပြထားတဲ့အချက်တွေကို လိုက်နာပြီး နှလုံးကြွက်သားများကို အားကောင်းစေဖို့ Coenzyme Q10 (CoQ10) ပါဝင်တဲ့ Heart Q လို နှလုံးအားဆေးများကို ပုမှန် မှီဝဲခြင်းဖြင့် နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်းမှ ကာကွယ်ပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ပါတယ်👩‍⚕️❤💯
#နှလုံးကြီးခြင်း

ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ နှလုံးကျန်းမာရေး🤰🫀ကိုယ်ဝန်ဆောင်ချိန်ဟာ မိခင်လောင်းတိုင်းအတွက် ဝမ်းသာစရာဖြစ်ပေမဲ့၊ နှလုံးရောဂါ ...
27/11/2025

ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ နှလုံးကျန်းမာရေး🤰🫀

ကိုယ်ဝန်ဆောင်ချိန်ဟာ မိခင်လောင်းတိုင်းအတွက် ဝမ်းသာစရာဖြစ်ပေမဲ့၊ နှလုံးရောဂါ ရှိသူတွေအတွက်တော့ အထူးဂရုစိုက်ရမယ့် အန္တရာယ်များတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ နှလုံးဟာ ပုံမှန်ထက် ၄၀% အထိ ပိုအလုပ်လုပ်ရတယ်။ ဒီအတွက်ကြောင့် နှလုံးရောဂါရှိသူမိခင်တွေဟာ အသက်အန္တရာယ်ကိုပါ ရင်ဆိုင်ရနိုင်ပါတယ်။

သာမန်ကိုယ်ဝန်ဆောင်ခြင်းမှာ မောပန်းတာက ပုံမှန်ဖြစ်ပေမယ့်၊ ဒီလက္ခဏာတွေက ခံစားနေရပြီဆိုပါက သတိထားသင့်ပါတယ်။
🤱အနားယူနေချိန်မှာတောင် အသက်ရှူရခက်ပြီး မောနေခြင်း
🤱ရင်တုန်တာ (သို့)နှလုံးခုန်မြန်တာကို သိသိသာသာ ခံစားရခြင်း
🤱ညအိပ်ချိန် ချောင်းဆိုးပြီး သွေးစပါခြင်း (သို့) ဖျားနာခြင်းမရှိဘဲ ခဏခဏ ချောင်းဆိုးခြင်း
🤱ခြေထောက်၊ ခြေကျင်းဝတ်တွေ ဖောယောင် လာခြင်း
🤱မူးဝေပြီး သတိလစ်ချင်သလို ခံစားရခြင်း စတာတွေပဲဖြစ်ပါတယ်။

နှလုံးရောဂါရှိသူ မိခင်တွေအနေနဲ့ မိမိနဲ့ ကလေး ဘေးကင်းဖို့အတွက် ဒီအချက်တွေကို မဖြစ်မနေ လိုက်နာသင့်တယ်။
🩺မီးယပ်ဆရာဝန်အပြင် နှလုံးအထူးကုဆရာဝန် နဲ့ပါ ပုံမှန် ရက်ချိန်းယူပြီး စစ်ဆေးသင့်ပါတယ်။
🩺နှလုံးကို ဝန်မပိစေဖို့ လုံလောက်စွာ အနားယူပြီး၊ ကိုယ်အလေးချိန်ကိုလည်း ထိန်းသိမ်းသင့်ပါတယ်။
🩺ကလေးမွေးဖွားမယ့် နည်းလမ်းကို သားဖွားမီးယပ်ဆရာဝန် နဲ့ ကြိုတင် ပြင်ဆင်၊ တိုင်ပင်သင့်ပါတယ်။

မိခင်လောင်းများအနေဖြင့် မိမိရဲ့ နှလုံးကျန်းမာရေးကို အလေးထားပြီး၊ အထူးကုဆရာဝန်များရဲ့ ညွှန်ကြားချက်တွေကို တိကျစွာ လိုက်နာမယ်ဆိုရင် ဘေးကင်းလုံခြုံတဲ့ ကိုယ်ဝန်ဆောင်ကာလကို အောင်မြင်စွာ ဖြတ်သန်းနိုင်မှာဖြစ်ကြောင်း ဆုမွန်ကောင်းတောင်းရင်း အားပေးစကား ပြောကြားလိုက်ရပါတယ် ခင်ဗျာ🙏❤️
#ကိုယ်ဝန်ဆောင် #နှလုံး #နှလုံးကျန်းမာရေး

နှလုံးကျန်းမာရေးကောင်းစေဖို့ Heart-Q နှလုံးအားဆေး မှီဝဲကြပါစို့!📣❤️🫀နှလုံးဆိုတာ မိခင်ဝမ်းတွင်းသန္ဓေတည်ချိန်မှစပြီး အသက်ဆ...
25/11/2025

နှလုံးကျန်းမာရေးကောင်းစေဖို့ Heart-Q နှလုံးအားဆေး မှီဝဲကြပါစို့!📣❤️

🫀နှလုံးဆိုတာ မိခင်ဝမ်းတွင်းသန္ဓေတည်ချိန်မှစပြီး အသက်ဆုံးပါးသည်အထိ မရပ်မနား အလုပ်လုပ်ဆောင်ရတဲ့ ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံးသော အစိတ်အပိုင်းပဲဖြစ်ပါတယ်။ နှလုံးဟာ ခန္ဓာကိုယ်တစ်ခုလုံးအတွက် လိုအပ်တဲ့သွေးလည်ပတ်မှုကို အဓိကဆောင်ရွက်ပေးပါတယ်။ ဒါ့ကြောင့် နှလုံးကျန်းမာမှသာ အခြားသောကိုယ်အင်္ဂါအစိတ်အပိုင်းများလည်း မိမိတို့တာဝန်ကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
Heart-Q မှာပါဝင်တဲ့ Omega 3, Coenzyme Q10 နဲ့ L Carnitine (500mg) တို့ဟာ နှလုံးကျန်းမာရေးကိုကောင်းမွန်စေပြီး နှလုံးရောဂါမျိုးစုံကို သက်သာစေပါတယ်။
ဒါကြောင့် မိမိနှလုံးကျန်းမာ၊ ကောင်းမွန်စေရန် Heart-Q နှလုံးအားဆေးကို တစ်နေ့တစ်လုံး သောက်သုံးပြီး ကြိုတင်ကာကွယ်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်🥰✨

🥤🧃နှလုံးကျန်းမာရေးအတွက် သောက်သင့်သည့်အရာများ 🍹🥛နေ့စဉ် မှန်ကန်စွာ ရွေးချယ်သောက်သုံးတဲ့ အဖျော်ယမကာတွေဟာ သင့်နှလုံးကျန်းမာရ...
24/11/2025

🥤🧃နှလုံးကျန်းမာရေးအတွက် သောက်သင့်သည့်အရာများ 🍹🥛

နေ့စဉ် မှန်ကန်စွာ ရွေးချယ်သောက်သုံးတဲ့ အဖျော်ယမကာတွေဟာ သင့်နှလုံးကျန်းမာရေးအတွက် အကောင်းဆုံး သဘာဝ အားဖြည့်ဆေးတွေပဲ ဖြစ်ပါတယ်။ ဒီဖျော်ရည်တွေက သွေးတိုး၊ ကိုလက်စထရော မြင့်တက်ခြင်းနဲ့ သွေးကြောပိတ်ဆို့ခြင်းလို နှလုံးရောဂါဖြစ်စေနိုင်တဲ့ အချက်တွေကို ထိရောက်စွာ လျှော့ချပေးနိုင်ပါတယ်။

💦ရေသန့်
ရေသန့်ဟာ နှလုံးကျန်းမာရေးအတွက် အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံးပဲ ဖြစ်ပါတယ်။ နေ့စဉ် ရေသောက်သုံးခြင်းက သွေးကို ပုံမှန် အနေအထားအတိုင်း ထိန်းသိမ်းပေးလို့ သွေးမပြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။ ဒီလို ရေဓာတ်ပြည့်ဝနေခြင်းက နှလုံးသွေးကြောစနစ်ကို ကောင်းမွန်စွာ လည်ပတ်စေဖို့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်တယ်။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး ၈ ခွက်ခန့် သောက်သုံးသင့်ပြီး၊ ဆီးအရောင် ဖျော့တော့တဲ့ အဝါရောင် ဖြစ်နေရင် သင့်ခန္ဓာကိုယ် ရေဓာတ်ပြည့်ဝတယ်လို့ ယူဆနိုင်ပါတယ်။

🍵လက်ဖက်စိမ်း
လက်ဖက်စိမ်းဟာ နှလုံးအတွက် အထူးကောင်းမွန်တဲ့ အဖျော်ယမကာပဲ ဖြစ်ပါတယ်။ လက်ဖက်စိမ်းမှာ Catechins လို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်လို့ LDL (မကောင်းတဲ့) ကိုလက်စထရော ပမာဏကို ထိရောက်စွာ လျှော့ချပေးတယ်။ ဒါ့အပြင် သွေးကြောပိတ်ဆို့ခြင်း ဖြစ်ပေါ်မှုကို ကာကွယ်ပေးတဲ့အတွက် နှလုံးကျန်းမာရေးကို အားဖြည့်ပေးတယ်။ အဲဒါကြောင့် တစ်နေ့ကို သကြားမထည့်ဘဲ ၂ ခွက်မှ ၃ ခွက်အထိ သောက်သုံးသင့်ပါတယ်။

🍹သလဲသီးဖျော်ရည်
ကလည်း နှလုံးကျန်းမာရေးကို ထိန်းသိမ်းဖို့ သောက်သုံးသင့်တဲ့ ဖျော်ရည်တစ်ခုဖြစ်ပြီး သောက်သုံးခြင်းဖြင့် အသားအရည်ကိုပါ ကြည်လင် လှပစေပါတယ်။ သလဲသီးဖျော်ရည် လတ်လတ်ဆတ်ဆတ်ထဲမှာ ဗီတာမင် K၊ ပိုတက်ဆီယမ်၊ ဖောလိတ်၊ ဗီတာမင် B6၊ B5၊ ဗီတာမင် E အပြင် ဓာတ်တိုးဆန့်ကျင်အာနိသင် (Antioxidants) များ ကြွယ်ဝစွာ ပါဝင်ပါတယ်။ နှလုံးသွေးကြောကျဉ်း ပြဿနာကိုသက်သာစေပြီး သွေးအတွင်းရှိ ကိုလက်စထရောကိုလည်း လျော့နည်းစေပါတယ်။

🥕မုန်လာဥနီဖျော်ရည်
မုန်လာဥနီဖျော်ရည်ဟာ သွေးတိုးကျစေတဲ့ ဖျော်ရည်များထဲမှာ ထိပ်ဆုံးက ပါဝင်ပါတယ်။ ဒီဖျော်ရည်မှာ Nitrate ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်လို့ ခန္ဓာကိုယ်ထဲရောက်တဲ့အခါ သွေးကြောတွေကို ပြေလျော့စေပြီး သွေးလည်ပတ်မှု ကောင်းစေတဲ့ Nitric Oxide ထုတ်လုပ်မှုကို အားပေးတယ်။ ဒါကြောင့် သွေးပေါင်ချိန်ကို သိသိသာသာ လျှော့ချပေးနိုင်တယ်။ နှလုံးကျန်းမာရေးအတွက် အကောင်းဆုံးရလဒ်ရစေဖို့ သကြား ဒါမှမဟုတ် ဆား လုံးဝမထည့်ဘဲ သောက်သုံးသင့်ပါတယ်။

သင့်နှလုံးကျန်းမာရေးကို ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်တဲ့ အဖျော်ယမကာ နှစ်မျိုးကို လုံးဝ ရှောင်ရှားသင့်ပါတယ်။ ပထမတစ်ခုကတော့ သကြားဓာတ်ပါဝင်မှုများတဲ့ အချိုရည်တွေ (Soft Drinks) ဖြစ်ပြီး၊ သကြားနဲ့ ကယ်လိုရီ မြင့်မားစွာ ပါဝင်လို့ ကိုယ်အလေးချိန်တက်တာ၊ ဆီးချိုဖြစ်တာတွေကနေတစ်ဆင့် နှလုံးရောဂါဖြစ်နိုင်ခြေကို သိသိသာသာ မြှင့်တင်ပေးပါတယ်။ ဒုတိယတစ်ခုကတော့ အရက်သေစာ (Alcohol) ဖြစ်ပြီး၊ အရက်ကို အလွန်အကျွံ သောက်သုံးခြင်းဟာ သွေးတိုးခြင်း၊ နှလုံးခုန်မမှန်ခြင်း (AFib) နဲ့ လေဖြတ်ခြင်းအန္တရာယ်တွေကို တိုးစေလို့ ရှောင်ကြဉ်သင့်ပါတယ်

⚠🥰နေ့စဉ်သောက်သုံးတဲ့ အဖျော်ယမကာတွေကို စနစ်တကျ ရွေးချယ်ခြင်းဟာ သင့်နှလုံးကျန်းမာရေးကို ကာကွယ်ပေးနိုင်တဲ့ စျေးအသက်သာဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းပဲ ဖြစ်တယ်။ ရေသန့်ကို လုံလောက်စွာ သောက်သုံးခြင်းဖြင့် သွေးကို ပုံမှန်အနေအထား ထိန်းသိမ်းပေးတာ၊ လက်ဖက်စိမ်းကဲ့သို့သော ဖျော်ရည်တွေက LDL ကိုလက်စထရောကို လျှော့ချပေးတာ၊ ဒါမှမဟုတ် မုန်လာဥနီဖျော်ရည်က သွေးတိုးကို ထိန်းချုပ်ပေးတာ စတဲ့ အကျိုးကျေးဇူးများစွာ ရရှိစေတယ်။ အရေးကြီးဆုံးကတော့ နှလုံးကို ဒုက္ခပေးတဲ့ သကြားပါသော အချိုရည်များနဲ့ အရက်သေစာ အလွန်အကျွံ သောက်သုံးခြင်းတို့ကို လုံးဝ ရှောင်ရှားသင့်ပါတယ်။ သင့်ရဲ့ နေ့စဉ် ရေသောက်သုံးမှု ပုံစံကို ပြုပြင်ခြင်းဖြင့် သွေးတိုး၊ ဆီးချိုနဲ့ သွေးကြောပိတ်ဆို့ခြင်း အန္တရာယ်တွေကို သိသိသာသာ လျှော့ချပြီး ကျန်းမာတဲ့ နှလုံးကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်💓💯
#နှလုံးဖြည့်စွက်စာ #ရေသန့် #သလဲသီး

🥱ညဘက် အိပ်ရေးပျက်ခြင်းနဲ့ သင့်နှလုံးကျန်းမာရေးညဘက်တိုင်း အိပ်မပျော်လို့ နာရီကိုပဲ ထထကြည့်နေရသူတွေ၊ ဒါမှမဟုတ် အလုပ်ကြောင့...
17/11/2025

🥱ညဘက် အိပ်ရေးပျက်ခြင်းနဲ့ သင့်နှလုံးကျန်းမာရေး

ညဘက်တိုင်း အိပ်မပျော်လို့ နာရီကိုပဲ ထထကြည့်နေရသူတွေ၊ ဒါမှမဟုတ် အလုပ်ကြောင့် အိပ်ချိန်ကို အတင်းလျှော့ချနေရသူတွေအတွက် သတိပေးစရာရှိပါတယ်။ ဒါကတော့ နာတာရှည် အိပ်ရေးပျက်ခြင်း (Chronic Sleep Deprivation) ဒါမှမဟုတ် အိပ်မပျော်ခြင်းပြဿနာ (Insomnia) တို့ဘဲဖြစ်ပြီး ဒီပြဿနာတွေဟာ သင့်နှလုံးသွေးကြောစနစ်ကို ပြင်းထန်စွာ ထိခိုက်စေပြီး နှလုံးရောဂါနဲ့ လေဖြတ်ခြင်းအန္တရာယ်ကို သိသိသာသာ မြင့်တက်စေပါတယ်🛏💤

🔺ဆွီဒင်သုတေသီတွေရဲ့ လေ့လာတွေ့ရှိချက်အရ အိပ်ရေးဝခြင်းဟာ နှလုံးကျန်းမာရေးအတွက် အရေးကြီးဆုံး ကာကွယ်ရေးအချက် ဖြစ်တယ်လို့ ဆိုထားတာကြောင့် သင့်ရဲ့ နှလုံးကျန်းမာဖို့အတွက် ညစဉ် လုံလောက်စွာ အိပ်စက်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။
🔺ဥရောပမှာ လူဦးရေ ၁.၃ သန်းကျော်ရဲ့ ကျန်းမာရေး အချက်အလက်တွေကို လေ့လာကြည့်တဲ့အခါ၊ အိပ်မပျော်ခြင်းနဲ့ မျိုးဗီဇအရ ဆက်နွယ်မှုရှိတဲ့သူတွေဟာ နှလုံးရောဂါ၊ နှလုံးရုတ်တရက် ရပ်ဆိုင်းခြင်း (Sudden Cardiac Arrest) နဲ့ လေဖြတ်ခြင်းတို့လို ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ခြေ ပိုများတာကို တွေ့ရှိခဲ့ရပါတယ်။

အိပ်ရေးပျက်တာ၊ ဒါမှမဟုတ် အိပ်ချိန်မမှန်တာကြောင့် သင့်နှလုံးကျန်းမာရေးကို အောက်ပါအတိုင်း ထိခိုက်၊ ပျက်စီးစေပါတယ်။
၁။ သွေးတိုးခြင်း (Hypertension)
အိပ်ရေးမဝတဲ့အခါ ညဘက် အနားယူချိန်မှာ သွေးပေါင်ချိန် ပုံမှန်အတိုင်း မကျဘဲ စိတ်ဖိစီးမှု ဟော်မုန်းတွေကြောင့် မြင့်တက်နေစေပြီး ရေရှည်မှာ နာတာရှည် သွေးတိုးရောဂါ ကို ဖြစ်စေပါတယ်။

၂။ အဝလွန်ခြင်း
အိပ်ရေးမဝရင် ဆာလောင်မှုကို ဖြစ်စေတဲ့ Ghrelin ဟော်မုန်းက ပိုများလာပြီး ဗိုက်ပြည့်တာကို ထိန်းချုပ်တဲ့ Leptin ဟော်မုန်းက လျော့ကျသွားတယ်။ ဒါကြောင့် အဆီ၊ အချိုတွေ ပိုစားမိပြီး အဝလွန်လာကာ နှလုံးကို ဝန်ပိုစေပါတယ်။

၃။ စိတ်ဖိစီးမှုများလာခြင်းနဲ့ နာတာရှည် ရောင်ရမ်းမှု
ကော်တီစော (Cortisol) လို စိတ်ဖိစီးမှုဟော်မုန်းတွေ ပိုထုတ်လွှတ်တာကြောင့် နှလုံးအပေါ် ဖိအား များလာစေတယ်။ ဒါ့အပြင် ရောင်ရမ်းမှု (Inflammation) က သွေးကြောနံရံတွေကို ပျက်စီးစေပြီး သွေးကြောပိတ်ဆို့မှု အန္တရာယ်ကို မြှင့်တင်ပေးပါတယ်။

🥰အိပ်ရေးဝခြင်းဟာ နှလုံးကျန်းမာရေးအတွက် အလွန်အရေးပါ ပါတယ်။ နာတာရှည် အိပ်ရေးပျက်ခြင်းဟာ သွေးတိုးခြင်း၊ ရောင်ရမ်းမှုများ၊ ဟော်မုန်းမညီမျှမှုများနှင့် အဝလွန်ခြင်းတို့ကို ဖြစ်ပေါ်စေပြီး နောက်ဆုံးတွင် နှလုံးရောဂါ၊ နှလုံးရုတ်တရက် ရပ်ဆိုင်းခြင်းနှင့် လေဖြတ်ခြင်း အန္တရာယ်များကို သိသိသာသာ မြှင့်တင်ပေးနိုင်တာကို ဥရောပမှ သုတေသနများက သက်သေပြထားပါတယ်။

ဒါကြောင့် သင့်ရဲ့နှလုံးကျန်းမာစေဖို့အတွက် ညစဉ် ၇ နာရီမှ ၈ နာရီအထိ အရည်အသွေးပြည့်ဝစွာ အိပ်စက်ဖို့ မဖြစ်မနေ ဂရုစိုက်အိပ်စက်ဖို့ အကြံပြုချင်ပါတယ် ...

နှလုံးအတွက် အကောင်းဆုံးဖြည့်စွက်စာ Heart-Q🫀
#နှလုံးဖြည့်စွက်စာ #အိပ်ရေးပျက်ခြင်း

Address

No. 23/5(C), Thiri Mingalar Yeik Thar Street, (7) Ward, Yankin Township
Yangon

Telephone

+959448020476

Website

Alerts

Be the first to know and let us send you an email when Heart-Q Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Heart-Q Myanmar:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram