mental heal

mental heal Home where you feel loved, appreciated & safe - Your Mental Health Service It was hosted by Myanmar Young Entrepreneur Association (MYEA) and EWC2020.

About Us

“mental heal” is a social enterprise for delivering effective mental health awareness and online/offline counseling/therapy services to university students and white-collar workers. We connect the people who need mental care with the right and trusted professionals including counselors, psychologists, psychiatrists, career, and life coaches who understand and guide them through completely confidential individual sessions. Counseling and therapy services that we currently offer are ‘PTSD, OCD, Depression, Anxiety, Stress Management, Anger Management, Relationship, Emotional Wellness, and Career’ mainly. Success Stories

We received the “Honorable Mention Award” from Myanmar Youth Technopreneurship Development Program (MYTDP) held by Myanmar Computer Federation (MCF) and MPT. In August 2020, our team also participated in the Entrepreneurship World Cup 2020 and achieved as the “National Shortlisted Applicant”.

မောင်နှမအချင်းချင်းကြား ခွဲခြားဆက်ဆံခံရဖူးလား 😔မိသားစုချင်းအတူတူ၊ သားသမီးချင်းအတူတူခွဲခြားတာမျိုးတွေရှိနိုင်ပါ့မလားလို့ထ...
28/03/2026

မောင်နှမအချင်းချင်းကြား ခွဲခြားဆက်ဆံခံရဖူးလား 😔

မိသားစုချင်းအတူတူ၊ သားသမီးချင်းအတူတူခွဲခြားတာမျိုးတွေရှိနိုင်ပါ့မလားလို့ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာ မိသားစုဆိုပေမယ့် မောင်နှမအချင်းချင်းကြားမှာ မိဘတွေ၊ ဆွေမျိုးတွေက သားသမီးတွေကိုခွဲခြားဆက်ဆံတာမျိုးကို ကြုံဖူးတဲ့သူတွေတော်တော်များများရှိကြမယ်ထင်တယ်။

🤔မိသားစုထဲမှာ ဘယ်လိုမျိုးခွဲခြားဆက်ဆံတာမျိုးရှိတတ်လဲ
▫️တစ်ယောက်ကိုပဲ အမြဲဂရုစိုက်ပေးပြီး တစ်ယောက်ကိုတော့လျစ်လျူရှုထားတာမျိုး
▫️တစ်ယောက်ကို အမြဲချီးကျူးပေးတာမျိုးလုပ်တတ်ပေမယ့် အခြားတစ်ယောက်ကို အမြဲဝေဖန်အပြစ်ပြောတာမျိုး
▫️တစ်ယောက်က လွတ်လပ်ခွင့်ပိုရပြီး ကျန်တစ်ယောက်ကိုချုပ်ခြယ်လွန်းတာမျိုး
▫️တစ်ယောက်ကို တာဝန်တွေယူထားစေပြီး တစ်ယောက်ကိုတော့ အပြည့်ဝကာကွယ်ပေးတာမျိုး
▫️မောင်နှမအချင်းချင်းနှိုင်းယှဉ်တဲ့အပြော၊ အပြုမူမျိုး

သားယောကျ်ားလေးမို့၊ သမီးမိန်းကလေးမို့၊ သူကအကြီးမို့၊ အလတ်မို့၊ အငယ်မို့၊ သူကပိုတော်လို့ စတဲ့ ခေါင်းစဉ်တွေအောက်မှာ သား၊ သမီးအချင်းချင်းမျှမျှတတမေတ္တာထားပေးဖို့ထက် မိဘတွေရဲ့စိတ်ခံစားချက်အတိုင်းလုပ်မိတဲ့အပြုမူတွေက ခွဲခြားဆက်ဆံခံရတဲ့ ကလေးတွေကိုစိတ်ဒဏ်ရာတွေရသွားစေနိုင်ပါတယ်။

▪️ကိုယ်ကမလုံလောက်ဘူးဆိုတဲ့အတွေးတွေ
▪️ကိုယ်ဘာလုပ်လုပ်အကောင်းဖြစ်လာမှာမဟုတ်ဘူးဆိုတဲ့အဆိုးမြင်စိတ်တွေ
▪️ကိုယ့်က ကောင်းတဲ့အရာနဲ့မတန်ဘူး၊ အပြစ်ရှိတဲ့သူလို့ထင်လာတတ်တဲ့စိတ်
▪️မိဘချစ်ရအောင် အမြဲလူကြိုက်မယ့်အရာတွေ လုပ်ချင်နေတတ်တဲ့ လူတွေကျေနပ်အောင်လုပ်ဖို့ကြိုးစားတတ်တဲ့အပြုမူတွေ
▪️တချို့က လူတွေကိုမယုံကြည်တဲ့စိတ်၊ တချို့ကမေတ္တာငတ်တဲ့သူတွေ
▪️အချင်းချင်း မနာလိုမှု၊ မုန်းတီးမှုတွေ
▪️ကိုယ့်ခံစားချက်တွေကို မပြောတော့ဘဲ အတွင်းထဲမှာပဲ ဖိနှိပ်ထားလိုက်တဲ့အကျင့်
▪️မိသားစုထဲမှာရှိပေမယ့် “ကိုယ်နဲ့မဆိုင်သလို” ခံစားချက် စိတ်ဒဏ်ရာတွေစုပုံပြီး အဖက်ဖက်မှာပြဿနာရှိတာမျိုးတွေကြုံရတတ်ပါတယ်။

ကိုယ်က မိသားစုထဲမှာခွဲခြားဆက်ဆံခံရဖူးတယ်ဆိုရင် ဒါလေးကိုသိထားပေးပါ။
ဒီလိုခွဲခြားဆက်ဆံမှုတွေက
✅ ကိုယ့်ရဲ့တန်ဖိုးကို မသတ်မှတ်နိုင်ဘူး
✅ ဒါတွေက မိဘတွေမှာ သားသမီးကိုထိန်းကြောင်းပေးဖို့ awareness မလုံလောက်တာ၊ ဘက်လိုက်တတ်တဲ့ပြဿနာရှိတာတွေကြောင့်ပဲဖြစ်တတ်တာပါ။ ကိုယ့်အမှားမဟုတ်ပါဘူး။

မိဘတွေက သားသမီးတွေကို မှန်ကန်တဲ့နည်းလမ်းနဲ့မေတ္တာမပေးနိုင်တဲ့အခါ ကလေးလေးတွေမှာစိတ်ဒဏ်ရာတွေရစေတတ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ငယ်ဘဝကရခဲ့တဲ့စိတ်ဒဏ်ရာတွေနဲ့ ပင်ပန်းနေရတဲ့ inner child ကလေးငယ်လေးကိုကုစားပေးနိုင်ဖို့ mental heal မှာအတွေ့ကြုံရှိဆရာ၊ ဆရာမများနဲ့ counseling services များရယူနိုင်ပါတယ်ရှင်။ 🤍

အတိတ်ဒဏ်ရာတွေကရုန်းထွက်ဖို့အတွက် mental heal နဲ့အတူတူကုစားဖို့ ready ဆိုရင် comment မှာ “heal” လို့ မန့်ခဲ့နော်။ ✉️
📍 Telegram: https://t.me/mentalheal_mm
အတူတူကုစားကြစို့ … mental heal နှင့်အတူ။ ✨



‎Comfort Zone ထဲက ရုန်းထွက်ဖို့ ကြိုးစားနေပေမဲ့ တစ်ခုခုက နောက်ကနေ ဆွဲထားသလို ခံစားနေရပါသလား ❓ ‎‎(ဒါမှမဟုတ်)‎‎အပြောင်းအလဲ...
27/03/2026

‎Comfort Zone ထဲက ရုန်းထွက်ဖို့ ကြိုးစားနေပေမဲ့ တစ်ခုခုက နောက်ကနေ ဆွဲထားသလို ခံစားနေရပါသလား ❓

‎(ဒါမှမဟုတ်)

‎အပြောင်းအလဲတစ်ခုလုပ်ဖို့ စိတ်ကူးလိုက်တိုင်း စိုးရိမ်စိတ်တွေ၊ ကြောက်ရွံ့စိတ်တွေက အဟန့်အတား ဖြစ်နေပါသလား ❓

‎လူတိုင်းက ကိုယ့်ကိုယ်ကိုယ် တိုးတက်ချင်ကြပေမဲ့ Comfort Zone ဆိုတဲ့ နွေးထွေးတဲ့ နေရာလေးကနေ ထွက်ဖို့ ခက်ခဲနေတတ်ကြပါတယ်။ ဒါတွေအားလုံးကို ကျော်ဖြတ်ပြီး ယုံကြည်မှုရှိရှိ ခြေလှမ်းသစ်လှမ်းနိုင်ဖို့ mental heal က သင့်အနားမှာ ရှိနေမှာပါ။ 🤍

‎ကျွန်မတို့အားလုံးဟာ Comfort Zone ထဲက ထွက်ဖို့ ကြိုးစားတဲ့အခါတိုင်း "တကယ်လို့ ငါရှုံးနိမ့်သွားရင်ကော"ဆိုတဲ့ အတွေးနဲ့တင် ခြေလှမ်းတွေ တုန့်ဆိုင်းသွားတတ်ကြပါတယ်။ ဒါဟာ စွမ်းရည်မရှိလို့မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု လိုအပ်နေတာပါ။ ဒီလို အတားအဆီးတွေကို ကျော်လွှားပြီး ရှေ့ဆက်နိုင်ဖို့အတွက် အခြေခံကျတဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု (၄) ခုကို အရင်လုပ်ကြည့်ရအောင်...

‎၁။ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ခြင်း (Self-Awareness)

‎Comfort Zone ထဲမှာပဲ ပိတ်မိနေတာဟာ ပျင်းရိလို့ မဟုတ်ဘဲ "ရှုံးနိမ့်မှာ ကြောက်တာ" ဒါမှမဟုတ် "ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းတာ" ကြောင့် ဖြစ်နိုင်ပါတယ်။ စိတ်ပညာအရ ကိုယ့်ရဲ့ အတွေးအခေါ်ပုံစံ (Mindset) ကို သေချာ နားလည်ထားခြင်းက အခက်အခဲတွေကို ရင်ဆိုင်ဖို့ ပထမဆုံးခြေလှမ်း ဖြစ်စေပါတယ်။

‎၂။ စိုးရိမ်စိတ်ကို စီမံခန့်ခွဲခြင်း (Managing Anxiety)

‎နယ်ပယ်အသစ်ကို ခြေလှမ်းတဲ့အခါ စိုးရိမ်စိတ် (Anxiety) မြင့်တက်လာတာ သဘာဝပါ။ စိတ်ကျန်းမာရေး လေ့ကျင့်ခန်းတွေ ဖြစ်တဲ့ အသက်ရှူလေ့ကျင့်ခန်း လုပ်တာ၊ လက်ရှိပစ္စုပ္ပန်ကို အာရုံစိုက်တာ (Mindfulness) တွေက ထိတ်လန့်မှုကို လျှော့ချပေးပြီး ဆုံးဖြတ်ချက်တွေကို တည်တည်ငြိမ်ငြိမ် ချမှတ်နိုင်အောင် ကူညီပေးပါတယ်။

‎၃။ ရှုံးနိမ့်မှုကို မြင်တဲ့ အမြင် ပြောင်းလဲခြင်း (Reframing Failure)

‎Comfort Zone ထဲက ထွက်ဖို့ ကြောက်ရတဲ့ အဓိကအချက်က "မှားသွားမှာ" ကို စိုးရိမ်လို့ပါ။ Mental Health ကောင်းမွန်တဲ့သူတစ်ယောက်ဟာ အမှားတစ်ခုကို အရှက်ရစရာလို့ မမြင်ဘဲ သင်ခန်းစာတစ်ခုအဖြစ် မြင်နိုင်စွမ်း ရှိလာပါတယ်။ ဒီ "Growth Mindset" ကပဲ သင့်ကို ရှေ့ဆက်ဖို့ ခွန်အားပေးမှာပါ။

‎၄။ သေးငယ်တဲ့ အောင်မြင်မှုတွေကို တန်ဖိုးထားခြင်း (Small Wins)

‎တစ်ခါတည်းနဲ့ အကြီးကြီး ပြောင်းလဲပစ်ဖို့ မလိုပါဘူး။ စိတ်ပညာအရ သေးငယ်တဲ့ အပြောင်းအလဲလေးတွေကို အောင်မြင်အောင် လုပ်ဆောင်ခြင်းက ဦးနှောက်ကို "ငါ လုပ်နိုင်တယ်" ဆိုတဲ့ ယုံကြည်မှု (Dopamine) ပေးပါတယ်။ ဒါက နောက်ထပ် ခြေလှမ်းကြီးတွေကို လှမ်းဖို့ အရှိန်အဟုန် ဖြစ်စေပါတယ်။

‎တကယ်တော့ Counseling လုပ်တယ်ဆိုတာ ကြောက်စရာ၊ စိုးရိမ်စရာ မလိုပါဘူး။ တစ်စုံတစ်ယောက် နဲ့အတူ ရင်ဖွင့်လိုက်တာ (ဒါမှမဟုတ်) Counseling ယူလိုက်ခြင်းအားဖြင့် ကိုယ့်မှာ ရှိတဲ့ စိတ်ဖိစီးမှု ၅၀% ကျော်လောက် လျော့ကျသွားစေနိုင်ပါတယ်။ ဒါကြောင့် mental heal မှာလည်း ကိုယ့်ရဲ့ စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ ဝန်ထုတ်ဝန်ပိုးတွေကို အတူတူ ဖယ်ရှားပေးပြီး ဘယ်လို အကဲဖြတ်မှုမှ မရှိဘဲ နွေးထွေးစွာ ကြိုဆိုနေပါတယ်ရှင်။ 🤍

‎📮 ကိုယ်ကိုတိုင် ဆုံးဖြတ်ရခက်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို mental heal နဲ့အတူ ဆွေးနွေးတိုင်ပင်နိုင်ဖို့အတွက် page messenger ကနေတဆင့် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင်။



26/03/2026

Reply နောက်ကျတဲ့အချိန်… စိတ်ထဲမှာ ဘာတွေတကယ်ဖြစ်နေလဲ သိပါသလား?

လူတွေနဲ့ ရင်းရင်းနှီးနှီး နေချင်တယ်၊ ချစ်ခင်မှုကို လိုချင်တယ်... ဒါပေမဲ့ တစ်ဖက်လူက ကိုယ့်ကို ငြင်းပယ်လိုက်မှာ၊ ဝေဖန်လိုက...
25/03/2026

လူတွေနဲ့ ရင်းရင်းနှီးနှီး နေချင်တယ်၊ ချစ်ခင်မှုကို လိုချင်တယ်... ဒါပေမဲ့ တစ်ဖက်လူက ကိုယ့်ကို ငြင်းပယ်လိုက်မှာ၊ ဝေဖန်လိုက်မှာကို အလွန်အမင်း ကြောက်တာကြောင့် နောက်ဆုံးမှာတော့ လူကြားထဲမတိုးဘဲ ကိုယ့်ကမ္ဘာလေးထဲမှာပဲ ပြန်ပုန်းနေမိလား? ဒါဟာ ရိုးရိုးရှက်တတ်တာထက် ပိုတဲ့ "ငြင်းပယ်ခံရမှာကို အလွန်အမင်း ကြောက်တဲ့စိတ်" (Fear of Rejection) တစ်ခု ဖြစ်နိုင်ပါတယ်။ ဒီလို အခြေအနေမျိုးဟာ ကိုယ့်ရဲ့ အရည်အချင်းတွေကို ထုတ်မပြရဲအောင် ဆွဲထားသလို၊ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကိုလည်း လက်လွှတ်လိုက်ရသလို ခံစားရစေပါတယ်။

ဒီလို အခြေအနေမျိုးမှာ ဘယ်လိုလက္ခဏာတွေ ခံစားရတတ်သလဲ?
အဝေဖန်ခံရမှာ ကြောက်ခြင်း: လူတွေက ကိုယ့်ကို အထင်သေးမှာ၊ ဒါမှမဟုတ် ကိုယ့်ရဲ့ အားနည်းချက်ကို မြင်သွားမှာကို အမြဲ စိုးရိမ်နေခြင်း။

ကိုယ့်ကိုယ်ကိုယ် အမြဲဝေဖန်ခြင်း): "ငါက သူတို့နဲ့ မတန်ပါဘူး"၊ "ငါ ပြောလိုက်ရင် မှားဦးမှာပဲ" ဆိုတဲ့ အတွေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးချနေမိခြင်း။
ရှောင်ဖယ်တဲ့ အပြုအမူ: လူမှုရေးပွဲတွေ၊ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေကို ငြင်းပယ်လိုက်ရမှ စိတ်အေးရခြင်း။

လူတွေနဲ့ အပေါ်ယံ ခင်ပေမဲ့ ကိုယ့်ရဲ့ ခံစားချက်အစစ်အမှန်တွေကို ပြောပြဖို့ ခက်ခဲနေပြီး တစ်ယောက်တည်းပဲ ကြိတ်ခံစားတတ်ခြင်း။

လူကြားထဲမှာ တုံ့ဆိုင်းခြင်း: လူအများရှေ့မှာ စကားပြောရမှာ၊ သတိထားမိခံရမှာကို အလွန်အမင်း ရှက်ရွံ့ပြီး ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်နေခြင်း။

Avoidant Personality ဖြစ်ရခြင်းရဲ့ အရင်းအမြစ်ဟာ များသောအားဖြင့် ငယ်စဉ်ကလေးဘဝမှာ လူကြီးတွေရဲ့ အငြင်းပယ်ခံရမှု၊ အဝေဖန်ခံရမှု ဒါမှမဟုတ် သူငယ်ချင်းတွေကြားမှာ လှောင်ပြောင်ခံရတဲ့ အတွေ့အကြုံတွေကနေ အစပြုတတ်ပါတယ်။ "ငါ အမှားလုပ်ရင် အချစ်ခံရမှာ မဟုတ်ဘူး" ဆိုတဲ့ အတွေးက စိတ်ထဲမှာ အမြစ်တွယ်သွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် လူတွေနဲ့ ဝေးဝေးနေတဲ့ နည်းလမ်းကို ရွေးချယ်မိသွားတာပါ။

သင်က ချစ်ခြင်းမေတ္တာနဲ့ ထိုက်တန်သူတစ်ယောက်ပါ
လူတွေနဲ့ ဝေးဝေးနေခြင်းက ခေတ္တခဏတော့ စိတ်အေးရစေပေမဲ့ ရေရှည်မှာတော့ ပိုပြီး အထီးကျန်မှုကိုပဲ ဖြစ်စေပါတယ်။ တကယ်တော့ အခုထက်ပိုပြီး တန်ဖိုးရှိတဲ့သူ၊ ချစ်ခင်လေးစားခံရဖို့ ထိုက်တန်တဲ့သူ တစ်ယောက်ပါ။ ဒီလို စိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေကို ဖြိုဖျက်ဖို့ဆိုတာ တစ်ယောက်တည်း လုပ်ရမှာထက် နားလည်ပေးမယ့်သူနဲ့ အတူတူ သွားတာက ပိုပြီး ခရီးရောက်စေပါတယ်။

mental heal Counselling Service မှ Professional Counselors များက:
✓ "ငြင်းပယ်ခံရမှာ ကြောက်တဲ့စိတ်" ရဲ့ အရင်းအမြစ်ကို အတူတူ ရှာဖွေပေးခြင်း
✓ ကိုယ့်ကိုယ်ကိုယ် ဝေဖန်နေတဲ့ Inner Critic ကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတဲ့ Tool များပေးခြင်း
✓ လူမှုဆက်ဆံရေးမှာ စိတ်အေးအေးထားနိုင်ဖို့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု (Security) တည်ဆောက်ပေးခြင်း
✓ တစ်ဆင့်ချင်းစီ ယုံကြည်မှု (Confidence) ပြန်လည် မြှင့်တင်ပေးခြင်း တို့ကို ဆောင်ရွက်ပေးနေပါတယ်။
ကိုယ့်ရဲ့ တံတိုင်းလေးထဲကနေ ထွက်ပြီး အပြင်ကမ္ဘာနဲ့ ပြန်လည် ချိတ်ဆက်ဖို့ ကျွန်မတို့ ကူညီပေးပါရစေ။

📩 mental heal Page Chat Box မှတစ်ဆင့် Booking Appointment လုပ်နိုင်ပါတယ်ရှင်။
📍 Telegram: https://t.me/mentalheal_mm


24/03/2026

ညဘက်မှာ ပြောခဲ့တဲ့စကားတွေကို ပြန်ပြန်စဉ်းစားပြီး အိပ်မပျော်ဖြစ်နေတယ်ဆိုရင်... ဒီ ၂ မိနစ် Exercise လေးကို စမ်းကြည့်စေချင်ပါတယ်။

24/03/2026

ရင့်ကျက်တယ်ဆိုတာ …

ပတ်ဝန်းကျင်မှာ ကိုယ်က ရင့်ကျက်တယ်၊ ကောင်းလိုက်တာ၊ တော်လိုက်တာဆိုပြီး ချီးကျူးစကားတွေကြားဖူးလား၊ ကိုယ်တိုင်ရော ဒီလိုပြောတဲ့အခါ စိတ်ထဲမှာ ဘယ်လိုတုံ့ပြန်မိလဲ။

လူတွေက ရင့်ကျက်တယ်ဆိုတာ ဘယ်သူ့ကိုမှမမှီခိုဘဲ တစ်ယောက်တည်းရပ်တည်နိုင်တဲ့ ဟီးရိုးတစ်ယောက်လို့ထင်ကြပါတယ်။ တကယ်တော့ ကိုယ့်ကိုရင့်ကျက်လာစေတဲ့အတွေ့ကြုံတွေကိုတော့ သိပ်စိတ်မဝင်စားကြပါဘူး။
ရင့်ကျက်လာတယ်ဆိုတာ အတွေ့ကြုံတွေကြောင့်သာဖြစ်ပြီး ဘယ်လိုပဲသန်မာတယ်ထင်ရသူဖြစ်ဖြစ် သူတို့မှာခံစားတတ်တဲ့နှလုံးသားနဲ့ မှီခိုစရာနွေးထွေးအိမ်လေးလိုချင်တဲ့ဆန္ဒရှိကြပါတယ်။

mental heal ကတော့ အားလုံးအတွက် စိတ်ခံစားချက်တွေကို အရှိတိုင်းချပြလို့ရတဲ့ နွေးထွေးရာအိမ်ကလေးအဖြစ်ရှိနေပါတယ်။ ကိုယ်တိုင်ကုစားဖို့ခက်ခဲတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေအတွက် mental heal page messenger ကို ဆက်သွယ်ပြီး အတွေ့ကြုံရှိ ဆရာ၊ ဆရာမများနဲ့ counseling services များရယူနိုင်ပါတယ်ရှင်။ 🤍

အတူတူကုစားကြစို့ … mental heal နှင့်အတူ။ ✨



ကိုယ်က Broken Family ကနေကြီးပြင်းလာသူလား 💔ကိုယ်ကြီးပြင်းလာရတဲ့ မိသားစုက ကလေးငယ်တစ်ယောက်ကို ဘယ်လိုလူကြီးမျိုးဖြစ်လာစေမလဲဆ...
23/03/2026

ကိုယ်က Broken Family ကနေကြီးပြင်းလာသူလား 💔
ကိုယ်ကြီးပြင်းလာရတဲ့ မိသားစုက ကလေးငယ်တစ်ယောက်ကို ဘယ်လိုလူကြီးမျိုးဖြစ်လာစေမလဲဆိုတာ ပုံဖော်ပေးနိုင်ပါတယ်။ “Broken family” (မိသားစုကွဲကွာခြင်း၊ ပြဿနာရှိခြင်း) က လူတစ်ယောက်ရဲ့ စိတ်ပိုင်း၊ ဆက်ဆံရေးပိုင်း နဲ့ ဘဝရွေးချယ်မှုတွေထိ သက်ရောက်မှုရှိနိုင်ပါတယ်။

💔 Broken family နောက်ကွယ်က စိတ်ဒဏ်ရာတွေ

♦️စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှု
•မိသားစုအတွင်းမှာ လုံခြုံမှုမရခဲ့တာကြောင့် အဆိုးမြင်စိတ်နဲ့အတူ၊ စိုးရိမ်ပူပန်စိတ်တွေ၊ စိတ်မလုံခြုံမှုတွေဖြစ်နေတတ်ပါတယ်။
•အတိတ်ဖြစ်ရပ်တွေထဲကမထွက်နိုင်ဘဲ အိပ်မက်ဆိုးလိုစိတ်ဒဏ်ရာတွေရှိနေတတ်ပါတယ်။
စိတ်ခံစားချက်လွယ်တတ်ပြီး အတွေးလွန်နေတာ၊ ငြင်းပယ်ခံရမှာကြောက်တာ
•ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုလျော့နည်းတာ၊ တစ်ခုခုဖြစ်တိုင်း အပြစ်တင်မိတာ၊ ကိုယ်ကမလုံလောက်ဘူးလို့ခံစားနေရတာမျိုးတွေလည်း ကြုံရတတ်ပါတယ်။

♦️ဆက်ဆံရေးမှာ ခက်ခဲခြင်း
•မိသားစုမေတ္တာမရခဲ့တာကြောင့် အခြားသူတွေဆီကမေတ္တာနည်းနည်းလေးရတာနဲ့ တွယ်တာတတ်တဲ့စိတ်အခံလေးရှိတတ်သလို၊ လူတွေနဲ့အဝေးကိုပြေးသွားချင်တာမျိုးလည်းရှိတတ်ပါတယ်။
•အတွေ့ကြုံတွေကြောင့် လူတွေကိုမယုံကြည်စိတ်ဖြစ်တာ
•လူတွေကိုယ့်ကိုပစ်ထားမှာကြောက်စိတ်နဲ့ ချစ်မိရင်လည်း အဆင်ပြေပါ့မလားဆိုပြီး အစွန်းနှစ်ဖက်က ကြောက်စိတ် စိုးရိမ်စိတ်တွေရှိနေတတ်ပါတယ်။

♦️Life decisions (ဘဝ) မှာ သက်ရောက်မှု
•ဘဝနဲ့ပတ်သက်တဲ့ရွေးချယ်မှုတွေလုပ်တဲ့အခါ
အချစ်ရေး၊ အလုပ်၊ မိတ်ဆွေတွေနဲ့ ဆက်ဆံရေးတွေမှာ ငယ်ဘဝကလုပ်ခဲ့ဖူးတဲ့ ရွေးချယ်မှု၊ အတွေ့ကြုံတွေအတိုင်း ကိုယ်တိုင်သတိမထားမိဘဲထပ်ခါထပ်ခါပြန်တုံ့ပြန်နေမိတာမျိုးဖြစ်တတ်ပါတယ်။
•ငယ်ဘဝကအတွေ့ကြုံတွေကြောင့်ကိုယ့်မှာ ရုတ်တရက်ပြန်ပေါ်လာတဲ့ အပြုမူတွေကို တစ်ခါတလေမှာ ကိုယ်တိုင်တောင်သတိမထားမိဘဲရှိနေတာဖြစ်တတ်သလို၊ ဘာလို့လုပ်မိပါလိမ့်ဆိုတဲ့အတွေးတွေနဲ့ တွေဝေမိတာမျိုးလည်းဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ရတာက ကိုယ့်စိတ်ထဲမှာအောင်းနေတတ်တဲ့ စိတ်ဒဏ်ရာအစကို မသိလို့ပါ။

💔Broken Family ကကြီးပြင်းလာပြီး အပေါ်ကလိုပြဿနာတွေရှိရင် ကိုယ်တိုင် ဘယ်လိုကုစားနိုင်မလဲ
🌱ကိုယ့်ကိုယ်ကို နားလည်ပေးရမယ်။ ဘာလို့ဒီလိုဖြစ်ရတယ်ဆိုတာကို ပြန်တွေး၊ ပြန်မေးပြီး အဖြေရှာရပါမယ်။
🌱မိသားစုပြဿနာက ကိုယ့်ကြောင့်မဟုတ်ဘူးလို့လက်ခံရမယ်။ (လူကြီးတွေက ကလေးကိုအပြစ်တင်တာတွေများတဲ့အခါ ကလေးစိတ်ထဲမှာ ကိုယ့်ကြောင့်ဆိုပြီး စွဲနေတတ်လို့ပါ)
🌱အတိတ်ကအကြောင်းရာကို လက်ခံပြီး ပင်ပန်းနေခဲ့တဲ့ ကိုယ့်ကိုယ်ကို မေတ္တာပေးပါ။
🌱ကိုယ်တစ်ယောက်တည်း ဖြေရှင်းဖို့ခက်ခဲနေရင် counselors, therapists တွေဆီကနေ အကူညီယူပါ။

ကိုယ်တိုင်ကုစားဖို့ခက်ခဲတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေအတွက် mental heal မှာ အတွေ့ကြုံရှိ ဆရာ၊ ဆရာမများနဲ့ page messenger ကို ဆက်သွယ်ပြီး counseling services များရယူနိုင်ပါတယ်ရှင်။ 🤍

အတူတူကုစားကြစို့ … mental heal နှင့်အတူ။ ✨



မနက်နိုးလာတိုင်း "ဒီနေ့လည်း ဒီလိုပဲ ကုန်ဆုံးဦးမှာပဲ" ဆိုတဲ့ စိတ်ပျက်မှုနဲ့ နိုးထနေရလား? နေ့စဉ် လုပ်ရိုးလုပ်စဉ်တွေကြားမှာ...
22/03/2026

မနက်နိုးလာတိုင်း "ဒီနေ့လည်း ဒီလိုပဲ ကုန်ဆုံးဦးမှာပဲ" ဆိုတဲ့ စိတ်ပျက်မှုနဲ့ နိုးထနေရလား? နေ့စဉ် လုပ်ရိုးလုပ်စဉ်တွေကြားမှာ စက်ရုပ်တစ်ရုပ်လို လည်ပတ်နေရင်း တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတတ်ပါတယ်။ "ငါ တကယ်ကော ဘာဖြစ်ချင်တာလဲ? ငါ့ဘဝရဲ့ ရည်ရွယ်ချက်က ဘာလဲ?" ဆိုတာမျိုးပါ။ ဒါဟာ အသက်အရွယ် တစ်ခုရောက်လာတဲ့အခါ ဒါမှမဟုတ် ဘဝအလှည့်အပြောင်းတွေမှာ ကြုံတွေ့ရလေ့ရှိတဲ့ Existential Crisis လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ မေးခွန်းထုတ်မှုတွေပဲ ဖြစ်ပါတယ်။

ဒီလို အခြေအနေမျိုးမှာ ဘယ်လိုလက္ခဏာတွေ ခံစားရတတ်သလဲ?
စိတ်ပါဝင်စားမှု ပျောက်ဆုံးခြင်း: အရင်က ပျော်ခဲ့ရတဲ့ အလုပ်တွေ၊ ဝါသနာတွေက အခုတော့ အဓိပ္ပာယ်မရှိတော့သလို ခံစားရခြင်း။

ရင်ထဲမှာ ဟာတာတာ ဖြစ်နေခြင်း: အောင်မြင်မှုတွေ ရှိနေပေမဲ့ စိတ်ထဲမှာတော့ တစ်ခုခု လိုအပ်နေသလို၊ ဘာနဲ့မှ ဖြည့်ဆည်းလို့ မရသလို ခံစားရခြင်း။

ရှင်သန်ရမှာကို ကြောက်လန့်ခြင်း: အနာဂတ်ကို တွေးလိုက်တိုင်း မျှော်လင့်ချက်ထက် မရေရာမှုတွေနဲ့ အချိန်ကုန်ဆုံးမှာကို စိုးရိမ်စိတ်က ပိုများနေခြင်း။

နှိုင်းယှဉ်ပြီး အထီးကျန်ခြင်း: တခြားသူတွေကတော့ သူတို့လမ်းကြောင်းနဲ့သူ တက်ကြွနေကြပေမဲ့ ကိုယ်တစ်ယောက်တည်းပဲ နောက်က ကျန်ရစ်နေသလို ခံစားရခြင်း။

ဘာကြောင့် ဒီလို ခံစားချက်တွေ ဖြစ်ပေါ်လာရတာလဲ?
တစ်ခါတလေမှာ ကျွန်မတို့ဟာ ပတ်ဝန်းကျင်နဲ့ မိသားစုက သတ်မှတ်ပေးထားတဲ့ "စံနှုန်း" တွေနောက်ကိုပဲ အတင်းလိုက်နေမိတတ်ပါတယ်။ ကိုယ်တိုင် ဘာကို တန်ဖိုးထားသလဲဆိုတာထက် သူများတွေ တော်တယ်လို့ သတ်မှတ်တဲ့ နေရာကို ရောက်အောင် ကြိုးစားရင်း လမ်းခုလတ်မှာ ကိုယ့်ရဲ့ "အတွင်းစိတ်ဆန္ဒ" နဲ့ ဝေးကွာသွားတဲ့အခါ ဒီလို Crisis မျိုး စတင်လာတတ်တာပါ။ ဒါဟာ စိတ်မကျန်းမာတာ မဟုတ်ဘဲ စိတ်က "တကယ့် ပျော်ရွှင်မှု" ကို ပြန်ရှာဖို့ သတိပေးနေတာလည်း ဖြစ်နိုင်ပါတယ်။

လမ်းပျောက်နေတာဟာ လမ်းဆုံးသွားတာ မဟုတ်ပါဘူး
ဒီလို ခံစားချက်တွေ ဖြစ်လာတာဟာ ဘဝကို အရင်ကထက် ပိုမိုနက်ရှိုင်းတဲ့ အဓိပ္ပာယ်တစ်ခုနဲ့ ပြန်လည် တည်ဆောက်ဖို့ အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်။ လမ်းပျောက်နေတဲ့အချိန်မှာ အရေးကြီးဆုံးက ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ဖို့ပါပဲ။ ဒီမှောင်မိုက်နေတဲ့ ဘဝအပိုင်းအစကို ဖြတ်ကျော်ဖို့ အဖော်တစ်ယောက်ရှိနေရင် သင် ပိုပြီး ခွန်အားရှိလာပါလိမ့်မယ်။

mental heal Counselling Service မှ Professional Counselors များက:
✓ ဘဝရဲ့ အဖိုးတန်ဆုံးသော Core Values (အခြေခံတန်ဖိုးများ) ကို ပြန်လည်ရှာဖွေပေးခြင်း
✓ အနာဂတ်အတွက် စိုးရိမ်စိတ်များကို လက်တွေ့ကျကျ ကိုင်တွယ်နည်းများ ဆွေးနွေးပေးခြင်း
✓ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု (Self-worth) ပြန်လည် တည်ဆောက်ပေးခြင်း
✓ ဘဝရဲ့ အပြောင်းအလဲကာလတွေကို တည်တည်ငြိမ်ငြိမ် ဖြတ်ကျော်နိုင်ဖို့ Support ပေးခြင်း တို့ကို ဆောင်ရွက်ပေးနေပါတယ်။

ဘဝရဲ့ အဓိပ္ပာယ်ကို တစ်ယောက်တည်း ရှာရတာ ပင်ပန်းနေပြီဆိုရင် ကျွန်rတို့ဆီကို လှမ်းလာခဲ့ပါရှင်။
📩 mental heal Page Chat Box မှတစ်ဆင့် Booking Appointment လုပ်နိုင်ပါတယ်ရှင်။
📍 Telegram: https://t.me/mentalheal_mm


မိဘတွေရဲ့ ကြမ်းတမ်းတဲ့ ဆက်ဆံရေး၊ ငယ်စဉ်က ကြုံခဲ့ရတဲ့ လျစ်လျူရှုခံရမှု ဒါမှမဟုတ် အိမ်တွင်းအကြမ်းဖက်မှု စတဲ့ စိတ်ဒဏ်ရာတွေက...
20/03/2026

မိဘတွေရဲ့ ကြမ်းတမ်းတဲ့ ဆက်ဆံရေး၊ ငယ်စဉ်က ကြုံခဲ့ရတဲ့ လျစ်လျူရှုခံရမှု ဒါမှမဟုတ် အိမ်တွင်းအကြမ်းဖက်မှု စတဲ့ စိတ်ဒဏ်ရာတွေက အချိန်တွေကြာသွားပေမဲ့ ပျောက်ကွယ်မသွားဘဲ အခု သင့်ရဲ့ မိသားစုသစ်နဲ့ ဆက်ဆံရေးမှာပါ အရိပ်မည်းလို လိုက်နေသလား? ကိုယ်တိုင် အမုန်းဆုံးဖြစ်ခဲ့တဲ့ မိဘတွေရဲ့ အပြုအမူဆိုးတွေကို ကိုယ့်ရဲ့ ချစ်ရသူတွေအပေါ်မှာ ပြန်လုပ်မိနေတာဟာ သင့်အပြစ် မဟုတ်ပါဘူး။ ဒါဟာ မျိုးဆက်အလိုက် သွေးသားထဲအထိ စီးဆင်းလာတတ်တဲ့ Intergenerational Trauma ရဲ့ သက်ရောက်မှုတွေပဲ ဖြစ်ပါတယ်။

ဒီ Trauma ကြောင့် ခံစားရတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ :
အမြဲတမ်း စိုးရိမ်ထိတ်လန့်နေခြင်း: အဆိုးဆုံးတွေ ဖြစ်လာတော့မလားဆိုတဲ့ ကြောက်စိတ်ကြောင့် ပတ်ဝန်းကျင်ကို အမြဲ သံသယနဲ့ စောင့်ကြည့်နေမိခြင်း။

စိတ်ခံစားချက် မထိန်းချုပ်နိုင်ခြင်း: ဒေါသကို မထိန်းနိုင်ဘဲ ပေါက်ကွဲမိတာ ဒါမှမဟုတ် ဘာမှမခံစားရတော့လောက်အောင် စိတ်တွေ ထုံထိုင်းသွားခြင်း။

ရင်းနှီးမှုကို ကြောက်ရွံ့ခြင်း: တစ်ဖက်လူနဲ့ စိတ်ချင်းနီးကပ်ဖို့ ကြိုးစားတဲ့အခါ စိတ်မလုံခြုံသလို ခံစားရပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ရုန်းထွက်မိခြင်း။

အမြဲ အပြစ်ရှိသလို ခံစားရခြင်): ကိုယ့်ရဲ့ တန်ဖိုးကို နိမ့်ကျတယ်လို့ ယူဆပြီး အကြောင်းမဲ့ အားငယ်နေခြင်း။

ဘာကြောင့် ဒီသံသရာက ရုန်းထွက်ဖို့ ခက်ခဲနေရတာလဲ?
ကျွန်မတို့ရဲ့ ဦးနှောက်ဟာ ငယ်စဉ်က မြင်တွေ့ခဲ့ရတဲ့ ပတ်ဝန်းကျင်ကိုပဲ "ပုံမှန် (Normal)" လို့ မှားယွင်း မှတ်သားထားတတ်ပါတယ်။ ဒါကြောင့် မိဘတွေရဲ့ အမှားကို မလုပ်ဘူးလို့ ဘယ်လောက်ပဲ ဆုံးဖြတ်ထားပါစေ၊ စိတ်ဖိစီးမှု များလာတဲ့အခါမှာတော့ ကိုယ်ကျွမ်းကျင်တဲ့ (ဒါပေမဲ့ မှားယွင်းတဲ့) တုံ့ပြန်မှုပုံစံတွေဆီကို အလိုအလျောက် ပြန်ရောက်သွားတတ်တာပါ။ ဒါဟာ စိတ်ဆန္ဒကြောင့် မဟုတ်ဘဲ နက်ရှိုင်းတဲ့ စိတ်ဒဏ်ရာက လာနေတာ ဖြစ်ပါတယ်။

သံသရာကို ဖြတ်တောက်ခြင်း
ဒီ Chain ကို ဖြတ်တောက်ဖို့ဆိုတာ အခုမျိုးဆက်မှာတင် ရပ်တန့်သွားအောင် ပြုလုပ်နိုင်တဲ့ ရဲရင့်တဲ့ အလုပ်တစ်ခုပါ။ ကိုယ့်ရဲ့ ဒဏ်ရာကို ကုစားခြင်းဟာ ကိုယ့်ကိုယ်ကိုယ်အတွက်တင်မကဘဲ နောင်လာမယ့် သားသမီးတွေအတွက်ပါ ကျန်းမာပျော်ရွှင်တဲ့ ပတ်ဝန်းကျင်တစ်ခုကို လက်ဆောင်ပေးလိုက်တာနဲ့ အတူတူပါပဲ။ "ငါ့တုန်းကတော့ ဒီလိုပဲ ခံခဲ့ရတာပဲ" ဆိုတဲ့ အတွေးထက် "ငါ့သားသမီးတွေကတော့ ဒါမျိုး မခံစားရစေရဘူး" ဆိုတဲ့ ပြောင်းလဲလိုစိတ်ကနေ စတင်ရမှာ ဖြစ်ပါတယ်။

mental heal Counselling Service မှ Professional Counselors များက:
✓ မျိုးဆက်အလိုက် ပါလာတဲ့ Trauma ရဲ့ အရင်းအမြစ်ကို ရှာဖွေပေးခြင်း
✓ အဆိပ်အတောက်ဖြစ်စေသော အပြုအမူပုံစံများကို ပြောင်းလဲရန် ကူညီပေးခြင်း
✓ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ချစ်ခင်လာအောင် (Self-love) ပံ့ပိုးပေးခြင်း
✓ Secure Attachment (ခိုင်မာပြီး ကျန်းမာတဲ့ တွယ်တာမှု) တည်ဆောက်နည်းများကို လေ့ကျင့်ပေးခြင်း တို့ကို ဆောင်ရွက်ပေးနေပါတယ်။

အခုပဲ ဒီ Chain ကို ဖြတ်တောက်ဖို့ အသင့်ဖြစ်ပြီလား?
📩 mental heal Page Chat Box မှတစ်ဆင့် Booking Appointment လုပ်နိုင်ပါတယ်ရှင်။

📍 Telegram: https://t.me/mentalheal_mm


ဖခင်ထံမှရသော စိတ်ဒဏ်ရာ (Father Wound) ရှိနေကြောင်း ပြသနေတဲ့ အဓိက လက္ခဏာများ 🥀ဖခင်တစ်ယောက်က မိသားစုကို စွန့်ခွာသွားတာ၊ ရု...
19/03/2026

ဖခင်ထံမှရသော စိတ်ဒဏ်ရာ (Father Wound) ရှိနေကြောင်း ပြသနေတဲ့ အဓိက လက္ခဏာများ 🥀

ဖခင်တစ်ယောက်က မိသားစုကို စွန့်ခွာသွားတာ၊ ရုပ်ပိုင်းဆိုင်ရာအရ အတူမရှိခဲ့တာမျိုးတွေအပြင် အတူရှိနေပေမဲ့လည်း စိတ်ပိုင်းဆိုင်ရာအရ နွေးထွေးမှုမပေးနိုင်တာ၊ အရမ်းတင်းကျပ်ပြီး အမြဲအပြစ်တင်နေတာမျိုးတွေကနေတဆင့် ကလေးတွေရဲ့ စိတ်ထဲမှာ "Father Wound" ဆိုတဲ့ ဟာလာဟင်းလင်းဖြစ်မှုကြီး ကျန်ရစ်ခဲ့တတ်ပါတယ်။

လူမှုအသိုင်းအဝိုင်းရဲ့ သတ်မှတ်ချက်အရ ဖခင်ဆိုတာ ကာကွယ်စောင့်ရှောက်သူဖြစ်တဲ့အတွက် ဖခင်ဆီက လုံခြုံနွေးထွေးမှုကို မရခဲ့တဲ့အခါ ကြီးလာတဲ့အရွယ်မှာ ဒီလို လက္ခဏာတွေ ပြသလာတတ်ပါတယ်။

၁။ မိမိကိုယ်ကိုယ် တန်ဖိုးထားမှု နည်းပါးခြင်း (Low Self-Esteem)
ဖခင်ဆီက လုံလောက်တဲ့ ဂရုစိုက်မှု မရခဲ့တဲ့အခါ "ငါက အချစ်ခံရဖို့ မတန်ပါဘူး" လို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ပြီး အပြင်ကလူတွေရဲ့ အသိအမှတ်ပြုမှုကို အမြဲဆာလောင်နေတတ်ပါတယ်။

၂။ ခံစားချက်များကို ထိန်းချုပ်ရန် ခက်ခဲခြင်း (Emotional Outbursts)
ငယ်ငယ်ကတည်းက လုံခြုံတဲ့ ပတ်ဝန်းကျင်မရှိခဲ့တာကြောင့် ကြီးလာတဲ့အခါမှာ ဝမ်းနည်းမှု၊ နာကျင်မှုတွေကို ဒေါသအနေနဲ့ ဖုံးကွယ်ပေါက်ကွဲတတ်ပါတယ်။ တချို့ကတော့ ခံစားချက်တွေကို လုံးဝပိတ်ချပြီး ထုံပေပေ နေတတ်ကြပါတယ်။

၃။ အရာရာကို ထိန်းချုပ်ချင်ခြင်း (Controlling Behavior)
ဖခင်ရဲ့ အကာအကွယ် မရခဲ့တဲ့ ကလေးဘဝကြောင့် အရွယ်ရောက်လာတဲ့အခါ အစစအရာရာကို ကိုယ်တိုင် ဝင်ရောက်ထိန်းချုပ်ချင်လာတာ၊ အမှားမခံနိုင်လောက်အောင် စည်းကမ်းကြီးလာတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။

၄။ ဆက်ဆံရေးများတွင် အဆင်မပြေဖြစ်ခြင်း (Trust Issues)
ဖခင်ဆီက မရခဲ့တဲ့ မေတ္တာတွေကို အပြင်က ဆက်ဆံရေးတွေမှာ လိုက်လံရှာဖွေတတ်ပါတယ်။ ကိုယ့်ကို တန်ဖိုးမထားတဲ့ ဆက်ဆံရေး (Toxic Relationships) တွေကို လက်ခံမိတတ်ပြီး လူတွေကို ယုံကြည်ဖို့ အရမ်းခက်ခဲနေတတ်ပါတယ်။

✨ ဒီဒဏ်ရာတွေကို ဘယ်လိုကုစားကြမလဲ ❔

🦋 နာကျင်မှုကို လက်ခံအသိအမှတ်ပြုပါ
ကိုယ်မရခဲ့တဲ့ ဖခင်မေတ္တာ၊ အကာအကွယ်တွေကြောင့် ဖြစ်တည်လာတဲ့ နာကျင်မှုနဲ့ ဒေါသတွေကို ဖုံးကွယ်မထားဘဲ ခံစားခွင့်ပြုလိုက်ပါ။

🦋 ကိုယ့်တန်ဖိုးကို ပြန်လည်သတ်မှတ်ပါ
ကိုယ့်ရဲ့ တန်ဖိုး (Self-worth) ဟာ ဖခင်ဖြစ်သူရဲ့ အသိအမှတ်ပြုမှု၊ ချီးကျူးမှုတွေအပေါ်မှာ မူတည်မနေဘူးဆိုတာကို ကိုယ့်ကိုယ်ကိုယ် အမြဲသတိပေးပါ။

🦋 Healthy Relationship တွေတည်ဆောက်နိုင်အောင် ကြိုးစားပါ။
လူတိုင်းကို ချက်ချင်း မယုံကြည်နိုင်ရင်တောင် ကိုယ့်ကို တကယ်တန်ဖိုးထားပြီး နားလည်ပေးနိုင်တဲ့ သူငယ်ချင်း၊ ချစ်သူတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးလေးတွေ ဖြည်းဖြည်းချင်း တည်ဆောက်ပါ။

မိသားစုစိတ်ဒဏ်ရာတွေနဲ့ ကိုယ်တိုင်ကုစားဖို့ခက်ခဲတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေအတွက် mental heal မှာ အတွေ့အကြုံရှိ Counselor ဆရာ၊ ဆရာမများနဲ့ page messenger ကို ဆက်သွယ်ပြီး counseling services များရယူနိုင်ပါတယ်ရှင်။ 🤍

အတူတူ ကုစားကြစို့ ... mental heal နှင့်အတူ ✨



လူကြီးတွေရဲ့အထီးကျန်စိတ်လူကြီးတွေ (အရွယ်ရလာတဲ့သူတွေ) မှာ ဖြစ်တတ်တဲ့၊ အတူနေမိသားစုဝင်တွေမေ့နေကြတဲ့ စိတ်အခြေနေတစ်ခုရှိပါတယ...
18/03/2026

လူကြီးတွေရဲ့အထီးကျန်စိတ်
လူကြီးတွေ (အရွယ်ရလာတဲ့သူတွေ) မှာ ဖြစ်တတ်တဲ့၊ အတူနေမိသားစုဝင်တွေမေ့နေကြတဲ့ စိတ်အခြေနေတစ်ခုရှိပါတယ်။ အထီးကျန်စိတ် (loneliness) ပါ။ ဒီအထီးကျန်စိတ်က မိသားစုဝင်တွေနဲ့ပုံမှန်နေထိုင်နေသူတွေမှာလည်းရှိတတ်ပါတယ်။ တနည်းဆိုရင် ကိုယ့်ကိုယ်ကိုသိမ်ငယ်လာတဲ့စိတ်လို့ပြောရမယ်ထင်ပါတယ်။ အထီးကျန်စိတ်အမျိုးအစားအမျိုးမျိုးရှိတတ်ပါတယ်။

1️⃣ နားလည်ပေးမယ့်သူမရှိတဲ့ အထီးကျန်မှု
လူကြီးတွေက သူတို့ရဲ့ အတွေ့အကြုံ၊ အတွေးအမြင်တွေကို ပြောချင်တတ်ကြတယ်။
ဒါပေမယ့် မိသားစုတွေ အလုပ်များနေတာ၊ သူတို့ပြောတာကို စိတ်ဝင်စားမှုမရှိတာမျိုးဆိုရင် “ငါ့ကို နားလည်ပေးမယ့်သူမရှိဘူး” လို့ခံစားလာရတတ်ပါတယ်။ ဒါက generation gap (မျိုးဆက်ကွာခြားမှုကြောင့်ဖြစ်တဲ့ အထီးကျန်မှု။

2️⃣ ကိုယ်မလိုအပ်တော့ဘူးဆိုတဲ့ အထီးကျန်မှု
အသက်ကြီးလာလို့ အလုပ်က အနားယူပြီးနောက်မိသားစုက ကိုယ့်အပေါ် မလိုအပ်တော့သလိုခံစားရတတ်တယ်။ “ငါ့အခန်းကဏ္ဍပြီးသွားပြီ၊ ငါကလူပိုဖြစ်နေပြီ” လို့ ထင်လာတတ်တယ်။ မိသားစုက ဒီလိုမထင်ရင်တောင် သူတို့ကိုယ်သူတို့မြင်လာတတ်တာပါ။ တာဝန်မယူပေးနိုင်တော့တာကြောင့်ဖြစ်တဲ့ အထီးကျန်မှု။

3️⃣ မိသားစုထဲမှာတောင် တစ်ယောက်တည်းလို ခံစားရတဲ့ အထီးကျန်မှု
မိသားစုနဲ့အတူနေပေမယ့် လူတိုင်းဖုန်းသုံးနေမယ်၊ အချိန်မပေးနိုင်ဘူးဆို တစ်အိမ်ထဲမှာအတူရှိလဲပဲ အထီးကျန်နေသလို ခံစားရတတ်တယ်။ Emotional connection မရှိတော့လို့ဖြစ်တဲ့ အထီးကျန်မှု။

4️⃣ အတိတ်ကိုပဲ ပြန်တွေးရင်း ဖြစ်လာတဲ့ အထီးကျန်မှု
လူကြီးတွေမှာ အရင်သူငယ်ချင်းတွေ မရှိတော့တာ၊ အချို့ဆုံးရှုံးမှုတွေများလာတာ (မိတ်ဆွေ၊ မိသားစု) ကြောင့် အတိတ်အမှတ်တရတွေထဲမှာပဲ နေရတတ်တယ်။ Social circle လျော့သွားလို့ဖြစ်တဲ့ အထီးကျန်မှု။

5️⃣ ကိုယ့်ခံစားချက်တွေ မပြောနိုင်တဲ့ အထီးကျန်မှု
လူကြီးအချို့က “ငါပြောရင် သူတို့ကိုဝန်လေးစေမယ်”၊ “လူငယ်တွေနားမလည်နိုင်ဘူး” လို့ထင်ပြီး ခံစားချက်ကိုမြိုသိပ်ထားတတ်တယ်။ Emotional suppression ခံစားချက်ဖိထားတာကြောင့်ဖြစ်တဲ့ အထီးကျန်စိတ်။

💡 အထီးကျန်မှုကိုဖြစ်စေတဲ့ အဓိကအကြောင်းရင်းတွေကတော့
• အသက်အရွယ်ကြောင့် social circle လျော့သွားခြင်း
• မိသားစုအချိန်လျော့သွားခြင်း
• နားလည်ပေးမယ့်သူ မရှိခြင်း
• ကိုယ့်အခန်းကဏ္ဍ ပြောင်းသွားခြင်း
ဒီအချက်တွေဖြစ်ပါတယ်။ တခြားအကြောင်းရင်းတွေလည်းရှိနိုင်ပါသေးတယ်။

အသက်ကြီးရတာ မလွယ်ဘူးဆိုတာ ကျွန်မတို့အားလုံးသိကြပါတယ်။ ဒါဆို လူကြီးတွေအတွက်ရော လွယ်နိုင်ပါ့မလားနော်။ ကိုယ့်အိမ်က လူကြီးတွေကို ကိုယ်ဘယ်လိုပြုမူနေလဲ၊ အပြုမူသေးသေးလေးတွေက သူတို့စိတ်ကို အမျိုးမျိုးပြောင်းလဲစေနိုင်တယ်ဆိုတာ သတိရရဲ့လား။ နည်းနည်းလေး ဂရုစိုက်ပေးရင်ပိုပျော်တတ်ကြပြီး နည်းနည်းလေးလျစ်လျူရှုခံရရင် ထိခိုက်လွယ်လာကြတဲ့လူကြီးတွေရယ်လေ။

မိသားစုဝင်တွေ၊ ချစ်ရသူနဲ့ သူငယ်ချင်းတွေကြားမှာ တစ်ဦးနဲ့တစ်ဦး စိတ်ပိုင်းဆိုင်ရာကူညီပံ့ပိုးမှု (emotional support) ပေးနိုင်ဖို့၊ စိတ်ဒဏ်ရာတွေကုစားကျော်လွှားနိုင်ဖို့ mental heal ရဲ့ “Thank You Loved Ones” campaign လေးမှာပါဝင်ဖို့ဖိတ်ခေါ်ပါတယ်နော်။
💡 https://www.facebook.com/share/p/1AwuXV7est/?mibextid=wwXIfr

ကိုယ်တိုင်ကုစားဖို့ခက်ခဲတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေအတွက် mental heal မှာ အတွေ့ကြုံရှိ ဆရာ၊ ဆရာမများနဲ့ page messenger ကို ဆက်သွယ်ပြီး counseling services များရယူနိုင်ပါတယ်ရှင်။ 🤍

အတူတူကုစားကြစို့ … mental heal နှင့်အတူ။ ✨



‎💌 ရင်ဖွင့်တာတွေကို နားထောင်ပေးမယ့် mental heal 💌‎‎ကျွန်မတို့အားလုံးရဲ့ နေ့စဉ်ဘဝမှာ ရယ်မောနေကြပေမယ့် မျက်နှာဖုံးနောက်ကွယ...
17/03/2026

‎💌 ရင်ဖွင့်တာတွေကို နားထောင်ပေးမယ့် mental heal 💌

‎ကျွန်မတို့အားလုံးရဲ့ နေ့စဉ်ဘဝမှာ ရယ်မောနေကြပေမယ့် မျက်နှာဖုံးနောက်ကွယ်မှာတော့ ဖော်ပြရခက်တဲ့ ပင်ပန်းမှုတွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ ဝမ်းနည်းမှုတွေ ရှိတတ်ကြပါတယ်။
‎"ငါ့အကြောင်းကို တခြားသူသိသွားရင် ဘယ်လိုထင်မလဲ?" ဒါမှမဟုတ် "ငါပြောတာကို တကယ်ရော နားလည်ပေးနိုင်ပါ့မလား?" ဆိုတဲ့ အတွေးတွေကြောင့်ပဲ ရင်ထဲက စကားတွေကို မြိုသိပ်ထားရင်း စိတ်ဒဏ်ရာတွေက ပိုမိုနက်ရှိုင်းလာတတ်ပါတယ်။

‎🌿 လူတစ်ယောက်အတွက် အကြီးမားဆုံး ကုသမှု (Healing) ဟာ "စစ်မှန်တဲ့ နားထောင်ပေးသူ" ရှိနေခြင်းပါပဲ။ ဆုံးမဩဝါဒတွေ ပေးနေတာ၊ အမှားအမှန် ဝေဖန်နေတာတွေထက် "မင်းရဲ့ ခံစားချက်ကို ငါတို့ နားလည်တယ်" ဆိုတဲ့ နွေးထွေးမှုက စိတ်ကို အေးချမ်းစေပါတယ်။ ဒါကြောင့် စိတ်ထဲမှာ တစ်ယောက်တည်း ကြိတ်မှိတ်ခံစားနေရတာတွေ၊ ဘယ်သူ့ကိုမှ ပြောပြလို့မရတဲ့ မွန်းကြပ်မှုတွေကို မျှဝေဖို့ နေရာလေးတစ်ခု လိုအပ်နေပြီဆိုရင်တော့ mental heal က အမြဲ ရှိနေပါတယ်နော်။

‎✨ mental heal မှာ ဘာတွေ ရနိုင်မလဲ ❓

‎▫️ တုံ့ပြန်မှုကင်းတဲ့ နားထောင်ခြင်း (Non-judgmental Listening)

‎တစ်ဖက်လူ ဘာပဲပြောပြော၊ ဘယ်လိုပဲ ခံစားနေရပါစေ ဝေဖန်တာတွေ၊ စီရင်ချက်ချတာတွေ မလုပ်ဘဲ စိတ်ရှည်လက်ရှည် နားထောင်ပေးပါတယ်။

‎▫️ လုံခြုံမှုရှိခြင်း (Safe Space)

‎တစ်ဦးတစ်ယောက်ချင်းစီရဲ့ လျှို့ဝှက်ချက် နဲ့ ခံစားချက်တွေကို အလေးထားပြီး အလုံခြုံဆုံး ထိန်းသိမ်းပေးနိုင်မှုကတော့ mental heal ဘက်က 100% အာမခံနိုင်ပါတယ်။

‎▫️ စိတ်ပေါ့ပါးသွားခြင်း (Emotional Release)

‎ရင်ထဲမှာ အနည်ထိုင်နေတဲ့ အရာတွေကို ထုတ်ပြောလိုက်ရုံနဲ့တင် စိတ်ဖိစီးမှု ၅၀% ကျော် လျော့ကျသွားနိုင်ပါတယ်။

‎🌱 "စကားလုံးတွေက ကုသနိုင်စွမ်းရှိသလို၊ နားထောင်ပေးခြင်းကလည်း အသက်ကို ကယ်တင်နိုင်ပါတယ်။" ဒီစကားလေးအတိုင်းပဲ mental heal ဘက်ကနေ ရင်ဖွင့်သမျှ အရာအားလုံးကို နားထောင်ပေး၊ အကြံပေး၊ နှစ်သိမ့်ပေးရင်း ကြုံတွေ့နေရတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို အတူတူ ကျော်လွှားနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

📮 ‎ဒါကြောင့် ဘာပြဿနာပဲဖြစ်ဖြစ် ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာကို သတိရပေးပါ။ စိတ်ထဲမှာ အရမ်းလေးလံနေတဲ့အခါ ကျွန်မတို့ရဲ့ နွေးထွေးပြီး လုံခြုံတဲ့ ရပ်ဝန်းလေးဖြစ်တဲ့ mental heal ကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်နော်။

ကိုယ်တိုင်ကုစားဖို့ခက်ခဲတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေအတွက် mental heal မှာ အတွေ့ကြုံရှိ ဆရာ၊ ဆရာမများနဲ့ page messenger ကို ဆက်သွယ်ပြီး counseling services များရယူနိုင်ပါတယ်ရှင်။ 🤍



Address

Yangon

Opening Hours

Monday 10:00 - 22:00
Tuesday 10:00 - 22:00
Wednesday 10:00 - 22:00
Thursday 10:00 - 22:00
Friday 10:00 - 22:00
Saturday 10:00 - 22:00
Sunday 10:00 - 22:00

Telephone

+959781201762

Website

Alerts

Be the first to know and let us send you an email when mental heal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to mental heal:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram