mental heal

mental heal Home where you feel loved, appreciated & safe - Your Mental Health Service It was hosted by Myanmar Young Entrepreneur Association (MYEA) and EWC2020.

About Us

“mental heal” is a social enterprise for delivering effective mental health awareness and online/offline counseling/therapy services to university students and white-collar workers. We connect the people who need mental care with the right and trusted professionals including counselors, psychologists, psychiatrists, career, and life coaches who understand and guide them through completely confidential individual sessions. Counseling and therapy services that we currently offer are ‘PTSD, OCD, Depression, Anxiety, Stress Management, Anger Management, Relationship, Emotional Wellness, and Career’ mainly. Success Stories

We received the “Honorable Mention Award” from Myanmar Youth Technopreneurship Development Program (MYTDP) held by Myanmar Computer Federation (MCF) and MPT. In August 2020, our team also participated in the Entrepreneurship World Cup 2020 and achieved as the “National Shortlisted Applicant”.

2026 အတွက် ဘာတွေ ပြင်ဆင်ပြီးပြီလဲ ❓‎‎2025 တစ်နှစ်တာလုံးမှာ ကိုယ်ကြုံတွေ့ခဲ့ရသမျှ အခက်အခဲ ပြဿနာတွေကနေတဆင့် ဘယ်လို သင်ခန်း...
29/12/2025

2026 အတွက် ဘာတွေ ပြင်ဆင်ပြီးပြီလဲ ❓

‎2025 တစ်နှစ်တာလုံးမှာ ကိုယ်ကြုံတွေ့ခဲ့ရသမျှ အခက်အခဲ ပြဿနာတွေကနေတဆင့် ဘယ်လို သင်ခန်းစာတွေ၊ အတွေ့အကြုံတွေ ရခဲ့လဲဆိုတာ analysis လုပ်ရမယ့် အချိန် ရောက်လာပါပြီ။

‎Self analysis လုပ်တာဟာ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာမှာ ဖြစ်တတ်တဲ့ အပြုအမူ၊ အတွေးအခေါ်၊ စိတ်ခံစားချက်တွေ အားလုံးကို တိုးတက် ကောင်းမွန်လာဖို့အတွက် မဖြစ်မနေ လုပ်ပေးသင့်တဲ့ အရာတစ်ခုပါပဲ။

‎ဒီတော့ 2026 ကို မရောက်ခင် 2025 မှာ ရည်မှန်းချက်တွေ၊ ပန်းတိုင်တွေ၊ စိတ်ကူး အိမ်မက်တွေ အကောင်အထည်ဖော်ဖြစ်ခဲ့ကြလား (ဒါမှမဟုတ်) ကိုယ့်အတွက် စိတ်ပိုင်းဆိုင်ရာမှာ အရင်ကထက် ပိုကောင်းမွန်တဲ့ အရာလေးတွေကို ပြောင်းလဲနိုင်ခဲ့ပြီလား ဆိုတာကို အချိန် 10 မိနစ်လေးပေးပြီး self analysis လုပ်ကြည့်ရအောင်နော်။

‎တစ်နှစ်တာလုံးမှာ ကိုယ့်အနေနဲ့ စိတ်တိုင်းကျပြီး အားရခဲ့တဲ့ ပြောင်းလဲမှုက ဘာဖြစ်မလဲ ❓

‎စိတ်ပိုင်းဆိုင်ရာ နဲ့ ရုပ်ပိုင်းဆိုင်ရာမှာ ဘယ်လောက်ထိ တိုးတက် ပြောင်းလဲ နိုင်ခဲ့လဲ ❓

‎ကိုယ့်ရဲ့အနားမှာ ချစ်ရတဲ့သူတွေ ရှိသေးရဲ့လား ❓

‎သူတို့တွေအတွက်ရော ကိုယ် ဘယ်လောက်ထိ ကူညီဖေးမခဲ့ဖူးလဲ ❓

‎အဆင်မပြေမှုတွေကြားထဲကနေ ကိုယ့်ကိုကိုယ် ဘယ်လို သင်ခန်းစားယူပြီး overcome လုပ်ခဲ့လဲ ❓

‎ခုလိုမျိုး တစ်နှစ်စာလုံးအတွက် self analysis လုပ်လိုက်တဲ့အခါ ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်တွေ မြင်လာပြီး 2026 အတွက် ကြိုတင်ပြင်ဆင်ဖို့အတွက် လမ်းကြောင်းတွေ ပေါ်လာပါလိမ့်မယ်။ self analysis လုပ်ပေးခြင်းအားဖြင့် ကိုယ် သတိမထားမိတဲ့ အပြုအမူ (ဒါမှမဟုတ်) အောင်မြင်မှု သေးသေးလေးတွေကို မြင်မိလာပါလိမ့်မယ်။ ဒါကြောင့် တစ်လမှာ တစ်ခါဖြစ်ဖြစ်၊ တစ်နှစ်မှာ တစ်ခါလောက်ဖြစ်ဖြစ် ကိုယ့်ကိုကိုယ် self analysis လုပ်သင့်ပါတယ်။

‎2025 နှစ်ကုန်ခါနီးမှာ ကိုယ့်ကိုကိုယ် self analysis လုပ်ကြည့်ပြီး 2026 မှာ ပိုမိုကောင်းမွန်တဲ့ better version အဖြစ် ပြောင်းလဲနိုင်ဖို့ mental heal Team နဲ့အတူ ကြိုးစားကြရအောင်နော်။ 🎉🤍

‎📮 စိတ်ပိုင်းဆိုင်ရာ အကြောင်းအရာတွေကို ကိုယ်ကိုတိုင် မဖြေရှင်းတတ်တဲ့အခါ တတ်သိနားလည်တဲ့ Counselor တွေနဲ့အတူ mental heal Chat Box ကနေတဆင့် Counselling service ယူပြီး ပိုကောင်းမွန်တဲ့ Lifestyle အသစ်တစ်ခုကို ဖန်တီးလို့ရနေပါပြီ။ 🌟

‎ဒါ့အပြင် mental heal ကနေ ဝေမျှပေးနေတဲ့ ဗဟုသုတအကြောင်းအရာတွေကို Telegram channel မှာလည်း ဖတ်ရှုလို့ရနေပါပြီ။

‎📍 https://t.me/mentalheal_mm




စိုးရိမ်ပူပန်မှုအတွက် 'ကုထုံး' (Therapy) ဆိုတာ ဘာလဲ? ဝန်ခံရရင် မြန်မာ့လူ့အဖွဲ့အစည်းမှာ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေအတွက်...
27/12/2025

စိုးရိမ်ပူပန်မှုအတွက် 'ကုထုံး' (Therapy) ဆိုတာ ဘာလဲ?

ဝန်ခံရရင် မြန်မာ့လူ့အဖွဲ့အစည်းမှာ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေအတွက် အကူအညီတောင်းခံတာ ကို ရှက်စရာ (ဒါမှမဟုတ်) အားနည်းချက်တစ်ခုလို မြင်နေကြပါသေးတယ်။ စိတ်ပူပန်မှု၊ စိတ်ဖိစီးမှုတွေ များလာရင်တောင် 'ခဏပါပဲ၊ ကိုယ့်ဘာသာ ကျော်ဖြတ်နိုင်ရမယ်' လို့ တွေးပြီး တစ်ယောက်တည်း ရင်ဆိုင်နေရသူတွေ အများကြီးပဲ။
ဒါပေမယ့် ခန္ဓာကိုယ်ဖျားရင် ဆရာဝန်ပြသလိုပဲ၊ စိတ်ပူပန်မှုတွေ များလာရင်လည်း ကျွမ်းကျင်သူနဲ့ တိုင်ပင်တာဟာ လုံးဝ ပုံမှန်ကိစ္စပါ။ အဲဒါကိုပဲ အများစုက 'Therapy' (ကုထုံး/တိုင်ပင်ဆွေးနွေးမှု) လို့ ခေါ်ကြတာပေါ့။

'ကုထုံး' ဆိုတာ ရူးသွပ်သူတွေအတွက်လား? 🤔
လုံးဝမဟုတ်ပါဘူး!
Therapy ဆိုတာ အေးချမ်းတဲ့နေရာလေးတစ်ခုမှာ သင့်ရဲ့ အတွေးတွေ၊ ခံစားချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကျွမ်းကျင်တဲ့ အတိုင်ပင်ခံ (Counselor/Therapist) နဲ့ ပွင့်ပွင့်လင်းလင်း ပြောဆို ဆွေးနွေးတာပဲ ဖြစ်ပါတယ်။
* ဒါဟာ ကိုယ့်ကို စီရင်ဆုံးဖြတ်တာ၊ အပြစ်တင်တာမျိုး မဟုတ်ဘူး။
* ကိုယ့်ရဲ့ လျှို့ဝှက်ချက်တွေကို အခြားသူတွေကို ပြန်ပြောပြမှာ မဟုတ်ဘူး။
* 'ဆေး' ထိုး၊ 'ဆေး' တိုက်တာမျိုးလည်း မဟုတ်ဘဲ၊ ကိုယ့်စိတ်ထဲက ရှုပ်ထွေးနေတဲ့ ကြိုးထုံးတွေကို ကိုယ့်ဘာသာ ဖြေရှင်းနိုင်အောင် လမ်းပြပေးတာပါ။
စိုးရိမ်ပူပန်မှုတွေကနေ ရုန်းထွက်ပြီး ပိုကောင်းတဲ့ ဘဝကို ပိုင်ဆိုင်ဖို့အတွက် Therapy က အထောက်အကူပြုပေးပါတယ်။ အကူအညီတောင်းခံခြင်းဟာ အားနည်းခြင်းမဟုတ်ဘဲ၊ သတ္တိရှိခြင်းရဲ့ လက္ခဏာ ဖြစ်ပါတယ်။

ကုထုံးယူဖို့ အဆင်သင့်မဖြစ်သေးရင်တောင် လက်တွေ့အသုံးပြုလို့ရတဲ့ နည်းလမ်းတိုလေး ၂ ခုကို မျှဝေပေးချင်ပါတယ်။

၁။ 📝 'စိတ်ပူစာရင်း' ကို ချရေးပါ။
ညအိပ်ရာဝင်ခါနီး စိတ်ပူစရာတွေ ဝင်လာပြီဆိုရင် အဲဒီစိတ်ပူစရာတစ်ခုချင်းစီကို စာရွက်ပေါ်မှာ ခေါင်းစဉ်တပ်ပြီး ချရေးလိုက်ပါ။ ပြီးရင် စာရွက်ကို အိပ်ရာနားက စားပွဲပေါ်မှာ တင်ထားခဲ့ပါ။ ဒါက ဦးနှောက်ကို "ဒီကိစ္စတွေကို မနက်မှ စဉ်းစားမယ်၊ အခုတော့ နားတော့မယ်" လို့ ပြောလိုက်သလိုပါပဲ။

၂။ 🎶 ၅-မိနစ် သီချင်းကုထုံး
စိတ်ဖိစီးမှု မြင့်တက်လာတဲ့အခါ စိတ်ခံစားချက်ကို မြန်မြန်ဆန်ဆန် ပြောင်းလဲပေးနိုင်တဲ့ အရာတစ်ခုရှိတယ်—အဲဒါကတော့ ဂီတ ပါပဲ။
* အကြိုက်ဆုံး သီချင်းတစ်ပုဒ်ကို ဖွင့်ပါ: ဒီသီချင်းဟာ ကိုယ့်ကို စိတ်သက်သာရာရစေတဲ့၊ ပျော်ရွှင်စေတဲ့ သို့မဟုတ် အားအင်ပြန်ဖြစ်စေတဲ့ သီချင်းမျိုး ဖြစ်ရပါမယ်။
* အသံကို နည်းနည်းမြှင့်ပါ: သီချင်းရဲ့ စည်းချက်၊ တေးသွားနဲ့ စာသားတွေပေါ်မှာ အာရုံအပြည့်အဝ ပေးလိုက်ပါ။
* ကိုယ်ပါ လိုက်လှုပ်ပါ: သီချင်းရဲ့ စည်းချက်အတိုင်း ခြေထောက်ကို လိုက်ခါတာ၊ လက်ခုပ်တီးတာ ဒါမှမဟုတ် တီးလုံးအတိုင်း ခေါင်းငြိမ့်တာမျိုး လုပ်ပေးပါ။ ဖြစ်နိုင်ရင် ထပြီး လှုပ်ရှားလိုက်ပါ။
ရုတ်တရက် အာရုံပြောင်းလဲသွားတဲ့အခါ စိတ်ပူပန်မှုတွေက ခဏတာဖြစ်ဖြစ် မှေးမှိန်သွားတတ်ပါတယ်။ သီချင်းနားထောင်ခြင်းဟာ စိတ်ခံစားချက်ကို အမြန်ဆုံးမြှင့်တင်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုပါ။
ဒီလို နည်းလမ်းလေးတွေဟာ ယာယီအားဖြင့် ကူညီပေးနိုင်ပေမယ့် စိုးရိမ်ပူပန်မှုတွေက ကိုယိ့ဘဝကို အကြာကြီး ထိခိုက်နေပြီဆိုရင်တော့ အမြစ်ကနေ ကုစားဖို့ လိုအပ်ပါတယ်။

Counseling session ယူခြင်းဟာ...
* အရင်းအမြစ်ကို ရှာပေးပါလိမ့်မယ်: ဒီစိတ်ပူပန်မှုတွေ ဘယ်ကနေ စတာလဲ၊ ဘာကြောင့် ဖြစ်နေတာလဲဆိုတာကို နားလည်အောင် ကူညီပေးပါလိမ့်မယ်။
*စိတ်ဖိစီးမှုတွေကို ကိုင်တွယ်တဲ့ အလေ့အကျင့်ကောင်းတွေကို စနစ်တကျ လေ့ကျင့်နိုင်ပါလိမ့်မယ်။
* ဘက်မလိုက်တဲ့ အမြင်ကို ရပါလိမ့်မယ်: သူငယ်ချင်း၊ မိသားစု မဟုတ်တဲ့အတွက် ကိုယိ့ရဲ့ ပြဿနာကို ဘက်မလိုက်ဘဲ တိကျတဲ့ ပညာရှင်အမြင်နဲ့ ပြန်ကြည့်နိုင်ပါလိမ့်မယ်။

တစ်ယောက်တည်း မျိုသိပ်ပြီး အားယူနေတာထက်၊ စိတ်ပူပန်မှုတွေကို စနစ်တကျနဲ့ လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်မှာ ဖွင့်ဟပြီး ဖြေရှင်းဖို့အတွက် တစ်ယောက်ချင်းစီ Counseling Session ယူချင်ရင် mental heal Page chat box မှာမေးမြန်းနိုင်ပါတယ်နော်။ 💙


🎄Merry Christmas to you all! 🎄 ပျော်ရွှင်စရာ ခရစ္စမတ်နေ့လေးမှာ ချစ်ခြင်းမေတ္တာတွေနဲ့ နွေးထွေးပျော်ရွှင်ပါစေကြောင်း … 💌me...
25/12/2025

🎄Merry Christmas to you all! 🎄

ပျော်ရွှင်စရာ ခရစ္စမတ်နေ့လေးမှာ ချစ်ခြင်းမေတ္တာတွေနဲ့ နွေးထွေးပျော်ရွှင်ပါစေကြောင်း … 💌

mental heal မိသားစုမှ 🤶🎅




အနာဂတ်အတွက် စိုးရိမ်ပူပန်စိတ် အနာဂတ်ဆိုတာ မမြင်နိုင်သလို မခန့်မှန်းနိုင်တဲ့ အရာဖြစ်ပါတယ်။ ဒီမသေချာမှုတွေကြောင့် လူတော်တေ...
24/12/2025

အနာဂတ်အတွက် စိုးရိမ်ပူပန်စိတ်

အနာဂတ်ဆိုတာ မမြင်နိုင်သလို မခန့်မှန်းနိုင်တဲ့ အရာဖြစ်ပါတယ်။ ဒီမသေချာမှုတွေကြောင့် လူတော်တော်များများဟာ “မနက်ဖြန်ဘယ်လိုဖြစ်မလဲ” ဆိုတဲ့ အတွေးနဲ့ စိုးရိမ်စိတ်တွေကို ခံစားနေရပါတယ်။ စိုးရိမ်တာက သဘာဝဖြစ်ပေမယ့်၊ အလွန်အကျွံဖြစ်လာရင် စိတ်ကျန်းမာရေးနဲ့ ဘဝအရည်အသွေးကို ထိခိုက်စေနိုင်ပါတယ်။

အနာဂတ်အတွက် စိုးရိမ်စိတ် ဖြစ်လာရတဲ့ အကြောင်းရင်းများ
၁။ မသေချာမှု (Uncertainty)
အလုပ်အကိုင်၊ ငွေကြေး၊ ပညာရေး၊ မိသားစုအနာဂတ် စတဲ့ အရာတွေ မသေချာတဲ့အခါ လူတွေဟာ အဆိုးဆုံးဖြစ်နိုင်ခြေကိုသာ အရင်စဉ်းစားတတ်ကြပါတယ်။

၂။ အတိတ်အတွေ့အကြုံဆိုးများ
အရင်က အောင်မြင်မှုမရှိခဲ့တာ၊ လက်လွတ်ဆုံးရှုံးမှုတွေ ကြုံခဲ့ဖူးရင် “နောက်တစ်ခါလည်း ထပ်ဖြစ်မလား” ဆိုတဲ့ ကြောက်ရွံ့စိတ်ကပိုလာတတ်ပါတယ်။

၃။ လူမှုဖိအားနှင့် နှိုင်းယှဉ်မှု (comparison)
အခြားသူတွေရဲ့ အောင်မြင်မှုတွေကို မြင်ရင်း ကိုယ့်ဘဝနဲ့ နှိုင်းယှဉ်မိတာက ကိုယ့်အနာဂတ်ကို ပိုပြီး စိုးရိမ်စေပါတယ်။

၄။ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းခြင်း
“ငါ မလုပ်နိုင်ဘူး” “ငါ မတော်ဘူး” ဆိုတဲ့ အတွေးတွေက အနာဂတ်အပေါ် ယုံကြည်မှုကို လျော့နည်းစေပါတယ်။
စိုးရိမ်စိတ်က
• အိပ်မပျော်ခြင်း
• စိတ်ဖိစီးမှု၊ စိတ်ကျခြင်း
• အာရုံစူးစိုက်မှု လျော့နည်းခြင်း
• လက်ရှိအချိန်ကို မခံစားနိုင်တော့ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

စိုးရိမ်စိတ်ဟာ မဖြစ်သေးတဲ့ အရာတွေကို ကြိုပြီး နာကျင်ခံစားနေရခြင်းတစ်မျိုးဖြစ်ပါတယ်။

စိုးရိမ်စိတ်ကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းများ
၁။ လက်ရှိအချိန်ကို အာရုံစိုက်ပါ
အနာဂတ်အကြောင်း အလွန်စဉ်းစားနေမယ့်အစား “ဒီနေ့ ငါ ဘာလုပ်နိုင်လဲ” ကိုသာ အာရုံစိုက်ပါ။

၂။ ထိန်းချုပ်နိုင်တဲ့ အရာနဲ့ မထိန်းချုပ်နိုင်တဲ့ အရာ ခွဲခြားပါ
မထိန်းချုပ်နိုင်တဲ့ အရာတွေကို စိုးရိမ်နေတာထက်၊ ကိုယ်လုပ်နိုင်တဲ့ အရာတွေကို တစ်ဆင့်ချင်း စီစဉ်လုပ်ဆောင်ပါ။

၃။ အစီအစဉ်သေးသေးလေးတွေ ချမှတ်ပါ
အနာဂတ်အတွက် အစီအစဉ်ကြီးတစ်ခုထက် နေ့စဉ် လုပ်နိုင်တဲ့ ရည်မှန်းချက်သေးသေးတွေက စိတ်ကို ပိုမိုတည်ငြိမ်စေပါတယ်။

၄။ ကိုယ့်ကိုယ်ကို ယုံကြည်မှု တည်ဆောက်ပါ
အရင်က ကိုယ်အောင်မြင်ခဲ့တဲ့ အရာတွေကို ပြန်တွေးကြည့်ပါ။ ကိုယ်ဟာ ထင်ထားတာထက် ပိုမို ခိုင်မာသူဖြစ်ကြောင်း သိလာပါလိမ့်မယ်။

၅။ ထုတ်ပြောပါ
ကိုယ့်စိုးရိမ်မှုတွေကို ယုံကြည်ရတဲ့ မိသားစုဝင်၊ မိတ်ဆွေ ဒါမှမဟုတ် အကြံပေးသူနဲ့ စကားပြောထုတ်ခြင်းက စိတ်ပေါ်ထမ်းထားတဲ့ ဝန်ကို လျော့ချပေးနိုင်ပါတယ်။

အနာဂတ်အတွက် စိုးရိမ်စိတ်ဟာ လူတိုင်းမှာ ဖြစ်တတ်တဲ့ သဘာဝစိတ်ဖြစ်ပါတယ်။ ဒါပေမယ့် အနာဂတ်ကို စိုးရိမ်လွန်းပြီး လက်ရှိမှာမနေနိုင်တော့ရင်တော့ ကိုယ့်ကိုယ်ကို ထိခိုက်စေပါလိမ့်မယ်။ အနာဂတ်ကို အပြည့်အဝ ထိန်းချုပ်လို့ မရပေမယ့်၊ လက်ရှိကိုတော့ ကိုယ်ရွေးချယ်ပြီး နေထိုင်နိုင်ပါတယ်။ လက်ရှိကို ကောင်းကောင်း နေထိုင်နိုင်တာကပဲ အနာဂတ်ကို ကောင်းစေမယ့် အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။

တကယ်လို့ ကိုယ်က အနာဂတ်အတွက်ပူပန်နေရတာများနေပြီး စိတ်ရော၊ ကိုယ်မှာပါ လက္ခဏာတွေပြနေတယ်၊ လက်ရှိမှာနေဖို့ခက်ခဲနေတယ်၊ ကိုယ့်ကိုယ်ကိုထိန်းချုပ်မရဖြစ်နေတယ်ဆိုရင်တော့ mental heal မှာ အတွေ့ကြုံရှိဆရာ၊ ဆရာမများနဲ့ counseling services များရယူဆွေးနွေးနိုင်ပါတယ်ရှင်။

Telegram
https://t.me/mentalheal_mm




အနိုင်ကျင့်ခံရဖူးသူတစ်ယောက်ရဲ့ မပြောဖြစ်တဲ့ ခံစားချက်"ကိုယ့်ကိုယ်ကို ဘယ်သူမှ မလိုအပ်တဲ့သူလို့ ခံစားရတာမျိုး"၊ ဒါမှမဟုတ် ...
23/12/2025

အနိုင်ကျင့်ခံရဖူးသူတစ်ယောက်ရဲ့ မပြောဖြစ်တဲ့ ခံစားချက်

"ကိုယ့်ကိုယ်ကို ဘယ်သူမှ မလိုအပ်တဲ့သူလို့ ခံစားရတာမျိုး"၊ ဒါမှမဟုတ် "ကိုယ့်ပတ်ဝန်းကျင်ကလူတိုင်းက ကိုယ့်ကို ဝေဖန်ဖို့ပဲ ကြည့်နေသလို ထင်ရတာမျိုး"။ အဲ့ဒီ ခံစားချက်တွေဟာ အနိုင်ကျင့်ခံရဖူးသူတွေရဲ့ ရင်ထဲမှာ မကြာခဏ ပဲ့တင်ထပ်နေတဲ့ အသံတွေပါ။
အနိုင်ကျင့်ခံရတယ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတစ်ခုတည်း မဟုတ်ပါဘူး။ အဲဒီထက် ပိုနက်ရှိုင်းပါတယ်။

လူအများစု မြင်အောင် မပြတတ်တဲ့...
🧊အကြောက်တရားနဲ့ မလုံခြုံမှု
ညအိပ်ရာဝင်တိုင်း မနက်ဖြန်မှာ ဘာတွေ ရင်ဆိုင်ရဦးမလဲဆိုပြီး စိုးရိမ်စိတ်က လွှမ်းမိုးနေတတ်တယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ဘယ်သူ့ကိုမှ မယုံကြည်ရဲတော့တဲ့ ခံစားချက်ပေါ့။

🧊ရှက်ရွံ့မှုနဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်ခြင်း
"ငါက အားနည်းလို့လား"၊ "ငါ့မှာ ချို့ယွင်းချက်ရှိလို့လား" ဆိုတဲ့ အတွေးတွေက ကိုယ့်ကိုယ်ကို အလိုလို အပြစ်တင်ဖို့ တွန်းအားပေးနေတတ်တယ်။ တကယ်တမ်းကျတော့ အနိုင်ကျင့်ခံရသူက အပြစ်မရှိဘူး ဆိုတာ မေ့နေတတ်ကြတာ။

🧊ဝမ်းနည်းမှုနဲ့ အထီးကျန်ခြင်း
အပြင်ပန်းမှာ ပြုံးပြနေပေမယ့် အတွင်းထဲမှာတော့ လေဟာနယ်ကြီးလို ခံစားရတယ်။ ဒီဝေဒနာကို ဘယ်သူ့ကိုမှ ဖွင့်ပြောလို့ မရဘူးလို့ ထင်တာနဲ့အမျှ ပိုပြီး တစ်ယောက်တည်း ဖြစ်နေတတ်တယ်။

🧊ဒေါသနဲ့ မွန်းကျပ်မှု
ပြန်ခုခံချင်တဲ့ စိတ်တွေ ရှိနေပေမယ့် မတတ်နိုင်တဲ့အခါ မွန်းကျပ်ပြီး ကိုယ့်ကိုယ်ကိုပဲ ဒေါသထွက်နေတတ်တယ်။ ဒီဒေါသတွေကို ထိန်းချုပ်ဖို့လည်း ခက်ခဲတတ်တယ်။
ဒီခံစားချက်တွေက လူ့စိတ်ရဲ့ ပုံမှန်တုံ့ပြန်မှုတွေပါ။ ရင်ထဲမှာ လေးလံနေတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို အချိန်တစ်ခုကြာအောင် ထမ်းထားခဲ့ပြီး ဒီနာကျင်မှုတွေကနေ ရုန်းထွက်ဖို့ဆိုတာ ခံစားချက်တွေကို ကျန်းမာတဲ့နည်းနဲ့ ထုတ်ဖော်နိုင်ဖို့ လိုပါတယ်။

ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု ပြန်လည် တိုးမြှင့်လာဖို့၊ အတိတ်က အရာတွေကို ကျော်လွှားပြီး ပစ္စုပ္ပန်မှာ အင်အားအပြည့်နဲ့ ရပ်တည်နိုင်ဖို့က ခံစားချက်တွေကို စနစ်တကျ ပြန်လည်ကုစားတဲ့နေရာမှာ အကူအညီဖြစ်စေပါတယ်။

တစ်ခါတလေကျရင် ကိုယ့်ရဲ့ခံစားချက်တွေကို နားလည်ပြီး နားထောင်ပေးနိုင်တဲ့သူ၊ ပြီးတော့ ရှေ့ဆက်ဖို့ နည်းလမ်းမှန်တွေကို ကူညီဆွေးနွေးပေးနိုင်တဲ့ ယူတာကလဲ လိုအပ်ပါတယ်။
အခုလို အခက်အခဲတွေ၊ စိတ်ခံစားချက်တွေ relationship ပြဿနာတွေ တိုင်ပင်ဆွေးနွေးဖို့ mental heal မှာ တစ်ယောက်ချင်းစီ Counseling Session ယူလို့ ရပါတယ်။ Page chat box မှာမေးမြန်းနိုင်ပါတယ်နော်။ 💙

mental heal မှာ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်မှူနဲ့ ဆိုင်တဲ့ စာလေးတွေ အမြဲတင်ပေးနေတာမို့လို့ like & follow လုပ်ထားလို့ ရပါတယ်။

"သောက်လိုက်ရင် ခဏတော့ မေ့သွားတာပဲ" ဆိုတဲ့ နောက်ကွယ်က အမှန်တရားဘဝမှာ ပူလောင်မှုတွေ၊ စိတ်ပျက်အားငယ်စရာတွေ၊ ဒါမှမဟုတ် ပြောမ...
22/12/2025

"သောက်လိုက်ရင် ခဏတော့ မေ့သွားတာပဲ" ဆိုတဲ့ နောက်ကွယ်က အမှန်တရား

ဘဝမှာ ပူလောင်မှုတွေ၊ စိတ်ပျက်အားငယ်စရာတွေ၊ ဒါမှမဟုတ် ပြောမပြနိုင်တဲ့ စိတ်ဒဏ်ရာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ "ဒီတစ်ခွက်သောက်လိုက်ရင် သုံးလိုက်ရင် ခဏတော့ အေးချမ်းသွားမှာပါ" လို့ ကိုယ့်ကိုယ်ကို နှစ်သိမ့်ဖူးလား?
ဟုတ်ပါတယ်။ အဲဒီအချိန်အတိုင်းအတာတစ်ခုထိတော့ စိတ်ထဲက ခံစားချက်တွေဟာ ထုံထိုင်းပြီး ပေါ့ပါးသွားသလို ခံစားရတယ်။ ဒါပေမဲ့ သတိထားမိလား? အဲဒီ ခဏတာ သက်သာရာရမှုဟာ နောက်ပိုင်းမှာ ပိုကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုး အဖြစ် ပြန်လာနိုင်ပါတယ်။

🤫 ဦးနှောက်ကို လှည့်စားခြင်း
ဒီဖြစ်စဉ်ကို Emotional Numbing (ခံစားချက်ကို ထုံဆေးပေးခြင်း) လို့ ခေါ်နိုင်ပါတယ်။ ဒါက
1. ခဏ သိမ်းထားခြင်း
ပြဿနာကို ဖြေရှင်းတာ မဟုတ်ဘဲ ယာယီ ထည့်ထားတဲ့ သေတ္တာတစ်ခု ဖန်တီးလိုက်တာပါ။ အချိန်ခဏကုန်တာနဲ့ အဲဒီပြဿနာတွေက သေတ္တာအပြင်ကို ပိုအားကောင်းတဲ့ စွမ်းအားနဲ့ ပြန်ထွက်လာပါတယ်။

2. ခံစားချက်ကို တားမြစ်ခြင်း
တကယ်တော့ ခံစားချက်တွေ (ဝမ်းနည်းမှု၊ ဒေါသ၊ စိုးရိမ်စိတ်) တွေက ကိုယ့်ကို "တစ်ခုခုမှားနေပြီနော်၊ ဖြေရှင်းဖို့လိုတယ်" လို့ သတိပေးနေတဲ့ အချက်ပြစနစ် တွေပါ။ အဲဒီစနစ်ကို ပိတ်ပစ်လိုက်တဲ့အခါ ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းတွေပါ အလိုလို ပျောက်ကွယ်သွားနိုင်ပါတယ်။

3. အလေ့အကျင့်ဆိုး
ခက်ခဲတဲ့ ခံစားချက်တစ်ခု ပေါ်လာတိုင်း အရက်/ဆေးဝါးကို အားကိုးမိတဲ့အခါ ဦးနှောက်က "ဒါဟာ အကောင်းဆုံး ဖြေရှင်းနည်းပဲ" လို့ မှတ်ယူသွားပါတယ်။ ဒီတော့ အဲဒီအလေ့အကျင့်ဆိုးကနေ ရုန်းထွက်ဖို့ ပိုခက်လာပါတယ်။
တိုတိုပြောရရင် ခဏတာ မေ့ပစ်လိုက်ခြင်းက အနာကို ဆေးမထည့်ဘဲ ပတ်တီးလှလှလေး ပတ်ထားတာနဲ့ အတူတူပါပဲ။ အနာက အတွင်းထဲမှာ ပိုဆိုးလာနိုင်ပါတယ်။

🔑 ရင်ဆိုင်ဖို့ သတ္တိရှိပါ
ကိုယ့်ရဲ့ စိတ်ဒဏ်ရာကို စစ်မှန်တဲ့ နည်းလမ်းနဲ့ ကုစားဖို့ဆိုတာ ခွန်အားနဲ့ သတ္တိ အများကြီးလိုပါတယ်။ ဒါက ရှက်စရာ၊ အားငယ်စရာ မဟုတ်ပါဘူး၊ တကယ်တော့ ဘဝကို ပြန်လည် ထိန်းချုပ်ဖို့ ကြိုးပမ်းခြင်းပါ။
ရင်ထဲမှာ လေးလံနေတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို အချိန်တစ်ခုကြာအောင် တစ်ယောက်တည်း ထမ်းထားခဲ့မိရင် အဲဒီ ဝေဒနာတွေကို ယာယီ မေ့ပစ်တာထက်၊ အမြစ်ကနေ ရှင်းထုတ်ပစ်ဖို့ လိုအပ်ပါတယ်။

စိတ်ခံစားမှုတွေကို လုံခြုံစွာ ဖော်ထုတ်ပြီး အရက်/ဆေးဝါး မပါဘဲ ပျော်ရွှင် ကျန်းမာစွာ ရှင်သန်နိုင်မယ့် ထိရောက်တဲ့ နည်းလမ်းတွေကို တိုင်ပင်ဆွေးနွေးဖို့ mental heal မှာ တစ်ယောက်ချင်းစီ Counseling Session ယူလို့ ရပါတယ်။ Page chat box မှာမေးမြန်းနိုင်ပါတယ်နော်။ 💙
mental heal မှာ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်မှူနဲ့ ဆိုင်တဲ့ စာလေးတွေ အမြဲတင်ပေးနေတာမို့လို့ like & follow လုပ်ထားလို့ ရပါတယ်။

‎ကိုယ့်ကိုကိုယ် နစ်နာသူ တစ်ယောက်အဖြစ် အမြဲ လိုလို တွေးမိနေတုန်းပဲလား ❓‎‎ပြဿနာတစ်ခုမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိဘဲ အ...
21/12/2025

‎ကိုယ့်ကိုကိုယ် နစ်နာသူ တစ်ယောက်အဖြစ် အမြဲ လိုလို တွေးမိနေတုန်းပဲလား ❓

‎ပြဿနာတစ်ခုမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိဘဲ အပြစ်ရှိသလို ခံစားနေရတာတွေကို Victim Mindset လို့ခေါ်ပါတယ်။ တခါတလေ လူတချို့တွေက Victim Mindset နည်းနဲ့ ပြဿနညတစ်ခုကနေ ရှောင်ပြေးတတ်ကြတာမျိုးလည်း ရှိနိုင်ပါတယ်။ ဥပမာ - ကိုယ့်ကြောင့် ပြဿနာတစ်ခု တက်သွားပေမယ့် လူအများရှေ့မှာ ကိုယ်က ခံလိုက်ရသလို နစ်နာသူအဖြစ် ဟန်ဆောင်ပြီး အဲ့ဒီ ပြဿနာကို တစ်ဖက်လူကို လွှဲချလိုက်တဲ့ အဖြစ်မျိုးလည်း ကြုံဖူးကြမယ်လို့ ထင်ပါတယ်။

‎Victim Mindset ကို များများတွေးလေ ကိုယ့်ရဲ့ မသိစိတ်ကနေ အချောင်ခိုစိတ် (ဒါမှမဟုတ်)
‎comfort zone ထဲကို ရောက်လေ ဖြစ်တတ်ပါတယ်။ တချို့တွေပျတော့လည်း လုပ်ငန်းခွင်မှာ ဖြစ်ဖြစ်၊ တခြားပြင်ပက လူအများနဲ့ ဆက်ဆံရတဲ့အခါ "ငါပဲ အမြဲ ဆူခံနေရတာလား ?" ၊ "ငါ့ကျမှ ဒီလို ပြဿနာတွေပဲ ဖြစ်နေတာလဲ ?" ဆိုတဲ့ ကိုယ့်ကိုကိုယ် နစ်နာသူအဖြစ် အပြစ်တင်တဲ့ အတွေးမျိုး တွေးမိတဲ့အခါ စိတ်ဓာတ်ကျတာ၊ ဝမ်းနည်းတာတွေကနေတဆင့် တခြား စိတ်ပိုင်းဆိုင်ရာတွေကိုပါ ဆိုးဝါးစွာ ထိခိုက်စေနိုင်ပါတယ်။

‎👩🏻‍🏫 လူတစ်ယောက်မှာ Victim Mindset ရှိနေတာက နေထိုင်တဲ့ ပတ်ဝန်းကျင်နဲ့လည်း အများကြီး သက်ဆိုင်ပါတယ်။ ငယ်စဉ် ကလေးဘဝတုန်းက လျစ်လျူရှု ခံရတာတွေ၊ ဂရုစိုက်မခံရတာတွေကြောင့် မသိစိတ်ကနေ ကိုယ့်ကိုကိုယ် နစ်နာသူအဖြစ် ဟန်ဆောင်ပြီး လူအများဆီကနေ ဂရုစိုက်ခံရတဲ့ Attention မျိုး ယူချင်တာလည်း ဖြစ်နိုင်ပါတယ်။

‎ဒါကြောင့် ကိုယ့်အနေနဲ့ "ငါပဲ အမြဲ ခံနေရတာလား ?" ဆိုတဲ့ စိတ်ကို ဖျောက်ပြီး အမြင်ရှုထောင့်ကို ပြောင်းလိုက်တဲ့အခါ အရင်ကထက် ပိုကောင်းမွန်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်မှာဘဲ ဖြစ်ပါတယ်။ ခုလိုမျိုး အမြင်ရှုထောင့်တွေ ပြောင်းလိုက်တဲ့အခါ ကိုယ် အရင်က သတိမထားမိခဲ့တဲ့ အရာတွေကိုလည်း သိနိုင်ပြီး ပြင်ဆင်နိုင်မယ့် အခွင့်အရေးလည်း ရှိသလို စိတ်ထဲ သိသိသာသာ အဆင်ပြေလာပါလိမ့်မယ်။

‎Victim Mindset ရှိတာကို ကိုယ့်ကိုကိုယ် ဘယ်လို ပြုပြင်ရမလဲ ❓

‎☑️ အတွေးအမြင်ကို ပြောင်းလဲပစ်ပါ။

‎ပြဿနာတစ်ခု ဖြစ်တာနဲ့ "ငါ့ကျမှ ဘာလို့ဖြစ်တာလဲ" ဆိုတဲ့ အတွေးမျိုးကို ဖျောက်ပြီး "ဒါကို ဘယ်လို လုပ်ရမလဲ" ဆိုတာကို တွေးရပါမယ်။

‎☑️ တာဝန်ယူပါ။

‎ကိုယ့်ရဲ့ role နဲ့ power ကို သိပြီးတာနဲ့ ဘယ်ကိစ္စကိုမဆို ကိုယ့်ကြောင့် ပြဿနာဖြစ်မှာကို ကြောက်ပြီး ရှောင်ပြေးတာမျိုး မလုပ်ဘဲတာဝန်ယူချင်စိတ်၊ ဖြေရှင်းချင်စိတ် ရှိဖို့ လိုပါတယ်။

‎☑️ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ။

‎Victim Mindset ရှိတဲ့လူတွေတော်တော်များများက self-care အားနည်းကြပါတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် ကြင်နာ၊ ခွင့်လွတ်ပြီး အသိအမှတ်ပြုတတ်ရင် အပြစ်တင်စိတ်ဝင်လာဖို့က ရာခိုင်နှုန်းနည်းသွားပါတယ်။

‎📮 ကိုယ်နေတဲ့ ပတ်ဝန်းကျင်က လျစ်လျူရှုတယ်၊ အပြစ်တင်တတ်တယ်ဆိုရင်တော့ အဲ့ဒီကနေ ရုန်းထွက်သင့်ပါတယ်။ ခုလိုမျိုးVictim Mindset နဲ့ ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာ အကြောင်းအရာတွေကို ကိုယ်ကိုတိုင် မဖြေရှင်းတတ်တဲ့အခါ တတ်သိနားလည်တဲ့ Counselor တွေနဲ့အတူ mental heal Chat Box ကနေတဆင့် Counselling service ယူပြီး ပိုကောင်းမွန်တဲ့ Lifestyle အသစ်တစ်ခုကို ဖန်တီးကြရအောင်နော်။ 🤍

‎ဒါ့အပြင် mental heal ကနေ ဝေမျှပေးနေတဲ့ ဗဟုသုတအကြောင်းအရာတွေကို Telegram channel မှာလည်း ဖတ်ရှုလို့ရနေပါပြီ။

‎📍 https://t.me/mentalheal_mm




🔥 Psychological First Aid (PFA) Training – အခြေခံသင်တန်း Batch 3🔥 သင်တန်းလေး mental heal မှာ ရှိနေတယ်ဆိုတာ သိပြီးပြီလား?...
20/12/2025

🔥 Psychological First Aid (PFA) Training – အခြေခံသင်တန်း Batch 3🔥 သင်တန်းလေး mental heal မှာ ရှိနေတယ်ဆိုတာ သိပြီးပြီလား?

“အရေးကြီးအခြေအနေတွေမှာ ကိုယ့်အနားကသူတွေကို ကူညီဖို့အတွက် ကိုယ်တိုင်သင်ယူဖို့ လိုအပ်နေချိန် — ဒီသင်တန်းက မိမိအတွက် ဖြစ်ပါတယ်”
😔 မိသားစု၊ သူငယ်ချင်း၊ ပတ်ဝန်းကျင်ထဲကလူတစ်ဦး တစ်ယောက် စိတ်ဒဏ်ရာ ခံစားနေရတယ်လို့ မိမိကြုံဖူးပါသလား?
👉 မိမိမသိသလောက် ဘယ်လို ကူညီရမလဲ မသိမိဘဲ လက်မဲ့ဖြစ်သွားဖူးပါသလား?

ဒီ Training က အခြေခံ PFA နည်းလမ်းတွေနဲ့ အရေးကြီး အခြေအနေတွေမှာ စိတ်ပိုင်းဆိုင်ရာ အကူအညီပေးနိုင်ဖို့ စတင်သင်ပေးမယ့် သင်တန်းပါ။

သင်ယူရမည့် အကြောင်းအရာ အကျဉ်းချုပ်
🎯 PFA (စိတ်ပိုင်းဆိုင်ရာ ပထမအကူအညီ) အဓိက အဆင့်များကို နားလည်စေမယ်
🎯 စိတ်ဒဏ်ရာခံစားနေရသူတွေအတွက် ဘယ်လို တုံ့ပြန်ပေးမလဲ ဆိုတာ သင်ယူစေမယ်
🎯 အရေးပေါ်အခြေအနေတွေမှာ နည်းလမ်းမှန်နဲ့ Support ပေးနိုင်အောင် လေ့လာစေမယ်
🎯 ကိုယ်တိုင် Burnout မဖြစ်စေရန် Self-care အခန်းလေး တစ်ခန်း ပါဝင်မယ်

👥 တက်ရောက်သင့်သူများ
>> အရေးပေါ်အခြေအနေအတွင်းမှာ တုံ့ပြန်ပေးဖို့လိုသူများ
>> စိတ်ဒဏ်ရာခံစားရစရာအခြေအနေတွေကို တွေ့ကြုံရတဲ့ ပတ်ဝန်းကျင်ရှိသူများ
>> Community leaders, volunteers, youth leaders, social workers, NGO/CSO ဝန်ထမ်းများ
>> စိတ်ဖိစီးမှူ၊ စိတ်ဒဏ်ရာများ သက်ရောက်မှူ ခံရတဲ့ မိသားစုဝင်၊ သူငယ်ချင်း၊ ကိုယ့်အနားသူတွေကို ကူညီချင်သူတိုင်း

📅 နေ့ရက် – ၂၇.၁၂.၂၅၊ ၂၈.၁၂.၂၅ (စနေ၊ တနင်္ဂနွေ)
⏰ အချိန် - မြန်မာချိန် ည ၇-၉ နာရီ
📍 နေရာ – Zoom platform (online)
💰 အခကြေးငွေ – ၃၈,၀၀၀ မြန်မာကျပ်

သင်တန်းလေးကို December ၂၃ ရက်နေ့ မတိုင်ခင် အပ်မယ်ဆိုရင် Early bird discount အနေနဲ့ ၃၅,၀၀၀ ကျပ် နဲ့ အပ်နိုင်မှာ ဖြစ်ပါတယ်ရှင်။

✨ ဒီသင်တန်းလေးကို တက်ရောက်ပြီးတော့ ကိုယ်ကိုတိုင်နဲ့ ဘေးနားက သူတွေကို ကာကွယ်ပေးဖို့ စနစ်တကျ သင်ယူနိုင်ပါပြီ။ ✨

သင်တန်းလေးကို တက်ရောက်ဖို့အတွက် အောက်က အောက်က registration form လေးကို ဖြည့်ပြီး mental heal with you page chat box မှာလဲ အကြောင်းကြားပေးပါနော်။ 💙

✅Registration Form
https://forms.gle/pnDiK4pYa6xmpxrj9

Emotional Intelligence ကွာခြားမှုရဲ့ ပြဿနာတစ်ခါတလေကျရင် အလုပ်တွဲလုပ်ရတဲ့သူ၊ ချစ်သူရည်းစား၊ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ စက...
19/12/2025

Emotional Intelligence ကွာခြားမှုရဲ့ ပြဿနာ

တစ်ခါတလေကျရင် အလုပ်တွဲလုပ်ရတဲ့သူ၊ ချစ်သူရည်းစား၊ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ စကားပြောရတာဟာ မတူညီတဲ့ ဘာသာစကားနှစ်မျိုး ပြောနေရသလို ခံစားရပါတယ်။ ဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းရင်းတစ်ခုကတော့ Emotional Intelligence (EQ) ကွာခြားမှု ပါပဲ။

အချင်းချင်းနားမလည်တဲ့ ကမ္ဘာ
လူတစ်ယောက်ရဲ့ EQ က အရမ်းမြင့်နေပြီး နောက်တစ်ယောက်ရဲ့ EQ က အားနည်းနေပြီဆိုရင် သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးမှာ ကြီးမားတဲ့ လွဲချော်မှုတွေ စတင်ဖြစ်ပေါ်ပါတော့တယ်။

EQ မြင့်သူတစ်ဦးရဲ့ ခံစားချက်
EQ မြင့်တဲ့သူကတော့ သူငယ်ချင်းတစ်ယောက်ရဲ့ မျက်နှာကိုကြည့်ပြီး သူစိတ်မကောင်းဖြစ်နေတာကို ချက်ချင်းသိတယ်။ "ငါ မင်းအတွက် ဘာလုပ်ပေးရမလဲ" လို့ ကိုယ်ချင်းစာစိတ်နဲ့ မေးတယ်။ ဒါပေမဲ့ သူတို့ဘက်က ပြဿနာက... တစ်ဖက်လူကို နားလည်ပေးရတာ အရမ်းပင်ပန်းလွန်းတာ ပါပဲ။ သူတို့မှာ တခြားသူတွေရဲ့ စိတ်ခံစားချက် ဝန်ထုပ်ဝန်ပိုးတွေကို အမြဲတမ်း ထမ်းပိုးထားရသလို ခံစားရတတ်တယ်။ "ဘာလို့ သူဒီလောက်လေးတောင် နားမလည်တာလဲ" လို့လည်း စိတ်ပျက်ရတတ်ပါတယ်။

EQ နည်းသူတစ်ဦးရဲ့ ခံစားချက်
ဒီလိုလူတွေကတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲဆိုတာကို သတိမထားမိတတ်ကြဘူး။ သူများတွေရဲ့ ခံစားချက်ကို သေးနုပ်တယ်လို့ ယူဆမိတာမျိုး၊ ဒါမှမဟုတ် ကိုယ့်ရဲ့ ခံစားချက်ကိုတောင် ကိုယ်တိုင် သေချာမသိတာမျိုး ဖြစ်တတ်တယ်။ သူတို့ရဲ့ အမြင်မှာတော့ "လူတွေက ဘာမဟုတ်တဲ့ ကိစ္စလေးတွေနဲ့ အရမ်းကြီး Over ဖြစ်နေကြတာပဲ" လို့ ထင်မြင်တတ်ပါတယ်။ ဒါကြောင့် မလိုအပ်ဘဲ ရိုင်းပြမိတာ၊ သူများစိတ်ကို ထိခိုက်မိတာမျိုးတွေ မကြာခဏ ဖြစ်တတ်ပါတယ်။

⚠️ အဲ့ဒီကွာခြားမှုက ဘယ်လို ပြဿနာတွေ ဖြစ်စေလဲ?
🍏အဆက်အသွယ်ပြတ်တောက်ခြင်း
EQ နည်းသူက ပြဿနာရဲ့ အကြောင်းအရာကိုပဲ ပြောချင်တယ်။
EQ မြင့်သူက ပြဿနာကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်ကို ဆွေးနွေးချင်တယ်။
ဒီတော့ နှစ်ယောက်စလုံးက တစ်ယောက်နဲ့တစ်ယောက် လိုချင်တဲ့အဖြေကို မပေးနိုင်တော့ဘဲ စကားတွေ များကုန်ကြတယ်။

🍏ယုံကြည်မှု တဖြည်းဖြည်း ပျောက်ဆုံးခြင်း:
EQ နည်းသူက ကိုယ်ချင်းမစာဘဲ စကားပြောတာ၊ ဆုံးဖြတ်တာတွေ လုပ်တဲ့အခါ EQ မြင့်သူဘက်က တစ်ယောက်တည်း ဖြစ်နေသလို ခံစားရတယ်။ "သူက ငါ့ကို နားမလည်ဘူး" လို့ ထင်ပြီး နောက်ပိုင်းမှာ ကိုယ့်ခံစားချက်တွေကို ဖွင့်မပြောတော့ဘူး။

🍏မလိုအပ်တဲ့ စိတ်ဖိစီးမှုများ:
အလုပ်ခွင်မှာဆိုရင် EQ နည်းတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ အောက်မှာဆိုရင် ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်တွေ ကျဆင်းပြီး အလုပ်ထွက်နှုန်း များလာတတ်တယ်။

🎯 ဒါဆိုရင် ဘယ်လိုရှေ့ဆက်ရမလဲ?
ဒီလို ကွာခြားမှုတွေကြောင့် ဆက်ဆံရေးတွေ တင်းမာလာပြီ၊ ဒါမှမဟုတ် အမြဲတမ်း စိတ်ပင်ပန်းနေပြီဆိုရင်... ဒီဝန်ထုပ်ဝန်ပိုးကို တစ်ယောက်တည်း ထမ်းထားဖို့ မလိုပါဘူး။

EQ ကွာခြားမှုဟာ ကိုယ့်ဘာသာကိုယ် ပြင်ဖို့ ခက်ခဲတဲ့ ရှုပ်ထွေးတဲ့ ကိစ္စဖြစ်နိုင်ပါတယ်။ ကျွန်မတို့က ကိုယ့်ရဲ့ အတွေးပုံစံ၊ တုံ့ပြန်ပုံတွေကို ပြန်ပြီး စနစ်တကျ ပြန်လည်လေ့လာဖို့ လိုအပ်ပါတယ်။

👩‍⚕️ Counseling Session တစ်ခုက ကိုယ့်ကို ဘယ်လိုကူညီနိုင်မလဲ?
ကိုယ့်ကိုယ်ကို ပိုနားလည်စေတယ်: ကိုယ့်ရဲ့ စိတ်ခံစားချက်တွေ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို ပိုပြီး ရှင်းလင်းစွာ မြင်စေမယ်။
ကွာခြားမှူပြဿနာကြောင့် ပင်ပန်းနေတဲ့သူ နှစ်ဦးစလုံးအတွက် ဘယ်လို ထိထိရောက်ရောက် တုံ့ပြန်ရမလဲဆိုတာ ဆွေးနွေးနိုင်မယ်။
ကြားခံလူရဲ့ အမြင်: ပြင်ပက ပညာရှင်တစ်ဦးရဲ့ ဘက်မလိုက်တဲ့ အကူအညီနဲ့ ပြဿနာတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်စေမယ်။

အခုလို အခက်အခဲတွေ၊ စိတ်ခံစားချက်တွေ relationship ပြဿနာတွေ တိုင်ပင်ဆွေးနွေးဖို့ mental heal မှာ တစ်ယောက်ချင်းစီ Counseling Session ယူလို့ ရပါတယ်။ Page chat box မှာမေးမြန်းနိုင်ပါတယ်နော်။ 💙
mental heal မှာ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်မှူနဲ့ ဆိုင်တဲ့ စာလေးတွေ အမြဲတင်ပေးနေတာမို့လို့ like & follow လုပ်ထားလို့ ရပါတယ်။

Emotional Intelligence (EQ) ဆိုတာ ဘာလဲ"စိတ်ခံစားမှုဆိုတာ အရေးမကြီးဘူး" လို့ ပြောဖူးတဲ့သူတွေကို ကြုံဖူးမှာပါ။ ဒါပေမဲ့ အဲ့...
18/12/2025

Emotional Intelligence (EQ) ဆိုတာ ဘာလဲ

"စိတ်ခံစားမှုဆိုတာ အရေးမကြီးဘူး" လို့ ပြောဖူးတဲ့သူတွေကို ကြုံဖူးမှာပါ။ ဒါပေမဲ့ အဲ့ဒီလိုဆိုရင် ကျွန်မတို့က လူသားတွေ မဟုတ်တော့ဘဲ စက်ရုပ်တွေ ဖြစ်သွားမှာပေါ့နော်။ တကယ်တော့ ကိုယ့်ရဲ့ ခံစားချက်တွေနဲ့ တခြားသူတွေရဲ့ ခံစားချက်တွေကို နားလည်တတ်တဲ့ အရည်အချင်းဟာ ကျွန်မတို့ဘဝမှာ အင်မတန် အရေးပါတဲ့ စူပါပါဝါ တစ်ခုပါပဲ။ အဲဒါကိုပဲ Emotional Intelligence (EQ) လို့ ခေါ်ကြတာပါ။

EQ မြင့်သူတွေရဲ့ "လျှို့ဝှက်ချက်"
IQ (ဥာဏ်ရည်) မြင့်တာက သင်္ချာပုစ္ဆာတွေ တွက်ရာမှာ၊ စာမေးပွဲဖြေရာမှာ အားသာချက်ပေးနိုင်ပေမယ့် EQ ကတော့ ဘဝရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရာမှာ အားအကောင်းဆုံးဖြစ်အောင် ပံ့ပိုးပေးနိုင်ပါတယ်။
EQ မြင့်တဲ့သူတွေဟာ...
🍏သူတို့ရဲ့ စိတ်ခံစားချက်ကို သူတို့ကိုယ်တိုင် ထိန်းချုပ်နိုင်တယ်:
ဒေါသထွက်တာ၊ စိတ်ပျက်တာမျိုး ဖြစ်လာရင် ချက်ချင်း မတုံ့ပြန်ဘဲ၊ ဘာကြောင့် ဒီလိုခံစားရတယ်ဆိုတာကို အရင်ဆန်းစစ်ပြီး အကောင်းဆုံးဖြစ်မယ့် နည်းလမ်းနဲ့ တုံ့ပြန်တတ်ကြတယ်။

🍏ကိုယ်ချင်းစာတရား လက်ကိုင်ထားတယ်: သူများနေရာကနေ ဝင်ပြီး ခံစားကြည့်တတ်တယ်။ သူငယ်ချင်းတစ်ယောက် စိတ်ညစ်နေတယ်ဆိုရင် "အေး မင်းကလည်း ဒါလေးနဲ့" လို့ ပြောမယ့်အစား "မင်းဒီလို ခံစားနေရတာကို နားလည်ပါတယ်" လို့ ပြောတတ်ကြတယ်။

🍏ပေါင်းသင်းဆက်ဆံရေးမှာ အမြဲ အဆင်ပြေတယ်: သူတို့က စကားပြောကောင်းသလို နားထောင်လည်း ကောင်းကြတယ်။ အဖွဲ့အစည်းတစ်ခုမှာ ခေါင်းဆောင်မှု၊ ဆွေးနွေးညှိနှိုင်းမှုတွေကို ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်တယ်။

🤯 EQ မရှိရင် ဘာတွေဖြစ်လာနိုင်လဲ?
EQ နည်းတဲ့အခါ အလွယ်ဆုံး ဥပမာတစ်ခု ပြောရရင် - ကိုယ့်အထက်လူကြီးက ကိုယ့်အလုပ်ကို ဝေဖန်တာကို ခံရတဲ့အခါ ကိုယ့်အပြစ်လို့ မခံယူဘဲ သူများအပေါ် အပြစ်ပုံချတတ်တာမျိုး၊ ဒါမှမဟုတ်လည်း ကိုယ့်ရဲ့ စိတ်ဖိစီးမှုတွေကို ကိုယ်မထိန်းနိုင်ဘဲ ပေါက်ကွဲပြီး အရေးကြီးတဲ့ ဆက်ဆံရေးတွေ ပျက်စီးသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။

🚀 EQ ကို ဘယ်လို မြှင့်တင်မလဲ?
ဒီစူပါပါဝါက မွေးကတည်းက ပါလာတာ မဟုတ်ပါဘူး။ လေ့ကျင့်လို့ရတဲ့ အရည်အချင်းပါ။
ကိုယ့်ကိုယ်ကို ပြန်ကြည့်ပါ: တစ်နေ့တာအတွင်းမှာ ဘယ်အချိန်တွေမှာ စိတ်တိုခဲ့လဲ၊ ဘာကြောင့်လဲ ဆိုတာကို မှတ်ထားပြီး ကိုယ့်စိတ်ခံစားချက်ကို အရင်ဆုံး သိအောင်ကြိုးစားပါ။

နားထောင်သူကောင်း ဖြစ်ပါစေ: သူများစကားကို ဖြတ်မပြောဘဲ၊ တကယ်အာရုံစိုက်ပြီး နားထောင်ပေးပါ။ သူတို့ရဲ့ ခံစားချက်ကို ကိုယ်ချင်းစာစိတ်နဲ့ နားလည်ပေးပါ။

တုံ့ပြန်မှုတိုင်းကို စဉ်းစားပါ: တစ်ခုခု ပြောတော့မယ်ဆိုရင်၊ လုပ်တော့မယ်ဆိုရင် ခဏလောက် ရပ်ပြီး "ငါ အခုပြောမယ့် စကား ဒါမှမဟုတ် လုပ်ဆောင်ချက်ဟာ အခြေအနေကို ပိုကောင်းစေမှာလား၊ ပိုဆိုးစေမှာလား" လို့ စဉ်းစားပြီးမှ လုပ်ဆောင်ပါ။
ဘဝမှာ တကယ်ပျော်ရွှင်ပြီး အောင်မြင်ချင်တယ်ဆိုရင် ကိုယ့်ရဲ့ IQ ထက် EQ ကိုလည်း တန်ဖိုးထားပြီး လေ့ကျင့်ယူဖို့ လိုအပ်ပါတယ်။ EQ မြင့်လေ၊ ဘဝမှာ ရရှိလာတဲ့ ဆုလာဘ်တွေက ပိုများလေပါပဲ။!

mental heal မှာ ခုလို စိတ်ပိုင်းဆိုင်ရာ မြှင့်တင်မှူနဲ့ ဆိုင်တဲ့ စာလေးတွေ အမြဲတင်ပေးနေတာမို့လို့ like & follow လုပ်ထားလို့ ရပါတယ်။
အခက်အခဲတွေ၊ စိတ်ခံစားချက်တွေ relationship ပြဿနာတွေ တိုင်ပင်ဆွေးနွေးဖို့ တစ်ယောက်ချင်းစီ Counseling Session ယူချင်ရင်လဲ Page chat box မှာမေးမြန်းနိုင်ပါတယ်နော်။ 💙

အရက်စွဲခြင်းက ဆုံးဖြတ်ချက်တွေကို ဘယ်လို လုယူသွားလဲ?မနက်မိုးလင်းတော့ "ဒီနေ့တော့ လုံးဝမသောက်တော့ဘူး" လို့ သန္နိဋ္ဌာန်ချထား...
17/12/2025

အရက်စွဲခြင်းက ဆုံးဖြတ်ချက်တွေကို ဘယ်လို လုယူသွားလဲ?

မနက်မိုးလင်းတော့ "ဒီနေ့တော့ လုံးဝမသောက်တော့ဘူး" လို့ သန္နိဋ္ဌာန်ချထားပေမယ့် ညနေရောက်တော့ အဲဒီ ကတိတွေက လေထဲမှာ ပျောက်ကွယ်သွားတာမျိုး။ တကယ်တော့ အရက်စွဲလမ်းမှူဆိုတာ သာမန် 'ဆန္ဒ' သက်သက် မဟုတ်ပဲ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်းကို တိုက်ခိုက်နေတဲ့ စိတ်ပိုင်းဆိုင်ရာ စစ်ပွဲ တစ်ခုပါ။

🧠ဦးနှောက်ထဲက တိုက်ပွဲ
အရက်က ကိုယ်ခန္ဓာကိုသာမက၊ ဆုံးဖြတ်ချက်ချတဲ့ ဦးနှောက်အစိတ်အပိုင်း ကိုပါ ထိခိုက်စေပါတယ်။ ဒါကြောင့်…

✅ရေရှည်အစီအစဉ် ပျက်စီးခြင်း
ကျန်းမာရေးအတွက်၊ အလုပ်အတွက်၊ မိသားစုအတွက် ရည်မှန်းချက်တွေ ချထားပေမဲ့ အရက်သောက်ချင်တဲ့ ဆန္ဒက ရှေ့တန်းကို ရောက်လာတယ်။ လက်ရှိ လိုလားချက် (ချက်ချင်း သောက်ချင်စိတ်) က ရေရှည် အကျိုးဆက် (ဘဝပျက်စီးခြင်း) ကို မမြင်နိုင်အောင် ဖုံးကွယ်ပစ်လိုက်တယ်။

✅ကိုယ့်ကိုယ်ကို ထိန်းချုပ်မှု လျော့ကျခြင်း
စွဲလမ်းမှုက ထိန်းချုပ်မှူ ကို ပျက်စီးစေတယ်။ ဒါကြောင့် "ဒီတစ်ခွက်ပဲ" ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချလိုက်ပြီးတာနဲ့ နောက်က အစီအစဉ်တွေ၊ ကတိတွေအားလုံးကို လိုက်နာဖို့ ခက်ခဲသွားတာပါ။ ဆုံးဖြတ်ချက်ကို အရက်က လုယူသွားသလို ဖြစ်သွားတာ။

✅အပြစ်ရှိတယ်လို့ ခံစားရခြင်း
မသောက်ဖို့ ဆုံးဖြတ်ထားပေမယ့် ပြန်သောက်မိတဲ့အခါ ကိုယ့်ကိုယ်ကို အပြစ်တင်မိ၊ ရှက်ရွံ့မိတယ်။ ဒီခံစားချက်ဆိုးတွေကို ပြန်ဖျောက်ဖို့ဆိုပြီး ပိုသောက်မိပြန်ရော။ ဒီလိုနဲ့ 'သောက်-နောင်တရ-ပိုသောက်' ဆိုတဲ့ စက်ဝိုင်းထဲက ရုန်းမထွက်နိုင်တော့ဘူး။

အမှန်တရားကတော့ ကိုယ့်ရဲ့ ဦးနှောက်ထဲမှာ ပြောင်းလဲမှူတွေ ဖြစ်နေတာပါ။ ဒါကြောင့် ဒီပြဿနာကို ကိုယ့်အားကိုယ်ကိုးနဲ့ ဖြေရှင်းဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။
🗝️ လုယူခံထားရတဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်ရယူပါ
ဘဝကို ပြန်လည် ထိန်းချုပ်ဖို့၊ ကိုယ်တိုင် ဦးဆောင်တဲ့ ဆုံးဖြတ်ချက်တွေ ကို ပြန်ချနိုင်ဖို့ လိုအပ်ပါတယ်။
ဦးနှောက်ကို ကျန်းမာတဲ့ ဆုံးဖြတ်ချက်တွေ ပြန်လည်ချမှတ်နိုင်ဖို့
🗝️အရက်သောက်ချင်စိတ် ပေါ်လာရင် ဘယ်လို ကျော်လွှားမလဲဆိုတဲ့ ထိရောက်တဲ့ နည်းလမ်းများ ကို ဆွေးနွေးဖို့
🗝️စွဲလမ်းမှုနောက်ကွယ်က စိတ်ဖိစီးမှုတွေ၊ စိတ်ဒဏ်ရာတွေကို အမြစ်ကနေ ကုစားနိုင်ဖို့
ဆုံးဖြတ်ချက်တွေ၊ ရည်မှန်းချက်တွေနဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုတွေကို ခိုင်မာစွာ ပြန်လည်တည်ဆောက်နိုင်ဖို့
mental heal မှာ တစ်ယောက်ချင်းစီ တိုင်ပင်ဆွေးနွေး Counseling Session ယူလို့ ရပါတယ်။ Page chat box မှာမေးမြန်းနိုင်ပါတယ်နော်။ 💙

mental heal မှာ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်မှူနဲ့ ဆိုင်တဲ့ စာလေးတွေ အမြဲတင်ပေးနေတာမို့လို့ like & follow လုပ်ထားလို့ ရပါတယ်။

ကိုယ့်သားသမီး/ချစ်ရသူ 'မူးယစ်ဆေးစွဲ' နေပြီလား? ဘယ်လို ကူညီပေးမလဲ?ချစ်ရတဲ့သူတစ်ယောက်က မူးယစ်ဆေးစွဲလမ်းမှု လမ်းကြောင်းပေါ်...
16/12/2025

ကိုယ့်သားသမီး/ချစ်ရသူ 'မူးယစ်ဆေးစွဲ' နေပြီလား? ဘယ်လို ကူညီပေးမလဲ?

ချစ်ရတဲ့သူတစ်ယောက်က မူးယစ်ဆေးစွဲလမ်းမှု လမ်းကြောင်းပေါ် ရောက်နေပြီလို့ သံသယဝင်ရတာက မိသားစုဝင်တစ်ယောက်အတွက် စိတ်က အသည်းခိုက်အောင် နာကျင်ရတဲ့ အတွေ့အကြုံ ပါပဲ။ ဘာလုပ်ရမလဲ မသိဘဲ စိုးရိမ်ပူပန်နေရတာ၊ ဒေါသထွက်လိုက်၊ ဝမ်းနည်းလိုက်နဲ့ ခံစားချက်တွေ ရှုပ်ထွေးနေတာမျိုး ဖြစ်နေနိုင်ပါတယ်။

ဒါပေမဲ့ စိတ်မပူပါနဲ့။ ကိုယ်တစ်ယောက်တည်း ဒီလိုခံစားနေရတာ မဟုတ်သလို၊ ကူညီနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ အဓိကကတော့ မှန်ကန်တဲ့ ခြေလှမ်းနဲ့ စတင်ဖို့ပါပဲ။

🛑 ပထမဆုံး သိထားရမယ့် အချက်များ
၁။ အပြစ်တင်ခြင်းကို ရပ်ပါ
စိတ်ဆန္ဒ အားနည်းလို့ ဖြစ်တာ မဟုတ်ဘဲ ဦးနှောက်ဓာတုဗေဒကို ပြောင်းလဲစေတဲ့ ရောဂါ တစ်မျိုးလို့ သတ်မှတ်ထားပါတယ်။ သူတို့ကို အပြစ်တင်တာ၊ အရှက်ရအောင် ပြောဆိုတာတွေဟာ ပြဿနာကို ပိုဆိုးစေပါတယ်။

၂။ သင်ကိုယ်တိုင် အားမလျော့ပါနဲ့
သူတို့ကို ကူညီပေးဖို့အတွက် သင်ကိုယ်တိုင် စိတ်ကျန်းမာနေဖို့ အရေးကြီးဆုံးပါပဲ။

အရေးကြီးဆုံး ကူညီနည်း ၃ ချက်
✅နားလည်မှုနဲ့ စတင် စကားပြောပါ
တိုက်ခိုက်တဲ့ လေသံမျိုး၊ စစ်ဆေးမေးမြန်းတဲ့ လေသံမျိုးကို ရှောင်ပါ။ "ငါ မင်းကို စိုးရိမ်လို့ပါ"၊ "ငါ မင်းအတွက် ရှိနေပေးမှာပါ" ဆိုတဲ့ ချစ်ခြင်းမေတ္တာကို ရှေ့တန်းတင်တဲ့ စကားလုံးတွေ သုံးပါ။
ဒါပေမယ့် သုံးစွဲမှုကို ဘယ်တော့မှ အားမပေးပါနဲ့။

✅ပညာရှင်ဆီ ညွှန်ပို့ပေးပါ
သူတို့ရဲ့ ပြဿနာကို ဆရာဝန်၊ စိတ်ပညာရှင် (Counselor)၊ ဒါမှမဟုတ် စွဲလမ်းမှုဆိုင်ရာ ကျွမ်းကျင်သူတွေဆီ သွားဖို့ တိုက်တွန်းပါ။
သူတို့ကို ဆေးရုံ/ကုထုံးဌာနကို လိုက်ပို့ပေးတာ၊ ချိန်းဆိုမှုတွေ လုပ်ပေးတာ စတဲ့ အကူအညီတွေကို ပေးပါ။

✅ စည်းကမ်းသတ်မှတ်ပေးပါ
သူတို့ရဲ့ မကောင်းတဲ့ အပြုအမူတွေကိုတော့ ကာကွယ်ပေးတာမျိုး မလုပ်ပါနဲ့ (ဥပမာ- အကြွေးဆပ်ပေးတာ၊ အလုပ်ပျက်တာကို ဖုံးကွယ်ပေးတာ)။ ဒါက အခြေခံစည်းကမ်းကို ချမှတ်ပေးတာ ဖြစ်ပြီး သူတို့ကို အကျိုးဆက်ကို သိမြင်စေဖို့ပါ။

💖 ချစ်ရသူကို ကူညီဖို့အတွက်ကိုယ်တိုင် ခံစားချက်တွေ စိတ်ဖိစီးမှုတွေ အများကြီး ရှိနေနိုင်ပါတယ်။ စွဲလမ်းမှုကို ရင်ဆိုင်နေရတဲ့ သူတို့ကို ဘယ်လို စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးပေးရမယ်ဆိုတာလဲအရေးကြီးပါတယ်။
ဒီခက်ခဲတဲ့ကာလမှာ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်မှုတွေကို လုံခြုံတဲ့ ပတ်ဝန်းကျင်မှာ ကုစားနိုင်ဖို့၊ ချစ်ရသူ ပြန်လည်ကောင်းမွန်လာဖို့အတွက် မိသားစုအနေနဲ့ ဘယ်လို တည်တည်ငြိမ်ငြိမ် ရပ်တည်ပေးရမလဲ ဆိုတာ တိုင်ပင်ဆွေးနွေးဖို့ mental heal မှာ တစ်ယောက်ချင်းစီ Counseling Session ယူလို့ ရပါတယ်။ Page chat box မှာမေးမြန်းနိုင်ပါတယ်နော်။ 💙

mental heal မှာ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်မှူနဲ့ ဆိုင်တဲ့ စာလေးတွေ အမြဲတင်ပေးနေတာမို့လို့ like & follow လုပ်ထားလို့ ရပါတယ်။

Address

Yangon

Opening Hours

Monday 10:00 - 22:00
Tuesday 10:00 - 22:00
Wednesday 10:00 - 22:00
Thursday 10:00 - 22:00
Friday 10:00 - 22:00
Saturday 10:00 - 22:00
Sunday 10:00 - 22:00

Telephone

+959781201762

Website

Alerts

Be the first to know and let us send you an email when mental heal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to mental heal:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram